Tuesday, December 1, 2015

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘီလီယံနာ သူဋ္ဌေးအား ၁၆ နှစ် ကြာမှ ဘဏ်ဓါးပြအဖြစ် ဖမ်းမိ


လွန်ခဲ့သော ၁၆ နှစ်က ဘဏ်ဓါးပြတိုက်ခဲ့သူ ဘီလီယံနာ သူဌေးကြီးအား တရုတ်နိုင်ငံ ကျူးမားတျန်မြို့တွင်ဖမ်းမိခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)
    ကျန့်ကျိုး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန် ပြည်နယ်တွင် အိမ်ခြံမြေ သူဋ္ဌေးကြီး တစ်ဦးအား လွန်ခဲ့သော ၁၆ နှစ် က ဘဏ်ဓါးပြ တိုက်သူအဖြစ် ဓါးပြ တိုက်မှုတွင် ပါဝင်သူ လေးယောက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသခံ ရဲများက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်း ဘီလီယံနာ သူဋ္ဌေး၏ မျိုးရှိးအမည်မှာ ရှီဖြစ်ပြီး ၄င်းအား အောက်တိုဘာလ ၂၁ ရက်နေ့ ကျူမားတျန် မြို့တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခြား သံသယရှိသူ သုံးယောက်အား ယင်းနေ့တွင်ပင် ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံး ငါးယောက်မြောက် သံသယရှိသူကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ဟိုင်နန်ပြည်နယ် မြို့တော် ကျန့်ကျိုးမြို့ ပြည်သူ့ လုံခြုံရေး ဗျူရိုက ပြောကြားခဲ့သည်။

ကျူမားတျန် ဇာတိဖြစ်သော ရှီသည် အခြားအပေါင်းအပါ ၄ ဦး နှင့် အတူ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဘဏ်တစ်ခုအား ဓါးပြတိုက်ခဲ့ပြီး ငွေသား တရုတ်ယွမ် ၂.၀၈ သန်း (အမေရိကန် ဒေါ်လာ ၃၂၀,၀၀၀) ကို ယူဆောင်သွားကာ ဘဏ်ဝန်ထမ်း ၂ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှီသည်  ဘဏ်ဓါးပြတိုက်ရန် အစီအစဉ်ကို နောက်ကွယ်မှ ကြိုးကိုင် စီစဉ်ခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်သည် တစ်နိုင်ငံလုံးကို ထိတ်လန့်သွားစေသော်လည်း သံသယရှိသူ ငါးယောက်သည် ဥပဒေမှ နှစ်ပေါင်းများစွာ ရှောင်ပုန်းနိုင်ခဲ့ကြောင်း သိရသည်။ရှီသည် ဆောက်လုပ်ရေး စီမံကိန်း ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး ဓါးပြတိုက်မှုမှ ရရှိခဲ့သည့် ပိုက်ဆံ အားလုံးကို ကျူမားတျန်မြို့ ရှိ အိမ်ခြံမြေ ဈေးကွက်တွင် အသုံးပြုခဲ့ကာ ၄င်းမှ ဘီလီယံ များစွာ အကျိုးအမြတ် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပစ်ခတ်မှုဖြစ်၊ နှစ်ဘက်ဒဏ်ရာရ

ဓာတ်ပုံ - Banglar Chokh- Daily Star
By နော်နိုရင်း 17 June 2015
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ဝမှာ ဒီကနေ့ မနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကနေ မြန်မာရေပိုင်နက်ဘက်ကို ကျွံဝင်လာတဲ့ လှေတစီးကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“မနက် ၆ နာရီလောက်မှာ ဟိုဘက်က ကျနော်တို့ မြန်မာ့ရေပိုင်နက်မှာပေါ့။ ဒီနယ်စပ်နားမှာပဲ။ လှေတစီးတွေ့တာပေါ့။ မသင်္ကာဖွယ် လှေတစီးတွေ့လို့ မြန်မာဘက်က နယ်ခြားစောင့်ရဲကနေပြီး လှမ်းတားတာပေါ့။ လှမ်းခေါ်တော့ ဟိုဘက်က လှေကနေပြီး လက်နက်ငယ်နဲ့ စပစ်တယ်။ လှေပေါ်ကနေပြီးတော့။ ပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။”

ဒီပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၄ က ရဲဘော်တဦး ခြေဖ၀ါးမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။


Sunday, November 29, 2015

ကိုဘချော လက်သစ်တွေ မြန်မာ ပြည်မှာ ထွက် ပေါ်လာနေပြီ



×××××××××××××××××××××××××××××××××××××××××××
ငြိမ်းချမ်းရေး တွေ စဆွေးနွေးခါစက ဆွေးနွေးပွဲတွေမှာ လုံခြုံရေးလုပ်ရင်း တက်ရတော့ လူကြီးတွေကို လူတတ်ကြီး လုပ်ပြီး အကြံပေးခဲ့ဖူးတယ်။
အဘရယ် သူတို့ တောင်းဆိုတာတွေ ပေးပြီး လက်နက် တခါတည်း ချခိုင်း လိုက်ပြီးတာပဲ လို့ ပေါ့။ကိုယ် တိုင်းရင်းသား အချင်းချင်းပဲ ဟာ ပေါ့။
ဒီတော့ လူကြီးက ပြုံးတယ်။ ကောင်လေး အခုဆွေးနွေးနေကြတဲ့ အထဲက တောင်းဆိုမှု တွေကို လိုသမျှပေးလိုက်လို့ ငါ့အိပ်ထဲက စိုက်ပေးရမှာ တစ်ခုမှ မရှိဘူး။ လစာ ရိက္ခာလည်း မလျော့ သွားဘူး။ ငါရနေတဲ့ အခွင့် အရေး တွေကို လည်း မျှ မပေးရပါဘူး။
ငါတို့က ဝန်ထမ်းပဲ အချိန်တန်ရင် အငြိမ်းစား ယူသွားမှာပဲ ။ဒါပေမယ့် ငါတို့ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာ တိုင်းပြည်ရှေ့ရေးကို ကြည့်ရမယ်။ ပြည်ထောင်စု မပြိုကွဲဖို့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့ ဦးတည်ချက်ကို မပျောက်အောင် လုပ် ရမယ်။ လတ်တလော ရေတို ပြေလည်ဖို့ ငါ့ကို လူချစ်လူခင်များအောင် တစ်ခုတည်း နှင့် နိုင်ငံတော်ရဲ့ ပေါ်လစီ တွေကို လျှော့ ပေးလိုက်လို့ မရဘူးကွ ။ မင်း ရာထူးကြီးလာရင် နားလည် လာမှာ ပါကွာတဲ့ ။
မြန်မာ လူမျိုးများကလည်းရှေးလူကြီးတွေ ကို အပြစ်တင် လွှဲချတတ်ပုံက ဗိုလ်ချုပ် အောင်ဆန်းကိုတောင် တချို့ တိုင်းရင်းသားအစွန်းရောက်တွေက လူလိမ်ပါတဲ့ ပင်လုံ စာချုပ်ကို အကောင် အထည်ဖေါ် မပေးနိုင်ဘူးလို့ ပြောကြတယ်။ ရှမ်းတချို့ ကတောင် ရှမ်းနယ်တွေ ကချင် ပြည်နယ် ခေါင်းစဉ်အောက် ရောက်ကုန်တာ ဗိုလ်ချုပ် အောင် ဆန်း ကြောင့် လို့ ပြောကြတယ်။
ဦးနေဝင်း လက်ထက်မှာ နိုင်ငံသား ဥပဒေ တွေ လုပ်ခဲ့တယ် ရှမ်းစော်ဘွားတွေ ရဲ့ ပဒေသရာဇ် စနစ်ကို အဆုံးသတ် စေခဲ့တယ် ပြည်သူပိုင် သိမ်းပြီး လူမျိုး ခြား လက်ထဲက စီးပွားရေးလုပ်ငန်းတွေ ကို ပြန်ယူခဲ့တယ်။ ဒါပေမယ့် တခြား အားနည်း ချက်တွေ အများကြီး ရှိလို့ နာမည်ပျက်ခဲ့ရတယ်။
ဦးစောမောင်နှင့် ဦးသန်းရွှေ ကလည်း ၁၉၈၈ ကာလ တိုင်းပြည်ကြီး ဘုံးဘုံးလဲ ချွတ်ခြုံ ကျ လို့ နိုင်ငံခြားသုံးငွေ အရံငွေ အနည်း ငယ်သာရှိတော့ပြီး အကြွေးပတ်လည် ဝိုင်းနေချိန်မှာ ဂျပန် နိုင်ငံက မြန်မာပိုင် သံရုံးမြေနေရာကို ရောင်းပြီး အသက်ဆက်တဲ့ အခြေအနေ ကနေ ခေတ်မှီ တပ်မတော်တစ်ခုနှင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးခဲ့တယ် ။
ဒါပေမယ့် အများမျှော်လင့် ထားတဲ့ ခန့်မှန်းထားတဲ့ တိုးတက် သင့်တဲ့ အခြေအနေထက် နိုမ့်ကျနေတာကြောင့် အခြားသော ကိုယ်ကျိုး ရှာမှု ဒီမိုကရေစီ မဆန် အာဏာရှင် လုပ်ခဲ့လို့ အပြစ်တင်ခံ ခဲ့ရတယ် ။ အဆဲခံခဲ့ရတယ်။
တကယ်တော့ သူတို့လည်း သူတို့နေတဲ့တိုင်းပြည် သူတို့ ပျက်အောင် လုပ်ကြမယ် မထင်ဘူး။ ကောင်းမလား လုပ်ရင်း အတ္တများ လို့ အတွေးအခေါ် အစီအမံတွေ လွဲခဲ့တာ တော့ရှိမယ်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်က တိုင်းရင်းသားတွေကို လိုက်လျောမှုတွေ အများကြီး လုပ်ခဲ့ပြီး သူပုန်စိတ်ပျောက်အောင် လုပ်မယ် မြို့ ပေါ်မှာ ဥပဒေနှင့် နေတတ်အောင် လုပ်မယ် ဆိုတဲ့ အကြံ အစည်နှင့် ငြိမ်းချမ်းရေးတွေ လုပ်ခဲ့ပေမယ့် တချို့ က သူပုန်မွေးတယ် အင်အားကောင်းအောင် လုပ်ပေးတယ် သူနာမည်ရအောင်ပဲ ပေါ်ပင် လုပ်တာပါလို့ အပြစ်တင်ခံ ရတယ်။
ကျွန်တော့် ကို ပြန်ပြောပြတဲ့ အကြီးအကဲ ကလည်း တိုင်းပြည်ပြိုကွဲ မည့် အရေးကို သူနာမည် ပျက်မည့် အရေး ထက်ပို ကြောက်တယ် သမိုင်း မှာ ဒီလူတွေ မကောင်းလို့ မြန်မာပြည် ပြို ကွဲ ရတယ် အပြောမခံချင်လို့ အတိုက်အခံလုပ် ငြင်းပယ်မှုတွေ လုပ်ခဲ့ ရတယ် ဆိုတာ နောက်မှ နားလည်လာတယ်။
ဆိုဗီယက်ပြည်ထောင်စုကြီးကို အင်အားချိနဲ့အောင် ပြို ကွဲအောင် အမေရိကန်က တမင်ရည် ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ လူတိုင်း အသိပါ။
အထပ်ထပ် စုလာတဲ့ ယမ်းတွေထဲ ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ ကို ငြိမ်းချမ်းရေး နိုဘယ်ဆုပေး လိုက်ခြင်း ဟူသော စနက်တန် လေး တပ်ပေးလိုက်တော့ ကိုဘချောက ခွဲထွက် ရန် တောင်းဆို မှုတွေကို ထိထိရောက် ရောက် မကိုင်တွယ်ဘဲ နိုဘယ်ဆုကို ထိမ်းသိန်းရန်ကြိုး စားကာ တိုင်းပြည် ပြို ကွဲ ခဲ့ရတာပါဘဲ။
တစ်ခု ကောင်းတာက သူထဲက ဘာ ကစ္စတန် ညာ ကစ္စတန် မွတ်နိုင်ငံတွေ ခွဲ သွားတာ တစ်ခုကောင်း သလို ယူကရိန်းလိုနိုင်ငံ အင်အား ဆုံးရှုံး သွားတာတော့ အထိနာလှပါတယ်။
အပေါ်မှာ နိဒါန်းချီ ပြောခဲ့တာတွေက အကြောင်းရှိပါတယ် ။ မြန်မာပြည်မှာ လည်း တိုင်းပြည် အကျိုး အတွက် နာမည် ပျက်ချင် ပျက်ပေ့စေ ယုံကြည်ချက်နှင့် လုပ်ကြတဲ့ခေါင်းဆောင်တွေ ရှိသလို တိုင်းပြည်ကို ထိုးကျွေး ပြီး ကိုယ်ကျိုးရှာ နာမည်ယူ သွားမည့်သူ တချို့ တွေ့နေရပါတယ် ။ နာမည်ကောင်း လက်မှတ်လေးတွေ ကိုင် ပြီး နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းသွားမည့်သူ အချို့ နှင့် ဆက်လက်ကပြ မည့်သူ အချို့ တွေ့နေရမြင်နေရလို့ပါ။

ဝဏ္ဏဖေသော်