=====================
ဧရာဝတီ
ရခိုင်ပြည်သူတို့၏ သဘောတူညီချက် မပါဘဲ တူးဖော်ခွင့်ပြုထားသော ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၉ ခုကို ရပ်တန့်ပေးရန် ဒေသခံများနှင့် ဖွဲ့စည်းထားသည့် ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ယမန်နေ့တွင် စစ်တွေမြို့၊ ဂြိစ်ဖက် ဘုန်းတော်ကြီးကျောင်းတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းဆိုလိုက်သည်။
၂၀၁၃-၂၀၁၄ ခုနှစ်တွင် တူးဖော်လုပ်ကိုင်ခွင့်ပြုထားသော လုပ်ကွက်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ စသည့် မြို့နယ်များအတွင်းရှိ ရခိုင်ကမ်းလွန် ပင်လယ်ပြင်တလျှောက်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများမှာ အမေရိကန် အခြေစိုက် Chevron, Conocophillip ၊ နယ်သာလန်နိုင်ငံမှ Royal Dutch Plc ၊ နော်ဝေနိုင်ငံမှ Statoil ၊ အင်္ဂလန်အခြေစိုက် Ophir Energy, BG Asia Pacific Pte ltd ၊ ဂျပန်အခြေစိုက် Mitsui Oil Exploration Co. Ltd (MOECO) တို့ ဖြစ်ကြောင်း အဆိုပါကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လုပ်မယ်ဆိုရင် ဒေသခံတွေကို အသိပေးပါ။ သဘောဆန္ဒတွေယူပါ။ ပွင့်လင်းမြင်သာစွာ ချပြပါ။ ရွှေသဘာဝ ဓာတ်ငွေ့ပိုင်းလိုင်း သွယ်တန်းတုန်းကလည်း ရခိုင်-ဘင်္ဂါလီကိစ္စတွေကြောင့် စောင့်ကြည့်ချိန်၊ ကန့်ကွက်ချိန် မရလိုက်ဘူး။ အခုတကြိမ်တော့ ကျမတို့ ဒေသခံတွေ ဆန္ဒမပါဘဲ၊ အသိမပေးဘဲ လုပ်ဆောင်မယ့်၊ လုပ်ဆောင်ဆဲ စီမံကိန်းဟူသမျှ ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုသွားပါမယ်” ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဒေါ်ညိုအေးက ဧရာဝတီသို့ ပြောသည်။
ကွန်ရက်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၏ သယံဇာတကို ရခိုင်ပြည်နယ် အစိုးရက တိုက်ရိုက် ကိုယ်တိုင်စီမံပိုင်ခွင့်ပေးရန်၊ ဒေသခံများ သဘောဆန္ဒ မပါဘဲ လုပ်ဆောင်မည့်၊ လုပ်ဆောင်နေသည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိ တိုက်တေနီယံ ထုတ်လုပ်ရေး စီမံချက်၊ တောင်ကုတ်မြို့နယ်အတွင်း နေပူတောင် အလှဆင်ကျောက် ထုတ်လုပ်ရေး စီမံချက်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံချက်တို့ကို ရပ်ဆိုင်းပေးရန် ဖော်ပြထားသည်။
“ကျနော်တို့ သိရှိထားသလောက်က ပြည်ထောင်စုအစိုးရနဲ့ သဘောတူ လက်မှတ်ထိုးထားပြီးလို့ သိရပါတယ်။ အခုလုပ်မယ့် ကုမ္ပဏီတွေက အနောက်နိုင်ငံ ဥရောပတိုက်ကဆိုတော့ သူတို့က လူ့အခွင့်အရေး စံချိန်စံညွှန်းရှိတယ်။ သဘာဝ ပတ်ဝန်းကျင်ကို အလေးအနက်ထားတယ် ဆိုတော့ သူတို့နဲ့ ကျနော်တို့ တွေ့ပြီး ပြောရဆိုရတာ အဆင်ပြေမယ်လို့ ထင်တယ်။ ပြည်ထောင်စု အစိုးရဘက်ကပဲ ဒေသခံတွေရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုပါတယ်” ဟု ကွန်ရက်အဖွဲ့မှ ကိုဇေယျကျော်ကလည်း ပြောသည်။
အဆိုပါ ကမ်းလွန်စီမံကိန်းကိစ္စများနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံရန် တောင်းဆိုထားကြောင်းလည်း ဒေါ်ညိုအေးက ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ အကျိုးအမြတ်များကို ရခိုင်ပြည်သူတို့ အကျိုးခံစားခွင့် မရှိသည့်အပြင် လယ်ယာမြေဆုံးရှုံးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ထိုစီမံကိန်း၏ ဘေးထွက်ဆိုးကျိုး အဖြစ် ဒေသခံများက ခံစားနေရကြောင်း ကွန်ရက်အဖွဲ့ဝင်များက ပြောသည်။
ကွန်ရက်အဖွဲ့၏ ကန့်ကွက်မှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ခင်အား ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့ရာ သူ့အနေဖြင့် ယင်းကိစ္စများကို မသိရှိကြောင်း တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။
Tuesday, June 16, 2015
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ကွက် ၉ ခု ရပ်ထားရန် ရခိုင်ကွန်ရက် တောင်းဆို
နယ်စပ်ရွာကလေးမှ အိန္ဒိယစစ်တပ်၏ မြန်မာသို့ စစ်ဆင်ရေး
မြန်မာ−အိန္ဒိယနယ်စပ်တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ−အိဖြူမွန်)
Byထားထားမြင့် / 7day
မြန်မာနိုင်ငံ ကလေးတမူး ကားလမ်းအ နီး၊ အိန္ဒိယနိုင်ငံ မ ဏိပူရပြည်နယ် အုခရုလ် ခရိုင်ထဲ မှာရှိသည့် သည်ရွာကလေးသည် အိန္ဒိယ၏ နောက်ဆုံးနယ်နိမိတ် အစပ် ရွာလေးဖြစ်ပါသည်။ ဘယ်နေရာမှာ အိန္ဒိယကဆုံးပြီး ဘယ်နေရာမှာ မြန်မာပြည်က နယ်နိမိတ်စတင်သလဲဆိုတာ ပြောထားခြင်းမရှိပါ။ နယ်စပ်ပိုင်း ခြားမှုကိုကွဲကွဲ ပြားပြားခွဲခြားထား ခြင်းမရှိ။ သစ်သားအိမ်ခြေတိုင် များထူထားသည့် သေးငယ်သော တဲအိမ်လေးတွေကသာ ဟိုဘက် သည်ဘက်နိုင်ငံများဖြစ်ပါသည်။
ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း စောစောအိပ်မှုန်စုံမွှားတွင်ချောင်ကျလှသည့် ဖိုင်ခေါ့ရွာလေးသည် သူတို့ဒေသအတွင်းက နာဂစစ် သွေးကြွစခန်းများကို အိန္ဒိယစစ် သားများ၏ ၀င်ရောက်တိုက်ခိုက် မှုကြောင့် ရုတ်တရက်လန့်နိုးလာ ရပါသည်။ ထိုတိုက်ခိုက်မှုမှာ ဇွန် လ ၄ ရက်က အိန္ဒိယစစ်တပ်ကို သူပုန်များက ချုံခိုတိုက်ခိုက်မှု ပြန်လက်စားချေခြင်းဖြစ်သည်။
‘‘ရုတ်တရက် ခပ်နီးနီးဆီ လောက်က ပစ်တာခတ်တာတွေ ဗုံးသံတွေတော်တော်များများကို ကျွန်တော်တို့ ကြားလိုက်ရတယ်။ ဘုန်းဘုန်းဘုန်းနေတာပဲ။ ဘာတွေဖြစ် ပါသလဲပေါ့။ ဘယ်စစ်သားမှ ရွာထဲဖြတ်တာရော အနီးကပ်တော ထဲမှာရော မမြင်ခဲ့ဘူးလေ။ သူတို့က ညကတည်းက ခြေလျင်နဲ့ တိတ်တိတ်ဝင်လာကြတာ ဖြစ် မယ်’’ဟု ကျေးရွာမှ သက်ကြီးရွာ သားအသက် (၅၂) နှစ်အရွယ် ဟန်မလက်ဂုတဲက ပြောပါသည်။
ပထမဆုံးတိုက်ပွဲဖြစ်သည့် အသံကို ဖိုင်ခေါ့ရွာက ကြားရချိန် တွင် နံနက် ၈ နာရီခန့်ရှိပါပြီ။ သည်ရွာက ကလေး ၁၆ယောက် ခန့် ရွာကျောင်းမှာအတန်းစတက် သည့် အချိန်လည်းဖြစ်ပါသည် ‘‘သူတို့တော့ပြန်လာကြတာ မ တွေ့ဘူး’’ ဟု ဂုတဲက ဆိုပါသည်။
‘‘နေ့ခင်းဘက်ကျတော့ နှစ် နာရီသုံးနာရီလောက်ဖြစ်မယ်။ အိန္ဒိယတပ်သားတွေ တန်းစီပြီး ရွာထဲကို လျှောက်လာကြတယ်။ နောက်တော့ ရဟတ်ယာဉ်လာ တယ်။ ကျွန်တော်တို့ရဲ့ ဘောလုံး ကွင်းမှာ ဆင်းတယ်။ စစ်သားတွေ က တက်ကြတယ်။ ကြည့်ရတာ စစ်သား ၁၀ ယောက်လောက် တော့ရှိမယ်။ ရဟတ်ယာဉ်က နှစ် စီး။ တစ်စီးကို သုံးခေါက်သယ်ရ တယ်။ တချို့စစ်သားတွေက တော့ ခြေကျင်ပဲထွက်သွားကြ တာ’’ဟု ဂုတဲက ပြောပြပါသည်။
အသက် (၆၅)နှစ်အရွယ် ကျေးရွာကောင်စီဥက္ကဋ္ဌ ဟန်ခိုရှီ က သူ့ဘ၀မှာ စစ်တပ်ရဟတ် ယာဉ်ကို မြင်ဖူးတာ ယခုအကြိမ် က ပထမဆုံးပဲဟုဆိုပါသည်။
‘‘ကျွန်တော်လည်းစိတ်သိပ် လှုပ်ရှားတာပေါ့။ စစ်တပ်က လူ တစ်ယောက်က ကျွန်တော်တို့ကို မျက်လုံးပိတ်ထားဖို့ပြောတယ်။ ဘာလို့လဲဆိုတော့ ရဟတ်ယာဉ် ဆင်းရင် ဖုန်တွေအများကြီးထလို့ တဲ့’’ဟု သူက ရယ်ရင်းပြောပါ သည်။
သည်နေရာကနေ မြန်မာ မြေထဲကို အေးအေးဆေးဆေး လမ်းလျှောက်ပြီး ၀င်လို့ရပါ သည်။ရွှံ့ထူနေသည့် ကျဉ်းမြောင်း သောနေရာလေးကပဲ နယ်စပ်လို ဖြစ်နေပါသည်။ ဟန်ခိုရှီက သစ် ပင်တွေအပေါ် မိုးနေသော မီးခိုး ရောင်တောင်ကုန်းတစ်ခုကိုလက် ညှိုးထိုးပြပါသည်။ တောင်ထိပ် ကို အဖြူရောင်တိမ်ခိုးတွေက ဖုံး ထားသည်။
‘‘အဲဒါ အန်ပိုချင်ဘိုတောင် ပဲ မြန်မာပြည်ထဲကို ၁၅ ကီလိုမီ တာ ရောက်တယ်။ UNLF, PLA နဲ့ KYKL ဆိုတဲ့ စစ်သွေးကြွတွေ ရဲ့ စခန်းက အဲဒီမှာရှိတယ်’’ ထို နေရာသည် အဲသည့်နေ့ကအိန္ဒိယ စစ်တပ်သွားရောက်ခဲ့သည့်နေရာ ဖြစ်ပါသည်။ ‘‘ကျွန်တော်တို့ ကြား တာတော့ အခုအဲဒီမှာ PLA စခန်း တွေ ဘာမှမကျန်တော့ဘူးတဲ့။ ဒါ ပေမဲ့ တခြားတောင်ကုန်းတစ်ဖက် မှာရှိတဲ့ UNLF စစ် သွေးကြွတွေရဲ့ စခန်းကို အိန္ဒိယစစ်တပ်ကရောက် ခဲ့သလား ကျွန်တော်တို့ မသိဘူး။ ရောက်ဖို့ သိပ်ခက်တယ်လေ’’ ဟန်ခိုရှီက ရှင်းပြပါသည်။
၎င်း၏ ပြောကြားချက်အရ PLA စစ်သွေးကြွများ၏ စခန်း တွင် လူတစ်ရာကျော်ရှိသည်ဟု သိရပါသည်။ ဖိုင်ခေါ့ရွာသားများ ၏ ပြောဆိုချက်အရ သူပုန်များ သည် အိန္ဒိယဘက်ခြမ်းရှိ နယ်စပ် ရွာများသို့ မကြာခဏကင်းလှည့် ရန် သွားရောက်လေ့ရှိသည်ဟုဆို ပါသည်။ UNLF စစ်သွေးကြွအုပ်စု များကတော့ မကြာခဏလာလေ့ ရှိသည်ဟု ပြောသည်။
‘‘သူတို့က တစ်လတစ်ခါ လောက်လာတယ်။ တစ်ခါတ လေဆို ခဏခဏပဲ။ ကျွန်တော်တို့ နဲ့ စကားပြောတယ်။ သူတို့နေ့ လယ်စာစားတယ်။ ပြီးတော့ ပြန် တယ်။ ဒါပေမဲ့သူတို့ကိုတော့ ကျွန် တော်တို့က မကျွေးမွေးရပါဘူး။ သူတို့က ကျွန်တော်တို့ကို ငွေပေး ပြီး ဆန်ဝယ်တယ်။ သူတို့ဘာ သာချက်တယ်။ တစ်ခါတလေ အ ယောက် ၂၀ တစ်ခါတလေ သူပုန် အယောက် ၄၀ လောက်လာကြ တယ်။ သူတို့ကိုမတွေ့တော့တာ ဇွန်လ ၉ ရက်ကတည်းကပဲ’’ဟု ရွာကောင်စီအတွင်းရေးမှူး ဂျန် ဟန်ဂျန်ခိုဟန်က ပြောပါသည်။ ရွာသားများနှင့် UNLF သူ ပုန်များသည် ဆက်ဆံရေးရင်းရင်း နှီးနှီးရှိသည်ဟု ဂုတဲကဆိုပါသည်။
‘‘ရွာမှာ ဆရာဝန်ရော ဆေး ဆိုင်ရောမရှိဘူး။ ဒါကြောင့်UNLF သူပုန်တွေက တစ်ခါတလေဆေး တွေပေးတယ်။ ငှက်ဖျားရောဂါက ဒီမှာသိပ်ဆိုးတယ်။ တစ်ခါတလေ သူတို့က ဆရာဝန်ခေါ်ပြီးဆေးတပ် စခန်းချပေးတယ်။ အပြန်အလှန် အားဖြင့် သူတို့က ကျွန်တော်တို့ ကို စစ်တပ်အကြောင်း မေးတယ်။ ဘယ်သူတွေလာသလဲ၊ ဘာတွေ ကြားလဲမေးတယ်။ ပြီးခဲ့တဲ့ ခရစ္စ မတ်က UNLF သူပုန်တွေက ကျွန် တော်တို့ကို ငွေပေးပြီး ညစာစား ပွဲအတွက် ၀က် ဒါမှမဟုတ် နွား ၀ယ်ပေးဖို့ ခိုင်းခဲ့တယ်’’ဟု ဂုတဲ က ပြောပါသည်။
ဟန်ခိုရှီကလည်း UNLF တပ်ဖွဲ့များသည် ကျေးရွာကောင် စီဝင်များ၊ လူကြီးများနှင့် တစ်ခါ တလေ အစည်းအဝေးများလုပ် သည်ဟု ဆိုသည်။
‘‘သူတို့က ကျွန်တော်တို့ကို တိုးတက်ဖွံ့ဖြိုးရေး၊ လမ်းတွေ၊ ပို ကောင်းတဲ့ကျောင်းတွေ၊ဆေးခန်း တွေ၊ လျှပ်စစ်မီးတွေအကြောင်း ပြောတယ်။ ဒါတွေအားလုံးရဖို့သူ တို့က ကျွန်တော်တို့ကို ကူညီမယ် လို့လည်းပြောတယ်’’
ဖိုင်ခေါ့ရွာက မည်သူမျှ ထို သူပုန်စခန်းများဆီသို့ မသွားခဲ့ ကြပါ။ သူတို့ကြားသမျှလည်း သူ ပုန်တွေဆီ ပစ္စည်းတွေသွားရောင်း လေ့ရှိသူ မြန်မာပြည်ဘက် ခြမ်း မှာနေသော သူတို့သူငယ်ချင်းတွေ က ပြန်ပြောတာဖြစ်ပါသည်။
‘‘အင်္ဂါနေ့ကတည်းက မြန် မာဘက်က နယ်စပ်ကို ပိတ်လိုက် တယ်။ ကျွန်တော်တို့နဲ့ ရွာနီးနား ချင်းဟိုဘက်ခြမ်းက မိုဂျီယန်ရွာ ကိုတောင် ကျွန်တော်တို့သွားလို့မ ရဘူး။ ဒါပေမဲ့မကြာခင်တော့ ပိတ်ထားတာ ပြန်ဖွင့်ပေးမှာလို့ မျှော်လင့်တာပဲ’’ဟု ဂုတဲက ပြော ပါသည်။ အိန္ဒိယဘက်နားနှင့် ပို နီးသည့် တောင်သုံးလုံးကို ကျော် ပြီးတွေ့ရသည့် နန်ဖီရှားရွာက ရွာသားများကတော့ ဇွန်လ ၉ ရက်နေ့က ဘာတွေဖြစ်ခဲ့သလဲဆို တာကို ယခုလို ပြန်ပြောပြပါ သည်။
‘‘ရဟတ်ယာဉ်တွေက ထွက် လိုက်ဝင်လိုက် ၀ဲပျံနေတာပဲ။ ရ ဟတ်ယာဉ်အကြီးကြီးတွေ။ ဝေး ဝေးက သေနတ်သံတွေလည်း ကြားနေရတယ်။ ကျွန်တော်တို့ ဘုရားကျောင်းမှာစုနေပြီး လူတွေ ကို ဆုတောင်းခိုင်းတယ်။ ပြီး တော့ရွာကနေ အဝေးမသွားဖို့ လည်း သတိပေးထားတယ်။ အ မဲလိုက်တောင် မထွက်ခိုင်းဘူး။ အိမ်ထဲမှာနေပြီး ဆုပဲတောင်းကြ လို့’’ ပြောတယ်ဟု သင်းအုပ်ဆရာ အာခုခမ်ခါရာက ပြောကြားသည်။ အိန္ဒိယစစ်တပ် အမှတ် (၄၄) အာ သံရိုင်ဖယ်တပ်သည် နန်မီးရှား ရွာမှာ တပ်စခန်းခွဲတစ်ခုရှိသည်။ သူတို့က ကင်းကိုအခိုင်အမာချ ထားသည်။ ဘယ်သူကမှ ဖိုင်ခေါ့ ရွာဘက်ကိုမသွားဟု ကျေးရွာ သားများက ပြောကြားပါသည်။
(The Indian Express တွင်ပါရှိ သည့် At Border Village, reca-lling Army's Myanmar Ope-ration : ‘We heard shooting explosions...boom, boom, boom ဆောင်းပါးကို ထားထား မြင့်ဘာသာပြန်သည်)
Posted via Blogaway
MILF သူပုန်များ ဖိလစ်ပိုင် အစိုးရထံ ပထမဆုံးအသုတ် လက်နက်ချ အလင်းဝင်
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး သဘောတူညီမှုကို ဖော်ဆောင်သည့် အနေဖြင့် ဖိလစ်ပိုင်ရှိ မိုရို အစ္စလာမစ် လွတ်မြောက်ရေး တပ်ဦး (MILF) သူပုန်အဖွဲ့သည် ပထမအသုတ် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။
မင်ဒါနာအိုရှိ မာဂူအင်ဒါနာအိုတွင် ပြုလုပ်သည့် အလင်းဝင်မှု အခမ်းအနားသို့ ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနို ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ယခုလုပ်ဆောင်မှုသည် ငြိမ်းချမ်းရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဟု ချီးကျူးစကား ပြောကြားခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့ အခမ်းအနားတွင် MILF၏ လက်နက်မျိုးစုံ ၇၅ လက်ကို အစိုးရထံ လွှဲပေးပြီး MILF တပ်ဖွဲ့ဝင် ၁၀၀၀၀ ဝန်းကျင်အနက် ဘန်ဆာမိုရို အစ္စလာမ်မစ် လက်နက်ကိုင် တပ်ဖွဲ့ခွဲမှ တပ်သား ၁၄၅ ဦးသည် အစိုးရထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင် အစိုးရနှင့် MILFတို့သည် ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေခံ မူဝါဒအတွက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေး သဘောတူခဲ့ကြသည်။
“ဒီနေ့ အလင်းဝင်တဲ့ ညီအစ်ကိုတော် ၁၄၅ ဦးရဲ့ မျက်နှာတွေကို ကြည့်မိပါတယ်။ ရုန်းကန်ခဲ့ရတဲ့၊ နာကျင်ခဲ့ရတဲ့၊ မျှော်လင့်ချက် မဲ့ခဲ့တဲ့၊ နောက်ဆုံး သေဘေးနဲ့တောင် နီးခဲ့တဲ့ ဇာတ်ကြောင်း ၁၄၅ ခုကို ကျွန်တော် ခံစားသိမြင်မိတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးရဲ့ အကျိုးဆက်ကြောင့် ရရှိလာမယ့် မျှော်လင့်ခြင်းနဲ့ ယုံကြည်ခြင်းကို ဖော်ဆောင်တဲ့ ဇာတ်ကြောင်း ၁၄၅ ခုကို မြင်ယောင်နေမိပါတယ်။ သူတို့ အနစ်နာခံခဲ့သမျှအတွက် ဒါဟာ တကယ်ပဲ ထိုက်တန်ပါတယ်”ဟု MILF၏ ဦးဆောင် ညှိနှိုင်းရေး အရာရှိ မူရတ်ဒ်အီဘရာဟင်မ်က APသို့ ပြောကြားခဲ့သည်။
ဖိလစ်ပိုင် အစိုးရသည် အလင်းဝင်လာသည့် သူပုန်အဖွဲ့သား တစ်ဦးစီကို ပညာရေး၊ အသက်မွေးဝမ်းကြောင်းမှုတို့အတွက် ဖိလစ်ပိုင် ပီဆိုငွေ ၂၅၀၀၀ စီ (၅၅၅ ဒေါ်လာစီ) ထောက်ပံ့ပေးမည်ဟု ဖိလစ်ပိုင်စတား သတင်းစာက ဖော်ပြခဲ့သည်။ MILFတို့သည် ယခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကွန်မန်ဒိုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ထိုစဉ်က ရဲအရာရှိ အများအပြား သေဆုံးခဲ့သည်။
ဖိလစ်ပိုင် သမ္မတ အကွီနိုက ဇွန်လ ၁၆ ရက် အခမ်းအနားတွင် အစိုးရထံ MILFတို့ လွှဲအပ်လာသည့် လက်နက်ပမာဏသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လမ်းကြောင်းတွင် ထင်ရှားစွာ အောင်မြင်မှု ရနေသည်ကို ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ သေနတ်တစ်လက်၊ ဒါမှမဟုတ် လက်နက် တစ်ဒါဇင်လောက် အရေအတွက်ကို ပြောဆိုနေတာ မဟုတ်ပါဘူး။ တကယ့် အဆင့်မြင့် လက်နက်တွေ၊ သက်တမ်းလွန်နေတာ မဟုတ်တဲ့ ခေတ်မီလက်နက်တွေချည်းပဲ လာရောက် အပ်နှံတာပါ။ ဒီလက်နက်တွေကြောင့် လူပေါင်းများစွာ ဆိုးဆိုးရွားရွား ထိခိုက် ခံစားခဲ့ရပြီးပါပြီ”ဟု အကွီနိုက ဆိုသည်။
အစိုးရနှင့် သူပုန်တပ်များသည် ၁၇ နှစ်ကြာအောင် ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ၂၀၁၂ ခုနှစ်၊ ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေခံ သဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်သည် MILF သူပုန်များ အခြေစိုက်ရာ မင်ဒါနာအိုနှင့် အစ္စလာမ်မစ် အစွန်းရောက် အဘူဆာယက်ဖ်အဖွဲ့ အခြေစိုက်ရာ ဂျိုလိုတို့တွင် ခွဲထွက်ရေး လှုပ်ရှားမှုများကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။
Ref: Aljazeera
7 Day
တောင်တရုတ် ပင်လယ်တွင် လူလုပ်ကျွန်း တည်ဆောက်နေမှုကို ဝေဖန်မှုများ ရှိနေသည့်ကြား အပြီးသတ် တည်ဆောက်သွားမည်ဟု တရုတ်ပြော
(ပေကျင်း)။ ။ တောင်တရုတ် ပင်လယ်တွင် နယ်မြေအပိုင်ပြုမှုကို လွန်ကျုးလုပ်ဆောင်နေသည့်ဟု ဝေဖန်နေကြလင့်ကစား တရုတ်နိုင်ငံအနေဖြင့် လူလုပ်ကျွန်းများကို မကြာမီ တည်ဆောက်မှု အပြီးသတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
အမေရိကန်နှင့် အခြားသောနိုင်ငံများက ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ပြောဆိုထားသည့် နယ်မြေတွင် တရုတ်နိုင်ငံက စစ်တပ်အခြေစိုက် စခန်းအဖြစ် အသုံးပြုရန် လူလုပ်ကျွန်းများကို တည်ဆောက်နေလျက်ရှိသည်။
ကာကွယ်ရေးအတွက် လူလုပ်ကျွန်း တည်ဆောက်ခြင်း ဖြစ်သလို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတို့အတွက်အပြင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်ရေးတို့အတွက် အသုံးပြုနိုင်ရန်အတွက် လူလုပ်ကျွန်းများကို တည်ဆောက်နေခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာနက ပြောသည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် ဧရိယာများစွာကို ၎င်းပိုင်အဖြစ် အတည်ပြုထားသည်။
ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ ပိုင်နက်ကျုးအတည်ပြုမှုများကြောင့် အမေရိကန်က တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွား နယ်မြေအတွင်း ယင်းသို့ ပိုင်နက်ကျုးမှုများကို ချက်ချင်းအလျင်အမြန်ရပ်တန့်ပစ်ရန် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း စပရာတလေး ကျွန်းစုများအနီး တရုတ်ရေတပ်နှင့် အမေရိကန်တပ်တို့ကြား တင်းမာမှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။
REF : BBC
Mizzima
မူးယစ်ဆေး ဒေါ်လာသုံးသန်းဖိုး တာချီလိတ်မြို့မှာ ဖမ်းဆီးရမိ
တရားခံ နန်းကိန်မွန်းနဲ့ စိုင်းအိုက်ခမ်းတို့ကို ဇွန်လ ၁၃ ရက်နေ့က တာချီလိတ်မြို့တွင် သက်သေခံပစ္စည်းတွေနဲ့ အတူတွေ့ရစဉ်။ Photo: Aung Moe Myint/RFA
မြန်မာကျပ်ငွေ သိန်းသုံးသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့ အတူ ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို ရှမ်းပြည်အရှေ့ပိုင်းက ထိုင်း မြန်မာ နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့ဖြစ်တဲ့ မဲခေါင်စစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက် ဗိုလ်ချူပ်လမ်းက နေအိမ်ကို ဇွန်လ ၁၃ ရက်နေ့က ၀င်ရောက်ရှာဖွေခဲ့ရာက တာချီလိတ်မြို့မှာ ပထမဦးဆုံးအကြိမ် အမြောက်အများဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့က တပ်ကြပ်ကြီး တိုးမြင့်အောင် က RFA ကို ပြောပါတယ်။
"ဇွန် ၁၃ ရက်နေ့ ၁၁ ခွဲအချိန်မှာ မူးယစ်တပ်ဖွဲ့စု ၃၀ ကနေပြီးတော့မှ တပ်ဖွဲ့စုမှူး ရဲမှူး သန်းရွှေ ဦးစီးအဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့ အတူ တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက် စိုင်းလျန်းနဲ့ နန်းကိန်မွန်း တို့ရဲ့ နေအိမ်ကို သတင်းအရ ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်၊ အဲ့ဒီလို ၀င်ရောက်စီးနင်းရှာဖွေတဲ့ အခါမှာ စုစုပေါင်းတွေ့တာတော့ စိတ်ကြွဆေးပြားက ၂၀၇၆၄ ပြား၊ ပြီးရင် ဘိန်းဖြူကတော့ ၁၃ ဂရမ်ပေါ့၊ ပြီးရင် စိတ်ကြွဆေးမှုန့် ကတော့ ၆၂. ၅၀၃ ကီလို၊ ပြီးရင် ကဖင်း ၂၅၀ ဂရမ်၊ အားလုံး စက်တွေရဲ့ တန်ဖိုးပါ ပေါင်းရင်တော့ ကျပ်သိန်းပေါင်း သုံးသောင်းကျော်မယ် မဲခေါင် စစ်ဆင်ရေး ၂ မှာမိတာတော့ တန်ဖိုးအများဆုံးကတော့ ဒီဟာမိတာပေါ့ဗျာ"
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေအပြင် မူးယစ်ဆေးထုတ်လုပ်ရာမှာအသုံးပြုတဲ့ WY စာတမ်းပါ ရိုက်တံ ၂၂ ချောင်း၊ တစ်ကြိမ်ရိုက်ရင် စိတ်ကြွဆေးပြား ၉ ပြား ထုတ်လုပ်နိုင်တဲ့ မော်တာစက်တစ်လုံး၊ စိတ်ကြွဆေးမှုန့်ချေစက် တစ်လုံးနဲ့ အတူ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆက်ပြောပါတယ်။
မူးယစ်တပ်ဖွဲ့တွေ ၀င်ရောက်စစ်ဆေးချိန်မှာ အိမ်ရှင် စိုင်းလျန်း ဆိုသူကို မတွေ့ရှိဘဲ ဇနီးဖြစ်သူ နန်းကိန်မွန်းနဲ့ တူတော်စပ်သူ စိုင်းအိုက်ခမ်း တို့ကိုသာ တွေ့ရှိခဲ့တဲ့အတွက် သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မတွေနဲ့ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။
ဒီမူးယစ်ဆေးဝါး စစ်ဆင်ရေးဟာ အခုနှစ် မေလ ၁၁ ရက်နေ့ကနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်နိုင်တွေတွေ ပူးပေါင်းပြီး မဲခေါင်မြစ်ဝှမ်း ဒေသထဲမှာ မူးယစ် ဆေးဝါးနှိမ်နင်းရေး ပူးပေါင်းရွက်နေရာ မြန်မာနိုင်ငံတွင်း ဖမ်းဆီး ရမိတဲ့အမှုပေါင်း ၁၃၀ ကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
NLD ကို လူထုထောက်ခံမှု ကျဆင်းလာအောင် ဘယ်သူတွေလုပ်နေသလဲ ?
ဇွန်လ ၁၅ ရက်၊ ၂၀၁၅
ခေါင်းစဉ်ကိုကြည့်၍ ကျွန်တော့်ကို ရူးနေလားဟု တချို့က စွပ်စွဲ လာနိုင်ပါ တယ်။ တချို့ကလည်း ဝေဖန်ရှုတ်ချမှုတွေ လုပ်လာနိုင်ပါတယ်။ သို့သော်လည်း အရှိအတိုင်းကို အမှန်အတိုင်း လက်ခံရမည်ဆိုလျှင်တော့ ယနေ့ အချိန်တွင် NLD ပါတီကို ယခင်ကထက် လူထုထောက်ခံမှု ပိုမိုကျဆင်းလာတယ်ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခု ဖြစ်လာပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းကာလများက ဒေါ်အောင်ဆန်းစုကြည် ပါးစပ်က ဟိတ် ဟုတစ်ခွန်းပြောလျှင် မြန်မာ ပြည်သူ အားလုံးနီးပါး တိတ် သွားနိုင်ခဲ့ပေမယ့် ယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဟိတ် ဟုဆိုလျှင် ခင်ဗျားကဘာလဲ လို့ပြန်မေးလာမည့်သူတွေ ထုနဲ့ဒေးရှိလာခဲ့ပြီဖြစ်ပါတယ်။
တကယ်ဆိုရင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အ၀ါနှင့် ဒီမိုကရေစီအင်အားစုများ၏ ၀ိုင်းဝန်းပံ့ပိုးမြှင့်တင်
aပးခဲ့မှု တွေကြောင့် ယခင်က သူမကို ပြည်သူတော်တော်များများက မျက်လုံးစုံမှိတ် ထောက်ခံခဲ့ကြတယ် ဆိုတာငြင်းမရခဲ့ ပါဘူး။ သို့သော်ငြားလည်း ယခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာ့ကြောင့်လူထု
aထာက်ခံမှု ကျဆင်းလာ ရသလဲလို့ မေးခွန်းထုတ်လာခဲ့မယ်ဆိုရင်တော့ သူမရဲ့ လက်အောက်ပါတီဝင်တွေနဲ့ သူမကို ထောက်ခံသူတွေရဲ့ စဉ်းစား ဆင်ခြင် ဥာဏ်မဲ့မှု၊ အစွန်းရောက်ယုံကြည်မှုတွေကြောင့်လို့ ပြောရပါလိမ့်မယ်။
ဒါတွေဟာ ဘာကြောင့်လဲဆိုရင်တော့ ဘယ်သူ မပြုမိမိမှုဆိုသလိုပဲ ပါတီဥက္ကဋ္ဌအနေနဲ့ သူ့လက်အောက် ပါတီဝင်တွေကို ဆုံးမမှုအားနည်းခဲ့ပြီး မပြောမဆို လွှတ်ထားမိခဲ့တဲ့အတွက်ပါပဲ။ ဒါ့ကြောင့် NLD ပါတီရဲ့ လက်အောက် ပါတီဝင်အချို့ အနေနဲ့ ရမ်းကားမှုတွေ၊ မော်ကြွားမှုတွေများ လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဆိုးဆုံးကတော့ NLD ပါတီဝင်တွေ ခံယူထားတဲ့ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ မူဝါဒ ပါပဲ။
အဲဒီအချက်ဟာကြားနေလူထုကို NLD နဲ့ဝေးကွာသွားစေပြီး ပါတီ ခေါင်းဆောင် ဒေါ်စုကိုပါ ရိုက်ခတ်လာတာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါကိုတွေကို မသိဘူး လားဆိုတော့သိပါတယ်။ ဒါပေမယ့် ပြောမရ
ဆိုမရဖြစ်နေတဲ့ သူ့ပါတီဝင်တွေကို လွှတ်ထားတာကြောင့် NLD ရဲ့ ပုံရိပ် ကျ ဆင်းလာခြင်းလို့လဲ ဆိုလို့ရ နိုင်ပါတယ်။
မိထ္ထီလာအရေး၊ ရခိုင်အရေးတွေမှာ NLD ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအပေါင်းတို့ရဲ့ အပြောအဆို အရေးအသားတွေကြောင့် သူမအတွက် တော်တော်လေးအထိနာခဲ့ရပါတယ်။ သီတဂူ ဆရာတော်တောင် ဦးသိန်းစိန်ကို ထောက်ခံတဲ့စကား မျိုးပြောမိလို့ NLD ပါတီဝင်တွေ ၀ိုင်းဝန်းဆဲဆို လိုက်ကြတာဟာ ဘယ်လိုမှမြင် မကောင်းခဲ့ပါဘူး။
နောက်တစ်ချက်ကတော့ Social Network ရဲ့ ဖေ့ဘွတ်စာမျက်နှာတွေပေါ်က NLD ထောက်ခံသူတွေပါပဲ။ NLD ထောက်ခံသူတွေအနေနဲ့ သူတို့နဲ့ပြိုင်ငြင်းမယ်၊ သူတို့ကိုမထောက်ခံဘူးဆိုရင် ချက်ချင်းပဲ အမျိုးသား သစ္စာဖောက် ပုံစံသတ်မှတ်ပြီး စစ်တပ်က၊ အစိုးရဘက်က၊ စစ်ခွေး၊ ရဲခွေး၊ ကြံ့ဖွတ် အစရှိသည်ဖြင့် စွပ်စွဲလိုက်တာတွေကြောင့် ဘယ်ပါတီစွဲမှမရှိတဲ့ ကြားနေ လူတန်းစားတောင် NLD ကို မုန်းတီးသွားကြပါတယ်။
အလားတူပဲ NLD ပါတီကို ပြည်သူနဲ့ အလှမ်းဝေးစေတဲ့ အချက်တစ်ချက်ကို ပြပါဆိုလျှင်တော့ ပါတီဝင်တွေရဲ့ အစွန်းရောက်မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဘုရားသခင်၊ သောတပန်၊ နတ်ဘုရား ဟူ၍ပင် မဖြစ်နိုင်သည်များကို တင်စားပြောဆိုမှုများက ပြည်သူ့ချဉ်ဖတ် ဘ၀ကို တဖြည်းဖြည်း ရောက်ရှိလာစေခဲ့တာဖြစ်ပါ တယ်။
ယနေ့ကာလမှာ ထင်ထင်ရှားရှားဥပမာ တစ်ခုကိုပြရမည်ဆိုပါက ယခင်စစ်အစိုးရလက်ထက်က စစ်အစိုးရအနေနဲ့ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ခြင်းကြောင့် NLD ပါတီဝင်တွေအနေနဲ့ တရုတ်အစိုးရအ
aပ်ါမှာ ပြင်းပြင်း ထန်ထန်ဆန့်ကျင်မှုတွေပြုခဲ့ကြ တာတွေ့ခဲ့ရပါတယ်။ သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ အခါမှာတော့ ယခင်က တရုတ်ဆန့်ကျင်ရေးသမားအားလုံး အသံတွေတိတ်ခဲ့ပြီး တရုတ်သမ္မတကြီး ဆိုတဲ့စကားကို ပါးစပ်ဖျားက မချတော့ခြင်း နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နတ်ဘုရား ကွမ်ရင်မယ်တော်နှင့် တင်စားလိုက်တာကလဲ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူ အပေါင်းအတွက် ရယ်စရာ ဟာသ တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။
ယခုအခါမှာလည်း ၂၈ ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲဝင်ရောက်နေတဲ့ မြန်မာ U 23 ဘောလုံးအသင်းအနေနဲ့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်ကို မှေးမှိန်စေရန်အတွက်ဖန်တီးခဲ့ သည့် အစိုးရ လှည့်ကွက် တစ်ခုလို့ ပြောခဲ့သည့်စကားက မြန်မာပြည်သူ အပေါင်းအတွက် NLD ကို ရွံ့မုန်းမှုပါဖြစ်ခဲ့ရပါတယ်။ အကြို ဗိုလ်လုပွဲစဉ် တုန်းက ရန်ကုန်မြို့၊ မန္တလေးမြို့အပါအ၀င် မြို့ကြီးတွေရဲ့ အထင်ကရနေရာတွေမှာ အစိုးရက ပြည်သူများ ဘောလုံးပွဲ စုပေါင်းကြည့်ရှုရန်အတွက် LED ဘုတ်ကြီးများတပ်ဆင်ပေးခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက် အာရုံလွှဲခဲ့တယ်လို့ NLD ပါတီထောက်ခံသူအပေါင်းက စွပ်စွဲနေကြခြင်း ပဲဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ယခင်က မည်သည့်ပါတီကိုမှ ချစ်ခြင်းမုန်းခြင်းမရှိတဲ့ ကြားနေ၀ါဒ သမား
တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါမှာတော့ NLD ပါတီဝင်များရဲ့ ယခုလို အစွန်းရောက်မှု၊ ငါနှင့်မတူငါ့ရန်သူဆိုတဲ့ မူဝါဒတွေကို တွေ့မြင်ခဲ့ရတဲ့ အတွက် NLD ပါတီနဲ့ ဝေးရာကို တဖြည်းဖြည်း ရောက်ရှိခဲ့ရခြင်း သာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောမရဆိုမရဖြစ်နေတဲ့ NLD ပါတီဝင်တွေကို နိုင်နိုင်နင်းနင်း
အုပ်ချုပ်နိုင်ပြီး ပြည်သူထောက်ခံမှုကို ပြန်လည် ရယူနိုင် ပါစေလို့သာ ဆုတောင်းအကြံပြုလိုက်ပါတယ်။
ဝင်းလွင်ထက်
အခွန်ရှောင် ခရိုနီ Super Coffeemix ထွန်းထွန်းဝင်း
ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊
အမှတ်(၇၀၅)၊ ကုန်သည်လမ်းမကြီး မှာနေတဲ့
ထွန်းထွန်းဝင်း (၁၂/ပဘတ(နိုင်)၀၀၃၀၇၅) ဆိုတာ
Super coffeemix ပိုင်ရှင် အလတ်လူပါ၊ အကိုအကြီးဆုံးက မောင်မောင်ဦးပါ
ဒီဇိုင်နာဝါးတား
အော်ရီဒူးရန်ကုန် ကိုယ်စားလှယ်
(သိမ်ဖြူလမ်း အော်ရီဒူးရုံးက သူပိုင်တဲ့မြေကွက်)
၁။ လေဆာသွားတိုက်ဆေး
၂။ ဂေါ်ဇီလာခြင်ဆေးခွေ
၃။ သွားပွတ်တံနဲ့ဝမ်းတီးနို့ဆီ
၃။ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသင်္ဘောပေါ်ကHotel ကြီး
၎။ ရန်ကုန်မြို့လည်ခေါင် အနော်ရထာလမ်းပေါ်က I Pay ရုံးခန်း
၅။ မြေနီကုန်း ရွှေမန်းရုပ်ရှင်ရုံ၊ ဗိုလ်ချုပ်လမ်းပေါ်မှာရုပ်ရှင်ရုံ တစ်ခု
၆။ သာကေတစက်မှုဇုံမှာ မြေ ၁၅ ဧက
၇။ မင်္ဂလာဒုံစက်မှုဇုံမှာ မြေ ဧက ၄၅
၈။ တောင်ဒဂုံစက်မှုဇုံမှာ မြေဧက ၁၀၀ကျော်နှင့် စာရင်းလုပ်၍မရနိုင်အောင် များပြားလှ
တဲ့မြေကွက်တွေနှင့် ကုမ္မဏီအမည်တွေကို ပိုင်ဆိုင်ပါတယ်
Junction Square မှာရုံးချုပ်ဖွင့်ထားပြီး
နိုင်ငံတော်ကို အခွန်ရှောင်ရန်အတွက် ကုမ္မဏီအမည် ၅၀ကျော် သုံးထားတယ်
ကုမ္မဏီနာမည်သုံးထားတယ်
ဥပမာ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသင်္ဘောပေါ်ကHotel ကြီးကို လှလှပပ
ကုမ္မဏီအမည်သုံးပြီးဖွင့်ထားတယ်
မြို့လည်ခေါင်က မြေကွက်တွေဝယ်တဲ့အချိန်မှာ Yangon Creation Group
ကုမ္မဏီအမည် နဲ့ဦးမောင်မောင်ဦးနာမည်သုံးပြီး ၀ယ်တယ်
မြန်မာပြည်အချမ်းသာဆုံး ၂၀ ဦးစာရင်းမှာ ထွန်းထွန်းဝင်းပါတယ်
မြန်မာပြည်ရဲ့စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ အခွန်အရှောင်ဆုံး နံပါတ်တစ်
စာရင်းဝင်ဖြစ်တယ်
Eleven Media Group က သူတို့အခွန်ရှောင်တဲ့အကြောင်း
သတင်းဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်
အခုလဲ အခွန်ရှောင်နေဆဲပါ
မကြာခင် ထွန်းထွန်းဝင်းမှ နေမျိုးဝေနှင့်
အာဏာပိုင်အဖွဲ့အစည်းများကိုလာဘ် ငွေသိန်းရာချီပေးပြီး အမှုကွင်းလုံးကျွတ်လွှတ်အောင်
လုပ်ဆောင်နေပြီဖြစ်ကြောင်း junction square ရုံးချုပ်ရှိ super coffeemix ၀န်ထမ်းတစ်ဦးမှ
Myanmar Breaking News Group သို့အကြောင်းကြားလာသည်။ ဤကုလား ချမ်းသာရခြင်းမှာ မြန်မာလူမျိုးတို့၏ စည်းမစောင့်သော ဝယ်ယူစားသုံးမှုကြောင့် ဖြစ်ပါသည်။ ယခု
လည်း မြန်မာလူမျိုးတို့ကို ရိုက်နှက်ပြီး အိုးအိမ်များကို ဖြိုဖျက်လာနေပြီ ဖြစ်သည်။
Soe Min Htet
_______________________
https://www.facebook.com/groups/MYANMARBREAKINGNEWS/
Monday, June 15, 2015
ဗီယက်နမ်၏ K-300 P Bastion-P ဒုံးကျည်က ဟိုင်နန်ကျွန်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်း ရှိဟုဆို
ဟနွိုင်း ၊ ၁၅-၆-၂ဝ၁၅
ဗီယက်နမ် နိုင်ငံ၏ K-300 P Bastion-P ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည်စနစ် သည် ဟိုင်နန်ကျွန်း ပေါ်ရှိ Shanya ရေတပ် အခြေစိုက် စခန်းကို တိုက်ရိုက် ပစ်ခတ်နိုင်စွမ်း ရှိကြောင်း ကနေဒါ အခြေစိုက် တရုတ်ဘာသာ ဖြင့် ထုတ်ဝေသည့် Kanwa Defense Review စစ်ဘက်မဂ္ဂဇင်း တွင် ဖော်ပြထားသည်။
အဆိုပါ ဒုံးကျည်သည် ရန်သူ၏ ရေပြင်သွား တိုက်ခိုက်ရေး ရေယာဉ်များကို ဖျက်ဆီးရန် သို့မဟုတ် နှစ်မြှုပ်ရန် အတွက် ပုံစံရေးဆွဲ ထုတ်လုပ် ထားသည့် P-800 Oniks သင်္ဘောဖျက် ခရုစ်ဒုံးကျည်များ ပစ်လွှတ် ရာတွင်လည်း ဗီယက်နမ် ရေတပ်အား အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
အကွာအဝေး ၃ဝဝ ကီလိုမီတာ (၁၈၆ မိုင် ကျော်) အထိ ပစ်ခတ်နိုင်သော အဆိုပါ K-300 P Bastion-P ဒုံးကျည်သည် ဟိုင်နန်ကျွန်း အနီးရှိ တရုတ်နိုင်ငံ၏ အရေးပါသော ပစ်မှတ်များ အထိ ရောက်ရှိနိုင်ပြီး တောင်တရုတ် ပင်လယ် ရေယာဉ်စုကို ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည့် အလားအလာ ရှိကြောင်းနှင့် ဗီယက်နမ် ရေတပ်၏ Gepard အတန်းအစား ဖရီးဂိတ် သင်္ဘောနှစ်စင်း နှင့် အခြား စစ်သင်္ဘောများတွင် တပ်ဆင် ထားသော Kh-35 E သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည်သည် ဗီယက်နမ် ကမ်းရိုးတန်း ဒေသအတွင်းသို့ တရုတ်သင်္ဘော ဝင်ရောက်ချိန်တွင် တရုတ် စစ်ရေယာဉ် များကို နှစ်မြှုပ်နိုင်စွမ်း ရှိကြောင်း သိရသည်။
#PyiChitThar
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ထားရှိမှု ရခိုင်ဒေသခံတွေ ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ထားရှိမှုကို ရခိုင်ပြည်နယ်မှ ဒေသခံတွေ ဇွန်လ ၁၄ ရက်နေ့က ဆန္ဒပြနေစဉ် Photo: Min Thein Aung/ RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လှေစီးဒုက္ခသည်တွေကို ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောနယ်ကို လာရောက်ထားရှိတာနဲ့ ပတ်သက်ပြီး မြို့နယ်ပေါင်း ၁၀ ခုမှာ ဒေသခံပြည်သူတွေနဲ့ သံဃာတော်တွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သူ့နိုင်ငံသားတွေကို အကုန်ပြန်ခေါ်ဖို့အစီအစဉ်မရှိဘူးလို့ ယူဆကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့က ဆန္ဒပြ သူ ဦးအောင်သောင်းရွှေက
"သူတို့မှက လူဦးရေတွေအများကြီးရှိနေတော့ တာဝန်ယူမှာ မဟုတ်ဘူး၊ အရင်တုန်းကလည်း ကျနော်တို့ဆီကို ခိုးလာတာအများကြီးရှိတယ်၊ ဘင်္ဂလားဒေ့ရှ်မှာ စားဝတ်နေရေးအဆင်မပြေလို့ နိုင်ငံတစ်ကာကို ထွက်ပြေးနေတာ၊ အဲ့ဒါကို မြန်မာနိုင်ငံအစိုးရက လူသားချင်းစာနာတယ်ဆိုပြီးတော့ သွားကယ်လိုက်တယ်၊ ဟိုင်းကြီးကျွန်းမှာ တွေ့တာကို ကျနော်တို့ရခိုင်ပြည်နယ်မှာလာထားတယ်၊ အဲ့ဒါကို ဒေသခံတွေက ကိုယ့်ဆီမှာ လာပုံထားတယ်ဆိုပြီးတော့ မကျေနပ်တာပေါ့"
ဒါ့အပြင် ဘူးသီးတောင်မောင်းတောနယ်မှာ ဘင်္ဂါလီလူမျိုး အများစုနေထိုင်တာမို့ အခုလိုဒုက္ခသည်တွေကို နယ်မြေတစ်ခုထဲမှာ ပို့ဆောင်ထားရှိတာဟာ လုံခြုံရေး အရ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
ဆန္ဒပြပွဲတွေကို မြို့နယ်အသီးသီးမှာ ဖွဲ့စည်းထားတဲ့ လူမူရေးကွန်ယက်တွေက ဦးစီးဆောင်ရွက်တာဖြစ်ပါတယ်။
စစ်တွေမြို့မှာ မိုးအသည်းအထန်ရွာသွန်းနေတဲ့ကြားက ဆန္ဒပြသူ တစ်ထောင် အ၀န်းကျင် ဆန္ဒပြကြတာပါ။ ဘူးသီးတောင် မြို့မှာတော့ အာဏာပိုင်တွေက ဆန္ဒပြခွင့် လူ၂၀၀ ကန့်သတ်ပေးပေမယ့် လူ၂၀၀၀ ကျော် လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
Sunday, June 14, 2015
ယနေ့တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲနှင့် ဗိုလ်ချုပ်စိတ်ပျက်ခဲ့သည့် ပင်လုံ ။
အပြောလွယ်သလောက်အလုပ်ခက်သည့် ဗိုလ်ချုပ်နှင့် ပင်လုံညီလာခံအကြောင်း ပြန်ပြောင်းသတိရနေမိပါတော့သည်။
ထိုအချိန်ကတောင်တန်းဒေသဟူသည် ရှမ်း၊ကချင်၊ချင်း လောက်မျှသာ၊ယနေ့ အပစ်အခတ်ရပ်စဲရေးကား လူမျိုးပေါင်းစုံ ပင်လုံထက်အဆပေါင်းများစွာခက်ခဲမည်ကို တွေးကြည့်ရုံနှင့်သိသင့်ပေသည်၊ .
ဗိုလ်ချုပ်နှင့်ပင်လုံညီလာခံ
★ ★ ★ ★ ★ ★ ★
ဗိုလ်ချုပ် လန်ဒန်သွား၍ အက်တလီနှင့် လွတ်လပ်ရေးဆွေးနွေးပုံ၊ ရှမ်းစော်ဘွားများကဗိုလ်ချုပ်သည်တောင်တန်းဒေသကို ကိုယ်စားမပြုကြောင်းကြေးနန်းပို့ပုံ၊ ရှမ်းလူငယ်နှင့်ကျောင်းသားများက တောင်ကြီးတွင်လူထုစည်းဝေးပွဲလုပ်၍ ဗိုလ်ချုပ်သည်တောင်းတန်းဒေသကိုပါကိုယ်စားပြုကြောင်း ကြေးနန်းရိုက်ရပုံ၊ အက်တလီက တောင်တန်းဒေသများနှင့်အကြေအလည်ဆွေးနွေးပါအုန်းဟု အချိုသတ်ပုံကို လူတိုင်းသိပြီးဖြစ်သဖြင့် အကျယ်မတင်ပြတော့ပါ..
ဗိုလ်ချုပ်မြန်မာပြည်ပြန်ရောက်ပြီး အချိန်မဆိုင်းဘဲ ပင်လုံညီလာခံသို့ တက်ရောက်ဆွေးနွေးပုံကိုအကျဉ်းချုပ်တင်ပြပါမည်။
ဗိုလ်ချုပ်ပင်လုံသို့ရောက်ရှိလာသည်နှင့် စော်ဘွားများ၊ရှမ်းလူထုကြီးတရပ်လုံးက တခဲတနက်ကြိုဆိုကြပုံကို အင်္ဂလိပ်ကိုယ်စားလှယ် အာသာဘော်တွမ်လေ မြင်ရသောအခါ ဗိုလ်ချုပ်ကိုအထင်မကြီးဘဲမနေနိုင်အောင်ဖြစ်မိသည်။ ပင်လုံကားရွာငယ်ကလေးမျှသာဖြစ်သော်လည်း တောင်တန်းဒေသအသီးသီးမှ ကိုယ်စားလှယ်များ လူထုကြီးဖြင့် ပြည့်ညှပ်လိုနေသည်၊ဗိုလ်ချုပ်သည်ထိုညနေမှာပင် စော်ဘွားကြီးများ ကချင်ခေါင်းဆောင်များနှင့်ပျော်ရွှင်စွာနှူတ်ခွန်းဆက်ရင်း လန်ဒန်တွင်ဆွေးနွေးခဲ့သည်များကိုဖောက်သည်ချနေသည်၊ အားလုံးကစိတ်ဝင်စားသည်သာမက ဗိုလ်ချုပ်ကိုအလွန်နှစ်သက်လက်ခံကြသည်ကိုအားရဖွယ်တွေ့ရသည်။
နောက်တနေ့ညီလာခံတွင်ဗိုလ်ချုပ်ကမိန်ခွန်းပြောရာတွင် ရှေ့ဆက်ပြီးအနာဂတ်နိုင်ငံအတွက်ဘယ်လိုရင်ဆိုင်မလဲကအရေးကြီးကြောင်း ပြည်တွင်းရှိပြသနာကိုကျုပ်တို့အချင်းချင်းဖြေရှင်းရမှာဖြစ်ကြောင်းအမေကျော်ဒွေးတော်လွမ်းပြီး အမျှော်အမြင်မရှိသုများက တောင်တန်းဒေသရဲ့အကျိုးစီးပွားဟာပြင်ပမှာရှိတယ်လို့စိတ်ကူးယဉ်နေကြောင်းသမိုင်းတလျှောက်လုံးဗမာနဲ့တောင်တန်းဒေသအတူလက်တွဲနေထိုင်ခဲ့သလိုယခုလဲအတူလက်တွဲပြီးလွတ်လပ်ရေးရပြီး မခိုမကပ်အလုပ်လုပ်ဖို့လိုကြောင်းပြောကြားရာ ရှမ်း၊ကချင်နှင့်ချင်းကိုယ်စားလှယ်များကနှစ်သက်ကြသည်။
ထိုနေ့အစည်းအဝေးပြီးလျှင်ဗိုလ်ချုပ်ကဦးဖေခင်အား လွတ်လပ်ရေးရလျှင် ပထမဆုံးသမ္မတအဖြစ် ရှမ်းအမျိုးသားတဦးကိုပေးလျှင်မကောင်းဘူးလား ခင်ဗျားဘယ်လိုသဘောရသလဲဟုမေးရာ ဦးဖေခင်က တောင်ပိုင်စော်ဘွားကြီးကိုပေးလျှင်သင့်မည်ဟုအကြံပြုပါသည်။ဦးဖေခင်ကတောင်ပိုင်စော်ဘွားကြီးနှင့်တွေ့၍ ဗိုလ်ချုပ်သဘောထားကိုပြောပြရာ ၊စော်ဘွားကြီးက မလုပ်ပရစေနဲ့ကိုဖေခင်ရယ် သမ္မတအိမ်တော်ထဲမှာကျနော်ထောင်ကျနေတာနဲ့တူနေပါအုန်းမယ်လို့ရယ်မောပြောဆိုပြီး ဗိုလ်ချုပ်ကဆန္ဒရှိတယ်ဆိုရင်ဖြင့် အများသဘောတူစော်ဘွားတဦးရွေးပေးမည်ဖြစ်ကြောင်း အကြံပြုပါသည်။နောက်တနေ့ ဗိုလ်ချုပ်နှင့်နေ့လည်စာစားရင်းဆွေးနွေးကြရာ ညောင်ရွှေစော်ဘွားကြီးအားရွေးချယ်လိုဟန်ရှိကြောင်းတွေ့ရပြီး တည်ကြည်ဖြောင့်မတ်၍ ကိုယ်ကျိုးမကြည့်ဘဲ အလွန်ရိုးသားသည့်ဗိုလ်ချုပ်ကို စော်ဘွားကြီးများကအလွန်သဘောကျနေသည်မှာသိသာပါသည်။
နောက်တနေ့ညီလာခံတွင် တောင်တန်းသားခေါင်းဆောင်တို့ကမူကြမ်းတစောင်တင်ပါသည်။
ရှမ်းပြည်နယ်
★ ★ ★ ★
၃၃ ခရိုင်ပါရှိပြီး အင်္ဂလိပိအခေါ်အားဖြင့် Federated Shan Stateဟုခေါ်ပါသည်။
ကချင်ပြည်နယ်
★ ★ ★ ★
ကချင်တို့တွင်မိမိတို့ပိုင်နက်ပါဟုသတ်မှတ်ထားသည့်ဆက်စပ်န်ာနိမိတ်ဟူ၍မရှိသဖြင့် တောင်ပေါ်ဟိုတရွာဒီတရွာရှိပြီး ရှမ်းမြန်မာ ရှမ်းတရုပ်များအများစုနေထိုင်သည့် မြစ်ကြီးနား ၊ဗန်းမော်ခရိုင်များကိုထည့်မပေးက ကချင်ပြည်နယ်ဖြစ်လာစရာမရှိ အင်္ဂလိပ်တို့ကလဲ ကချင်များကို ဒူဝါးများ ရွာသူကြီးအဆင့်လောက်သာသဘောထား၍စော်ဘွားများကဲ့သို့ အုပ်ချုပ်သူ Rulers များအဖြစ်သဘောမထားပေ။
ချင်းဝိသေသတိုင်း
★ ★ ★ ★ ★
ဖလန်း၊တီးတိန် နှင့်ရခိုင်ရိုးမတောင်ကြောများပါဝင်ပြီး သီးချားပြည်နယ်မတောင်းခဲ့ပါ
ကရင်နှင့်ကရင်နီ
★ ★ ★ ★ ★
ညီလာခံပြီးဆုံးကာနီးမှရောက်လာကြပါသည် ညီလာခံတွင်ဆွေးနွေးခြင်းမရှိပါ။ အဓိကဆွေးနွေးသူများမှာရှမ်းနှင့် ကချင်များသာဖြစ်ပါသည်။
တင်ပြသည့်စာတမိးပါအချက်များ
★ ★ ★ ★ ★ ★ ★ ★ ★
၁၊။ဗမာတို့နှင့်အဆင့်အတန်းတူအခွင့်အလမ်းတူ ခံစားခွင့်ရှိရမည်
၂။အမှုဆောင်ကောင်စီတွင် ရှမ်းနှင့်ကချင်ကိုယ်စားလှယ်ပါဝင်ရမည်၊ထိုသူတို့သည်မိမိတို့လူမျိုးများ၏ပြည်တွင်းရေးရာများကိုတာဝန်ယူဆောင်ရွက်ခွင့်ရှိရမည်။ထို့ပြင် ကာကွယ်ရေး၊နိုင်ငံခြားရေး၊မီးရထား၊အခွန်ကိစ္စတွင်စုပေါင်းတာဝန်ယူရမည်။
၃။ကချင်တို့၏သီးခြားပြည်နယ်တောင်းခြင်းကိုလက်ခံသည်။
၎။မြန်မာကိုယ်စားလှယ်များနှင့်အင်္ဂလိပ် အစိုးရသဘောတူညီချက်များသည် ရှမ်
မြန်မာကို အာဆီယံမှထုတ်ပစ်ရန်ပြောသည့် မဟာသီ၏ပြောစကားကို ဘယ်လိုတုံ့ပြန်သလဲ
Saturday, June 13, 2015
မြန်မာကို အာဆီယံမှထုတ်ပယ်ပစ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်း၏ ပြောဆိုတွေးခေါ်မှုများမှာ လက်တွေ့အခြေအနေနှင့်ကင်းကွာကြောင်း၊ မြန်မာပါဝင်မှုသည် ဒေသအတွက် လိုအပ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဒုဝန်ကြီးက တုံ့ပြန်ပြောကြားလိုက်သည်။
"ကနေ့အချိန် မဟာသီယာအနေနဲ့ ပြောဆိုတွေးခေါ်တာတွေဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာသွားပြီး အသက်အရွယ်အားဖြင့်လည်း အလွန်ကြီးပြီဖြစ်ရာ အမှန်ဆိုတာကို နက်ရှိုင်းစွာမသိတော့သူလို့ပဲ သုံးသပ်ကြည့်မိပါတယ်။ အာဆီယံအတွက် မြန်မာပါဝင်နေတာဟာ မိမိတို့ဒေသအတွက် အကျိုးဖြစ်စေတယ်၊ လိုအပ်ချက်ဆိုတာရယ်ကို အာဆီယံနိုင်ငံများအားလုံးက လက်ခံထားကြပြီး ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က ဇွန်လ ၁၃ ရက်တွင် ပြောသည်။
အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံပါဝင်နိုင်ခွင့်ရရန် အဓိကကူညီခဲ့ဖူးသူတစ်ဦးဖြစ်သည့် မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမိုဟာမက်က ဇွန်လ ၁၂ ရက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် 'ရိုဟင်ဂျာ၏အတိဒုက္ခ ၊ လူသားမျိုးနွယ်ရင်ဆိုင်နေရသော ပြစ်မှု' အမည်ဖြင့် ပြုလုပ်ခဲ့သော ရိုဟင်ဂျာအရေး နိုင်ငံတကာညီလာခံတွင် မြန်မာကို အာဆီယံမှ ထုတ်ပယ်ပစ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီလိုနိုင်ငံမျိုးတွေဟာ ကျွန်တော်တို့ကို နာမည်ဆိုးပဲ ပေးတယ်။ ဒါ့ကြောင့် ခင်ဗျား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ချင်ရင် ၊ အာဆီယံက ထွက်" ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းက ပြောခဲ့သည်။
မြန်မာနိုင်ငံက မွတ်စလင်လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာကို နိုင်ငံတကာဥပဒေများအရ အရေးယူသင့်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန် အာဆီယံနှင့် ကမ္ဘာ့ကုလသမဂ္ဂကို မဟာသီယာက တိုက်တွန်းခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernama က ဖော်ပြခဲ့သည်။
7Day daily
