Wednesday, November 23, 2016

Visual Basic ပရိုဂရမ်ရေးကြမယ်

Visual Basic ပရိုဂရမ်ရေးကြမယ်
အခန်း(၁) မိတ်ဆက်
ပရိုဂရမ်ရေးမယ်ဆိုရင် ငါတော့ ရေးနိုင်ပါ့မလားဆိုတဲ့ အတွေးတွေ ဖျောက်ပစ်လိုက်ပါ၊ ကျွန်တော်လည်း  ဉာဏ် ကောင်းတဲ့သူ မဟုတ်ပါဘူး။ နည်းနည်းလေး အခက်အခဲတွေ့တာနဲ့ လက်လျော့လိုက်ရင်တော့ သူ့အတွက် မျှော်လင့်ချက် မရှိတော့ဘူးပေါ့။ Application ရေးပြီးသားကို လက်တင်သုံးနေသူတွေထက်တော့ နည်းနည်းလေး ခေါင်းစားတာပေါ့။
ထူးခြားတာလေးနည်းနည်းပါမယ် သူများတွေ  ဘယ်လို ဘာသာပြန်တယ်ဆိုတာ ကျွန်တော် မသိဘူး လူတကာ နားလည်လွယ်မယ် ထင်တဲ့ အသုံးအနှုံးတွေကို ရွေးသုံးထားပါတယ်။ ခင်ဗျားတို့လည်း ပိုကောင်းတဲ့ အသုံးအနှုံးလေးတွေကို အကြံပေးကြပါ။ တချို့ အသုံးအနှုံးတွေကို ကျွန်တော်ကိုယ်တိုင် မကြိုက်ဖူး ဒါပေမဲ့ နားလည်လွယ်အောင် မရေးတတ်ဖူး ဥပမာ ToolBox ကို ကရိယာထုပ်လို့ ဘာသာပြန်ရတာမျိုးပေါ့ ခင်ဗျားတို့လည်း သင့်တော်တဲ့ စကားလုံး ရှိရင် အကြံပေးကြပါ။
IDE (Integrated Development Enviroment) IDE ပဲကောင်းပါတယ်။
User interface ကို အသုံးချမြင်ကွင်း လို့ ဘာသာပြန်ထားပါတယ်။
ToolBox ကို ကရိယာထုပ် လို့ ပြန်ဆိုထားပါတယ်။
Property ကို လုပ်ပိုင်ခွင့် လို့ ပြန်ဆိုထားပါတယ်။
Run ကို အတတ်နိုင်ဆုံး လှုပ်ရှားတယ် လို့ ပြန်ဆိုချင်ပါတယ်။
တချို့ကတော့ ခုလို ဘာသာပြန်တာကို ကြိုက်မှာ မဟုတ်ဖူးဗျ ကျွန်တော်က အင်္ဂလိပ်စာ ကျွမ်းကျင်သူတွေအတွက် ရေးတာ မဟုတ်ဖူး၊ အင်္ဂလိပ်စာ မကျွမ်းကျင်သူတွေ လေ့လာနိုင်အောင် ရေးတာ၊ အင်္ဂလိပ်စာ ကျွမ်းမှတော့ ကျွန်တော်ရေးတာ ဘယ်သူ ဖတ်မှာလဲ မူရင်းကိုပဲ ဖတ်ကြမှာပေါ့၊ လာဝေမဖန်နဲ့ ကောင်းတဲ့အကြံရှိရင်ပေး မဟုတ်ရင် ခင်ဗျားတို့ လုပ်ကြ။ ကိုယ်မလုပ်ပဲ သူများကို မဝေဖန်နဲ့၊ ခင်ဗျားတို့ လုပ်တာ ကျုပ်ထက်ကောင်းရင် ကျုပ်က အပင်ပန်းမခံတော့ဘူး ဆက်မလုပ်တော့ဘူး ဒါပေမဲ့ နောက်ပိုင်း နားလည်လာတဲ့အခါ အင်းဂလိပ်လို အစားထိုး ပြီးသုံးသွားမှာပါ။ လောလောဆယ်တော့ ကသိကအောင့် ဘာသာပြန်လေးနဲ့ စလိုက်ကြရအောင်။ Windows 10 မှာ မြန်မာစာ ပါပြီးသား လက်ကွက်ပါပြီးသား ဒါပေမဲ့ စာလုံးဆင့်တွေကို မရိုက်တတ်ဖူး မှားရင်လည်း ပြင်ဆင်ပေးကြစေလိုပါတယ်။
ကဲဆက်ကြရအောင်-----
မိုက်ကရိုဆော့ကတော့ သူ့ရဲ့ Visual Basic ကို အဆင့်မြှင့်လာတာ အခုဆို 2015 ကိုတောင် ရောက်လာပါပြီ။ သူထုတ်သမျှ နည်းပညာတွေကို အမှီလိုက်နိုင်ဖို့ဆိုတာကလည်း လွယ်ကူလှတာ မဟုတ်ပါ၊ အရင်ကတော့ Visual Basic 2010 ကိုပဲ အခြေခံပြီး ရေးသားဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အလွနခေတ် နောက်ကျတဲ့ နည်းစံနစ်ထက် သင့်တော်တဲ့ နည်းစံနစ်ကို ပေးလိုပါတယ်။ Visual Basic 2015 ထွက်ပေမဲ့ စာအုပ်တွေကို လိုက်ရှာတာ စိတ်တိုင်းကျတဲ့ စာအုပ်ကို ဝယ်ဖို့ဆိုတာကလည်း မြန်မာပြည်မှာ Visa တို့ Master card တို့ သုံးမရသေးသမျှ မလွယ်ကူသေးပါဘူး၊ အလကားရတဲ့ စာအုပ်တွေကို အွန်လိုင်းမှာ မွှေကြည့်ပြီး သင့်တော်တာလေးတွေကို ဖတ်ကြည့်ရတာပါ။
Visual Basic 2015 အတွက်က ကြိုက်တဲ့ စာအုပ် မရသေးတာကြောင့် Visual Basic 2015 က သင့်ရာ စာအုပ် ကိုပဲ အရင်ဆုံး တင်ပေးလိုက်ပါတယ်။ နောက်အဆင်ပြေတာနဲ့ ပိုမြင့်တဲ့ ဗားရှင်းတွေကို တင်ပေးပါမယ်။ အချိန်အားဖို့ကလည်း လိုသေးတာတစ်ကြောင်း အလုပ်အကိုင် စီးပွါးရေးကျန်းမာရေး တွေကလည်း ပါသေးတယ်လေ။ ဒါကြောင့် အဆက် ပြတ်သွားရတာ လေးလဲ ခွင့်လွှတ်ပေးကြပါ။ ဒီလူ လာနောက်နေတယ်၊ စာတစ်ကြောင်းရေးပြီးပျောက်သွားတာ အခုမှ ပြန်ပေါ်လာတယ် မထင်ကြပါနဲ့။ အခန်းတွေကိုလည်း မူရင်းအတိုင်း မဟုတ်ပဲ ဖြုတ်သင့်တာတွေ ဖြုတ်ထားတာမို့ သင့်တော်သလို အခန်းဖွဲ့ စီစဥ်ထားပါတယ်။
        မိုက်ကရိုဆော့က Basic ပရိုဂရမ်ကို အဆင့်မြှင့်တင်လာခဲ့တာ မှာ ကျွန်တော် စသင်ခဲ့တဲ့အချိန် သိမှီ တဲ့အချိန်ကတော့  Visual Basic 6 ကပေါ့ OOP မဖြစ်ဖူး Java လောက်တောင် အဆင့်မမြင့်ဘူးဆိုပြီး အထင်သေးခဲ့သူတွေကို Visual Basic 2008 လောက်က
စပြီး အစွမ်းပြလာတယ်လို့ ထင်ပါတယ်။ မလိုအပ်တာတွေ ဖြုတ် လိုတာတွေ ထည့်သွင်းလာလိုက်တာ အခုဆို Windows Mobile အတွက်လည်း ထည့်သွင်းလာပါတယ်။ Windows Mobile နဲ့လည်း program တွေ ရေးနိုင်လာပြီလို့ ဆိုကြပါတယ်။ ကျွန်တော်ကြားဖူးတာကို ပြောတာပါ။ ကျွန်တော်ကတော့ Window Mobile ကို မသုံးဖူးသေးပါဘူး။
ကဲ လေရှည်နေတာနဲ့ လိုရင်ကို မရောက်တော့ဘူးဆိုပြီး ငြီးတွားနေကြလောက်ပြီ စလိုက်ကြစို့ရဲ့၊ အဲ မမှားရအောင် တစ်ခုတော့ ကြိုပြောမယ် ကိုယ်တွေ့မို့ပြောတာ၊ Blend for Visual studio 2015 ကို သွားမဖွင့်ကြနဲ့ Web page ရေးဖို့ စီရင်ထားတဲ့ Program ဖြစ်ပါတယ်၊ ဖွင့်ရမှာက Visual Studio 2015 ကိုပါပဲ။

ပုံ(၁)
မိုက်ကရိုဆော့ Visual Studio 2015 ကို ဖွင့်လိုက်တာနဲ့ အထက်ပါ မြင်ကွင်းကို မြင်တွေ့နိုင်ပါတယ်။ အဲဒီ အပြာရောင် အကွက်ထဲမှာ ယာယီ လုပ်ငန်းသစ် New Project နဲ့ လုပ်ငန်း ဖွင့်ရန် Open Project နှစ်ခုတွေ့ရပါမယ်။ ကျွန်တော်တို့က ဘာမှမရေးထားသေးတာကြောင့် ယာယီလုပ်ငန်းသစ် (New Project) ကိုပဲနှိပ်ပြီး ရွေးချယ်ကြတာပေါ့။ မူရင်းစာအုပ်ထဲမှာတော့ အပိုဆာဒတွေ အလွန်များပါတယ်။ ကျွန်တော်လည်း အတော်သည်းခံ ဖတ်ခဲ့ရသလို သင်တန်းသားတွေကို လည်း ကိုယ်ချင်းစာပါတယ်။ လိုရင်းကိုပဲ ဆက်ပြီးရေးသားပါမယ် ရှင်းပြပေးပါမယ်။ တကယ်ဆိုရင် ကျွန်တော်ဟာ စာရေးဖို့ အင်မတန်ကို ပျင်းသူတယောက်ပါ။
·         New Project ယာယီလုပ်ငန်းသစ် ကို နှိပ်လိုက်တာနဲ့ အောက်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းကို တွေ့ရပါမယ်။ အဲဒီအထဲက
·         Windows form application Visual Basic,
·         WPF application Visual Basic Visual Basic,
·         Console application Visual Basic,
·         ASP.NET Web application Visual Basic,
·         Share project Visual Basic,
·         Class Library Visual Basic,
·         Class Library portable Visual Basic,
·         Silverlight application Visual Basic,
·         WCF Service application Visual Basic နဲ့
·         Silverlight class library Visual Basic တွေ ခုထဲက Windows အတွက် Program ရေးမယ်ဆိုတော့ Windows form application ကိုပဲ ရွေးပေးလိုက်ပါ။ စကားမစပ် တခြားဟာတွေရွေးလို့မရဘူးလားမေးရင် ရပါတယ်။ ကျွန်တော်ကတော့ မလုပ်တတ်သေးဘူး ဆိုတာကိုလည်း ဝန်ခံပါတယ်။

Visual Studio 2015 က အယင် Visual Studio မှာလို မဟုတ်ပဲ
·         Game
·         Python
·         Visual F#
·         Visual C#
o














o   SQL Server
o   JAVA scrip
o   Visual C++  


Python ဆိုတာတို့ C#, J++ တို့ကတော့ ဘယ် Operation system ဖြစ်ပါစေ သုံးလို့ရပါတယ်။ Visual basic ကတော့ Windows တစ်ခုတည်းအတွက် ဖြစ်ပါတယ်။
အားလုံးကို ရေးခွင့်ပေးထား တာကတော့ တကဲ့ကို တနေရာထဲမှာ ပြည့်စုံတဲ့ ဟင်းလေးအိုးကြီး စားရသလိုမျိုးပေါ့ဗျာ၊ အရင်ကဆို  program ရေးမယ်ဆို Visual Basic အတွက် သီးသန့် Visual C++ အတွက် သီးသန့် Install လုပ်ခဲ့ကြရတာ အခုကတော့ Visual Studio ဆိုတဲ့ နာမည်နဲ့ ညီပါပေ့။ C# ကတော့ ကျွန်တော်လေ့လာဆဲမို့ မရေးသေးပါဘူး။ Microsoft ကတော့ C# ကို အမွှန်းတင်းလိုက်တာ အားရစရာပါပဲ။ အပေါ်မှာ ပြထားတဲ့ စာရင်းအရဆို C# လုပ်ပိုင်ခွင့်က မသေးဘူးဗျ၊ Android applications ရေးနိုင်သလို iOS ကိုလည်း ရေးနိုင်တယ်ဗျာ အံ့သြလောက်အောင်ကို အရောင်တင်ထားတာပဲ။

ပုံ(၂)
အောက်က အခုရေးမဲ့ File Name ကိုရေးရပါမယ်။ ပြီးတော့ ဘယ်နေရာမှာ သိမ်းမလဲ သိမ်းမဲ့နေရာကို Browse ကိုနှိပ်ပြီး ကိုသိမ်းလိုတဲ့နေရာမှာ သတ်မှတ်ပေးပါ။ Visual Studio 2015 ကတော့ သူ့ရဲ့ Default WindowsApplication1 ဆိုပြီး သတ်မှတ်ပေးထားတာ တွေ့နိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့နာမည်ပေးထားနိုင်ပါတယ်။
ကျွန်တော်တို့ ရေးကြမဲ့ ပုံစံကို IDE (Integrated Development Environment) ခေါ်ပါတယ်။ မြန်မာလိုကတော့ IDE လို့ပဲ လွယ်လွယ်ခေါ်ကြပါစို့ရဲ့၊ နည်းပညာ မှာ ကျွန်တော်က မြန်မာစာ မကြွယ်ဝတာကြောင့် ဘာသာပြန်ရ တာ အထစ်အငေါ့လေးတွေ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် မြန်မာဘာသာပြန် နည်းပညာ စာအုပ်တွေကို ဖတ်ရှု တုန်းက ဆရာကြီးတွေ မြန်မာဘာသာပြန်တာကို ဖတ်ရင်းနဲ့ နားမလည်လို့ အင်္ဂလိပ်လို ပြောင်းဖတ်ရဖူးပါတယ်။ အင်္ဂလိပ် လိုကလည်း မလည်မဝယ် သင်တန်းတက်ဖို့လည်း ပိုက်ဆံမရှိ အင်တာနက်ဆိုတာလည်း အဲဒီတုန်းက တက်ကသိုလ်(စာလုံးဆင့် မရိုက်တတ်လို့) ခြံဝင်းထဲမှာရယ် တခြားတစ်နှစ်နေရာ မမှတ်မိတော့ပါဘူး ဖွင့်ထားတာ ပိုက်ဆံ မဖြုန်းနိုင်တော့ မသုံးဖူးသေးတဲ့ အချိန်ပေါ့။

Visual Basic 2015ကတော့ Windows XP လို ခေတ်နောက်ကျတာကို လျစ်လျူရှုချင်လာပြီဗျ၊ Windows 7 ကိုတောင် ညှာတာသနားလို့ သူက Windows 8.1 ကအထက်ကို ထောက်ပံ့ပေးထားတယ်၊ နောက်ပိုင်းမှာ Visual Basic ကို ဝံ့ကြွားစေတဲ့  .NET မှာတောင် 4, 4.5 ကို အထောက်အပံ့ပေးထားတာ ဖြစ်တယ်။ Windows 7 တော့ သုံးလို့ရနေပါသေးတယ်။ သူ့ကို သုံးမယ်ဆိုရင် Screen resolution ပြောင်းထားဖို့လည်း အကြံပေးထားပါတယ်။ ကျွန်တော်တို့ အခုသုံးနေတာက 1024 x 730 ဖြစ်နေရင် အားလုံး မြင်တွေ့နိုင်မှာ မဟုတ်ဖူး လို့ဆိုထားပါတယ်။ သူက Windows 8.1 ကနေ နောက်ပိုင်းကို ထောက်ပံ့တာဆိုတော့ Windows 8.1 ရဲ့ Resolution က မြှင့်ပေးထားတာမို့ပါ။ လိုအပ်ရင် ကိုယ့်ရဲ့ Desktop ကို Right click နှိပ်ပြီး Screen Resolution မှာ ပြောင်းပေးနိုင်ပါတယ်။