Saturday, May 31, 2014

လစ်ဗျားနိုင်ငံသို့ အလုပ်သမားများစေလွှတ်မှု ဖိလစ်ပိုင်တားမြစ်ပိတ်ပင်

30 May 2014
မနီလာ မေ ၃ဝ ဖိလစ်ပိုင် အစိုးရသည် ပဋိပက္ခများ ဖြစ်ပွားနေသော လစ်ဗျားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်မှုကို တားမြစ်ကြောင်း မေ ၃ဝ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု  သိရသည်။
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  မေ ၂၉ ရက်တွင် လစ်ဗျားနိုင်ငံ ပဋိပက္ခဆိုင်ရာ သတိပေးချက် အဆင့် ၃ ကို  ထုတ်ပြန် ခဲ့ပြီးနောက် ဖိလစ်ပိုင် အစိုးရသည် ထိုသို့ တားမြစ် ပိတ်ပင်ရေး ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် အလုပ်သမား ဝန်ကြီး Rosalinda
Baldoz က ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံက နျူကလီးယား ဓာတ်အားပေး စက်ရုံသစ်များ တည်ဆောက်ရန် စီစဉ်

30 May 2014
ပေကျင်း   မေ    ၃ဝ တရုတ်နိုင်ငံ အရှေ့ပိုင်း ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်တွင် မျိုးဆက်သစ် နျူကလီးယား ဓာတ်အားပေး စက်ရုံများ တိုးမြှင့် တည်ဆောက် သွားမည်ဖြစ်ပြီး   ပထမဆုံး နျူကလီးယား
ဓာတ်အားပေး စက်ရုံအား၂ဝ၁၅ ခုနှစ်အတွင်း စတင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
AP 1000 ရေဖိအားသုံး နျူကလီးယား ဓာတ်ပေါင်းဖိုအား အမေရိကန် ကုမ္ပဏီတစ်ခုမှ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တရုတ် သုတေသန ပညာရှင်များက အဆင့် မြှင့်တင်ခဲ့ကြောင်း၊ ယခုအခါတွင် ဓာတ်ပေါင်း ဖိုအား စမ်းသပ်မှုများ ပြုလုပ်လျက် ရှိပြီး ၂ဝ၁၅ ခုနှစ် အကုန်ပိုင်းတွင် ဓာတ်အားလိုင်းများ စတင် ချိတ်ဆက်နိုင်ရန် စီစဉ် ထားကြောင်း၊ အခြားသော နျူကလီးယား ဓာတ်အားပေး စက်ရုံများကိုလည်း ၂ဝ၁၆ ခုနှစ် အစောပိုင်းတွင် စတင် လည်ပတ်နိုင်ရန် မျှော်လင့် ထားကြောင်း

မြန်မာင်္ဘလားဒေ့ခ်ျ မိုင်တိုင် ၅၂တိုက်ပွဲနှင့် မြန်မာ နိုင်ငံ အတွက် အနရယ် အကြီးဆုံး အခြေအနေ


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Border Guard Bangladesh (BGB) နှင့် မြန်မာတို့ မေလ ၃၀ ရက်နေ့ ညနေ (၄) နာရီခန့်က နယ်စပ်စည်းရိုး မိုင်တိုင် ၅၂ တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ လက်နက်ငယ်များဖြင့် မြန်မာဖက်ခြမ်းသို့ အချက် ၁၀၀ ခန့်ပစ်ခဲ့ပြီး လက်နက်ကြီးများနှင့် ဗုံးသီးများလည်း ပစ်ချခဲ့ကြောင်းသိရသည်။ မြန်မာဖက်မှ ထိခိုက် ဒဏ်ရာရမှု တစ်စုံတစ်ရာတော့ မရှိသော်လည်း ဘုန်းကြီးကျောင်းဟောင်းတစ်ခုကို ထိမှန်ခဲ့သော်လည်း ကြီးကြီးမားမား ပျက်ဆီးမှုမျိုးမရှိကြောင်း သိရသည်။ 

ထိုင်းယာယီ ဝန်ကြီးချုပ်ဟောင်းအား ထိန်းသိမ်း ထားရာမှ ပြန်လွှတ်ပေးခဲ

30 May 2014
ဗန်ကောက်      မေ      ၃ဝ ထိုင်း ယာယီ ဝန်ကြီးချုပ်ဟောင်း  Niwa-ttumrong  Boonsongpaisan နှင့် အတူ  နိုင်ငံရေးအရ အရေးပါသည့် အခြားသောပုဂ္ဂိုလ် ၃၂  ဦးအား ၃ ရက်မှ ၇ ရက်ကြာ ထိန်းသိမ်း ထားခြင်းမှ မေ
၂၉ ရက်က ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲ (၅) နာရီကြာဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ(နိရဉ္စရာ- ၃၁ မေလ ၂၀၁၄)


31-5-2014
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့များ အကြား ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ (၅) နာရီ ကြာမြှင့်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြကြသည်။
တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် ပိုင်ချရီ အရပ်တွင် နံနက် ၁၁ နာရီကျော်မှ ညနေ ၄ နာရီအထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ပျောက်ဆုံးနေသော အလောင်းအား မည်သည့်နေရာတွင် ရှိကြောင်း မြန်မာဘက်က နေရာအများအပြားကို ညွှန်ပြ ဆက်သွယ် ပြောဆိုပြီးနောက် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့က သွားရောက်ရှာဖွေစဉ် မြန်မာဘက်က စတင် ပစ်ခတ်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က စွပ်စွဲ ပြောကြားသည်။

မောင်နှမချင်းချင်း ရင်ကြား မစေ့နိုင်သော ဒေါ်အောင်ဆန်းစုကြည်

တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့၏အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ မေလ ၃၀ရက်နေ့က အပြီးသတ်စီရင်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တက်သည့် အယူခံကိုပယ်ချခံခဲ့ရသည်ဟု သိရှိရ သည်။

အဆိုပါ အမှုအား မေလ ၃၀ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင်စု လွှတ်တော်ချုပ်အမှုစာရင်း အမှတ်စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။

 “ဒီနေ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့သိရပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမှုစားရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်းဆန်းဦးတို့၏အမှုအား အမှတ်စဉ် (၁၃)တွင် ဖော်ပြထားပြီး တရာမအယူခံမှု၊ အမှုအမှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်းစုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဥာဏ်ဝင်း၊အယူခံတရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးစိုင်းညွန့်နိုင်)၊ အယူခံတရားပြိုင်ရှေ့နေ ဦးအေးလွင်၊ စီရင်ချက်ချမှတ်ရန်ဟု ဖော်ပြပါရှိသည်။

“ဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဖြေလို့မရပါဘူး။တာဝန်ရှိတဲ့လူက အပေါ်ကို အစည်းအဝေးသွားပါတယ်”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး (၁)ဦးရှေ့မှောက်၌(တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်အားအမွေဆိုင်အဖြစ်ထုခွဲ ရောင်းချရန်တရားရုံးတွင် တရားမမှုအဖြစ်စွဲဆိုခဲ့ခြင်းဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်မှာ ဗြိတိန်နိုင်ငံသားကို လက်ထက်ပြီးနောက် နိုင်ငံ နှင့် နေအိမ်ကို စွန့်ခွာခဲ့ကာ အသက် ၄၃ နှစ်ကျော်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၁၀ တရားစီရင်ရေးဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် တရားမအထွေထွေ လျှောက်လွှာ ၄၄၁/၂၀၁၃ ဖြင့် လျှောက်ထားခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အထူးအယူခံမှုအဖြစ် လက်ခံစစ်ဆေးပေး နေခြင်းဖြစ်သည်။

တရားဥပဒေအရ နစ်နာသောနိုင်ငံသားများသည် နိုင်ငံတော်၏အမြင့်ဆုံးတရားလွှတ်တော်သို့ အထူးအယူခံအဖြစ် လျှောက်ထားခွင့်ရှိသည်။ ထို့ကြောင့်တရားလိုဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားလွှတ်တော် ရှေ့နေဦးဥာဏ်ဝင်းက ဥပဒေဆိုင်ရာအချက်အလက်များဖြင့် လျှောက်လဲခဲ့ခြင်းဖြစ်သည်။
 

www.mmdailystar.com

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များကြား အခြေအနေတင်းမာ

 
31 May 2014
မောင်တောနယ်စပ်မှတ် တိုင်အနီးတွင် မေလ ၂၈ ရက်က မြန်မာစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီးကျဆုံးသွားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်မှာ RSO အဖွဲ့မှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်(BGB) မှ ဟု ပြောဆိုနေသောကြောင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တင်းမာမှု များဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့်ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။

ဘင်္ဂးလားဒေရှ့် ကို ကြောက်စရာလည်းမလို.. ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်

31 May 2014

အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ် ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါ တယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊ ပါလီမန် ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါ တယ်။စီးပွားရေးတိုးတက်နှုန်းက တစ်နှစ် ကို ၅ % ကနေ ၆% အထိတိုးတက်နေပါတယ်။ ဒါပေ မဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥ တုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အတွက် ဒီထက် တိုးတက်အောင် မပြုလုပ်နိုင်ပါဘူး။

ဘင်္ဂလီရိုဟင်ဂျာများနှင့် Al Qaeda၊ မြန်မာတိုင်းရင်းသား လက်နက်ကိုင်များနှင့် အဆက်အသွယ်ရှိခြင်း

31 May 2014

အကျဉ်းရုံးအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီအဖွဲ့အစည်းဖြစ်သော KNPP ထိမ်းချုပ်ထားသည့် ထိုင်း - မြန်မာနယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် ၂၀၀၂ သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်..... မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ လှုပ်ရှားနေတဲ့ Democratic Alliance of Burma နဲ့ အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်......
KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်..... DAB ဟာလည်းပဲ ARNO ရဲ့ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်..... ARNO ဥက္ကဌ Nuru Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျဘက်မှ လှည်ပါတ် လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်..... အဆိုပါ ကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်.... သူ့ရဲ့ ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နဲ့ အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်း ဖြစ်နိုင်ပါတယ်.....

အမျိုးသားရေးဟာ လူ့အခွင့်အရေးထက် ပိုအရေးကြီးတယ်ဆိုတာ အမေသိမြင်နိုင်ပါစေ


31 May 2014
သို့
အမေ
သားစာရေးလိုက်ပါတယ်...သားလိုအညတရတစ်ယောက်ကို အမေမသိနိုင်ပေမယ့် အမေ့ကိုတော့ ဟိုးအရင်ငယ်နုစဉ်အရွယ်ကတည်းက သားယုံကြည်အားကိုးခဲ့တာပါ အမေ...တစ်ချိန်က နိုင်ငံရေးဆိုတဲ့ ကန်ရေပြင်ရဲ့အတိမ်အနက်ကို မသိခင်မှာ အမေဟာ သားရဲ့စံပြ သားရဲ့မျှော်လင့်ချက် သားရဲ့သူရဲကောင်းပါ အမေ...၈၈၈၈ အရေးတော်ပုံကောင်းကောင်း မသိမှီခဲ့ပေမယ် အမေနိုဘယ်ဆုရလည်း သားဝမ်းသာတယ်...ဘာတွေလုပ်လို့ရတာလဲ သားမသိခဲ့ရိုးအမှန်ပါ...

'' မထည့်ဖြစ်တဲ့စာ ''

May 31, 2014

ကိုရွေး

ချစ်ရတဲ့အစ်ကိုရေ
အလွမ်းတွေကို စမ်းရေထဲမှာမျှောလိုက်ပေမယ့်
စမ်းတွေကဆည်တွေဖြစ်တော့ တကယ်ညစ်တယ်အစ်ကို
အစ်ကိုက ပိုသိမှာပေါ့
ဟိုတလောကသတင်းစာထဲ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုလား
ဆင်းရဲသားပပျောက်ရေးဆိုလား
စကားလုံးလေးတွေတန်းစီထားတာ လှလိုက်တာအစ်ကိုရယ်
ကျွန်မတို့နားထဲ သကြားခဲလေးတွေဝင်လာသလိုပဲ
တီဗွီကြော်ငြာလို ပျော်စရာလိုလို ဘာလိုလို
မစားရ အသားကျကျ ကျွန်မတို့ဘဝတွေပေါ့အစ်ကိုရာ
ဘယ်သူဌေးမှမတက်တဲ့ လမ်းဘေးအိမ်သာ ကျွန်မတို့တက်တယ်
ဘယ်သူဌေးမှမစီးတဲ့ မြို့ပတ်ရထား ကျွန်မတို့စီးတယ်
နိုင်ငံတော်အတွက်ဆို 

အာဏာရ၊ အတိုက်အခံနှင့် တပ်မတော်

 May 31, 2014

တပ်မတော်ဆိုတာက နိုင်ငံတော်ကာကွယ်ရေးနဲ့နိုင်ငံသားတွေအတွက် ထမ်းဆောင်ပေးရတဲ့ နိုင်ငံ အတွက်အရေးပါလှတဲ့ Institution ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာတော့ တပ်မတော်က သမိုင်းကြောင်း အရ နိုင်ငံရေးနယ်ပယ်ထဲမှာပါ တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး နောက်လည်းနှစ်ကာလတော်တော်ကြာကြာ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။ ဘယ်လောက်ကြာအောင် နိုင်ငံရေးနယ်ပယ်ထဲ တပ်ရဲ့ပါဝင် ပတ်သက်မှုရှိနေဦးမယ်ဆိုတာကို ဘယ်သူကမှအတိအကျ ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိသလို တပ်အနေနဲ့ လည်း နိုင်ငံရေးအခြေအနေ တိုးတက်ဖြစ်ထွန်းဖြစ်ထွန်းမှုပေါ်မှာပဲ စဉ်းစားချင့်ချိန်ပြီး လျှော့ချသွားမဲ့ သဘောရှိပါတယ်။ Time Frame သတ်မှတ်ပြီးဆုံးဖြတ်ထားတာမျိုး တပ်ဘက်မှလည်း ရှိပုံမရပါဘူး။ တပ်ဘက်နဲ့အရပ်ဘက် တွေးခေါ်မြော်မြင်ပုံစံက လုံးဝကွဲပြားခြားနားပြီးတော့ မြန်မာနိုင်ငံအတွက် စိုးရိမ် သောကရှိကြပုံချင်းလည်း မတူညီကြပါဘူး။ 

"မြန်မာအမျိုးသမီးများနှင့် ဘာသာခြားအန္တရာယ် (သို့) မိအေးလေးများ"

31 May 2014

မိအေးနှစ်ခါနာ ဆိုသောမြန်မာစကားပုံကိုမြန်မာတိုင်းကြားဖူးကြပေလိပ်မည်၊ပုံပြင်ထဲက မိအေးသ ည်နှစ်ကြိမ်၊နှစ်ခါပဲ နာရသည် သို့သော် အမိမြန်မာပြည်မိအေး သည်ကားအကြိမ်ကြိမ်နာခဲ့ရပြီး ယခုမူပို၍ ပင်နာနေရပေသည်။ ဘာသာရေးကိုအကာအကွယ်ယူ၍ စီးပွားရေး၊အိမ်ထောင်ရေး၊ လူမှုရေးတို့ကို အောက် လမ်းနည်းဖြင့်ဝါးမျိုတတ်သော မူစလင်မျိုးနွယ်၊အစ္စလာမ်ဘာသာဝင် ကုလားတို့သည် ခေတ်အဆက်ဆက် အိမ်ရှင်ကျေးဇူးရှင်ရွှေမြန်မာတို့အား နည်းအမျိုးမျိုးဖြင့် စော်ကားဝါးမျိုးဗိုလ်ကျအနိုင်ကျင့်ခဲ့ကြပါသည်။
နအဖ၊န၀တ၊လက်ထက်တွင် စစ်အစိုးရအာဏာ ပိုင်များနှင့်အပိုင်ပေါင်းကာ မြန်မာတိုင်းရင်သားတို့ အား စော်ကားအနိုင်ကျင့်ခဲ့ကြသည်။

ကြွက်များ အုပ်စုလိုက် သေဆုံးမှု အဖြေထွက်ပြီ


31 May 2014

ဧရာဝတီတိုင်းဒေသကြီးတွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအား ဓာတ်ခွဲ စစ်ဆေးချက်များ အရ အစာ အဆိပ်သင့်ခြင်းနှင့် ကူးစက်ရောဂါကြောင့် မဟုတ်ဘဲ အစာရေစာပြတ်လပ်၍ အချင်းချင်း ကိုက်ဖြတ်မှုကြောင့်
ကြွက်များ သေဆုံးရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံး ချုပ်)၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ကြွက်သေများကို အစာ အဆိပ်သင့်မှု ရှိမရှိ၊ အစာအိမ် အူလမ်းကြောင်းတွင် ကပ်ပါးပိုး ရှိမရှိ၊ အဆုတ်နှင့် လေပြွန် အခြေအနေ၊ ပလိပ်ရောဂါ သယ်ဆောင်သော “သန်း”ရှိမရှိ အဓိက စစ်ဆေးခဲ့သည့် အပြင် ဒေသခံများ၏ စပါး စိုက်ပျိုးမှုနှင့် ပိုးသတ်ဆေး သုံးစွဲမှု နည်းစနစ်များ ကိုပါလေ့လာ ခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန် ရခြင်းဖြစ်ကြောင်း သိရသည်။

ဓါးကိုင် တိုက်ခိုက်ခဲ့သော သားကို သေဒါဏ်ပေးရန် မိဘများ တောင်းဆို


31 May 2014

တိုင်ပေမြေအောက် မီးရထား ထဲမှာ လူလေးယောက်ကို စိတ်လွတ်ကိုယ်လွတ် ဓားနဲ့ ထိုးသတ် ခဲ့သူရဲ့ မိဘတွေက အင်္ဂါနေ့က နစ်နာသူတွေရဲ့ မိသားစုတွေကို တောင်းပန်ခဲ့ပြီး သူ့ကို မြန်နိုင်သမျှ မြန်မြန် ကွပ်မျက်ပေး ဖို့လည်း တောင်းဆို ခဲ့ပါတယ်။
အသက် ၂၁ နှစ် အရွယ် ချိန်ချီယာရဲ့ မိဘ နှစ်ပါးကို သတင်းထောက်တွေ ၊ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေရဲ့ ဆွေမျိုးတွေက ဝိုင်းအုံနေကြ ပါတယ်။
သူတို့ နှစ်ယောက်ဟာ ဦးထုပ်တွေနဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ပြီး တိုင်ပေမြို့ပြင်ရှိ ချိန်ချီယာကို ဖမ်းဆီးခဲ့တဲ့ မြေအောက် မီးရထား ဘူတာရုံမှာ သုံးကြိမ်တိုင်တိုင် ဝပ်တွား အရိုအသေ ပြုခဲ့ပါတယ်။
သူက ကျွန်တော်တို့ရဲ့ သား ဆိုပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ အပြစ်က ခွင့်လွှတ် နိုင်စရာ မရှိပါဘူး လို့ ချန် ရဲ့ ဖခင်က ရှိုက်ကြီးတငင် ငိုရင်း ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေ



မောင်တော၊ မေ (၃၀) ရက်
ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် RSO သောင်းကျန်းသူ လက်နက်ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ မေလ (၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား သောင်းကျန်းသူ လက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်းမာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။
တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဖက်မှ တောင်းသည့် အလောင်း လွှဲပြောင်းပေးချိန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် နယ်စပ်ပစ်ခတ်မှုဖြစ်ပွားခဲ့



မောင်တော၊ မေ (၃၀) ရက်
မေလ (၂၈) ရက်နေ့က မြန်မာပိုင် နယ်စပ်ခြံစည်းရိုးသို့ ဖြတ်ကျော်ဝင်ရာက်လာသော RSO သောာင်းကျန်းသူ (၁)ဦးအား မြန်မာဖက်မှ ခုခံပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှုအပေါ် တဖက် BGB တပ်ရင်းမှ ထိုသေဆုံးသူမှာ BGB မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟု ပြောဆိုကာ တောင်းဆိုမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်မှ နှစ်နိုင်ငံနယ်စပ်လုပ်ထုံး လုပ်နည်းနှင့်အညီ ယနေ့ ညနေ (၄)နာရီကျော်ခန့်တွင် ပြန်လည်လွှဲပြောင်းပေးရန် သွားရောက်စဉ်

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိ ပျောက်ဆုံးမှု ဖြေရှင်းရန် မြန်မာအစိုးရကို တောင်းဆို


30-5-2014
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအကြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့မှ အရာရှိ တဦး ပျောက်ဆုံးနေမှုကို စစ်ဆေးဖြေရှင်းပေးရန် မြန်မာ အစိုးရထံ တောင်းဆိုလိုက် ကြောင်း သိရသည်။
BGB အဖွဲ့ဝင် ပျောက်ဆုံးနေမှုအား အမြန်ဆုံး စစ်ဆေးဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်၍ တောင်းဆိုခဲ့ရာ မြန်မာ အစိုးရ တာဝန်ရှိသူများထံ တင်ပြ၍ အမြန်ဆုံး ပြန်လည် ဖြေကြားပေးမည်ဟု မြန်မာ သံအမတ်က ပြောဆိုကြောင်း Banglanews24 သတင်းဌာနက မေ ၂၉ ရက်စွဲဖြင့် ဖော်ပြ ထားသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်အငြင်းပွားမှု


31-5-2014
၁။ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များမှ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ မိမိနိုင်ငံပိုင်နက် နယ်မြေသို့ဝင်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များသာ ဖြစ်ပါသည်။ (ဤသည်ကိုလည်း သတင်းအပြည့်အစုံ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်)
၂။ ဘင်္ဂလားဒေ့ရှ်ရှိ မိမိနိုင်ငံသံအမတ်ကြီးမှ သက်သေအထောက်အထားများဖြင့် ဘင်္ဂလားအစိုးရအား ဖြစ်စဉ်အမှန် ရှင်းပြထားပါသည်။ နှစ်နိုင်ငံ အထင်လွဲမှားမှု မရှိစေရန် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလျက် ရှိပါသည်။

"ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်" "ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်


31 May 2014

"ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်Friday, May 30, 2014
‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။
”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။
ဒါရိုက်တာဝိုင်း ရိုက်ကူး တင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်း တို့ အဓိက ပါဝင်သရုပ် ဆောင် ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကား သည် ရုံတင်ရက် ထပ်တိုးရ သည်အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။

Friday, May 30, 2014

သိမ်းဆည်းရရှိသော RSO အဖွဲ့သုံး ကျည်ဆန်များကို ဘင်္ဂလားဒေ့ရှ်အစိုးရထံသို့ပို့ကာ သောင်းကျန်းသူ များအားနှိမ်နင်းပေး ရန် တောင်းဆိုမည် ဟု ရခိုင်ပြည်နယ်အစိုးရပြော


Friday, May 30, 2014
- မေ၂၈ရက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့များနှင့် RSO တို့နှစ်ဘက်ပစ်ခတ်မှုကြောင့် ကျဆုံး
သွားသည့် RSO အဖွဲ့ဝင်တစ်ဦး မှ လက်နက်နှင့်
ကျည်ဆန်များကို ဘင်္ဂ လားဒေရှ့်အစိုးရတာဝန်ရှိ
သူများထံ ပြသပြီး ဘင်္ဂလားဒေ့ရှ်ရှိ သောင်း ကျန်းသူများကို အမြန်ဆုံးချေမှုန်းပေး ရန်အတွက် တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူဝန်ကြီး တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ကမ်းနားရှိ အိမ်ခြေ ၂၀ကျော် ယနေ့နံနက်သုံးနာရီကျော်တွင် အင်အားသုံးဖြိုဖျက်ခံခဲ့ရ



ရန်ကုန်၊ မေ ၃၀

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကမ်းနား ၆၇ ရပ်ကွက်ရှိ အိမ်ခြေ အလုံးနှစ်ဆယ်ကို ယနေ့မေလ ၃၀ရက်နေ့နံနက် သုံးနားရီခွဲကျော်တွင်အင်အားသုံးဖြိုဖျက်ခြင်းခံခဲ့ရကြောင်း ၄င်းနေအိမ်ဖြိုဖျက်ခံရသူများက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

နေအိမ်လာရောက်ဖြိုဖျက်သူများတွင်တုတ်၊ဓါး၊ပုဆိန်စသည့်လက်နက်များပါရှိခဲ့ပြီး လူအင်အားသုံးရာကျော်နီးပါးဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြိုဖျက်ခံခဲ့ရပြီး မျက်မြင်တွေ့ရှိခဲ့ရသူ ဦးကြိုင်ကပြောသည်။ " လော်စပီကာကြီးနဲ့လာအော်တယ် ဘယ်နှစ်မိနစ်တွင်း အပြီးဖယ်ပေးပါဆိုပြီး။

မြန်မာ-ဘင်္ဂလားနယ်စပ်တွင် တပ်ဖွဲ့များ စုစည်းပြင်ဆင်ရန် ဘင်္ဂလားလွှတ်တော်ဖိအားပေး


30-5-2014
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပစ်လိုက်သော လက်နက် ထိမှန်ကာ ဘင်္ဂလားဒေ့ရှ် စစ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စွပ်စွဲချက်များ
ထွက်ပေါ်လာခဲ့ပြီးနောက်၊ နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ရာ၊ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း နယ်စပ် ဒေသတစ်လျှောက်တွင်
ဘင်္ဂလားဒေ့ရှ် အပိုဆောင်း တပ်ဖွဲ့များ (စစ်ကူတပ်ဖွဲ့များ) ဖြင့် စုစည်းပြင်ဆင်ရန် ဘင်္ဂလားဒေ့ရှ် လွှတ်တော်က ဖိအားပေးတိုက်တွန်းခဲ့သည်။

သူရဲကောင်း ဖြစ်သွားသည့် Mr Bean



29-5-2014
Mr Bean ဇာတ်ကားများတွင် ပေါတောတော ကြောင်တောင်တောင်နှင့် ရယ်ရွှင်ဖွယ် လူတစ်ဦးမျှသာ ဖြစ်သော်လည်း ရိုဝမ်အက်ကင်ဆန်သည် လက်တွေ့လောကတွင် လူတစ်ဦး၏ အသက်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီးသည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့ကြောင်း သိရသည်။

မုန့်များတွင် ဝက်မျိုးဗီဇပါဝင်နေကြောင်း တွေ့ပြီးနောက် မလေးရှားမုန့်ကုမ္ပဏီ စုံစမ်းစစ်ဆေးမှုများပြုလုပ


30-5-2014
အစ္စလာမ်ဘာသာ ဝင် အများစုရှိသော မလေးရှား နိုင်ငံမှ မုန့်မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်သည့် Cadbury Malaysia သည် ၎င်း၏ နို့ထွက်မုန့် တစ်မျိုးနှင့် နို့ချောင်းအမှတ် တံဆိပ်တစ်ခုတို့တွင် ဝက်မျိုးဗီဇ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရ ပြီးနောက် ဖြစ်စဉ်ကို သေချာစွာ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေ သည်။
ကုမ္ပဏီသည် ထုတ်ကုန်နှစ်မျိုးဖြစ်သည့် သစ်အယ်သီး နို့မုန့်နှင့် နို့ဗာဒံစေ့ချောင်းများတွင် ဝက်မျိုးဗီဇပစ္စည်းအချို့ ပါဝင်နေကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုစစ်ဆေးနိုင်ခဲ့ပြီးနောက်

တည်ဆဲအိမ်ရှင်အိမ်ငှား ဥပဒေအရ အိမ်ငှားများအနေဖြင့် တတ်နိုင်သောအိမ်ငှားခကို ကြီးကြပ်ရေးဝန်ထံ ပေးသွင်းနိုင်ပြီး စံငှားရမ်းခ သတ်မှတ်ပေးရန် လျှောက်ထားနိုင

Written by: နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

အိမ်ခြံမြေဈေးများ အဆမတန်ကြီးမြင့် နေသည်ဟု ဝေဖန်မှုများခံနေရသော လက်ရှိအချိန်တွင် တိုးမြင့်လာသော ငှားရမ်းခအတွက် အိမ်ငှားနေထိုင်နေရသူများ အနေဖြင့် ငှားရမ်းခ ကြီးကြပ်ရေးဝန် (သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး) ထံ သွားရောက်ညှိနှိုင်း ပေးသွင်းနိုင်ကြောင်း ဥပဒေပညာရှင်အချို့ထံမှ သိရသည်။

အပျိုကြီးတော့ ဘယ်သူမှ မဖြစ်ချင်ဘူးလို့ ဆိုလိုက်တဲ့ ခင်လေးနွယ်


လီဆူးတိုင်းရင်းသားသူလေး ခင်လေးနွယ်ကတော့ ခုနောက်ပိုင်း ဇာတ်ကားမရိုက်ဖြစ်တော့တာနဲ့ ပတ်သက်ပြီး သူမရဲ့အသက်အရွယ်အရကြောင့်ရော နောက်တစ်ခြားစီးပွားရေးလည်း လုပ်ချင်တဲ့အတွက် မရိုက်ဖြစ်တော့တာလို့ ဆိုပါတယ်။ သူမဟာ ခုလတ်တလော နယ်ရှိုးတွေမှာ သီချင်းတွေ ဆိုဖြစ်နေတယ်လို့ သိရတဲ့အပြင် တစ်ကိုယ်တော်အခွေအတွက်လည်း သီချင်းတွေသွင်းနေပါပြီတဲ့။

ဗီဇာစည်းကမ်းဖောက်ဖျက်သူ တရုတ်နိုင်ငံသား ၁၃ ဦးကို အမိန့်ချမှတ


ရှမ်းပြည်နယ်၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှာရှိတဲ့ ဘော်ဆိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံအခြေစိုက် Good Plus Star(GPS) Joint Venture ကုမ္ပဏီက တရုတ်နိုင်ငံသား ၀န်ထမ်း ၁၃ ဦးနဲ့ မြန်မာဝန်ထမ်းတစ်ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ကလောမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၂ သိန်းစီ သို့မဟုတ် ထောင်ဒဏ် ၆ လစီကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

တောင်သူ ၅ ဦး ရိုက်နှက်ခံရမှု အရေးယူပေးဖို့ သမဂ္ဂ တောင်းဆို


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူလယ်သမား ၅ ဦးကို လူ ၉ ယောက်က ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂက ဒီနေ့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
တောင်သူ ငါးဦးကို ရိုက်နှက်ခဲ့သူတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ မစုစုနွေးက အခုလို ပြောပါတယ်။

စဥ့်ကူးမှာ စီမံကိန်းသီးနှံမစိုက်တဲ့ တောင်သူ ၅၀ ကျော် တရားစွဲဆိုခံရ


မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာအုပ်စုမှာ အရင်က ပဲစိုက်ပျိုးခဲ့တဲ့ တောင်သူ ငါးဆယ်ကျော်ကို အစိုးရရဲ့ ကြံစီမံကိန်းကို မစိုက်တော့တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလိုက်ပါတယ်။
တောင်သူ ၅၀ ကျော်က စီမံကိန်းသီးနှံ ကြံကိုမစိုက်တော့ဘဲ ပဲကိုပြန်လည်စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ သိမ်းထားတဲ့လယ်တွေမှာ ထွန်ယက်နေတာဖြစ်ကြောင်း ဒီနေ့ ၀င်ရောက်ထွန်ယက်တဲ့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးစောမြင့်လွင် က ပြောပါတယ်။

ရွးကောက်ပွဲအတွက် အဆင်သင့် မဖြစ်သေးကြောင်း ထိုင်းစစ်တပ်ပြော

ထိုင်းစစ်တပ်လုံခြုံရေး ထူထပ်စွာ ချထား။
30 May 2014 

ထိုင်းနိုင်ငံမှာ အရပ်ဘက် အုပ်ချုပ်ရေး ဘယ်တော့ ပြန်ဖြစ်လာမယ် ဆိုတာ မသိနိုင်သေးဘူးလို့  စစ်တပ်က အာဏာသိမ်းအပြီး တပါတ် အကြာမှာပဲ ပြောကြားလိုက်ပါတယ်။  စစ်တပ်က အာဏာဆက်သိမ်း မထားချင်ပေမယ့် လက်ရှိအနေအထားတွေဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ မသင့်တော်ဘူးလို့ ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh ကပြောပါတယ်။

"ဒီကနေ့အထိ ဆန္ဒပြမှုတွေ ရှိနေဆဲမို့ တချို့လူတွေက ဆူပူအောင် လုပ်ချင်တုန်းပဲဆိုတာပြနေတာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပပေးလို့ မဖြစ်နိုင်သေးပါဘူး" လို့ ပြောသွားတာပါ။

ယူကရိန်း ရဟတ်ယာဉ် ပစ်ချခံရ ၁၄ ဦးသေ

ဆလိုဗင့်စ် မြို့ပြင်မှာ ပစ်ချခံရအပြီး အဝေးမှ မြင်ကွင်း
30 May 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ သယ်ယူ ပို့ဆောင်ရေး စစ်ရဟတ်ယာဉ် တစ်စင်းဟာ ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ချတာကို ခံခဲ့ရပြီး အစိုးရ စစ်ဗိုလ်ချုပ်ကြီး တစ်ဦး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးသွားပါတယ်။

ယူကရိန်း ယာယီ သမ္မတလည်းဖြစ် ပါလီမန် ဥက္ကဋ္ဌဌလည်း ဖြစ်တဲ့ အိုလက်ခ်ဇန်းဒါး တူချီနော့ဗ်က ပါလီမန်မှာ ကြေညာရာမှာ ယူကရိန်း နိုင်ငံကို ဆန့်ကျင်တဲ့ တကယ့် စစ်ပွဲကြီး နိုင်ငံ အရှေ့ပိုင်းမှာ စတင်နေကြောင်း၊ ဆလိုဗင့်စ် မြို့က လာတဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေဟာ ယူကရိန်း စစ်မှုထမ်းတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ကို ရုရှားလုပ် လက်နက်တွေ အသုံးပြုပြီး ပစ်ချလိုက်ကြောင်း ကြေညာသွားပါတယ်။

ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ 3

  ဖယ်ခုံမြို့တွင် ၅၀၀၀ တန်ငွေစက္ကူအတုများ ဖမ်းမိ။ ဓါတ်ပုံ- yapaya media 
0 May 2014 

ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဈေးသက်သာတဲ့ ဘတ်ဂျက် HP တတ်ဘလက်



HP သည်မျက်နှာပြင် အရွယ်အစားနှင့် ဘေးဘောင်ကြီးမားလှသည့် HP 7 Plus tablet ကိုအမေရိကန်နိုင်ငံတွင် ၉၉ ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။     HP ကအစောပိုင်း ထုတ်လုပ်ထားသည့် Android tablet များသည်ဖွံ့ဖြိုးဆဲဒေသများနှင့် အလားအလာရှိသည့်ဈေးကွက် များကိုသာ ဦးတည်ထုတ်လုပ်ထားခြင်းဖြစ်သည်။

Thursday, May 29, 2014

ဒေါ်အောင်ဆန်းစုကြည်အမှု မေ(၃၀) အပြီးသတ်စီရင်ချက်ချမည်


May 29, 2014

လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့(၂)ဦးအကြား ဖြစ်ပွားနေသည့် တရားမမှုနှင့်ပတ်သက်၍ မူလရုံး၏ ဆုံးဖြတ်ချက်ကိုမကျေနပ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှတရားလိုပြု၍ အထူးအယူခံအဖြစ် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ လျှောက်ထားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား
လွှတ်တော်ချုပ် တရားသူကြီး(၁)ဦးရှေ့မှောက်၌ (တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်မည်ဖြစ်သည်။

မြန်မာ-ဘင်္ဂလား နယ်စပ် တပ်မတော်နဲ့ RSO တိုက်ပွဲ နောက်ဆက်တွဲ သတင်း



၂၀၁၄ မေ ၂၉

ခမရ (၃၅၂)တပ်ရင်းမှ ဗိုလ်ကြီးထွန်းနောင်ဦးစိး အဖွဲ့သည် မိုင်တိုင်အမှတ် (၄၆၊ ၄၇၊ ၄၈) အကြား ကင်းပုန်းဝပ် လုံခြုံဆောင်ရွက်နေကြစဉ် ယနေ့ ၂၉.၅.၂၀၁၄ ရက်နေ့ အာရုံတက်ချိန် ၃း၃၀ ခန့်တွင် အ၀ါရောင် ပြောက်ကျားဝတ်စုံဖြင့် ဘင်္ဂလီသောင်းကျန်းသူ အကြမ်းဖက် RSO အဖွဲ့မှ ၁၀ဦးတို့သည် မိမိတို့ခြံစည်းရိုးအား ကျူးကျော်ဝင်ရောက်လာကြသဖြင့် အပြန်အလှန်ပစ်ခတ်ရာ အကြမ်းဖက်သောင်းကျန်းသူ RSO အဖွဲ့မှ (၃)ဦး ကျဆုံး၊ အလောင်း (၃)လောင်း၊ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (၃)လက်၊ ကျည်ကတ် (၃)ကတ်နှင့် ၄င်းကျည် (၁၁၀၀)ကျော်တို့အား ရရှိခဲ့ကြောင်း သတင်းရရှိ။

ဆက်လက် ထူးခြားဖြစ်စဉ်များ အချိန်နှင့် တပြေးညီတင်ပြပေးသွားပါမည်။

Western Gate Guard

ကျွံ (ဖြစ်ရပ်မှန်ဇာတ်လမ်း)





May 29, 2014
(အစအဆုံး ဖတ်စေချင်ပါသည်)

"ဆရာမရေ...စာကြည့်တိုက်ရှေ့မှာ ရပ်နေတဲ့ ကလေးတွေကို ခေါ်လိုက်ပါဦး..."

ကလေးတွေကို ဘုရားရှိခိုးဖို့ နေရာချနေတုန်း စာကြည့်တိုက်ရှေ့မှာ ယောင်လည်လည်လုပ်နေတဲ့ ကလေးသုံးယောက်တွေ့လို့ ဆရာမကို ခေါ်ခိုင်းလိုက်ပါတယ်... ဆရာမက လှမ်းကြည့်ရင်း...။

"သူတို့က ခေါ်လို့ ဘယ်လာမလဲ... ဦးဇင်း"

"ဟင်...ဘာဖြစ်လို့လဲ..."

"အဲဒါ မွတ်စလင်လေးတွေ..."

"ဟာ ... မဟုတ်ပါဘူး... မနေ့ကတောင် လာသေးတယ်လေ..".

"သြော်... အဲဒါ ဘုရားရှိခိုးပြီး... ပုံပြင်ပြောတဲ့ အချိန်ကျမှ လာတာလေ.. ခု ဘုရားရှိခိုးပြီးချိန်ကို စောင့်နေကြတာ... ပြီးမှ သူတို့ ပုံပြင်နားထောင်ဖို့ ဝင်လာကြလိမ့်မယ်..."

ကလေးတွေ ကြည့်လိုက်တော့ တကယ့် ဗမာရုပ်ကလေးတွေ၊ ဘာသာခြားရုပ်လုံးဝမပေါက်... အင်း...နောက်မှ အကြောင်းစုံကို စုံစမ်းကြည့်ရမှာပဲ...။

လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်တပ်ပြော


29-5-2014
ထိုင်းနိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်အောင် အာဏာသိမ်းခဲ့တာလို့ စစ်တပ်က အကြောင်းပြပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အာမခံလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက နိုင်ငံခြား မိဒီယာတွေကို ဒီနေ့ ပြောကြားလိုက်တာပါ။

မူလမျှော်မှန်းထားတာထက် နှစ်ပေါင်း ၅၀၀၀ စောပြီး တောင်ဝင်ရိုးစွန်းရေခဲပြင်တွေ စတင်ပျော်ကျနေ


29-5-2014
အန္တာတိကရေခဲပြင် ဟာ မူလခန့် မှန်းထားတာထက် ပိုမိုမတည်ငြိမ်ဖြစ်လာတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။ မူလယုံကြည်ထားတာထက် နှစ်ပေါင်း ၅၀၀၀ လောက်စောပြီး အရည်ပျော်နေပြီလို့  အဆိုပြုထားပါတယ်။
ဒီလေ့လာမှုအဆိုအရ ဒီကြီးမားကျယ်ပြန့် တဲ့ ရေခဲပြင်ထုကြီး သေးငယ်မှု ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂သောင်းကနေ နှစ်ပေါင်း ၉၀၀၀ အတွင်း သီးခြား အချိန်ကာလရှစ်ခု အတွင်းမှာ အရှိန်မြန်လာတယ်လို့  ဆိုပါတယ်။ ဒါရဲ့အကျိုးဆက်တော့ ပင်လယ်ရေမျက်နှာပြင် လျင်မြန်စွာ မြင့်တက်လာမှုဖြစ်ပါတယ်။

တပ်ပိုင်မြေပေါ်တွင် ဆောက်လုပ်နေသော Golden City ကွန်ဒိုသည် ၀ယ်ယူသူများကို မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက်ပေးထားနိုင်ခြင်းမရှိဟု စားသုံးသူကာကွယ်ရေးအသင်း ရှင်းလင်း


29 May 2014

လက်ရှိအချိန်တွင် စင်ကာပူရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်လာသော Golden City သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး BOT စနစ်ဖြင့် ဆောက်လုပ်နေသော ကွန်ဒိုတိုက်ခန်းများဖြစ်ပြီး တပ်ပိုင်မြေကို ငှားရမ်း သုံးစွဲထားခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသည့်အတွက် မြေကြီးအား ငှားရမ်းဆောက်လုပ်သော အဆောက်အအုံများနှင့်ပတ်သက်ပါက ကုမ္ပဏီအနေဖြင့် စားသုံးသူအပေါ်တွင် ရှင်းရှင်းလင်းလင်း အသိပေးရန်လိုအပ်ကြောင်း ရန်ကုန်မြို့ My Garden စားသောက်ဆိုင်တွင် မေ ၂၈ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ပြည်မြို့တွင် အနှေးယာဉ်လုပ်သားများ ဆိုက်ကားနင်း၍ ဆန္ဒပြ


29 May 2014

ပြည်မြို့ရှိ အနှေးယာဉ်လုပ်သား ၅ဝ ကျော်က လိုင်စင်ပြုလုပ်ရန် ခက်ခဲမှုကြောင့် မေလ ၂၇ ရက် နံနက်က ဆိုက်ကားအစီး ၃ဝ ဖြင့် မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ရေခဲ၊ ပြည်) ရေခဲ(ပြည်)  
ပြည်၊ မဇ္ဈိမ။

မြေနီိကုန်းခုံးကျော်နှင့် ဒေါပုံ-သင်္ဃန်းကျွန်း ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားများ ဆောက်လုပ်ရန် တင်ဒါခေါ်ထားပြီး အာမခံ ကျပ်သန်း ၁၀၀၀ ပေးသွင်းရမည်


May 27, 2014

မြေနီကုန်း ခုံးကျော်တံတားနှင့် ဒေါပုံ-သင်္ဃန်းကျွန်း ဆက်သွယ်သည့် ငမိုးရိပ် ချောင်းကူးတံတားများ ဆောက်လုပ်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ထားပြီး စိတ်ဝင်စားပါက လုပ်ငန်းတစ်ခုချင်းစီအတွက် အာမခံအဖြစ် ကျပ်သန်း ၁၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြေညာချက်အရ သိရသည်။
အဆိုပါ တံတားများကို ယခုဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းများအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုအတွက် ရေပန်းအစားဆုံးနေရာများ


26.5.2014
၁။ သွားတု - ထိုင်းနိုင်ငံ
၂။ နှာခေါင်း - ချက်သမ္မတနိုင်ငံ
၃။ ဖန်ပြွန်သန္ဓေသား - ချက်သမ္မတနိုင်ငံ
၎။ သွားအပေါ်ယံကြွေလွှာကပ် - ထိုင်းနိုင်ငံ
၅။ သွားအစားထိုး - ဟန်ဂေရီနိုင်ငံ
၆။ တင်ပါးပင့်တင် - တူရကီနိုင်ငံ
၇။ ၀မ်းပျင်းသား ခွဲစိတ်ဖြတ်တောက် - ဘယ်လ်ဂျီယံနိုင်ငံ
၈။ ဆံပင်အစားထိုး - တူရကီနိုင်ငံ
၉။ ရင်သားအစားထိုး - ပိုလန်နိုင်ငံ

လေထုအရည်အသွေး တိုးတက်ကောင်းမွန်စေရန် အတွက် ကားစီးရေခြောက်သန်း ဖျက်ဆီးရန် တရုတ်စီစဉ်နေ


28.5.2014
တရုတ်အစိုးရက လေထုအရည် အသွေး တိုးတက်ကောင်းမွန်လာ စေရန်ဆောင်ရွက်ပေးသည့်အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် မီးခိုးအလွန် ထွက်သော ကားစီးရေခြောက်သန်း ကို ဖယ်ရှားဖျက်ဆီးပစ်ရန် စီစဉ်လျက် ရှိသည်။
မြို့တော်ပေကျင်း၌ပင် ဖယ်ရှား ရှင်းလင်းမည့် မော်တော်ကားစီးရေ ၃ဝဝဝဝဝ ရှိသည်ဟု ဆိုသည်။ အစိုးရဌာန ပတ်ဝန်းကျင်အေဂျင်စီ မှ မကြာသေးမီကလေ့လာတွေ့ရှိ ချက်များအရ ပေကျင်းမြို့လေထုမှာ မော်တော်ကားများမှ ထုတ်လွှတ် သော မီးခိုးငွေ့များကြောင့် လေထု ညစ်ညမ်းမှု ၃၁ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

မြန်မာ့ ရေတပ်အင်အား တိုးချဲ့မှု


တပ်မတော်(ရေ)တပ်ဖွဲ့ဝင်များ ရေယာဉ်ပေါ်တွင် အလေးပြုနေစဉ် (ဓာတ်ပုံ − myanmar navy facebook)

29 May 2014

လွန်ခဲ့သည့် သုံးလခန့်က တစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ် သန်းကျော်တန်သည့် ဒုံးကျည် လေးစင်းကို မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့သည်။ မိုးကုပ်စက်ဝိုင်း အလွန်ပစ်မှတ်ကို မှန်အောင်ပစ် နိုင်သဖြင့် ကျည်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ခြင်းဖြစ်သည်။
ထိုပစ်ခတ်ခြင်းသည် မြန်မာ့ ရေတပ်မတော်၏ စစ်ရေးလေ့ ကျင့်မှုဖြစ်သည်။ ထိုစစ်ရေးလေ့ ကျင့်မှုသည် နှစ်ပေါင်းနှစ်ဆယ်အ တွင်း မြန်မာ့ရေတပ်မတော်၏ အ ကြီးမားဆုံးစစ်ရေးလေ့ကျင်မှုဖြစ် ကြောင်း တပ်မတော်အသိုင်းအ ၀ိုင်းကဆိုသည်။

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က
29-5-2014

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများအပြား ဖျက်ဆီးခံရလို့ နိုင်ငံတောင်ပိုင်းက ဘင်ဒူအွန်ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိကရုဏ်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
အလုပ်လက်မဲ့ လုပ်သားအယောက် ၄ သောင်းလောက်ကတော့ အမတော်ကြေး ရမှာ ဖြစ်ပြီး အယောက် ၂ သောင်းကတော့ လျော်ကြေးငွေ ရမယ်လို့ အလုပ်သမားအေဂျင်စီက ပြောပါတယ်။

မီဒီယာ ပြုပြင်ပြောင်းလဲရေးတွင် စိန်ခေါ်မှု မည်မျှရှိစေ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြန်ကြားရေး ဒုတိယ၀န်ကြီး ဆိ



29-5-2014
အစိုးရသစ် လက်ထက်တွင် မီဒီယာ လောကနှင့် ပတ်သတ်၍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာတွင် စိန်ခေါ်မှု မည်မျှရှိစေ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့၊ Inya lake ဟိုတယ်တွင် ပြုလုပ်သော အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား မီဒီယာဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြုပြင် ပြောင်းလဲမှု တွေမှာ အောင်မြင်မှု တွေလည်း ရှိတယ်။ ဆက်ပြီး ကျော်လွှားရမယ့် စိန်ခေါ်မှု တွေလည်း ရှိတယ်။ ဥပမာ အောင်မြင်မှု ဆိုရင် လွတ်လပ်စွာ ရေးသားခွင့် ဒါပြဿနာ မဟုတ်တော့ဘူး။ လွတ်လပ်စွာ ထုတ်ဝေခွင့်။ ဒါပြဿနာ မဟုတ်တော့ဘူး။

ပြည်သူအားလုံးကို တန်းတူဆက်ဆံရန် ပါကစ္စတန်အစိုးရကို တိုက်တွန်း


29-5-2014
အင်္ဂလန် ခရစ်ယာန်အသင်းတော် အင်္ဂလီကန်ဘာသာရေးခေါင်းဆောင်က ပြည်သူအားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ ပါကစ္စတန်အစိုးရကို မေ ၂၈ ရက်နေ့က တိုက်တွန်း လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံတွင်း ခရစ်ယာန် လူ့အဖွဲ့အစည်းကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပါကစ္စတန်ကို လာရောက်တဲ့ ခရီးစဉ်အတွင်း ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
Pakistanနိုင်ငံတွင်းက ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ လက်နက်လူသူနဲ့ ၀န်းရံခံနေရတယ်လို့ ခံစားရသူတွေ အများအပြားရှိနေတယ်လို့လည်း ပြောပါတယ်။

ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ


29 May 2014

တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း တိုက်ခိုက် နိုင်တဲ့ မြွေမျိုး ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ အမေဇုန် တော အတွင်းသို့ Animal Planet အဖွဲ့ သွားရောက်ပြီး ရိုက်ကူးရေး ပြုလုပ်ရာ မမျော်လင့်ပဲ ပေ ၂၀ ကျော် ရှည်တဲ့ အနာကွန်ဒါ မြွေ တစ်ကောင်နဲ့ ထိပ်တိုက် တိုးခဲ့ ပါတယ်။

Google ရဲ့ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ ကွန်ပျူတာ ထိန်းချုပ်ကား


29 May 2014

ပုံမှာ တွေ့မြင်နေရတဲ့ အတိုင်းပဲ ကားပုံစံက သိပ်ကို ချစ်စရာကောင်းပါတယ်။ လုံးလုံး မို့မို့လေးနဲ့ ကာတွန်းကားထဲက ကားပုံစံလေးနဲ့ သွားဆင်နေပါတယ်။ Google ဟာသူရဲ့ကိုယ်တိုင်မောင်းနင်တဲ့
ကားပရောဂျက်ကို နှစ်တော်တော်များများ ဆောင်ရွက်
ထားခဲ့တာပါ။ အခုတော့ ဖြစ်လာခဲ့ပါပြီ။ နောက်ခံလုပ်ဆောင်မူတွေထဲကနေ အနာဂတ်ပုံစံ ကားလေးကို စတင် စမ်းသပ်မောင်းနှင်တော့မှာ ဖြစ်ပါတယ်။

အဝေးပြေး လမ်းမကြီးပေါ်တွင် တည်ဆောက်ထားတဲ့ လေယာဉ်ကွင်း


29 May 2014

ကမ္ဘာ့နိုင်ငံ အတော်များများမှာ တွေ့ရတာကတော့ လေယာဉ်ကွင်းကို သီးသန့် တည်ဆောက် ထားလေ့ ရှိပါတယ်။ အဲလိုမျိုး တည်ဆောက် ထားခြင်းဟာ အဓိက အားဖြင့်တော့ မြေနေရာ ကုန်ကျပါတယ်။ မြေနေရာ အခက်အခဲမရှိတဲ့ နိုင်ငံတွေ အတွက် ပြဿနာ မရှိပေမယ့် လူဦးရေ အရမ်းထူတပ်ပြီး မြေနေရာ အခက်အခဲ ရှိတဲ့ နိုင်ငံတွေမှာ အခက်အခဲ ရှိနိုင်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီအောင်မြင်စွာအကောင်အထည်ပေါ်လာစေရန် အကြံပေးဝန်ဆောင်မှု သဘောတူစာချုပ်ချုပ်ဆ


နေပြည်တော် မေ ၂၆
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CPG Consultants Pte., Ltd. ဦးဆောင်သော အကြံပေးကုမ္ပဏီများ အုပ်စုတို့အကြား အကြံပေးဝန်ဆောင်မှု သဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ခြင်းဖြင့် စစ်တွေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေခြင်းဖြင့် မြောက်ဦးနှင့် သံတွဲဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးစေခြင်းဖြင့် မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်လေးခု ချမှတ်ဆောင်ရွက်လျက်ရှိသည်။