Saturday, May 27, 2017

ဖိလစ်ပိုင် တိုက်ခိုက်မှု မလေးနဲ့စင်္ကာပူသားတချို့ပါဝင်

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့တွင်း အစိုးရတပ်များ လုံခြုံရေးယူထားစဉ်။ (မေ ၂၅-၂၀၁၇)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့မှာအိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့ လက်နက်ကိုင်ပုန်ကန်သူတွေ ထဲမှာ နိုင်ငံရပ်ခြားက လာတဲ့ တိုက်ခိုက်ရေး သမားတွေပါဝင်ပြီး အဲဒီအထဲမှာ စင်္ကာပူ နိုင်ငံသားတွေပါ ပါဝင်နေတယ်လို့ ဖိလစ်ပိုင် စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံထဲမှာ နိုင်ငံရပ်ခြားကလာတဲ့ တိုက်ခိုက်ရေး သမားတွေ ရှိနေတာ ကာလအတော်ကြာနေပြီ ဖြစ်ပြီး သူတို့ဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေ ဗုံးလုပ်တာတွေကို အကူအညီပေး နေတယ်လို့စစ်တပ်ပြောခွင့်ရ ဗိုလ်မှုးချုပ် Restituto Padilla က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Marawi မှာလာရောက် တိုက်ခိုက် သူတွေထဲမှာ မလေးရှားနိုင်ငံသားတွေ စင်္ကာပူ နိုင်ငံသားတွေ ပါနေပြီး အများအပြားလည်း သေဆုံးခဲ့ကြ တယ်လို့လည်း ပြောပါတယ်။သေဆုံးသူ စစ်သွေးကြွ ၁၂ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတွေက လာရောက်တဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြောင်းလည်း ဗိုလ်မှုးချုပ် Padilla က ပြောပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်လောက် ကတည်းက စစ်ဆင်ရေးတွေအတွင်း သေဆုံးတဲ့ စစ်သွေးကြွတွေထဲမှာ နိုင်ငံခြားသားတွေ ပါဝင်နေတာကို သိခဲ့ရပြီး ဖိလစ်ပိုင်အစိုးရက အဲဒီနိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ အကူညီတွေ ရယူခဲ့တာ ဖြစ်ပါတယ်။
ကက်သလစ်ဘာသာဝင် အများအပြားနေထိုင်တဲ့ ဖိလစ်ပိုင် နိုင်ငံမှာ မူစလင်မြို့ဖြစ်တဲ့ Marawi ကို အင်္ဂါနေ့က Maute အစ္စလန်စစ်သွေးကြွ အယောက် ၁၀၀ ကျော် က လမ်းမကြီးတွေ တံတားတွေ ကို သိမ်းပြီး အဆောက်အဦးတွေကို မီးရှို့၊ ဓါးစာခံ ဖမ်းဆီးမှုတွေ လုပ်ပြီး မြို့ကို သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ သမ္မတ Rodrigo Duterte က အဲဒီမြို့ရှိရာ ဖိလစ်ပိုင်တောင်ပိုင်း Mindanao ကျွန်းစုအတွက် စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့တာဖြစ်ပါတယ်။

VOA

မဘသ ဖျက်မဖျက်ကိစ္စ အဖွဲ့ဝင်တွေရဲ့ သဘောအတိုင်းဟုဆို

မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ ကျင်းပစဉ်
မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ ကျင်းပစဉ်
Photo: Aung Thain Kha/RFA
 
အမျိုး၊ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မဘသ ကို ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေးနဲ့ နာမည်ပြောင်းဖို့ ကိစ္စတွေဟာ အဖွဲ့ဝင်တွေရဲ့ သဘောအတိုင်းသာ ဖြစ်တယ်လို့ မဘသအဖွဲ့ ဒုဥက္ကဌ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသ က မိန့်ကြားပါတယ်။
ဒီကနေ့ အမျိုး၊ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ပြုလုပ်တဲ့ အဖွဲ့ဝင်တွေကို အထူး အသိပေး ရှင်းလင်းပွဲ အခမ်းအနားမှာ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာ ဘိဝံသ က အဲဒီလို မိန့်ကြားလိုက် တာ ဖြစ်ပါတယ်။
မဘသ အဖွဲ့ဆိုင်းဘုတ်တွေ ဖျက်သိမ်းဖို့နဲ့ အဲဒီနာမည်ခံပြီး လှုပ်ရှားမှုတွေ မလုပ်ဖို့အတွက် နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ကြောင့် မေလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့  မဘသ အဖွဲ့ ၄ နှစ်ပြည့် ညီလာခံကို မကျင်းပနိုင်တော့ဘဲ အထူးအသိပေးရှင်းလင်းပွဲဆိုပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

အလုပ်အကိုင်ရှားပါး၍ ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာနေသူ အလွန်များပြားနေ

18622452_1532961530049252_7847587648446007320_n

( ဓာတ်ပုံ/ စစ်တွေ-ရန်ကုန်အဝေးပြေးကားပေါ်မှမြင်ကွင်း)
( Photo credit to ရမ္မာမြေမှ သတင်းစုံ)

 စံမောင်သန်း၊ စစ်တွေ နိရဉ္စရာ၊ မေ ၂၆

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါး၍ အလုပ်လုပ်ရန် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာနေသူ အလွန်များပြားနေသည်ဟု သိရသည်။
အဓိက ဦးတည်ထွက်ခွာသွားသော နေရာများမှာ တရုတ်၊ မလေးရှားနှင့် ရန်ကုန်တို့ ဖြစ်ကြသည်။ လက်ရှိတွင် ကချင်ပြည်နယ်နှင့် ထိုင်းသို့ ထွက်ခွာသူ နည်းပါသည်ဟု ဆိုသည်။
“ကျမတို့ ရန်ကုန်က မနက်ဖန်မနက် သွားကြမှာ လူ ၁၀ ယောက်ကျော်ရှိပါတယ်။ အားလုံးက ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း ပြင်ကြီး (ဇီးတော) ကျေးရွာက ဖြစ်ကြပါတယ်။ ကျမတို့က ပညာလည်း မတတ်ကြဘူး။ မိသားစုကလည်း ဆင်းရဲတယ်ဆိုတော့ ရန်ကုန်ကို အလုပ်လုပ်ဖို့ သွားကြတာပါ”ဟု ပြင်ကြီးကျေးရွာသူ တစ်ဦးကပြောသည်။
စစ်တွေတွင် ဖွင့်လှစ်မည့် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင် နိုင်ရန် ဆက်သွယ်ကြည့်သော်လည်း လူပြည့်သွားပြီဖြစ်ကြောင်း အကြောင်းပြန်ကြားကြောင်း၊ သူမအ နေဖြင့် ရန်ကုန်တွင် တနေ့ ၅၀၀၀ ကျပ်ရသော အလုပ်နှင့် ရခိုင်ပြည်နယ်တွင် တစ်နေ့ ၃၀၀၀ ကျပ်ရသော အလုပ်ထဲမှ တစ်ခုခုကို ရွေးချယ်ပါဟု ဆိုလျှင် ရခိုင်ပြည်နယ်တွင် ၃၀၀၀ ကျပ်ရသော အလုပ်ကိုသာ ရွေးချယ်မည်ဟု ဆိုသည်။
ပြင်ကြီးကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိသည့်ထဲမှ လူပေါင်း ၁၀၀ ကျော်ရခိုင်နယ်ပြင်ပသို့ သွားရောက် လုပ်ကိုင်နေကြောင်း၊ အင်္ဂရားချိုင်ကျွန်း မောက်ပြားကျေးရွာမှ တရုတ်ပြည်တစ်ခုတည်းတွင် သွားရောက်လုပ်ကိုင် နေသူ ၁၀၀ ကျော်ရှိသည်ဟု သိရသည်။
ချောင်းဝကျေးရွာတွင် ရေလုပ်ငန်းကို အဓိကထားလုပ်ကြပြီး ပင်လယ်ပြင်တွင် ဘင်္ဂလီများက စိုးမိုးထားကြ၍ ရေလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာပြီး ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာသူ များပြားနေရခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်တွေနှင့် ရန်ကုန်သို့ ပြေးဆွဲနေသော ကားများဖြစ်သည့် ကစ္ဆပ၊ ရွှေပြည်သစ်နှင့် အောင်သစ္စာ ကားဂိတ်များသို့ ဆက်သွယ် စုံစမ်းရာ တစ်နေ့မှ ခုံအလပ်မရှိဟု နိရဉ္စရာသတင်းဌာနသို့ ဖြေကြားထားသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် ပုဏ္ဏားကျွန်းစက်မှုဇုံ၊ ကျောက်ဖြူ စက်မှုဇုံ တည်ဆောက်ပေးမည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင် မည်သည့် စီမံကိန်းကိုမှ စတင် အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအများအပြားမှလည်း အသက် ၁၅ နှစ်နှင့် ၅၀ အကြား အမျိုးသားနှင့် အမျိုးသမီးများ တရုတ်ပြည်သို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာနေကြသဖြင့် ကျေးရွာများတွင် လူမရှိသလောက် ဖြစ်နေပြီဟု ဒေသခံများက ပြောဆိုသည်။
“မနက်ဖန်မနက် ရန်ကုန်ကိုသွားမယ့်သူ ၁၀ ကျော်ရှိပါတယ်။ ဒီမနက်လည်း အယောက် ၂၀ လောက် ရန်ကုန်ကို လိုက်သွားကြပါပြီ။ ကျွန်မဆီမှာ ကြိုတင်ဝယ်ထားတဲ့ ကားလတ်မှတ်စောင်ရေ ၂၀၀ ကျော်ရှိပါတယ်။ နောက်ကြားခုံတွေနဲ့ ပေါင်းလိုက်ရင်တော် ၃၀၀ ကျော်ကျော်လောက် ရှိပါမယ်”ဟု ကားလက်မှတ်ကို တစ်ဆင့်ခံ ရောင်းချနေသူ မိဇံရပ်ကွက်နေ ဒေါ်နီမချေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တူရကီကျောင်းဆရာ မိသားစု ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံရ



By ဧရာဝတီ 26 May 2017
Want create site? Find Free WordPress Themes and plugins.
မြန်မာနိုင်ငံမှာ ပညာရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်နေတဲ့ တူရကီလူမျိုး Muhammet Furkan Sökmen နှင့် မိသားစုကို မေလ ၂၄ရက်နေ့ ညနေက ဘန်ကောက်မြို့ကို သွားရောက်ဖို့ လေယာဉ်မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
Sokmen သည် တူရကီအစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် ဘာသာရေးခေါင်းဆောင် ဖာသူလ်လာ ဂူလန် ၏ Fethullah Terrorist Organisation (FETO)မှ ဖွင့်လှစ်ထားသည့် Horizon စာသင်ကျောင်းတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတူရကီနိုင်ငံက ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ခြင်း ကြောင့် Sokmen မိသားစုကို တားဆီးခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။
“ဒါက မြန်မာအစိုးရနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေက တရားမဝင်တဲ့အတွက် သူနဲ့ သူ့မိသားစုကို ပြည် နှင်ဒဏ်ပေးခြင်းခံရပါလိမ့်မယ်။” ဟု ၎င်းကသတင်းထောက်များကို ပြောကြား ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လက တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် အမေရိကန်တွင် ခိုလှုံ နေသည့် ဘာသာရေးခေါင်းဆောင် ဖာသူလ်လာ ဂူလန်က နောက်ကွယ် ကြိုးကိုင်နေကြောင်း တူရကီအစိုးရက စွပ်စွဲခဲ့ပြီး နောက် ဖာသူလ်လာ ဂူလန်တည်ထောင်ထားသည့် FETÖ ကွန်ရက်နှင့် ဆက်သွယ်မှုရှိသော ကမ္ဘာတလွှားရှိ ဒါဇင်နှင့် ချီသော ကျောင်း များ၊ ကောလိပ်များ နှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ရန် တူရကီ နိုင်ငံက ကမ္ဘာ့နိုင်ငံ အများ အပြားသို့ တောင်းဆိုခဲ့သည်။
FETÖ သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများမှ ကျောင်းများတွင် ကြီးမားသော ကွန်ရက်တခုကို တိုးချဲ့နေပြီး ကျောင်းများတွင် ကျောင်းသားများကို လေ့ကျင့်ပေးခြင်းမှ တဆင့် လူသစ်များ ရရှိနေသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင်လည်း FETÖ နှင့် ဆက်သွယ်မှုရှိသော အမေရိကန်နိုင်ငံမှ အခြားကျောင်းများ နှင့် အမည်တူ ဖြစ်သည့် Horizon ကို ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတွင် ကျောင်းခွဲများထားရှိခဲ့သည်။
မကြာသေးမီက Horizon နိုင်ငံတကာကျောင်း၏ ကျောင်းခွဲ ၃ ခုကို မြန်မာအစိုးရက ပိတ်ပစ်ခဲ့သည်။
မြန်မာမီဒီယာ များ၏ ဖော်ပြချက်အရ အဆိုပါကျောင်းများကို အစိုးရက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရ သည်။ အမျိုးသားလုံခြုံရေး အတွက် စိုးရိမ်စရာများ ရှိသောကြောင့်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ Horizon ကျောင်းများတွင် သူငယ်တန်း၊ မူလတန်းနှင့် အလယ်တန်းကျောင်းများ နှင့် အထက်တန်းကျောင်း တကျောင်းပါဝင်သည်။

Friday, May 26, 2017

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ဒေါ်စု တွေ့ဆုံဆွေးနွေး



နိုင်ငံတော်အတိုင်ပင်ခံနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ ၂၁ ပင်လုံဖွင့်ပွဲနေ့ အခမ်းအနားတွင် တွေ့ရစဉ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံမှာ တက်ရောက်လာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO, UWSA ၀ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ SSPP/SSA (မြောက်ပိုင်း) ရှမ်းအဖွဲ့တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်း တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းမှာတော့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ညီလာခံမှာ တက်ရောက်လာတဲ့ ရခိုင်တပ်မတော် AA, တအာင်း ပလောင်အဖွဲ့ PSLF/TNLA၊ MNDAA ကိုးကန့်အဖွဲ့တို့နဲ့ ထပ်မံတွေ့ဆုံပါတယ်။

ငြိမ်းချမ်းရေး ညီလာခံတွေမှာ တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေဖက်က တစုံတရာ ပြောဆိုတာမျိုး မရှိသေးပေမဲ့ UWSA ၀ အဖွဲ့ကတော့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ရဲ့ သဘောထားတွေကို တင်ပြခဲ့ကြောင်း တွေ့ဆုံမှု အပြီးမှာပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အစိုးရက တိုက်တွန်းနေသလို တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးပြီးမှ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ့်မူဝါဒကို လက်ခံမှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

မြန်မာအစိုးရက ကျင်းပနေပြီး စနေနေ့မှာ အဆုံးသတ်မယ့် ငြိမ်းချမ်းရေး ညီလာခံကိုတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသေးတဲ့ အဖွဲ့တွေ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) က တန်းတူရည်တူ ဆွေးနွေးခွင့် ရမှာမဟုတ်တဲ့အတွက်ဆိုပြီး မတက်ဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

နိုင်ငံတော်အကြီးအကဲတွေ ကို ဖေ့စ်ဘွတ်ကနေ ဆဲဆိုသူ ထောင်ကျ

မစန္ဒီမြင့်အောင် ကို မေလ ၂၆ ရက်နေ့က ပဲခူးမြို့နယ် တရားရုံးမှာ အမိန့်ချမှတ်ပြီးနောက် တွေ့ရစဉ်
မစန္ဒီမြင့်အောင် ကို မေလ ၂၆ ရက်နေ့က ပဲခူးမြို့နယ် တရားရုံးမှာ အမိန့်ချမှတ်ပြီးနောက် တွေ့ရစဉ်
Photo: Min Min Tun Facebook 
 
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဆဲဆိုပုတ်ခတ်တာတွေ ရေးသားတဲ့ မစန္ဒီမြင့်အောင်ကို ပဲခူးမြို့နယ် တရားရုံးက ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အရ အလုပ်နဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားတဲ့အတွက် တရားသူကြီးကနေ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာ ဖြစ် တယ်လို့ မစန္ဒီမြင့်အောင် ရဲ့ ရှေ့နေ ကိုလူမင်း က ပြောပါတယ်။

"ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလို့ဆိုပြီးတော့ပဲ ချတာပေါ့။ သူ့ဘက်ကတော့ ဘာမှ ပြောစရာမရှိ ဘူးလေ။ အမှုသဘောအရ ဒီနေ့က ဘာမှပြောခွင့်မရှိတော့ဘူးလေ။ တရားသူကြီးရဲ့ အမိန့်ကိုပဲ နားထောင်ရတာ။ နားထောင်တော့ နောက်ဆုံး သုံးသပ်ချက်အရ ပြစ်မှုကျုးလွန်ကြောင်း ပေါ်ပေါက် တယ်။ ဒါကြောင့်မို့လို့ အလုပ်နဲ့ ထောင်ဒဏ် ၆ လဆိုပြီး ချလိုက်တာပဲ။"

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတာကြောင့် ပဲခူးမြို့မှာနေထိုင်တဲ့ မလင်းလဲ့လဲ့လှိုင်က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
မစန္ဒီမြင့်အောင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ အာမခံပေးခဲ့တာဖြစ်ပြီး ဒီကနေ့မှာ အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ခွဲထွက်ရေးမူနဲ့ ပတ်သက်ပြီး နိုင်ဟံသာပြော

 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ  ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA 
အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မှန်ကန်တဲ့ စေတနာရှိတယ်ဆိုရင် ဘယ်တိုင်းရင်းသားမှ ခွဲထွက်ချင်မှာ မဟုတ်တဲ့အတွက် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့အချက်ဟာ ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ ကွဲလွဲနေတယ်လို့ UNFC ဒုဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးရဲ့ နိုင်ငံရေးကဏ္ဍမှာ နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော် မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက်ကို ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ရဲ့ ဒုဥက္ကဌ နိုင်ဟံ သာ ကို အာအက်ဖ်အေက မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။

"လုံးဝကန့်သတ်ထားတဲ့ ပုံစံက ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ နည်းနည်းလွဲမှားနေလို့ တချို့က ကန့်ကွက်ကြ တယ်လေ။ ဒါကလည်းဖြစ်သင့်ပါတယ်။ နောက်တဖက်က လုံးဝကြီးကို ကန့်သတ်ထားတဲ့ ပုံစံမျိုးထက်ပေါ့ ဗျာ။ တိုင်းရင်းသားတွေရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမယ်ဆိုရင် ဘယ်သူမှခွဲထွက်မှာ မဟုတ်ပါဘူး။ အဲဒါကန့်သတ်ထားမယ်ဆိုရင် သူတို့ဘက်ကတော့ သံသယရှိတာပေါ့ဗျာ၊ ဒါကတော့ ဒီလိုကန့်သတ်ထားရင် သူတို့ကိုဖိနှိပ်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့ ။ ကျနော်မြင်တာကတော့ စေတနာသန့်သန့်နဲ့ မှန်မှန်ကန်ကန်ဆိုရင် ဘယ်သူမှခွဲထွက်ချင်မှာ မဟုတ် ပါဘူး။"

UNFC အဖွဲ့ဝင်တွေ ပင်လုံညီလာခံ တက်ရောက်ခြင်းမရှိတာဟာ တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ အထူးဖိတ်ကြားသူအဆင့် လေ့လာသူသဘောမျိုးနဲ့သာ တက်ရောက်ဖို့ ဖိတ်ကြားတာကြောင့်  ဖြစ်တယ် လို့ ပြောပါတယ်။ NCA စာချုပ်မှာ ပြင်ဆင် ဖြည့်စွက်ဖို့ အစိုးရကို တင်ပြထားတဲ့ မူ ၉ ချက်ကို ကိုင်ဆွဲထားပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆွေးနွေးသွားမယ်လို့ နိုင်ဟံသာ ပြောပါတယ်။

ဒါ့အပြင် ညီလာခံဟာ တိုင်းရင်းသားအဖွဲ့တွေ စုံလင်မှုမရှိတဲ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလုပ်နိုင်ခဲ့တာကြောင့်  ဒီညီလာခံမှာ ဆုံးဖြတ်ချက်  တစ်စုံတခုချခဲ့မယ်ဆိုရင် ပြီးပြည့်စုံတဲ့ညီလာခံ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

NCA စာချုပ်မှာ  ပြင်ဆင်ဖြည့်စွက်ဖို့ UNFC က တောင်းဆိုထားတဲ့ အချက် ၉ ချက်အပေါ် အစိုးရက မူအားဖြင့် သဘောတူထားတာကြောင့် မကြာခင် အပြည့်အဝ လက်ခံသဘောတူဖို့ နီးစပ်လာပြီလို့ ယူဆကြောင်း လည်း  နိုင်ဟံသာ က  ပြောပါတယ်။

ကျွန်တော်တို့ က စကားပြောတတ်တဲ့ သူဖြစ်တယ်


Image may contain: 1 person, standing






















မြန်မာနိုင်ငံကို ရောက်တော့  နိုင်ငံရေးဟောပြောပွဲတွေ ပြုလုပ်ခဲ့ တယ် ။ ဆွေးနွေးခဲ့ တာတွေ ပြုလုပ်ခဲ့ တယ် ။ စာပေဟောပြောပွဲတွေ ပြုလုပ်ခဲ့ တယ် ။
မှတ်မိနေတာကတော့  ရန်ကုန်မြို့  ရွှေတိဂုံစေတီတော်နားက ရခိုင်ဓမ္မာရုံမှာ စစ်တွေမြို့ နယ်အသင်းတွေ့ ဆုံပွဲကို တိုက်ဆိုင်စွာနဲ့  တက်ရောက်ဟောပြောခွင့် ရခဲ့ တယ် ။
ကျွန်တော်က စစ်တွေသားအနေနဲ့  ရန်ကုန်ရောက်စစ်တွေသားကို ကပ်ပြီး အကြောင်းပြု လို့ တက်ရောက်ခဲ့ တာဖြစ်တယ် ။

Image may contain: 14 people, crowdအမှတ်ရနေသေးသော အဖြစ်အပျက်လေးတခုကို ပြောပြချင်သေးတယ် ။ ပထမအကြိမ်-၂၀၁၄-ခုနှစ်က မြန်မာနိုင်ငံကို နှစ်ပေါင်း-၂၀-အတွင်း ပြည်ဝင်ခွင့်ဗီဇါ ရလို့  လာခဲ့ ရတယ် ။ အဲဒီတုံးက သမ္မတဦးသိန်းစိန်လက်ထက်က အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြေပြစ်လာအောင် သံတမန်ရေးအရ ကြိုးပမ်းလာချိန်မှာ ကျွန်တော်တို့ တွေနဲ့ လဲ ဆက်ဆံရေးခိုင်မာအောင် ဆက်သွယ်ချဉ်းကပ်လာချိန် ဖြစ်တယ် ။


ခါတိုင်းဆိုရင် ကျွန်တော်တို့ က စစ်အစိုးရကို အမြင် မကြည်တဲ့ အတွက် ထာဝရ နယူးယောက်မြို့ မှာ ရှိတဲ့  မြန်မာကောင်စစ်ဝန်ရုံးကို ဆန္ဒပြကြတယ် ။ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့  မြန်မာသံရုံးကို နယူးယောက်ကနေပြီး အပင်ပမ်းခံလို့  ဆန္ဒပြသွားကြတယ် ။
နိုင်ငံတကာမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး-မင်းကိုနိုင်နဲ့  နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကြွေးကြော်သံနဲ့  နေ့ နေ့ ညည ဆန္ဒပြတာတွေ-အစာငတ်ခံ ဆန္ဒပြတာတွေ- နှစ်ပေါင်း-၂၀-လောက်ကို လမ်းပေါ်ထွက် ပြုလုပ်ခဲ့ ကြတယ် ။
သမ္မတဦးသိန်းစိန်လက်ထက်ကို ရောက်လာတော့  ဒေါ်အောင်ဆန်းစုကြည်ကလဲ ဘဲ လွတ်မြောက်လာတယ် ။ လွှတ်တော်ထဲကို ရောက်သွားတယ် ။ ဒီတော့  ကျွန်တော်တို့ တွေဟာ ဆန္ဒပြစရာ မလိုတော့ ဘူးပေါ့ ။
ဒီလိုအချိန်မှာ အမေရိကန် အစိုးရနဲ့  သံခင်းတမန်ခင်း ဆက်ဆံရေးကို တည်ဆောက်တော့  အခြေအနေကောင်းသွားတယ် ။ ကျွန်တော်တို့  ပြည်ပ အင်အားစုတွေနဲ့  လဲ အဆင်ပြေသွားတယ် ။
ကျွန်တော်တို့  ကို ပြည်ဝင်ခွင့် ဗီဇါပေးတယ် ။
Image may contain: 3 people, people standing ရန်ကုန်ရောက်လို့  ရွှေတိဂုံစေတီတော်ကို နောက်တရက် မနက်မှာ သွားဖူးတယ်- အပြန်ကျတော့  တက္ကစီပေါ်က မြင်ရတဲ့  လူတွေကို စိတ်ထဲမှာ သိသလိုလို ခံစားလာရတယ် ။ အားလုံးကို ပြေးပြီး နုတ်ဆက်လာချင်တော့ တယ် ။
နောက်မှ သတိတရားကို ထိမ်းထားပြီး နေပေးရတယ် ။ ဘာဖြစ်သွားသလဲ ဆိုတော့  ကျွန်တော်တို့ ဟာ ကိုယ့်အရပ်ဒေသနဲ့  နှစ်ပေါင်းများစွာ ဝေးကွာနေသွားတော့  မြေရနံ့ ကိုလဲ အားရပါးရ ရှူရှိုက်ပြီး အလွမ်းဝေဒနာကို ဖြေသိမ့် ခံစားရတဲ့ အတွက် တွေ့ သမျှ လူကို အသိလို စိတ်ထဲ ထင်မှတ်သွားတာ ဖြစ်တယ် ။
Image may contain: 9 people, people standing and outdoor ခုလဲဘဲ စစ်တွေသားအသင်းကို ကျွန်တော်တက်ရောက်တော့  စကားပြောရတဲ့ အခါမှာ မနည်းမျက်ရည်ဝဲရတာကို ထိမ်းထားခဲ့ ရတယ် ။
Image may contain: 5 people, people standing ရန်ကုန်ရောက်စစ်တွေသားတွေဟာ စည်းရုံးညီညွတ်စွာနဲ့  ရှိနေကြတာ တွေ့ ရတယ် ။ အခန်းအနားမှာ မိတ်ဆွေတွေ-ဆွေမျိုးတွေ- ကျွန်တော့်ကို သိနေကြသူတွေ ၀မ်းသာအားရ တွေ့ ကြ ပြောကြရနဲ့  တသက်တာထိ မမေ့စရာ ဖြစ်ခဲ့ တယ် ။
ကျွန်တော်လေးစားချစ်ခင်သော ရုပ်ရှင်မင်းသား အောင်လွင်ကိုလဲ နာယက လုပ်နေတာတွေ့ လို့  လေးစားဝမ်းသာပါကြောင်း ပြောခဲ့ သလို မျက်စိသမားတော်ကြီး ဒေါက်တာ​အေးထွန်းကိုလဲ အထူးသတိရ လေးစားပါကြောင်း ဟောပြောတဲ့ အခါ ထည့်သွင်းပြောဆိုဖြစ်ခဲ့ တယ် ။
ကျွန်တော်တို့ က ရောက်လေရာ နေရာဒေသမှာ စကားပြောခွင့်သာ ပေးတယ် ဆိုရင် ကျွန်တော်တို့ က စကားပြောတတ်သူတွေ ဖြစ်တယ် ။









ကိုယ့်အရပ်ဒေသကောင်းကျိုးအတွက် ဆိုရင် -အခန်းအနားတွေကို သွားလို့ ရှိရင် ပလာစတာ ကပ်ခံနေရမယ် ဆိုရင် ဘယ်တော့ မှ အဲဒီအခန်းအနားမျိုးကို မသွားတတ်တာ အကျင့် ဖြစ်ပါတယ် ။


ခိုင်အောင်ကျော် ( နယူးယောက် )

Thursday, May 25, 2017

နိုင်ငံတော်က ခွဲမထွက်ရေးမူကို SLND ကန့်ကွက်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် စိုင်းထင်ကျော် ကို မေလ ၂၅ ရက်နေ့က တွေ့ရစဉ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် စိုင်းထင်ကျော် ကို မေလ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA
 
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့ အချက်ကို ထည့်သွင်း မဆွေးနွေးသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ဒုတိယနေ့ အစည်းအဝေးမှာ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုပါဝင်တဲ့ နိုင်ငံတော်ရဲ့ နယ် အမြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက် ထည့်သွင်းထားတဲ့အတွက် မ ထည့်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် စိုင်းထင်ကျော်က အခုလို ပြောဆိုလိုက်တာပါ။

"တို့တာဝန်အရေး သုံးပါးရှိတယ်၊ တို့တာဝန်အရေးသုံးပါးနဲ့တင် အများကြီးပြည့်စုံနေပါပြီ၊ ဒါကြောင့် ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ အချက်အလက်သည် ထည့်သွင်းရေးဆွဲစရာအချက် မဟုတ်ဘူးဆိုတာ ကျနော်တို့ဆွေးနွေးချင်းဖြစ်ပါတယ်"

နိုင်ငံရေးကဏ္ဍမှာ ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ခွဲမထွက်ခွင့် ဆိုတဲ့ စကားလုံးအစား ဥမကွဲသိုက်မပျက် ပြည်ထောင်စုအတွင်းတွင် တစုတစည်းတည်း စုပေါင်းနေထိုင်ကြရန် ဆိုတဲ့စကာလုံးကို အစားထိုးပြင်ဆင်ဖို့ တပ်မတော်က အကြံပြုထားကြောင်း ပြောပါတယ်။
နိုင်ငံတော်ရဲ့နယ်မြေအပိုင်းအခြာဟူသမျှ နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်ဟာ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်တွေနဲ့ လုံးဝဆန့်ကျင်နေကြောင်း၊ လွတ်လပ်ရေး ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ပြည်ထောင်စုမူနဲ့ ဆန့်ကျင်နေကြောင်းနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်း လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတဲ့အတွက် ပြည်သူလူထုရဲ့ သဘော ထားအမြင်များ ရယူနိုင်ခြင်းမရှိကြောင်း ပြည်နယ်အတွင်းမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေ ပါဝင်လာနိုင်ခြင်းမရှိ တဲ့အတွက် နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့အချက်ကို သဘောထားပေးရန် အခက်အခဲရှိကြောင်း ပါရှိပါတယ်။
အခြားအဖွဲ့အစည်းများအနေနဲ့ သဘောတူခဲ့မယ်ဆိုရင်လည်း အဖွဲ့အစည်းတစ်ခုချင်းစီရဲ့ သဘောထား သာဖြစ်ကြောင်းနဲ့ ရှမ်းတိုင်းရင်းသားတစ်ရပ်လုံးရဲ့ သဘောထားကို ကိုယ်စားပြုမှာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံဒုတိယအကြိမ် အစည်းအဝေးမှာ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးစတဲ့ အကြောင်းအရာအလိုက် ဆွေးနွေးနေကြတာဖြစ်ပါတယ်

ငြိမ်းချမ်းရေးအတွက် အဖြေ အနာနှင့်ဆေး ဝေးနေဆဲ

မေ ၂၄ ရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို စတင်မှာ ဖြစ်ပါတယ်။ ဒီတကြိမ် ဒုတိယ အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက သဘောတူညီချက်တွေလည်း ထွက်ရှိနေပါပြီ။ ဒီအကြောင်းအရာတွေထဲမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍစသဖြင့် ကဏ္ဍလေးခု အတွက် အဆိုပြုချက်တွေပါဝင်ပါတယ်။ နောက်ထပ် အရေးကြီးတစ်ခုဖြစ်တဲ့ လုံခြုံရေးကဏ္ဍအတွက် ဘယ်လို အဆိုပြုချက်တွေ သဘောတူနိုင်ခဲ့သလဲ ဆိုတာ မေ ၂၂ ရက်အထိ မသိရသေးပါဘူး။ (ညီလာခံ စတင်တဲ့ မေ ၂၄ ရက်မှာတော့ လုံခြုံရေးကဏ္ဍအတွက် တစ်ခုတည်းသော တပ်မတော် အကြောင်းအရာကို ဆွေးနွေးမယ်လို့ UPDJC က ပြောဆိုခဲ့ပါတယ်)
ကဏ္ဍလေးခုအတွက် အဆိုပြုချက်တွေ ရွေးထားပေမယ့် ညီလာခံမှာ ဘာတွေကို ဘယ်လောက်ထိ ဆုံးဖြတ်အတည် ပြုနိုင်မလဲ ဆိုတာ မှန်းဆရခက်ပါတယ်။ တစ်ဖက်မှာလည်း အတည်ပြု ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ရှိခဲ့မယ် ဆိုရင်တောင် ဒါဟာ အားလုံးကို ကိုယ်စားပြုတဲ့ အခြေအနေမှာ ရှိမနေပါဘူး။ အရေးကြီးဆုံးက ဦးသိန်းစိန် အစိုးရ အခြေမခိုင်ဘဲ လျှောက်ခဲ့တဲ့ လမ်းပေါ် ဆက်လျှောက်ခဲ့တဲ့ အကျိုးဆက်ကို လက်တွေ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ပွဲမတိုင်ခင်ကတည်းက ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးဟာ NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ် ဘယ်လောက်အထိ ခရီးပေါက်သလဲ ဆိုတာကို မှတ်ကျောက်တင်မှာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ငြိမ်းချမ်းရေးအတွက် အဖြေဟာ မရေရာတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ခဲ့သလဲဆိုတာ အခု ဆောင်းပါးမှာ တင်ပြသွားပါမယ်။
■ အစိုးရ ရွေးတဲ့လမ်း
အစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ဖို့ တာဝန်ခံထားပါတယ်။ တနည်းအားဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုက တဆင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး လုပ်မယ်ဆိုတဲ့ လမ်းကို ရွေးထားပါတယ်။
ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ လမ်းဟာ တကယ်တော့ မလွယ်ပါဘူး။ သက်တမ်း ငါးနှစ်ပဲ တာဝန်ထမ်းဆောင်ရမယ့် အစိုးရအဖွဲ့အဖို့ ပိုပြီး မလွယ်တဲ့ အခြေအနေပါ။ မလွယ်ကူတဲ့ အခြေအနေကို ဇွတ်အတင်း လုပ်ရာက ဖြေရှင်းရ ခက်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်တတ်ပါတယ်။ ဒီအတွက် ဥပမာလည်း ရှိထားခဲ့ပြီး ဖြစ်ပါတယ်။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ဟာ Show Business ပုံစံဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ အတိုင်းအတာတစ်ခုအထိ မျက်နှာပန်း လှခဲ့ပေမဲ့ ပစ္စက္ခ အခြေအနေမှာ ပဋိပက္ခကို လျော့ချနိုင်စွမ်း မရှိခဲ့ပါဘူး။ ငွေအင်အားသာမက လူအင်အား အလုံးအရင်းပါ သုံးပြီး ငြိမ်းချမ်းရေုး ကြိုးပမ်းမှု ဖြစ်စဉ်မှာ ပုံအောခဲ့ပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ဆိုတာနဲ့ NCA ကို လက်မှတ်ထိုးသူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ဆိုတဲ့ ရလဒ်ပဲ ရခဲ့ပါတယ်။ ပြီးတဲ့နောက် ငြိမ်းချမ်းရေး ဖြစ်စဉ် ပြီးမြောက်ခြင်း မရှိသေးဘဲ၊ တနည်းအားဖြင့် NCA စာချုပ်ပါ ဖော်ညွှန်းချက်တွေနဲ့ ကိုက်ညီခြင်း မရှိသေးတဲ့ အခြေအနေမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ သမ္မတ ဦးသိန်းစိန်ကို နှုတ်ဆက်တဲ့ပွဲ ဖြစ်ခဲ့ရုံကလွဲပြီး ဘာမှ မထူးခဲ့ပါဘူး။
NLD ဦးဆောင်တဲ့ အစိုးရလက်ထက် ရောက်ချိန်မှာ ဦးသိန်းစိန် အစိုးရ လျှောက်ခဲ့တဲ့ လမ်းကို ဆက်လျှောက်ခဲ့ပါတယ်။ Show Business ပုံစံမျိုး မဖြစ်အောင် ဖော်ဆောင်ခဲ့ပေမဲ့ ရလဒ်ပိုင်း တိုးတက်လာတာ မရှိပါဘူး။ ဒီလို ဖြစ်နေတာက အံ့သြစရာ မရှိပါဘူး။ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ လုပ်ခဲ့ပေမဲ့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ပွဲသာ ဖြစ်ခဲ့ပါတယ်။ ပြန်ကြည့်တဲ့အခါ လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နှစ်ရပ်မှာ ပထမတစ်ခုက ဦးသိန်းစိန် နှုတ်ဆက်ပွဲ ဖြစ်ခဲ့ပြီး ဒုတိယ တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုပွဲသာ ဖြစ်ခဲ့တာပါ။ ဒီလို ဖြစ်ခဲ့ခြင်းကပဲ တိုးတက်မှု မရှိခြင်းကို ဖော်ညွှန်းနေပါတယ်။ အခု တတိယအကြိမ် လုပ်မယ့် ညီလာခံဟာလည်း တိုင်းရင်းသားတွေ လိုလားတဲ့ အနေအထား မဟုတ်သေးပါဘူး။
ပွင့်ပွင့်လင်းလင်း ပြောရင် ဦးသိန်းစိန် အစိုးရလက်ထက်က ပြီးပြည့်စုံခြင်း မရှိခဲ့တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ကို (အားလုံးပါဝင်မှုနှင့်အတူ) ပြန်လည်သုံးသပ်ခြင်း (Review) မလုပ်ဘဲ အစိုးရဟောင်းရဲ့ လမ်းကြောင်းအတိုင်း အခြေမခိုင်သေးတဲ့ NCA ထီးရိပ်အောက်မှာ ဆက်ပြီး လျှောက်ဖို့ လက်ရှိ အစိုးရက ရွေးချယ်ခဲ့တာပါ။
■ NCA ထီးရိပ်အောက် ရောင်နီပျောက်ခြင်း
တကယ်တော့ လက်ရှိအစိုးရဟာ အခွင့်အရေးကောင်း များစွာ ရခဲ့ပါတယ်။ အစောပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှု ရခဲ့သလို တပ်မတော်နဲ့လည်း အတိုင်းအတာ တစ်ခုအထိ ပြေလည်မှု ရလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်း တပ်မတော်နဲ့ ထိပ်တိုက်တိုးမှာကို ရှောင်ရှားပြီး အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား သုံးပွင့်ဆိုင် ညှိနှိုင်း အဖြေရှာခြင်းကို ပီပီပြင်ပြင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
လက်တွေ့ အခြေအနေမှာ ရခိုင်နဲ့ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်မှုတွေမှာ (လက်နက်ကိုင်မဟုတ်တဲ့) တိုင်းရင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုမှုတွေ၊ ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်အပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက် လွဲမှားခဲ့ပုံတွေ၊ စေ့စပ်ညှိနှိုင်း ပြောဆိုမှုတွေမှာ လုပ်နည်းလုပ်ဟန် လွဲမှားခဲ့မှုတွေကလည်း လက်နက် ကိုင်ထားတဲ့ တိုင်းရင်းသားတွေနဲ့ရော၊ လက်နက်မဲ့ တိုင်းရင်းသားတွေနဲ့ပါ သဟဇာတဖြစ်မှု ကင်းမဲ့လာပါတယ်။ ဒီအတိုင်းပဲ လွှတ်တော်တွင်းမှာ (ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် မဟုတ်ဘဲ) တပ်မတော်နဲ့ ထိပ်တိုက်တိုးတာတွေ ရှိလာတဲ့ အခါ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်မှာ အစိုးရဟာ တပ်မတော်နဲ့လည်း အဆင်မပြေ၊ တိုင်းရင်းသားတွေနဲ့လည်း အဆင်မပြေဆိုတဲ့ ပုံစံ ဖြစ်လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အစိုးရနဲ့ တပ်မတော်အကြား ကောင်းမွန်တဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ထူထောင်နိုင်ခြင်း မရှိတာက ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု မရှိခြင်းအပေါ် သက်ရောက်မှု ကြီးခဲ့ပါတယ်။ NCA လမ်းကြောင်း ကလွဲပြီး အခြားလမ်း မရှိဆိုတဲ့ တပ်မတော်ရဲ့ သဘောထားကို အစားထိုးနိုင်မယ့် နည်းလမ်းသစ်ကို အစိုးရက မရှာနိုင်ခဲ့ပါဘူး။ တပ်မတော်ရဲ့ သဘောထား အတိုင်းပဲ NCA လက်မှတ်ထိုးပြီးမှ ကျန်တာတွေ ဆက်လုပ်ခွင့် ရှိမယ်ဆိုတဲ့ မူကို အစိုးရက ကိုင်စွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အားလုံးကို NCA ထီးရိပ်အောက် ၀င်ခဲ့ဖို့ပဲ တွန်းအားပေးခဲ့ပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်နည်း လုပ်ဟန်အတိုင်း ဆက်လုပ်ခဲ့တာ ဖြစ်ပြီး မတူညီတဲ့ ချဉ်းကပ်မှုနဲ့ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာဖို့ မျှော်လင့်ခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ဆုပ်လည်းစူး၊ စားလည်းရူးမယ့် အနေအထား ဖြစ်ခဲ့ပါတယ်။
■ အခြေမခိုင်ခဲ့တဲ့ လမ်းစဉ်
ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဦးသိန်းစိန် အစိုးရ လျှောက်ခဲ့တဲ့ လမ်းဟာ အခြေမခိုင်ခဲ့ပါဘူး။ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာလိုတဲ့ တိုင်းရင်းသားတွေအတွက် NCA ဟာ တံတားတစ်ခု ဖြစ်တယ်ဆိုရင် ဒီတံတားဟာ ကြံ့ခိုင်ဖို့ လိုပါတယ်။ NCA မှာ တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံရေးအာမခံချက် မပေးထားပါဘူး။
NCA မတိုင်ခင် အခြေအနေမှာ တိုင်းရင်းသားတွေ ဘက်က တောင်းဆိုချက်ဟာ နိုင်ငံရေး အာမခံချက် အပြည့်အ၀ ရှိတဲ့ အနေအထားကို အစိုးရဘက်က ပေးဖို့ ဖြစ်ပါတယ်။ ဒါကလည်း အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးမလား၊ နိုင်ငံရေး ဆွေးနွေးပြီးမှ အပစ်ရပ်မလားဆိုတဲ့ နည်းလမ်းနှစ်ခုထဲမှာ (တိုင်းရင်းသားများက ၎င်းတို့လိုလားသည့်) ဒုတိယနည်းလမ်းကို စွန့်ပယ်ပြီး တောင်းဆိုခဲ့တာပါ။ အဆုံးသတ်မှာ "နိုင်ငံရေးဆွေးနွေးပွဲ" ဆိုတာ ပါဝင်လာပြီး အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်က တစ်ဆင့် တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံရေး အာမခံချက် ဖော်ဆောင်ပေးမယ်လို့ အဓိပ္ပါယ် သက်ရောက်တဲ့ NCA စာချုပ် ဖြစ်လာပါတယ်။ ဒါဟာ တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ချ အညံ့ခံခိုင်းတာပဲ ဖြစ်တယ်ဆိုတဲ့ အမြင်တွေ ရှိခဲ့ပေမဲ့ ဖြစ်လာတဲ့ NCA စာချုပ်ကိုတော့ တိုင်းရင်းသားတွေ သဘောတူပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ NCA စာချုပ်အရ အားလုံး ပါဝင်ရေးမူဟာ လက်တွေ့ ဖြစ်မလာသလို NCA လက်မှတ် ရေးထိုးပြီးတာနဲ့ တနိုင်ငံလုံး စစ်ဆင်ရေး စီမံချက်များရပ်ဆိုင်းပြီး အပစ်အခတ်ရပ်စဲကြောင်း အစိုးရဘက်က ကြေငြာပေးဖို့ အချက်ဟာလည်း ဖြစ်မလာခဲ့ပါဘူး။
တကယ်တော့ NCA စာချုပ်ဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်အတွက် သုံးတတ်ရင် အဖြေဖြစ်သလို တလွဲသုံးမိရင် ပိုပြီး ရှုပ်ထွေးမှု ဖြစ်စေပါတယ်။ အနှစ်သာရအားဖြင့် NCA ဆိုတာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းကို ဆိုလိုပါတယ်။ ဆိုလိုတာက တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင် လက်မှတ်ရေးထိုးမှသာ NCA အသက်ဝင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အားလုံး NCA မှာ ပါဝင် လက်မှတ် ရေးထိုးနိုင်တဲ့ အချိန်ကို မစောင့်နိုင်ခဲ့ပါဘူး။ ပိုဆိုးတာက (တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အားလုံး၏ ၂၀ ရာခိုင်နှုန်းသာ ရှိသော) တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့သာ လက်မှတ်ထိုးခဲ့တဲ့ NCA ကို ကိုင်စွဲပြီး နောက်ဆက်တွဲ လုပ်ငန်း စဉ်တွေ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခါမှာ အရေးပါဆုံးဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက် ကိစ္စတွေ လုပ်တဲ့အခါ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်နဲ့ မကိုက်ညီတာတွေ ဖြစ်လာပါတယ်။
ဒါကို အရိုးရှင်းဆုံးအနေနဲ့ NCA စာချုပ် အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ အခန်း ပုဒ်မ ၂၀ ဖော်ညွှန်းချက်တွေကို ကြည့်နိုင်ပါတယ်။ ပုဒ်မ ၂၀ မှာ ဖော်ညွှန်းထားတာက “နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း” ဖြစ်ပါတယ်။ အဲဒီမှာ ပြဋ္ဌာန်းထားတာက -
ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံရေး လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည်-
(က) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊
(ခ) အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက “နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်’’ (The Framework for Political Dialogue) ကို ရေးဆွဲ သဘောတူညီမှု ရယူခြင်း၊
(ဂ) ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဘက်သဘောတူညီသော ကြိုတင် ဆောင်ရွက်ဖွယ်ရာ များကို လုပ်ဆောင်ခြင်း၊
(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း၊
(င) ပြည်ထောင်စု သဘောတူညီချက် စာချုပ် ချုပ်ဆိုခြင်း၊
(စ) ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း
(ဆ) “ပြည်ထောင်စု သဘောတူညီချက် (Pyidaungsu Accord)” ပါ သဘောတူညီချက်များကို အကောင်အထည် ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စတဲ့အချက်တွေ့ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် လုပ်ခဲ့တဲ့ လမ်းစဉ်ကို ကြည့်ရင် (NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့ကို အခြေပြု၍) နိုင်ငံရေး လမ်းပြမြေပုံပါ အချက်တွေကို အဆင့်ကျော်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဆင့် ကျော်လုပ်တယ် ဆိုတာဟာ မည်ကာမတ္တ ဆွေးနွေးပြီး လုပ်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ အကျေအလည် ဆွေးနွေး သဘောတူညီခဲ့တာမျိုး မရှိဘဲ လုပ်ဆောင်ခဲ့တာကို ပြောလိုရင်း ဖြစ်ပါတယ်။
တကယ်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မလုပ်ခင်မှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ကိစ္စအပါအ၀င် တတိယအချက်ဖြစ်တဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပတာ၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်၊ လုပ်ငန်းစဉ်တွေကို ဆွေးနွေးတာကို ပြည့်စုံအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ပြည့်စုံအောင် မလုပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူလိုက်တဲ့အခါ NCA နည်းလမ်းအရ ဆိုပေမဲ့ အခြေမခိုင်တဲ့ လမ်းစဉ် ဖြစ်ခဲ့ပါတယ်။
■ အခက်ကြီးထဲ ခုန်ချ
ဦးသိန်းစိန်အစိုးရ လျှောက်ခဲ့တဲ့ လမ်းစဉ်ကို ထိရောက်တဲ့ သုံးသပ်မှု မလုပ်ဘဲ သူတပါး မှားခဲ့တဲ့ လမ်းအတိုင်း ဆက် မှားတဲ့အခါ လက်ရှိ အစိုးရအတွက် ပိုပြီး အခက်ကြုံစရာ ဖြစ်ခဲ့ပါတယ်။ ဒီတကြိမ်မှာ ပိုပြီး အရှုံးကြီးတယ်လို့ ပြောနိုင်ပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အဖွဲ့လိုက် ရှုပ်ထွေးမှု များများစားစား မရှိခဲ့ပါဘူး။ အစိုးရဘက်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ရှိပါတယ်။ MPC ဟာ အစိုးရရဲ့ အာဘော်ကို ထင်ဟပ်သလို တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အခါမှာလည်း တစ်စုံတစ်ရာအားဖြင့် ဆုံးဖြတ်လုပ်ပိုင်ခွင့်ကို ရထားပါတယ်။ MPC ရဲ့ အထက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ရှိပါတယ်။ တိုင်းရင်းသားတွေဘက်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ အဲဒီကတစ်ဆင့် ဖြစ်လာတဲ့ NCCT အဖွဲ့ (နောက်ပိုင်း SD ၊ ထိုမှ DPN အဖွဲ့ ဖြစ်လာ) ရှိပါတယ်။ မဟာမိတ် ကိုယ်စားပြု တစ်ခုတည်းသော အဖွဲ့ရှိသလို မဟာမိတ်မှာ ပါဝင်ခြင်း မရှိတဲ့ ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လို အဖွဲ့မျိုးနဲ့လည်း အစိုးရပိုင်းမှာ သက်ရောက်မှုရှိတဲ့ သီးခြား ဆက်ဆံရေး ရှိနေပါတယ်။ ဒီအခြေအနေက ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ် အကောင်အထည်ဖော်မှုမှာ အတိုင်းအတာ တစ်ခုအထိ လျင်မြန်မှုရှိခဲ့ပါတယ်။
NLD ဦးဆောင်တဲ့ အစိုးရလက်ထက် ရောက်ချိန်မှာ MPC ကို ဖျက်သိမ်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဋ္ဌာန (NRPC) ကို ဖွဲ့ပါတယ်။ NRPC နှင့်အတူ ငြိမ်းချမ်းရေး ကော်မရှင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ပြင်ဆင်ရေးကော်မတီရှိပြီး တစ်ဖက်မှာလည်း UPDJC ၊ JMC လို အဖွဲ့တွေ ရှိနေပါတယ်။ ဒီအဖွဲ့တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ဟာ (အစိုးရဟောင်းက MPC အဖွဲ့လို မဟုတ်ဘဲ) အကန့်အသတ်ရှိနေပြီး သူတို့ အားလုံးရဲ့ အထက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ တိုင်းရင်းသားဘက်မှာလည်း ရှိရင်းစွဲ UNFC လို အဖွဲ့အပြင် UWSA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရှိလာပါတယ်။ အစိုးရဘက်မှာ ဒေါ်အောင်ဆန်းစုကြည်က အဆုံးအဖြတ်နေရာမှာ ရှိနေသလို တိုင်းရင်းသားတွေဘက်မှာလည်း (တစ်နိုင်ငံလုံး လက်နက်ကိုင် အင်အားစု၏ ၈၀ ရာခိုင်နှုန်းရှိသော) မြောက်ပိုင်း မဟာမိတ်အဖွဲ့က အဆုံးအဖြတ် ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မြောက်ပိုင်း မဟာမိတ် အဖွဲ့က NCA လမ်းကြောင်းကို မလိုက်ဘူးလို့ ပြောလာတဲ့အခါ အစိုးရအတွက် ခေါင်းမီးတောက်စရာ ဖြစ်လာပါတယ်။ ဒါကို တရုတ်နိုင်ငံက ကြား ၀င်စေ့စပ်ဖို့ ကြိုးစားနေပေမယ့် နှစ်ဖက် ကျေနပ်တဲ့အဆင့် မရောက်သေးပါဘူး။ ကြားထဲမှာ ရှိနေတဲ့ တပ်မတော်ရဲ့ သဘောထားကလည်း NCA ပေါ်မှာပဲ ရပ်ခံနေပါတယ်။
ဖြစ်ခဲ့တဲ့ အနေအထားတွေအရ အစိုးရဟောင်းဟာ အာဏာ တစ်ခုတည်းကို လက်ကိုင်ပြုပြီး သူ့ကို ကိုယ်စားပြုတဲ့ ကြားခံအဖွဲ့အစည်းတွေထံ လုပ်ပိုင်ခွင့်ပေးပြီး သူ လိုချင်တာကို ပုံဖော်ခဲ့ပါတယ်။ လက်ရှိ အစိုးရက သူတို့ကို ကိုယ်စားပြုတဲ့ ကြားခံ အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်ပေးပြီး သူတို့လိုရာ ပုံဖော်တာထက် (သြဇာရော၊ အာဏာပါ ရရှိထားသည့်) ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် တည်မှီတဲ့ ဆုံချက်ကို ဗဟိုပြုခဲ့တာကြောင့် ညီလာခံအကြို စေ့စပ်ညှိနှိုင်းမှုတွေမှာ အကျိုးသက်ရောက်မှု ရဖို့ ခက်ခဲလာပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ရှိ လုပ်ဆောင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အခြေမခိုင်တဲ့ လမ်းပေါ်မှာ ဆက်ရှိနေပါတယ်။ ဒါကလည်း အရင် အစိုးရဟောင်း လုပ်ခဲ့သလို NCA ပါ နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း မဟုတ်ဘဲ အဆင့်ကျော် လုပ်ဆောင်ခဲ့တဲ့ အတွက် ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ နိုင်ငံရေး လမ်းပြမြေပုံရဲ့ စတုတ္ထအဆင့် ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံကို လုပ်ခဲ့ပေမယ့် ဒီညီလာခံပြီးမှ လမ်းပြမြေပုံရဲ့ တတိယဆင့်မှာ ပါတဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဟာလည်း နေရာစုံမှာ အင်္ဂါစုံ လုပ်နိုင်ခဲ့တာမျိုး မဟုတ်တဲ့အပြင် အငြင်းပွားဖွယ်ရာတွေလည်း ပြည့်နှက်နေပါတယ်။ ဒီအချက်ကြောင့်ပဲ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးမှာ UPDJC က အတည်ပြုတဲ့ သဘော တူညီချက်တွေကို ဆွေးနွေးမယ် ဆိုရင်တောင် အဲဒီ သဘောတူညီချက်တွေဟာ အားလုံးကို ကိုယ်စားပြုတာ မဟုတ်ဘဲ (တနိုင်ငံလုံး အတိုင်းအတာအရ) ကိုယ်စားပြုမှုနှုန်း ၁၄ ရာခိုင်နှုန်းကျော်ပဲ ရှိတယ်ဆိုတဲ့ အမြင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါဟာ အရင်ထက် ပိုခက်ပြီး ရှုပ်ထွေးလာတဲ့ သဘောပါပဲ။
■ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့
လက်ရှိ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အကျိုးသက်ရောက်မှု ရှိဖို့ဆိုရင် ပြန်လည်သုံးသပ်မှုကို မလွဲမသွေ လုပ်ရမှာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ သဘောထားကို မလွန်ဆန်နိုင်လို့ NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ် ဆိုရင်တောင် NCA ကို အခြေခိုင်အောင် လုပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေ လိုလားတဲ့ နိုင်ငံရေး အာမခံချက် ရအောင် ဘယ်လို နည်းလမ်းသစ်နဲ့ ဖော်ဆောင်မလဲ ဆိုတာ အစိုးရက အဖြေရှာရမှာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ဟာ နိုင်ငံတော် တည်ဆောက်ရေး (State Building) နဲ့ ပြည်ထောင်စု လက္ခဏာ တည်ဆောက်ရေး (Nation Building) အကြောင်းချင်းရာ နှစ်ခုစလုံးနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ်။ အဲဒီ နှစ်ခုစလုံး ပြီးပြည့်စုံခြင်း မရှိသေးတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ဟာ တက်သုတ်ရိုက် လုပ်ဆောင်လို့ ရတဲ့ အရာ မဟုတ်ပါဘူး။ သမိုင်းကို ပြန်ကြည့်ရင်လည်း ရေရှည်မျှော်မှန်း ဆောင်ရွက်ရမှာတွေကို တက်သုတ်ရိုက် လုပ်ခဲ့ကြလို့ အကွဲအပြဲကြီးပြီး ပြည်တွင်းစစ် တာရှည်ခဲ့ပါတယ်။ ကွဲပြားခြားနားမှု မျိုးစုံ ရှိနေတဲ့ နိုင်ငံတစ်ခုမှာ အရှည်သဖြင့် (အစိုးရ သက်တမ်း တစ်ခုတည်း မဟုတ်ဘဲ နှစ်ရှည်စီမံကိန်းဖြင့်) စိတ်ရှည်လက်ရှည် ညှိနှိုင်းယူရမယ့် ကိစ္စတွေကို အတ္တစွဲတွေ ရှေ့တန်းတင်ပြီး ကိုယ်လိုရာပဲ ဖန်တီးခဲ့ကြလို့ ပြဿနာတွေ ပိုကြီးခဲ့တာကိုလည်း သတိပြုသင့်ပါတယ်။
အခု အနေအထားအတိုင်း ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အဖြေဟာ အနာနှင့်ဆေး ဝေးနေဆဲပါ။ အနာလည်း သိ၊ ဆေးလည်း ရှိပြီးသား ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား သုံးပွင့်ဆိုင် ညီမျှမှ လမ်းကြောင်းမှန် ရှာတွေ့ပါလိမ့်မယ်။

● နေထွန်းနိုင်

(ယခု ဆောင်းပါးကို မေ ၂၂ ရက်က ရေးသားခဲ့ခြင်း ဖြစ်ပြီး မေ ၂၄ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၂၅ တွင် ဖော်ပြခဲ့သည်။ ဆောင်းပါးရှင်သည် ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်၏ အယ်ဒီတာ ဖြစ်သည်)

ကျွန်တော်သိသော ကြားဖူးနားဝ ပုံပြင်များ

 Image may contain: one or more people, sunglasses and indoor

မည်သူမဆို ပုံပြင်လေးတွေ-ဒဏ္ဍာရီလေးတွေကို နားထောင်ဖူးကြသည် ။ မိဘမောင်ဘွား-အကိုတွေ-ဆရာသမားတွေ-ဆွေမျိုးရင်းချာတွေက ပုံတိုပတ်စ ပြောမဆုံးပေါင် တောသုံးတောင် ပြောကြ-နားထောင်ကြသည် ။ ယင်းသို့ ပင် ကျွန်တော်တို့ သည် ကြားဖူးနားဝ ပုံပြင်များကို စမြုံ့ ပြန်တတ်ကြသည်ချည်း ။
မြန်မာနိုင်ငံမှာ နိုင်ငံရေးစကားကို မြိန်ရေယှက်ရေ စကားပြောတတ်ကြသည် ။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်နိုင်ငံမှ ပြန်လာပြီး ရှမ်းပြည်နယ် ပင်လုံမှာ ညီလာခံလုပ်သည် ။ ပင်လုံညီလာခံမှာ စာချုပ်ပြု လက်မှတ်ရေးထိုးပြီး လွပ်လပ်ရေးရသည်ဟု ဆိုစမှတ်ပြု ကြသည် ။
စင်စစ်တွင် ရှမ်းပြည်နယ်ပင်လုံမှာ -၁၉၄၆-ခုနှစ် မတ်လ-၂၆-ရက်နေ့ မှ -၂၈-ရက်နေ့ ထိ ပထမတကြိမ် ပြု လုပ်ခဲ့ ပြီးပြီ ။( ဦးရွှေအုံးရေး-( ဦးတင်ဧ သို့ မဟုတ် ပြည်ထောင်စြုမန်မာနိုင်ငံတော်၏ ဖခင်တဦး )-စာအုပ်-စာမျက်နာ-၅၂- ) ။ ဒုတိယပင်လုံညီလာခံက ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်လာသော ပင်လုံညီလာခံဖြစ်သည် ။
သို့ ဖြစ်၍ ယခုပြုလုပ်နေသော -၂၁-ရာစုပင်လုံညီလာခံ -ပြည်ထောင်စုငြိမ်းချမ်းရေးသည် အမှန်စင်စစ် တတိယပင်လုံညီလာခံ ဖြစ်သည် ။
ဤ-၂၁-ရာစုပင်လုံညီလာခံသည် ဗိုလ်ချုပ်အောင်ဆန်းတို့  စာချုပ်ပြုလုပ်ခဲ့ သော ဒုတိယပင်လုံညီလာခံ၏ အနှစ်သာရနှင့်လည်း လုံးဝမတူချေ ။ နာမည်သာ အလွဲသုံးစားပြု လုပ်ထားခြင်း ဖြစ်သည် ။ အမှန်ဆိုရလျှင် -၂၁-ရာစု နေပြည်တော်ဟု သုံးစွဲက ပိုသင့်တော်သည် ။ ရှမ်းပြည်နယ်က-SNLD-သည် ပင်လုံစာချုပ်တွင် ခွဲထွက်ရေးပါသော ဥပဒေ ရှိရာ ယခုပြုလုပ်နေသော-NCA-စာချုပ်အရ ခွဲ ထွက်ခွင့် လုံးဝမရှိစေရဆိုသော ဥပဒေပြဋ္ဌာန်းချက် ပါရှိနေသည် ။ ထို့ ကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလည်း ရှမ်းပြည်နယ်မှာ မပြု လုပ်ခဲ့ ရသောကြောင့် ဤညီလာခံကို ကန့် ကွက်ထားသည်ကို တွေ့ ရသည် ။
အရေးကြီးသော နောက်တချက်မှာ -NCA-စာချုပ်ကို ထင်သလို အလွဲသုံးစားပြု လုပ်နေခြင်းကို တွေ့ ကြရသည် ။ NCA-စာချုပ်ဥပဒေ-အပိုဒ်-၂၀-မှာ လက်မှတ်ရေးထိုးထားသူများသာ ဒုတိယပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးကို တက်ရောက်ရမည်ဟု ကြေညာထားသည် ။ သို့ သော် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကို ညီလာခံသို့ တက်ရောက်စေခြင်းကြောင့် မိမိတို့  စာချုပ်ကို မိမိတို့ ကပင် ချိုးဖေါက်ရာ ကျနေခြင်းမှာ မှားသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ဥပဒေကွန်ယက်အဖွဲ့ မှ ဝေဖန်ထောက်ပြထားသည် ။
ဤသို့ ဆိုလျှင် သူတို့ လုပ်ထားသော သူတို့ ၏ စာချုပ်ကိုပင် သူတို့ သည် ထင်သလို ဖြဲဆုပ်-ဖြစ်သလို လုပ်ချင်သလိုလုပ်နှင့် တစစီရစရာ မရှိအောင် လုပ်နေကြခြင်း ဖြစ်သည် ။ အကယ်၍ -NCA-စာချုပ်ကို တလေးတစား လိုက်နာရန် လိုအပ်ပါက မိမိတို့ ကလည်း လိုက်နာရမည်မှာ အမှန်ပင်ဖြစ်သည် ။
အချိုရည်ဘူးတွေမှာ ရောင်းကောင်းအောင်ကြေညာနေကြသည် ။ ခွန်အားဖြည့် အချိုရည် ဆိုပြီး စားသုံးသူများကို ကြေညာပေးကြသည် ။ ယခုလည်း ယခုပြုလုပ်နေသော ညီလာခံကို ခွန်အားဖြည့်ပေးနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ သည် ခုအချိန်ထိ ရေရေရာရာ နိုင်ငံရေးအခြေအနေကို မဖန်တီးနိုင်သေးပေ ။
သို့ လင့်ကစား အစိုးရသတင်းစာများ၌ စာလုံးမဲကြီးဖြင့် ကမ္ဘာသိ ကြေညာသွားသောအခါ ဤညီလာခံကို ဂုဏ်သရေရှိစွာ တက်ရောက်လေခဲ့ ပြီဟု ကြေညာထားပေပြီ ။
အခန်းအနားတခုကို ခမ်းမအကျယ်ကြီး၌ လူစည်ကားစွာဖြင့် ပြုလုပ်ခြင်းသည် အောင်မြင်သည်ဟု ပြောစမှတ်ပြုကြသည် ။ တက်ရောက်လာသူများက အဆိုတွေ တင်သွင်းပြီး ဆုံးဖြတ်ချက်များကို ချကြလျှင် အောင်မြင်စွာ ပြီးဆုံးသည်ဟု အသိအမှတ်ပြု ကြသည် ။ ၄င်းကို တိုးတက်မှု ရှိသော နိုင်ငံရေးအခင်းအကျင်းဟု သုံးစွဲခေါ်ဆိုကြသည် ။
ယခုမူ လူများပြီး ပွဲမစည် ။ လူမှန်နေရာမှန်လည်း မရှိကြ သည့် ပွဲ ။
-------------------- ---------------------
ဒုတိယပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မည်သည့် လူတဦးယောက်ထံမှ အမှာစကား တခွန်းတပါဒ-တလုံးစ နှစ်လုံးစ- မပေးလိုက်ရဘဲ တက်ရောက်လာသော လူပုဂ္ဂိုလ် တဦးတယောက် သို့ မဟုတ် နိုင်ငံရေးပါတီတခုကို ပြပါဆိုလျှင် အနီးစပ်ဆုံး ဥပမာကို ပြသချင်သည် ။ ၄င်းပုဂ္ဂိုလ်-၄င်းပါတီမှာ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးနှင့် ရခိုင်အမျိုးသားပါတီဖြစ်သည် ။
သူတို့ သည် မည်သည့် ရခိုင်လူမျိုးတွေကို မိမိမြို့ ရွာများ၌ လူထုသိရှိသွားအောင် တခွန်းမျှ ဖွင့်ဟာ မပြောဆိုခဲ့ ရပေ ။ နိုင်ငံရေးမဲဆွယ်စကား-နိုင်ငံရေးစာပေဟောပြောပွဲ-လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ ဆုံပွဲ-နိုင်ငံရေးသမားအား ဂုဏ်ပြု ချီးမွှမ်း ထောက်ခံပွဲတို့ သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်သလို ဒုတိယပင်လုံညီလာခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တက်ရောက်မည့်အခါ တင်ပြရမည့် နိုင်ငံရေးပေါ်လီစီလည်းရခဲ့ သည် မဟုတ်ပေ ။
အကန့် လိုက်ကွဲပြားခြားနားသည် ။ လူထု၏ အမှာစကားကို ပေါ်လီစီအဖြစ် ချပြရန်မှာ တက်ရောက်လာကြမည့် ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်သည် ။ ၄င်းတာဝန်ကို ပြည်သူလူထုမှ တလုံးတပါဒမျှ မအပ်နှင်းလိုက်ရချေ ။ ဤအခါ ကိုယ်စားလှယ်များ အဖြစ် တက်ရောက်လာသူသာ ဖြစ်ပြီး မည်သည့် ပေါ်လီစီ-မည်သည့် မူဝါဒကို ရခိုင်ပြည်နယ်အတွက် မတင်ပြနိုင်ခဲ့ ရတော့ ပေ ။ ထို့ အတူ တချိန်တည်းမှာ မတင်ပြနိုင်ခဲ့ ၍ မည်သည့် အကြောင်းအရာကိုမျှ ရခိုင်ပြည်နယ်အတွက် ကောင်းကျိုးမင်္ဂလာ အဖြာဖြာကို မပံ့ ပိုးနိုင်ချေ ။ ညီလာခံကလည်း ဆုံးဖြတ်ချက်များ ချမပေးနိုင် ။
ဤသို့ သော မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေအောက်မှာ သမိုင်းဝင် ဒုတိယပင်လုံ -ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မည်သည့်ဖက်က တိုးတက်အောင်မြင်သည်ဟု ပြောဆိုနေသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည် ။ လက်သည်းဆိတ်လျှင် လက်သည်းနာတတ်ရန် လိုသည်ဆိုသော စကားကို အရပ်သားစကားတွင် ပြောဆိုကြသည် ။ တိုင်းရင်းသားနိုင်ငံရေးပါတီတို့ သည် စုပေါင်းညီညွတ်ကာ မည်သည့်ပြည်နယ် မည်သည့်လူမျိုးတွေက မည်သို့ သော နစ်နာဆုံးရှံးမှုတွေ ရှိနေ၍ ဤသည်ကို လက်မခံနိုင်ချေဟု ထုတ်ဖေါ်ပြောရဲ- အသိအမှတ်ပြုရဲ- မိမိတို့ ပြည်နယ်-မိမိတို့ လူမျိုးကသာ တင်ပြနိုင်-ဆိုပြနိုင် ဆိုရုံကာမျှ နှင့် တိုးတက်သည်ဟု ဆိုသောစကားကို သတိနှင့် ပြောဆိုသင့်သည် ။
ခုတော့ ရှမ်းပြည်နယ်ကလည်း ကန့် ကွက်-ညီလာခံကို အသိအမှတ်မပြု-ရခိုင်ပြည်နယ်ကလည်း တက်ရောက်ရုံသာ ရှိပြီး ဘာတခုမျှ ရခိုင်လူထုက အကြံတခွန်း မပေးလိုက်ရ၍ မည်သည့် ဆုံးဖြတ်ချက်မျိုးကိုမျှ လက်မှတ်ထိုးစရာ အကွက်လည်း တကွက်ပင် ရှာမတွေ့  ဖြစ်နေရော့ မည် ။
ခက်နေသည်မှာ-NCA-စာချုပ်ပါ အချက်အလက်ကို ဖျက်ပြီး မြောက်ပိုင်းမဟာမိတ်ကို လိုအပ်လာ၍ ဖိတ်ခေါ်နေခြင်းအား ကြည့်ပါက စာချုပ်သည် လိုလိုမယ်မယ် ပြုလုပ်ထားခြင်းပေလားဟု ပြောစရာ ဖြစ်လာသည် ။ စင်စစ်အားဖြင့် -NCA-ဥပဒေအချက်-အပိုဒ်-၂၀-ကို ဖျက်သိမ်းရန် လိုသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ဥပဒေကွန်ယက်က ဝေဖန်ထောက်ပြ အကြံပြုထားသည် ။ ယခုညီလာခံတွင် ဥပဒေပညာရှင်များ-ရှေ့ နေရှေ့ ရပ်များလည်း တက်ရောက်နေကြရာ ဤအချက်ကို တင်ပြရဲရန် လိုသည် ။
ဤသို့ ဆိုလျှင် ယခု-၂၁-ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက လက်မှတ်ရေးထိုးထားသော စာချုပ်ကို နောင်အချိန်တွင် လိုအပ်သလို ဥပက္ခောပြု ဖျက်ချင်ဖျက်-လုပ်ချင်လျှင် လုပ်လို့ ရနိုင်မည့် အလားအလာ အေနအထားလည်း ရှိနေအုံးမည် ထင်ရသည် ။
ကျွန်တော်တို့ ကြားနေရသည်မှာ ညီလာခံပြု လုပ်နေစဉ်အတွင်း ပြည်တွင်းစစ် ဖြစ်နေသည် ဆိုခြင်းကို ကြားနေရသည် ။ တိုက်ပွဲတွေ ဖြစ်နေကြသည် ။ သေနတ်သံတွေ ညံနေကြသည် ။ လူတွေ သေဆုံးနေကြသည် ။
အပစ်အခပ်မရပ်စဲပါဘဲ နိုင်ငံရေးဆွေးနွေးပွဲကို ခန်းနားကြီးကျယ်စွာ ပြုလုပ်နေသည့်တိုင် ဆက်လက်တိုက်ပွဲတွေ ဖြစ်နေအုံးမည်မှာ မြေကြီးလက်ခပ်မလွဲချေ ။
ကျွန်တော်တို့  လိုချင်သည်မှာ အပစ်အခတ်ရပ်စဲရေးကို ပထမ ဦးစွာ လုပ်စေချင်သည် ။ ပြီးတော့  နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်စေချင်သည် ။ ခုလုပ်နေကြတာက လက်နက်ကိုင်အဖွဲ့ တွေလည်း ပါသော-နိုင်ငံရေးအဖွဲ့ အစည်းတွေလည်း ပါသော -၂၁-ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုသည်မှာ ရောထွေးယှက်တင်ဖြစ်နေ
သည် ။
အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့ များက သက်သက်ဆွေးနွေးသော ညီလာခံ ပြုလုပ်ရန်လိုသည် ။ ၄င်းတို့ ၏ ရရှိလာသော ရလဒ်သည် မြန်မာနိုင်ငံအတွက် ကြီးမားသော ငြိမ်းချမ်းရေးလမ်းစဉ် ဖြစ်မည်မှာ သေချာသည် ။
အခြားတဖက်မှာ လက်နက်မကိုင်သော အရပ်ဘက်ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံဖြစ်သည် ။ အရပ်ဖက်ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံမှာ လက်နက်ကိုင်အဖွဲ့ တွေ ၀င်ရောက်စွက်ဖက် ဆွေးနွေးစရာ မလိုပေ ။ သီးခြားစီ သက်သက် ဖြစ်နေရမည် ။ လက်နက်ကိုင် ဆိုသည်မှာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကို ဆိုလိုသည် ။
ဤအဆင့် နှစ်ဆင့်ကို သီးခြားစီ ညီလာခံ မပြု လုပ်နိုင်ဘဲ ရောထွေးယှက်တင် ပြုလုပ်နေသမျှ မြန်မာနိုင်ငံသည် ဘယ်တော့ မှ ငြိမ်းချမ်းသာယာသောနိုင်ငံ ဖြစ်လာမည် မဟုတ်ပေ ။
ယခုပြုလုပ်နေသော ညီလာခံသည် ယခင် ဗိုလ်ချုပ်အောင်ဆန်းပြုလုပ်ခဲ့ သော ညီလာခံနှင့် အနှစ်သာရ မတူညီ။ ထိုစဉ်က အင်္ဂလိပ်ထံမှ လွပ်လပ်ရေးယူရန် တောင်တန်းဒေသ တိုင်းရင်းသားများထံက လက်မှတ်ထိုးရန် ဗိုလ်ချုပ်အောင်ဆန်းက ပြုလုပ်ခဲ့ ရသော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သည် ။ သူသည် ယင်းအချိန်က မြန်မာတပ်မတော်ကို တာဝန်ခံ တက်ရောက်ခြင်း မဟုတ်ဘဲ ဗမာနိုင်ငံကို တက်ရောက်သော သူသာ ဖြစ်သည် ။ ပင်လုံစာချုပ်ကို-ဗိုလ်ချုပ်အောင်ဆန်း- ရှမ်း-ကရင်-ချင်းစသော ကိုယ်စားလှယ်-၂၂-ဦးက လက်မှတ်ရေးထိုးခဲ့ ခြင်း ဖြစ်သည် ။ယင်းနေ့ သည် -၁၉၄ရ-ဖေဖေါ်ဝါရီလ-၁၂-ရက်နေ့ ဖြစ်သည် ။
၂၁-ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုကမ္ဘာက မြင်သွားအောင် ရည်ရွယ်ရင်း ရှိသည်မှာ ကောင်းသော လက္ခဏာဖြစ်သည် ။ သို့ သော် တလွဲတွေ လုပ်သွားသည် ။
ထို့ ကြောင့်လည်း ယခုထိ တိုက်ပွဲတွေ တိုက်ဖြစ်နေကြသည် ။ အပစ်အခတ်ရပ်စဲရေးကို မကြေညာနိုင် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေက ညီလာခံသို့  မလာကြ ။
အပစ်အခတ်ရပ်စဲရေး စာချုပ်-NCA- ကိုလည်း လက်မှတ်မိုးကြသေး ။
သည်တော့ အကောင်းဆုံးဖြစ်အောင် အကြံ ပေးလိုသည် ။ လက်နက်ကိုင်အဖွဲ့ ပေါင်းစုံ- ( မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ ပါဝင်သော ညီလာခံကို အမြန်ဆုံး ဆောင်ရွက်ပေးသင့်သည် ။
ပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဆက်လက် လုပ်ဆောင်သင့်သည် ။
ဤသို့ မဟုတ်ပါက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို သိကြားမင်းတောင် လုပ်၍
မရဟု ပြောသံကြားဖူးပါသည် ။
ကျွန်တော်ကြားဖူးနားဝ ရှိသော ပုံပြင်လေးတွေက စကားလုံးတွေ --------။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

ဝ တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ညီလာခံ ဒုတိယနေ့ ဆက်မတက်


မေလ ၂၅ ရက် ၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ဖွင့်ပွဲရက်တက်ရောက်ပြီးနောက် ၀ တပ်ဖွဲ့ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ၇ ဖွဲ့ သည် ညီလာခံဒုတိယရက်တွင် ဆက်မတက်တော့ကြာင်းသိရသည်။

အထူးဖိတ်ကြားခြင်းခံရတယ်ဆိုပေမယ့် ဆွေးနွေးဖို့အတွက် တန်းတူညီမျှတဲ့အခွင့်အရေး မရဘူး။နောက်တချက်က တပ်ချုပ်ကြီးပြောသွားတဲ့အချက်တွေထဲမှာ ဘ၀င် မကျတဲ့အချက်တွေပါတယ်။ - ဟု အဖွဲ့ ၇ ဖွဲ့မှ အရာရှိတဦးကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က NCA လမ်းကြောင်းကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲ လုပ် ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ် တည်ဆောက် ရေးကို မလိုလားခြင်းသာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ NCA လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ရပ် နှင့်အညီ ခိုင်မာစွာ ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း (၂၁)ရာစုပင်လုံ(ဒုတိယအကြိမ်) အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည် ။

ဝ တပ်ဖွဲ့ညီလာခံမတက်ရောက်မှုတွင် ၀ နှင့်အတူ လိုက်ပါသော မဟာမိတ်အဖွဲ့ ၇ ဖွဲ့လည်း ပါဝင်ကြောင်းဆိုပါသည်။

“အားလုံးမပါဝင်တော့ ကျမတို့လည်း စိတ်မကောင်းဘူး။ ဥပမာ မြောက်ပိုင်းက ၇ ဖွဲ့ဆိုရင်လည်း ကိုယ့်နိုင်ငံသားဖြစ်ရဲ့သားနဲ့ တခြားနိုင်ငံက အကူညီနဲ့ လာရတယ်။ နိုင်ငံတော်အတွက် သိပ်က္ခာအရမ်းကျတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်နိုင်ငံက အစိုးရက ဘာလို့ မလုပ်ပေးတာလဲ။သူတို့ လုံခြုံရေးအတွက် အဲ့ဒီအတွက် ကျမတို့လည်း စိတ်မကောင်းဘူး။ နောက်ပြီး UNFC လည်းမလာနိုင်ဘူး ရှေ့ဆက် ငြိမ်းချမ်းရေးအလားအလာက အားပိုနည်းသွားသလို ခံစားရတယ်။ အားလုံးမပါလို့လေ”- ဟု သျှမ်းစီဘီအို မှ ယိင်းဟန်ဖှကပြောသည်။

လက်ရှိ ညီလာခံသို့ တက်ရောက်ရန်ဖိတ်ကြားခံရခြင်းမရှိသောကြောင့် မွန်းခေါင်းဆောင် နိုင်ငွေသိမ်း သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့်တိုင်းရင်းသားကြား သံတမန်အကျိုးတော်ဆောင် စ၀်ဟန်ယောင် ဟွေ့ တို့လည်း ယခုညီလာခံသို့တက်ရောက်ခြင်းမရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များပြောသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

အစွန်းရောက် သူပုန်တွေ နှိမ်နင်းဖို့ Duterte စစ်မိန့် ထုတ်ပြန်



ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က Martial Law ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ဖြေကြား။ မေလ ၂၄ ရက် ၂၀၁၇။
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ဟာ နိုင်ငံတောင်ပိုင်းက မူဆလင် အကြမ်းဖက်မှု တွေကို ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က အရှိန်မြှင့် လုပ်ဆောင်ခဲ့ပေမယ့် ထိပ်တန်း အကြမ်းဖက် အဖွဲ့ ၂ ခုတို့ဟာ IS ထောက်ခံတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းနေကြတယ်လို့ သံသယရှိစရာ ဖြစ်နေပါတယ်။

အင်္ဂါနေ့ ကတော့ သမ္မတ Duterte ဟာလူဦးရေ ၂၁ သန်းရှိတဲ့ Mindanao ကျွန်းနဲ့ ပတ်ဝန်းကျင်က ကျွန်းငယ်တွေမှာ Martial Law ကြေညာ ခိုင်းလိုက်ပါတယ်။ Marawi မြို့ကို Maute အုပ်စုက စစ်သွေးကြွတွေ ၀င်စီးပြီးတဲ့နောက် သိပ်မကြာခင်မှာဘဲ Martial Law ကြေညာခိုင်းလိုက်တာ ဖြစ်ပါတယ်။

စစ်သွေးကြွတို့ စီးနင်းမှုကြောင့် အနည်းဆုံး စစ်သား ၂ ဦး၊ ရဲ ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ IS သစ္စာခံ Abu Sayyaf စစ်သွေးကြွအုပ်စု ခေါင်းဆောင် Isnilon Hapilon ကို စစ်တပ်က လိုက်လံ ရှာဖွေစဉ် တိုက်ခိုက်မှု စတင်ခဲ့တာ ဖြစ်ပြီး သောင်းကျန်းသူတွေဟာ ခရစ်ယာန် ဘုရားကျောင်းတခု အပါအ၀င် အဆောက်အအုံ အများအပြားကို မီးရှို့ ပြီး ဒေသခံ ကက်သလစ် ဘုန်းတော်ကြီး တပါးနဲ့ လူအများအပြားကို ဓားစာခံ အဖြစ် ဖမ်းဆီး ထားခဲ့ကြပါတယ်။

ဓားစာခံတွေထဲမှာ ဘုရားဝတ်ပြုသူ ၁၀ ဦးနဲ့ ဘုရားကျောင်း ၀န်ထမ်း ၃ ဦး ပါဝင်ပြီး အစိုးရတပ်တွေ ဒီဒေသက ဆုတ်ခွာဖို့ စစ်သွေးကြွတွေက တောင်းဆိုကြတယ်လို့ ဂိုဏ်းချုပ် ဘုန်တော်ကြီး Socrates Villegas က ဆိုပါတယ်။ Abu Sayyif အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ် က IS တို့ရဲ့အရေးပေးမှု ရအောင် အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ လေ့လာသူ ပညာရှင်တွေက ပြောနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အရှင် ဝီရသူ ရုပ်ရှင် ဝေဖန်ရေးသမားတွေ စိတ်ဝင်စား


ဆရာတော် ဝီရသူ ရုပ်ရှင်ကား ပိုစတာကိုတွေ့ရစဉ်
ဆရာတော် ဝီရသူ ရုပ်ရှင်ကား ပိုစတာကိုတွေ့ရစဉ်

အမုန်းတရားတွေဟောကြားတဲ့ အရှင်ဝီရသူ နာမည်ကတင်ပဲ ကြောက်ရလွန်းလို့ ရုပ်ရှင်ကား နာမည်ကို ဦးဝီရသူ ဘွဲ့ကို အင်္ဂလိပ်လိုရေးတဲ့ အတိုကောက် W လို့ ပေးရပါတယ်လို့ ဦးဝီရသူအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဆွစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Barbet Schroeder က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
သူဟာ ယူဂန္ဓာ စစ်အာဏာရှင် ဘုန်းမီးနေလတောက်ချိန်က အိုင်ဒီအာမင်နဲ့ လနဲ့ချီတွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ကြီး အိုင်ဒီ အာမင် ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ အိုင်ဒီ အာမင် တန်ခိုးထွားခဲ့ချိန်ကဆို မြို့တော် ကမ်ပါလာမှာရှိတဲ့ ဝိတိုရိယကန်စပ်မှာ မနက်တိုင်းအလောင်းတွေ မျောပါလာပြီး သူ့ဆန့်ကျင်သူတွေကို အိုင်ဒီအာမင်က စားတယ်လို့ ကောလာဟလ သတင်းလည်း ထွက်ခဲ့တာပါ။
ဒီလို ဒုစရိုက်ကြီးမားတဲ့ လူကို ဆယ်စုနှစ်ချီပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဝါရင့် ဒါရိုက်တာဟာ ဦးဝီရသူလို့ ဘွဲ့အမည်ရ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးတပါးလောက် ဘယ်သူ့ ကိုမှ မကြောက်ခဲ့ဖူးဘူးလို့ ပြောပါတယ်။
The Venerable W ဆိုတဲ့ ဘုန်းတော်ကြီး W မှတ်တမ်းရုပ်ရှင်ဟာ မွတ်ဆလင်ရိုဟင်ဂျာတွေကို တိုက်ခိုက်ဖို့ နှိုးဆော်ပြီး အမုန်းစကား- အမုန်းတရားဟောတယ်လို့ စွပ်စွဲခံရတဲ့ အရှင်ဝီရသူ အကြောင်း ရိုက်ကူးထားတာလည်း ဖြစ်ပြီး ပြင်သစ် Cannes ရုပ်ရှင်ပွဲတော်အကြောင်း ဝေဖန်သူတွေ နှစ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဆိုတာ ငြိမ်းချမ်းရေး၊ အသိအမြင်မှန်ကန်ရေးနဲ့ နားလည်မှုတွေရှိရမယ်လို့ သူယူဆတယ်လို့ ပြော ပါတယ်။
ဒါပေမဲ့ မန္တလေးက ဘုန်းကြီးကျောင်းကနေ ဦးဝီရသူက မွတ်ဆလင်တွေကို စွပ်စွဲရင်း အမုန်းစကားတွေနဲ့ သတင်းမှားတွေ ဖြန့်တာတွေကြောင့် ဒါရိုက်တာ Barbet Schroeder နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
၁၉၄၁ ခုနှစ်ဖွား ဘာဘဲ ရှရိုးဒါးဟာ အိန္ဒိယကို ဘုရားဖူးသွားပြီး အသက် ၂၀ မှာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။

RFA

Wednesday, May 24, 2017

အမေရိကန်ထောက်လှမ်းရေးလေယာဉ် ရုရှား ဟန့်တား


Want create site? Find Free WordPress Themes and plugins.
ပင်လယ်နက်ဒေသရှိ နိုင်ငံတကာ ရေပိုင်နက်ပေါ်မှ ရုရှားနယ်စပ်အနီး ချဉ်းကပ်လာသည့် အမေရိကန် ထောက်လှမ်းရေး လေယာဉ် တစင်းကို ရုရုားဂျက်တိုက်လေယာဉ်တစင်းက ကြားဖြတ်ဟန့်တား ခဲ့ရကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ကြေညာလိုက်ပါတယ်။
မေလ ၉ရက်နေ့က ဂရင်းနစ်စံတော်ချိန် နံနက် ၉နာရီခန့်မှာ အမေရိကန်လေယာဉ် နယ်စပ်ကို ချဉ်းကပ်လာတာကို ရုရှားရေဒါတွေက ထောက်လှမ်းတွေ့ရှိပြီးနောက်မှာ ရုရှားတိုက်လေယာဉ်က တက်ရောက်ပျံသန်း ဟန်တားလိုက်ခြင်းဖြစ်ပါတယ်။
“လေယာဉ်တစင်းကိုလုံခြုံမှုရှိတဲ့ အကွာအဝေးအထိချဉ်းကပ်ပြီးနောက်မှာ ရုရှားလေယာဉ်မှူးဟာ P-8A ပိုစီဒွန်အမျိုးအစား အမေရိကန်ထောက်လှမ်းရေးလေယာဉ်ဆိုတာသိလိုက်ရတယ်။ ရုရှားလေယာဉ်မှူး က အမေရိကန် လေယာဉ်မှူးတွေကို အထူးစစ်ရေးပြပျံသန်းမှုပြုလုပ်ပြပြီး နောက်မှာတော့ အမေရိကန် လေယာဉ်ဟာ ရုရှားနယ်စပ်နဲ့ဝေးရာကိုပျံသန်းသွားပါတယ်” ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ကပြောသည်။
NBC သတင်းကမူ ရုရှား ဆူခွိုင်းဂျက်တိုက်လေယာဉ်တစင်း ပင်လယ်နက်ပေါ်ရှိ နိုင်ငံတကာ လေ ကြောင်းပိုင်နက်တွင် အမေရိကန်လေယာဉ်တစင်းကို ၇မီတာမျှ နီးကပ်စွာ ပျံသန်းစောင့်ကြည့်ခဲ့ ကြောင်း ဆိုပါတယ်။

ကုလား မီးပေါ့ဆလို့ ကုလားရွာ သဲချောင်းဈေး မီးလောင်



Image may contain: one or more people and night

 ဓာတ်ပုံ - RMC

ယနေ့ (မေလ ၂၃) ည ၉ နာရီကျော်မှာ စစ်တွေမြို့နယ် ဘင်္ဂလီများနေထိုက်သော သဲချောင်းရွာရှိ ဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၂၀ ကျော်ခန့် လောင်းကျွမ်းသွားကြောင်း သိရသည်။ မီးသတ်ကားများရောက်ရှိလာပြီး မီးငြိမ်းသတ်ရာ ၁၁ ခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ မီးလောင်ရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်းဖိုးကို မသိရသေးပေ။

Tuesday, May 23, 2017

၂၁ ပင်လုံတက်ဖို့အ တွက် မြောက် ပိုင်း အဖွဲ့ ၃ ဖွဲ့ကို အစိုးရဖိတ်ကြား

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် ကို တွေ့ရစဉ်
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် ကို တွေ့ရစဉ်
Photo: Kan Thar/RFA 
 
မနက်ဖြန် မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့အတွက် အရင် အစည်းအဝေးတုန်းက ဖိတ်ကြားမှု မရှိခဲ့တဲ့ ရခိုင်တပ်မတော် AA၊ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကို အစိုးရဘက်က မနေ့က ဖိတ်ကြားလိုက်ပါတယ်။
အဲဒီအဖွဲ့တွေကို ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ဖို့ အစိုးရက မနေ့ညပိုင်းကမှ ဖိတ်စာပေးပို့ခဲ့တာဖြစ်တယ်လို့ TNLA အဖွဲ့ က ဗိုလ်မှုးချုပ် တာဖုန်းကျော်က ပြောပါတယ်။

"ဖိတ်စာတွေကတော့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ဖွဲ့မှာ စောစောတုန်းကတော့ ကျနော်တို့ ၃ဖွဲ့ မရဘူးပေါ့။  မနေ့ညတုန်းကတော့ ကျနော်တို့ ၃ ဖွဲ့ကို ဖိတ်စာပြန်ပို့လာပါတယ် အထူးဖိတ်ကြားသူအနေ နဲ့ပါ။ ဒါပေမယ့်လည်း AA ကတော့ အထူးဖိတ်ကြားသူအနေနဲ့ မဟုတ်ပဲနဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲပဲတက်ဖို့ ခွဲခြားပြီး ဖိတ်ထားတဲ့ သဘောတော့ရှိပါတယ်"


မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ စလုံးကို အစိုးရဘက်က ဖိတ်ကြားထားပြီး ဒီနေ့ ညနေပိုင်းမှာ နေပြည်တော် ကို ရောက်ရှိမှာဖြစ်တယ်လို့ ဗိုလ်မှုးချုပ် တာဖုန်းကျော်က ပြောပါတယ်။
ဒီလို ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလမ်းစ ပွင့်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံချက်ကို ပူးပေါင်းဆောင်ရွက်တဲ့ သဘောမျိုးဖြစ်ကြောင်း လည်း ပြောပါတယ်။
အဲဒီ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို TNLA အဖွဲ့ က ဒုဥက္ကဌ ၁ ဗိုလ်မှုးချုပ် တာဂျုတ်ဂျားနဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှုး ၂ ဗိုလ်မှုးတာပန်လှတို့ တက်ရောက်မှာဖြစ်ပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်မဖွဲ့ဝင် ဦးအောင်စိုးကလည်း NCA လက်မှတ်မထိုးထားတဲ့ တိုးရင်းသားလက်နက် ကိုင်အဖွဲ့ အားလုံးကို ညီလာခံ အထူးဖိတ်ကြားသူတွေအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ အတည်ပြု ပြောကြားပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးကလည်း ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံဖိတ်ကြားမခံရသူတွေပါ ဒီတ ကြိမ်မှာ အထူးဖိတ်ကြားသူတွေအဖြစ်ဖိတ်ကြားခံရပြီး အဲဒီအဖွဲ့တွေက တက်ရောက်ဖို့ရှိတယ်ဆိုတာ တိုးတက် တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ညွီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကတော့ ဒီကနေ့အထိ အစည်းအဝေး ကျင်းပနေ တုန်းဖြစ်ပြီး လက်ရှိအချိန်အထိတော့ UNFC အဖွဲ့ဝင်တွေ ညီလာခံတက်မတက်ဆိုတာကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

RFA

ခြေဖ၀ါးအောက်ရောက် လက်ဝါးကြီးအုပ် ပင်လုံညီလာခံ ခေါ်နည်း

Image may contain: 1 person, sitting, tree and outdoor
အရမ်းလွန်သွားပြီ ။ ၂၁-ရာစုပင်လုံညီလာခံ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံကို တက်ရောက်ဖို့  အတွက် နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်တယ် ။ ပင်လုံနာမည်ပါလာလို့  ပင်လုံစိတ်ဓါတ် အခြေခံရမယ်- ။ ပင်လုံညီလာခံမှာ ခွဲထွက်ပိုင်ခွင့်တွေ ပါတယ် ။ ပင်လုံကတိက၀တ်တွေ ပါရမယ် ဆိုပြီး တိုင်းရင်းသားပါတီတွေက လိပ်ခေါင်းထွက်အောင် ပြောကြတယ် ။
ဒီမိုကရေစီအာဏာရှင် ဒေါ်အောင်ဆန်းစုကြည်က ဘာပေးမလဲ-ဘာတောင်းမလဲ ဆိုပြီးတော့ တိုင်းရင်းသားပါတီတွေကို စကားပြောထားတယ် ။
-သန်ဖက်ခါဆိုရင် -ညီလာခံကြီးစပါတော့ မယ် - ဘယ်တော့ မှ မပြီးဘဲ အစိုးရပြုတ်ကျသွားရင်တောင် နောင်ခေတ်အဆက်ဆက် ရှိနေမဲ့  ပြည်တွင်းငြိမ်းချမ်းရေး မရရှိဘဲ ပြည်တွင်းစစ်ဖြစ်မဲ့ လက္ခဏာကို မြင်ယောင်နေကြတုံးမှာဘဲ ခုတော့ ပွဲက ကြမ်းပြနေပြီ ။
ဘယ့်နှယ်ဗျာ- ညီလာခံ တက်ရောက်မဲ့  ပါတီက လူတွေကို သူတို့ ပါတီကဘဲ ရွေးချယ်ပိုင်ခွင့် ရှိစေရမှာပေါ့ ။
ခုတော့  ရခိုင်အမျိုးသားပါတီက ညီလာခံတက်ရောက်မဲ့ သူတွေကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သူ့ ဘာသာ သူ အမည်စာရင်း ရွေးပြီး ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်စေသတဲ့  ။
ဒီသတင်းကို ပါတီပိုင်းမှ မကြားရဘဲ လွှတ်တော်တွင်းမှ ကြားလာရတယ် ။ ပါတီကလဲဘဲ ပြည်သူတွေကို ချမပြဘဲ တုံဏှိဘာဝေ နေပေးကြပြန်တယ်။

လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရွေးချယ်ပေးလိုက်သူတွေက ရခိုင်အမျိုးသားပါတီမှ သူတို့ တွေ ဖြစ်တယ် ။
ပါတီမှ
ဦးအေးမောင်
ဦးထွန်းအေါင်ကျော်
ဒေါ်အေးနုစိန်
ဦးခိုင်ပြည်စိုး
ဦးဘရှိန်
ဦးဦးလှစော
ဦးသာထွန်းလှ
ဦးမြင့်နိုင် နဲ့ 
လွှတ်တော်မှ
ဒေါ်ခင်စောဝေ ဖြစ်တယ် ။
ယခုပါဝင်တဲ့  ကိုယ်စားလှယ်များကို ပါတီက ရွေးချယ်တယ် ဆိုရင် ဘာမှ မပြောသာပေမဲ့  လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကဘဲ ခေါင်းခေါက်ရွေးတာကတော့  တကယ့်အာဏာရှင်စနစ်ကို ရောက်ရှိ သွားပြီလို့ ပြောလို့ ရတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )
https://web.facebook.com/moehan.tha.77/posts/131606417398416

ရခိုင်​ဘုရင်​မင်းမြတ်​များ လက်​ထက်​​တော်​က မြောက်ဦးရှိ မြို့တံခါးများ

Image may contain: outdoor

 မြောက်ဦး​မြို့​တော်​ကြီးမှာ ...
မြို့ဝင်တံခါးပေါက်ပေါင်း (gates) ၆၄ တန် ရှိတယ်။
- ရေကြောင်းမှ အဝင်အထွက် တံခါးပေါက် ၃၂-ခုနဲ့
- ကုန်းလမ်းမှ အဝင်အထွက် တံခါးပေါက် ၃၂- ခု၊
စုစုပေါင်း ၆၄-ခုပေါ့။
ဒါပေမယ့် .....
ဒီတံခါးတွေက လမ်းပြ(usher)တွေ မပါပဲ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်လို့ မရ။
မြို့တော်တခုလုံးကို ဝင်္ကပါအလား စီမံထားပါတယ်။
တံခါးအတုတွေကို ဝင်ပေါက်အစစ်ထင်ပြီး ဝင်လာရင်တော့ မျက်စိလည် လမ်းမှားသွားပေလိမ့်မယ်၊၊
လျှောက်လာရင်းနဲ့ မျက်စိအောက်မှာပဲ မြို့တော်တခုလုံး ပျောက်ကွယ်သွားပြီး၊
တောတွေ၊
တောင်တွေ၊
ကျူံးတွေကိုသာ တွေ့ရပါလိမ့်မယ်။
အဲလို တံခါးမျိုးကို ရှေးခေတ်က တံခါးလိမ်လို့ ခေါ်ပါတယ်။

 Image may contain: outdoor
တံခါးပေါက်(gate) အစစ်က သိပ်မရှိလှဘူး။
 No automatic alt text available.
(၁) လူဝင်ပေါက်က အခုကားလမ်းမြောက်ဘက်မှာသာ ရှိပါတယ်။
 No automatic alt text available.
(၂) ငွေတောင်ခံတပ် မြောက်ဘက်မှ ဆင်ကျပ်တံခါးကတော့ ဆင်နဲ့ ဝင်ထွက်လို့မရ၊ ဆင်စီးလို့ မဝင်ရတဲ့ တံခါးပဲ ဖြစ်ပါတယ်။ 
(၃) တောင်ဖြူတောင် အနီးမှာ မိုးလင်းဝ ဆိုတဲ့ တံခါးတပေါက် ရှိခဲ့တယ်။ ညနေချိန်မှာ လုံးဝ မဝင်ရ၊ ညနေ ၆နာရီထိုးတာနဲ့ ပိတ်တယ်၊ ဒီအပေါက်က ဝင်ချင်ရင် မိုးလင်းအောင်ထိ စောင့်ပြီးမှ မြို့ထဲကိုဝင်လို့ ရတယ်။
ဒါကြောင့် ဒီတံခါးကို (မိုးလင်းမှ ဝင်ရတဲ့+အပေါက်အဝ=) မိုးလင်းဝလို့ ခေါ်ကြတာ ဖြစ် ဖြစ်တယ်။
သျှစ်သောင်းဘုရားရှိ အာနန္ဒာ စန္ဒြား ကျောက်စာကို ဘုရင်မင်းပင်ကြီးက ဒီတံခါး အနီးမှ သယ်ယူလာတာ ဖြစ်ပါတယ်။
(၄) မောလိပ်ကန်ရဲ့ အရှေ့ဘက်၊ စံကားတောင်ထိပ်မှာ တံခါးပေါက် တခု ရှိခဲ့တယ်။ မောလိပ်တံခါး၊ စံကားတောင်တံခါးလို့ ခေါ်ကြပါတယ်။
နိုင်ငံခြားသားတွေ၊ သံတမန်တွေ အဓိက ဝင်ထွက်သွားလာခဲ့တဲ့ တံခါးပေါ့။ ဒီ တံခါးပေါက်ကို နင်းကျော်မိတာနဲ့ နန်းမြို့တော်ကို အပေါ်စီးက တင့်တယ်စွာ ရှုမြင်ရပါတယ်။ မသူတော်တွေ ပါလာရင်လည်း ပူစရာ မလို၊ တံခါးစောင့်(janitor)တွေက အပေါ်စီး(အဝေးကြီး)မှ ကြည့်ရှု စစ်ဆေးလို့ ရတဲ့ တံခါးပေါ့။
(၅) ဆင်ဖြူတော်သာ ဝင်ထွက်သွားလာခွင့် ရှိတဲ့ ဆင်ဖြူ တံခါး၊
(၆) နန်းတွင်းသူ/သားတွေသာ ဝင်ထွက်ခွင့်ရတဲ့ နန်းသားကန် တံခါး၊
(ဒီတံခါး ၂ပေါက်က အခုအချိန်မှာ အစအနတောင် ရှာလို့ မရတော့ပြီ)
(၇) မောက်တော်တံခါး၊ (မြို့တော် အနောက်ဖက်)
ဒီတံခါးက အပြစ်သားတွေကို သွင်းတဲ့
တံခါးတခု ဖြစ်ပါတယ်။
 Image may contain: bridge and outdoor
(၈) လက်ဆေးကန်တံခါး၊ (တောင်ဖက်)
ဒီတံခါးမှာ တံခါးရွက်တွေက အလွန်ကြီးမားပါတယ်။ လူအားနဲ့ ဆွဲမ လို့ မရ။ ယန္တရား ခလုတ်များ တပ်ဆင်ပြီး ဖွင့်ရ ပိတ်ရတဲ့ တံခါးကြီးမျိုး ဖြစ်တယ်။ နန်းမြို့ထဲမှာ ဒီလို တံခါး ၁၆ ခု တိတိ ရှိခဲ့ ဖူးပါတယ်။
(၉) မြောက်တံခါး (သျှစ်သောင်းအနီး)
(၁၀) ရန်နောင်တံခါး(အရှေ့ဖက်)
ဒီတံခါး ၄ပေါက်ကတော့ ဝင်းတော်နဲ့ ဒါရိုက် ဆက်သွယ်ထားတဲ့ ပင်မတံခါးပေါက်ကြီးတွေပဲ ဖြစ်ပါတယ်။
(၁၁) ကြခတ်စားအမတ်က တည်ဆောက်ရ တာဝန်ယူရတဲ့ တံခါးပေါက် တခုလည်း ရှိခဲ့တယ်။ ဒါကြောင့် ထိုတံခါးကို ကြခတ်စားတံခါး(ကြခတ်တံခါး) ခေါ်ကြတာ ဖြစ်ပါတယ်။
ဒီတံခါးတွေ အကုန်လုံးကို ဘုရင်မင်းစောမွန်က မြောက်ဦးမြို့ တည်ဦးစကပင် တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုး>>ဆရာကြီး ဦးဦး သာထွန်းပြောစကားများမှာ
{{​( Arker - အာကာစိုး၏ ရှင်းလင်း​ဖော်​ပြမှု့အား တဆင့်​ပွားယူ​ဖေါ်ပြခြင်း ဖြစ်​ပါသည်​}}}

ရက္ခိုင်ပြည်သတင်း ရက္ခိုင်ပြည်ကြီး၏ အလှအပများနှင့် သဇင်ပျိုများစုဝေးရာ

Monday, May 22, 2017

( မေ-၂၁၊ ၂၀၁၇ ) ဥရောပရောက် တရားမဝင်ရွှေ့ပြောင်းအခြေချသူများမှာ မည်သည့်နေရာမှ ရောက်လာ ကြပါသနည်း။ အံ့သြစရာပါတကား.. ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်နေလေ၏။ ( အပိုင်း- ၁ )

((( မေ-၁၉၊ ၂၀၁၇ ဝါရှင်တန်ပို့စ်သတင်းစာတွင်ဖော်ပြသည့် Nayma Qayum ၏ Where are Europe’s illegal migrants coming from? Surprise: It’s Bangladesh. သတင်းဆောင်းပါးကို သန့် ဇင်ထွဋ် Thant Zin Htut ( Sayar Thant )

တိုက်ရိုက်မြန်မာဘာသာပြန်ဆိုသည်။ ဓာတ်ပုံမှာ မူရင်းဖော်ပြပါအတိုင်းဖြစ်သည်။ မူရင်းဆောင်းပါးကို ဘာသာပြန်အဆုံးတွင် ဖော်ပြပါမည်။ )))
===================
ဥရောပရောက်တရားမဝင် ရွှေ့ပြောင်းအခြေချသူများမှာ မည်သည့်နိုင်ငံက အများစုဖြစ်ပါသနည်း? သင့် အနေဖြင့် ဆီးရီးယား သို့မဟုတ် အခြားသော စစ်ဘေးသင့်နိုင်ငံတစ်ချို့ကို စဉ်းစားမိပေလိမ့်မည်။ ထိုသို့ဆိုလျှင် မှားပါသည် ။ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှု အဖွဲ့အစည်း International Organization for Migration ( IOM ) ၏ အဆိုအရ ဥရောပသို့ တရားမဝင်ရွှေ့ပြောင်းအခြေချသူများ တင်ပို့မှု အများဆုံးနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် ဖြစ်နေချေသည်။
ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအခြေချသူများသည် လစ်ဗျားသို့ရောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၈၀၀၀- မှ ၉၀၀၀ ကြား သုံးစွဲရသည်။ ထို့နောက် မြေထဲပင်လယ်ကိုဖြတ်သန်း၍ အီတလီနိုင်ငံသို့ရောက်ရန် နောက်ထပ် အမေရိကန်ဒေါ်လာ ၇၀၀ ထပ်မံသုံးစွဲရသည်။
အများစုမှာ အလုပ်လုပ်ရန် ရောက်လာကြခြင်းဖြစ်သည်။ ရွှေ့ပြောင်းအခြေချသူများ လုပ်ရသည့်အလုပ်ဆို သည်မှာ အန္တရာယ်များလှသည်။ ထောင်ပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ်အလုပ်သမားများ အရှေ့အလယ် ပိုင်းနိုင်ငံများ၌ အလုပ်ခွင်အတွင်းမှာပင် သေဆုံးခဲ့ကြပြီးဖြစ်သည်။ ၂၀၀၉ - ခုနှစ် စာရင်းအရ ဆော်ဒီအာရေး ဗီးယား၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ဘာရိန်း နှင့် အိုမန်နိုင်ငံများ၌ ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၃.၇ သန်းခန့် ရှိနေကြသည်။ ၎င်းအနက်မှ ၂၀၀၄ နှင့် ၂၀၀၉ ကြားကာလအတွင်း အလောင်း ၈၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် သို့ ပြန်လည်သယ်ဆောင်ခဲ့ရသည်။ မကြာခဏဆိုသလို အလုပ်ရှင်များက အလုပ်သမားများကို လူမဆန်သော အလုပ်များ ခိုင်းစေတတ်ကြပြီး ၎င်းတို့၏ ပတ်စ်ပို့များကို သိမ်းယူထားကာ ဓားစာခံသဖွယ်လည်း ထိန်းသိမ်းထား တတ်ကြသည်။ ဤသို့ဖြင့် ယင်းရွှေ့ပြောင်းအခြေချလုပ်သားများမှာ နိုင်ငံခြားတိုင်းပြည်များတွင် သောင်တင်ကာ အိမ်မပြန်နိုင်ဖြစ်ကြရတော့သည်။

Image may contain: 3 people, text
အန္တရာယ်ရှိပါလျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းအခြေချသူများ ဤမျှများပြားနေရပါသနည်း။
*******************************************************************
ဤသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများစွာအဖို့ ရွှေ့ပြောင်းအခြေချခြင်းသည် ဘဝမြှင့်တင်ရေးလမ်းကြောင်း အနည်းငယ်မှ နည်းလမ်းတစ်ခုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ဆင်းရဲမွဲတေမှုကို ၁၉၉၁ ခုနှစ်က ၄၄.၂% ရှိရာက ၂၀၁၀ ခုနှစ်တွင် ၁၈.၅% သို့ လျှော့ချနိုင်ခဲ့လင့်ကစား ဆင်းရဲမွဲတေသူ အများအပြား ကျန်ရှိနေဆဲပင်။ ထို့ပြင်တစ်ဝ ဘင်္ဂလားဒေ့ရှ်သည် ကြီးမားသော စီးပွားရေးပြုပြင်မှုဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံလူဦးရေ ၁၆၄.၈ သန်း ရှိသည့်အနက် ၃၄% မှာ မြို့ပြတွင် နေထိုင်လျက်ရှိကြသည်။ ရေကြီးရေလျှံမှုများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု နှင့် ပင်လယ်ဆားငံရေဝင်ရောက်မှုကြောင့် ကမ်းခြေတစ်လျှောက် နေထိုင် ကြသူများမှာ လူထူထပ်သောမြို့ကြီးများသို့ ပြောင်းရွှေ့ကြသည်။ ထို့ပြင် ဘွဲ့ရ အလုပ်လက်မဲ့နှုန်းထားမှာလည်း အလွန်အမင်းမြင့်တက်နေသည်။
ပြည်တွင်းအလုပ်အကိုင်က လူများပြည့်လျှံနေပြီဖြစ်ရာ ဘင်္ဂလားဒေ့ရှ်လူငယ်အများအပြားမှာ ပြည်ပထွက် အ လုပ်လုပ်ကြရန်ဖြစ်ပေါ်လာသည်။ ဘင်္ဂလားဒေ့ရှ်လူဦးရေ၏ ၅.၅% မှာ နိုင်ငံတကာရွှေ့ပြောင်းလုပ်သားများ ဖြစ်လာကြသည်။ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအခြေချသူများ သွားရောက်လုပ်ကိုင်မှုအများဆုံး သွားရောက် လေ့ ရှိသော ဒေသ- ၅ ခုတွင် ၄ -ခုမှာ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြသော အိုမန်၊ ကာတာ၊ ယူအေအီး နှင့် ဘာရိန်းတို့ ဖြစ်ကြသည်။ ခက်ခဲကြမ်းတမ်းသော အလုပ်ခွင်အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်း အခြေချသူများသည် ၎င်းတို့ဦးတည်ရာကို ဥရောပ -- အထူးသဖြင့် အီတလီသို့ ပြောင်းလဲလာကြသည်။ ရောမ တွင် ဘင်္ဂလားဒေ့ရှ်မှလာသူများက မီနီမာ့ခ်များဖွင့်ကြသည်။ လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်ကြသည်။ ဘင်္ဂလားဒေ့ရှ် လူမှုအသိုင်းအဝန်းများပင် တည်ထောင်ကြသည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ ယင်းရွှေ့ပြောင်းအခြေချသူများက မိမိတို့နိုင်ငံသို့ ဘီလီယံချီသော အမေရိကန်ဒေါ် လာများ ပေးပို့လျက်ရှိကာ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမား ဖြစ်ထွန်းစေသည်။
ဘင်္ဂလားဒေ့ရှ်သည် ရွှေ့ပြောင်းအခြေချမှုသမိုင်း ကြီးကြီးမားမားရှိခဲ့သည့်တိုင်းပြည်ဖြစ်သည်။ ၁၉၇၁ တွင် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းအလုပ်လက်မဲ့နှုန်းထား မြင့်တက်လာသည်တစ်ကြောင်း၊ ပင်လယ်ကွေ့ နိုင်ငံများ၌ ရေနံတွင်းအလုပ်သမားများ လိုအပ်မှုမြင့်တက်လာသည်တစ်ကြောင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားများ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အစုအပြုံလိုက် ရွှေ့ပြောင်းအခြေချကြသည်။ ဆော်ဒီအာရေးဗီးယား သို့မဟုတ် ဒူဘိုင်းတွင် အလုပ်လုပ်ရရေးသည် လူငယ်တစ်ယောက်၏အိပ် မက်ဖြစ်လာ ပါသည်။ အလုပ်ကြမ်းများ -- မကြာခဏဆိုသလို ယာယီစာချုပ်များနှင့် ဖြစ်တတ်သည် -- ဖြစ်လင့်ကစား ထိုအ လုပ်များက စီးပွားရေးလူမှုရေးအခြေအနေကောင်းတစ်ခုကို ဖန်တီးပေးနိုင်သည်။ ရွှေ့ပြောင်းအခြေချ သူများမှာ ချောင်ချောင်လည်လည်ဖြစ်စေယုံမက ရွှေစငွေစများပါ ကိုင်နိုင်သည့်အခြေအနေဖြစ်ရာ ရွှေ့ပြောင်းအခြေချမှုကို ဘဝအောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် ရှုမြင်ကြသည်။
အသစ်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများ -- အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး ကျွမ်းကျင်မှု့မရှိ သော လုပ်သားများမှာ စက်ရုံများ၌ တရားမဝင်၊ ကြမ်းတမ်းခက်ခဲသောအလုပ်များကို လုပ်ကိုင်ကြရသည်။ အလုပ် သမားပို့ဆောင်ပေးသူများမှာ ကွန်ယက်များဖွဲ့ထားကြပြီး ဝန်ဆောင်ခကြေးငွေ မြိုးမြိုးမြက်မြက်ရရှိကြသည်။ ဘင်္ဂလားဒေ့ရှ်မှ အရှေ့အလယ်ပိုင်းသို့သွားရောက်၍ အလုပ်လုပ်ရန် ကုန်ကျစားရိတ်သည် ဖိလစ်ပိုင်နှင့် သီရိ လင်္ကာနိုင်ငံများမှ သွားရောက်သည်ထက် ၄.၅ ဆ ပိုသည်။ ၆၀ ရာနှုန်းမှာ ပွဲစားများအတွက်ဖြစ်သည်။ ၁၈- ရာနှုန်းမှာ ကူညီပေးသူများကို ပေးရသည်။ ၁၀ ရာနှုန်းမှာ အလုပ်သွင်းပေးသော အေဂျင်စီကို ပေးရသည်။
No automatic alt text available.
အရှေ့အလယ်ပိုင်းသို့ သွားရောက်ရန် စိတ်ဝင်စားမှုနည်းလာ
**************************************
ဆော်ဒီအာရေးဗီးယားသည် ဘင်္ဂလားဒေ့ရှ်အလုပ်သမားများကို အမြောက်အများ လက်မခံတော့။ ဘင်္ဂလား ဒေ့ရှ်အလုပ်သမားများအား ပိတ်ပင်ထားခြင်းကို ၂၀၁၆ တွင် ဖွင့်ပေးခဲ့သော်လည်း ရေနံဈေးကျမှုကြောင့် ထောင်ပေါင်းများစွာသောအလုပ်သမားများ -- အထူးသဖြင့် အိန္ဒိယသားများ -- ဆော်ဒီအာရေးဗီးယားတွင် အလုပ်အကိုင်လည်းမရှိ ဌာနေလည်းမပြန်နိုင်ဘဲ ငတ်ငတ်ပြန်ပြန်သောင်တင်နေရာ ဆော်ဒီအာရေးဗီးယားအဖို့ နောက်ထပ်အလုပ်သမားအသစ် တိုးခေါ်နိုင်ဖွယ်မရှိပေ။ အခြားသူများမှာမူကား ပဋိပက္ခများဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ပြန်လာနေကြသည်။ ၂၀၁၁ တွင် လစ်ဗျား၌ မွမ်မာ ကဒါဖီကို ပုန်ကန်ထကြွ မှုဖြစ်ပြီးချိန်မှစ၍ လစ်ဗျားတစ်နိုင်ငံတည်းမှ ပြန်လာကြသော အလုပ်သမားများဦးရေ ၃၆,၀၀၀ ကျော် ရှိခဲ့သည်။ မြောက်များလှစွာသော လူ့အခွင့်အရေးအဖွဲ့အစည်းများက အလုပ်သမားအလွဲသုံးစားပြုခြင်းနှင့် မတရားအ နိုင်ကျင့်ခြင်းများကို ဂရုပြုကြရန် နှိုးဆော်ထားသည်။

ကဒါဖီပြုတ်ကျပြီးချိန်မှစပြီး လစ်ဗျားသည် နိုင်ငံအများအပြားမှ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများအတွက် ဥရောပသို့ဝင်ပေါက်ဖြစ်လာသည်။
မြေထဲပင်လယ်ကိုဖြတ်ကျော်သော အန္တရာယ်ခရီးလမ်းမှာ စွန့်စားလိုသည့် ဒုက္ခသယ်များအတွက်ဖြစ်သည်။ ၄င်းတွင် ယခုနှစ်အတွင်း အီတလီသို့ရောက် ဘင်္ဂလားဒေ့ရှ်ဦးရေ ၂၈၀၀ အပါအဝင်ဖြစ်သည်။ တရားမဝင်ရွှေ့ပြောင်းအခြေချမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအဖို့ ယခုမှဖြစ်လာသည်မဟုတ်ပါ။

၂၀၁၅ ခုနှစ်တွင် လစ်ဗျားအစိုးရက ဘင်္ဂလားဒေ့ရှ်အလုပ်သမားများသည် ဥရောပသို့ ဝင်ရောက်ရန် ကြိုးစားနေကြသည်ဟုဆိုကာ နိုင်ငံတွင်း ၎င်းတို့ ဝင်ရောက်မှုကို ပိတ်ပင်လိုက်သည်။ ဥရောပသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသူများကိုလည်း ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့လိုက်သည်။ သို့သော် လစ်ဗျားနိုင်ငံရေးအခြေအနေကြောင့် မြေထဲပင်လယ်တစ်လွှား အသစ်သစ်သော လူကုန်ကူးမှုများကို လမ်းဖွင့်ပေးသလို ဖြစ်သွားသည်။ မြေထဲပင်လယ်ကို ဖြတ်ကျော်ရန်ကြိုးစားသော နောက်ထပ်နောက်ထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ထွက်ပေါ်လာပြန်သည်။

( ဆက်လက်ဖော်ပြပါမည် )

Htay Oung

ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်ဘင်္ဂလီများ လက်နက်ကိုယ်စီဖြင့် ဝင်ရောက်လျှက်ရှိ



(ရသေ့တောင်မြို့ဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်။ ဓါတ်ပုံ - DMG)
မေလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ရသေ့တောင် (DMG) ။    ။  ရသေ့တောင်မြို့နယ် အထက်နန်းရာ ဘင်္ဂလီကျေးရွာနှင့် အောက်နန်းရာ ဘင်္ဂလီကျေးရွာတို့ကို ဆက်သွယ်ထားသော ကြားဖြတ်လမ်းတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသော ဘင်္ဂလီလူအုပ်ကို တွေ့မြင်လိုက်ရကြောင်း ယင်းကြားဖြတ်လမ်းတွင် လမ်းပြုပြင်နေသော ဘတ်ဖိုးစခန်းမှ တာဝန်ခံက ပြောကြားသည်။

မနေ့ညက (မေလ ၂၀) ၉ နာရီအချိန်တွင် ယင်းဘတ်ဖိုးစခန်းမှ အလုပ်သမား ၂ ဦး အလုပ်ပြန်ချိန် အောက်နန်းရွာနှင့် အထက်နန်းရွာသို့ ဆက်သွယ်ထားသော ကြားဖြတ်လမ်းတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော ဘင်္ဂလီ ၃ ဦးကိုမြင့်တွေ့ရပြီး အခြေအနေစောင့်ကြည့်ရာတွင် လက်နက်များကိုင်ဆောင်ထားသော ဘင်္ဂလီလူအုပ်ကြီး သွားလာနေသည်ကို မြင့်တွေ့လိုက်ရကြောင်း အဆိုပါ အလုပ်သမား ၂ ဦးက ပြောပြသည်ဟု ဘတ်ဖိုးစခန်းတာဝန်ခံ ကိုနိုင်ဦးက ဆိုသည်။

ကိုနိုင်ဦးအပါအဝင် ဘတ်ဖိုးစခန်းရှိ အလုပ်သမားများမှာ စေတီပြင်ကျေးရွာသို့ ပြန်လာကြပြီး စေတီပြင်အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်ကို အသိပေးတိုင်ကြားထားကြောင်း၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က အနီးအနာရှိကျေးရွာများကို သတိနှင့်နေထိုင်ကြရန် မှာကြားဖို့ စေတီပြင်အုပ်ချုပ်ရေးမှူးအား အကြောင်းကြားထားကြောင်း ကိုနိုင်ဦးကပြောသည်။

အဆိုပါ အဖြစ်အပျက်များကို စေတီပြင် အမှတ် (၃) နယ်ခြားစောင့်ခစန်းကို အားလုံးတင်ပြထားပြီး နယ်ခြားစောင့်စခန်းမှ တာဝန်ရှိသူများမှာလည်း အကြမ်းဖက်သမားများကို လိုက်လံရှာဖွေနေကြောင်း စေတီပြင်အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်ကဆိုသည်။

“ အခုတော့ အခြေအနေက တည်ငြိမ်ပါတယ်။ ဘာပြဿနာမှတော့ မဖြစ်ဘူး။ လုံခြုံရေးကလည်း တပ်တွေရှိနေတယ်။ အကြမ်းဖက်သမားတွေ ရှိနေတာတော့ သေချာပါတယ်။ မနေ့က ရန်ပြုတာတော့ဘာတော့မရှိဘူး။ ” ဟု ၄င်းကပြောသည်။

ယခု အကြမ်းဖက် ဘင်္ဂလီများစုဝေးနေသော ပထဝီနေအထားမှာ “ပ” ပုံသဏ္ဌာန်ဖြစ်ပြီး ဘင်္ဂလီကျေးရွာ ၁၁ ရွာနှင့် ရခိုင်ကျေးရွာ ၈ ရွာရှိကြောင်း၊ ဘင်္ဂလီကျေးရွာများက “ပ” ပုံသဏ္ဌာန် ဝိုင်းထားကြောင်း၊ ဘင်္ဂလီကျေးရွာတစ်ရွာ၏ အိမ်ခြေမှာ ၆၀၀ မှ ၁၀၀၀ အထိရှိကြောင်း၊ ရခိုင်ကျေးရွာတစ်ရွာ၏ အိမ်ခြေမှာ ၃၀ မှ ၄၀ အထိသာရှိပြီး စေတီပြင်ကျေးရွာသာ အိမ်ခြေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းဒေသရှိ လုံခြုံရေး စခန်းများမှာ သဇင်မြိုင်တွင် စခန်းငယ်တစ်ခု၊ ချပ်ပြင်ရွာတွင် ကြားစခန်းတစ်ခု၊ ညောင်ပင်လှတွင် စခန်းတစ်ခုနှင့် စေတီပြင်စခန်းခွဲနှင့် နယ်မြေ (၃) စခန်းတို့ရှိပြီး သို့သော်လည်း တပ်ဖွဲ့ဝင်အင်အားနည်းသောကြောင့် ဒေသခံများမှာ အထူးစိုးရိမ်စရာဖြစ်နေ၍ နယ်မြေလုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူပေးဖို့ လိုအပ်ကြောင်း စေတီပြင်ကျေးရွာဒေသခံ ဦးခင်မောင်ဝင်းက ပြောသည်။

ရေးသားသူ - ချလူးအောင်
Development Media Group
http://www.dmediag.com