မောင်သွေးချွန်
''လူမျိုးရေးနဲ့ ပတ်သက်ပြီး တို့
နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီးဖြစ်တယ်။ ရခိုင်မှာ
ရှိတဲ့ ဘင်္ဂါလီများအနေနဲ့ မြန်မာ တိုင်းရင်းသားတွေမဟုတ်ဘဲ မြန်မာ
နိုင်ငံမှာလာရောက်နေထိုင်သူတွေသာ ဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်အောက်တိုဘာ
လမှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအချို့ အကြမ်း ဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ
အသွယ်သွယ်ကို အကြောင်းပြုပြီး နိုင် ငံရေးစွက်ဖက်မှုတွေကို တွေ့ရမှာဖြစ်
တယ်။ တို့တွေအနေနဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာတွေကို ဆောင် ရွက်ပေးသွားဖို့
တာဝန်ရှိသလို နိုင်ငံ တော်တွင်းဖြစ်နေတဲ့ နိုင်ငံရေးအခြေအ နေတွေအရ
နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်းပြုပြီး ဆောင်ရွက်လာ မှုများဟာ
နိုင်ငံတော်ရဲ့အချုပ်အ ခြာအာဏာကို ထိပါးလာနိုင်တာ ဖြစ်တဲ့အတွက်
တပ်မတော်ရဲ့စိတ် ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့ လည်း တာဝန်ရှိတယ်။''
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၇၂
နှစ်မြောက် တပ်မတော်နေ့စစ်ရေး ပြ အခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်
ခွန်းထဲက ကောက်နုတ်ဖော်ပြပေးလိုက် တာပါ။
ရခိုင်ပြည်နယ်မှာ ခိုးဝင်ကျူး
ကျော်နေထိုင်လျက်ရှိတဲ့ ဘင်္ဂါလီမွတ်ဆ လင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ
ဖိအားတွေကို ပြတ်ပြတ်သားသား တုံ့ ပြန်စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ ဘင်္ဂါ လီကို
ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သတင်း
မီဒီယာတွေကို တရားမဝင်ဘူးလို့ အသိ ပေးကြေညာလိုက်တာလည်းဖြစ်ပါ တယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီကို ဘင်္ဂါလီလို့
အမှန်အတိုင်းမပြောရဲဘဲ 'ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်း အ ဝိုင်း'လို့
သုံးနှုန်းခဲ့ခြင်းကို ကျော်လွန် လွှမ်းမိုးသွားပြီး ဘင်္ဂါလီကို ဘင်္ဂါလီလို့
တည့်တည့်ပြောတယ်။ မြန်မာတိုင်းရင်း သားမဟုတ်ဘူးလို့ ကြေညာရဲတယ်။
ရိုဟင်ဂျာမရှိဘူးလို့ အတိအလင်း ပြော ခဲ့တဲ့အတွက်
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ရဲ့ မိန့်ခွန်းကို ရဟန်းရှင်လူ ပြည်သူ
အပေါင်းတို့က သောင်းသောင်းဖြဖြကြီး ကြိုဆိုခဲ့ ကြပါတယ်။
၇၂
နှစ်မြောက် တပ်မတော်နေ့ မတိုင်မီ သုံးရက်အလို မတ်လ ၂၄ ရက်နေ့မှာ
'ရခိုင်ပြည်နယ်ရှိ မွတ်ဆ လင် ဘင်္ဂါလီများ လူ့အခွင့်အရေးချိုး
ဖောက်ခံရမှုရှိမရှိ နိုင်ငံတကာမစ်ရှင်အ ဖွဲ့တစ်ခု စေလွှတ်ရန် ကုလသမဂ္ဂလူ့
အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လက်မခံကြောင်း
တုံ့ပြန်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ မြန် မာအစိုးရရဲ့
တုံ့ပြန်ချက်အပေါ်မှာလည်း ရဟန်းရှင်လူပြည်သူအပေါင်းတို့က နှစ် ထောင်းအားရ
ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၂ဝ၁၇ ခု၊ မတ်လ ၁၆ ရက်နေ့စွဲနဲ့
ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ သတင်းထုတ်
ပြန်ချက်အပေါ်မှာတော့ ဆန့်ကျင် ဖက်အမြင်တွေရှိလာခဲ့ပါတယ်။
''နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ၏ ကြားဖြတ်အစီရင်ခံစာကို ကြိုဆိုပါ သည်။''
''ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်နှင့်တကွ ကော်မရှင်များ အားလုံး၏
ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် သာယာဝပြောရေးအတွက်
အမြော်အမြင်ရှိမှုနှင့် အပြုသဘော ဆောင်သော ကြိုးပမ်းဆောင်ရွက်မှုတို့ အတွက်
နိုင်ငံတော်အစိုးရမှ ကျေးဇူးအထူးပင် တင်ရှိပါသည်။''
''နိုင်ငံတော်အစိုးရအနေဖြင့် ယခု အစီရင်ခံစာပါ အကြံပြုတင်ပြချက် များအပေါ်
သဘောထားအမြင်တူ ညီကြောင်းနှင့် ယင်းတင်ပြချက်များ သည် အမျိုးသားပြန်လည်
ရင်ကြား စေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စဉ်အပေါ် ကောင်းမွန်သော
အကျိုး သက်ရောက်မှုများစွာ ရရှိ စေမည်ဟု ယုံကြည်ပါသည်''လို့ဖော်ပြ ထားပါတယ်။
တကယ်တော့ ကိုဖီအာနန်အစီ ရင်ခံစာကို မဆိုထားနဲ့၊ ကိုဖီအာနန်
ကော်မရှင်ကိုပင် စတင်ဖွဲ့စည်းစဉ်က တည်းက ပြည်သူလူထုက လုံးဝလက် မခံခဲ့ပါ။
ရခိုင်မှာဆိုရင် ဆန္ဒပြပွဲကြီးတွေ နဲ့ ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့အထိပါပဲ။
ကိုဖီအာနန်ဟာ ရိုဟင်ဂျာဆိုတဲ့စကား လုံးကို သုံးနှုန်းပြောဆိုခဲ့တာကြောင့်
မြန် မာပြည်သူတွေရဲ့ ချဉ်ဖတ်ကြီးဖြစ်ခဲ့ရပါ တယ်။ ဒါကြောင့် သူ့ဆီကထွက်ပေါ်
လာမယ့်အစီရင်ခံစာဟာ ဘင်္ဂါလီမွတ် ဆလင်တွေဘက်က တစ်ဖက်သတ်ရပ်
တည်ပြောဆိုလာလိမ့်မယ်ဆိုတာ ကြို တင်တွက်ဆခဲ့ပြီးဖြစ်ပါတယ်။
ယခု ထွက်ပေါ်လာတဲ့ အာနန် ကော်မရှင်ကြားဖြတ်အစီရင်ခံစာမှာ -
''ပြည်ထောင်စု အစိုးရနှင့် ရခိုင် ပြည်အစိုးရတို့သည် ရခိုင်ပြည်နယ်အ
တွင်းရှိ လူ့အဖွဲ့အစည်းများအားလုံးအား ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆိုင်ရာ
နှင့် နိုင်ငံသားဖြစ်မှုတို့ကို အခြေခံ၍ ခွဲခြားမှုများကို မပြုလုပ်ဘဲ
အခွင့်အရေး တူညီစွာဖြင့် ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးသင့်ပါသည်။
လူ့အဖွဲ့အ စည်းဝင်များအားလုံးသည် တူညီသော ပညာသင်ယူခွင့်ရှိသည်ဟူသောအချက်
ကိုလည်း အများပြည်သူအားလုံး သိ ရှိစေရန် ကြေညာပေးသင့်ပါသည်။ အစိုးရအနေဖြင့်
ရခိုင်ပြည်နယ်မှ မွတ် ဆလင်ကျောင်းသားများအား တက္က
သိုလ်ပညာသင်ကြားနိုင်ခွင့်များကို တား မြစ်ပေးသည့် လူမျိုးစုတစ်စုအား
ခွဲခြား ဆက်ဆံသည့် မူဝါဒများကို ပြုပြင်သင့် ပါသည်။''
ကိုဖီအာနန်ကော်မရှင်ဟာ အခြေ ခံအချက်အလက်တွေကစပြီး မှားယွင်း နေခဲ့ပါပြီ။
'လူမျိုးစုတစ်စုအား ခွဲခြား ဆက်ဆံသည့် မူဝါဒများ'ဆိုတာ ခိုးဝင် ကျူးကျော်
ဘင်္ဂါလီမွတ်ဆလင်တွေကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဘင်္ဂါလီမွတ်ဆလင်တွေဟာ
မြန်မာ တိုင်းရင်းသားမဟုတ်ကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကလည်း
တပ်မ တော်နေ့ မိန့်ခွန်းထဲမှာ အတိအလင်း ထည့်သွင်းပြောကြားခဲ့ပါပြီ။
မြန်မာနိုင် ငံထဲ ခိုးဝင်နေထိုင်သူတွေအနေနဲ့ ဘင်္ဂါ လီ မွတ်ဆလင်ဖြစ်စေ၊
တရုတ်ဗုဒ္ဓဘာ သာဝင်ဖြစ်စေ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့
ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ကြဖို့
ရည်ရွယ်ရင်တော့ ၁၉၈၂ နိုင်ငံသားဥပ ဒေအရ စိစစ်ခံရမှာဖြစ်ပါတယ်။ နိုင်ငံ
သားစိစစ်တာ တစ်ကမ္ဘာလုံးရဲ့ ထုံးစံပါပဲ။ ဒါဟာ ခွဲခြားတာမဟုတ်ပါဘူး။ တရား
ဥပဒေစိုးမိုးရေးလို့ ကြွေးကြော်နေပြီး နိုင်ငံသား ဥပဒေကို
ချောင်ထိုးထားရင် ခေါင်ကမိုးမလုံရာကို ပြဆိုနေသလိုပါပဲ။
၁၉၈၂
နိုင်ငံအား ဥပဒေမှာ (၁)နိုင် ငံသား (၂) ဧည့်နိုင်ငံသား (၃) နိုင်ငံသား
ဖြစ်ထိုက်သူရယ်လို့ သဘာဝကျကျ ခွဲ ခြားထားပြီးဖြစ်ပါတယ်။ ဥပဒေအရ
နိုင်ငံသားဖြစ်သွားသူများဟာ နိုင်ငံသား အခွင့်အရေးအပြည့်အဝရသွားပြီဖြစ်လို့
ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကိုမှ ခံရမှာ မဟုတ်တော့ပါဘူး။ နိုင်ငံသားမဖြစ်
ထိုက်တဲ့ ဘင်္ဂါလီမွတ်ဆလင်တွေကို လဝကကနိုင်ငံသားကတ်တွေ ထုတ် ပေးခဲ့လို့
သိပ်မကြာသေးခင်ကပဲ ရခိုင် ပြည်သူလူထုက အကြီးအကျယ်ဆန္ဒပြ
ကန့်ကွက်ခဲ့ပြီးဖြစ်ပါတယ်။
အာနန်ကော်မရှင်က 'လူ့အဖွဲ့
အစည်းဝင်များအားလုံး'လို့ မလိမ့် တပတ် ဖော်ပြလိုက်တာလည်း နား
လှည့်ပြီးပါးရိုက်လိုက်တာပါပဲ။လူ့အဖွဲ့အစည်းဆိုတာအချုပ်အခြာအာဏာပိုင်တဲ့
နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ အလေး အနက် ဂရုပြုရပါလိမ့်မယ်။ ပြည်
ထောင်စုမြန်မာနိုင်ငံတော်ဟာ ခိုး ဝင်ဘင်္ဂါလီမွတ်ဆလင်တွေနဲ့ တည်
ထောင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်မ ဟုတ်ပါဘူး။ ပြည်ထောင်စုဖွား တိုင်း
ရင်းသားစစ်စစ်တွေနဲ့ ဖွဲ့စည်းတည် ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုမှ
ခိုးဝင်လာသူတွေ၊ အကြမ်းဖက် အ ဖျက်သမား ဂျီဟတ်ဝါဒီတွေကို လူ့
အဖွဲ့အစည်းဝင်အားလုံးထဲမှာ ထည့် သွင်းလို့မရနိုင်ပါဘူး။ သူတို့ရဲ့ ပင်ရင်း
မိခင်နိုင်ငံဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်း ပါပဲ။
နိုင်ငံတော်အတိုင်ပင်ခံရုံးကတော့အာနန်ကော်မရှင်ရဲ့အစီရင်ခံစာကိုက သောကမျောအလောတကြီး
ထောက်ခံ ကြိုဆိုလိုက်တာတွေ့ရပါတယ်။အာနန် ကော်မရှင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်ဖြစ် တဲ့အတွက် ကော်မရှင်ကဘာပြော
ပြောသဘောတူတယ်လို့ဆုံးဖြတ်ပြီးသားဖြစ်နေပြီလားလို့ မေးစရာရှိပါတယ်။
''နိုင်ငံတော်အစိုးရအနေဖြင့်ယခုအစီရင်ခံစာပါအကြံပြုတင်ပြချက်များအပေါ်သဘောထားအမြင်တူညီ ကြောင်းနှင့် ယင်းတင်ပြချက်များသည်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အပေါ်
ကောင်းမွန်သော အကျိုးသက်ရောက်မှု များစွာ ရရှိစေမည်ဟု ယုံကြည်ပါ သည်''တဲ့။အဲဒီမှာ 'အမျိုးသားပြန်လည် ရင်ကြားစေ့ရေး'ဆိုတာ ခိုးဝင်ဘင်္ဂါလီ
မွတ်ဆလင်တွေနဲ့ လုံးဝမသက်ဆိုင် ဘူးဆိုတာလောက်ကိုတော့ အလိုလို သဘောပေါက်ပြီး
ဖြစ်နေရပါမယ်။ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ဘယ်တုန်း ကမှ ကိုယ့်နိုင်ငံသား
ကိုယ့်အမျိုးသား မဟုတ်ခဲ့လို့ပါပဲ။ တပ်မတော်နဲ့ ဒီချုပ် ပါတီကြားက
ကွာဟမှုတွေကို ညှိနှိုင်းရာ မှာ 'အမျိုးသားရင်ကြားရေး'ဆိုတဲ့ စကားလုံး
သုံးနိုင်ပါတယ်။ ရှမ်း၊ ကချင်၊ ကရင်စတဲ့ လက်နက်ကိုင်တိုင်းရင်းသား
အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးစကားပြောတဲ့ နေရာမှာ 'အမျိုးသားပြန်လည်ရင်ကြား
စေ့ရေး'လို့ သုံးနိုင်ပါတယ်။ ခိုးဝင်ကျူး ကျော်ဘင်္ဂါလီမွတ်ဆလင်တွေနဲ့ ရခိုင်
ဗုဒ္ဓဘာသာဝင်တွေကြားမှာ 'အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး'ဆိုတာကတော့
ဘယ်လိုမှကြားလို့ မကောင်းပါဘူး။
အာနန်ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဘင်္ဂါလီမွတ်ဆလင်တွေ ရဲ့ အခွင့်အရေးကိုသာ ဇောင်းပေးပြော ဆိုထားတာ တွေ့ရပါတယ်။
''ဒုက္ခသည်များ ဘင်္ဂါလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ မိမိတို့သဘော
ဆန္ဒအလျောက် ပြန်လာနိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ နှစ်နိုင်ငံ
ပူးတွဲစိစစ်မှုများပြုလုပ်ဆောင်ရွက်ပေး ရန်'ဆိုတာမျိုးဟာ တစ်ဖက်သတ်ရပ်
တည်တောင်းဆိုချက်ဖြစ်ပါတယ်။ မြန် မာနိုင်ငံဟာ ဘင်္ဂါလီမွတ်ဆလင်တွေရဲ့
မိခင်နိုင်ငံမဟုတ်လို့ တံခါးမရှိ ဓားမရှိ ကိုယ့်သဘောနဲ့ကိုယ်
ပြန်လာလို့မရပါ ဘူး။ ခိုးဝင်လာတဲ့ နိုင်ငံခြားသားမှန်သမျှ လူဝင်မှု
ကြီးကြပ်ရေးဥပဒေနဲ့အရေး ယူသွားရမှာ ဖြစ်ပါတယ်။
အာနန်ကော်မရှင်ရဲ့ တောင်းဆိုချက်တွေဟာ တစ်ရစ်ပြီးတစ်ရစ် စပါး ကြီးမြွေညှစ်သလိုဖြစ်လာခဲ့ပါတယ်။
''ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက် ရှိနေသော ရခိုင်ပြည်နယ်မြောက်ပိုင်း
ဒေသမှ ဒုက္ခသည်များ မိမိတို့ဒေသသို့ ပြန်လာသည့်အခါ မြန်မာနိုင်ငံအစိုးရ
အနေဖြင့် ပြန်လာသူများ လုံခြုံစွာနေ ထိုင်ရေးအတွက် လိုအပ်သည့် လုံခြုံ
ရေးဆိုင်ရာ အကူအညီများပေးခြင်းနှင့် နေအိမ်များ ဖျက်ဆီးခံရသူများအတွက်
နေအိမ်များပြန်လည်တည်ဆောက်ပေး ခြင်းများကို ပြုလုပ်ပေးသင့်ပါသည်''
အဲဒီမှာ 'ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒုက္ခသည်များ'ဆိုတာ ဘူးသီး
တောင်မောင်တောက ဘင်္ဂါလီမွတ်ဆ လင်များကို ဆိုလိုပါတယ်။ အဲဒီ ဘင်္ဂါ
လီမွတ်ဆလင်တွေ 'မိမိတို့ ဒေသကို ပြန်လာသည့်အခါ'လို့ သုံးနှုန်းရေးသား
လိုက်ပုံဟာလည်း တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးလိုက် ခြင်း
ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းသည် လည်းကောင်း၊ ရခိုင်ပြည်နယ်တစ်ခု
လုံးသည်လည်းကောင်း ဘင်္ဂါလီမွတ်ဆ လင်တွေရဲ့ မိခင်နိုင်ငံ(မိမိတို့ဒေသ) လုံး ဝ
မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ပြန် လည်ဝင်ရောက်နေထိုင်လာခြင်းကို
ဘာ့ကြောင့် ကြိုဆိုရမှာလဲ။ ရခိုင်မြေ ပေါ် ကျူးကျော်ခိုးဝင်လုယက်ဖျက်ဆီးခဲ့
သူတွေကို အကူအညီအကာအကွယ် ပေးဖို့ တောင်းဆိုနေခြင်းဟာ နိုင်ငံ တော်ကြီး
ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်နေခြင်းသာဖြစ်ပါတယ်။
အာနန်ကော်မရှင်ဟာ ရခိုင်ဗုဒ္ဓ ဘာသာဝင်တွေအတွက် လုံးဝမငဲ့ကွက် ထည့်မတွက်ဘဲ ဘင်္ဂါလီမွတ်ဆလင် တွေအတွက်သာ ဆက်လက်အကြံပေး တင်ပြသွားပါတယ်။
''ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် များသည် မည်သည့်နိုင်ငံသားအဖြစ်မှ
ရပ်တည်နိုင်မှုမရှိသည်မှာ ကြာပြီဖြစ်ပါ သည်'တဲ့။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်
နိုင်ငံသားတွေပဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ သာတာဝန်ရှိပါတယ်။
သူတို့ရဲ့နိုင်ငံသား ဖြစ်မှုအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို သာ အရေးဆိုရမှာ
ဖြစ်ပါတယ်။
ဘင်္ဂါလီမွတ်ဆလင်တွေဟာ 'ခွဲ ခြားဆက်ဆံခံရမှုများနှင့်
အနိုင်အကျင့် ခံရမှုများကို ကြုံတွေ့နေရပါသည်။ မွတ်
ဆလင်လူ့အဖွဲ့အစည်းအနေဖြင့် လှုပ် ရှားသွားလာနိုင်မှု၊ အသက်မွေးဝမ်းကျောင်း
မှု၊ မြေယာပိုင်ဆိုင်နိုင်မှု၊ ပညာသင်ယူ နိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာ
ဆေးကု သခံယူနိုင်မှုများအပေါ် ကန့်သတ်ချက် များနှင့်
ကြုံတွေ့ခံစားနေကြရပါသည်' လို့ ဆိုပါတယ်။
ခွဲခြားဆက်ဆံမှုဆိုတာ
သဘာဝအ လျောက်ဖြစ်ပေါ်နေတာပါ။ နိုင်ငံသားနဲ့ နိုင်ငံခြားသား
အလိုလိုကွဲပြားနေပြီး သားဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီး မှာလည်း
ခိုးဝင်ကျူးကျော်နိုင်ငံခြားသား တွေဟာ ဥပဒေအရ ခွဲခြားဆက်ဆံခံနေ ရဆဲပါပဲ။
ယိုးဒယား၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ သွားရောက်နေထိုင်ကြတဲ့ ရွှေမြန်မာတွေ
ဘယ်လောက်အနိုင်ကျင့် ခံနေရသလဲ။ ရခိုင်မြေပေါ် ခိုးဝင်ကျူး ကျော်လာတဲ့
ဘင်္ဂါလီမွတ်ဆလင်တွေ ကတော့ သူတို့ကတောင်ပြန်ပြီး အနိုင်
ကျင့်စော်ကားနေလေသေးရဲ့။ အနိုင် ကျင့်တာမှ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ ရခိုင်မှာ
မနေရဲအောင် လူသတ်၊ မုဒိမ်း ကျင့်၊ ရွာတွေမီးရှို့၊ လယ်ယာမြေ၊ ကျွဲ၊
နွားတွေအပိုင်သိမ်းနဲ့ နောက်ဆုံးမှာ ရခိုင်မြောက်ပိုင်းတစ်ခုလုံး
အပိုင်သိမ်း ယူမယ့် စီမံကိန်းကြီးတွေချမှတ်ထားပြီး ဖြစ်တယ်မဟုတ်ပါလား။
အခုပဲ save zone ဆိုပြီး သီးခြားနယ်မြေ တောင်း ဆိုနေကြပေပြီ။
ဒါ့ကြောင့် အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာဟာ မုသာဝါဒအစီရင်ခံစာ သာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ကိုဖီအာနန်ကော်မရှင်က ဘင်္ဂါလီ မွတ်ဆလင်တွေကို နိုင်ငံသားပြုပေးဖို့ လည်း
အရေးတကြီးတောင်းဆိုထားပါ တယ်။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ နိုင်ငံသားအဖြစ်
စိစစ်ဆောင်ရွက် ပေး နေတာကို ဘင်္ဂါလီမွတ်ဆလင်တွေ ကိုယ်တိုင်က လက်မခံတာပါ။
ခေတ် စားနေတဲ့ စကားနဲ့ ပြောရရင် သူတို့ နောက်ကွယ်မှာလည်း လက်မည်းကြီးရှိ
နေပါတယ်။ အဲဒီ လက်မည်းကြီးကို အရင်ဖော်ထုတ်ပါလို့ အာနန်ကော်မရှင် ကို
မေတ္တာရပ်ခံချင်ပါတယ်။
''အစိုးရအနေဖြင့် အမုန်းတရား
များသည့်ပြောဆို၊ ဟောပြောမှုများ နှင့် ရေးသားမှုမျာကို ပြင်းထန်စွာ
ရှုတ်ချရန်နှင့် ထိုသို့ လုပ်ဆောင်သူ များကို ထိရောက်စွာအရေးယူမှုများ ပြု
လုပ်သင့်ပါသည်။ နိုင်ငံရေး ဘာသာ ရေးနှင့် လူ့အဖွဲ့အစည်းများမှ ခေါင်း
ဆောင်များသည် အမုန်းတရား ပွားများ စေသည့် ဟောပြောမှုနှင့် ရေးသားမှုများ ကို
ရှုတ်ချသွားသင့်ပါသည်'' လို့ ဆို ထားပြန်ပါတယ်။
ဘင်္ဂါလီမွတ်ဆလင်တွေ
ကိုလိုနီ ခေတ် ၁၉၄၂ ကစပြီး ယနေ့ခေတ်တိုင် အောင် အကြမ်းဖက်ခဲ့ပုံတွေ၊ ဂျီဟတ်
စစ်ဆင်နွှဲပြီး ရခိုင်တွေ သွေးချောင်းစီး အောင် သတ်ဖြတ်ခဲ့ပုံတွေဟာ သမိုင်း
အမှန်တရားပါ။ အမှန်တရားကို ပယ် ဖျက်ပိတ်ပင်နေတာလား။ ကိုဖီအာနန် အပါအဝင်
ရေပေါ်ဆီနိုင်ငံရေးသမား လူလည်ကြီးတွေဟာ အမှန်တရားနဲ့ အ မုန်းတရားကို
ခွဲခြားနားလည်သူတွေမ ဟုတ်ကြပါ။ အမှန်တရားအတွက် သတ္တိရှိရှိ ရင်ဆိုင်ရဲသူတွေ
မဟုတ်ဘဲ တစ်ဖက်သတ်ပိတ်ဆို့ ဖိနှိပ်နေသူများ သာဖြစ်ပါတယ်။
၇၂ နှစ်မြောက် တပ်မတော်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှန်တရားကို ဖော်ထုတ်ပြောကြား သွားတယ်။
-တို့နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး
- ရခိုင်မှာရှိတဲ့ ဘင်္ဂါလီများအနေ နဲ့ မြန်မာတိုင်းရင်းသားတွေမဟုတ်
- နိုင်ငံရေးနဲ့ ဘာသာရေးအ ကြောင်းပြုပြီး ဆောင်ရွက်လာမှုများ (ယခု
ကိုဖီအာနန်ကော်မရှင်လုပ်နေပုံ မျိုး)ဟာ နိုင်ငံတော်ရဲ့အချုပ်အခြာအာ ဏာကို
ထိပါးလာနိုင် -
ဗိုလ်ချုပ်မှူးကြီး အမုန်းတရား ပြောတယ်ဆိုပြီး
အရေးယူရဲပါသလား။ ပြည်သူလူထုကြားချင်နေတဲ့ အမှန်တ ရားကို
တစ်ကမ္ဘာလုံးကြားသိအောင် ထုတ်ဖော်ပြောကြားပေးလိုက်တာ ဘယ် ပုဒ်မနဲ့
တရားစွဲမှာလဲ။
အာနန်ကော်မရှင်က မွတ်ဆလင် များရဲ့
နိုင်ငံရေးအခွင့်အရေးကိုလည်း တောင်းဆိုထားပါတယ်။ မြန်မာ့နိုင်ငံ ရေးစနစ်မှာ
မည်သည့်အဆင့်တွင်မှ မွတ်ဆလင် ကိုယ်စားလှယ်များမရှိဘူး လို့ဆိုပါတယ်။
ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် စစ်တွေမြို့ရှိ ပြည်နယ်
အဆင့်လွှတ်တော်တွေမှာ မွတ်ဆလင် ကိုယ်စားလှယ်တွေကို မတွေ့ရဘူးလို့ ပြောပါတယ်။
ဒါက ဒီချုပ်ပါတီ ကြီးစိုးလွှမ်းမိုး ချိန်မှာ ဖြစ်ပေါ်နေတဲ့အနေအထားပါ။
ဦးသိန်းစိန်ခေတ်က လွှတ်တော်ထဲမှာ ဦးရွှေမောင်တို့လို ဘင်္ဂါလီအမတ်တွေ ကို
ခေါင်းပေါင်းစတလူလူနဲ့ တွေ့မြင်ခဲ့ ရပြီ ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို လွှတ်
တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းမခံရအောင် တားမြစ်ခဲ့ တာ
ဒီချုပ်ပါတီကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ မွတ်ဆလင်ပါတီလေးပါတီက ကိုယ်စား လှယ်တွေ
ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်ယောက်မှ ရွေး
ချယ်မခံရတာကတော့ လူထုရဲ့ အဆုံး အဖြတ်ပါပဲ။ ဒါပေမဲ့ ဒီ ချုပ်ပါတီအပေါ်
သြဇာကြီးမားစွာ လွှမ်းမိုးထားသူက တော့ မွတ်ဆလင်ရှေ့နေကြီး ဦးကိုနီ
ဖြစ်ပါတယ်။ သူက လွှတ်တော်ထဲမှာ မွတ်ဆလင်အမတ် ၆ဝ ကျော်လောက် အထိ
နေရာယူနိုင်ရေးအတွက် စိတ်ကူး ယဉ်ဗျူဟာဆင်ခဲ့သူဖြစ်ပါတယ်။
အာနန်ကော်မရှင်ရဲ့ ကြားဖြတ်အ စီရင်ခံစာကို ဒီချုပ်ပါတီအစိုးရက သ
ဘောတူလက်ခံပါတယ်ဆိုရင် ခိုးဝင် ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ အကျိုးစီးပွား ကို
စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတော့ မှာလားလို့ မေးခွန်းထုတ်ပြီး စောင့်
ကြည့်သွားရမှာဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
မောင်သွေးချွန်
၃ဝ-၃-၂ဝ၁၇
(အောင်ဇေယျတုဂျာနယ်၊ အမှတ် ၁၆၉ ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)