Wednesday, September 17, 2014

မောင်တောတွင် ရခိုင်တိုင်းရင်းသားများမှာ ရွာပျက်သည်အထိ စွန့်ခွာလာကြဟုဆို

ကေဇူး.(Mizzima) 
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများတွင် နေထိုင်သောရခိုင်တိုင်းရင်းသားများသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်၍ နေအိမ်စွန့်ခွာပြောင်းရွှေ့မှုများရှိလာပြီး ရွာပျက်သည်အထိ ဖြစ်နေသည်ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကိုပြောသည်။
Rakhine-women
စစ်တွေမြို့၊ စက်ရုံရပ်ကွက်အတွင်း ရခိုင်အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ ပြည်နယ်မြောက်ပိုင်းရှိ ရခိုင်ကျေးရွာအချို့ လုံခြုံရေးကြောင့် ရွှေ့ပြောင်းမှုများ ရှိနေသည်။ (ဓာတ်ပုံ - အီးပီအေ)
ရခိုင်ပြည်နယ် မြို့နယ်အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ဝင်များက ဦးဆောင်၍ မောင်တောမြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို စက်တင်ဘာလမှစတင်၍ မှတ်တမ်းတင်ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိသည်။
“အိမ်ခြေရာနဲ့ချီပြီးရှိခဲ့တဲ့ ရခိုင်ရွာကြီးတွေ ရွာလုံးကျွတ်ပြောင်းသွားကြတဲ့အထိ ရှိတယ်။ တချို့လည်းတစ် အိမ်တည်းကျန်ခဲ့တယ်” ဟု မောင်တောမြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများ၏ နေထိုင်မှုအခြေအနေများ ကို ဦးဆောင်ကောက်ခံနေသော စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
ထိုသို့ပြောင်းရွှေ့မှုများမှာ ကျေးရွာအတွင်း ဘင်္ဂါလီလူဦးရေ ပိုများလာခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ဘင်္ဂါလီ ကျေးရွာများက လူဦးရေများပြားလာခြင်းနှင့်အတူ နှစ်ဖက်ပဋိပက္ခနောက်ပိုင်းတွင် နေထိုင်ရန် စိုးရိမ်မှုများ ရှိလာခြင်းကြောင့်ဟုလည်းဆိုသည်။
မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများတွင် ပြောင်းရွှေ့မှုအများဆုံးဖြစ်ပေါ်လျက်ရှိပြီး မောင်တောမြို့ ပေါ်နှင့် အခြားသောဒေသများကို ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။မောင်တောမြို့နယ်အတွင်းရှိ ပီးယေကျေးရွာ၊ အထက်ပြူးမ၊ သရက်အုပ်ကျေးရွာ အပါအ၀င်ကျေးရွာ ၁၀ ကျော်ကို မှတ် တမ်းရိုက်ကူးပြီး ဖြစ်သည်။ ထို ၁၀ ကျော်တွင် ရွာလုံးကျွတ်ထွက်ခွာသွားသည့် ကျေးရွာများလည်း ပါဝင်နေသည်ဟုဆို သည်။

ငါးနှစ်သားကလေး၏မျက်လုံးကို မအေဖြစ်သူ အပါအဝင် မိသားစုလိုက် ဇွန်းတစ်ချောင်းဖြင့်ဖောက်ထုတ်





ငါးနှစ်သား ကလေးတစ်ဦးရဲ့မျက်လုံးကို ဇွန်းတစ်ချောင်းနဲ့ ဖောက်ထုတ်မှုကြောင့် မအေဖြစ်သူ အပါအဝင် ဆွေမျိုးငါးယောက်ကို မက္ကဆီကို နိုင်ငံမှာ ထောင်ချလိုက်ပါတယ်။

DailyMail ရဲ့ဖော်ပြချက်အရ သူတို့ဟာ ဓလေ့ထုံးတမ်းပွဲ တစ်ပွဲဖြစ်တဲ့ စေတန်နတ်ဆိုးပွဲကို ကျင်းပနေကြ တာဖြစ်ပါတယ်။

ရခိုင် ပင်လယ်ပြင် လုံခြုံရေးအားနည်းမှု လွှတ်တော်အမတ်အချို့ ဝေဖန်

ကေဇူး
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများ၏ ပင်လယ်ထွက်ပေါက် လုံခြုံရေးများနှင့် ပတ်သက်ပြီး အစိုးရ၏ လုံခြုံရေးအားနည်းမှုကို မြို့နယ်အသီးသီးရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်လိုက်သည်။
Rakhine-Quaysi
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရေကြောင်းလုံခြုံရေးယူနေသည့် စစ်သင်္ဘောတစ်စင်းအား ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
ရခိုင်ကမ်းရိုးတန်းဒေသတွင် မိုးရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်သည်နှင့် ပင်လယ်ရေထွက်ပေါက်များမှ ကုန်စည်နှင့် လူအဝင်အထွက်များ ရှိလာသော်လည်း ပြည်နယ်အစိုးရက လုံခြုံရေးကို ထိန်းချုပ်နိုင်ခြင်း မရှိဟု ကျောက်တော်မြို့နယ် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
ဦးစောငြိမ်းက “လွှတ်တော်ထဲမှာ လည်းတင်ပြတယ်။ အပြင်ကဆွေးနွေးပွဲ တွေမှာလည်း ပြောတယ်။ ရေကြောင်းလုံခြုံရေးကို ခုထိ ဘာမှလက်တွေ့လုပ် နိုင်တာ မရှိသေးဘူး” ဟု ပြောသည်။

အမေရိကန် နဲ့ ISIS ဇာတ်လမ်း



ISIS(Islamic State of Iraq and Syria)

ဇာတ်လမ်းရဲ့အစက မိုဟာမက်သေတာပဲ။ ဒီလူက မိန်းမတွေအများကြီးယူခဲ့တော့ သူသေတော့ မိန်းမတွေနဲ့ မိန်းတယောက်စီတိုင်းမှာ မွေးထားတဲ့သားသမီးတွေ အုပ်စုလိုက်ကြီးကျန်ခဲ့တယ်။

အဲလို မိန်းမ+သားသမီးအုပ်စုတွေဟာ အစ္စလာမ်ဘာသာကို ဘယ်သူက ဆက်ပြီး တည်တံ့အောင် ပြန့်ပွားအောင် ဦးဆောင်မလဲလို့ ဆွေးနွေးကြတယ်။


တခုသောအုပ်စုက သူတို့သာ ဦးဆောင်မယ်လို့ဆိုတယ်။ ဒီအုပ်စုဟာ မိဖုရားခေါင်းကြီးနဲ့သားသမီးများ အုပ်စုဖြစ်မယ်ထင်ပါတယ်။ သူတို့မွေးဖွားဆင်းသက်လာသူတွေက ရှီယိုက်တွေဖြစ်လာတယ်။ လူနည်းစု။

တခြားအုပ်စုတွေကတော့ အများသဘောတူရွေးစေချင်တယ်။ သူတို့က ဆင်းသက်လာသူတွေဟာ ဆွန်နီဖြစ်လာတယ်။ လူများစု။

လက်ရှိအစ္စလာမ်ဘာသာဝင်တွေရဲ့ ၈၀%ကျော်က ဆွန်နီတွေ။ 
အဲနှစ်ဖွဲ့ဟာ မတည့်အတူနေ ဆိုရမယ်။ နှစ်ဖွဲ့ထဲ သတ်ကြ ဖြတ်ကြလုပ်နေကြတာ အနှစ်၁၀၀၀ကျော်နေပြီ။ အယူအဆလည်း ကွဲပြားကြတာကိုး။ ဥပမာ အီရတ်မှာဆို ဆွန်နီတွေက အုပ်စိုးတယ်။ အီရန်မှာဆို ရှိယက်တွေ အုပ်စိုးတယ်။ ဒါကြောင့် အဲနှစ်နိုင်ငံ မတည့်ဘူး။ စစ်တောင် ဖြစ်ဖူးသေးတယ်။

အခု ISISဆိုတဲ့ ငတိတွေက ဆွန်နီတွေ။ အတော်ဆိုးတယ်။ အီရတ်ကို အမေရိကန်ဝင်ပြီးတဲ့နောက် ဒီကောင်တွေပေါ်လာတာပဲ။ အမေရိကန်ကလည်း မသိမသာ လွှတ်ထားတယ်။ ထမင်းဖိုးပေးတယ်။ ဘာလို့ဆို ရှီးယိုက်အုပ်စိုးတဲ့အီရန်ကို စိတ်ညစ်အောင်လုပ်ဖို့လေ။ ဒါက ပထမတခါ။

ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား



ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တစ်ဝက်ပဲ ကျန်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပမာပေး ပြောပါတယ်။

အစိုးရသစ် လက်ထက်မှာ စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဝန်ကြီးဌာန အသီးသီးက တောင်းခံလာတဲ့ ဘဏ္ဍာငွေတွေကို လွှတ်တော်က ခွင့်ပြုပေးထားပေမယ့် အစိုးရဌာနတွေမှာ လာဘ်စားမှုတွေကြောင့် တစ်ဝက်ပဲ အမှန်တကယ် အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။

“ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်း ကျရော ဟိုလူက တစ်ဆုပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက်စား ဇီးသီးက တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘက်ဂျက်က အဲဒီလိုဖြစ်နေတယ်။ ခွင့်ပြုပေးတဲ့ကြားထဲက ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ တစ်ဝက်ပဲ ကျန်တယ်” လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။