ဆီတင်ကား ပျက်ပြီး ဆီတွေ ဖိတ်ကျလာတာကို လူအုပ်ကြီးက အလုအယက် ကျုံးခတ်နေကြရာမှ လူအုပ်ကြီးထဲက စီးကရက်မီးကြောင့် ဆီတင်ကားကြီးမီးလောင်ပေါက်ကွဲ မှု ဖြစ်ပွားကာ လူ ၁၃၂ ယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အရာရှိကဆိုပါတယ်။


ဆီတင်ကားမောင်းတဲ့ ဒရိုင်ဘာဟာဟိုင်းဝေးလမ်းမပေါ်မှာ ကားကိုလှည့်ရာမှာ အရှိန်လွန်ပြီး အရှိန်မထိမ်းနိုင် ဖြစ်ပြီး တာယာပေါက်ကွဲသွား ခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ယခုအဖြစ်အပျက်ဟာ ပန်ဂျပ်ပြည်နယ် Bahawalpu မြို့ ဆင်ခြေဖုံးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်

အလွန်ကြီးမားတဲ့လူအုပ်ကြီးဟာ ထည့်စရာတွေနဲ့ အလုအယက် ခပ်ယူခဲကြပါတယ်၊ ၄၅ မိနစ်လောက်အကြာမှာတော့ ဆီတင်ကားကြီး ကြီးမားတဲ့ မီးတောက်လုံးကြီးနဲ့ ပေါက်ကွဲတော့တာပါပဲ၊ ကယ်ဆယ်ရေးလုပ်သားတွေ အဆိုအရ လူ ၈၀ လောက် ဒါဏ်ရာရတယ်လို့ ပြောပါတယ်၊

လျံကျလာတဲ့ လောင်စာဆီတွေကို ကို ခပ်ယူနေကြချိန်မှာ ပေါက်ကွဲမီးလောင်တော့တာပါပဲ" လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Malik Muhammad Ahmed Khan က ရိုက်တာသတင်းကိုပြောပြပါတယ်၊ ခန့်မှန်းခြေ ခလေး အယောက်၂၀လောက် သေဆုံး သေဆုံးတယ်လို့လဲ သူကပြောပါတယ်