
ဂျပန်နိုင်ငံရဲ့ရှိဘူရ (Shibuya) မြို့လေးဆိုတာ သမိုင်းကြောင်းကောင်း ရှိခဲ့တဲ့ မြို့လေးတစ်မြို့ပါ ။အထူသဖြင့် သစ္စာရှိလွန်းတဲ့ ခွေးလေးတစ်ကောင်ကို ဂုဏ်ပြုပြီးအရုပ်ပြု လုပ်ထားတဲ့ အေးချမ်း လှတဲ့ မြို့လေး ပေါ့ဗျာ ။ သစ္စာတရားကို တန်ဖိုးထား ၊ ဂုဏ်ပြုထားတဲ့ မြို့လေးလို့လည်း ပြောနိုင်ပါတယ် ။
အဲဒီလို ဂျပန်နိုင်ငံရဲ့သစ္စာတရားကို ဂုဏ်ပြုထားတဲ့ မြို့လေးမှာဇာတ်တူသားစားကြပြီး သစ္စာဖောက်ကြတဲ့ အဖြစ်တစ်ခုဟာ ...၂၀၁၃ ဧပြီလ အတွင်းမှာဖြစ်သွားခဲ့ပြီး ဂျပန်ရောက်မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကိုလည်း အကျည်းတန်စေခဲ့ပါတော့တယ် ။
ဒေါ်စုရဲ့ဂျပန်ခရီးစဉ်ဟာ ၂၀၁၃ ဧပြီလ သင်္ကြန်ရှောင်ရင်းနှင့်ပဲနှစ်သုံးဆယ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့ပါတယ် ။ဒေါ်စု ဂျပန်ခရီးစဉ်ဟာ ဒေါ်စု တစ်ယောက်တည်းအတွက် သီးသန့် အောင်မြင်မှု ရရှိခဲ့တယ်လို့ - ဖြေတွေး တွေးမယ် ဆိုလျှင်တွေးလို့ရပေမယ့် ၊ ဒေါ်စု ပါတီဝင်တွေနဲ့ ဒေါ်စုအနီးကပ်နေကြ တဲ့လူတွေဟာ သစ္စာမရှိ ၊ စိတ်ပျက်ဖွယ်ရာကောင်းတဲ့ ဇာတ်တူသားစားသူတွေ ဖြစ်နေတယ် ဆိုတာ ဂျပန်ရောက် မြန်မာတိုင်းနီးပါး သိရှိသွားပြီး ဒေါ်စုပါတီအပေါ် ယုံကြည်မှုပျက်ယွင်းကုန်ကြလို့ ဆုံးရှုံးမှုလည်း ကြီးတယ်လို့ ဆိုနိုင်ပါတယ် ။
ဒေါ်စု ဂျပန်ခရီးစဉ် လာမယ်ဆိုတော့ ဂျပန်မှာရှိနေတဲ့ NLD ဝင်တွေ ဦးဆောင်ပြီး ဂျပန်ရောက် မြန်မာတွေနဲ့တွေ့ဆုံဖို့ စီစဉ်ကြပါတယ် ။ စစ်ဗိုလ်ချုပ် အပြုတ်ကြီး ဦးတင်ဦးရဲ့သားဖြစ်သူက -ထိုပွဲကို ဦးဆောင်တယ်ပေါ့ဗျာ ။
စီစဉ်မယ့် အခန်းအနားအတွက် ခန်းမဌားရမ်းဖို့ အခက်အခဲဖြစ်လာတယ် ။ ရံပုံငွေ မရှိဘူးပေါ့လေ။ တကယ်တော့လည်း ဒါက ဇာတ်နာပြတဲ့ အကြောင်းပြချက် ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ် ။ဆိုတော့ အဲဒီမှာတင်ဂျပန်ရောက်အဖွဲ့အစည်းတွေထံကပေါင်းပြီးတော့ ခန်းမ ဌားပေး လိုက်တယ်ပေါ့ဗျာ ။ ဒီ့နောက် -
ဒေါ်စုကို တွေ့ဆုံမယ့်နေရာအတွက် ဝင်ကြေး တစ်ယောက်ကိုယန်း ၂၀၀၀ ( အဲဒီအချိန် မြန်မာငွေ ၂၂၀၀၀ ကျပ်) ပေးမှသာ ဝင်ပြီး တွေ့နိုင်မှာ ပဲ ဖြစ်ပါတယ်။ ဆိုတော့ ဂျပန်ရောက်နေကြတဲ့ မြန်မာတွေဆိုတာကလည်း နဖူးကချွေး ခြေမကျအောင်ပင်ပန်းဆင်းရဲခံပြီး အလုပ်ပ်ထားရတဲ့ ငွေကြေးဖြစ်တာကြောင့် အချို့ဆိုလျှင် တွေ့ခွင့် မရခဲ့ကြရှာပါဘူး ။ ဝမ်းရေး အခက်အခဲကြောင့်ပေါ့ဗျာ။ နဲနဲပါးပါး တတ်နိုင်တဲ့ သူအများစုကတော့ -
တို့နိုင်ငံရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ဝင်ရောက် အားပေးကြပါတယ် ။ အဲဒီပွဲမှာတင် - ဒေါ်စု ဟောပြောပွဲအတွက် နောက်ခံဟာ ခွပ်ဒေါင်း အလံတင်မယ့်သူနဲ့ ဒေါ်စု၏ အမည်ကိုပဲ သုံးစွဲမယ့်သူဆိုပြီး သဘောထားကွဲလွဲတော့တာပါပဲ ။ ဒေါင်းအလံတင်ဖို့ အခြေ အတင် NLD တွေကြား ဆွေးနွေးရတာတင် ၃ ရက် လောက် ကြာပြီး နောက်ဆုံးတော့ ဒေါ်စုက သူ့နာမည် အတိုင်းပဲ တွေ့ဆုံပွဲလုပ်မယ်ဆိုမှ ကိစ္စပြတ်သွားပြီးတခန်းရပ်သွားတယ်ပေါ့ဗျာ ။
ထို့နောက် ဒေါ်စု ဂျပန်ကို သင်္ကြန်ရှောင် ရောက်လာတယ် ။ပြီးတော့ ဟောပြောပွဲလုပ်တယ် ၊ ဟိုက ပေး ဒီက ပေးတဲ့ ဆုတွေကို ပတ်ယူတယ် ။ နောက်တော့ မြန်မာပြည်ကို ပြန်သွားတယ်။
ဒေါ်စု ပြန်ပေမယ့် ဂျပန်မှာ ပြဿနာတွေ ကျန်ခဲ့တယ် ။ ဒေါ်စုဟောပြောတွေ့ဆုံပွဲက ရတဲ့ ရံပုံငွေ ကလည်းမနည်းမနော ငွေပမာဏပါပဲ ။ သို့ပေမယ့် ဒေါ်စု မိသားစု ဆရာဝန် က ဂျပန်မှာ ဆက်ပြီး ကျန်နေခဲ့တယ် ။ အလှူခံတယ် ။
ရေရှားပါးတဲ့ ဒေသတွေမှာ ရေတွင်းတူးရန် ဆိုတဲ့ ခေါင်းစဉ်လှလှလေးသုံးပြီး ဂျပန်ရောက် မြန်မာတွေထံက နေပြီးအလှူခံပါ
တော့တယ် ။
တော့တယ် ။
တစ်ဦးကို အနည်းဆုံး ယန်း ၁၀ သောင်း လောက်ထည့်ကြရ တယ် ။ အဲ့ဒီတော့ အနည်းဆုံး ဂျပန်ရောက် မြန်မာ ဦးရေကို တွက် ကြည့်လျှင်တောင် ဒေါ်စု ရဲ့မိသားစု ဆရာဝန် အလှူခံသွားတဲ့ ငွေတွေဟာ မနည်း ပါဘူး ။ မြန်မာငွေ သိန်းပေါင်း ..
ထောင်ချီတဲ့ ပမာဏကို အလှူခံသွားပါတယ် ။
ထောင်ချီတဲ့ ပမာဏကို အလှူခံသွားပါတယ် ။
ဂျပန်ရောက် မြန်မာတွေလည်း ပထမတော့ ဝမ်းသာ ပီတိဖြစ် ကြတယ် ။ သူတို့ရဲ့ ချွေးနဲစာ လေးတွေကို လှူ လိုက်ရတယ်
ဆိုတဲ့ စိတ်နဲ့ ဘယ်တော့များ NLD က ဦးဆောင်တဲ့ ရေတွင်းတူးတဲ့ ကိစ္စဖြစ်လာမလဲ သတင်းတမျှော်မျှော်ပေါ့ဗျာ ။ ယနေ့
အထိတော့ စာမလာ သတင်းမကြား ရေတွင်းလည်း ပျောက်ခြေရာလည်းပျောက်သွားပါပြီ ခင်ဗျာ ။
ဆိုတဲ့ စိတ်နဲ့ ဘယ်တော့များ NLD က ဦးဆောင်တဲ့ ရေတွင်းတူးတဲ့ ကိစ္စဖြစ်လာမလဲ သတင်းတမျှော်မျှော်ပေါ့ဗျာ ။ ယနေ့
အထိတော့ စာမလာ သတင်းမကြား ရေတွင်းလည်း ပျောက်ခြေရာလည်းပျောက်သွားပါပြီ ခင်ဗျာ ။
အချို့လူရည်လည်ကြတဲ့ သူတွေ ကတော့ ဒေါ်စုရဲ့ မိသားစု ဆရာဝန် လိမ်သွားပြီ ဆိုတာကို သိတယ် ။
အကောင်အထည်မပေါ်လာတဲ့ ပါတီအမည်သုံး အလှူခံတဲ့ကိစ္စကို ဒေါ်စုထံရောက်အောင်တိုင်ကြတယ် ။ သတင်းပေး
ကြတယ် ။ အဲဒီမှာတင် -
ကြတယ် ။ အဲဒီမှာတင် -
ဒေါ်စုက မျက်နှာလွဲ ခဲပစ် လုပ်တတ်တာကိုလည်းအကုန်လုံးက သိသွား တော့တာပါပဲ ။ ဒေါ်စု တာဝန် မခံပါဘူး။ သူမသိဘူး ။ သူ့နဲ့ မဆိုင် ဘူးပေါ့ ။ တကယ် တော့ ဒီလောက် တိုင်နေကြ ၊ သတင်းပေးနေကြတာ ဒေါ်စု မသိဘဲ ဘယ်နေ လိမ့်မတုန်းဗျာ ။ သိတာပေါ့ ။ ဒေါ်စု အနေနဲ့ ဒီကိစ္စ ကို မရှင်းပေးတဲ့ အပြင် ဂျပန်ရောက် မြန်မာတွေကို စိတ်ပျက်တယ် ဆိုတဲ့မှတ်ချက် စကားကိုတောင် ထပ်ပေးတယ်လို့ ဂျပန်ရောက်နေ
ကြတဲ့ မြန်မာတွေ အကြား ပြန့်သွားပြီး ဒေါ်စုနဲ့ NLDကိုအချို့ဆို အတော်စိတ်ပျက် စိတ်နာ သွားတဲ့ အထိ ဖြစ်ကုန်ပါတော့တယ် ။
ကြတဲ့ မြန်မာတွေ အကြား ပြန့်သွားပြီး ဒေါ်စုနဲ့ NLDကိုအချို့ဆို အတော်စိတ်ပျက် စိတ်နာ သွားတဲ့ အထိ ဖြစ်ကုန်ပါတော့တယ် ။
ဒါလား လူထုခေါင်းဆောင် ပေါ့ ။ ဒါလား နိုလ်ဘယ်လ်ဆုရှင်ပေါ့ ။ကိုယ့်ပါတီတွင်းက ခုတ်နေ ထစ်နေတာကိုလည်း မရှင်းနိုင် ၊ ကတိဖောက်ဖျက် သစ္စာမဲ့ပြီး ဇာတ်တူသား စားနေတာကိုလည်း မရှင်းပေးနိုင်တဲ့ အပြင် မြေနိမ့်ရာ လှံစိုက်တတ်တဲ့ရေပေါ်ဆီကြီးပေါ့ ။
အချို့ဆို မိသားစု တွေကို -စွန့်လွှတ်ပြီးတောင် ဒေါ်စုနဲ့ NLDကို တစ်ဘဝလုံး ယုံကြည် အားပေး လာခဲ့ပြီး ခုတော့ နှပ်ပစ်ခံရတဲ့ အခါ အတော် နောင်တရ ကြကုန်တယ် ။ ဘဝတွေနာကြရတဲ့ အထဲမှာမှ ထပ်ဆင့် ကတုံးပေါ် ထိပ်ကွက် ခံလိုက်ရတဲ့ အတွက် ဒေါ်စုနဲ့ NLD ကို နာကျည်းကုန်ကြတယ် ။
အချို့လည်း ခံရတဲ့ အပြင် အရှက်ထပ်ကွဲဦးမှာ ဆိုတော့ ....ရေငုံ နှုတ်ပိတ်ပြီး မထွေးနိုင် မအန်နိုင်ဖြစ်ကြရတယ် ။
ဂျပန်အခြေစိုက် ဟို အခြောက်မကြီးတော့ ထမီခြုံပြီး ဇာတ်တူသားစားကြတဲ့ ကိစ္စကို လိုက်ဖုံး လိုက်ဖာဖို့ ကြိုးစားပြီးလုပ်ပေမယ့်လည်း အမှန်တရားကို ရေရှည် ဖုံးကွယ်ဖို့က ဒီလောက်မလွယ်ဘူးလေ ။
ဒီစာကို ရေးနေရင်း .. ကျွန်တော်လည်း စဉ်းစား စရာတွေကအများကြီး ဖြစ်လာတယ် ။ တကယ်တော့ - ဒီစာကို ဂျပန်ကိုရောက်နေတဲ့ မိတ်ဆွေတစ်ယောက်ကရင်လာဖွင့်ပြီး ရေးပေးဖို့ တောင်းဆိုလို့ ရေးလိုက်ရတာဖြစ်တယ် ။
အင်း !! နိုင်ငံတော် အဆင့်နဲ့ ယှဉ်လျှင် အသေးအဖွဲ ကိစ္စဖြစ်တာလောက်ကိုတောင် မယုံမကြည် ဖြစ်နေရလျှင် ....
-
ကိုယ့် အတွေး ကိုယ့် အမြင်ဖြင့်သာ သုံးသပ်တော်မူကြပါဗျာ။
-
ဦးယဉ်ကျေး




အမျိုးသားပညာရေးဥပဒေကို
