Friday, May 8, 2015

ဆေးစွမ်းထက်သော မီးကွင်းဂမုန်းပင်(သွေးကင်ဆာပါ ပျောက်၏)



Myawady Health

မီးကွင်းဂမုန်းပင်သည် အလွန်ပင်ဆေးဖက်ဝင်သော အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါသည်။ ၄င်းအပင်ကို နေရာတိုင်းမှာ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။
(၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း
နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာ
ထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။
(၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ
ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။
(၃) နားကိုက်၊ နားပြည်ယို
မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။
(၄) ၀မ်းကိုက်နေလျှင်
မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ၀မ်းကိုက်၊ ၀မ်းဖော၊ ၀မ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။
(၅) ချောင်းဆိုး၊ သလိပ်ကပ်
ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။
(၆) သွေးကင်ဆာ
သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက သွေးကင်ဆာ သက်သာပျောက်ကင်းစေနိုင်ပါသည်။

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များ

Wednesday, May 6, 2015

နိုင်ငံတကာမီဒီယာများတွင် ရခိုင်သတင်းများကို ဘက်လိုက်ရေးသားမှုများရှိနေကြောင်း ပြင်သစ်သမိုင်း ပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါဝေဖန်


ပန်လှအောင် (မြစ်မခ)
အနောက်နိုင်ငံသား၏ ရခိုင်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ မှားယွင်းမှုများကြောင့် နိုင်ငံတကာမီဒီယာများတွင် တဖက်သတ်ဘက်လိုက်ရေးသားမှုများ တွေ့နေရကြောင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရောက်ရှိ နေသည့်ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ပြောဆိုလိုက်သည်။
“ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ သမိုင်းကို ပြန်ကြည့်ရင် ရခိုင်တွေဟာ ဘင်္ဂါလီတွေ အများဆုံးရှိနေတဲ့ စစ်တကောင်းတောင်တန်းဒေသကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ဖူးတယ်။ ဒါကြောင့် ရခိုင်တွေအနေ နဲ့လည်း ကိုယ်ပိုင်အနာဂတ်ကို   အကောင်းဆုံးဖန်တီးသွားနိုင်မယ်လို့ ယုံကြည်တယ်။”ဟု ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါက ဆိုသည်။
ရခိုင်သမိုင်းအားလေ့လာပြီး ဒေါက်တာဘွဲ့ရရှိထားသည့် ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါသည် မေ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် လာရောက်လေ့လာနေခြင်းဖြစ်သည်။
“မြန်မာနိုင်ငံလို နိုင်ငံတကာနဲ့အဆက်အဆံတွေကို ပိတ်ထားပြီးမှ ပြန်ပြီး ဖွင့်လှစ်တဲ့နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ ပြဿာနာတွေ ဖြစ်လာတာရှိတယ်။ နိုင်ငံတကာက UN အပါအ၀င် INGO၊ NGO အဖွဲ့အစည်းတွေဟာ ဖွံဖြိုးရေးစီမံကိန်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံပေါင်းစုံက ရလာတဲ့အတွေ့အကြုံကို ဒီမှာ စမ်းသုံးလေ့ရှိကြတယ်။ ဒေသခံတွေကို အလေးမထားကြဘူး။ ထိရောက်တဲ့စီမံချက်တွေဖြစ်အောင် ဒေသခံ တွေကို သေချာစစ်တမ်းကောက်ထားတာလည်း မရှိဘူး။ ဒါနဲ့ပဲ လုပ်ငန်းတွေက ဒေသမှာ မအောင်မြင်တော့ဘဲ ပြဿာနာတွေဖြစ်ရတယ်။”ဟု စစ်တွေမြို့တွင် ရောက်ရှိနေသည့် ဂျက်လိုင်ဒါက ဆိုသည်။
လက်ရှိ ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အလွတ်အကြံပေးအဖြစ် တာဝန်ယူထားသူဒေါက်တာ ဂျက်လိုင်ဒါက ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားသော ရခိုင်ပြည်နယ်အရေးအခင်း၌  ကမ္ထာနိုင့်ငံပေါင်းများစွာတို့ တွင် ပြောကြားနေသည့် ရိုဟင်ဂျာလူမျိုးဆိုသည်ကို ရခိုင်ဆိုင်ရာ သမိုင်းအထူးပြုလေ့လာခဲ့သည့် ၄င်းအနေဖြင့် နားမလည်နိုင်ကြောင်း ပြောကြားလိုက်သည်။
“ကျွန်တော်က ဒီက ဒေသခံတွေ ရဲ့ အဓိက ခံစားချက်တွေနဲ့ ပြောချင်တဲ့စကားတွေကို UN လို အဖွဲ့မျိုးတွေကို ပြန်ပြောပြပေးလို့ရအောင်လာရောက်တာဖြစ်ပါတယ်။ နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့တွေထဲမှာမှ ရခိုင်ပြည်နယ် ဖွံဖြိုးရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးမယ့် အဖွဲ့တွေကို ရွေးချယ်ပေးတတ်ဖို့ လိုတယ်။”ဟု သမိုင်းပညာရှင် ဂျက်လိုက်ဒါက ဆိုသည်။
မင်းပြားမြို့ Public Center တွင် ဒေါက်တာဂျက်လိုင်ဒါသည် မင်းပြားမြို့ပေါ်ရှိနိုင်ငံရေးပါတီများမှ ကော်မတီဝင် များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊စီးပွားရေးသမားများအပါအ၀င် လူ ၃၀ ခန့်  တက်ရောက်ကာ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီပွားရေး၊ ပညာရေးအခြေအနေများအား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tuesday, May 5, 2015

အူမကြီးကင်ဆာပျောက်သည့် သင်္ဘောသီးကြက်ဥပြုတ်


သင်္ဘောသီးနဲ့ပြုတ်ထားတဲ့ကြက်ဥပြုတ်နဲ့ ကင်ဆာပျောက်တယ်လို့ ကြားရပါတယ်။ ဘာကင်ဆာပျောက်တာလဲ။ ဘယ်လို လုပ်ရတာလဲ။ ဘယ်လောက် စားရမလဲစသဖြင့် အသီးသီး မေးလာကြပါတယ်။

တစ်ယောက်စ နှစ်ယောက်စ မေးလာတုန်းကတော့ သတိမထားမိပေမယ့် မကြာခဏ မေးလာတဲ့အခါ စိတ်ဝင်စားပြီး Google မှာ လိုက်ရှာကြည့်တော့ မြန်မာဝက်ဆိုက်တွေ၊ ဘလော့ခ်တွေမှာ ဒီဆေးနည်းကို အများအပြားတင်ထားကြတာကို မြင်တွေ့ရပါတယ်။ ရေးသူကတော့ ကြည်လွင်မြင့်(မုဒြာ) ဖြစ်ပြီး ပေးပို့သူကတော့ (ဆရာကြီးဦးသောင်းဌေး၊ တာဂွရွာ၊ အလယ်တန်းကျောင်းအုပ်ဆရာကြီး) ဆိုပြီး တွေ့ရပါတယ်။

တိုက်ကြီးမြို့နယ်၊ တာဂွရွာမှ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးဟာ အစာဟောင်းအိမ်အူမကြီးမှာ ကင်ဆာအလုံးကို တွေ့ရှိ၍ ခွဲစိပ်ကုသလျှင် ငွေကြေးအမြောက်အများကုန်ကျမည်ဖြစ်၍ ဆရာကြီးတစ်ဦးက ပေးလိုက်တဲ့ ဆေးမြီးတိုနည်းဖြင့် စမ်းသပ်ကုသကြည့်ရာ ၄င်းကင်ဆာအလုံးကြီး ပျောက်ကင်းသွားပြီး နဂိုအတိုင်း ကျန်းမာရေးပြန်ကောင်းမွန်လာခဲ့ပါတယ်။

ဆေးပြုလုပ်နည်း