Saturday, June 21, 2014
စဥ့်ကူးတွင် တပ်သိမ်း လယ်ဧက ၃၀၀၀ ကျော်အတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ပြုလုပ်
ဒုရဲအုပ်က လက်သီးဖြင့်ထိုး၍ မျက်လုံးတစ်ဖက် ပြင်းထန်စွာ ဒဏ်ရာရရှိသူက မောင်တောမြို့နယ် တရားရုံးသို့ တိုင်ကြား
ကွန်တိန်နာတွေနဲ့ ရန်ကုန်မြို
ဖမ်းဆီးခံ သံဃာ ၅ ပါးကို အာမခံဖြင့် ပြန်လွှတ်
ဦးဆန်းဆင့်တာဝန်က ရပ်စဲတဲ့ကိစ္စ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် တရားဝင်ရှင်းပြီ
ငွေကြေးအလွဲသုံးစာမှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲလိုက်တဲ့ ကိစ္စကို နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ရှင်းလင်း ခဲ့တာဖြစ်ပါတယ်။
ဦးဆန်းဆင့်က မဟာသန္တိသုခ ကိစ္စအပါအဝင် နိုင်ငံတော်သမ္မက တာဝန်ပေးတဲ့ အလုပ်တွေမှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အခုလို အရေးယူရတာလို့ ဦးရဲထွဋ်က ဆိုပါတယ်။
အလတ်စားနှင့် အငယ်စားရေတပ်များအတွက် ဘက်စုံသုံးစစ်ရေယာဉ်များ(နိဂုံး)

အမေရိကန်နိုင်ငံသည် အဆင့်မြင့်နှင့်အဆင့်နိမ့် ပေါင်းစပ်ထားသော တပ်များဖြင့်ပြည့်စုံလုံလောက်သည့် တပ်တစ်ခု တည်ထောင်ရန် နည်းလမ်းအသစ် တစ်ခု စဉ်းစားရွေးချယ်ခဲ့သည်။ ဗြိတိန်တော်ဝင်ရေတပ်သည် သင့်တင့် ကောင်းမွန်သော ပုံစံအဖြစ် ကမ္ဘာအနှံ့သွားရောက်နိုင်သည့် Type 26 တိုက်ရေယာဉ် အား ရွေးချယ်ခဲ့သည်။ ၄င်းရေယာဉ်များသည် ကမ်းခြေစောင့် တိုက်ရေယာဉ်များနှင့် ပြောင်းပြန်ကွဲပြားခြား နားပြီး စွမ်းဆောင်မှုပြည့်ဝသည့် အပြင် အနာဂတ်ခြိမ်းခြောက်မှုများအတွက် များစွာ အထောက်အ ကူပြုနိုင်သည်။
ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ
တာဝန်မှ ရပ်စဲ၍ တရားစွဲဆိုခြင်းခံထားရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းထောင်သို့ ဇွန်လ ၂၀ ရက်က ပို့ဆောင်လိုက်ပြီဖြစ်ကာ ၀န်ကြီးဟောင်း၏ မိသားစုကို နေအိမ်အကျယ်ချုပ်ထားရှိကြောင်း သတင်းရရှိသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုထားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထိုကဲ့သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နုတ်ထွက်သဖြင့် နယ်စပ်ရေးရာဝန်ကြီးက ယာယီတာဝန်ထမ်းဆောင်


စစ်တွေ။ ဇွန် ၂၀
ပြည်နယ်ဝန်ကြီးချုပ်သည် မိမိသဘောဖြင့် ၁၉ ရက်နေ့က နုတ်ထွက်ခဲ့သဖြင့် ၂၀ ရက်နေ့မှစတင်ကာ ၀န်ကြီး ချုပ်တာဝန်အား နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်းလင်းမှ ယာယီတာဝန်ထမ်းဆောင်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးတစ်ဦး၏ ပြောကြားချက်အရသိရသည်။
တာဝန်ယူထမ်းဆောင်ရသည်ကို ငြိမ်းငွေ့လာသဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာတင်ကာ နုတ်ထွက်သွားခဲ့သော ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အကောင်းဆုံးဖြစ် အောင်ထမ်းဆောင်ခဲ့သော်လည်း
ပြင်သစ်နွားများနှင့် တစ်ညနေ

18.6.2014နေ့ ညနေ4:30အချိန်ခန့်က စစ်တွေမြို့မိ/ဖများနှင့် ပြင်သစ်သံအမတ်အဖွဲ့တို့ RVစားသောက်ဆိုင်၌ တွေ့ဆုံဆွေးနွေးကြခြင်းကို ဖေ့ဘုတ်ချစ်သူများ သိရှိပြီးဖြစ်ပါမည်။
မနိင်ရင်ပေါင်း ၊ ပြီးမှသာအောင်လုပ်
Jun 21, 2014
ကာဂီးလ်စစ်ပွဲ (၁၉၉၉) အပိုင်း(၆)
ထိရောက်တဲ့ အီရတ်အစိုးရဖွဲ့ဖို့ ရှီအာ ဘာသာရေး ခေါင်းဆောင်တိုက်တွန်း

ရှီအာ ဘာသာရေး ခေါင်းဆောင်ရဲ့ တိုက်တွန်းချက်ဟာ ဝန်ကြီးချုပ် မာလီခီကို ဝေဖန်တာလို့ ယူဆနိုင်
အီရတ်နိုင်ငံမှာ သြဇာ အကြီးဆုံး ရှီအာ အာဏာပိုင် အယာတိုလာ အာလီ အယ်လ် စစ္စတာနီက ထိရောက်တဲ့ အစိုးရ အဖွဲ့သစ်တခု အမြန်ဆုံး ဖွဲ့စည်းဖို့ တိုက်တွန်းလိုက်ပါတယ်။
သောကြာနေ့ ဝတ်ပြုပွဲမှာ သူ့ရဲ့ ကိုယ်စားလှယ် ဖတ်ပြသွားခဲ့တဲ့ ကြေညာချက်ထဲမှာ အယာတိုလာ အာလီ အယ်လ် စစ္စတာနီက နောင်ဖွဲ့မယ့် ဘယ် အစိုးရမဆို အီရတ်နိုင်ငံသားတွေ အားလုံးအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ရေးကို ရှေ့ရှုတဲ့ လမ်းသစ်တွေ ဖွင့်သင့်တယ်လို့ ပြောပါတယ်။
PR စနစ်ကို တိုင်းရင်းသားပါတီတွေ ကန့်ကွက်ဆန္ဒပြမည်

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီ ၂၀ နဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ NBF ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။
နေပြည်တော် မောခမ်းနွံစားသောက်ဆိုင်မှာ NBF အဖွဲ့ဝင်တွေ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။
ရခိုင်ဝန်ကြီးချုပ် ဘာကြောင့် နှုတ်ထွက်ရသလဲ
![]() |
| ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် |
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သူ့ဆန္ဒအရ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ အကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ၀န်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်သွားတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲတစ်ဦး နှုတ်ထွက်ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်းကြည့်တော့ -
ဖိအားများကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်ခြင်းဖြစ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၁၉ ရက်က နုတ်ထွက်သွားပြီ ဖြစ်ပြီး ယခုကဲ့သို့ နုတ်ထွက်မှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ နှင့် ဝန်ကြီးအဖွဲ့အတွင်း ဖိအားများကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်ဟု ရခိုင်အရေး ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။
ဝန်ကြီးချုပ်လှမောင်တင်က နုတ်ထွက်ခွင့်တောင်းခြင်းကို သမ္မတဦးသိန်းစိန်အစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်ကို ဇွန် ၂ဝ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ထားသည်။
"သူ့ရဲ့ ကက်ဘိနက်(အစိုးရဝန်ကြီးအဖွဲ့) ထဲမှာ သူ့ကို ဝန်းရံပေးနိုင်တဲ့သူ မရှိဘူး။ တစ်ချို့ဆို ဒုက္ခပေးနိုင်လောက်တဲ့သူတွေတောင် ရှိမယ်။ ဒီတော့ ပြဿနာ တော်တော် များများက သူတစ်ယောက်တည်း ဖြေရှင်းရသလိုဖြစ်နေတယ်။ ဖိအားတွေ များလာ တာပေါ့" ဟု ရခိုင်ပြည်နယ်၊ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဆိုသည်။
ရန်ကုန် နိုင်ငံရေး နဲ့ ဦးနေ၀င်း
အာမခံနဲ့ ရေးတဲ့စာ NLD ကကောင်တွေ တရားစွဲချင်ရင် " စိန် "
အပိုင်း(၁) နိဒါန်း
တကယ်ဆိုရင် မြန်မာနိုင်ငံမှာသာ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မွတ်ဆလင်အမျိုးသမီးတိုင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရ/ ကျားမ တန်းတူမခံစားရ ဘူးဆိုတာ အဖြစ်မှန်ပါပဲ ။ သက်သေပြပါ့မယ် ။ ဒါတွေကို အမျိုးသမီးအခွင့်အရေးသမားတွေက မသိဒါလည်း ဖြစ်နိုင်ပါတယ် ။
ရှရီယာလော ကို နိုင်ငံတိုင်းမှာ ကျင့်သုံးပါတယ် ။ အပြည့်အ၀ မကျင့်သုံးတာမျိုးပဲရှိပြီး အနည်းအများဆိုသလိုကျင့်သုံးပါတယ် ။ အားပျော့တဲ့ ရှရီယာလောတွေကို မွတ်ဆလင်ဓလေ့ထုံးစံ ဆိုတာမျိုးအနေနဲ့ လူတွေက သိကြပါတယ် ။ မှတ်ယူကြပါတယ် ။ ဥပမာ လင်ကွာ မယားကွာ ကိစ္စ လိုမျိုး သားသမီးကို အိမ်ထောင်ချ ပေးတာမျိုးးတွေပါပဲ အဲဒီမှာ ပြစ်ဒဏ် ဆိုတာမျိုး ကြီးကြီးမားမား မပါလေတော့ ရှရီယာလောလို့ လူတွေက မထင်တာပဲဖြစ်ပါတယ် ။ ရှရီယာလောက အချို့ကိစ္စ တွေမှာ အပြစ်မပေးပါဘူး မဖြစ်မနေ လိုက်နာရမယ်လို့ ပဲဟောပါတယ် ။ မလိုက်နာတဲ့အခါ အီမန်ပျက်တယ်လို့ သတ်မှတ်ပါတယ် - (အီမန်=ယုံကြည်မှု) အီမန်ပျက်တော့မှ အီမန်ပျက်တဲ့အပြစ်ဒဏ်ကိုပေးပါတယ် ။
ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့

ရန်ကုန်၊ မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။
သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟုပြောသည်။
IPHONE များထက် SAMSUNG PHONE များကို ခိုးယူမှုများပြား

သို့သော် မကြာမီက ထွက်ပေါ်လာသော သုတေသနစစ်တမ်းအရ ဖုန်းသူခိုးများသည် iPhone ထက် Samsung ဖုန်းများကို ပိုမိုအကြိုက်တွေ့လာကြသည်ဟု သိရပါသည်။ ၂၀၁၄ ခုနှစ်၏ ပထမငါးလတွင် နယူးယောက် ၌ iPhone ခိုးယူမှုများမှာ ၁၉ ရာခိုင်နှုန်းကျဆင်းသွားပါသည်။ ထိုသို့ကျဆင်းသွားခြင်းသည် Apple ၏ Activation Lock စွမ်းဆောင်ချက်ကြောင့်ဖြစ်ပါသည်။ အဆိုပါစွမ်းဆောင်ချက်သည် Apple ID နှင့် Password မရှိဘဲ iPhone ကို အသုံးပြု၍မရ၊ ဒေတာများကို ဖျက်ဆီး၍မရ၊ Reactivate ပြုလုပ်၍မရဟု သိရပါသည်။ Apple က Activation Lock ကို iOS7 တွင် ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ရာဇ၀တ်မှုနှိမ်နင်းသူများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပါသည်။
Friday, June 20, 2014
KNU ဘက်မှ တဦးကျဆုံးပြီးနောက် အစိုးရတပ် နောက်ပြန်ဆုတ်
အီရတ် အကြီးဆုံး ရေနံချက်စက်ရုံကို စစ်သွေးကြွများ တိုက်ခိုက်
သုံးထပ်နှင့်အထက် အဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရန် စစ်ဆေးခ အဆ ၃၀ ကျော် တိုးမြှင့်
အောက်လွှတ်တော် ရီပတ်ပလင်ကန် လူများစု ခေါင်းဆောင်သစ် ရွေး
လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ
အမှိုက်သိမ်းမည့် ပုဂ္ဂလိက ကုမ္ပဏီ၏ ၀န်ဆောင်ခဈေးများလွန်းဟု ဝေဖန်ခံရ
ဘင်္ဂါလီများမှ နိုင်ငံသားအဖြစ်လက်ခံပေးရန်လျှောက်လွှာတင်မှု နှစ်ရက်အတွင်း တစ်ရာကျော်ရှိ
ဦးဆန်းဆင့် ဘာကြောင့် အရေးယူခံရသလဲ
Friday, June 20, 2014
ကာဂီးလ်စစ်ပွဲ(၁၉၉၉) အပိုင်း(၅)
ပြည်သူပိုင် သိမ်းထားသည့် အဆောက်အအုံများ လေလံကြေးမြင့်၍ မူလပိုင်ရှင်များ ပြန်မရ
ပြည်သူပိုင်သိမ်းဆည်း ထားသော အိမ်ရာတိုက်ခန်းများ ကို နိုင်ငံတော်က ထုခွဲရောင်းချရာ တွင် မူလပိုင်ရှင်ကိုဦးစားပေးဝယ် ယူခွင့်ပြုသည်ဟုအစိုးရအဖွဲ့က ဆိုသော်လည်း ငွေပိုပေးနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ သာရလေ့ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များကပြောသည်။
‘‘ဈေးတူပေးနိုင်ရင်တော့ ရ ပါတယ်။ ဒါပေမဲ့အစိုးရနဲ့နီးစပ်သူ တွေက မေးခွန်းကြိုပေါက်တော့မူ လပိုင်ရှင်က ဘယ်လိုမှ မယှဉ်နိုင် ဘူး’’ဟု အစိုးရလေလံပွဲများကိုဝင် ရောက်ယှဉ်ပြိုင်နေသောဆောက် လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ပြည်သူပိုင်သိမ်းအခန်းများ မူလသက်ဆိုင်သူများ တောင်းခံမှုကို နိုင်ငံတော်သမ္မတက ဥပဒေအရ လွှဲပြောင်းပေးရန် မရှိကြောင်း သမ၀ါယမ ၀န်ကြီး ဌာနဒုတိယ၀န်ကြီးဦးသန်းထွန်း ကပြည်သူ့လွှတ်တော်တွင် ပြော ကြားခဲ့သည်။ အိမ်ရာစီမံကိန်း များ၊ အဆောက်အအုံများကို စီမံ ခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ် နည်းဥပဒေနှင့်အညီရောင်းချရာ တွင် မူလသက်ဆိုင်သူ၊ပိုင်ဆိုင်သူ ကိုသာဦးစားပေး ၀ယ်ယူခွင့်ပြု မည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် အဆောက် အအုံများ ပြည်သူပိုင်သိမ်းပြီး နောက် ပြည်လည်ရယူလိုမှုဖြင့်အ စိုးရထံလျှောက်ထားပါက မဆလ ခေတ်တွင်ပြန်ရရှိမှုများရှိခဲ့သည်။ သို့သော် န၀တ၊ နအဖလက်ထက် တွင် ပြန်ပေးခြင်းမရှိဘဲ ၂၀၁၀ မှစတင်၍ အစိုးရသိမ်းထားသော အဆောက်အအုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်မှုအနေဖြင့် ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်ကြီးများ၊ အစိုးရနှင့် နီးစပ်သူများကို လေလံစနစ်ဖြင့် ချပေးခဲ့ သည်။ ‘‘လေလံပစ်ရင် မူလပိုင်ရှင် ရသွားတာက ခပ်ရှားရှားပဲ။ လက် ရှိပေါက်ဈေးဆိုတော့ မူလပိုင်ရှင် တွေက မလိုက်နိုင်တာလည်းပါ တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအ သင်း ဒုတိယဥက္ကဋ္ဌဦးသိန်းဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ငွေကြေးခ ၀ါချမှုများ ပြုလုပ်နိုင်ရန် ၂၀၀၇ နှစ်လယ်ပိုင်းမှစတင်၍ အိမ်ခြံ မြေအခွန်သက်သာသည့်စနစ်ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကိုပြ ဋ္ဌာန်းပြီးငါးနှစ်ကြာကာလအတွင်း အိမ်ခြံမြေဈေးများမှာအဆပေါင်း များစွာ မြင့်တက်ခဲ့သည်။ ထို့ ကြောင့် ပုဂ္ဂလိကပိုင် ပြောင်းလဲ ရေးကိုစတင်ချိန်တွင် ပြည်သူပိုင် အသိမ်းခံထားရသူများသည် မိမိ ပိုင်ဆိုင်သော အိမ်မြေတိုက်ခန်း များကို ၀ယ်ယူနိုင်ခြင်းမရှိတော့ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။
7Day Daily
မိကျောင်းကြီးများနှင့် နပန်းဖက်လုံးပြသည့် အာဂသတ္တိခဲများ

လူတစ်ရပ်ကျော်မျှ ကြီးမားသည့် မိကျောင်းကြီးများနှင့် ရေကူးရင်း နပန်းလုံးရမည့် ကိစ္စမျိုးမှာ သာမန်လူများအတွက် စိတ်ကူးကြည့်လျှင်ပင် ကျောချမ်းရမည့် အခြေအနေမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ မိကျောင်းကယ်တင်ရေး စခန်းတစ်ခုမှ သတ္တိခဲ အမျိုးသား၊ အမျိုးသမီးများ အတွက်ကမူ ယင်းကိစ္စသည် နိစ္စဓူဝ ဖြတ်သန်းနေကျ သမားရိုးကျ အလုပ်တစ်ခုသာ ဖြစ်သည်။
မဟုတ်မမှန် ရေးသားနေ ပါက The Voice နှင့် 7 Day တို့၏ ကျင့်ဝတ်ဖောက်ဖျက် ဖြစ်စဉ်များအား မြန်မာသံတော်ဆင့်မှ ဖွင့်ချမည် ဟုဆို
ဒေါ်အောင်ဆန်း စုကြည်မွေးနေ့တွင် ပြည်ထောင်စုသား မွတ်စလင်မ် များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပမည့် အကြောင်း ကြေညာ
စစ်ကိုင်းတိုင်း စိမ်းပြာရေညှိ ဆေးဝါးစက်ရုံ ဆက်လက်လည်ပတ်မည်
တွင်းတောင်မှ စိမ်းပြာရေညှိ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း စစ်ကိုင်းတိုင်း စိမ်းပြာရေညှိ ဆေးဝါးစက်ရုံအနေဖြင့် ဆက်လက် လည်ပတ်သွားမည်ဖြစ်ကြောင်း JUNE Pharmaceutical.,Ltd., မှ ဥက္ကဋ္ဌ ဒေါက်တာမင်းသိန်းက ပြောသည်။ တွင်းတောင်မှာ သဘာဝ ဆေးဖက်ဝင်ရေညှိ ထုတ်လုပ်မှုမှာ နှစ်ပေါင်း သုံးဆယ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် အင်းအတွင်း ရေချိုဝင်ရောက်မှုများကြောင့် ငါးမျိုးစိတ်များ ဝင်ရောက်လာကာ သာမန်ရေညှိများ ရောနှောလာပြီး စိမ်းပြာရေညှိ အရည်အသွေး ကျဆင်းလာခြင်းကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
သံတော်ဆင့်ဂျာနယ်မှ The Voice နှင့် 7 Day တို့အား သတိပေး
မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်သူများအား စစ်အစိုးရ ကာလအတွင်း ဖမ်းဆီးနှိပ်ကွပ်ရာ၌ ကမ္ဘာကျော်ခဲ့သော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွန့် ၀န်ကြီးချုပ် တာဝန်ယူသည့် အစိုးရ၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ဦးဝင်းအောင်၏သား ပိုင်ဆိုင်သည့် 7 Day Daily သတင်းစာ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက် ဆက်တိုက် မြန်မာသံတော်ဆင့်အပေါ် အများပြည်သူ အထင်အမြင် လွဲမှားစေသည့် သတင်းများအား အကျယ်တ၀င့် တိုက်ခိုက် ဖော်ပြခဲ့သည်။ ၎င်းသတင်းများ ဖော်ပြရာတွင်လည်း အထက်ပါ တပ်မတော် ထောက်လှမ်းရေးများ အကြီးအကျယ် ကိုးကွယ်၍ လူသိများခဲ့သော အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ကြီး၏ မြန်မာသံတော်ဆင့်ကို စွပ်စွဲ ကြေညာချက်များ ထည့်သွင်း၍ ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။ အလားတူ The Voice သတင်းစာမှလည်း မြန်မာသံတော်ဆင့်အား စွပ်စွဲ ဖော်ပြချက်ကို သတင်းရေးသား၍ ထုတ်ဝေခဲ့ပါသည်။
အလတ်စားနှင့် အငယ်စားရေတပ်များအတွက် ဘက်စုံသုံးစစ်ရေယာဉ်များ

ယခု ဆောင်းပါးတွင် တည်ဆောက်ရေးစီမံကိန်း အသစ်များအတွက် ဘက်စုံသုံး စစ်ရေယာဉ်များ၏ အခြေခံသဘောတရား များကို လေ့လာဆန်းစစ် သုံးသပ်ထားပြီး ရေယာဉ် တည်ဆောက် သူများ၏ အစီအမံများ၊ နည်းပညာများနှင့် လက်ရှိ စစ်ရေယာဉ်ဖွံ့ ဖြိုးတိုးတက် မှုများမှ ပြန်လည် အကြံပြုချက်များ ပါဝင်ပါသည်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်းကျနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်

20 June 2014
နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ရက် မွန်းလွဲ ၁ နာရီခန့်က အမှုဖွင့်ထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်း၊ စခန်းမှုး ဒုရဲမှူး ကြာညိုက "သာသနာရေးဝန်ကြီး ကို စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က အမှုဖွင့်ထားတာ ဟုတ်ပါတယ်"ဟု မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
နိုင်ငံတော်သံဃမဟာနာယကကအဖွဲ့ ၄၇ ပါးအဖွဲ့ဝင် ..... အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ၏ မိန့်ကြားချက်
Thursday, June 19, 2014
How to Root Galaxy Tab Pro 8.4 (LTE) SM-T325 on Android 4.4.2 KitKat Firmware
http://honai-android.blogspot.com/2014/03/how-to-root-galaxy-tab-pro-84-lte-sm.html
This tutorial uses CF-Auto-Root file released by Senior XDA-Developers, Chainfire. Head over to the CF-Auto-Root main thread to learn more about the root method.
Disclaimer: Rooting voids the warranty of your device. We and the developer of this rooting procedures shall not be held responsible if any undesirable outcomes may happen to your device. use of this root guide is solely at your own risk!
ကာဂီးလ်စစ်ပွဲ (၁၉၉၉) အပိုင်း(၄)
အမေရိကန် လေကြောင်းတိုက်ခိုက်မှု စစ်ကူ အီရတ်တောင်းခံ

အီရတ်နိုင်ငံ မြောက်ပိုင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒတ်မြို့တော်ကိုပါ ခြိမ်းခြောက်လာနေတဲ့ ဆူနီအစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အမေရိကန် လေကြောင်းက တိုက်ကူပေးဖို့ အီရတ်က အကူအညီ တောင်းထားတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်အရာရှိတဦးက ပြောလိုက်ပါတယ်။
အမေရိကန် ပူးတွဲ စစ်ဦးစီးများအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Martin Dempsey က အမေရိကန် အထက်လွှတ်တော်ကို ပြောဆိုခဲ့တာပါ။ အီရတ်အစိုးရအနေနဲ့ သူ့လူထုကို အကာအကွယ် မပေးနိုင်တော့တာကြောင့်၊ စစ်ပြန်တဦးအနေနဲ့ သူဟာ အတော်ကြီး စစ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ဗိုလ်ချုပ်ကြီး Dempsey က အထက်လွှတ်တော် ကော်မတီကြားနားပွဲတခုမှာ ပြောပါတယ်။
မြန်မာ အလုပ်သမားအရေး ထိုင်း စစ်ဦးစီးချုပ်နဲ့ မြန်မာ သံအမတ် ဆွေးနွေး
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နဲ့ ထိုင်း ဘုရင့်တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ထနာဆက် (Genaral Thanasak Patimaprakorn) တို့တွေ့ဆုံပြီး မြန်မာ အလုပ်သမားတွေကို မဖမ်းဆီးဖို့နဲ့ တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ထနာဆက် အပါအဝင် အလုပ်သမားတွေကို တရားဝင် စနစ်တကျ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် စစ်တပ်က ဦး ဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့မှ တာဝန်ရှိသူတွေလည်း ပါဝင်ပြီး ဘန်ကောက်မြို့မှာ ဇွန်လ ၆ ရက်နေ့က တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင် က ဧရာဝတီကို ပြောပါတယ်။
.jpg)
.jpg)
.jpg)







.jpg)
.jpg)
.jpg)
.jpg)
.jpg)

.png)
.jpg)
.jpg)