Friday, June 2, 2017

ရာဇဝင်ထဲက ဖြစ်ရပ်ဆန်း

Image may contain: 1 person


သီပေါမင်းလက်ထက် အင်္ဂလိပ် မြန်မာ တတိယ စစ်ပွဲတလျှောက် အင်္ဂလိပ်တို့အား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သူများတွင် လှေသင်းအတွင်းဝန် ဦးရွှေမောင်သည် အလွန်ကျော်ကြားလှသည်။
စလေမြို့စား မင်းကြီး ဇေယျကျော်ထင်ဘွဲ့ ရရှိခဲ့သူဖြစ်ပြီး “အင်္ဂလိပ် စစ်သင်္ဘောများအား ခုခံတိုက်ခိုက်ခြင်း မပြုရ”
ဟူသော အမိန့်ကို ဆန့်ကျင်ကာ အင်္ဂလိပ်တို့အား တိုက်ခိုက်ခဲ့သူဖြစ်သည်။
ထိုတိုက်ပွဲတွင် ကျည်ဆံ ဗုံးဆံများကြားထဲမှ မတ်မတ်ရပ် စီစဉ်ညွှန်ကြားနေသော ဦးရွှေမောင်သည် ဒါဏ်ရာတစ်ခုတစ်လေမှ ပင်မရ။ သူ၏ တပည့်များကတော့ လှေသင်းအတွင်းဝန် မင်း၏ ကာယသိဒ္ဓိဆေးများကြောင့် ဟု ထင်ကြသည်။

လှေသင်းအတွင်းဝန်မင်း၏ နောက်ဆုံးဘဝနိဂုံးမှာ ထူးဆန်းလှသည်။ သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်တို့က ဦးရွှေမောင်အား ရာထူး ရာခံ များဖြင့်စည်းရုံးသော်လည်း အင်္ဂလိပ်လက်အောက်၌ လုံးဝမလုပ်လို ဟူ၍ ငြင်းပယ်လိုက်သည်။ မိမိဇာတိ ဝါးချက်ရာသို့ မကြာခဏ သွားရောက်လေ့ရှိရာ တစ်နေ့တွင် မင်းကျောင်းဆရာတော်က လှေသင်းအတွင်းဝန်၏ ဇာတာကို ယူ၍ကြည့်သည်။ ကြည့်ရင်း-
“ဒကာကြီး ၊ ဇာတာအရဆိုရင် သူတစ်ပါး လက်နက် နဲ့ မသေနိုင်ပေမယ့် အဆိပ်ရှိတဲ့ သတ္တဝါတစ်ကောင်ကိုက်ပြီး သေတတ်တယ်၊ အကောင်းပကတိကနေ ရူးသွပ်သွားတတ် တဲ့ အကောင်ကြီးကြီးကို သတိထားပါ” ဟု မိန့်ဆိုလေသည်။
လှေသင်းအတွင်းဝန်ကတော့ ဆရာတော်၏ အဆိုကို သိပ်သဘောမကျ။ ဓါး ၊ သေနတ် နဲ့တောင် မသေတဲ့သူက အကောင်ကိုက်လို့ သေမယ် ဆိုသည်ကြောင့်ပင်။

သို့သော် မိမိယုံကြည်ရသည့် ဆရာတော့်စကားကို မပယ်ရှားဝံ့။ ဆရာတော်စကားကို စဉ်းစားကြည့်လျှင် မိမိကို ကိုက်မည့်အကောင်မှာ ခွေးရူး ဖြစ်နိုင်ကြောင်း ဦးရွှေမောင်သိသည်။
သို့ဖြင့် အသေအချာ စဉ်းစားပြီးသည့်နောက် ခွေးရူးကာကွယ်ရေး အစီအစဉ်များကို လုပ်ဆောင်သည်။ ယခင်မြို့ထဲရှိအိမ်၌ မနေတော့ပဲ မိမိပိုင် တက်သေးအင်းနားရှိ ဥယျာဉ်ခြံထဲက အိမ်လေးတွင် ပြောင်းရွှေ့နေထိုင်သည်။ အိမ်လေးမှာ ခြေတံရှည်အိမ်ဖြစ်ပြီး အိမ်လေးဆီကိုရောက်ရန် ပေ၁၀ဝ ခန့်ကျယ်သော ချောင်းကို ဖြတ်ကူးရမည် ဖြစ်သဖြင့် ခွေးရူးမရောက်နိုင်ဟု ထင်မိသည်။
ထိုအိမ်လေးတွင် နေရင်းတစ်နေ့တွင် အတွင်းဝန်မင်း၏ သားဖြစ်သူ နေထိုင်မကောင်းဖြစ်သဖြင့် နေ့မအား ညမအားပြုစုရသည်။ ယင်းသို့ ပြုစုနေစဉ်အတွင်း တစ်မနက် အာရုဏ်တက်တွင် ခွေးရူးတစ်ကောင်သည် ချောင်းကိုဖြတ်ကူးကာ အတွင်းဝန်မင်း၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ နံနက်စောစော ထမင်းထချက်သည့် အမျိုးသမီးက မြင်သဖြင့် ခွေးရူးအား ဟိန်းဟောက်လိုက်သည်။ ထိုအသံကို ကြား၍ အတွင်းဝန်မင်းထလာရာ ခွေးရူးသည် အတွင်းဝန်မင်း၏ ခြေသလုံးအား ကိုက်လိုက်လေတော့သည်။ ခွေးရူးသည် လှေအတွင်းဝန်မင်းအား ကိုက်ပြီးသည်နှင့် မည်သည့်နေရာရောက်သွားမှန်း မသိ။ ပျောက်ခြင်းမလှ ချက်ချင်း ပျောက်သွား၏။
ဦးရွှေမောင်သည် ခွေးရူးရောဂါကို ဆေးအမျိုးမျိုး ၊ ဆရာအမျိုးမျိုးနှင့် ကုသပါသော်လည်း မသက်သာတော့ပဲ နောက်ဆုံး ထိုရောဂါဖြင့်ပင် ဆုံးပါးသွားလေသည်။
အန္တရာယ်ကို ကြိုသိ၍ ကာကွယ်ထားပါသော်လည်း ကာကွယ်ထားသည့်ကြားမှပင် အသက်ဆုံးသွားရသည့် လှေအသင်းဝန်မင်း၏ နိဂုံးမှာ ထူးဆန်းလှပေတော့သည်။

ref:
#ရာဇဝင်ထဲကဖြစ်ရပ်ဆန်းများ – #တင်နိုင်တိုး
#မြန်မာ့သမိုင်းဝင်သမိုင်းတွင်ခဲ့သောဖြစ်ရပ်များ – #နန္ဒာမိုးကြယ်

Thursday, June 1, 2017

"မျက်မှောက်သာသနာ့အခြေအနေနှင့် သာသနာ့တာဝန်ကြီး (၄)ရပ်"

Image may contain: 1 person, flower

ဒီကနေ့ သီရိလင်္ကာနိုင်ငံမှာကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား(သို့မဟုတ်) ဗုဒ္ဓဘာသာ နိုင်ငံပေါင်း(၅၀)ကျော်တို့၏ အစည်းအဝေးကြီးမှာ စကားပြောခွင့်ရတာ အလွန်ဝမ်းမြောက်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပြောကြားခွင့်ရလို့လည်း ပို၍ပို၍ ဝမ်းမြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ အရှေ့တောင်အာရှ (သို့မဟုတ်) ဗုဒ္ဓသာသနာ ပြန့်ပွားဖြန့်ချီရာဒေသဟာ သီရိလင်္ကာနိုင်ငံ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ ပါဠိစာပေလောကကြီးတစ်ခုလုံး သင်ကြားပို့ချနေကြတဲ့ အဋ္ဌကထာနှင့် ဋီကာတွေ အားလုံးဟာ သီရိလင်္ကာနိုင်ငံမှာ ပေါက်ဖွားတဲ့ ကျမ်းစာတွေ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးသော နောက် နှစ် (၂၃၆)မှာ သီရိဓမ္မာသောကမင်းကြီးက ကိုးတိုင်းကိုးဌာနသို့ သာသနာပြုတွေ စေလွှတ်ခဲ့ပါတယ်။ ပါဋလိပုတ္တရဲ့ အနောက်မြောက် ယောနကတိုင်းသို့ ဓမ္မဒူတအဖွဲ့တစ်ဖွဲ့ စေလွှတ်ပါတယ်။ အဲဒီ ယောနကတိုင်းဆိုတဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးဟာ ဒီကနေ့ ဂရိ၊ တူရကီ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။ နောက် အသောက စေလွှတ်သော Mission တစ်ခု ဂန္ဓာရတိုင်း၊ ကသ္မီရတိုင်းများသို့ ကြွသွားသည်ဟု မှတ်တမ်းရှိပါသည်။ ဂန္ဓာရတိုင်းဟာလည်း ဒီကနေ့တော့ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့ ဖြစ်သွားပါပြီ။ ကသ္မီရတိုင်း ဆိုတာကတော့ ကက်ရှမီးယားကို ပြောတာပါ။ ဝင်္ဂတိုင်း ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ် ဖြစ်ခဲ့ရပါပြီ။
အခုပြောခဲ့တဲ့ အထက်ပါ တိုင်းနိုင်ငံတွေ အားလုံးဟာ ဗုဒ္ဓဘာသာနိုင်ငံများ အဖြစ်ကနေ အစ္စလာမ်နိုင်ငံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမများ စွဲစွဲမြဲမြဲ တည်ရှိနေသည့် တိုင်းနိုင်ငံများကတော့ သုဝဏ္ဏဘူမိခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ အရှေ့တောင်အာရှနိုင်ငံများနှင့် သီရိလင်္ကာခေါ်တဲ့ သီဟိုဠ်ကျွန်း (Island of Srilanka) ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံ ရှေးဟောင်းသံဃာတော်များကို ကျွန်ုပ် ဒီနေရာကနေ အနူးအညွတ် ဦးခိုက်ပါတယ်။
ဘာကြောင့် ဦးခိုက်ရသလဲဆိုရင် အရှင်မဟိန္ဒ ခေါင်းဆောင်ခဲ့တဲ့ ဓမ္မဒူတအဖွဲ့က နှုတ်ငုံဆောင်၍ အိန္ဒိယက သယ်ဆောင်လာခဲ့သော ဘုရားဟောဖော် ပိဋကတ်တော်များကို နှုတ်ဆင့်ကမ်း သင်ယူထိန်သိမ်းနိုင်ခဲ့ကြတဲ့ စွမ်းရည်သတ္တိများကြောင့်ပါဘဲ။ နောက်ပြီးတော့ နှုတ်ဆောင်အား memory စွမ်းအားတွေ နည်းပါးလာမည့် နှောင်းခေတ်ကို မျှော်ပြီးတော့ နှုတ်ဆောင်ပိဋကတ်ကို ပေရွက်ပေါ်မှာ ပြောင်းလဲရေးသားခဲ့ကြတဲ့ ရှေးဟောင်း သီဟိုဠ် ဆရာတော်ကြီးများရဲ သဒ္ဓါ၊ ဝီရိယ စွမ်းရည်သတ္တိများကိုလည်း လေးနက်စွာ ဦးခိုက်ကြည်ညို ရပါတယ်။ ရှေးခေတ်က ဆရာတော်ကြီးများ၏ သဒ္ဓါ၊ ဝီရိယဟာ ကြီးမားတဲ့ ထုထည်ကြီးများ ဖြစ်ကြပါတယ်။ မဟာပထဝီမြေကြီး အလားပါပဲ။

Image may contain: 9 people, people standing and indoor
ဒီကနေ့မှာတော့ iPhone, iPad, Computer စတဲ့ Technology တွေ တိုးတက်လာမှုကြောင့် သာသနာထမ်း ရှင်ရဟန်းငယ်များ သဒ္ဓါ၊ ဝီရိယတွေ ခေါင်းပါးလာတာ တွေ့ရပါတယ်။ ပိဋကတ်ကို နှုတ်တိုက်၊ နှုတ်ငုံဆောင်ခြင်း မလုပ်တော့ဘဲ Computer နဲ့ ဆောင်တဲ့ IT တိပိဋကခေတ်သို့ ရောက်ရှိသွားပါပြီ။ ခေတ်မီဖွံဖြိုး တိုးတက်ခြင်းသည် အကောင်းဘက်က ရှိသလို၊ အဆိုးဘက်ကလည်း အများကြီး ရှိနေပါလိမ့်မယ်။ ဒီကနေ့ ထေရဝါဒနိုင်ငံ (မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ) တို့ရဲ့ သံဃာ အရေအတွက်ကို ကြည့်ပါ။ နိုင်ငံတိုင်းမှာ တစ်နေ့တခြား လျော့ပါးကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပေရွက်ပေါ်မှာ သံကညစ်နဲ့ စာရေးတဲ့ခေတ်က သာသနာတော်၏ဖွံဖြိုးတိုးတက်မှုတွေကို Computer ခေတ် သာသနာက ဘယ်လိုမှ မမီနိုင်ယုံမျှမက ပေခေတ်သာသနာကို Computerခေတ် သာသနာက တွန်းထိုး ကျဆင်းအောင် လုပ်နေသည်နှင့်ပင် တူလှပါသည်။

Image may contain: 10 people, people sitting and indoor
မြတ်ဗုဒ္ဓ လက်ထက်တော်ကာလ ရှင်မဟာကဿပက မြတ်စွာဘုရားအား မေးလျှောက် ပါသည်။ “မြတ်စွာဘုရား အရှင်ဘုရား ပွင့်တော်မူကာစ ပထမဗောဓိ အတွင်းက (ပထမဗောဓိ ဟူသည် ရှေ့ပိုင်း ဝါ-၂၀) သိက္ခာပုဒ်တွေက အနည်းငယ်မျှသာ ရှိပါသေးတယ်။ ဒါပေမယ့် ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ များခဲ့ပါတယ်ဘုရား။ သို့သော် ယခုအခါ (ဒုတိယဗောဓိ နောက်ပိုင်း- ၂၅ဝါ)မှာ သိက္ခာပုဒ်တွေ များ၍များ၍ လာပါတယ်။ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေ နည်း၍နည်း၍ သွားပါတယ်။ အဲဒါ ဘာကြောင့်လဲ”ဟု မေးလျှောက်ခဲ့ဖူးပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤကဲ့သို့ ဖြေကြားတော်မူပါသည်။ “အို ကဿပ - ငါဘုရားရဲ့ သာသနာတော်ကို မြေမှာ မြှုပ်လို့ မမြုပ်ဘူး၊ ရေမှာမျှောလို့လည်း မမျောဘူး၊ လေတိုက်လို့လည်း မလွင့်ဘူး၊ မီးရှို့လို့လည်း မလောင်ဘူး၊ မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးဖြင့် သာသနာ မပျက်နိုင်ဘူး။ သာသနာအတွင်းသား လူ ရှင် ရဟန်းများ ပိဋကတ်သုံးပုံကို မသင်ကြားကြတော့ဘူးဆိုရင် ပရိယတ္တိသာသနာ ကွယ်ဖို့ပဲ။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို မကျင့်ကြတော့ဘူးဆိုရင် ပဋိပတ္တိသာသနာ ကွယ်ဖို့ပဲ။

Image may contain: indoor
ရွှေအတုတွေ မပေါ်သေးသမျှကာလပတ်လုံး ရွှေအစစ်ဟာ တန်ဖိုးလည်း မကျဘူး၊ ကွယ်လည်း မကွယ်ပျောက်နိုင်ဘူး။ ဈေးပေါသော ရွှေတုတွေ အလွန်ပေါလာလေလေ တန်ဖိုးကြီးမားသော ရွှေအစစ်တွေ ပျောက်ကွယ်သွားလေလေ ဖြစ်ပါလိမ့်မည်။ ဒါကြောင့် ဒီကနေ့ ကြွရောက်တော်မူလာကြကုန်သော ထေရဝါဒ မဟာယာန ဝဇီရာယာန ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမ အားလုံးကို တောင်းပန်လိုပါတယ်။ ကွန်ပျူတာထဲ ရောက်နေတဲ့ ရွှေအစစ်နဲ့တူတဲ့ သီလ၊ သမာဓိ၊ ပညာ သာသနာတော် သုံးရပ်ကို ပေခေတ်သာသနာ့ဖခင် ရှေးဟောင်း ဆရာတော်ကြီးများရဲ့ ထုံးကို နှလုံးမူ၍ စောင့်ရှောက် ထိန်းသိမ်းတော်မူကြပါမည့် အကြောင်း လျှောက်ထားတောင်းပန်လိုပါသည်။ ထို့အပြင် တဖြည်းဖြည်းခြင်း ကျဉ်းမြောင်းကျဉ်းမြောင်း၍ လာနေသော ဗုဒ္ဓနိုင်ငံတော်ကြီး၏ နယ်မြေများကို လက်ရှိအနေအထားထက် ပို၍ ကျဉ်းမြောင်းမသွားရအောင် ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမတတွေ အားလုံး လက်တွဲ၍ ထိန်းသိမ်းသွားကြပါရန်လည်း အထူးတိုက်တွန်းလိုပါသည်။
နိဂုံးချုပ်အနေအားဖြင့် လင်္ကာဒီပသို့ ကြွလာတော်မူသော မဟိန္ဒနှင့် သင်္ဃမိတ္တာတို့၏ ထုံးကို နှလုံးမူ၍လည်းကောင်း၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံဘက်ကို ကြွရောက်တော်မူလာသော သောဏ၊ ဥတ္တရမထေရ်တို့၏ ထုံးကို နှလုံးမူ၍လည်းကောင်း

(၁) ဗုဒ္ဓဘာသာ ပြန့်ပွားရေး
Propagation of Buddha’s Teaching
(၂) ဗုဒ္ဓတရားတော်ကို ခေတ်မီနည်းစနစ်တို့ဖြင့် ဖြန့်ချီခြင်း
Promotion of Buddha’s Teaching
(၃) ဗုဒ္ဓတရားတော်ကို နည်းမျိုးစုံတို့ဖြင့်ထိန်းသိမ်းစာင့်ရှောက်ခြင်း
Preservation of Buddha’s Teaching
(၄) ဗြဟ္မဏတိဿ သူပုန်ဘေးကြီး ဆိုက်ရောက်တဲ့အခါတုန်းက လင်္ကာဒီပဆရာတော်ကြီးများ သာသနာတော်ကို အသက်လဲ၍ စောင့်ရှောက်သလို ယနေ့မျက်မှောက်ခေတ် ထေရဝါဒ၊ မဟာယာန၊ ဝဇီရာယာန ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမများအားလုံးတို့က ဗုဒ္ဓသာသနာတော်၏ အန္တရာယ်မှန်သမျှကို လက်တွဲညီညီ ကာကွယ်စောင့်ရှောက်ကြရန်
Protection of Buddha’s Teaching ဟူသော သာသနာ့တာဝန်ကြီးလေးရပ်တို့ကို နောက်မဆုတ်တမ်း ထမ်းဆောင်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။


အဘိဓဇမဟာရဋ္ဌဂုရု
သီတဂူဆရာတော် အရှင်ဉာဏိဿရ
May-12,2017 (Friday)
နိုင်ငံတကာဗုဒ္ဓနေ့ အခမ်းအနား
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

အမျိုးသားရေး နိုင်/ကျဉ်းများ ထပ်မံပေါ်လာတော့မည်လော

 No automatic alt text available.

NLD အစိုးရလက်ထက်
အောင်တိုဘာ ၄ ရက် ၂၀၁၆ နေ့က အသစ်ပြဌာန်းလိုက်သည့်
ငြိမ်းစုစီးဥပဒေသည်လည်း အမျိုးသားရေးသမားများ၊လယ်သမား၊အလုပ်သမား၊ အခြားကိုယ်ယုံကြည်ရာကို ဆန္ဒပြသည့်သူများ
သတိထားမိစေရန်
ဝင်းကိုကိုလတ် (အင်စိန်းထောင်)
တင်ပြခဲ့ဘူးသည့် ငြိမ်းစုစည်း အကြောင်း သိကောင်းစရာများအား ထပ်မံတင်ပြပေးလိုက်သည်။
အရှင်တေဇဝန္တ မျိုးချစ်-သမဂ္ဂ
ဆန္ဒပြဖို့ ခွင့်ပြုချက်မလို၊ ၄၈ နာရီကြိုတင် အသိပေးရုံသာ
▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇▇
ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်တောင်းစရာ မလိုတော့ပါဘူး။
အသိပေးတင်ပြချက်ကို စာနဲ့ ပေးပို့ရုံသာလိုပါတော့တယ်။
၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းစုစီဥပဒေကို ၂၀၁၄ ခုနှစ်မှာ တစ်ခါပြင်ဆင်ခဲ့ပါတယ်။
အခု ၂၀၁၆ ခုနှစ်မှာတော့ မူလငြိမ်းစုစီဥပဒေကို ရုပ်သိမ်းလိုက်ပြီး ငြိမ်းစုစီဥပဒေအသစ်ကို ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ(၄)ရက်နေ့က အသစ်ပြန်လည် ပြဋ္ဌာန်းလိုက်ပါတယ်။
ဥပဒေအဟောင်းတုန်းက ဆန္ဒပြ မယ့်နေ့မတိုင်မီ (၅)ရက်ကြိုတင် ခွင့်ပြုချက်တောင်းခံရပြီး အခု အသစ်မှာတော့ ၄၈ နာရီ ကြိုတင်အသိပေးတင်ပြရုံပါပဲ။
အရင်ဥပဒေအရဆိုရင် ဆန္ဒပြဖို့ ခွင့်ပြုချက်မတင်ရင် ပုဒ်မ ၁၈ နဲ့ အရေးယူပြီး ထောင်ဒဏ်(၆)လ အထိ အပြစ်ပေးနိုင်ပါတယ်။
အခု ဥပဒေအသစ်မှာတော့ အသိပေးတင်ပြခြင်းမရှိဘဲ ဆန္ဒပြရင် ပုဒ်မ ၁၉ နဲ့ အရေးယူမှာဖြစ်ပြီး ထောင်ဒဏ်က (၃)လ အထိ အပြစ်ပေးနိုင်ပါတယ်။
ထူးခြားချက်ကတော့ အရင်ဥပဒေမှာမပါတဲ့အချက်တစ်ခု ပါလာပါတယ်။
အဲဒါကတော့ ပုဒ်မ ၁၉ နဲ့ တစ်ကြိမ်အရေးယူခံထားရပြီးတဲ့သူဟာ နောက်ထပ် အသိပေးတင်ပြခြင်းမရှိဘဲ ဆန္ဒပြခဲ့ရင် ထောင်ဒဏ်(၁)နှစ်အထိ အပြစ်ပေးနိုင်တာပါပဲ။
အကြိမ်ကြိမ်မကျူးလွန်နိုင်အောင် လုပ်ထားတာကို တွေ့ရပါတယ်။
အရင်ဥပဒေက ခွင့်ပြုချက်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်ရင် ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်(၃)လ အထိ အရေးယူနိုင်ပြီး အခု ဥပဒေအသစ်မှာတော့
အသိပေးတင်ပြထားတဲ့အတိုင်း မပြုလုပ်ဘဲ ချိုးဖောက်ခဲ့ရင်တော့
ပုဒ်မ ၂၀ ထောင်ဒဏ်(၁) လ အထိအရေးယူနိုင်ပါတယ်။
နောက်ထပ်ထပ်မံချိုးဖောက်ခဲ့ရင်တော့ ထောင်ဒဏ်(၃)လ အထိ အရေးယူခံရနိုင်အောင်လည်း ထည့်သွင်းထားပါသေးတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုက အသိပေးတင်ပြခြင်းမရှိတာရယ်၊ အသိပေးတင်ပြချက်ကို ဖောက်ဖျက်လို့ အရေးယူတဲ့အခါမှာ စတင်တဲ့ မြို့နယ်တစ်ခုမှာပဲ တရားစွဲရမှာဖြစ်ပြီး ဖြတ်သန်းသွားလာတဲ့ မြို့တွေမှာ နောက်ထပ်စွဲဆိုတာတွေ လုပ်လို့မရတော့ပါဘူး။
အရင်တုန်းက ဥပဒေအဟောင်းအရဆိုရင်တော့ စတင်တဲ့ မြို့နယ်မှာလည်းစွဲ၊ ဖြတ်သန်းသွားတဲ့မြို့တွေမှာပါ စွဲလို့ရပါတယ်။
နောက်ထပ်ထူးခြားတာတစ်ခုက တရားစွဲဆိုတဲ့အခါ ဆန္ဒပြပြီး ၁၅ ရက်အတွင်း တရားရုံးကို တင်ပို့ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အမေရိကန်သံရုံးကို ဆန္ဒပြခဲ့ကြတာ ၄ လပိုင်းဖြစ်ပေမယ့် တရားရုံးကို တင်တဲ့အခါ ၈ လပိုင်းမှ ဖြစ်ပါတယ်။
အခုဥပဒေအသစ်သာ အဲဒီအချိန်က ရှိခဲ့ရင် ကျွန်တော်တို့ ကင်းလွတ်မှာဖြစ်ပါတယ်။
အသိပေးတင်ပြပြီး ဆန္ဒပြတဲ့သူတွေကို နှောင်ယှက်တဲ့သူကို ထောင်ဒဏ်(၁)နှစ်အထိ အရေးယူနိုင်တယ်လို့လည်း ပုဒ်မ ၁၈ ပြဋ္ဌာန်းပေးထားပြီး အရင်ဥပဒေတုန်းက ပုဒ်မ ၁၇ ဖြစ်ပါတယ်။
အရင်ဥပဒေမှာ မပါဝင်တဲ့အချက်တွေကိုလည်း ထပ်ထည့်ထားပါသေးတယ်။
အဲဒါတွေက
#လူသားအချင်းချင်း မတူကွဲပြားမှုကြောင့် ခွဲခြားနှိမ့်ချခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကို ရည်ရွယ်သော အပြုအမူ တို့ကို မလုပ်ရဘူးလို့ ဆိုထားပါတယ်။
#ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ ပြုလုပ် စေရန် မရိုးမဖြောင့်သောသဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်းတစ်စုံတစ်ရာ ပေး၍ သွေးဆောင်ခြင်းမပြုရ။
#ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ ပြုရာတွင် သူတစ်ဦးဦးအားပါဝင်စေရန် ခြိမ်းခြောက်ခြင်း၊ အတင်းအကျပ်ပြုခြင်း၊ အနိုင်အထက်ပြုခြင်း၊ မလျော်သြဇာသုံးခြင်းတို့ မပြုလုပ်ရ။
ဆိုတဲ့အချက်တွေပါ။
ဆန္ဒပြဖို့ အခကြေးငွေနဲ့ မငှါးရဘူး၊အနိုင်အထက်ပြုပြီး လူတွေမခေါ်လာရဘူးလို့ ပြဋ္ဌာန်းလိုက်တာပါ။
လူသားအချင်းချင်းလည်း ခွဲခြားနှိမ့်ချမပြောရဘူးလို့ ကုလားလဲလူ ငါးခူလည်း ငါးတွေအတွက် ကာကွယ်ပေးထားပါသေးတယ်။
အဲဒါတွေကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ်(၁)လ၊ ထပ်မံကျူးလွန်ရင် ထောင်ဒဏ်(၃)လအထိ အရေးယူမယ်လို့ ပုဒ်မ ၂၀ မှာ ပြဋ္ဌာန်းလိုက်တာတွေ့ရပါတယ်။
လူစုကွဲတဲ့အထိအရေးယူဆောင်ရွက်နိုင်အောင်လည်း ထည့်သွင်းပြဋ္ဌာန်းပေးထားပေမယ့် အင်အားအလွန်အကျွံမသုံးရဘူးလို့လည်း ပုဒ်မ ၁၆ မှာဆိုထားပါတယ်။
ကျွန်တော် အဓိက ပြောချင်တာက ဥပဒေပြောင်းသွားတာကို မသိသေးတဲ့ မိတ်ဆွေတစ်ချို့ရှိနေလို့ရယ်၊
ဟိုတစ်လောက ရဲစခန်းတစ်ခုက ခွင့်ပြုချက်ဆိုပြီး ထုတ်ပေးတာကို အွန်လိုင်းပေါ်က တွေ့လို့ရယ်၊ အများသိအောင်လို့ ထပ်ရေးတာပဲဖြစ်ပါတယ်။
ဝင်းကိုကိုလတ်(ဥပဒေ)
31-5-2017

Wednesday, May 31, 2017

မာရာဝီက စစ်သွေးကြွတွေ လက်နက်ချဖို့ ဖိလစ်ပိုင်စစ်တပ် ရာဇသံပေး

Want create site? Find Free WordPress Themes and plugins.
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့နေရာတော်တော်များများကို သိမ်းပိုက်ထားသည့် Maute အစ္စလာမ်စစ် သွေးကြွများကို အာဏာပိုင်များက လက်နက်ချမည်လား အသေခံမည်လားဟု ရာဇသံပေးလိုက် ပါတယ်။
အစိုးရတပ်မှ ဗိုလ်မှူးချုပ် Restituto Padillaက “ကြွင်းကျန်နေတဲ့ အကြမ်းဖက်သမားတွေ လက်နက် ချဖို့ အခွင့်အရေးရှိတယ်၊ လက်နက်မချရင်တော့ အသေခံဖို့ ပဲရှိပါတယ်လို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
မာရာဝီမြို့သိမ်း တိုက်ပွဲ ၈ရက်မြောက်နေ့မှာ Maute စစ်သွေးကြွ ၆၅ ဦးကို သုတ်သင်နိုင်ခဲ့သလို၊ စစ်သား ၂၀၊ အရပ်သား ၁၉ဦး သေဆုံးခဲ့ပြီးထောင် ပေါင်း များစွာသော မြို့ခံတွေလည်း စစ်သွေးကြွတွေလက်ထဲမှာ ပိတ်မိ့နေဆဲလို့ သိရပါတယ်။
မနေ့ကတော့ ဖိလစ်ပိုင်တပ်များက လေကြောင်းအကူအညီရယူကာ စစ်သွေးကြွများ ထိန်းချုပ်ထား တဲ့ နေရာတွေကို သိမ်းပိုက်ဖို့ ပြုလုပ်ခဲ့ပြီး၊ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ် Restituto Padilla က လေကြောင်းတိုက်ခိုက်မှုဟာ အပျက်အစီးနဲအောင် တိတိကျကျ ပစ်မှတ်ကို တိုက်ခိုက် တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အဓိကအရေးပါတဲ့ မြို့တွင်း တံတားတဝိုက်က နေရာတွေမှာ IS အလံတွေ ရှိနေဆဲဖြစ် တယ်လို့ သိရပါတယ်။
Maute အဖွဲ့ခေါင်းဆောင် Isnilon Hapilon ပုန်းအောင်နေရာကို ဖိလစ်ပိုင်တပ်တွေ မအောင်မြင်တဲ့ ဝင်ရောက်စီးနင်းမှု ပြီးနောက်မှာ မာရာဝီမြို့ တိုက်ခိုက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင် Isnilon Hapilonဟာ ဒေသတွင်းအစွန်းရောက်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သလို့ အဘူဆေယက်ဖ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒါအပြင် IS အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။
အဘူဆေယက်ဖ် အဖွဲ့နဲ့ Maute အဖွဲ့ဟာ ပူးပေါင်းပြီး တောင်ပိုင်းဒေသကို အစ္စလာမ်မစ် နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
မာရာဝီမြို့ကို သိမ်းပိုက်တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေထဲမှာ ပြည်တွင်းကသာမက မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေပါ ပါဝင်နေပါတယ်။

အာဖဂန်ဗုံးကွဲမှု လူ၉၀ထက်မနည်း သေဆုံး


အာဖဂနစ္စတန်နိုင်ငံ Kabul မြို့တော်က သံတမန်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက ထရပ်ကားတစင်းနဲ့ ပြင်းထန်တဲ့ ကားဗုံးထောင် တိုက်ခိုက်မှုကြောင့် လူ ၉၀ ထက်မနည်း သေဆုံးပြီး၊ ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးသူ အရေအတွက်ကို အမည်မဖော်လိုသူ အာဖဂန် လုံခြုံရေးအရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုခဲ့တာပါ။

အစောပိုင်းမှာတော့ သေဆုံးသူ ၈၀ အထိ ရှိနေပြီး၊ အရေအတွက် ပိုတိုးနိုင်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wahidullah Majroh က ပြောဆိုထားပါတယ်။ နိုင်ငံတကာသံရုံးတွေနဲ့ အစိုးရရုံးတွေ တည်ရှိရာ Kabul မြို့တော်က အချက်အခြာ Wazir Akbar Khan အရပ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဒါဇင်နဲ့ချီတဲ့ ကားတွေ၊ အနီးအနားက အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တာပါ။
Image may contain: 2 people, people standing
အညစ်အကြေးတင် ကားတစင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာပြီး ဖောက်ခွဲခဲ့တာလို့လည်း အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲမှုဟာ ဂျာမန်သံရုံးနဲ့ မလှမ်းမကမ်းမှာ ဖြစ်ပွားခဲ့ပြီး အင်တာနက် လူမှုကွန်ယက်တွေပေါ်က ဓာတ်ပုံတွေမှာတော့ သံရုံးအဆောက်အဦး တစိတ်တပိုင်း ပြိုကျပျက်စီးနေတာကို တွေ့ကြရပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel ကတော့၊ ပေါက်ကွဲမှုအတွင်း အာဖဂန်လုံခြုံရေးအစောင့် တော်တော်များများ သေဆုံးပြီး၊ ၀န်ထမ်းတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။
Image may contain: one or more people
ပေါက်ကွဲမှုကြောင့် အာဖဂန်က ထိပ်တန်း ဆက်သွယ်ရေး ၀န်ဆောင်မှုပေးနေတဲ့ Roshan လုပ်ငန်းရဲ့ ရုံးချုပ်ရှိရာ အဆောက်အဦးမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ အခင်းဖြစ်ရာ နေရာကိုတော့ အာဖဂန်လုံခြုံရေးတွေက ချက်ခြင်းပိတ်ဆို့တားဆီး ထားလိုက်သလို၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာက တပ်ဖွဲ့တွေလည်း ရောက်လာခဲ့ကြတာပါ။ အာဖဂန်နိုင်ငံက ရုပ်မြင်သံကြားသတင်းတွေမှာတော့ အမျိုးသမီးတွေ အပါအ၀င် လူတော်တော်များများကို အရေးပေါ်ကားတွေနဲ့ ဆေးရုံကို သယ်ဆောင်သွားတာကိုလည်း တွေ့ကြရပါတယ်။

နှစ်ပေါင်းများစွာအတွင်း အသေအပျောက် အများဆုံးအဖြစ် Kabul မြို့ခံတွေ ပြောဆိုနေကြတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ကတော့ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ အာဖဂန်မှာရှိတဲ့ အဓိကရုပ်မြင်သံကြားဌာန ၂ ခု က ပြောဆိုနေပါတယ်။

ဆီးရီးယား အခြေစိုက် IS အဖွဲ့ဟာ မတ်လထဲ Kabul မြို့တော်မှာ စစ်သားတွေ၊ ဆရာဝန်တွေ အပါအ၀င် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တဲ့ အကြီးဆုံးစစ်ဆေးရုံကို အသေခံ တိုက်ခိုက်ခဲ့တာ အပါအ၀င် အဓိကကျတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေမှာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ အာဖဂန်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး အိမ်နီးချင်းတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးမယ့် ညီလာခံတရပ် ကျင်းပဖို့ အာဖဂန်သမ္မတ Ashraf Ghani စီစဉ်နေချိန်မှာပဲ အခုနောက်ဆုံး တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ မှ ဗဟိုအလုပ်အမှု့ဆောင် ဆရာတော် အရှင်တေဇဝန္တ နှင့်တွေ့ဆုံခြင်း



Image may contain: 1 person

 မေ ၂၅ ၂၀၁၇ ကြာသပတေးနေ့ ရန်ကုန်

#သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ဦးဇင်းအနေနဲ့ ဘာများမိန့်ကြားချင်ပါသလဲ။
@ ဒါကလည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုဂ္ဂိုလ်ရေးအရ ရေးနေတာတွေကို သုံးသပ်ဆုံးဖြတ်ပြီးတော့ သာသနာရေးဝန်ကြီးဌာန စာထုတ်ထားတာလို့ပြောချင်ပါတယ်။ အမှန်တော့သူက စည်းစည်းလုံးလုံးလုပ်နေတဲ့ ဦးဇင်းတို့အဖွဲ့အစည်းကို သွေးခွဲဖို့အတွက်ထုတ်တဲ့စာပါ။ သွေးခွဲဖို့အတွက် လမ်းကြောင်းနေတဲ့သဘောပါ။ ကလေးကစားစရာလိုဖြစ်နေတယ် သာသနာရေးဝန်ကြီးဌာနက။ ကျန်တာတော့ထွေထွေထူးထူး မပြောချင်ပါဘူး။
#သာသနာရေးဝန်ကြီး ဦးအောင်ကို ကိုဆန္ဒပြတဲ့ပွဲမှာ ပါတဲ့သူတွေအနေနဲ့ ငွေကြေးရယူတာတွေရှိတာ သိရတယ်လို့ သာသနာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်းပါတယ်။ဆန္ဒပြတဲ့သူတွေ ငွေကြေးရယူတယ်လို့လည်း အင်တာနက်မှာ ပျံ့နေပါတယ်။ ဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
@ ဒါတွေက ကောလဟာလတွေပါ။ တကယ်တမ်းတော့ငွေပေးတယ်ဆိုတာ မရှိတဲ့အပြင်ကို ပွဲတက်ရောက်လာတဲ့လူတွေဆီက အလှုခံရတာတွေတောင်ရှိတယ်။ တချို့လမ်းစာရိတ်အဆင်မပြေတဲ့ လူတွေကို ကားဆီဖိုးလေး ထည့်ပေးနိုင်အောင် အဆင်ပြေတဲ့လူတွေဆီက အလှူငွေကို ကောက်ခံရတယ်။ မလိုတဲ့လူတွေက ဒါတွေကိုပြောနေကြတာပါ။
#ဆန္ဒပြပွဲအတွက် သိန်း ၈၀၀၀ လောက် သုံးရတယ်လို့လည်း ပြောနေတာတွေ ကြားနေရပါတယ်။ သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာလည်းပါတယ်။ အဲ့ဒါကိုရော ဆရာတော် ဘာများမိန့်ကြားချင်ပါသလဲ။
@ တကယ်တမ်းတော့ ဒါတွေက လေပေါ်မှာပြောနေကြတဲ့ စကားတွေပါ။ ဦးဇင်းတို့ ဆန္ဒပြပွဲတွေ အကြိမ်ကြိမ်နွှဲလာခဲ့တာ ကြာပါပြီ။ အကုန်လုံးက ကိုယ့်စာရိတ်ကိုယ်စားပြီး လုပ်နေကြတာပါ။ ဧရာဝတီတိုင်းကဆိုရင်လည်း သူ့အဖွဲ့နဲ့သူ သူ့စာရိတ်နဲ့သူ လာတာပါ။ ရန်ကုန်က အဖွဲ့တွေလည်း ထိုနည်းတူပဲ။ ကိုယ့်ကားကိုယ်ဆီဖြည့်ပြီး ကိုယ့်စာရိတ်နဲ့ကိုယ်လာတာ။ တခြားအဖွဲ့တွေကလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက နေပြည်တော်အထိ သွားရမယ်ဆိုတဲ့ အတွက်ကြောင့် အရင်ဆန္ဒပြပွဲတွေနဲ့ ကွာခြားသွားတာက နှစ်သောင်းလှူ သုံးသောင်းလှူတဲ့ လူတွေရှိတယ်။ စိတ်ပါဝင်စားပြီး တပည့်တော်တို့ကတော့ လူတော့မလိုက်နိုင်ဘူး။ ငွေကြေးတော့ လှူဒါန်းတာတွေရှိတယ်။ အဲ့ဒါတွေကိုလည်း ဝေးလံတဲ့ဒေသက လာရတဲ့လူတွေကို ကားဆီဖြည့်ပေးလိုက်ရတာရှိတယ်။ သိန်း ၈၀၀၀ ရတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဟုတ်ပါဘူး။ အဲ့ဒီ့ သိန်း ၈၀၀၀ လောက်သာ ထောက်ပံ့ကြေးရလို့ကတော့ သာသနာရေးဝန်ကြီး ဖြုတ်ချနိုင်လောက်အောင် လုပ်နိုင်တဲ့အဆင့်အထိရောက်မှာပါ။
#သာသနာရေးဝန်ကြီးဌာန ဘက်က တုံ့ပြန်ဆောင်ရွက်လာမယ့် အပိုင်းတွေရှိရင်တော့ ဆရာတော်တို့ အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ ရှိမလဲ။
@ သူတို့က တုံ့ပြန်ရမှာမဟုတ်ပါဘူး။ သူတို့က မှားယွင်းနေတာ။ တက်လာကတည်းက ပြည်သူ့အစိုးရဆိုပြီး သူတို့တက်လာတာ။ ရဟန်း ရှင် လူ ပြည်သူတွေရဲ့အသံ ဆန္ဒ အမှန်ကို ဥပဒေဘောင်ထဲကနေ လွတ်လွတ်လပ်လပ် ဖေါ်ထုတ်တာပါ။ အဲ့ဒီအပေါ်မှာ အစိုးကသာလျှင် တစ်စုံတစ်ခုကို ဖြေရှင်းပေးရမှာလေ။ သာသနာရေးဝန်ကြီးရဲ့ လုပ်ရပ်မှန်နေသလား မှားနေသလားဆိုတာကို ဖြေရှင်းချက်တွေထုတ်ပေးရမယ်။ သာသနာရေးဝန်ကြီးရဲ့ လုပ်ရပ်က မှားနေတယ်။ အမှားကလည်း ကြီးမားတဲ့အမှားဆိုရင် အစိုးရက ဝန်ကြီးကိုဖြုတ်ချပေးရမယ်။ ဒါကိုပဲလုပ်ပေးရမှာပါ။
#နောက်တစ်ခုက ဆရာတော်တို့အနေနဲ့ သာသနာရေးဝန်ကြီးကို ဆန္ဒပြကြတယ်။ သူ့ရဲ့လုပ်ကိုင်ဆောင်ရွက်ချက်တွေက မှားတယ်လို့ပြောကြတယ်။ ဖြုတ်ချပေးဖို့ပြောကြတယ်ဆိုတော့ သူ့ရဲ့အမှားတွေက ဘာတွေလဲ။ ဘယ်လောက်အထိ ကြီးကြီးမားမားရှိလို့လဲ။ သူ့ရဲ့အမှားတွေကို ပြောပါဆိုရင် ဆရာတော်အနေနဲ့ ဘာတွေက မှားနေတယ်လို့ ပြောနိုင်မလဲ။
@ ဥပမာ- သာကေတ အနော်မာ မှာ ဖြစ်တဲ့ ပြဿနာပေါ့။ အဲ့ဒီ့မှာဆိုရင် အာရပီကျောင်းကို ဗလီအဖြစ်သုံးနေတယ်။ ဒါကိုလည်း ၂၀၁၅ ကတည်းက သူတို့ဥပဒေအရ ခံဝန်လက်မှတ်ထိုးပြီးသားဖြစ်တယ်။ ဗလီမတက်တော့ပါဘူးဆိုပြီး ခံဝန်ထိုးတယ်ဆိုကတည်းက သူတို့မှားနေလို့ပေါ့။ အဲ့ဒါတွေကို ထောက်ပြတဲ့အနေနဲ့ ဒီဘက်ကလူတွေက သွားတယ်။ ဘာသာရေးအဆောက်အအုံတွေဆိုတာ သာသနာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာပဲ ရှိတယ်။ ဒါကို သာသနာရေးဝန်ကြီးက တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘူးလေ။ နောက်ပြီး တမန်တော်မွေးနေ့ ဆိုပြီး တစ်နိုင်ငံလုံးမှာလုပ်ကြတယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာဆိုရင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဆိုပြီး တစ်ရက်ပဲရှိတယ်လေ။ သို့သော် သူတို့လိုမျိုး တစ်မြို့နယ်မှာတစ်ရက် လိုက်မလုပ်ဘူး။ ဗုဒ္ဓဘာသာတွေက တစ်က်တည်းကျင်းပပြီးရင်ပြီးသွားတာ။ အဲ့လိုကိစ္စမျိုးတွေကို သာသနာရေးဝန်ကြီးဌာနက အလွယ်တကူ ခွင့်ပြုပေးနေတယ်လေ။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေရှိတယ်။ ဦးဇင်းတို့ကတော့ အဲ့ဒီက မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေရဲ့လုပ်ဆောင်ချက်တွေကို အမြဲတမ်းလိုက်နှိပ်ကွပ်နေတယ်။ အစ္စလာမ်တွေနဲ့ ပတ်သက်ရင် အမြဲတမ်း ကာပေးနေတယ်။ နောက်တစ်ခုက သတင်းထောက်ဆွေဝင်းနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနကြီးတစ်ခုလုံးက စာထုတ်ပေးတယ်ဆိုတာကတော့ သာသနာရေးဝန်ကြီးရဲ့ ကြီးမားတဲ့အမှားပဲ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်တွေပေးတယ်။ Cover ပေးတယ်ဆိုတာက သူ့ရဲ့ အမှားတွေပါပဲ။
#တစ်လအတွင်း အစိုးရကဆောင်ရွက်ပေးတာမရှိရင် ထိုင်သပိတ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုတော့ ဒါက လမ်းကြောင်းမှန်တယ်လို့ ဦးဇင်းထင်လား။ တခြားလမ်းကြောင်းက သွားဖို့ရော ဦးဇင်းတို့ ဆုံးဖြတ်ထားတာရှိလား။
@ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဦးဇင်းတို့အစည်းအဝေးတွေလုပ်ဖို့ ရှိပါတယ်။ ဒီလုပ်ရပ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့လည်း ရှိပါတယ်။ ကြေညာချက်ထုတ်ပြန်ပြီး တစ်လအတွင်း တောင်းဆိုထားတာမှန်ပေမယ့် ဒီကြားထဲမှာလည်း အစည်းအဝေးတွေလုပ်မှာပါ။ အကုန်လုံးတိုင်ပင်ပြီးတော့မှ ဘယ်ဟာ အကောင်းဆုံးဖြစ်မယ် ဘယ်ဟာကိုတော့ အရင်ဦးစားပေး လုပ်မယ်။ ထိုင်သပိတ်လုပ်တာ နည်းလမ်းမှန်လားဆိုတာက ဒါ ပြည်သူရဲ့လုပ်ပိုင်ခွင့်ပါ။ ပြည်သူ့အခွင့်အရေးပါ။ ခွင့်ပြု့ချက်တွေတင်ပြီးတော့မှ ဥပဒေဘောင်ထဲကနေသွားမှာပါ။ ဒါကလည်း လမ်းကြောင်းမမှားပါဘူး။
#ဦးဇင်းအနေနဲ့ ဘာများဖြည့်စွက်မိန့်ကြားချင်ပါသလဲ။
@ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အစိုးရမဖြစ်ခင်ကတည်းက ပြောထားပါတယ်။ တရားဥပဒေ စိုးမိုးရေးကို တရားဥပဒေတကယ်စိုးမိုးချင်ရင် သူ့အစိုးရအောက်မှာရှိတဲ့ ဝန်ကြီးဌာနတွေ သူ့အစိုးရရဲ့ ယန္တရားတွေကို လည်ပတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း တရားဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ပြည်သူတွေ တောင်းဆိုနေတာတွေကိုလည်း မျက်ကွယ်မပြု့ဖို့ လိုပါတယ်။ ပြည်သူတွေက ရင်ထဲမှာခံစားနေရလို့ ထုတ်ဖေါ်ပြောဆိုတာပါ။ ရင်ထဲမှာ မခံစားရရင် ဘယ်သူမှ ထုတ်ဖေါ်ပြောဆိုမှာ မဟုတ်ပါဘူး။ ပြည်သူ့အစိုးရဆိုရင် ပြည်သူ့ဆန္ဒကို နားထောင်ပေးပါ။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းမ် ဂျာနယ် Interview မှ 

ကုန်းဘောင်ခေတ် နောက်ဆုံး ဘုရင် ရဲ့ မြေးဦး

Image may contain: 1 person, standing and text
ယခင်တုန်းက ရွှေတွင်း ငွေတွင်း စိန်တွင်း ပတ္တမြားတွင်း ပယင်းဒုဋ္ဌာအဖြာဖြာတို့ရဲ့အရှင် နန်းကျဘုရင်ရဲ့
သမီးတော်တွေ အရွယ်ရောက်လာခဲ့တဲ့အခါ အင်္ဂလိပ်အစိုးရအနေနဲ့ အာဝါဟ ဝိဝါဟကိစ္စတွေကိုပါ ဖြေရှင်းပေးရမဲ့ အချိန်ရောက်လာတယ် ၊ အိန္ဒိယဘုရင်ခံအစိုးရဟာ မြန်မာနိုင်ငံက မင်းဆွေမင်းမျိုးတွေ စာရင်းကို ဗမာပြည်ဘုရင်ခံဆီက တောင်းယူပြီး သီပေါမင်းဆီကို တင်ပြပေမယ့် ၊ ဘုရင်ဟောင်းကတော့ မဟာဆီမဟာသွေး အစစ်တွေမဟုတ်ပဲ သွေးနှောနေတဲ့ မင်းမျိုးနဲ့ အရပ်သားကပြားတွေဆိုပြီး
သဘောတူလိုဟန် မပြခဲ့ဘူး ။

မင်းဆွေမင်းမျိုးစစ်စစ် တွေကတော့ သီပေါဘုရင် နန်းတက်ချိန်မှာ ....ခေါင်းကိုကတ္တီပါအိတ်စွပ် လည်မျိုကို တုတ်တိုနဲ့ အစုလိုက်အပြုံလိုက် ကွပ်မျက်ခံခဲ့ကြရတာ ဖြစ်တဲ့အတွက် ၊ မရှိသလောက် ရှားပါးသွားခဲ့ပါပြီ ၊
တစ်ရက်သော မနက်မှာတော့ စံအိမ်တော်ဟာ ဆူညံပွက်သံတွေနဲ့ပွက်လောရိုက်သွားခဲ့တယ် ၊
တချိန်သောအခါက ရတနာပုံ နန်းတော် --သီပေါဘုရင်မင်းမြတ်ရဲ့ သမီးဦး ၊ -ရတနာပေါင်းများစွာနဲ့ မင်္ဂလာယူခဲ့သူ -မြန်မာ့ထီးနန်း ရဲ့ မိဖုရားခေါင်အဖြစ် လျာထားခံခဲ့ရတဲ့ တပင်တိုင်မြနန်းရှင် မင်းသမီးဖြစ်တဲ့ ပထမသမီးတော်...အဲဒီသမီးတော်ဟာ စံအိမ်တော်မှာ အမှု့ထမ်းနေတဲ့ ဟိန္ဒူ စတန်နီလူမျိုး
အိမ်တော် တံခါးစောင့်တစ်ယောက်ရဲ့ တိတ်တိတ်ပုန်းကိုယ်ဝန်ရနေပြီ ဖြစ်လို့ပဲ။

အဲ့တာထက် ပိုဆိုးတာက အဲဒီ တံခါးစောင့်မှာ တရားဝင်လက်ထပ်ထားတဲ့ ဟိန္ဒူလူမျိုး ဇနီးမယား ရှိနေတာပါပဲ။ ပထမသမီးတော် ထိပ်စုဘုရားကြီး အသက်အစိတ်အရွယ်(၁၉၀၅)ခုနှစ်မှာ တံခါးမှူး ကုလားနဲ့အကြောင်းပါတော့တယ်။ ကိုယ်ဝန်ရတဲ့အထိဘယ်သူမှမသိဘူး။ သားဦးဗိုက်ဆိုတော့လည်း သိသိသာသာကြီးမဟုတ်ဘူးလေ။ ဝတ်ရတဲ့ မင်းသမီးအင်္ကျီတွေကလည်း ခပ်ပွပွကြီးတွေဆိုတော့ ဘယ်သူမှမရိပ်မိနိုင်ကြဘူးပေါ့။ တံခါးမှူးက ရုပ်အတော်ဖြောင့်ဆိုပဲ။ အရွယ်ကလဲရောက်၊ စိတ်တွေကလည်းပြေးခုန်ပေါက်၊ အပျော်ဆိုလို့ ဘာမှမရှိတဲ့ ခပ်ခြောက်ခြောက်စံအိမ်တော်ကြီးမှာ ကြီးပြင်းလာရတော့ အဖော်ဆိုတာကို တမ်းတမ်းတတကိုမျှော်လင့်နေမှာပဲလေ။ တံခါးမှူးက ဝင်းတံခါးကိုစောင့်ရတာပါ။ သူ့အတွက်အိမ်လေးတဆောင်ပေးထားရတယ်။ အဲ့ဒီအိမ်လေးကို ပထမ သမီးတော်ကြီးက လူမသိ သူမသိ ညကြီးအချိန်မတော်မှာ တယောက်တည်းသွားတာ။
အရှင်နှစ်ပါးက အတူမနေလို့မသိကြတာ။ စုဘုရားလေးက မကျန်းမာလို့မသိရတာ။

ဒါကြောင့် မဖုံးနိုင် မဖိနိုင်တဲ့အခါကျမှ ဘူးပေါ်သလိုပေါ်တော်တာ။ စုဘုရားလတ်ခေါင်းမီးတောက်ပြီပေါ့။ စံတော်အိမ်လဲ လောင်မီးကျတော့တာပဲ။ စုဘုရားလတ်ဒေါသပုန်ထလို့ စံတော်အိမ်တခုလုံး ရုတ်ရုတ်သဲသဲနဲ့ ဝက်ဝက်ကွဲ ဆူညံကုန်တော့တယ်။ ၁၉၀၆ခု နိုဝင်ဘာ(၂၆)ရက်နေ့မှာ ပထမသမီးတော်ကြီးမီးဖွားတယ်။
သမီးလေး ။ တုတု အရှင်နှစ်ပါးအတွက်တော့မြေးဦးလေးပေါ့။ ဘယ်တတ်နိုင်မှာလဲလေ။ သေနတ် ကျည်ဆန်ဆိုရင်ပြန်နှုတ်လို့ရသေး။ ခုဟာက ကျည်ဆန်လိုပြန်နှုတ်လို့ရကောင်းတဲ့အရာမှမဟုတ်တာ။
ပိုပြီးဆိုးတာက တံခါးမှူးကုလားက မလွတ်မလပ်ကြီး၊ သားနဲ့မယားနဲ့။ သမီးတော်ကြီးကိုလက်မထပ်ဘူး။ အိန္ဒိယဇာတ်စနစ်အရ ဇာတ်မတူလို့ဆိုပြီး သမီးတော်ကြီးနဲ့အတူ ထမင်းတောင်တဝိုင်းထဲမစားဘူး။
ရတနာပုံရွှေနန်းတော်ကြီးမှာ ရွှေလင်ပန်းနဲ့အချင်းဆေးခဲ့ရတဲ့ သမီးကြီး။ ရွှေလင်ပန်းမှ ရွှေထည်သက်သက်လုပ်ထားတဲ့ ရွှေလင်ပန်းမဟုတ်ဘူး ။ ပတ္တမြားကျောက်စီထားတဲ့ ရွှေလင်ပန်း။ အဲဒီရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေပေါ်မြတင် ကြီးပြင်းလာခဲ့တဲ့သမီးကြီး။ သမီးတော်တွေထဲမှာအလှဆုံး အရိုးဆုံး အအေးဆုံး သမီးကြီး။ တော်ဝင်မိသားစုထဲမှာ အလှထိပ်ခေါင်တင်ဖြစ်သလို၊ အိမ်နိမ့်စံ ဘဝသာမရောက်ရင် ဘိုးတော်ဘုရားဖြစ်တဲ့ မင်းတုန်းမင်းကြီးရဲ့ မိဘုရားခေါင်ကြီး စကြာဒေဝီလို ရဟန်းရှင်လူ ပြည်သူတရပ်လုံးက ကြည်ညိုလေးစားအားထားထိုက်တဲ့ မိဘုရား ခေါင်ကြီးတောင်ဖြစ်နိုင်တဲ့မင်းသမီးကြီး။ ဒီသမီးကြီးကကုလားနဲ့ညားတာ။ ကုလားမှ သူဌေးကုလား မဟုတ်ဘူး။ ဒရဝမ်ကုလား။ စုဘုရား ဘာများတတ်နိုင်ပါသေးသလဲ။ ကျော်မကောင်း ကြားမကောင်း ဆိုတဲ့စကားနဲ့အပြစ်တင်မယ်ဆိုရင်တောင် အဲဒီစကားက အပြစ်မဆိုစလောက်လေးဖြစ်သွားပြီး သိမ်ငယ်နေဦးမယ်။ ပြစ်မှုကဧရာမပြစ်မှုကြီး။ ဖြစ်ရပ်ကဧရာမဖြစ်ရပ်ကြီး။ ဒီသမီးတော် အရေးအခင်းမှာ တကယ်သနားစရာကောင်းတာက သီပေါမင်းပါ။ ဒီသတင်းကြားရော ရှက်လွန်းလို့ အခန်းထဲက လုံးဝ ထွက်မလာဘူး။ ပွဲတော်လည်းမတည်ဘူး။ အခန်းတံခါးလည်းဖွင့်မပေးဘူး။ တစ်နေကုန် အခန်းပုန်းပြီး ကမ္ဘာကြီးနဲ့ဝေးရာသွားနေတာ။ဘုရင်က အဲဒီလို ဖြစ်သွားတော့ သမီးတော်တွေနဲ့ ညီမတော်တွေကို ဆူပူကြိမ်းမောင်း ဒေါသူပုန်ထနေတဲ့ ယမ်းပုံမီးကျ မိဘုရားကြီးလဲ မတတ်သာတော့ဘူး။ နောက်နေ့ ရောက်တော့ ဘုရင်ကိုချော့မော့တောင်းပန်ရတော့တယ်။ ဒီအခါကျမှ ဘုရင်ကစားနိုင်သောက်နိုင် ပြောနိုင်ဆိုနိုင်တော့တာ။

~~~မစင်တွင်းထဲ ခုန်ဆင်းသောအချစ်ကျွန်မင်းသမီးလေး~~~
ဒီကိစ္စမှာတာဝန်ခံအရာရှိတွေက အေးဆေးပဲ။ လက်ပိုက်ပြီးတောင် ကြည့်နေလိုက်သေးတယ်။ တံခါးမှူးကုလားဂိုပါကို အလုပ်လဲဖြုတ်မပစ်ဘူး။ နေရာလည်းပြောင်းမပစ်ဘူး။ ဘုရင့်မျိုးနွယ်ကိုဖျက်ဆီးဖို့ စနစ်တကျ အကွက်ချလုပ်ကြံစီစဉ်ထားတဲ့ အင်္ဂလိပ်တို့ရဲ့မျိုးဖျက်စီမံကိန်း ရာနူန်းပြည့်အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဒီယုန်မြင်လို့ဒီချုံထွင်ခဲ့သူကိုတော့ ဆုတော်လာဘ်တော်တွေချီးမြှင့်နေဦးမယ်မဟုတ်လား။
ဘုရင်ကလဲ ဒီတံခါးမှူးကိုအလုပ်ဖြုတ်ဖို့မညွှန်ကြားဘူးလေ။ အလုပ်ပြုတ်လို့ ကုလားရွာပြန်ရင် သမီးကြီး ပါတပါးထဲလိုက်သွားတော့မှာကိုး။ ပိုလို့တောင်ဆိုးသွားနိုင်သေးတယ်မဟုတ်လား။ နောက်ဆုံးတော့ သမီးကြီးနဲ့ ရွှေသမက်ငွေသမက်ကြီးတွက် ဝင်းအပြင်ကပ်လျက်မှာ အိမ်ကလေးတစ်လုံး တောင်ဆောက်ပေးထားရသေးတယ်။ သမီးကြီးကအဲဒီမှာနေတယ်။ ဇာတ်မတူလို့ထမင်းအတူမစားနိုင်တဲ့ လင်တော်မောင်ကြောင့် နေ့ဘက်မှာ စံတော်အိမ်မှာပဲ နေတယ်။ ညီမတွေနဲ့အတူ လာစားတယ်။ ကုလားများ ဇာတ်အတော်ကြီးကျယ်မြင့်မြတ်တာပဲနော်။ (ဇာတ်ကိုအတော်တန်ဖိုးထားတာပဲနော်) ဘုရင့်သမီးတော် တစ်ယောက်လုံးကိုတောင် လက်မထပ်နိုင်ဘူး။ ထမင်း အတူမစားနိုင်ဘူး ဆိုပဲ။"ဆရာမောင်သန်းဆွေ (ထားဝယ်)ကတော့ `သိင်္ဂီရွှေခွက်အတွင်းသို့ကျသည့် မစင်တုံးက ရွှေခွက် နံသည်´ဟုပြန်ပြောသကဲ့သို့ပင်ဖြစ်တော့သည်"လို့ မှတ်ချက်ချထားတယ်။

ရတနာဂီရိနိဒါန်း(၂၄၉)
ခုကိစ္စကိုဘယ်လိုပြောမှန်းတောင်မသိတော့ဘူး။ မစင်တုံးကပဲ သိင်္ဂီရွှေခွက် ထဲ ကျူးကျော် ဝင်ရောက် လာတာလား။ သိင်္ဂီရွှေခွက်ကပဲ မစင်တွင်းထဲခုန်ချထားလား။ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ တကယ်တော့ အရှင်နှစ်ပါးအပြစ်ပဲ။ သမီးတော်တွေလည်းအရွယ်ရောက်နေပြီ။ ဝန်ထမ်းကုလားတွေကိုလည်း အင်္ဂလိပ်က ဥပဓိကောင်း အရပ်မောင်းကောင်းသူတွေမှရွေးခန့်ထားတာ။ စံအိမ်တော်မှာလည်း အပျိုတော်တွေ၊ အထိန်းတော်တွေ၊ ဗမာလူကြီးအစောင့် အရှောက်တွေအများကြီးရှိတယ်။ သမီးတော်တွေ ကိုကြပ်ကြပ် မတ်မတ်စောင့်ရှောက်ရမှာပေါ့။ သူတို့ကိုယ်တိုင်ကလည်းအရိပ်တကြည့်ကြည့်နဲ့ ရင်အုပ်မကွာ ကာကွယ် ထားရမှာပေါ့။

ခုတော့မဟုတ်ဘူး။ ဘုရင်ဖြစ်တဲ့သူကလည်း သူ့သောကနဲ့သူ၊ မိဘုရားဖြစ်တဲ့သူကလည်း ညီအမအရင်းချင်းသဝန်ကြောင်ဖို့လောက်ပဲ ချောင်းနေတာ ဆိုတော့ နည်းတောင်နည်းသေးတယ်လို့တောင် ပြောရမလိုပဲ။အုပ်ထိန်းသူညံ့လို့သမီးတော်ကြီးခမျာ ရေတိမ်နစ်ရရှာတယ်။ အဖိုဆို ရင်ဖိုတောင် အသန်းမခံဘူးတဲ့ အပျိုစင်တယောက်အဖို့ အိုးနဲ့ကြိုး ဥပမာလို အနေနီးရင်ထိကြ ငြိကြမှာပဲလေ။ စံတော် အိမ်ကြီးမှာ ပျော်ရွှင်ဆိုတာ ဘာများရှိလို့လဲ။ အဲဒီတော့ တဒင်္ဂသက်သာ သက်သာ သာယာမှု ကိုရှာတော့မှာပေါ့။ သီးချိန်ပွင့်ချိန်ရောက်နေပြီပဲ။ ဒီသဘောတရားလောက်တော့သိဖို့ကောင်းတာပေါ့။
သမီးတော်ကြီးအေ၇းနဲ့ ပတ်သတ်လို့ အခုကိစ္စမှာသာ အသိနောက်ကျတာမဟုတ်ဘူး။ ငွေရေးကြေးရေး ကိစ္စမှာလဲအသိနောက်ကျတာပဲ။ ကုလားက တလ(၁၅)ရူပီပဲလခရတယ်။ သမီးတော်ကြီးက တလ(၇၅) ရူပီထောက်ပံ့ကြေးရတာ။ အဲဒီ(၇၅)ရူပီကို ကုလားကိုထိုးအပ်ရတာ နှစ်တောင်ချီတယ်။ ဒါကိုလဲ သူတို့ မသိကြဘူး။ ကုလားက အဲဒီငွေတွေသိမ်းပြီး မယားကြီးကိုပေးနေတယ်။ မယားစရိတ် သားစရိတ်ပေါ့။
ဒီလိုနဲ့နေလာလိုက်တာသီပေါမင်းကစတုတ္ထသမီးတော်အတွက်ထောက်ပံ့ကြေး(၁၂၅)ရူပီတောင်းခံပေးတော့ မှ ဒီကိစ္စကပေါ်လာတာ။ ဘယ်လောက်ညံ့လိုက်သလဲနော်။ ပါတော်မူတာနည်းတောင်နည်းသေးတယ်လို့ ဆိုရမလိုပဲ။ တံခါးစောင့်မောင်မင်းကြီးသားက (စားရကံကြုံလို့ မုတ်ဆိတ်လာပြီး ပျားစွဲတာကိုး) ဘုရင့် သမီးတော်လဲ အချောင်ရ။ ဘုရင့်သမီးတော်ရဲ့လခ (၇၅)ရူပီကိုလဲ အလကားရ။ (၇၅)ဆိုရင် ရွှေသုံးကျပ်သား ပဲလေ။ တစ်လရွှေသုံးကျပ်သားအလကားရနေတော့တာပေါ့။ မယားလည်းရ ပါးလည်းဝနဲ့ မောင်မင်းကြီးသားကြီးပွားနေတော့တာပေါ့။ဒီလိုရနေလို့ သမီးတော်ကြီးကို ခုံမင်နှစ်သက်မှုနဲ့ အလိုလိုက် အကြိုက်ဆောင်ပီး လင်သားပီပီယုယလိမ့်မယ်များထင်သလား။ ဝေးသေး။ အတော်အနိုင်ကျင့်ဆိုပဲ။

အင်းလေ....သူ့လက်ခုပ်ထဲကရေကိုး။ သွန်လိုသွန် မှောက်လိုမှောက်ပေါ့။ သမီးတော်ကြီး ဘဝ က သနားစရာ ပဲနော်။ ဘုရင့်သမီးတော်ကြီးတယောက်ဖြစ်လျက် မယားငယ်အဖြစ်တောင် တရားဝင် လက်ထပ်ခွင့်မရရှာဘူး။ လင်တော်မောင်ထက် ငါးဆသာတဲ့ လခအားလုံးကို လင်တော်မောင် ထံ အကုန်လုံးထိုးအပ်ပါလျက် လင်တော်မောင်ရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံနေရရှာတယ်။ နှစ်ဦးသဘောတူ အတူနေလင်မယားဖြစ်ပါလျက် ဇာတ်မတူလို့ဆိုပြီး ထမင်းတစ်ဝိုင်းထဲမှာလက်ဆုံတောင်စားခွင့်မရရှာဘူး။
သူ့ဘဝကိုဘယ်လိုနားလည်ပေးရမလဲ။

ကုလားကိုငွေပေးပေါင်းသလိုမျိုးဖြစ်နေတော့ လူသိရှင်ကြား ကြေးစားနဲ့ တရားဝင်ပေါင်းသင်းနေတဲ့ အချစ်ကျွန်မင်းသမီးလေးတပါးလို့ဆိုရမလား။

Credit: Ye Yin tthwe.

~~~ရည်ရွယ်ချက်~~~
ဘယ်နိုင်ငံသား မှ ကိုယ့်နိုင်ငံသားပေါ်မကောင်းနိုငိပါဘူး။ ကိုယ့်နိုင်ငံသားချင်း ချစ်ခင် တတ်ကြပါစေ။

""ဦးဇော်ဌေးသို့ပေးစာတစ်စောင်""

ဒီနေ့ထုတ်ဘူးလက်ဂျာနယ်အတွဲ(၁)အမှတ်(၄၆)မှာပါလာတဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်၊
ပြည်သူလူထုထံကအလှူခံရရှိငွေ၁၅.၄၅ ဘီလီယံကျော်ရရှိတယ်ဆိုတဲ့စာနဲ့
ပတ်သက်လို့ပြောစရာမေးစရာမေးခွန်းတွေရှိလို့ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။
..ဦဇော်ဌေးကို မေးခွန်းသုံးခုပဲမေးပါ့မယ်။
၁။အလှူခံရငွေမှာနိုင်ငံခြားသုံးငွေမဖော်ပြထားတာဟာတကယ်ပဲနိုင်ငံခြားကမလှူလို့လား ? နိုင်ငံခြားကငွေတွေကိုဒေါ်လာပေါက်ဈေးတွေ နဲ့မြှောက်ပြီးငွေAmount ဖော်ထားတာလား?
...........................................................................
...ဒီလိုမေးရတာလည်းအဓိပ္ပါယ်ရှိပါတယ်။အပြင်ကပြည်သူတွေကြားထဲမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်၊OICကဒေါ်လာငွေသန်းပေါင်းများစွာလှူထားတယ်။အထူးသဖြင့်ဂျော့ဆိုရော့ဇ်လာတုန်းကငွေတွေလှူခဲ့တာတွေလည်းရှိတယ်။ပြီးတော့ဒုတိယပင်လုံကိုအာရပ်တွေလာတက်တာတွေကလည်းငြိမ်းချမ်းရေးနဲ့ဘာတွေပတ်သက်နေသလဲပြည်သူတွေကသိချင်နေကြပါတယ်။ဒေါ်လာတစ်ပြားတစ်ချပ်မှမဖော်ပြတာဟာပြည်သူကိုသံသယဖြစ်စေပါတယ်။ဒဲ့ပြောရရင်ကျွန်တော်လည်းမယုံပါဘူးဗျာ။
........................................................................................
၂။၂၀၁၇ဇန်န၀ါရီလ၉ရက်နေ့ကမှစပြီးအလှူခံခဲ့တဲ့ငွေဖြစ်တဲ့အတွက်အရင်အစိုးရကိုလွှဲချလို့မရဘူး၊ကိုဇော်ဌေးတို့တာဝန်ယူဖြေရှင်းရမယ်ဆိုတာပေါ်လွင်စေပါတယ်။မေ၁၉ရက်နေ့အထိ၅လတာရရှိငွေဟာအလွန်များတဲ့ပမာဏဖြစ်တာကြောင့်သုံးလေးငါးထောင်အများကြီးစုလှူလည်းဒီငွေAmount ရဖို့သိပ်မလွယ်လှပါဘူး။
ဒီတော့မေးချင်တာကကိုဇော်ဌေးတို့အနေနဲ့ငွေဆယ်သိန်းအထက်လှူဒါန်းသူဘယ်နှစ်ဦး သူတို့ကတော့ဘယ်သူတွေ ..ငွေAmount တွေက ဘယ်လောက်စသည်ဖြင့်လှူဒါန်းသူတစ်ဦးချင်းစာရင်းဖော်ပြကြေငြာပေးသင့်ပါတယ်။ ငွေဆယ်သိန်းအောက်ကတော့လှူဒါန်းသူပေါင်းအရေအတွက်နဲ့ငွေစုစုပေါင်းလောက်ဖော်ပြရင်ပြည်သူကလည်းကျေနပ်မှာပါဗျ။
..ဒီလောက်ကတော့ Excel နဲ့ Sorting လုပ်လိုက်ရင်၅မိနစ်အတွင်း အဖြေထွက်တယ်ဆိုတာလည်းဦးဇော်ဌေးသိမှာပါ။ဒီလောက်တော့မညံ့လောက်ပါဘူး။
...ဆိုလိုချင်တာက.မိမိအစိုးရရဲ့ရိုးသားမှူကိုဖော်ပြသက်သေပြချင်ရင်ပွင့်လင်းမြင်သာမှူရှိစေချင်တာဖြစ်ပါတယ်။၁၅.၄၅ဘီလီယံဆိုတာနဲတဲ့ငွေမဟုတ်လို့ရေးပြနေခြင်းဖြစ်ပါတယ်။
...............................................................................
၃။အချက်ကတော့အရေးအကြီးဆုံးပါ။ဒီလောက်များတဲ့ငွေပမာဏကိုရတာဟာငွေAmount များပြားစွာလှူဒါန်းသူများပါဝင်နေတာဖြစ်မှာသေချာ ပါတယ်။
..ဒီလိုလှူကြရာမှာ..အသင်းအဖွဲ့၊ကုမဏ္ဍီတွေကလှူဒါန်းရင်၊ ဂုဏ်ပြုလွှာ
(Congratulation Card) မဖြစ်မနေလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်
အသင်းအဖွဲ့၊ကုမဏ္ဍီတွေဟာ လှူဒါန်းငွေပဲဖြစ်ဖြစ်သုံးစွဲငွေပဲဖြစ်ဖြစ် နှစ်ပတ်လည်စာရင်းစစ်ခံတဲ့အချိန်ကျရင်အထောက်အထားအဖြစ်ဂုဏ်ပြုလွှာကိုစစ်ဆေးခံဖို့တင်ပြရပါတယ်။ဒါဟာနိုင်ငံတကာလုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။နိုင်ငံတကာတိုင်းပြည်အားလုံးအဖွဲ့အစည်းအားလုံးဒီလိုပဲလုပ်ကြပါတယ်။အခုတော့ကိုဇော်ဌေးတို့ကဂုဏ်ပြုလွှာအစီအစဉ်ဖျက်သိမ်းပြီးဂုဏ်ပြုလွှာမပေးတော့တာဟာ။အသင်းအဖွဲ့၊ကုမဏ္ဍီတွေအတွက်ငွေကြေးပြသနာဖြစ်ပေါ်စေပါတယ်။
..ဒီတော့မေးချင်တာကအလှူရှင်တွေထဲမှာအသင်းအဖွဲ့၊ကုမဏ္ဍီတွေတကယ်မပါဘူးလား? ဒါမှမဟုတ်လူမသိအောင်တိတ်တိတ်လေးပေးချင်တာလား?
..ဒဲ့မေးချင်တာက ဂျော့ဆိုရော့ဇ်ရဲ့ Open Society Foundation အဖွဲ့ မပါဘူးလား? OIC မပါဘူးလား ?
..ဒါလေးတွေကိုပြည်သူတွေကသိချင်နေပါတယ်။
.............................................................................
..ကိုဇော်ဌေးကUPDJCရဲ့အတွင်းရေးမှူးဖြစ်နေတော့ဒီစာရင်းလောက်တော့ကြေငြာပေးဖို့ပြန်လည်ဖြေဆိုနိုင်တဲ့အခွင့်အာဏာရှိမယ်ထင်လို့မေးရခြင်းဖြစ်ပါတယ်။
...ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုကျင့်သုံးနေတာဒီမိုကရေစီစနစ်ဖြစ်တဲ့အပြင်၊အာဏာရတာဝန်ရှိသူတွေမဲဆွယ်စဉ်ကလည်း Government Transparency လို့ခေါ်တဲ့အစိုးရရဲ့ပွင့်လင်းမြင်သာမှူကြီးကိုတစိုက်မတ် မတ်ထောက်ပြဝေဖန်ခဲ့ပြီး၊သူတို့ကျရင်ပြည်သူကိုအကုန်ချပြမယ်ပြောလို့မေးကြည့်တာပါ။
..လူမသိစေချင်တာတွေမေးမိရင်လည်းခွင့်လွှတ်ပါ။😂😂😂😃😄
Government Transparency ကိုမျှော်လင့်တောင့်တနေမိသော ..ဒီမိုကရေစီနိုင်ငံဟုလူအများခေါ်နေသော(ဟုတ်မဟုတ်မသိသည့်ဘာမှန်းမသိသောမြန်မာနိုင်ငံအတွင်းကပြည်သူတစ်ဦး)
(Share လုပ်နိုင်ပါသည်။ Copyလည်းကူးနိုင်ပါသည်)

Moe Kyaw (or) Sit Thwe (31-5-2017) #မြန်မာ့စစ်သွေး

" ဂျီဟဒ်ဒစ်ဆေး "

 

" မရှိ မဖြစ် ဆေး .. " ဆီးရီးယားစစ်ပွဲရှိ ဂျီဟဒ်ဝါဒီများထံပေးပို့မည့် စိတ်ကြွဆေးများ ပြင်သစ်တွင်ဖမ်းမိ။ ဆော်ဒီအာရေးဗီးယားမှတစ်ဆင့် ကုန်ကူးပေးပို့နေကြပြီး စိတ်ကြွဆေးဈေးကွက်ဖြစ်ပေါ်နေ။ လက်ဘနွန်တွင် ဆော်ဒီမင်းသား အဗ္ဗဒယ် အယ်ဝါလစ်၏ကိုယ်ပိုင်ဂျက်လေယာဉ်တွင်းမှ မူးယစ်ဆေးဝါး ၂-တန်ခန့်တွေ့ရှိသဖြင့် လက်လနွန်အာဏာပိုင်များက ထိန်းသိမ်းခဲ့ရသည်။
( မေ-၃၁၊ ၂၀၁၇ ) ဆီးရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်လျှက်ရှိသည့် ဂျီဟဒ်ဝါဒီများထံပေးပို့မည့် " ဂျီဟဒ်ဒစ်ဆေး " ခေါ် ကက်တာဂျင်စိတ်ကြွဆေးဝါး အနည်းဆုံး ၁၃၇ ကီလိုခန့် ကို ချားလ်ဒီဂေါလေဆိပ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း ပြင်သစ်အကောက်ခွန်အရာရှိများက ပြောဆိုကြောင်း ရုရှားတူဒေးသတင်းဌာနက ယနေ့ရေးသားသည်။ 
 Image may contain: 1 person, text
ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ်ဖမ်းဆီးရမိသည့် အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ တရားမဝင်တင်ပို့သော အခြားကုန်စည်ထက်ဝက်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ လိပ်မူထားခြင်းဖြစ်သည်ဆို၏။ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြင်သစ်နိုင်ငံမှ ဖမ်းဆီးရမိသည့် စိတ်ကြွေဆေးများမှာ တရားမဝင်ဈေးကွက်တွင် အမေရိကန် ၁.၇ သန်းခန့်တန်ဘိုးရှိမည်ဖြစ်သည်။
၁၉၅၀-ခုနှစ်ခန့်တွင် စတင်တီထွင်ထုတ်လုပ်ခဲ့ကြောင်းခန့်မှန်းကြသည့် ကက်တာဂျင်ဆေးဝါးများသည် အမ်ဖီတာမင်း စိတ်ကြွဆေးအုပ်စုတွင်ပါဝင်ပြီး ယခုအခါ အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားရာဒေသများတွင် အသုံးများတွင်ကျယ်လျှက်ရှိခြင်းကြောင့် ဈေးကွက်ဖြစ်ပေါ်နေသည်။
 No automatic alt text available.

ဇန်နဝါရီလတွင် လက်ဘနွန်မှ ချက်နိုင်ငံသို့ပေးပို့သည့် စိတ်ကြွဆေးပြား ၃၅၀'၀၀၀ ( အလေးချိန် ၇၀ ကီလို) ကိုလည်း ပြင်သစ်အကောက်ခွန်ဌာနက ဖမ်းဆီးရမိခဲ့သည်။ ပြင်သစ်၊ ဂျာမနီနှင့် ချက်နိုင်ငံအာဏာပိုင်များဖော်ထုတ်ချက်အရ စိတ်ကြွဆေးများသည် တူရကီနိုင်ငံမှတစ်ဆင့် ဆော်ဒီအာရေးဗီးယားသို့ ပေးပို့ကြောင်းပေါ်ပေါက်ခဲ့သည်ဆို၏။ ကုလသမဂ္ဂသတင်းထုတ်ပြန်ခဲ့ရာတွင် အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားရာဒေသများ၌ အမ်ဖီတာမင်းစိတ်ကြွဆေးများအလွဲသုံးခြင်းနှင့် ရာဇဝတ်မှု့ခင်းများဖြစ်ပေါ်လျှက်ရှိကြောင်း ဖော်ပြထားသည်။
 No automatic alt text available.

သုံးစွဲလျှင် သွေးဖိအား၊ နှလုံးခုန်နှုန်းနှင့် စိတ်တက်ကြွစေသော အမ်ဖီတာမင်းဓာတုပစ္စည်းများသည် စိတ်ကြွဆေးအမျိုးအစားတွင်ပါဝင်သည်ဖြစ်သော်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားရာဒေသများမူ စစ်မြေပြင်စွမ်းရည်မြင့်တက်စေသော " စူပါစစ်သား ဆေး " အဖြစ် အသုံးပြုနေကြခြင်းဖြစ်သည်ဆို၏။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ လက်ဘနွန်နိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆော်ဒီမင်းသား အဗ္ဗဒယ် အယ်ဝါလစ်အား ၄င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်တွင်းမှ မူးယစ်ဆေးဝါး ၂-တန်ခန့်တွေ့ရှိသဖြင့် လက်လနွန်အာဏာပိုင်များက ထိန်းသိမ်းခဲ့ရကြောင်း သတင်းများတွင် ဖော်ပြပါရှိခဲ့သည်။

ကိုဌေးအောင် ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည်
..
‘Jihadist drug’: 137kg of psychostimulant seized at French airport, partly bound for Saudi Arabia https://www.rt.com/news/390203-france-seize-jihadist-drug/
https://www.rt.com/news/319727-saudi-prince-drug-arrest/

"ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး.... ဟု ဆိုတဲ့... လက်ဘနွန်နိုင်ငံသူ ခရီးသွား စာရေးဆရာမ... အီလင်း ယူဆွတ် ရဲ့ စာ" ( ဘာသာပြန် )

 
"ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်" — ဗုဒ္ဓ
ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။


ကမ္ဘာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။

ပထမဆုံးအနေနဲ့ "ဘာသာ" ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် "ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု" နဲ့ "လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု" ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို ခရီးထွက်ပြီး အဲဒီက ဗုဒ္ဓကျောင်းကန်တွေကို လေ့လာကြည့်မိမှ ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုအပေါ်အခြေခံတဲ့ စနစ် မဟုတ်သလို တန်ခိုးရှင်အပေါ်မှီတဲ့ အဖွဲ့အစည်းလဲ မဟုတ်တာတွေ သတိပြုမိလာတယ်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓကို တန်ခိုးရှင် အဖြစ် မသတ်မှတ်ပါဘူး။ သူတို့အတွက်တော့ ဗုဒ္ဓဟာ ကမ္ဘာပေါ်က တခြားသူတွေလိုပဲ လူသား တယောက်ပါပဲ။ ဒါပေမယ့်... သူဟာ ဒုက္ခတွေရဲ့ အကြောင်းရင်း အရှုပ်အထွေးကြီးကို ထုတ်ဖေါ် ရှင်းလင်းခဲ့ပြီး၊ အဲဒီ အရှုပ်အထွေးက လွတ်ရာ လွတ်ကြောင်းအတွက် တိကျသေချာတဲ့ လမ်းကို ပြခဲ့တယ်။

အခုလို သဘာဝ ဓမ္မနဲ့ သံသရာက လွတ်ကြောင်းတွေ ပြသခဲ့တာတောင်၊ သူ့ကို ကိုးကွယ်တာ၊ ဝတ်ပြုဆုတောင်းတာတွေ မလိုချင်ဘူးလို့ အလေးအနက် ဆိုခဲ့သေးတယ်။ တခုပဲ သူတောင်းဆိုတာက ... သူ့ရဲ့ တရားတွေကို စူးစမ်းစိတ်ဖြာကြည့်ပါ၊ ကိုယ်နဲ့ ကိုက်ညီရင် ယူပြီး ကျင့်သုံးပါ။ အဲဒီလို မဟုတ်ရင် ဒီတရားကို လက်မခံဖို့ အခွင့်အရေး အပြည့်အဝရှိတယ်။

ဘုရားကျောင်းကန်တွေမှာ ရိုးရာနဲ့ ဘာသာရေး အခမ်းအနားတွေ တွေ့နိုင်ပေမယ့်၊ ဒါတွေဟာ ဝတ်ပြုတာတွေကို အခြေခံတာ မဟုတ်ဘူးလို့ ကျမကို ရှင်းပြတယ်။ "ဝတ်ပြုပွဲ" တွေအဖြစ် ကျမတို့ တွေ့ရတဲ့ အစီအစဉ်တွေဟာ အမှန်တရားကို ဖေါ်ထုတ်သွားတဲ့ လူ တယောက်ကို လေးစား ကျေးဇူးတင်ကြောင်း ပြတာတွေပါပဲ။ ကျမတို့ ကြားနေကြ ဆုတောင်း ရွတ်ဖတ်စာတွေတောင် တကယ်က သတ္တဝါ အားလုံးကို ချွင်းချက်မရှိ အကြင်နာ မေတ္တာ မျှဝေတာတွေပါပဲ။

ဗုဒ္ဓတရားကို ထပ်ပြီး အသေးစိတ် လေ့လာကြည့်ရင် ဘာသာရေး ခေါင်းဆောင်ဆိုတာတောင် တကယ့်တော့ မရှိဘူးဆိုတာ အသေအချာ တွေ့ရမယ်။
Dzongsar Jamyang Khyentse Rinpoche (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) အမြဲပြောသလို ဒလိုင်းလာမားဟာ တိဘက်လူမျိုးတွေအတွက် လောကီရေးရာ ခေါင်းဆောင်၊ ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေအပါ အဝင် လူအများရဲ့ အယူဝါဒဆိုင်ရာ ဦးဆောင်သူ ဆိုတာတောင် သူ့အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အာဏာပိုင် မဟုတ်သလို ဘယ်သူက ဗုဒ္ဓဘာသာဝင် အစစ်၊ ဘယ်သူက ဗုဒ္ဓဘာသာဝင် အတုဆိုတာတွေ၊ ဘယ်သူတွေက အပြစ်သားတွေ၊ ဘယ်သူတွေကတော့ အပြစ်သားမဟုတ်ဘူး ဆိုတာတွေပါ ဆုံးဖြတ်နိုင်တဲ့ အာဏာ မရှိပါဘူး။
ဒီတော့ ဗုဒ္ဓဘာသာက ဘာသာ မဟုတ်ရင် ဘာလဲ။

ကျမ အမြင်အရ ဗုဒ္ဓဘာသာဆိုတာ ဘဝနေနည်း၊ လောက အမြင်နဲ့ လောက သဘာဝ ဓမ္မ တွေပါပဲ။
မရှက်တမ်း ဝန်ခံရရင် ဗုဒ္ဓဘာသာကြောင့် ကျမကြီးပြင်းခဲ့တဲ့ ဘာသာအပြင် ကမ္ဘာ့ ဘာသာတရားတွေကို ပိုမြင်တတ်လာတယ်။ ဗုဒ္ဓတရားနဲ့ မတွေ့ခင် "ကျမ်းစာအုပ်" ဆိုတာ ကျမအတွက်တော့ တရုတ်စာ ဖတ်နေရသလို ဖြစ်မိတယ်။

ဘာကြောင့် ဝတ်ပြုရတယ်၊ ဘာသာရေးထုံးတမ်းတွေ ဘာကြောင့် လုပ်ရတယ်၊ ဘာသာရေး ဆရာတွေရဲ့ သင်ကြားချက်တွေကို တကယ်နားမလည်ပဲ ဘာကြောင့် လိုက်နာရတယ် ဆိုတာတွေအတွက် အဖြေရှာမရဘူး။ ဗုဒ္ဓတရားနဲ့ မတွေ့ခင်အထိ ကျမဟာ ဘုရားသခင်အပေါ် ကိုးစားမှီခိုရသူ ဖြစ်ခဲ့တယ်။ ကျမ ခန္ဒာရဲ့ အပြင်မှာ တောက်ရှောက် ရှာလာခဲ့တော့ ကျမကို ကျမ ရှာမတွေ့နိုင်ခဲ့ဘူး။
ဗုဒ္ဓတရားကြောင့် အတွင်းကို ပြန်ကြည့်တတ်လာတယ်။ ဗုဒ္ဓတရားကပဲ ကျမရဲ့ လွတ်လပ်မှုနဲ့ သတိကို သင်ပေးတယ်။ ဗုဒ္ဓတရားကပဲ ကျမကို ကျမ ဆင်ခြင်နိုင်ဖို့၊ တန်ခိုးရှင်ကို အားမကိုးပဲ ကိုယ့်အပြုအမူ၊ အတွေးအကြံနဲ့ ခံစားမှုတိုင်းကို ကိုယ်တိုင် တာဝန်ယူနိုင်ဖို့နည်းလမ်းတွေ ကူညီခဲ့တယ်။

ဗုဒ္ဓတရားကြောင့် ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံကနေ ကျမတို့ကို ဆုံးဖြတ် စီရင်မယ့်သူ မဟုတ်တာ သိမြင်လာတယ်။ ကိုယ်နဲ့ ဘုရား နှစ်ခုကွဲ ဘဝကို အဆုံးသတ်နိုင်ခဲ့ပြီး ဘုရားဆိုတာ လူတိုင်း၊ အရာဝတ္ထတိုင်း နေရာတိုင်းမှာ ကိန်းဝပ်တယ် ဆိုတာလည်း ဆင်ခြင် နိုင်ခဲ့တယ်။ ဘုရားဆိုတာ အပြင်မှာ မဟုတ်၊ လက်လှမ်းမမီနိုင်တဲ့ အရာလည်း မဟုတ်၊ ကိုယ်တွင်းမှာ ရှိတဲ့ တရားသာ ဖြစ်ပါတယ်။
ဒါဖြင့် ဘာလို့ ဗုဒ္ဓတရားကို လေ့လာကြည့်ဖို့၊ ဒါမှမဟုတ် ကျင့်ကြံကြည့်ဖို့ လိုသလဲလို့ တွေးမိကြမှာပါပဲ။ ဒါကတော့ တယောက်စီရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ နှလုံးသားနဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့် အသိ တိုးလာမယ်၊ တွေးတော ကြံဆ လာနိုင်မယ်ဆိုတာ အရှုံးမရှိတဲ့ ကိစ္စလို့လည်း ယုံကြည်တယ်။

ဗုဒ္ဓဘာသာရဲ့ တခြားဘာသာတွေနဲ့ မတူတဲ့ အချက်က ဘာသာဝင်တွေအနေနဲ့ သူ့တရားကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုထားဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အတွက် တပါးသူတယောက်က ဘယ်က လာတယ်၊ ဘာကိုယုံကြည်ပြီး ဘာကို ကိုးကွယ်သလဲ ဆိုတာတွေက အရေးမပါဘူး။ သူတို့ အလေးထားတာက သင့်အနေနဲ့ "အရာတိုင်းဟာ မမြဲဘူး" ဆိုတဲ့ ဓမ္မကို မြင်နိုင်ဖို့ဆိုတာပဲ။ (စကားချပ်၊ ဥပမာ ဦးဂိုအင်ကာရဲ့ ကမ္ဘာ အနှံ့က တရား စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်ပဲ လာရမယ်လို့ မရှိဘူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို့လည်း မတိုက်တွန်းဘူး။ တရားပြသူတွေကလည်း ဘုန်းကြီးတွေ မဟုတ်ဘူး)။
ဗုဒ္ဓတရားကို လေ့လာကြည့်တာ အကျိုးများပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ပန်းတိုင်ကကို ဘာသာကို အကျိုးရှိအောင် မဟုတ်ပဲ ကျင့်ကြံသူကို အကျိုးရှိစေဖို့ ဖြစ်လို့ပါပဲ။ ဗုဒ္ဓတရားရဲ့ အကျိုးတွေကတော့ သဘာဝ ဓမ္မ၊ ဘဝ ရလာပုံနဲ့ မိမိကိုယ်ကို တကယ် နားလည်လာမယ်။

Dzognsar Khyentse (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) ပြောခဲ့တာတခုကိုပဲ ပြန်ပြောရရင် "ဗုဒ္ဓတရားဟာ ယောင်္ကျား မိန်းမ ဘယ်နှစ်ယောက် ယူသင့်တယ်၊ (ဘာသာရေးခွန်) ဘယ်ကို ပေးသင့်တယ်၊ သူခိုးကို ဘယ်လို အပြစ်ပေးရတယ် စတဲ့ လောကီရေးရာ ပြဌာန်းချက်တွေမဟုတ်ဘူး။ ဗုဒ္ဓတရားမှာ မင်္ဂလာ ဘယ်လိုဆောင်ရမယ်ဆိုတဲ့ ထုံးတမ်း သတ်မှတ်ချက်တောင် ရှိတာ မဟုတ်ဘူး"။
ဗုဒ္ဓအနေနဲ့ လူတွေ ကြားချင်တာ ပြောခဲ့တာ မဟုတ်ပါဘူး။ သဘာဝဓမ္မကို မြင်နိုင်အောင် အလင်းဖွင့်ပေးခဲ့ရုံပါပဲ။

သင်လည်း မြင်နိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား။
CREDIT TO >>> Nyein Khant (ဘာသာပြန်သူ)
http://www.elephantjournal.com/…/buddhism-is-not-a-religio…/
-----------------------------------------------------------
I get plenty of comments when I say that I’m not a religious person, but I am a practicing Buddhist.
Although Buddhism is known worldwide as a religion, for me it is not. Frankly, I used to perceive it as one, before knowing anything about it and delving into its culture.
To start off, the word religion means “a system of faith and worship” and “the belief in a superhuman, or god with power.” After visiting India and Nepal, and observing the Buddhist complex, I came to notice that Buddhism is neither a system of faith, nor a god-based institution.
Buddhists do not consider the Buddha as a supreme god. For them, he is a man like any other man who’s walked on the earth. Nevertheless, Buddha untangled the reasons of suffering and offered us a concrete way of getting out of them.
And although he did offer the world teachings about how to get unstuck from samsara, he insisted that he wanted no worship or praying. All he asked for is that we must examine his teachings first, and if they do resonate with us, then we practice them. If not, however, we have the utter freedom to leave them.
Although I have watched rituals and ceremonies being held at monasteries, I’ve been told that they’re not in any way worship-based. The so-called “worship” that we might see is one that is offered as a way of showing respect and thankfulness to the man who exhibited the truth. Even the prayers that we hear are ones that read compassion, kindness and love to all sentient beings, without any exception.
If we look more closely at Buddhism, we can even ascertain that there is no leader in the culture. Dzongsar Khyentse constantly talks about how the Dalai Lama is a secular leader for the Tibetan community in exile and a spiritual master to many people all over the world—and not merely for Buddhists. He insists that there is no authority in Buddhism with the power to decide who is a true Buddhist and who is not, or who is punishable and who is not.
If Buddhism isn’t a religion, what is it then?
The way I see it, Buddhism is a way of life—it’s a philosophy and a truth that simply represents how things are in life.
I must admit (and I’m not ashamed to claim it) that Buddhism has helped me understand the religion I was brought up with, as well as all the other religions in the world. Before being introduced to Buddhism, “holy books” were on par with the Chinese language to me. I couldn’t understand why I was supposed to pray, to attend religious ceremonies or to follow a spiritual leader, without true conviction or belief for what they’re saying. Before Buddhism, I was co-dependent on “God.” I constantly searched outside of myself, and I believe this is why I never found myself.
Buddhism helped me look inward. It taught me independence and self-awareness. Through it, I began to understand how the world ticks. It helped me look at myself and take responsibility for my actions, thoughts and emotions, rather than taking refuge in a supreme god.
With Buddhism, I came to finally understand that God isn’t a judgmental man who lives in the clouds. I stopped this duality between God and myself, and I figured out that God is in everyone (and everything and everywhere). It is not something that is outside of us or something we cannot reach—it is in us.
So you might ponder the question—why is it worth looking into Buddhism or practicing it?
I utterly believe to each their own—however, I also believe that it is never wrong to live with an open heart and an open mind which expands our knowledge and raises questions in our heads.
Unlike other religions, Buddhism doesn’t tell its followers to stick only to its teachings. Buddhists don’t care where you’re from, what you believe in or who you worship. All they care about is that you know the truth—and the truth is: “All compounded things are impermanent.”
It’s worth understanding Buddhism, because the final outcome of its purpose is not something that is beneficial to itself—the benefits are for our own sake. The benefit is that we will actually understand the truth of life, our existence and ourselves.
Again, like Dzognsar Khyentse said, “Buddhism is not a survival kit for living that dictates how many husbands a wife should have or where to pay taxes or how to punish thieves. Buddhism doesn’t even have a ritual for wedding ceremonies.”
The Buddha didn’t tell people what they wanted to hear—he simply opened their eyes to the truth of life.
Are you ready to hear it?
Credit
ပြန်လည်မျှဝေပါသည်။
https://m.facebook.com/story.php…

Tuesday, May 30, 2017

ရခိုင်သူဌေးကြီး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)










ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။

အရွယ်ရောက်လျှင် ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် လာ ကြသည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ၀ီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ် ပေးခဲ့သည်။

လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာ လက်ဖွဲ့ ရတနာရွှေငွေများကို စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထို အခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။
ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘ၀နာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများ အပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ် ဘရားသား စသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် "ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်" လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဤလုပ် ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။

ဦးရဲကျော်သူသည် ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ၀ီရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘ၀မမေ့ဘဲ လှေထိုးသားဘ၀က အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် တပည့်ကလေးနှင့် အတူ စစ်တွေမြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊မြစ်ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု ဆော်သြလေ့ရှိသည်။

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိ ဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ ဖြစ်သည်။ ထိုစဉ်က ထင်ရှားသော လယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင် ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။

ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကား၍ သား(၄)ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်း မှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦး ဖြစ်လာသည်။ ရန်ကုန်မြို့ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့စဉ် ဆူးလေစေတီတော်ကို ဖြိုဖျက်ရန်ကြိုးစားရာ ဦးချန်ထွန်းက အင်္ဂလန်နိုင်ငံဝိတိုရိယဘုရင်မကြီးထံ စာေ၇းပြီးကန့်ကွက်သောကြောင့် ဆူးလေစေတီတော်ကြီး ပျက်စီးမည့်ဘေးမှကင်းဝေးခဲ့သည်။

ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်

Arakan Aung Aung ဖေ့စ်ဘုတ်မှ ကူးယူတင်ပြပါသည်

ပင်လုံညီလာခံပြီးသော်လည်း အရေးကြီးအချက်များ ဆက်ဆွေးနွေးရန်ကျန်ခဲ့ဟု KNU ထုတ်ပြန်



 

ရန်ကုန်၊ မေ ၃၀ ။           ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ပြီးဆုံးပြီဖြစ်သော်လည်း အာဏာခွဲဝေမှုနှင့် အခြေခံဥပဒေဆိုင်ရာကိစ္စရပ်ကဲ့သို့ အရေးကြီးသောအချက်များ ဆက်ဆွေးနွေးရန်ကျန်နေခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသား၏ အဓိကမျှော်မှန်းထားသည့် ရည်မှန်းချက်များဖြစ်သော ဖက်ဒရပ်စနစ်အတွက် အရေးပါသည့် ပြည်ထောင်စုအတွင်း ပြည်နယ်များ ၏အရေးပါမှု အခန်းဏ္ဍများ၊ ပြည်ထောင်စုနှင့်   ပြည်နယ်များအကြား  အာဏာခွဲဝေပိုင်းခြားမှု၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပူးတွဲအကောင်အထည်ဖော်ခြင်း စသည်ဖြင့် အရေးကြီးသော အချက်အလက်များမှာ ဆက်ဆွေးနွေးရန်ကျန်နေပါသည် ဟု KNU က မေ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် လုံခြုံရေးကဏ္ဍ၌ တစ်ခုတည်းသော တပ်မတော် ထားရှိရေးနှင့် ပတ်သက်ပြီး တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစု အဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့ နှင့် အငြင်းပွားမှုများ ဖြစ်ခဲ့ကြသေးသည်။
အဆိုပါ အချက်၅ ချက်ပါဝင်သည့် KNU ထုတ်ပြန်စာတွင် အထက်ပါ အချက်များ သဘောတူညီမရသေးပါက ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ပြည်ထောင်စုအသစ် ပေါ်ထွန်းလာ မည်ဟုတ်ဟု ယုံကြည်ကြောင်းလည်းပါရှိသည်။
နောက်ထပ်ကျင်းပရန်ရှိနေသည့် နိုင်ငံရေးဆွေးနွေးပွဲများသို့ ၂၁ ရာစုပင်လုံအစည်းအဝေးများတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ KNU မှ ပါဝင်ဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
မေလ ၂၄ ရက်မှ စတင်ကျင်းပနေသည့် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ကဏ္ဍအလိုက် တတ်သိပညာရှင်များ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍ တစ်ခုလျှင် တက်ရောက်ဆွေးနွေးသူ ၁၅၀ ဦးတက်ရောက်ခဲ့ကြသည်။

ဗလီဆောက်လုပ်မည့် မြေနေရာ၌ ၀က်ခေါင်းနှင့် ၀က်ခြေထောက်တို့အားစိုက်ထူ

 Image may contain: 1 person, text

ဂျာမနီနိုင်ငံတွင် အာဖတ်မြို့အရှေ့ပိုင်း ဘာသာရေးအဆောက်အအုံဆောက်လုပ်ရန်စီစဉ်ထားသည့်မြေနေရာ၌ ၀က်ခေါင်းများချိတ်ဆွဲထားသည်ကိုတွေ့ရှိကြောင်း ဂျာမန်ရဲတပ်ဖွဲ့ကပြောဆိုသည်။ ဗလီဆောက်လုပ်မည့် မြေနေရာ၌ ၀က်ခေါင်းနှင့် ၀က်ခြေထောက်တို့အား အရှည် ၁.၅ မီတာခန့်ရှိမည့် ဒုတ်ချောင်းထိပ်တွင်စွပ်လျှက် စိုက်ထူထားသည်ကိုတွေ့ရှိရကြောင်းနှင့် မည်သူမည်ဝါပြုလုပ်သည်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောဆိုသည်။ ( မေ-၂၉၊ ၂၀၁၇၊ ဖောက်စ်နယူး )
((( လွန်ခဲ့သောနှစ်များအတွင်း ဥရောပနိုင်ငံအချို့တွင် အလားတူဖြစ်ပွားသော သတင်းများထွက်ပေါ်ခဲ့သည်ကို တွေ့ရပါသည်။ သတင်းဘာသာပြန်သူ )))

 Htay Oung
ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပါသည်။
http://www.foxnews.com/world/2017/05/29/pieces-pig-placed-on-plot-future-mosque-in-germany.html

စစ်တွေ မင်းဂံရပ်ကွက်မှ မုန်တိုင်းဘေးသင့် သေခံ ၂၀၀ ကျော် စာသင်ကျောင်းမှာခိုလှုံ(မုန်တိုင်း မိ ဓါတ်ပုံများ)


Image may contain: 2 people, people sitting and indoor

Image may contain: one or more people and people sitting
 Image may contain: outdoor and nature

 Image may contain: sky and outdoor
Image may contain: sky, house and outdoor
 Image may contain: sky and outdoor
 Image may contain: sky, house and outdoor
 Image may contain: outdoor
 Image may contain: outdoor
 Image may contain: 2 people, outdoor
 Image may contain: car and outdoor
 Image may contain: outdoor
Image may contain: outdoor
Image may contain: bridge, outdoor and nature
Image may contain: one or more people, outdoor and nature
Image may contain: outdoor and water
 Image may contain: one or more people, people standing, sky, outdoor and nature
 Image may contain: sky, outdoor and nature
photo - သားသျှေလေး/DMG

စစ်တွေမြို့နယ် မင်းဂံရက်ကွက် အကွက် ၁၄ နှင့် အကွက် ၁၅ တို့မှ အိမ်ခြေ ၄၀ ကျော် မိုရာဆိုင်ကလုန်း မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးသွား၍ လူ ၂၀၀ ကျော်မှာ အကွက် ၁၄ ရှိ စာသင်ကျောင်း၌ ဖြစ်သလို နေထိုင်စားသောက်နေရကြောင်း DMG သတင်းထောက် သားသျှေလေးက ပေးပို့ထားသည်။


Monday, May 29, 2017

ခွဲမထွက်ရအချက် ညှိနှိုင်းမရ

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို မတ်လ ၃ ရက်နေ့က တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို မတ်လ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA 
 
နိုင်ငံတော်ရဲ့ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းလို့ မရတဲ့အတွက် အဲဒီအချက်ကို အခုကျင်းပနေ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းနိုင်တော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
ခွဲမထွက်ရဆိုတဲ့အချက်ကို တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က လက်ရှိအချိန်မှာ မထည့်သွင်းစေချင်တာကြောင့် သဘောတူညီမှု မရခဲ့တာဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

"ခွဲထွက်ခွင့်ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြတယ်၊ ဆွေးနွေးကြတဲ့ အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က ဒီခွဲထွက်ခွင့် ကတိကဝတ်နဲ့ပတ်သက်လို့ ဒါကိုသူတို့က ဒီအချိန်မှာ မထည့်စေချင်ဘူး၊ အဲဒီတော့ ကျနော်တို့ ဒီချပြီးတော့ ဖက်ဒရယ်မူကို ဆွေးနွေး ခဲ့ရတိုင်း ခွဲမထွက်ဘူးဆိုတဲ့ဟာကို ကျနော်တို့က ယူပါတယ်၊ ယူပြီးတော့ တဘက်ကလည်း ပြည်နယ်တွေ ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့နော်၊ တန်းတူရည် ကိုယ်ပိုင်ပြဌာန်းခွင့် ဒါကို ကျနော်တို့က ချိန်ထားတာပါ၊ ဆွေးနွေးတဲ့အခါမှာ ခွဲမထွက်ရဆိုတဲ့ ဒီအချက်ကို သဘောတူမှ ဗဟိုအချက်တွေကလာမှာဖြစ်ပါတယ်၊ အဲဒီအချက်မှာတင် ကျနော်တို့က သဘောတူညီမှု မရပါဘူး၊ မရတဲ့အတွက် ကျန်တဲ့အချက်တွေလည်း ကျနော်တို့ ဒီညီလာခံမှာပေါ့နော် စိတ်မကောင်းစွာပဲ ချန်ခဲ့ရပါတယ်"

အဲဒီအချက်နဲ့ပတ်သက်ပြီး ညီလာခံ အစည်းအဝေးမှာရော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးမှာပါ ဆွေးနွေးခဲ့ပေမယ့် ညှိနှိုင်းမရဘဲ ဖြစ်ခဲ့တာပါ။
နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးခဲ့တဲ့ ၂၁ ချက်ထဲကနေ ၁၂ ချက်ကိုတော့ သဘောတူ ညှိနှိုင်းနိုင်ခဲ့ တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ အစည်းအဝေးရဲ့ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုမှာပါဝင်တဲ့ နိုင်ငံတော်ရဲ့ နယ်အမြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရဆိုတဲ့ အချက်ကို မထည့်သင့်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ရဲ့နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရဆိုတဲ့ အချက်ဟာ ပင်လုံစာချုပ်၊ ပင်လုံကတိက၀တ် ၊ပင်လုံစိတ်ဓာတ်တွေနဲ့ လုံးဝဆန့်ကျင်နေကြောင်း၊ လွတ်လပ်ရေး ဖခင် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စုမူနဲ့ ဆန့်ကျင်နေကြောင်းနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေနိုင်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။