Saturday, July 12, 2014

ကျောက်တော် တောင်ဘွေတွင် ဘုရားဦးတော်များဖျက်ဆီးခံရ



 ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာတွင် ဘုရား (၅) ဆူ၏ ဦးတော်များ ဖျက်ဆီးခံခဲ့ရသည်ဟု သတင်း ရရှိသည်။

“ တောင်ဘွေမှာ ရွာဦးစေတီရှိတယ်။ ရွာဦးစေတီက ဘုရား (၅) ဆူရဲ့ ဦးတော်တွေ ဖျက်ဆီးခံရပြီး မြေခနေတယ်လို့ ကြားရပါတယ်။ အဖမ်းအဆီးတော့ မရှိသေးဘူးလို့ ကြားရတယ်။ ရဲမြို့နယ်မှူးကတော့ ပြန်လည် တည်ဆောက်ပေးမယ်လို့ ပြောတယ်လို့ သိရပါတယ်” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

တောင်ဘွေကျေးရွာမှာ ကျောက်တော် သကြားစက် အလွန် သာစည်အနီးတွင် တည်ရှိပြီး ယင်းရွာအနီးတွင် တောင်ဘွေ မူဆလင်ရွာ တည်ရှိသည်ဟု သူက ဆိုသည်။

ဒုက္ခသည်ပြန်ပို့ရေး ထိုင်း-မြန်မာသဘောတူ



ထိုင်းနိုင်ငံ စစ်အစိုးရက နိုင်ငံကို အပတ်စဉ် ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့တဲ့ မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ထိုင်းနိုင်ငံအတွင်း ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေး ထိုင်းနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့ အကြောင်း ထည့်ပြောသွားခဲ့ပါတယ်။ ဒုက္ခသည်အရေး ကူညီပေးနေသူတွေကတော့ ဒုက္ခသည်တွေ ပြန်ပို့နိုင်ရေး အဆင်သင့်မဖြစ်သေးဘူးလို့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာရှိရှိ မပြန်ရဘူးဆိုရင် ပြန်ကြမှာမဟုတ်တဲ့အကြောင်း ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နာမည်ကြီးသတင်းထောက် ဖြစ်လိုသူများ ထောင်ထဲသွား ထောင်ကထွက်ရင် နာမည်ကြီးပြီဆိုပြီး လူဗြိန်း အတွေးနှင့်လူများ

ဦးသိန်းစိန်ကို ဆန္ဒပြသူ သတင်းထောက်တွေ ပုဒ်မ (၁၈) နဲ့ အမှုဖွင့်ခံရ



သမ္မတနဲ့အနုပညာရှင်တွေ တွေ့ဆုံကြတဲ့ မြန်မာ့ ငြိမ်းချမ်းရေးစင်တာရှေ့မှာ မီဒီယာ လွတ်လပ်ခွင့်တောင်းဆိုမှု တီရှပ်နဲ့ ဝင်ခွင့်မရတဲ့အတွက် အပြင်မှာ ဆန္ဒပြခဲ့ကြတဲ့ သတင်းထောက်များ။ (ဂျူလိုင် ၁၂၊ ၂၀၁၄) ဓာတ်ပုံ-စည်သူ

သတင်း လွတ်လပ်ခွင့် အပြည့်အ၀ ရရေးနဲ့ မီဒီယာ ဖိနှိပ်မှုတွေ ရပ်တန့်ပေးရေး သတင်းသမား အများစု သမ္မတ ဦးသိန်းစိန်ကို ဆန္ဒထုတ်ဖော် တောင်းဆို လိုက်ပါတယ်။ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာ အနုပညာရှင်တွေ တွေ့ဆုံနေစဉ် ငြိမ်းချမ်းရေး စင်တာရဲ့ အပြင်မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ လူ (၃၀) နီးပါး စုဝေးခဲ့တဲ့ ဆန္ဒပြ သတင်းသမား တွေကိုတော့ ကမာရွတ်ရဲစခန်းက ပုဒ်မ (၁၈) နဲ့ အမှုဖွင့် လိုက်ပြီလို့လည်း သိရပါတယ်။ အပြည့်အစုံကို ကိုစည်သူက သတင်းပေးပို့ထားပါတယ်။ 

ဒီကနေ့ ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာအနုပညာရှင်တွေ တွေ့ဆုံကြတဲ့ အချိန် “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်” ဆိုတဲ့ စာတန်းရေးထိုးထားတဲ့အကျီတွေ ၀တ်ဆင်ထားတဲ့ သတင်း သမား တွေကို ၀င်ရောက် သတင်းယူဖို့ ရဲတပ်ဖွဲ့က ပိတ်ပင်ခဲ့လို့ ငြိမ်းချမ်းရေး စင်တာ အ၀င်လမ်းမှာပဲ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်” စာတန်းပါ အကျီတွေဝတ်၊ ပါးစပ်တွေကို အနက်ရောင် တိပ် တွေနဲ့ ကြက်ခြေခတ် ပိတ်ပြီးတော့ သတင်းလွတ်လပ်ခွင့်မရရှိတာကို သရုပ်ပြ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။  မြန်မာ ဂျာနယ်လစ် ကွန်ရက်ရဲ့ လူမှုရေးတာဝန်ခံ မရွှေမှုန်ကတော့ သတင်းရယူခွင့် တားမြစ်ခံရတဲ့အပေါ် အခုလို ပြောပါတယ်။

လိုင်းကားတစ်စီး နေအိမ်နှင့် ဆိုင်ခန်းများအတွင်းသို့ အရှိန်လွန်ပြီး ၀င်သွား

လူနေအိမ်နှင့်ဆိုင်ခန်း များကို ၀င်တိုက်သည့် ၂၁၃ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို အတိုက်ခံရသောနေအိမ်ပိုင်ရှင်များနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက အခင်းဖြစ်ပွား ရာ နေရာတွင်ပင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက်ရှိ ဧရာကားမှတ်တိုင်အနီး၌ ဇူလိုင် ၁၀ ရက် ည ၁၂နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ အသွားတွင်အရှိန်လွန်ကာ နေအိမ်သုံးလုံး၊ဓာတ်ပုံဆိုင်တစ်ဆိုင်၊ စားသောက်ဆိုင်တစ်ဆိုင်တို့ကို ဆက်တိုက်ဆိုသလို ၀င်တိုက်ထိုးဝင်သွားခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ကို အချိန်မီဖမ်းပေးနိုင်ခဲ့သည်။

“ရပ်ကွက်ရုံးကို ကုလားများ ဝိုင်းထား”


ဒီကနေ့ 12.7.2014 ည 7:00 ကျော်မှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄ လမ်း၊ ၇၄×၇၅ လမ်းကြား၊ မောရဂီဝါရပ်၊ အုပ်ချုပ်ရေးမှူးရုံးကို ကုလားတွေ ဝိုင်းထားကြောင်း သိရပါတယ်။ဒုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားပြီး အော်ဟစ် ဆူပူဝိုင်းထားခြင်းဖြစ်ပါတယ်။ဘာကြောင့် ဝိုင်းတယ်။

မြို့ပတ်ရထားပေါ်တွင် လုယက်မှုကျူးလွန်သူ (၃)ဦးအနက် (၁)ဦးကိုဖမ်းဆီးရမိ



ရန်ကုန်၊ ဇူလိုင် ၁၂

 ၈.၇.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်ခင်ဆုဆုဇော် သည် လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာမှ လှည်းတန်းဘူတာသို့ မြို့ပတ်ရထားစီး၍ လိုက်ပါလာခဲ့ရာ ကမာရွတ်ဘူတာ အထွက်အရောက် ရထားပေါ်ပါ လူငယ်(၃)ဦးတို့မှ ၎င်းအား အရှည်(၁)ပေခန့်ရှိဓါးဖြင့်ထောက်ကာ ၎င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုး(၁)ကုံး၊ ဟန်းချိန်း(၁)ခု၊ လက်စွပ်(၃)ကွင်းနှင့် ငွေကျပ်(၁၅၀၀)တို့အား လုယက်ယူဆောင်ပြီး လှည်းတန်းဘူတာ မရောက်မီ ရထားပေါ်မှခုန်ဆင်းထွက် ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် တိုင်တန်းမှုအား ကမာရွတ်မြို့မရဲစခန်း (ပ)၂၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

စစ်တွေမြို့ လမ်းအများအပြား ရေမြုပ်

ပန်းခြံလမ်းတွင် ယနေ့ ရေမြုပ်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ/ ဖိုးသဲ)
 ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ယနေ့နံနက်က စပြီး လမ်းအများအပြား ရေမြုပ်နေသဖြင့် မြို့နေလူထု အနေဖြင့် သွားလာရေး ခက်ခဲနေကြောင်း သိရသည်။
အထူးသဖြင့် ကျောင်းသွား ကျောင်းပြန် ကလေးငယ်များနှင့် ဆိုင်ကယ်စီး ခရီးသွားများ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု စစ်တွေမြို့ခံများက ပြောသည်။
ယနေ့ နံနက်က မိုးအနည်းငယ် ရွာသွန်းပြီးနောက် ဒီရေတက်ချိန်တွင် စစ်တွေမြို့မှ မြေနိမ့်ပိုင်း ရပ်ကွက် များနှင့် လမ်းများကို ရေများ လျှံတက်လာပြီး ယခုလို ရေမြုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယတွင် ရွာသူကြီးအမိန့်နှင့် မုဒိမ်းကျင့်ခဲ့သည့်အမှု စစ်ဆေးရန် အမျိုးသား ၂ ဦးကို ဖမ်း

 

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်ပြည်နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တယောက်ကို ရွာသူကြီးရဲ့ အမိန့်နဲ့ အိမ်နီးချင်းယောက်ျားက မုဒိမ်းကျင့်ခဲ့တဲ့အမှုကို စုံစမ်း စစ်ဆေးဖို့ အမျိုးသား ၂ ဦးကို ဖမ်းထားတယ်လို့ ရဲတွေက ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ပြောပါတယ်။

ဂျာခန်ပြည်နယ် ဘိုကာရိုခရိုင်က ဆွမ်ဂါဂူလာ ဒီဟူရာရွာကောင်စီခေါင်းဆောင်က ဖိအားကြောင့် လိုက်နာရတဲ့အမိန့် ပေးခဲ့လို့ ဇူလိုင် ၈ ရက်နေ့က ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။

ကားဟိုက်ဒရောလစ် DUMP ကိုလှန်၍ ပြုပြင်နေစဉ် DUMP ပြုတ်ကျပြီး ကားဖရိန်နှင့် ဦးခေါင်းညပ်၍ သေဆုံး



နေပြည်တော်၊ ဇူလိုင် ၁၂

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆူးပုတ်ခုံကျေးရွာအနီး ကားလမ်းဘေးတွင် လူတစ်ဦးကားပိ၍ သေဆုံးနေကြောင်း သတင်းအရ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

တောင်ကုတ်လူသတ်မှု စွဲချက်ပြောင်းလဲရန် ပြည်နယ်တရားလွှတ်တော်၌ အပြီးသတ်လျှောက်လဲ

ထိုက်သူဇော်၊ စစ်တွေ၊ ဇူလိုင်-၁၁ 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို သံတွဲခရိုင် တရားရုံးမှ စွဲချက်တင်မှုကိုပြင်ဆင်ရန် ပြည်နယ်တရားလွှတ်တော်၌ ဇူလိုင် ၁၀ ရက်က အပြီးသတ်လျှောက်လဲမှုတင်သွင်းပြီးဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ်က ခရီးသည်တင်ယာဉ်ပေါ်မှ ဆွဲချသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် တစ်နှစ်ခန့်အကြာ၌ မင်းသိုက်ထွန်းအပါ ခုနစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ သံတွဲခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂/၃၄ ဖြင့် စွဲချက်တင်ထားပြီး တစ်နှစ်ခန့် စစ်ဆေးခဲ့သည်။

အမြောက်တပ်မှ ပြန်ပေးသော လယ်မြေများဘင်္ဂါလီများကို အုပ်ချုပ်ရေးမှူးချပေးဟုဆို



ထိုက်သူဇော်၊ မင်းပြား၊ ဇူလိုင်-၁၁

မင်းပြားမြို့တွင် အမြောက်တပ်ရင်း (၃၇၄) မှ သိမ်းဆည်းထားသောလယ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် စာပေးပို့ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ဘင်္ဂါလီများကို ပြန်လည်ရောင်းချပေးခဲ့ကြောင်း မင်းပြားမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးသာကျော်က စံတော်ချိန်သို့ပြောဆိုခဲ့သည်။

'မူလပိုင်ရှင်တွေကိုပြန်ပေးပေမယ့်အုပ်ချုပ်ရေးမှူးက နာဂရရွာက ဘင်္ဂါလီတွေကို တစ်ဧက ကျပ်ငါးသောင်းနဲ့ပြန်ချပေးထားတယ်။အမြောက်တပ်ရင်းကပြန်ပေးထားတဲ့စာတွေလည်းကျွန်တော့်ဆီမှာ အကုန်ရှိတယ်'ဟု ပြောဆိုသည်။

လယ်ယာမြေများအတွက် ပံ့ပို့ကူညီ ပေးအပ်ခြင်း




မောင်တော ဇူလှိုင် ၁၁ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စိုက်ပျိုးရန်အခက်ခဲ့ရှိသည့်ကျေး၇ွာ (၃၆)ရွာမှ လယ်ယာမြေများ အခက်ခဲ့ဖြစ်နေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးသာလူချေ နှင့်အတူ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်သန်းထွန်း၊ ရခိုင်ပြည်နယ် မြေစာရင်းဦးစီးဌာန
ပြည်နယ်ဦးစီးမှူး ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ မောင်တောရခိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲ့များ လိုက်ပါပြီး ၂၀၁၄ ဇူလှိုင်လ(၁၁) ရက် နေ့လည် (၁၃း၀၀) နာရီတွင် မောင်တောမြို့နယ် လယ်ယာမြေများ စိုက်ပျိုးရန် အခက်အခဲဖြစ်နေသော မင်္ဂလာညွှန့်ကျေးရွာသို့ ရောက်ရှိပြီး တိုင်းရင်းသား တောင်သူလယ် သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူလယ်သမားများ၏ အခက်အခဲများကို ပံ့ပို့ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

မကွေးမှာ MIG 29 တိုက်လေယာဉ်ဘာကြောင့်ပျက်ကျရ။





မကွေး လေတပ်စခန်း ဌာနချုပ်မှ MiG-29 တိုက်လေယာဉ်တစ်စင်း ဇွန် ၁၁ ရက်က လေ့ကျင့်ပျံသန်းစဉ် မြို့သစ်မြို့နယ်တွင် ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၁၁ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မကွေး လေတပ်စခန်း ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နှင့် ဗိုလ်ကြီးကျော်ဇင်သန့်တို့ မောင်းနှင်လာသည့် လေယာဉ်မှတ်ပုံတင်အမှတ် ၂၇၁၄ ဖြစ်သော MiG-29 အမျိုးစား တိုက်လေယာဉ်တစ်စင်းသည် မင်းလှမြို့အနီး လေ့ကျင့်ပျံသန်းရေး ဧရိယာအတွင်း အနိမ့်ပျံသန်းနေစဉ် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာတွင် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ဒုတိယဗိုလ်မှူးကြီး လှိုင်မြင့်နှင့် ဗိုလ်ကြီးကျော်ဇင်သန့်တို့ နှစ်ဦးမှာ လေယာဉ်အားစွန့်ခွာ၍ လေထီးဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

သေသွားသူက မြေးဖြစ်သူထံ တမလွန်က ဓာတ်ပုံ ပေးပို့





မိုဘိုင်းဖုန်းတွေ ခေတ်စားလာချိန်၊ လူမှု ကွန်ရက်တွေ အသုံးများလာချိန်မှာ Selfie လို့ ခေါ်တဲ့ ကိုယ့်ကိုယ် ကို ဓာတ်ပုံရိုက်ပြီး လူမှု ကွန်ရက်တွေပေါ် တင်ကြတာတွေ က လည်း တွင်ကျယ်လာနေပါတယ်။အခု ကိစ္စကတော့ တစ္ဆေ Selfie ဖြစ်စဉ်ပါ။

ရိုမေးနီးယားနိုင်ငံမှာ သေလွန်ပြီးသား သူ တဦးက Selfie ဓာတ်ပုံရိုက်ပြီး အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့မြေးဖြစ်သူ မစ္စ Gina Mihai ရဲ့ တယ်လီဖုန်းကို ပို့လိုက်တာပါဘဲ။

တကယ်တော့ Gina Mihai ရဲ့ အဖွားဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းကသေဆုံးသွားခဲ့ပြီး ဂျီနာကလည်း အဖွားဖြစ်သူရဲ့ သင်္ချိုင်းကို ဘာအစားအသောက်ကိုမှ မပို့ပေးခဲ့ဖြစ်ဘူးတဲ့။

နောက်ကွယ်မှကြိုးကိုင်သူမှာ အာဏာမရသောပါတီနှင့် မီဒီယာများဖြစ်နိုင်ဟု ဦးလှဆွေပြော


ဆူပူမှုဖြစ်စေရန် နောက် ကွယ်မှ ကြိုးကိုင်လှုံ့ဆော်သူများ သည် အာဏာမရသော ပါတီနှင့် ယခင်အစိုးရလက်ထက်က နှိပ် ကွပ်ခံရသူ ၀န်ထမ်းဟောင်းများ နှင့် မီဒီယာများဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း   ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက ပြောကြားလိုက်သည်။

ဆူပူမှုများ ဖြစ်ပေါ်လာပါက အများက    စွပ်စွဲကြသူများမှာ လက်ရှိအစိုးရ၊ တပ်မတော်၊ အာ ဏာရပါတီနှင့် နိုင်ငံရေးအခင်းအ ကျင်းကို စီစဉ်ပေးခဲ့သည့် ဗိုလ် ချုပ်ကြီးဟောင်းများသာဖြစ်သည့် အတွက် အဆိုပါ အဖွဲ့များနှင့် မ တည့်သည့် အာဏာမရသည့် ပါ တီနှင့် နှိပ်ကွပ်ခံရသည့် သူများက သာ ဆူပူမှုဖြစ်ရန် လှုံ့ဆော်ခြင်း၊  ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

ဘရာဇီးအသင်း ရှုံးတာဟာ ကျိန်စာတိုက်လို့ပါ

Photo: ဘရာဇီးအသင်း ရှုံးတာဟာ ကျိန်စာတိုက်လို့ပါ

အိမ်ရှင်ဘရာဇီးအသင်း အရှက်တကွဲနဲ့ ၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ
 ကျိန်စာတိုက်တာကြောင့်လို့ ဆိုပါတယ်။
ဂျာမနီနဲ့ မကန်ခင်မှာ ဘရာဇီးလူမျိုး အောက်လမ်းပညာရှင်
 မှော်ဆရာက ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို
 ဒုက္ခရောက်အောင် အစီအရင်များ ပြုလုပ်ထားသည်ဟု
 ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို ကွင်းထဲမှာ
 မပြေးနိုင်အောင် သူတို့ရဲ့ခြေထောက်တွေကို အစီအရင်တွေနဲ့
 ချည်နှောင်ထားပါတယ်” လို့ မှော်ဆရာ ဆီးလ်မန်းက ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ မှော်ဆရာရဲ့ အစွမ်းက ဂျာမနီအသင်းပေါ် မသက်ရောက်ဘဲ
 မိမိအသင်းအပေါ်သာသက်ရောက်ခဲ့ပြီး ဘရာဇီးကစားသမားတွေဟာ
 ခြေစွမ်းမပြနိုင်ဘဲ ဂျာမနီတွေရဲ့ ခြေမှုန်းခြင်းကို ခံခဲ့ရပါတယ်။

ပထမပိုင်း ၂၉ မိနစ်မှာတင် ဂျာမနီက ၅ ဂိုးပြတ်နဲ့ ဦးဆောင်နေပြီးတော့ 
ဒုတိယပိုင်းမှာ ၂ လုံးထပ်သွင်းနိုင်တာကြောင့် ၇ ဂိုးထိ ပြတ်နေခဲ့ပါတယ်။ 

ပွဲပြီးခါနီး မိနစ် ၉၀ အရောက်မှာတော့ အိမ်ရှင် ဘရာဇီးအသင်းအတွက် 
အရှက်ပြေ ဂိုးကို အော်စကာက သွင်းယူပေးခဲ့ပါတယ်။ ဝေဖန်သူအ
ချို့ကတော့ သူများအသင်းအပေါ် မကောင်းကြံလို့ ခုလို ကိုယ့်ကိုကိုယ်
 ပြန်ထိတာလို့ ဆိုကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မှော်ပညာနဲ့ လုပ်ဆောင်မှုတွေ ခေတ်စားခဲ့ပြီး ပေါ်တူဂီ ကြယ်ပွင့် စီရော်နယ်ဒိုကိုလည်း
 ခြေစွမ်းမပြနိုင်အောင် ဂါနာ နတ်ဆရာတစ်ဦးက ပြုလုပ်ခဲ့တယ်လို့ သတင်းများမှာ ဖော်ပြခဲ့ကြပါတယ်။

အားကစားဟာ အားကစားဖြစ်ပြီး ရှုံးရှုံးနိုင်နိုင် မျှမျှတတ ယှဉ်ပြိုင်ကြဖို့ 
လိုအပ်ပါတယ်။သူများမကောင်းကြံရင်တော့ ကိုယ့်ရှူးကိုယ်ပြန်
ပတ်တတ်တာ ဒီဖြစ်ရပ်လေးက သက်သေပါပဲ။
Ref; tdfot 

သတင်း၊Oppositeye
အိမ်ရှင်ဘရာဇီးအသင်း အရှက်တကွဲနဲ့ ၇ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ
ကျိန်စာတိုက်တာကြောင့်လို့ ဆိုပါတယ်။
ဂျာမနီနဲ့ မကန်ခင်မှာ ဘရာဇီးလူမျိုး အောက်လမ်းပညာရှင်
မှော်ဆရာက ဂျာမနီအသင်းရဲ့ အဓိက ကစားသမားတွေကို
ဒုက္ခရောက်အောင် အစီအရင်များ ပြုလုပ်ထားသည်ဟု
ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Gaza စစ်ပွဲဖြစ်ပွားမှုကြောင့် Israel နဲ့ Hamas တို့ရဲ့အပြန်အလှန် လက်နက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေ



 Jul 11, 2014
Gaza မြို့တစ်ခုလုံးမှာ အနည်းဆုံး ၂၃ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ဗုဒ္ဓဟူးမှာ ပြောဆိုခဲ့ပါတယ်။ ဒါဟာအစလေးပဲ ဖြစ်နိုင်ပြီး အီစရီးလ် နိုင်ငံကို အရင်ကထက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ အီစလမ်းမစ် စစ်သွေးကြွတွေကို ဆန့်ကျင်တိုက်ခိုက်မှုအစပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

စီးပွားကူးသန်းမြို့တော်ဖြစ်တဲ့ Tel Aviv နှင့် သန့်ရှင်းမြင့်မြတ်တဲ့ ဇေရိုစလင်မြို့တော်မှာ လေကြောင်းနဲ့ ၀င်ဆီးဖို့ရောက်လာတဲ့အခါ အစ္စရေးတွေက အကာအကွယ် ယူပုန်းရှောင်ဖို့ ထွက်ပြေးခဲ့ကြပါတယ်။ Tel Aviv နဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ဇေရိုစလင်မြို့တော်ဟာ၂၀၁၂ နိုဝင်ဘာလတွင်ဖြစ်ပွားတဲ့ Gaza စစ်ပွဲ တိုက်ခိုက်ခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံလည်းဖြစ်ပါတယ်။ ၁၄၀ ကီလို ( ၈၈ မိုင်) အကွာအဝေးရှိ အဓိကကျတဲ့ Haifa မြို့မြောက်ပိုင်းကို ဒုံး ကြည်ဖြင့်ပစ်ခတ်ခဲ့တယ် လို့ Hamas ဘက်က ပြောဆိုခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို အတည်ပြုခြင်းမရှိသေးပေမဲ့ Gaza နဲ့ ၁၀၀ကီလိုမီတာ (၆၀ မိုင်) ကွာဝေးတဲ့ Hadera မှာ ဒုံးကျည်တစ်လုံးကျရောက်ခဲ့ပြီး အရင်က ထက်ပိုလို့တောင် ဝေးဝေးလံလံရောက်သွားပါသေးတယ် လို့ Israel အစိုးရဘက်ကနေ ပြောဆိုခဲ့ပါတယ်။

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ


Jul 12, 2014
မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင် လိုက်ပါလာသူ သင်္ဘောသားများမှာ အထိအခိုက် မရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ရနောင်းခရိုင်မှ အနောက်ဘက် ရေမိုင် ၁၀ မိုင်ကွာဝေးသော နေရာတွင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု တတိယရေကြောင်း နယ်နိမိတ်တပ်မှူး ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး သရသွန်းကဂျစ်ဆုဝမ်က ပြောဆိုခဲ့သည်။ ၎င်းက ပြောဆိုရာ၌ မြန်မာ့တပ်မတော် ရေကင်းလှည့်ရေယာဉ် အမှတ် ၅၆၆ သည် မြန်မာ့ရေပိုင်နက်ထဲသို့ ရေမိုင် ၁ ဒဿမ ၅ မိုင် ကျူးကျော်ဝင်ရောက်လာသော ငါးဖမ်းသင်္ဘောနှစ်စင်းကို လိုက်လံဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

Google က အွန်လိုင်း လိင်ညစ်ညမ်းကြော်ငြာခွင့် ပိတ်ပင်

Google ရဲ့ AdWords လူမှုကွန်ရက်ပေါ်က လိင်ကိစ္စညစ်ညမ်းကြော်ငြာသူတွေဆီ ပြီးခဲ့တဲ့လက ပေးပို့ထားတဲ့ မေးလ်တစ်ခုမှာလိင်ပိုင်းဆိုင်ရာဓါတ်ပုံတွေပါတဲ့ ကြော်ငြာတွေလက်ခံတော့မှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။ ညစ်ညမ်းတဲ့ခွေ၊ပုံတွေ၊ ကိုယ့်စားမှုအတွက်လိင်ပိုင်းဆိုင်ရာအာသာဖြေခြင်း၊ လိင်အင်္ဂါ၊ စအို၊ နှင့် နုတ်ပါးစပ် အသုံးပြုပြီး လိင်အာသာဖြေခြင်းအစရှိတဲ့ လိင်ပိုင်းဆိုင်ရာမှန်သမျှကို ခွင့်ပြုတော့မှာ မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။



Jul 12, 2014

Google ရဲ့ AdWords ကြော်ငြာတွေဟာ သူတို့ရဲ့ အင်တာနက် ၀က်ဘ်ကနေတဆင့် သန်းနဲ့ချီ တဲ့ ဆိုက်တွေကနေ ကြည့်ရှုနိုင်တာဖြစ်တယ်။ ဒီစည်းမျဉ်းတွေဟာ ယခုအပတ်ကစပြီး အကြုံးဝင်သွားမှာဖြစ်ပါတယ်။ Morality In Media ကနေ ပထမဦးဆုံး မီးမောင်းထိုးပြခံရတဲ့ မေးလ်ဟာ Google (GOOGL, Tech30) ၎င်းရဲ့ အပြာဇာတ်လမ်းဆိုင်ရာ မူဝါဒ အသစ်ပြုပြင်ပြီး လအနည်းငယ်အကြာပြီးလာခဲ့တာဖြစ်ပါတယ်။

လိင်ညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ကြော်ငြာတွေကို နောက်ထပ် လုံးဝလက်မခံဖို့ ဆုံးဖြတ်ချက်ပြုလုပ်ခဲ့တယ်လို့ မတ်လတွင်တင်ထားတဲ့ ဘလော့တစ်ခုမှာ Google ကနေ ပြောကြားခဲ့တယ်။

ကာ့ဒ်တွေ အီရတ်အစိုးထဲ မပါဖို့ ဆုံးဖြတ်

အီရတ်က လက်နက်ကိုင် အဖွဲ့ခွဲတွေ

 အီရတ်နိုင်ငံမှာ ရှိတဲ့ ကာ့ဒ် မျိုးနွယ်စုဝင် နိုင်ငံရေး သမားတွေဟာ၊ လက်ရှိ အီရတ် အစိုးရထဲမှာ ပူးပေါင်း ပါဝင်မှုကို ဆိုင်းငံ့ လိုက်ကြပါ တယ်။

ရှီအာ မွတ်ဆလင်မ် ဖြစ်တဲ့၊ ဝန်ကြီးချူပ် အယ်လ် မာလီကီနဲ့ အကြား၊ အငြင်းပွားမှုတွေ တိုးမြင့် လာနေခဲ့တဲ့နောက်၊ ကာ့ဒစ်ရှ် နိုင်ငံရေးသမားတွေ က အခုလို ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။

ကာ့ဒ်တွေဟာ၊ ဆွန်နီ လက်နက်ကိုင် သူပုန် အိုင်းဇစ်တွေကို လက်သင့် ခံထားကြတယ် ဆိုပြီး၊ ဝန်ကြီးချူပ် အယ်လ် မာလီကီက၊ စွပ်စွဲနေပါ တယ်။

ဒုံးကျည်တိုက်ခိုက်မှု ယူကရိန်း စစ်သား ၃၀ သေ

စစ်သုံး လက်နက်ကြီးတွေအဖြစ် သတ်မှတ်ထားတဲ့ grad ရော့ကက်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့်စ်ခ် မြို့မှာ ရော့ကက် ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှု တခုအတွင်း ယူကရိန်း တပ်ဖွဲ့ဝင် ၃၀ လောက်အထိ သေဆုံးခဲ့တယ်လို့ ရုရှား လိုလားတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေက ပြောပါတယ်။

ဇီလန်နိုပီလ်ယာ Zelenopillya ရွာအနီးမှာ ခွဲထွက်ရေး လက်နက်ကိုင်တွေက Grad ရော့ကက် အမျိုးအစားကို သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောပါတယ်။

မြန်မာအစိုးရ အတုယူသင့်သော အစ္စရေး


 အစ္စရေး လေကြောင်းတိုက်ခိုက်မှု မှ ဒဏ်ရာရ

အစ္စရေး နဲ့ ပါလက်စတိုင်း အကြား အကြမ်းဖက် တိုက်ခိုက်မှု တွေ ရပ်ဆိုင်းစေဖို့ နိုင်ငံတကာ က တိုက်တွန်းကြပေမယ့်၊ အစ္စရေး အနေနဲ့ ဘယ်နိုင်ငံ ရဲ့ ဖိအားပေးမှု ကိုမှ လက်ခံမှာ မဟုတ်ဘူး လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ယာဟူ က ဆိုပါတယ်။

ဂါဇာ က အကြမ်းဖက်သမားတွေ ရဲ့ ဒုံးလက်နက်တွေ နဲ့ ပစ်ခတ်နေမှု တွေ အဆုံးမသတ် သရွေ့၊ အစ္စရေး ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှု တွေ နဲ့ တုံ့ပြန်မှာ ပဲ လို ပြောပါတယ်။ ဒါကြောင့် မို့၊ ဘယ်လိုမျိုး ဖိအားပေးမှု တွေ ရှိကြပါစေ၊ ကိုယ့်နိုင်ငံကို ဖျက်ဆီး တိုက်ခိုက်မှု မှန်သမျှ ကို အင်အားသုံး ပြန်တိုက်မှာဘဲ လို့ ဘင်ဂျာမင် နက်တန်ယာဟူ က ပြောသွားတာပါ။

Friday, July 11, 2014

နိုင်ငံခြားဘဏ်တွေ ၀င်လာလျှင်?


Jul 11, 2014
နိုင်ငံခြားဘဏ်များမြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခွင့်ပြုရေးနှင့် ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ၀န်ထမ်းများ ရွှေ့ပြောင်းကြမည့်အရေး၊ ဈေးကွက်ဝေစု လျော့ကျမည့် ကိစ္စ၊အရင်းအနှီးနှင့် နည်းပညာ ကွာခြားသည့် ကိစ္စ စသည်ဖြင့် စိုးရိမ်ပူပန်မှုများ ရှိကြသည်ကို တွေ့ရသည်။

ဤအချိန်တွင် တရုတ်နိုင်ငံရောက် နိုင်ငံခြားဘဏ်များ၏ အခြေအနေကိုဖတ်ရှုရသည်။ တရုတ်နိုင်ငံတွင် ၂၀၀၇ ခုနစ်မှ စ၍ နိုင်ငံခြားဘဏ်များကို တည်ထောင်ခွင့်ပြုခဲ့ရာဘဏ် ၄၂ ခု ၀င်ရောက်ခဲ့ပြီးနောက် ဘဏ်ခွဲပေါင်း ရာချီ ဖွင့်လှစ်ခဲ့သည်။ ယခင်နှစ်က တရုတ်ဘဏ်များ၏အမြတ် ၁၅% တက်ခဲ့စဉ် တရုတ်နိုင်ငံရောက် နိုင်ငံခြားဘဏ်များက အမြတ် ၁၄% ကျဆင်းခဲ့သည်။ထို့အပြင် ၂၀၀၇ ခုနစ်က နိုင်ငံခြားဘဏ်များ၏ ပိုင်ဆိုင်မှုသည် တရုတ်နိုင်ငံတွင် ၂.၄%ရှိခဲ့ရာမှ ယခုအခါ ၁.၇၃% အထိ ကျဆင်းခဲ့သည်ကို တွေ့ရသည်။ တရုတ်ဘဏ်တွေက အပ်ငွေတွေ နှစ်စဉ်၁၃.၅% တိုးတက်နေချိန်တွင် နိုင်ငံခြားဘဏ်များ၌ ၅.၅% သာ တိုးသည်။ တရုတ်ဘဏ်များ အရင်းအနှီးပေါ်မှအကျိုးအမြတ် ၁၉.၂% ရနေချိန်တွင် နိုင်ငံခြားဘဏ်များက ၅.၆% သာ ရသည်။

ကတ္တရာခင်းနေသော လမ်းကြိတ်စက်အား အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ်က ၀င်တိုက်



နေပြည်တော်၊ ဇူလိုင် ၁၁

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၅/၅-၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ပလွေးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။

  စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ မိတ္ထီလာမြို့၊ ၀န်ဇင်းရပ်ကွက်နေ ဟန်စိုး(၄၉)နှစ်မောင်းနှင်လာသော GI Group ယာဉ်လိုင်းမှ ၆ဃ/xxxx ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးဌာနမှ ကတ္တရာခင်း နေသည့် လမ်းကြိတ်စက်ယာဉ်၏ယာဘက်နောက်ဘီးအားပွတ်တိုက်မိပြီး လမ်းယာဘက်ဘေးရှိ မြေသား လမ်းပေါ်သို့ ထိုးကျရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မထုတ်ယူရသေးသော ဓာတ်ငွေ့ ဒေါ်လာ ၇၅ ဘီလီယံဖိုး ရှိကြောင်း ဗြိတိန်ပြော


ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်ကို ဝေဟင်မှမြင်တွေ့ရစဉ် (ဓာတ်ပုံ − Rio Helmi) 

Jul 11, 2014
မြန်မာနိုင်ငံတွင် ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံ(ဒေါ်လာသန်း ၇၅၀၀၀)တန်ဖိုးရှိ ထုတ်ယူမသုံးစွဲရသေးသော သဘာဝဓာတ်ငွေ့ပမာဏတွေ့ရှိမှုကို အတည်ပြုထားကြောင်း ဗြိတိန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာန (UKTI) က ဆိုသည်။ 


လက်ရှိအချိန်ထိ ထုတ်ယူသုံးစွဲမှု မပြုလုပ်ရသေးသော အဆိုပါသဘာဝဓာတ်ငွေ့ပမာဏ၂၇၅ ကုဗမီတာအပြင် အတည်မပြုရသေးသောပမာဏမှာ ၎င်းထက်နှစ်ဆထိ ရှိနိုင်ကြောင်း အထက်ပါ ဗြိတိန်အစိုးရအဖွဲ့အစည်းက သုံးသပ်ထားသည်။ 

ကမ္ဘာ့ အကြီဆုံး ကင်ဆာ အကြိတ်

ပုံမှာ မြင်တွေ့ နေရတဲ့ တရုတ် အမျိုးသား Yang Jianbin ဟာ ကမ္ဘာ့ အကြီးဆုံး ကင်ဆာ အကြိတ် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အသက် ၃၇ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး မွေးကတည်းက တင်ပါးမှာ အကြိတ်ပါလာသူ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်မှာ ကြီးမားတဲ့ ခွဲစိတ်မှု တစ်ခု ပြုလုပ်ပြီး အနည်းငယ်သာ ကျန်ခဲ့ ပါတယ်။ ဒါပေမယ့် အမြစ်မပျက်ပဲ ဆက်လက် ပွားများ လာတာကြောင့် ၂၀၁၄ ခုနှစ် မှာ ပုံတွင် မြင်ရသလိုပဲ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာခဲ့ ပါတယ်။ ဒါကြောင့် လမ်းလည်း လျှောက်လို့ မရ ပါဘူး။ အချိန်တိုင်း ကုတင် ပေါ်မှာပဲ နေထိုင် ရ ပါတယ်။ အကြိတ်က အလေးချိန် အားဖြင့် ၁၁၀ ကီလိုဂရမ် (၁၇ စတုန်) ရှိပါတယ်။ တရုတ်နိုင်ငံ Shanxi ပြည်နယ်မှာ နေထိုင်သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါကို Neurofibromatosis လို့ အမည်ပေးထား ပြီး ဆဲလ်တစ်ရှူးများ အဆ မတန် ကြီးထွား လာတတ်တဲ့ ရောဂါ လို့ ခေါ် ပါတယ်။

သူ့မှာ ဖြစ်တဲ့ ပုံစံမျိုး ကမ္ဘာမှာ ရှားပါး ပါတယ်။ ခွဲစိတ်နေတဲ့ ပုံရိပ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://metro.co.uk/2014/07/09/man-has-worlds-largest-tumour-removed-4791660/

အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com


Posted via Blogaway

လှိုင် သာယာ မြို့နယ် အမှတ်၁၅ ရပ် ကွက် ၁၅ ဈေးလေး သရဖီ လမ်းပေါ် တွင် ဓာတ်ကြိုးပျက်ကျသဖြင့်အမျိုးသမီး ၃ဦးသေဆုံး




လှိုင် သာယာ မြို့နယ် အမှတ်၁၅ ရပ်ကွက် ၁၅ ဈေးလေး သရဖီ လမ်းပေါ်တွင် ဓာတ်ကြိုးပျက်ကျသဖြင့်အမျိုးသမီး၃ဦးသေဆုံးသွားသည်။
Credit chit Thu Sky

ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၄ရက်နေ့ ၀၉၅၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်ဈေးရှိ သရဖီလမ်းတွင် အမျိုးသမီး (၃)ဦး ဓါတ်လိုက်သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူများမှာ လှိုင်သာယာမြို့နယ်နေသူများ
ဖြစ်သည့် ဒေါ်တင်တင်ဝင်း (၄၁)နှစ်၊ ဒေါ်ချိုမာကြီး (၃၇)နှစ်နှင့် ဒေါ်ရင်ငွေ (၄၉)နှစ်
တို့ဖြစ်ပြီး ၎င်းတို့သည် (၁၅)ရပ်ကွက်၊ သရဖီလမ်းရှိ ဈေးထဲတွင်ဈေးဝယ်နေစဉ် ၀န်ထမ်းကြီးများရပ်ကွက် တောင်ငူဖီလာ ဓါတ်အားခွဲရုံမှ သွယ်တန်းထားသော (၄၀၀)ဗို့လျှပ်စစ်ဓါတ်ကြိုး ပြုတ်ကျရာမှ ၎င်းတို့အားထိမိပြီး ဓါတ်လိုက်သေဆုံးခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့သေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်
(၅၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မှတ်ချက်။      ။ယခုတလောတွင် ဓါတကြိုးပြတ်ကျလို့သေရသူ တော်တော်များပြီဖြစ်သည်။ လျပ်စစ်ဌာန မှာ တာဝန်ရှိပါသည်။ သူတို့၏ အသုံးပြုနေသော လျပ်စစ်ပစ္စည်းကရိယာများ၏ လုံခြုံစိတ်ချရမှုအပေါ်တွင် သံသယဖြစ်စေပါသည်။ သက်တန်းလွန်နေသော ပစ္စည်းများကို လဲလှယ်ခြင်း မပြုပဲ ထားခြင်းသည် သုံးစွဲသူ ပြည်သူလူထုအတွက် ရင်လေးစရာပင် ဖြစ်ပါသည်။ ယခင် လှည်းတန်းတွင်လည်း အမျိုးသား ၂ယောက် ယခုကဲ့သို့ပင် သေဆုံးခဲ့ဖူးပါသည်။

ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တည်ဆောက်မည့်နေရာ စုစုပေါင်း လေးခုရှိမည်ဖြစ်ပြီး ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များကြေ

ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တည်ဆောက်မည့်နေရာ စုစုပေါင်း လေးခုရှိမည်ဖြစ်ပြီး ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် အစိုးရက ဆောင်ရွက်ဆဲဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်-မောင်တောတို့တွင် အသေးစားအလတ်စား စက်မှုဇုံများ အကောင်အထည်ဖော်မည်ဟု လျာထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြုပ်နံမှု စိတ်ဝင်စားလွှာ ခေါ်ယူမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ ဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်တွေ စီးပွားရေးဇုန်တွေပေါ်ပေါက်လာဖို့လိုတယ်။ စီးပွားရေးဖွံ့ဖြိုးမှသာ ပဋိပက္ခတွေတစ်ဖက် တစ်လမ်းကပြေလည်မယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုအားနည်းတာကလည်း ပဋိပက္ခဖြစ် ပွားဖို့ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး သက်ဆိုင်တယ်လို့ ဆိုရမှာပေါ့ ” ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးအောင်ကျော်မင်းက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် အအေးခန်းစက်ရုံများ၊ အထည်ချုပ်စက်ရုံများ တည် ဆောက်နိုင်မည့် စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ စက်မှုဇုန်တွေ စိုက်ပျိုးရေးဇုန်တွေအတွက် စိုက်ပျိုးရေးသင်တန်းတွေ တချို့နေရာမှာ ပေးနေပြီ ”ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်တင်ဒါရွေးချယ်ရေးအဖွဲ့မှ ဦးအောင်ကျော်သန်း က ပြောသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ငွေကျပ်သန်းပေါင်း ခုနှစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ရန်လျာထား ပြီး ပုဏ္ဏားကျွန်း မြို့နယ်တွင် လျှပ်စစ်ဓာတ်အားရရှိစေရန် ဒီဇင်ဘာအကုန်တွင် စတင်အကောင်အထည် ဖော်မည်ဟု ဆိုသည်။
ယင်းစီမံကိန်းများတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် ၂၀၁၂ ခုနှစ်ကတည်းက စတင်ကြိုး ပန်းခဲ့ခြင်းဖြစ်ပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တောစီမံကိန်းများမှာ ပြည်နယ်အစိုးရသက် လက် ထက်တွင် စတင်မည်ဟု ဆိုလာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အစိုးရက ချထားပေးသော ဘတ်ဂျက်ငွေ ၁ ဒသမ ၅ သန်းကို လမ်းပမ်း ဆက်သွယ်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက်အသုံးပြုမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမောင်မောင် အုန်းက ပြောကြားထားသည်။

Source : Mizzima


Posted via Blogaway

သွေးသံရဲရဲ အီရတ်


Jul 11, 2014
ကမ္ဘာကျော် ဂျာမန်စစ်ပညာရှင် ကာဗွန်ကလော့ဝဇ်က စစ်ဆိုတာ “မရသေးတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို စစ်ရေးနည်း လမ်းနဲ့ ရအောင်လုပ်တာ” ဟု ပြောခဲ့ဖူးသည်။ ယခုလည်း အရှေ့အလယ်ပိုင်းတွင် စစ်သွေးကြွများက ၎င်းတို့ရလိုသည်များကို စစ်ရေးနည်းဖြင့် ကြိုးပမ်းနေသည်။ အထူးသဖြင့် အီရတ်တွင် ဖြစ်သည်။ အီရတ်တွင် အစွန်းရောက် ဆွန်နီဘာသာဝင်များက ရှီးယားအများစုပါဝင်သော အီရတ်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းနေသည်။ ၎င်းတို့က အီရတ်နှင့် ဆီးရီးယားရှိ သိမ်းပိုက်ထာျးသော နယ်မြေများတွင် ဘာသာရေး ဥပဒေများဖြင့် အုပ်ချုပ်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်နိုင်ရန် လက်နက်ကိုင် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ 

၂၀၀၃ ခုနှစ်ကစတင်ရေတွက်ပါက အမေရိကန်သမ္မတ ဂျော့ဘုရှ်အစိုးရ ဦးဆောင်သည့် မဟာမိတ်တပ်များ အီရတ်ကို ၀င်ရောက်သိမ်းပိုက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်သွားပြီဖြစ်သည်။ ဆာဒမ်ဟူစိန်ကို ဖြုတ်ချ။ အီရတ်လူအုပ်ကြီးက ဆာဒမ်ဟူစိန်အရုပ်ကြီးကို ဆွဲချကြသည်။ အရုပ်ကြီးအလဲမှာ လူတွေက ဟေးခနဲ အော်လိုက်ကြသည်။ ဒါက အီရတ်ကို အမေရိကန်ဝင်တိုက်သည့် အစောပိုင်းကာလ မြင်ကွင်းများ ဖြစ်သည်။ 

မင်းပြားမြို့နယ်တွင် တပ်ကပြန်ပေးသည့် လယ်မြေဧကနည်းလွန်း၍ ရွာသားများလက်မခံဟုဆို



စစ်အစိုးရခေတ်တွင် မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာ လယ်သမားများထံမှ စစ်တပ်က သိမ်းယူခဲ့သော လယ်မြေများ အထဲမှ တစ်ချို့အား ပြန်စွန့်လွှတ်ရာ ပြန်ပေးသည့် လယ်မြေဧကမှာ နည်းလွန်းသဖြင့် ကြောင်ရှည်ချောင်း ရွာသားများအနေဖြင့် လက်ခံသွားမည်မဟုတ်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောဆိုသည်။

စစ်တပ်က သိမ်းယူထားသွားသော လယ်မြေဧက (၁၀၀၀) နီးပါးမှ လယ်မြေများထဲမှ (၁၃၅)ဧကကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဟု မင်းပြားမြို့နယ်အုပ်ချုပ်ရေးဌာနမှ ဇွန်လ(၁၇)ရက်နေ့နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာ ဇွန်လ (၁၉) ရက်နေ့တွင် စာထုတ်သည်မှာ မှားယွင်းသွားသည်ဟု ဆိုကာ (၇၅)ဧကကိုသာ ပြန်ပေးတော့မည်ဟု ပြောဆိုလာသဖြင့် ရွာသားများက ထိုလယ်မြေ(၇၅)ဧကကို လက်မခံကြတော့ကြောင်း၊ လက်ခံရန် ငြင်းဆိုနေကြကြောင်း ကြောင်ရှည်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှက ပြောသည်။

သားမယားအဖြစ်နေထိုင်ပုံများကို အင်တာနက်တင်သူ မကွေးမြို့နယ်တရားရုံးက ထောင်နှစ်နှစ်ချမှတ်

ဓါတ်ပုံ - အင်တာနက် 

မကွေးမြို့တွင် နာမည်ကြီး (SHOPPING MALL) စတိုးဆိုင်တွင် လွန်ခဲ့သော ကိုးနှစ်ခန့်ကတည်းက အလုပ်လုပ်ကိုင်နေသည့် တရားလိုမိန်းကလေးသည် အဆိုပါ ဆိုင်မှပစ္စည်းဝယ်ယူဖောက်သည်ဖြစ်သည့် ဦး...အသက်(၄၂)နှစ် ကန်သာရပ်ကွက်နေသူနှင့် ခင်မင်ရင်းနှီးကာ စတိုးဆိုင်ပိတ်ချိန် နောက်ပိုင်းတွင် တီဗွီအောက်စက် ပြုပြင်သည့် ပညာသွားရောက်သင်ယူခဲ့စဉ် ငြိစွန်းခဲ့ပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ထိုသူတွင် အိမ်ထောင်ရှိ ကြောင်းသိရသဖြင့် တရားလိုမိန်းကလေးက ရှောင်တိမ်းနေစဉ် ရက်မမှတ်မိ ည ၇ နာရီချိန် ထိုသူရောက်ရှိလာပြီး ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်သို့ အတင်းအကျပ် ခေါ်ဆောင် သွားသဖြင့် လိုက်သွားခဲ့ရာ ၎င်းကသားမယားအဖြစ် နေထိုင်ရန်ပြောကြားခဲ့ရာ ငြင်းဆန်ခဲ့သဖြင့် မိန်းကလေး၏ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ခန္ဓာကိုယ်အား ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ကာ မိန်းကလေးအား သားမယားအဖြစ်ပြုကျင့်ကြောင်း၊ ထို့နောက် သားမယားအဖြစ် နေထိုင်သည့် ပုံများကို အင်တာနက်တင်မည်ဟု ခြိမ်းခြောက်ကာ အခွေများအား မိန်းကလေး ထံလာရောက်ပေးသဖြင့် တရားလို မိန်းကလေးက ရှက်သဖြင့် မန္တလေးသို့ နှစ်ပတ်ကြာထွက်သွားခဲ့သည်။

မြန်​မာနိုင်​ငံသားတို့၏ သင်္ချိုင်း သို့မဟုတ်​ မ​လေးရှား

ကိုရုပ်ဆိုး (AMA) – သောက ပွေတဲ့ – မလေးမြေ

July 11, 2014

  သောက ပွေတဲ့ – မလေးမြေ
ကိုရုပ်ဆိုး  (AMA)၊ ဇူလိုင် ၁၁၊ ၂၀၁၄ 
(ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင်(အလောင်းနား၌ အင်္ကျိ လက်ရှည်နှင့် ရပ်နေသူ)ကို မသေဆုံးမီ နာရီပိုင်းအလိုက သူ့အရင်သေဆုံးသွားတဲ့ ဦးတိုနီရဲ့ နာရေးကို လာရောက်ကူညီနေတာကို တွေ့ရစဉ် (ဓာတ်ပုံ – Sakhunna Ung) Photo – Irrawaddy )
မလေးရှားဆိုတာ ဒီလိုပါ
အားလုံးသိတဲ့အတိုင်း မလေးရှားနိုင်ငံဆိုတာ မြန်မာနိုင်သားတို့အတွက် ငွေထွက်ရှာရာ ဒေသတွင်း နိုင်ငံတစ်ခု… မြန်မာနိုင်ငံဖွား လုပ်သားထုတို့ကို အမှီပြုလို့ တစ်ဟုန်ထိုး ကြီးပွားတိုးတက်လာတဲ့ နိုင်ငံဆိုရင်လဲ မမှားဘူး ..။
ကြည့်လေ ..မလေးရှားနိုင်ငံအတွင်း ဘယ်ဒေသကြည့်ကြည့် မြန်မာတွေ ရှိတယ် ဒီမြန်မာနွယ်ဖွား တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ လုပ်အားစုံကြောင့် ထုတ်ကုန်တိုးမြှင့် စီးပွားတင့်ခဲ့ပေမဲ့ မြန်မာဆို ဘယ်တော့မှ မညှာတဲ့နိုင်ငံ… သူ့နိုင်ငံသားထိရင် ဆတ်ဆတ်မခံ သလို  မြန်မာနိုင်ငံသားမှ တစ်ပါး အခြား ဘယ်နိုင်ငံသားကို မဆို အရေးပိုပေးလေ့ရှိတဲ့နိုင်ငံ ..

ကိုယ့်အစိုးရ ပဓာန

ကိုယ့်နိုင်ငံ ကိုယ့်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအောက်မှာ နိုင်ငံသားတို့ရဲ့ စီးပွားရေးက သုညအောက်ရောက်နေတော့ တောနေလူတန်းစားနဲ့ ဆင်းရဲနွမ်းပါး မြို့ပြသားတို့ဟာ မလေးရှားကိုပဲ အမှီသဟဲ ပြုခဲ့ရပြန်တယ်
သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရေကြည်ရာ မျက်နုရာ ထွက်ခွာပြီး ငွေ အသပြာရှာပြန်တော့ ဘယ်နိုင်ငံရောက်ရောက် အနှိမ်ခံရတယ် ။ သူတို့ မလုပ်ချင်တာ လုပ်ရတယ် ပြီးတော့ လစာ ရာထူး စသည် ဘာမှကို မျက်နှာမရကြဘူး။  ဒါတွေဟာ အစိုးရရဲ့ နောက်ခံ ပေးမှု  အကာကွယ်ပေးမှု တာဝန်ယူပေးမှု ကင်းမဲ့ခြင်းကြောင့်လို့ သတ္ထုချလို့ ရလောက်ပါတယ်
ပြည်သူတွေ ဘယ်အခြေရောက်ရောက် သူတို့ အာဏာမပျောက်ဖို့နဲ့  သူတို့ရဲ့ မိသားစု သားစဉ်မြေးဆက် ချမ်းသာကြွယ်ဝဖို့သာ အဓိကထားပြီး ပြည်သူတို့ရဲ့ မျက်စိကို မဖွင့်ပေးခဲ့လို့ ပညာရေးအားနဲခြင်း ရလာဒ်တွေ ဟာ မလေးရှားရောက်တော့ ကျောကော့အောင်ကို ခံနေရတာဟာ အစိုးရမှာ ပဓာန တာဝန်ရှိပါလိမ့်မယ်

မတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ လူဝတ်လဲရခြင်း အကြောင်း ကိုယ်တိုင်ဖွင့်ဟချက်



သူတစ်ပါးကို မကြည်ညိုရင်
ကုသိုလ်မရရုံသာရှိမယ်။
ကိုယ့်ကိုယ်ကိုယ် မကြည်ညိုရင်
အပါယ်ကျတတ်တယ်။
အကြောင်းကား …
သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း
မိမိကိုယ်မိမိ လိမ်ညာ၍မရသောကြောင့်တည်း။
နှလုံးသားကလာတဲ့ ဒဿနပါ
ကိုယ်တိုင်မကျင့်ဘဲနဲ့
စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ်
ဒီလိုဒဿနမျိုး ထွက်မလာနိုင်ဘူးဆိုတာ
ပညာရှိသူတော်ကောင်းတိုင်း သိနိုင်ပါတယ်။
ယခု လူ့ဘဝရောက်တဲ့ထိ ကိုယ်ကိုယ်ကိုယ်
ကြည်ညိုလျက်ပါ။
ဓမ္မကထိကဘဝက ရောက်တဲ့အရပ်မှာ
ရတဲ့အလှူငွေတွေကို
ချက်ချင်းပြန်လှူခဲ့တာတွေကို
တကယ်လိုအပ်လို့ အလှူခံတဲ့
ရဟန်းရှင်လူတွေအသိပါ။
အောင်မြင်နေတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း
လှူခဲ့တဲ့အလှူငွေတွေကို ပြန်တွက်ကြည့်ရင်
သိန်းပေါင်းနှစ်သောင်းအထက်မှာရှိတာကြောင့်
တွေးကြည့်တိုင်း ပီတိဖြစ်ရပါတယ်။
ရဟန်းဘဝကရခဲ့တဲ့ ဝတ္ထုငွေကြေးတွေကို
လူ့ဘဝထိယူပြီး မသုံးသင့်ဘူးလို့ ယူဆတယ်။
ဒါကြောင့် လူဝတ်လဲချိန်မှာလည်း
ဘာမှမကျန်အောင် ခွဲဝေလှူဒါန်းပစ်တာပါ။ ကျောင်းကန်တွေကိုလည်း ဝိနည်းနဲ့အညီ
ဦးစီးအုပ်ချုပ်နိုင်တဲ့သံဃာတွေကို
လွှဲအပ်လှူဒါန်းခဲ့တယ်။
ရိပ်သာငါးခုမှာရှိတဲ့
အဆောက်အအုံကြီးကြီးတိုင်းဟာ
ဓမ္မပူဇာငွေအများစုနဲ့ ဆောက်လုပ်ခဲ့ရတာပါ။
တစ်ဦးတည်းအလှူရှင် မရှိခဲ့ပါဘူး။
သည်ကြားထဲက တရားဟောနားတဲ့အခါ
နွမ်းပါးသူများအတွက် ပညာရေးနဲ့ကျန်းမာရေးမှာ
ဆက်ထောက်ပံ့နိုင်အောင်
ဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာကို
အစိုးရဘဏ်မှာ အပ်ပေးထားပါတယ်။
မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူများကို
ယခုထက်မက လှူချင်၊ ကူညီချင်ပါတယ်။
ကျန်းမာရေးမကောင်းတဲ့အတွက်ရယ်၊
ဝိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊
အဲဒီကူညီချင်တဲ့ ရည်ရွယ်ချက်ကြီး
အောင်မြင်ဖို့အတွက်ရယ်ဟာ
လူဝတ်လဲရခြင်းရဲ့ အဓိကအကြောင်းတွေပါ။
နှစ်သုံးဆယ်ကျော် ကြိုးစားအားထုတ်ခဲ့ရတဲ့
ရဟန်းဘဝနဲ့ အောင်မြင်မှုတွေကို
စွန့်ရတဲ့အတွက် ကာယကံရှင်က
ဘေးကလူတွေထက် ပိုခံစားရပါတယ်။
အရင်းကအရမ်းများပါတယ်။
အရင်းများရင် အမြတ်များရတာဟာလည်း
သဘာဝပါ။
ရလာတဲ့အမြတ်ဟာလည်း
အများအကျိုးအတွက် အဓိကပါ။
ပုံမှန်အတိုင်း နေသွားမယ်ဆိုရင်
အောင်မြင်နေပါပြီ။ ပြည့်စုံနေပါပြီ။
ဒီအောင်မြင်မှုတွေ ပြည့်စုံမှုတွေကိုစွန့်ပြီး
သာမန်လူတစ်ယောက်အဖြစ်
ခံယူလိုက်ပြီဆိုကတည်းက
ကြီးမားတဲ့ရည်ရွယ်ချက်ကြီးတစ်ခုရှိနေပြီဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။
ဒီရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက်
အကူအညီပေးသူ လက်တွဲခေါ်သူများကိုလည်း
လက်ခံသင့်ရင် လက်ခံရမှာပါ။
ရည်ရွယ်ချက်ကြီး အောင်မြင်မှုလမ်းကြောင်းပေါ် စရောက်ပြီဆိုတာနဲ့
အားလုံးကို အသိပေးပါ့မယ်။
မာနချပြီး ရည်ရွယ်ချက်ကြီးကြီးထားဖို့
မင်းကွန်းတိပိဋကဆရာတော်က သြဝါဒပေး ဖူးပါတယ်။
ကိုယ့်ကိုယ်ကိုယ်
သိပ်အောင်မြင်နေပြီလို့ထင်လာရင်
ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကို
မော့ကြည့်လိုက်
ကိုယ်ဘာမှမဟုတ်သေးဘူးဆိုတာ
သိလာလိမ့်မယ်တဲ့။
မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့
ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်သေးပါဘူး။
စာရေးတဲ့အဆင့်၊ လှူဒါန်းတဲ့အဆင့်တွေဟာ
ဘာမှ မပြောပလောက်သေးပါဘူး။
သူတစ်ပါးလှူတာ လက်ဖြန့်ခံပြီး
တစ်ဆင့်ပြန်လှူတဲ့
အဆင့်လောက်ပဲ ရှိတာပါ။
အချိန်ပေးပါ။
ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။
တစ်ချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ
အောင်မြင်မှုအသီးအပွင့်တွေ ပွေ့ပိုက်ပြီး၊
မြန်မာပြည်က နွမ်းပါးသူ ရဟန်းရှင်လူတွေ
ရင်ခွင်ထဲအရောက် ပြန်လာမယ်ဆိုတာ
နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။
ပရဝဇ္ဇာနု ပဿိဿ၊
နိစ္စံဥဇ္ဈာန သညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊
အာရာသော အာသဝက္ခယာ။ (ဓမ္မပဒ)
သူတစ်ပါးအပြစ်ကို အဖန်ဖန်မြင်တတ်ပြီး
အမြဲတမ်း သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချနေ သောသူသည်
အာသဝေါတရား(ကိလေသာများ) တိုးပွား၏။
အာသဝေါတရားကုန်ရာ နိဗ္ဗာန်မှဝေး၏။
(မရောက်နိုင်)။
သူတစ်ပါးမကောင်းကွက်ကိုရှာကြည့်လျှင်
အကုသိုလ်လည်းဖြစ်သည်
စိတ်လည်းဆင်းရဲသည်
အရုပ်လည်းဆိုးသည်
စီးပွားလည်းပျက်သည်
အပါယ်သို့လည်းကျသည်။
သူတစ်ပါး၏ကောင်းကွက်ကိုရှာကြည့်လျှင်
ကုသိုလ်လည်းဖြစ်သည်
စိတ်လည်းချမ်းသာသည်
ရုပ်လည်းလှသည်
စီးပွားလည်းတက်သည်
နိဗ္ဗာန်သို့လည်းရောက်သည်။
သူတစ်ပါး၏အပြစ်ကို
တွေးချိန်၊ ရေးချိန်၊ ပြောချိန်များသည်
အလကားရခြင်းမဟုတ်။
မိမိကုသိုလ်ရမည့်အချိန်များကို
အကုသိုလ်နှင့်လဲပေးရခြင်းဖြစ်သည်။
အင်တာနက်သည်လူ့ဘဝနှင့်တူသည်
လူ့ဘဝသည်ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။
ထို့အတူအင်တာနက်သည်လည်း
ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့၊
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။