Saturday, February 21, 2015

ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က တရုတ် ကြေးစားစစ်သားများကို တိုက်ပွဲတွင် အသုံးပြုလျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ယနေ့ ပြောကြား


လောက်ကိုင်
ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က တရုတ် ကြေးစားစစ်သားများကို တိုက်ပွဲတွင် အသုံးပြုလျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ယနေ့ ပြောကြား လိုက်သည်။
လောက်ကိုင်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်၊ ကာကွယ်ရေး ၀န်ကြီးဋ္ဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက“ကိုးကန့်တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားတွေပါတယ်။ တရုတ်တွေ ဖြစ်တယ်။ ကိုးကန့်တပ်ဖွဲ့ထဲဝင်ပြီး နယ်မြေ လှုပ်ရှားမှုတွေ လုပ်နေတာပါ”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
တရုတ်နိုင်ငံရှိ ဟိုတယ်တခုတွင် ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင် ကိုယ်တိုင် နေ၍ ကွပ်ကဲနေခြင်း၊ ကိုးကန့် ဒဏ်ရာရ စစ်သားများကို တရုတ်နိုင်ငံရှိ ဆေးရုံတခုမှ လက်ခံကုသပေးမှုများ ရှိကြောင်း ဓာတ်ပုံ အထောက်အထား တချို့ဖြင့် ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လောက်ကိုင်ထို့ပြင် တရုတ်ကြေးစားစစ်သားများမှာလည်း တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ ဖြစ်ပြီး အများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် နယ်စပ် ဖြတ်ကျော်ပြေးလာသူများ ဖြစ်ပြီး အချို့မှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း၊ ယခုကိစ္စတွင် တရုတ် ဗဟိုအစိုးရ ကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိနိုင်သော်လည်း တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်တချို့နှင့် ဆက်စပ်မှု ရှိနိုင်သဖြင့် တရုတ်အစိုးရသို့ တရားဝင် အကြောင်းကြားထားကြောင်း၊ တရုတ် အစိုးရကလည်း ဖြေရှင်း ပေးမည်ဟု ကတိပြုထားကြောင်း သိရသည်။
၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက ကိုးကန့်တပ်ဖွဲ့ဝင် တရုတ်ကြေးစား တပ်သား ၈ ဦး ကို တပ်မတော်က ဖမ်းဆီး ခဲ့ပြီးနောက် ၄င်းတို့မှာ မိုင်းလား နယ်မြေအတွင်း လက်နက်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် နေကြောင်း သိရှိခဲ့ရပြီး ကိုးကန့်ဒေသ တိုက်ပွဲများတွင် တရုတ်ကြေးစားများ အသုံးပြုခြင်း၊ ယင်း တရုတ် ကြေးစား စစ်သားများကို ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဌာနချုပ်ရှိရာတွင် သင်တန်းပေးနေသည့် ကိစ္စများကို စုံးစမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တိုက်ပွဲတွင် တရုတ်ကြေးစားများအပြင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) ၊ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ၊မိုင်းလား တပ်ဖွဲ့၊တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA )၊ SSA တပ်ဖွဲ့တို့မှ အင်အား ၁၀၀ ၀န်းကျင်နှင့် အထက်စီ ကူညီနေသည်ဟုလည်း ပြောဆိုသည်။
ကိုးကန့် တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ နယ်မြေနှင့် ပန်ဆန်းဌာနချုပ်တွင် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် လက်နက် စက်ရုံများကိုလည်း တပ်မတော်မှ ရှာဖွေတွေ့ရှိထားပြီး ၀င်ရောက် ဖမ်းဆီးရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။
ကိုးကန့် လက်နှက်ကိုင် အဖွဲ့တွင် တရုတ်နိုင်ငံသား စစ်သားဟောင်းများ၊ စစ်သင်တန်း နည်းပြများ၊ စစ်အကြံပေးများ အဖြစ် ပါဝင် တာဝန်ထမ်းဆောင်နေကြကြောင်း၊ ယင်းဒေသတွင် လက်နှက်စက်ရုံများ စတင် တည်ဆောက်စဉ်က တရုတ်ပညာရှင်များ လာရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က စုံစမ်းသိရှိထားသည်ဟု သိရသည်။


ဖေဖော်ဝါရီလ ၁၆ ရက် ဘေဂျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက “တရုတ်-မြန်မာ ဆက်ဆံရေးကို ဖျက်ဆီးဖို့နဲ့ နယ်စပ်တည်ငြိမ်ရေးပျက်ပြားစေဖို့ တရုတ်နိုင်ငံအတွင်းက လုပ်ဆောင်တဲ့ ဘယ်အဖွဲ့အစည်း သို့မဟုတ် ဘယ်သူ့ကို မဆို ခွင့်ပြုမှာ မဟုတ်ဘူး”ဟု ပြောဆိုထားသည်။
7day 

ပညာရေး ဥပဒေပါ အချက်အချို့ကို ပြင်ဆင်ရန် ဆရာ/ဆရာမ များက ကျောင်းသားများနှင့် ဆွေးနွေး

Written by  ခင်မြတ်မြတ်​​ဝေ
ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရာတွင် လေးပွင့်ဆိုင်တွေ့ဆုံပွဲ၌ သဘောတူထားသည့် အချက်များထဲမှ အချို့သည့် ဆရာဆရာများ အတွက် အခက်အခဲရှိနေ၍ ပြင်ဆင်ပေးနိုင်ရန် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ဖေဖေါ်ဝါရီ ၂၀ ရက်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး) ၌ ဆွေးနွေးခဲ့သည်ဟု စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက မီဒီယာများသို့ ပြောသည်။
Discuss-Economic-University-the-National-Education-Act-06
ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက် နေ့လည် ၁၁ နာရီက ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
"ဒီဥပဒေနဲ့ဆိုရင် ဘယ်လိုမှ စီမံခန့်ခွဲလို့ မရပါဘူး။ ဒီလိုသင်ရိုးညွှန်တမ်းဆိုရင် ဘယ်လိုမှ ဆောင်ရွက်လို့ မရတဲ့အတွက် ဒါလေးကိုအကြံပြုတာပါ။ တော်ရုံတန်ရုံလောက်ဆိုရင် ဒီလိုပဲနေကြတာပါ။ ဒါတစ်မျိုးသားလည်း ဆိုင်တဲ့ ပညာရေးလည်းဖြစ်သည့်အတွက်" ဟု ရန်ကုန်စီပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက ပြောသည်။
ဆွေးနွေးမှုတွင် တက္ကသိုလ်များ၌ စီမံခန့်ခွဲမှုနှင့် တက္ကသိုလ်ဝင်ခွင့်၊ ဆရာဆရာမများ အပြောင်းရွှေ့နှင့် ဘာသာရေးကျောင်းများ၊ အကဲဖြတ်မှုပိုင်း၊ သက်ဆိုင်ရာ အကြောင်းအရာ အချက် (၆) ချက်ကို ဆွေးနွေးခဲ့သည်ဟု ရန်ကုန်စီပွားရေးတက္ကသိုလ် (ရွာသာကြီး) ပထမနှစ် စာရင်းအင်း ပညာမှ ကိုရဲမင်းဦးက မဇ္ဈိမသို့ပြောသည်။
ဆရာမများ စိုးရိမ်နေသည့် အချက်ခြောက်ချက်ရှိပြီး ထိုအချက်များကို စကားလုံးပြင်ဆင်ရန် ဆွေးနွေးခဲခြင်းဖြစ်သည်။ အမျိုးသား ပညာရေး ဥပဒေမှုကြမ်း ပုဒ်မ (၄၃)တွင် အမျိုးသားသင်ရိုးညွန်းတမ်း ရေးဆွဲရာ၌ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ကော်မတီကို အဖွဲ့ဝင် အနည်းဆုံး ၉ ဦး ကော်မတီဖြင့် ဖွဲ့စည်းမည် ဆိုသည့်အချက်ကို လက်မခံခြင်းဖြစ်သည်။
ယင်း ၉ဦးကော်မတီတွင် ပညာရှင် ၅ ဦးနှင့် ပညာရေး ဝန်ကြီးဌာနမှ ၂ ဦး လွှတ်တော်မှ ၂ ဦးဆိုသည်မှာ မဖြစ်နိုင်ကြောင်းဟုလည်း ဒေါ်ခင်နိုင်ဦးက ဆိုသည်။
ယင်းအပြင် ပုဒမ ၄၄ ပါ အစိုးရကျောင်းများနှင့် အခြားကျောင်းများသည် အပြန်အလှန် ဆက်သွယ်ကူးပြောင်း သင်ကြားနိုင်ရန် ကူညီဆောင်ရွက်ရမည်ဟူသည့်အချက်၊ ပုဒ်မ ၁၇ ပါ တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားများကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိရန် ဆိုသည့် အချက်၊ ပုဒ်မ ၂၂ (က) ပုဒ်မခွဲ (စစ)ပါ ဆရာ/ဆရာမများအပေါ် ကျောင်းသူ/ကျောင်းသားများ၏ အကဲဖြတ်မှုများအား တက္ကသိုလ်၊ ကျောင်းအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဆိုသည့်အချက် အပါအဝင် အချက်ခြောက်ချက်ကို ဆရာ/ဆရာမ များက စကားလုံးအချို့ကို ပြင်လိုပြီး အချို့ကို ပယ်ဖျက်လိုခြင်း ဖြစ်သည်။
"ဒီနေ့ဆွေးနွေးပွဲ အောင်မြင်စွာနဲ့ ပြီးဆုံးသွားတယ်။ ဥပဒေပိုင်းဆိုင်ရာနဲ့ ဆွေးနွေးသွားတာ နည်းတယ်။ လက်တွေ့လုပ်ငန်းပေါ် အခြေခံပေါ်မှုတည်ပြီးတော့ ဥပဒေနဲ့ ဆွေးနွေးတာထက် ဆရာတွေရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ အချက်အလက်တွေနဲ့ မညီလို့ ဆွေးနွေးတဲ့ ပွဲပါပဲ" ဟု (စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ) ကိုဇေယျလွင်က ပြောသည်။

ဖီယင်နု ပရိသတ်များနှင့် အကြမ်းဖက်မှု ဖြိုခွင်းရေး ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်

Written by  ဝေဘုန်းလူ
(ရောမ)။ ။ ဖီယင်နု ပရိသတ်များသည် ယူရိုပါလိဂ် ပွဲစဉ်ကို အားပေးရန် အီတလီနိုင်ငံ ရောမမြို့တော်သို့ ရောက်ရှိလာစဉ် အကြမ်းဖက်မှု ဖြိုခွင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ခဲ့ကြသည်။
ဓာတ်​ပုံများ
Italy-1
ဖီယင်နုပရိသတ် ၃၃ ဦးခန့် ထိန်းသိမ်းခံခဲ့ရအပြီးတွင် ပရိသတ်များသည် ရဲများနှင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ရောမသို့ ရောက်နေသည့် ဖီယင်နု ပရိသတ် ၆၀၀၀ အနက်မှ အချို့မှာ မီးခိုးဗုံးများကြောင့် ဒဏ်ရာရခဲ့ကြသလို ရဲများမှာလည်း ပုလင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ရောမမြို့သည် ဘောလုံးနှင့် သက်ဆိုင်သည့် အကြမ်းဖက်မှုများ ဆိုးရွားစွာ ဖြစ်လေ့ရှိပြီး မကြာသေးခင် နှစ်များကလည်း စပါး၊ မန်ယူစသည့် အသင်းများမှ အင်္ဂလိပ် ပရိသတ်များမှာလည်း သွေးထွက်သံယိုဖြစ်စဉ်များနှင့် ကြုံခဲ့ရဖူးသည်။ မြို့၏ အထင်ကရနေရာတွင် အကြမ်းဖက်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သဖြင့် မြို့တော်မှာ ထိခိုက်နာကျင်ရသည်ဟု ရောမမြို့တော် ဝန်မာရီနိုက တွစ်တာတွင် ရေးသားခဲ့သည်။
"ကျွန်တော် ဒေါသပြင်းပြင်းထန်ထန် ထွက်မိပါတယ်။ လက်မခံ နိုင်စရာ ဖြစ်ရပါပါပဲ။ တာဝန်ရှိသူတွေအပြင် နယ်သာလန် သံအမတ်နဲ့ပါ ကျွန်တော်တို့ ဆက်သွယ်သွားမှာပါ။ ဖြစ်ရပ်က ဒီလိုနဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ဖြစ်ပျက်ခဲ့လို့ ကျွန်တော်ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုပါတယ်။ ဘာကက်ဆီယာ ရေပန်း ပျက်ဆီးသွားပြီး နဂိုအတိုင်း ပြန်ကောင်းအောင်လုပ်ခဲ့ရ တယ်။ အကြမ်းဖက်မှုက လက်မခံနိုင်စရာဖြစ်ပြီး ပြန်လည်ပေးဆပ်ရမှာကလည်း ရိုမန်တွေ တစ်ဖက်တည်းဘက်က မဟုတ်ဘူး" ဟု မာရီနိုက ရေးသားထားသည်။
Italy-2
Italy-3
Italy-4
Italy-5
Italy-6
Italy-7
Italy-8
Italy-9
Italy-10
ရည်ညွှန်း - ဒေးလီးမေးလ်

ဒေါက်တာသိန်းလွင် ကို မေးပါရစေ အဖြေပေးပါ။



ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီကို ဒေါက်တာ သိန်းလွင် ကြိုးကိုင်နေတယ် ဆိုတာ သိလိုက်ရပါတယ်။ အောက်ပါအချက် ( ၂ ) ချက် ကို ထောက်ပြပါမယ်-

(၁) တောင်းဆိုချက် (၁၁) ချက် ရဲ့ အကြောင်းအရာနဲ့ စကားလုံး အသုံးအနှုန်းတွေဟာ ဒေါက်တာ သိန်းလွင် ပြောနေကျ စကားတွေပါ။

(၂) အစိုးရ၊ လွှတ်တော်နဲ့ သပိတ်မှောက်ကျောင်းသား ( identity card ရှိသူ ) တွေ တွေ့ဆုံ ဆွေးနွေးရင်
ဖြစ်နိုင်ရဲ့သားနဲ့ NNER ပါရမယ်လို့ လေးပွင့်ဆိုင် တောင်းဆိုပါတယ်။

ကျွန်တော့် နိုင်ငံရေး ဗေဒင် မှန်သွားတာကတော့ ၁-၂-၂၀၁၅ နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု သဘင်ခန်းမမှာ ကျင်းပတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ NNER ခေါင်းဆောင် အဖြစ် ဒေါက်တာ သိန်းလွင် ပေါ်ထွက်လာခြင်းပါဘဲ။

ဒါကြောင့် ဒေါက်တာ သိန်းလွင်ကို မေးခွန်းများ မေးခွင့်ပြုပါ။ ဒါကိုလည်း ဒီမိုကရေစီ ကျင့်စဉ်အရ မိမိရဲ့ အယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်လိုဘဲ ရှုမြင်ပေးပါ။

တောင်းဆိုချက် နံပါတ် ( ၂ ) နဲ့ နံပါတ် ( ၉ ) ကတော့ ကျွန်တော် မကျွမ်းကျင်တဲ့ နိုင်ငံရေး ကွင်းပြင်ဖြစ်လို့ မဆွေးနွေးလိုပါဘူး။

နံပါတ်(၁)အချက်

ပညာရေး မူဝါဒများနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ် ဥပဒေများ ရေးဆွဲရာတွင်
ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန် ကိစ္စဆိုရာမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ သူငယ်တန်းက ပါရဂူတန်းထိ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များကို ဘယ်လို ရွေးကြမှာလဲ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ နေ့စားလပေး မူလတန်းပြက ပါမောက္ခအထိ ဆရာဆရာမ ကိုယ်စားလှယ်တွေကို ဘယ်လိုရွေးကြမှာလဲ။ လက်တွေ့မကျတဲ့ တောင်းဆိုချက်ပါ။

နံပါတ်(၄)အချက်

ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စဆိုရာမှာ အဆင့်မြင့် ပညာ ကျောင်းများအတွက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုတာ ပုဒ်မ ၇၊ ၂၆ ၊ ၃၉ ( ဆ ) ၊ ၄၀ ၊ ၅၇ (ဂ) တို့မှာ အခိုင်အမာ ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ အဲဒီ လွတ်လပ်ခွင့်မျိုးကို အခြေခံပညာ ကျောင်းတွေကို ပေးလိုက်ရင် အရပ်စကားနဲ့ ပြောရရင် ငါးပါးမက သံဃာစင်ပါ မှောက်သွားမှာပါ။ ဒါကြောင့် ပုဒ်မ ၅၇ (က) ဟာ ပါကိုပါရမယ်လို့ ယူဆပါတယ်။ ဗဟိုချုပ်ကိုင်မှု အစွန်းကို ရှောင်ရင်း တစ်တော တစ်ကြက်ဖတွန် အစွန်းကို ရောက်သွားပါမယ်။ ဒေသအလိုက် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင် ပြဌာန်းခွင့် မရဘဲနဲ့တောင် အခြေခံပညာ ကျောင်းတွေဟာ လုပ်ချင်တာ လုပ်နေကြတာပါ။ မြင်းကို ချိုတပ်ပေးလိုက်လို့ ကတော့ မိဘ အုပ်ထိန်းသူတွေဟာ အကန်ခံနေရတာက အခတ်ခံရပါတော့မယ်။

အလုပ်အကိုင် အေဂျင်စီက လိမ်လည်ပို့ဆောင်ခဲ့သည့် မြန်မာတိုင်းရင်းသူ ကိုးဦးကို မလေးရှားလေဆိပ်တွင် စစ်ဆေးတွေ့ရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈-အသက် ၁၉ နှစ်မှ ၂၉ နှစ်အတွင်းရှိ တိုင်းရင်းသူ မြန်မာအမျိုးသမီး ကိုးဦးကို ဗီဇာအတု၊ အလုပ်ခန့်စာအတုများဖြင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုမှ လစာကောင်းကောင်းရမည် ဟုဆိုကာ မလေးရှားနိုင်ငံသို့ပို့ဆောင် မှု မလေးရှားလေဆိပ်တွင် စစ်ဆေး တွေ့ရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ရန်ကုန်မြို့ ရှိ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ တစ်ခုမှ လစာကောင်းကောင်းရမည် ဟုဆိုကာ ရှမ်းပြည်နယ်ရှိ အသက် ၁၉ နှစ်အရွယ် အပါအဝင်အမျိုးသမီး ငါးဦးနှင့် ရန်ကုန်တိုင်းမှ အမျိုးသမီးငယ် လေးဦးတို့ကို ဖေဖော်ဝါရီ ရ ရက် တွင် (MAI) လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံသို ပို့ဆောင်ခံခဲ့ရပြီး မလေးရှား လဝကမှ စစ်ဆေးရာ ဗီဇာ အတု၊ အလုပ်ခန့်စာနှင့် အခြားစာရွက်စာတမ်းအတုများ စစ်ဆေးတွေ့ ရှိရသဖြင့် အဆိုပါ အမျိုး သမီးငယ် ကိုးဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင် ငံအခြေစိုက် ကပုန်းလူမှုကူညီရေးအ သင်းနှင့် မြန်မာသံရုံးတို့မှသိရသည်။

၎င်းကိုးဦးကို ဖေဖော်ဝါရီ ၁၈ ရက် မလေးရှားစံတော်ချိန် ညနေ ၅ နာရီတွင် အဲအေးရှားလေကြောင်းလိုင်း ဖြင့် မြန်မာနိုင်ငံသို့ သံရုံးအစီအစဉ် ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဆင့် မြင့်အရာရှိတစ်ဦးမှ ပြောသည်။

မြန်မာ့အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်အခြေအနေ တည်ငြိမ်လာပြီး စောင့်ကြည့်အနေအထားမျိုးဖြစ်နေ

Written by  သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက် အခြေအနေသည် လတ်တလောတွင် တည်ငြိမ်လာပြီး စောင့်ကြည့် အနေအထားမျိုး ဖြစ်နေသည်ဟု အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံး သပ်ကြသည်။
Yangon-View-1
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ရန်ကုန်မြို့အတွင်း စီးပွားရေးလုပ်ငန်း သုံးနေရာသည် အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသောကြောင့် ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီဖြစ်သည့် MKT Construction ၏ ဒါရိုက်တာ ဦးမင်းခန့်သော်က '' လက် ရှိအိမ်ခြံမြေဈေးကွက်အတွင်းမှာ စီးပွားရေးလုပ်ငန်းသုံးနေရာအတွက် အငှားကတော့ ပုံမှန်ပါပဲ။ အရောင်း ကတော့ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး နည်းနည်းတော့ ကျဆင်းသွားပါတယ်''ဟု ပြောသည်။
အိမ်ခြံမြေဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အစိုးရက အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ အခွန်ဥပဒေ၊ ဈေးနှုန်းသတ်မှတ်မှုများနှင့် တန်ဖိုးနည်းအိမ်ရာများကို ဖော်ထုတ်ဆောင်ရွက်လာမှုတို့ကြောင့် အိမ်ခြံမြေ ဈေးကွက်အတွင်း အခြေအနေများကို စောင့်ကြည့်လာကြပြီး အိမ်ခြံမြေဈေးကွက်မှာ တည်ငြိမ်လာခဲ့သည် ဟု အွန်လိုင်းအခြေပြု အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်း House. com.mm က သုံးသပ်ခဲ့သည်။
လက်ရှိအစိုးရ တက်လာပြီးနောက်တွင် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်အတွက် ၂ဝ၁၅ ခုနှစ်အတွင်း ပြောင်းလဲလာမည့် နိုင်ငံရေး အခြေအနေကိုလည်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင် သူ များ စောင့်ကြည့်လာခြင်းကြောင့်ဈေးကွက်မှာ ပိုမိုအေးလာခဲ့သည်ဟု အိမ်ခြံမြေရောင်း ဝယ်ရေးအသိုင်း အဝိုင်းက သုံးသပ်သည်။
သို့သော် ရန်ကုန်မြို့အတွင်း စီးပွားရေးလုပ်ငန်း သုံးနေရာသည် အာဆီယံဒေသ တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပြီး ဈေးကွက်၏ တောင်းဆိုချက် များကို ဖြည့်ဆည်းပေးနိုင်မှု မရှိသေးသည့်အတွက် ဈေးနှုန်းများ ကျဆင်းနိုင်ခြင်းမရှိ သေးဟုသုံးသပ်ကြသည်။
မြန်မာနိုင်ငံ၌ အိမ်ခြံဆိုင်ရာလုပ်ငန်းကို လာရောက်လုပ်ကိုင်နေသည့် Colliers International အုပ်စုက ရန်ကုန်မြို့၏ လက်ရှိစီးပွားရေး လုပ်ငန်းသုံးနေရာ ပမာဏ စုစုပေါင်းမှာ စတုရန်းမီတာ ၁ဝ၇,ဝဝဝ ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီးပွားရေးလုပ်ငန်း သုံးနေရာ ပမာဏမှာ စတုရန်းမီတာ ၆ဝ,ဝဝဝ ခန့် တိုးပွားလာမည်ဟု သုံးသပ်ထားသည်။
အိမ်ခြံမြေကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်လာပြီး ခွင့်ပြုထားသောပမာဏမှာ ကန်ဒေါ်လာ ၂ ဒသ မ ၂ ဘီလီယံကျော်ဖြစ်ပြီး လက်ရှိရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနီးပါးဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံမှုစာရင်းများတွင် ဖော်ပြထားသည်။
လူနေထိုင်ရန် အိမ်ရာရွေးချယ်မှုတွင်လည်း ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ပြောင်းလဲလာခဲ့ပြီး မြို့နေလူထုသည် မြို့တွင်း အချက်အချာကျသည့် မြို့နယ်များရှိ တိုက်ခန်းများထက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မြို့စွန်ဆင်ခြေဖုံးနေရာများတွင် ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာသည်ဟု House.com.mm မှ သုံးသပ်သည်။

Mizzima 

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တံခါးဟောင်း လေလံအောင်၍ ၀ယ်ယူခဲ့သူမှာ OIC အဖွဲ့မှ ဖြစ်နေ


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တံခါးဟောင်း လေလံဆွဲသူမှာ ဥရောပနိုင်ငံသားတစ်ဦး ဖြစ်သော်လည်း ၀ယ်ယူသူအစစ် OIC မှ ဖြစ်နေကြောင်း ကမ္ဘာ့ဆန်းကြယ်သော လေလံတင်ရောင်းချ မှုအင်တာနက်
စာမျက်နှာတွင် ဖော်ပြထားထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တံခါးဟောင်းကို အွန်လိုင်းမှ ဈေး
အမြင့်ဆုံးပေး၍ ၀ယ်ယူခဲ့သူမှာ OIC အဖွဲ့ ဖြစ်နေပြီး အခြားဥရောပနိုင်ငံသားတစ်ဦး အမည်ခံထားခြင်း
ဖြစ်ကြောင်း ကမ္ဘာ့ဆန်းကြယ်သော လေလံတင်ရောင်းချ မှုအင်တာနက်စာမျက်နှာတွင်
ဖော်ပြထားချက်အရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတံခါးဟောင်းအား ဗိုလ်ချုပ်အောင်ဆန်းနှစ်
တစ်ရာပြည့် မွေးနေ့အခမ်းအနား နှင့် NLD ရုံးချုပ်တည်ဆောက်ရေးအတွက် လှူဒါန်းရန် ကြမ်းခင်းဈေး ကျပ်သိန်းနှစ်ထောင်ဖြင့် အွန်လိုင်းမှတစ်ဆင့် လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်း ၅၀၀၀ ဖြင့် နိုင်ငံခြား
သားတစ်ဦးက လေလံအောင်ခဲ့ခြင်းဖြစ်သည်။

OIC သည် ပြည်တွင်းရှိ NLD ပါတီ တာဝန်ရှိသူများထံ ကျပ်သိန်းငါးထောင် ပေးပို့
မည် ဖြစ်ပြီး ပြည်ပရှိ ဒေါ်အောင် ဆန်းစုကြည်၏ သားနှစ်ဦးထံသို့ ကျပ်န်သိန်းတစ်သောင်းတန်ဖိုးရှိ စတာလင်ပေါင်ငွေများကို ပေးပို့မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တံခါးဟောင်းကို ထိုမျှအထိ ဈေးကြီးပေးဝယ်ခြင်းသည် လေလံတင်ဈေးကွက်၌ ထူး ခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ ပို၍ အံ့သြဖွယ်ရာကောင်းသည်မှာ လေလံဈေးကွက်တွင် ၀င်ရောက်ဝယ်ယူမှု တစ်ကြိမ်မျှ မရှိခဲ့သည့် OIC အဖွဲ့၏ ပထမဆုံး ၀ယ်ယူမှု ဖြစ်ကြောင်း အဆိုပါဝက်ဆိုက်တွင် ဖော်ပြထားသည်။ “ဥပဒေဘောင်အတွင်း
က ဖြစ်အောင်၊ တည်ဆဲဥပဒေအားလုံးနဲ့ ကိုက်ညီစွာ လွှဲပြောင်းနိုင်ဖို့အတွက် ဥပဒေကြောင်း အရ ညှိနှိုင်းနေတုန်းပဲ ဖြစ်ပါတယ်” ဟု လေလံကိစ္စ ဆောင်ရွက်ခဲ့သည့် တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင် ဦးစိုး ညွန့်က ပြောကြားထားသည်။

OppositEye

မောင်တောတွင် ဓားပြတိုက်စဉ် ပါဝင်သည့် ဘင်္ဂလားဒေ့ခ်ျ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီတစ်ဦးကို အသေဖမ်းမိ



ဖေဖော်ဝါရီ ၂၀ရက်၊ ၂၀၁၅


မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောဓားပြတိုက်မှုတစ်ခုတွင် ပါဝင်သည့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရှိ ဒုက္ခသည်စခန်း တွင် နေထိုင်သူ ဘင်္ဂါလီ တစ်ဦးကို အသေဖမ်းမိခဲ့ကြောင်း သတင်း ရရှိသည်။

မောင်တောမြို့နယ် ငန်းချောင်းကျေးရွာတွင် ယခုလ ၁၆ရက်နေ့က ဓားပြတိုက်ရန် ၀င်ရောက်လာသည့် အဖွဲ့တစ်ဖွဲ့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်ရွာသား များ က ၀ိုင်းဝန်း ဖမ်းဆီးခဲ့ရာ ဓားပြတိုက်ရာတွင် ပါဝင်သူ
တစ်ဦးဖြစ်သည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ မူဆိုနီ ဒုက္ခသည် စခန်းမှ ဘင်္ဂါလီတစ်ဦးကို အသေဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သိရသည်။

အခင်းဖြစ်ပွားသည့်နေ့ ညအချိန်တွင် မောင်တောမြို့နယ်၊ငန်းချောင်းကျေး ရွာရှိ ရှောင်ရှူဟောက် ၏ နေအိမ်သို့ အမည်မသိ ဘင်္ဂါလီ၈ဦးခန့် ၀င်ရောက်လာသဖြင့် အိမ်ရှင်က မေးမြန်းခဲ့ရာ
ပြန်လည်ဖြေဆိုခြင်းမရှိသဖြင့် အနီးပတ်ဝန်းကျင်သို့ ဓားပြတိုက်နေကြောင်း အော်ဟစ်
အကူအညီတောင်းခဲ့ရာ ငန်းချောင်းကျေးရွာ အနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ရွာသားများက ၀ိုင်းဝန်းဖမ်းဆီး သော်လည်း ဓားပြများကသေနတ်ပစ်ဖောက်၍ လူစုခွဲ ထွက်ပြေးသွားကြာင်း သိရသည်။

ထွက်ပြေးသွားသော ဓားပြများကို လိုက်လံဖမ်းဆီးရာမှ နိုရာလောင် (၅၅နှစ်)ကို အသေဖမ်းမိခဲ့ပြီး၊ အသက် ၂၈နှစ် အရွယ်ရှိ ဘင်္ဂါလီတစ်ဦးကိုအရှည်လေးပေခွဲ ခန့်ရှိ လက်လုပ်သေနတ် တစ်လက်၊ ကျည်ခွံလေးခု နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီအား စစ်ဆေးချက်အရ ၄င်းမှာ ဘူးသီးတောင်မြို့နယ်အမှတ်(၂) ရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး၊ လိုက်လံ ဖမ်းဆီးစဉ်သေဆုံးသွားသည့် နိုရာလောင် မှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရှိ မူဆိုနီ
ဒုက္ခသည်စခန်းမှ ဖြစ်သည်ဟု ထွက်ဆိုကြောင်း ရဲအရာရှိ တစ်ဦး ကပြောသည်။ဘင်္ဂလားဒေ့ခ်ျ နယ်စပ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင်ဓားပြတိုက်၊ လူသတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး၊ ယခုလအစောပိုင်းကလည်း မောင်တော တောင်ပိုင်းတွင် ဓားပြတိုက်မှုများ
ဆက်တိုက်ကျူးလွန်နေသည့် ဓားပြအဖွဲ့တစ်ခု ခိုအောင်းနေသည့် မယူတောင်တန်းကို တပ်မတော်က လိုက်လံရှင်းလင်းခဲ့ရသည်။

Rakhine News Agency

ဖုန်​ကြားရှင် တရုတ်နိုင်ငံသို့ တိမ်းရှောင်လာပါက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း သမ္မတရုံးပြော



Byအေးသူစံ

ကိုးကန့်တိုက်ပွဲကို ဖန် တီးခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေခဲ့သော ဖုန်ကြားရှင်နှင့် အပေါင်းပါများ တရုတ်နိုင်ငံအတွင်း ရောက်ရှိလာ ပါက ဖမ်းဆီးထိန်းသိမ်း၍ မြန်မာ အစိုးရထံ အပ်နှံခြင်းက နယ်စပ် ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး ကိုအမြန်ဆုံးဆောင်ရွက်ပေးခြင်း သာဖြစ်ကြောင်း သမ္မတရုံးအကြီး တန်းအရာရှိတစ်ဦးကပြောကြား သည်။

‘‘ဖုန်ကြားရှင် ဘယ်နေရာမှာ ရုံးထိုင်ပြီးတော့ တိုက်ပွဲတွေ ကွပ် ကဲနေလဲဆိုတော့ ကျွန်တော်တို့ကစဉ်းစားစရာတွေ ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ ဗဟို အဆင့်မှာ ထားတဲ့မူဝါဒကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ပြန်ရှင်းထားတယ်။ ဒါကိုလည်း ကျွန်တော်တို့ယုံကြည်တယ်။ ဒါ ပေမဲ့အောက်ခြေမှာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက လက်ခံထား တာ၊ ပံ့ပိုးကူညီထားတာဖြစ်နိုင် တယ်။ ရှိတယ်လို့တော့ တစ်ထစ် ချမပြောလိုဘူး။ နယ်စပ်ဆိုတာ ဟိုဘက်ဒီဘက် စည်းမပြတ်တာလေးတွေ ရှိတတ်တယ်။ နှစ်နိုင်ငံ မတည်ငြိမ်တာ၊ ဆက်ဆံရေးတွေ ပြောစရာဖြစ်လာတဲ့ တရားခံက ဖုန်ကြားရှင်ပဲ။ ဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးအထိအခိုက်မခံဘဲနဲ့ ဆက်ဆံရေးပျက်ပြား
စေမယ့် ဖုန် ကြားရှင်ကို မြန်မာအစိုးရလက်ကို အပ်တာ ပိုကောင်းတယ်’’ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။

ထိုသို့သာ တရုတ်နိုင်ငံက ဆောင်ရွက်ပေးပါက မြန်မာပြည် သူလူထု၏ တရုတ်နိုင်ငံအပေါ်ထားသည့် သံသယများ ပျောက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံအ နေဖြင့် အလေးအနက်စဉ်းစား သင့်ကြောင်း ၎င်းက တိုက်တွန်း သည်။

ဖုန်ကြားရှင်သည် ၂၀၀၉ က တည်းက တရားမ၀င်လက်နက် ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးထုတ် လုပ်မှုတို့ဖြင့် မြန်မာအစိုးရက အမှုဖွင့်ထားပြီး ယင်းအမှုကိုယနေ့အထိပိတ်သိမ်းခြင်းမရှိ သေးကြောင်း
လည်းမြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြော သည်။

ထို့အပြင် ဖုန်ကြားရှင်မှာ အမေရိကန်ပြည်ထောင်စုက ဘိန်းဘုရင်ဟု သတ်မှတ်ထုတ် ပြန်ထား
သူဖြစ်ရာ နှစ်နိုင်ငံညှိနှိုင်း ခြင်း(သို့မဟုတ်) နိုင်ငံတကာရဲ တပ်ဖွဲ့(Interpol) နှင့် ပူး ပေါင်း၍ ၀ရမ်းထုတ်ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန အဆင့်မြင့်အရာရှိတစ် ဦးက ပြောကြားသည်။

‘‘တရားခံပြေးတစ်ယောက် ကိုဖမ်းချင်ရင် နှစ်နိုင်ငံသဘော တူညီချက်နဲ့ ဖမ်းနိုင်သလို နိုင်ငံတ ကာကိုရောက်နေတယ်ဆိုရင် အင်တာပိုလ်ကတစ်ဆင့် ဆက်သွယ်ရမှာပေါ့’’ဟု ၎င်းကပြော သည်။

စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသား ယခင်ကိုးကန့် ပြည်သူ့စစ်အဖွဲ့မှ ဘိန်းဘုရင် ဦးလော်စစ်ဟန် ( ၂၀၁၄ တွင် ကွယ်လွန်ခဲ့သူ) ကို ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ဖမ်းဝရမ်း ထုတ်ခဲ့သဖြင့် ထိုင်းအစိုးရက ဖမ်းဆီးကာ မြန်မာအစိုးရထံလွှဲ ပြောင်းပေးခဲ့သည်။

ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကမူ ၎င်းတို့မှာ မိမိဇာတိမြေကို ပြန်လာခြင်းသာ ဖြစ်ပြီး တရုတ်နိုင်ငံက မည်သည့် အကူအညီမျှမယူကြောင်းနှင့် ၂၀၀၉ ကတည်းက တရုတ်နိုင်ငံ နှင့် လုံးဝအဆက်အသွယ်မရှိ တော့ကြောင်း ကိုးကန့်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကပြော ကြားသည်။

ထို့အပြင် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြားတွင် ဖြတ်သန်း သွားသော ကြက်ခြေနီယာဉ်တန်း ကို လုံးဝပစ်ခတ်မှုမရှိကြောင်းနှင့် ကိုးကန့်တပ်ဖွဲ့တွင် ပြည်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ညှဉ်းပန်းနှိပ်
စက်သတ်ဖြတ်မှုများ လုံးဝ မပြုလုပ်ရန် တင်းကျပ်သည့် အမိန့်ထုတ်ထားကြောင်း ၎င်းကပြော ကြားသည်။

‘‘အခုအစိုးရဘက်က ထုတ် ပြန်တဲ့ ပစ်ခတ်မှုဖြစ်တဲ့ လောက် ကိုင်၊ ချင်းရွှေဟော်တောက် လျှောက်က အစိုးရထိန်းချုပ်နယ် မြေပါ။ ကျွန်တော်တို့တပ်က တောင်ပေါ်တွေကနေ ဆင်းလို့ကို မရပါဘူး’’ဟု ၎င်းကပြောသည်။

ကိုးကန့်အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုင်းရင်းသားအဖွဲ့အ စည်းအချို့က တိုက်တွန်းထား သော်လည်း ဦးဇော်ဌေးက ကိုး ကန့်၏ ငြိမ်းချမ်းရေးကမ်းလှမ်း ချက်အိတ်ဖွင့်ပေးစာမှာ ရိုးသားမှု မရှိကြောင်း ပြောကြားသည်။

‘‘အိတ်ဖွင့်ပေးစာက အခြေ အမြစ်မရှိတဲ့ အမှားတွေ။ လူမျိုး ကြီးဝါဒနဲ့ တစ်ဖက်သတ်လုပ် တယ်ဆိုတာ မဟုတ်ဘူး။ ကိုးကန့် ဒေသကို သူတို့လူမျိုးကိုးကန့်ပဲ အုပ်ချုပ်တာ။ ကိုးကန့်ဒေသအ တွက် စာချုပ်စာတမ်းမရှိပေမယ့် နှစ်ဖက်သဘောတူညီချက်အရ မလုပ်ရတာတွေရှိတာကို သူတို့ကတပ်သားတွေ စုဆောင်းတယ်။ လက်နက်စက်ရုံလုပ်တယ်။ ကျွန် တော်တို့က အကြိမ်ကြိမ်သတိ ပေးတဲ့အတွက် ရဲတွေကို သတ်ပစ် လိုက်တယ်။ ဒီလိုလူသတ်ပြီး ထွက်ပြေးတဲ့ ရာဇ၀တ်ကောင်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထည့် သွင်းစရာအကြောင်းမရှိဘူး’’ဟု ဦးဇော်ဌေးကပြောသည်။

7 Days

Friday, February 20, 2015

ဆရာ နေထွန်းနိုင်ဆောင်းပါး ကို ဝေဖန်ခြင်း

 
(၁)

ပထမ အချက်အလက် မှားယွင်းမှုက တပ်မှာ စစ်အင်အား ၅သိန်းရှိလို့ ၄သိန်း တိုက်ပွဲဝင်နို်င်တယ် ဆိုတဲ့ ကောက်ချက်ဖြစ်တယ် ... အဆင့်မြင့် နည်းပညာ နဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ သုံးတဲ့ အမေရိကန် တပ်မတော်မှာတောင် စစ်သား တစ်ယောက် တိုက်ပွဲဝင်နိုင်ဖို့ တိုက်ပွဲ မ၀င်ဘဲ နောက်က အထောက်အကူပြုပေးရတဲ့ စစ်သား အရေအတွက်က ၃ဦး ဖြစ်တယ် ... မြန်မာတပ်မှာ အဆင့်မြင့် နည်းပညာနဲ့ အဆင့်မြင့် သယ်သူပို့ဆောင်ရေ စနစ် သုံးနိုင်တဲ့အချိုးအဆအရဆိုရင် ၁း၇ လောက် ဖြစ်မယ်လို့ ယူဆတယ် ... အဲဒီအချိုးအရဆိုရင် တကယ့်တိုက်ပွဲဝင်အင်အားဟာ ၆သောင်းကနေ တသိန်း ပတ်ဝန်းကျင်သာ ဖြစ်လိမ့်မယ် ... ဒါဟာ လက်ရှိ ခြေမြန်တပ်မ ၁၀ခုနဲ့ တခြား အထူးတပ်တွေ ထည့်တွက်တာနဲ့ သိပ် မကွာလှတဲ့ အရေအတွက် ဖြစ်တယ် ...


တပ်မတွေကို စစ်နယ်ဝှမ်းတွေမှာ ဘယ်လိုထိုး ထားတယ် ဆိုတာ သေသေချာချာ မသိပါ... ဒါပေမဲ့ ကချင်၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကရင်၊ ရခိုင် မှာ တပ်မတခုစီ ထိုးထားပြီး နောက်က တပ်မ ၅ခုနဲ့ အလှည့်ကျ အနားပေးတယ်လို့ ယူဆကြည့်ရင် ရှမ်းမြောက်ကို ထိုးတားတာဟာ တပ်မတခုသာ ဖြစ်ပါလိမ့်မယ် ... အင်အားပြည့် ၃ထောင် ၀န်းကျင် ... ဒါပေမဲ့ ကိုးကန့်နယ်မြေထဲမှာဘဲ တပ်မတခုလုံး အင်အား ပြည့် ထိုးထားလို့ မရဘဲ ရှမ်းမြောက်တခုလုံးမှာ ဖြန့်ခွဲထားရမယ်လို့ မှန်းဆရင် ကိုးကန့်နယ်ထဲမှာ ရှိတဲ့ အမြဲတမ်း တိုက်ခိုက်ရေး အင်အားဟာ တစ်ထောင်၊ ထောင့်ငါးရာ ထက် မပိုလောက်ဘူး ... ဒါဟာ အခုကြားနေရတဲ့ တပ်ရင်း ၃ရင်းနဲ့ သိပ် မကွာလှတဲ့ အရေအတွက် ဖြစ်တယ် ...



ကိုးကန့်နယ်ထဲမှာ တပ်က အခြေပြုထားတဲ့ စခန်း ဘယ်လောက် ရှိတယ် သေသေချာချာ မသိပါ ... ဒါပေမဲ့ တပ်ရင်း တစ်ရင်းမှာ တိုက်ခိုက်ရေး တပ်ခွဲ ၄ခွဲ၊ လက်နက်ကြီး တပ်ခွဲတခွဲ၊၊ ဋ္ဌာနချူပ် တပ်ခွဲ တခွဲ၊ တစ်ခွဲ အင်အားပြည့်မှ ၁၀၀ ကျော်၊ အများအားဖြင့် အင်အား မပြည့် ၇၀ ၀န်းကျင်၊ အဲဒါကို တပ်စုအင်အား လူ ၃၀ လောက်လောက် ထိုင်ရတဲ့ ရှေ့ကာ စခန်းတွေနဲ့ တပ်ခွဲအင်အား လူ ၁၀၀ ထိုင်တဲ့ ပင်မ အခြေစိုက် ခခန်းတွေနဲ့ ချိန်ဆကြည့်ရင် တပ်ခွဲ ထိုင်တဲ့ စခန်း ရှိလှ ၅ခု ၁၀ခု အလွန်ပါ ... ဒါကို အခိုင်အမာ အခြေစိုက် စခန်းတခုခြင်းကို တက်တိုက်တဲ့ ရန်သူက သာလွန်အင်အား ၁၀ဆ ရအောင် ထောင်ချီ စုဖွဲ့ တိုက်ခိုက်ရင် ခုခံကာကွယ်တဲ့လူက အသေအကျေ ခံတိုက်ရတာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပါတယ် ... ဒါကို လူ ၅သိန်း ရှိတဲ့ တပ်က တိုက်ခိုက်ရေး အင်အား ၄သိန်းရှိပါရက်နဲ့ လူ ၁၀၀၀ လောက်နဲ့ တိုက်တာကို အသဲအသန် ဖြစ်ရသလား လို့ မေးခွန်းထုတ်တဲ့လူဟာ အထက်က အသိမျိုး မသိလို့ ဖြစ်ပါတယ် ... မသိရကောင်းလားလို့ အပြစ်တင်လိုရင်း မရှိ သိတာကို မျှဝေလိုရင်းသာ ဖြစ်ပါတယ် ... သာမန် အရပ်သား ဖြစ်တဲ့ ကျနော်သိတာလေး မှဝေတာ မှားယွင်းတိမ်းစောင်းခဲ့ရင် ပိုသိသူတွေက ပြုပြင် တည့်မတ်ပေးစေလိုပါတယ် ...


(၂)

ဒုတိယ အချက်အလက် မှားယွင်းမှုက ဝင်တိုက်မယ်လို့ ကြိုတင် ပြောထားလျက်နဲ့ ကြိုတင် ကာကွယ်နိုင်စွမ်း အားနည်းခဲ့ပါတယ် ဒီအတွက် ကျဆုံးသူ များခဲ့တယ် ဆိုတဲ့ ကောက်ချက်ဖြစ်ပါတယ် ... အဓိကက ကြိုတင်ကာကွယ်နိုင်စွမ်းနည်းလို့ ကျဆုံးသူများတယ်လို့ ကောက်ယူတာက အငြင်းပွားစရာ ဖြစ်တာ
ဖြစ်ပါတယ် ... အတိုက်ခံရတဲ့ စခန်း တခုမှ မကျအောင် ကာကွယ်နိုင်ခဲ့ပါတယ် ... ဒါဆို ကာကွယ်နိုင်စွမ်း နည်းတယ်လို့ မဆိုနိုင်ပါ ... ကြိုတင် ကာကွယ်နိုင်စွမ်း လို့ ဆိုမယ် ဆိုရင်တော့ အထက်မှာ ဥပမာ ပြခဲ့သလိုဘဲ လက်ရှိတပ်ထက် ထောက်လှမ်းရေး နည်းပညာရော စွမ်းရည်ပါ အဆပေါင်းများစွာ ထက်မြက်တဲ့ တပ်မတော်တွေတောင် ပြောက်ကျားတပ်တွေရဲ့ လှူပ်ရှားမှုကို ထိန်းချူပ်ဖို့ ဖြန့်ခွဲ ချထားတဲ့ စခန်းငယ်တွေကို အပြည့်အ၀ ကာကွယ်ဖို့ အခက်အခဲ ရှိခဲ့ကြတယ် ရှိနေဆဲလဲ ဖြစ်ပါတယ် ... အဓိကက စခန်းငယ် အများကြီးထဲက ဘယ်စခန်းကို တိုက်မယ်ဆိုတာ ခန့်မှန်းရ ခက်တာ ဖြစ်ပါတယ် ... ၃နေရာလောက် တိုက်ဖို့ အရောင်ပြထားရင် ၃နေရာလုံးကို အင်အားဖြည့်ဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရပါတယ် ... အရောင်ပြတဲ့နေရာကို ကာကွယ်ဖို့ တခြားနေရာက ထုတ်နှူတ် အင်အား ဖြည့်ရင် အဲလို ထုတ်နှူတ်လိုက်တဲ့နေရာက အားနဲသွားပြီး အဲဒီနေရာကို အတိုက်ခံရတာမျိုး ဖြစ်နိုင်ပါတယ် ... တိုက်မယ်ဆိုတာ ကြိုပြောထားရုံနဲ့ မိမိစစ်နယ်ဝှမ်းထဲက တပ်အင်အားနဲ့ မလုံလောက်ဘူးဆိုပြီး အရံထားတဲ့ တပ်မတွေ ခေါ်တင်ပြီး အင်အား ဖြည့်မယ်လဲ လုပ်လို့ မရပါ ... ဟိုက လေ သေနတ်ပစ်ပြီး တကယ်မလာရင် ကိုယ်ဘဲ အရူး ဖြစ်ရမှာပါ ... အဲဒီတော့ အများဆုံး ကြိုးစားကြတာက သာလွန်အင်အားနဲ့ အတိုက်ခံရရင် စခန်းမကျအောင် ဘယ်လောက်ကြာကြာ ခံတိုက်နိုင်မလဲ နဲ့ အဲဒီကြာချိန်အတွင် စစ်ကူ ရောက်အောင် ပို့နိုင်တဲ့ စွမ်းရည် ရှိဖို့ဘဲ ဖြစ်ပါတယ် ... အခု စခန်းမကျအောင် ခံတိုက်ထားတဲ့အချိန်အတွင်း စစ်ကူရောက်အောင် ပို့နိုင်ခဲ့တဲ့အတွက် အဲဒီစွမ်းရည် အားနည်းတယ်လို့ ယူဆဖို့ အထောက်အထား မခိုင်လုံပါ ...


အကျအဆုံးများတယ်ဆိုတဲ့ ကိစ်စကို ဆက်ဆွေးနွေးရရင် အခိုင်အမာ အခြေစိုက် စခန်းတခုကို ခြေမှူန်းနိုင်ဖို့ ထိုးစစ်ဆင်သူက ၁၀ဆ၊ ၁ဆ အင်အား သာလွန်ဖို့ လိုပါတယ် ... ခြေမှူန်းနိုင်တယ် ဆိုတာ စခန်းကျတာကို ပြောတာပါ ... အသေခံ ခံ တိုက်တယ် ဆိုရင် ခုခံကာကွယ်တဲ့သူ အကုန်သေပြီး စခန်းကျတယ် ဆိုတဲ့ အဓိပ်ပါယ် ဖြစ်ပါတယ် ... အခု ဖြစ်စဉ်က စခန်းတခုမှာ အရာရှိ တစ်ယောက်နဲ့ အခြားအဆင့် ၂၀ကျော် ကျဆုံးတယ် ဆိုပါတယ် ... ဒါက အခုမှ FB ပေါ်မှာ ဒီလို သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် တင်လာလို့ လူတွေ သိပြီး အများကြီး သေတယ် ဘာတယ်နဲ့ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြတာပါ ... အရင်က တရုပ်နိုင်ငံရေး အရာရှိတွေရဲ့ ကြီးကြပ်မှုနဲ့ ဗကပ လက်အောက်က ၀ တပ်တွေ တိုက်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ တပ်ရဲ့ ကျဆုံးမှု အချိုးအဆ ဟာ အခုထက် များတဲ့အခါတွေ ရှိခဲ့တယ် ထင်မိပါတယ် ... ကျနော် မှတ်မိတာ မမှားရင် ဖွဲ့စည်းပုံ ပျက်လုမတတ်ဖြစ်လို့ စခန်းပေါ်က ဆုတ်ပေးလိုက်ရ၊ ၀င်သိမ်းတဲ့ စခန်းသိမ်းတပ်တွေပေါ်ကို အမြှောက်တပ်က ပစ်ခတ် ချေမှူန်းပြီးမှ စခန်းကို ပြန်သိမ်းနိုင်တဲ့ ဖြစ်စဉ်တွေ တခုထက် မနဲ ရှိခဲ့ပါတယ် ... ဆိုလိုတာက ၁၀ဆ၊ တဆ သာလွန်အင်အားနဲ့ အတိုက်ခံရတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ အကျအဆုံးများတာဟာ ဖြစ်ရိုး ဖြစ်စဉ် ဖြစ်ပါတယ် ...


 ဆောင်းပါးမှာ မပါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာ တစ်ခုက သာလွန်အင်အားနဲ့ အတိုက်ခံရပေမဲ့ စခန်းမကျခဲ့ရာမှာ စစ်ရေးလေ့ကျင့်မှု ရယူထားတဲ့ ရဲမေ (စစ်သားမိန်းမ) တွေရဲ့ အခန်းကဏ္ဍက အတိုင်းအတာ တခုအထိ အရေးပါခဲ့တယ် ဆိုတဲ့ အဆို ဖြစ်ပါတယ် ... ဒီအဆိုသာ မှန်ခဲ့ရင် ကြိုတင်ကာကွယ်နိုင်စွမ်း အားနည်းတယ်လို့ ကောက်ယူဖို့ ပို ၀န်လေးမိမှာ ဖြစ်ပါတယ် ... ကျနော် မှတ်မိသလောက် ရဲမေတွေကို စစ်ရေးလေ့ကျင့်မှု ကျယ်ကျယ်ပြန့်ပြန့် စ ပေးခဲ့တာဟာ ပြင်ဦးလွင်နဲ့ တနာရီတောင် မဝေးတဲ့ နောင်ချိုက ခြေလျင်တပ်ရင်းတခုနဲ့ ဋ္ဌာနချူပ်ကို ရန်သူက LRP (Long Range Penetration ) လုပ်လို့ တပ်ရင်းမှူးကတော်အပါအ၀င် ရဲမေတော်တော်များများ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတခု ထွက်လာပြီးတဲ့နောက်ပိုင်းမှ လို့ ထင်မိပါတယ် ... တပ်ရင်းမှာ တပ်ခွဲ၆ခွဲ ရှိတဲ့အထဲက ၅ခွဲ ရှေ့တန်းထွက်သွားရင် အစောင့် ကျန်ခဲ့တဲ့ ဋ္ဌာနချူပ်တပ်ခွဲမှာ အများအားဖြင့် အသက်ကြီးတဲ့၊ တိုက်ရည်ခိုက်ရည် သိပ်မကောင်းတော့တဲ့ သူတွေကိုသာ ချန်ထားခဲ့လေ့ ရှိပါတယ် ... အဲဒါကို အထူးတာဝန်တပ်ဖွဲ့ ပုံစံ ခရီးရှည် ချီတက်တိုက်ခိုက်ဖို့ လေ့ကျင့်ထားတဲ့ ဒေါင်ဒေါင်မြည် လက်ရွေးစင်တပ်ဖွဲ့က ၀င်တိုက်တာမျိုးကို စစ်ကူလာတဲ့အထိ တောင့်ခံနိုင်အောင် စစ်ကူပေးဖို့ ရဲမေတွေကို စစ်ရေးလေ့ကျင့်မှု ပေးထားတယ်လို့ နားလည်ထားပါတယ် ... စကားမတူ လူမျိုးမတူ ယဉ်ကျေးမှုမတူတဲ့ ကိုးကန့်လို နယ်မြေမှာ နယ်မြေစိုးမိုးရေးအတွက် ပထမဆုံးအကြိမ် တပ်ရင်း အထိုင်ချတာဟာ နဂါးခံတွင်းထဲ ၀င်တာမျိုးနဲ့ အတူတူ ဖြစ်လို့ တပ်ရင်းမိသားစုဝင် ရဲမေတွေ စစ်ရေးစွမ်းရည် ရှိနေတာဟာ ကြိုတင်ကာကွယ်မှု အားကောင်းလို့ လို့ သာ ယူဆစရာ ဖြစ်နိုင်ပြီး ကြိုတင်ကာကွယ်မှု အားနည်းလို့ မိန်းမတွေပါ ၀င်တိုက်ရတဲ့ ဘ၀ ရောက်ခဲ့ရတယ်လို့ ယူဆဖြစ်မယ် မဟုတ်ပါ ... အဲလို အနေအထားအတွက်ကို တမင် ကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့သာ ယူဆဖြစ်မှာ ဖြစ်ပါတယ် ...

(၃)

ပထမနဲ့ ဒုတိယ အချက်အလက် မှားယွင်းမှုလို့ ပြောအပြီးမှာ တတိယ ပြောစရာ (အချက်အလက်မှားယွင်းမှု လို့ မသုံးသေးပါ) ကတော့ လောက်ကိုင်ဒေသတွင်း တိုက်ပွဲမှာ ကိုးကန့်ခွဲထွက်လို့ ဆိုသူ တိုက်ခိုက်ရေး သမားတွေ သုံးခဲ့တာက ခေတ်မီလက်နက်တွေ ဖြစ်နေတယ် ဆိုတဲ့ အရေးအသား ဖြစ်ပါတယ် ... အဲဒီအတွက်  မူလ စာရေးသူက အထောက်အထား မပြထားလို့ သူ ဒီ ကောက်ချက်ကို ဘယ်လို ဆွဲတယ်ဆိုတာ မသိရပါ ... ထူးဆန်းတာကတော့ လောက်ကိုင်ဒေသကို ၀င်တိုက်တယ်ဆိုတဲ့ ကိုးကန့်ခွဲထွက်လို့ ဆိုသူ တိုက်ခိုက်ရေးသမားတွေရဲ့ ဓာတ်ပုံတပုံတောင် on line ပေါ်မှာ အခုထက်ထိ ကျနော် မတွေ့မိသေးတာဘဲ ဖြစ်ပါတယ် ...

တင်လတ်

Thursday, February 19, 2015

လစ်ဗျားတွင် အိုင်အက်စ်တပ်ဖွဲ့ ခြေကုပ်ရသွားပါက ဥရောပကို ခြိမ်းခြောက်လာနိုင်ဟု အီတလီ သတိပေး

ပြည်တွင်းစစ်သွေးကြွတစ်ဦး လက်ထဲမှ လစ်ဗျားနိုင်ငံအလံ
လစ်ဗျားတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်ဖွဲ့များ ကောင်းစွာ ခြေကုပ်ယူနေပြီဖြစ်ပြီး ယင်းအခြေအနေက ဥရောပကို အနီးကပ်ဆုံး ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း အီတလီ အစိုးရက သတိပေး ပြောကြားလိုက်သည်။
အာဖရိက မြောက်ပိုင်းတွင် တည်ရှိသည့် လစ်ဗျားသည် မြေထဲပင်လယ်နှင့် ထိစပ်နေပြီး ယင်းကို ဖြတ်ကူးလိုက်ပါက ဥရောပတိုက် ကမ်းခြေသို့ ရောက်ရှိမည် ဖြစ်သည်။ ဆိုးယုတ်မှုများဖြင့် ကျော်ကြားသည့် အိုင်အက်စ် တပ်များသည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို ထိန်းချုပ်ထားသည့်အပြင် ယခုအခါ အစိုးရအာဏာ ယုတ်လျော့ ကျဆင်းနေသည့် လစ်ဗျားပိုင်နက်ထဲသို့ပါ ဝင်ရောက် ခြယ်လှယ်လာခဲ့သည်။
လစ်ဗျားတွင် ဗိုလ်မှူးကြီး မူအမ်မာ ကဒါဖီ အစိုးရ ဖြုတ်ချခံရပြီး ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထကြွ သောင်းကျန်းလျက် ရှိသည်။ အိုင်အက်စ် တပ်ဖွဲ့အနေဖြင့် လစ်ဗျားတွင် ပိုင်ပိုင်နိုင်နိုင် ခြေကုပ်ယူလာနိုင်ပါက ဥရောပတိုက်အတွက် ကြီးမားသော ခြိမ်းခြောက်မှုမျိုး ဖြစ်လာလိမ့်မည်ဟု အီတလီက သတိပေးခဲ့ပြီး နိုင်ငံတကာ အနေဖြင့် ယင်းအခြေအနေကို ပူးပေါင်း တားဆီးကြရန် တိုက်တွန်းခဲ့သည်။
အီတလီ နိုင်ငံခြားရေးဝန်ကြီး ပေါ်လို ဂျန်တီလိုနီက အိုင်အက်စ်တပ်ဖွဲ့များနှင့် လစ်ဗျားရှိ စစ်သွေးကြွများ ပူးပေါင်းသွားနိုင်သည့် အလားအလာကို ထောက်ပြခဲ့ပြီး ယင်းအနေအထားသည် အိုင်အက်စ် တပ်များကို ဥရောပတိုက်၏ မျက်နှာစာရှေ့ လျင်လျင်မြန်မြန် ရောက်ရှိလာစေနိုင်ကြောင်း ဆိုသည်။
“လက်ရှိ အခြေအနေဟာ ပေါ့ဆလို့ မရတော့ပါဘူး။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အရမ်းနောက်ကျမသွားခင် ခပ်မြန်မြန် လှုပ်ရှားသင့်ပါပြီ”ဟု ဂျန်တီလိုနီက လွှတ်တော်တွင် ပြောကြားသွားခဲ့သည်။ ၎င်းက “ဒေ့ရှ်နဲ့ ဒေသခံ စစ်သွေးကြွတွေ ပေါင်းစည်းသွားခြင်းဟာ တကယ့်ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာမယ်ဆိုတာ သိသာပါတယ်။ ဒီအခြေအနေကို အမြင့်ဆုံးအဆင့် သတိကြီးကြီးထားပြီး စောင့်ကြည့်နေသင့်ပါတယ်”ဟုလည်း ဆိုသည်။ ဒေ့ရှ်ဆိုသည်မှာ ဒေသခံ အာရပ်ဘာသာစကားအရ အိုင်အက်စ်တို့ကို ခေါ်ဝေါ်သော အမည်ဖြစ်သည်။
အီတလီပိုင်နက်ရှိ တောင်ဘက်ကျွန်းစု အချို့သည် လစ်ဗျားကမ်းခြေမှ ကီလိုမီတာ (၃၀၀)မျှသာ ကွာဝေးသော နေရာတွင် တည်ရှိသည်။ လစ်ဗျားတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဒေသခံ အများအပြားသည် လုံခြုံစိတ်ချရမှု မရှိသည့် လှေငယ်၊ သင်္ဘောငယ်များဖြင့် မြေထဲပင်လယ်ကို ဖြတ်ကူးပြီး အီတလီသို့ တရားမဝင် ခိုလှုံဝင်ရောက်ရန် ကြိုးပမ်းလေ့ ရှိရာ ကမ်းခြေစောင့် တပ်ဖွဲ့များက သတိကြီးစွာ စောင့်ကြည့်နေရသည်။
_Ref: Iris Examiner
7day 

ကြက်ခြေနီကယ်ဆယ်ရေးယာဉ်တန်း အပစ်အခတ် ခံရမှု အတွေ့အကြုံ



ကယ်ဆယ်ရေး ယာဉ်တန်း အပစ်အခတ် ခံရစဉ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဧရာဝတီ ဓာတ်ပုံသတင်းထောက် ဂျေပိုင် (ဓာတ်ပုံ – လင်းဘိုဘို/ EPA)



ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရ တပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဘက်စလုံးမှာ အထိအခိုက် အကျအဆုံး များပြားစွာ ရှိနေသလို၊ အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ရှိနေပါတယ်။ 

အဲဒီလို တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကယ်ဆယ်ပြီး ပြန်လာတဲ့ ကြက်ခြေနီ ယာဉ်တန်း တခုဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းတနေရာ လုံထန် ကျေးရွာ အနီးမှာ တိုက်ခိုက်ခံရပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ ယာဉ်တန်းမှာ ဧရာဝတီ ဓာတ်ပုံ သတင်းထောက် တဦးဖြစ်တဲ့ ကိုဂျေပိုင်လည်း လိုက်ပါလာပြီး အဲဒီဖြစ်စဉ်နဲ့ သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြန်လည် ပြောပြခဲ့ပါတယ်။ 

“လောက်ကိုင်မြို့ကနေ ဒုက္ခသည်တွေ ကယ်ပြီး ပြန်လာတဲ့ ကြက်ခြေနီ ယာဉ်တန်းက ချင်းရွှေဟော်မြို့ကို အပြန်၊ လမ်းတဝက်ဖြစ်တဲ့ လုံထမ်တောင်ကြား မရောက်ခင်မှာ တိုက်ပွဲသံတွေကြားတော့ ၄၅ မိနစ်လောက် ကားတွေ နားနေခဲ့တယ်။ သေနတ်သံတွေ တိတ်သွားတော့မှ ချင်းရွှေဟော်ဘက်ကို ဆက်အထွက်မှာ လုံထမ်တောင်ထိပ်နား အရောက် ရှေ့ဆုံးက ဒုက္ခသည်တွေ သယ်လာတဲ့ ကြက်ခြေနီကားကို သေနတ်နဲ့ လှမ်းပစ်ကြတယ်။ အဲဒီမှာ ကျည်ဆံတွေက ကားလမ်းပေါ်မှာ တထောက်ထောက်နဲ့ ကျနေတုန်း ကားကို ရပ်လိုက်တဲ့အချိန်မှာပဲ သေနတ်နဲ့ ပစ်တဲ့ တောင်ပေါ်က နေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတာ ကျနော်တို့စီးတဲ့ ၄ စီးမြောက်ကားရဲ့ ဘေးက လျှိုထဲကို လက်နက်ကြီး ကျည်ကျသွားတယ်။ ပြီးတော့ ကားပေါ်ကနေ ပြေးဆင်းပြီး လမ်းဘေးရေမြောင်းထဲကို ကားတွေ ကွယ်ပြီး ဆင်းဝပ်လိုက်ရတယ်။ 

၁၀ မိနစ်လောက် အကြာ သေနတ်သံငြိမ်တော့ ဒဏ်ရာရသလား ကြည့်လိုက်တဲ့အခါ ရှေ့ဆုံးက ကားမောင်းတဲ့ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေး ကြက်ခြေနီတချို့ ဒဏ်ရာရကုန်တယ်။ သူတို့က ကားနဲ့ ခြေလှမ်း ၇ လှမ်းလောက် အကွာက ခြံနားမှာ ၀ပ်နေတာကို တွေ့တော့ ကယ်မယ့်သူ မရှိဘူး။ ကျနော်တို့လည်း လိုတဲ့ပုံတွေ သွားရိုက်ပြီး
ဒဏ်ရာရသူတွေနဲ့ အနီးဆုံးကို သွားပြီး ကယ်ဖို့ ပြင်တယ်။ ဓာတ်ပုံ သတင်းထောက်တွေ ဖြစ်တဲ့ Reuters က ကိုစိုးဇေယျာထွန်းနဲ့ EPA က ကိုလင်းဘိုဘို တို့က ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအင်္ကျီတွေ ပါတော့ ဒဏ်ရာ ရသူတွေကို သွားဆွဲပြီး လုံခြုံတဲ့နေရာတွေဆီကို သယ်ဖို့ပြင်တယ်။ ကိုစိုးဇေယျာထွန်းနဲ့ ကိုလင်းဘိုဘိုရယ်၊ ကြက်ခြေနီ ကယ်ဆယ်ရေး ၂ ယောက်ရယ်က ဒဏ်ရာရတဲ့သူ တယောက်ကို ကယ်ပြီးတော့ ကြက်ခြေနီကားပေါ် တင်တယ်၊ ကျနော်က ၀မ်းဗိုက် ဒဏ်ရာရတဲ့ ကိုမိုးကျော်သန်းကို ပေါင်ပေါ်တင်ထားပြီး ဒဏ်ရာကို မထိအောင် ဂရုစိုက်ပြီး ချင်းရွှေဟော် ရောက်တဲ့အထိ ခေါ်လာခဲ့တယ်။ 

အပစ်ခံရတဲ့ လုံထမ်တောင်ကနေ ၁၅ မိနစ်လောက် ကားမောင်းလာတော့ မြန်မာတပ်မတော်ဘက်
စစ်သည်တွေက ကူညီဖို့လိုက်လာတာကို တွေ့တယ်။ ဒဏ်ရာရတဲ့လူ ရှိလား၊ ရှိရင်ပြင်ထား
တယ် နောက်မှာ လိုက်လာနေပြီလို့ ပြောပြီးကိုးကန့်အဖွဲ့တွေ လိုက်မလာနိုင်အောင် ကာပေးဖို့ ရှေ့ကိုဆက်တက်သွားတယ်။ ကျနော်တို့ အပစ်ခံရတဲ့နေရာက ချင်းရွှေဟော်ကို တနာရီလောက် ကားစီးရတယ်” 

အခု လက်ရှိအချိန်မှာတော့ ဧရာဝတီဓာတ်ပုံ သတင်းထောက် ဂျေပိုင် အပါအဝင် သတင်းထောက်တွေဟာ လုံခြုံစိတ်ချရတဲ့ လားရှိုးမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။


irrawaddy

ဖုန်ကြားရှင် နှင့် အချုပ်အခြာအာဏာ



■  ■ (မှူးဇော်)

ကိုးကန့်ဒေသ ဘာ့ကြောင့်၊ ဘယ်လို

ကိုးကန့်ဒေသ၏ ရာဇ၀င်ကို ပြန်လှန်ကြည့်လျှင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၏ သံလွင် အရှေ့ခြမ်း သိမ်းပိုက်ရေး စစ်ရေးမဟာဗျူဟာနှင့် စတင်လာခဲ့ခြင်း ဖြစ်သည်။ ဖုန်ကြားရှင်နှင့် ၄င်း၏ ကိုး ကန့်ကာကွယ်ရေးတပ်သည် ဗကပ၏ စစ်ရေးရည်မှန်းချက်အရ ကနဦးအခြေပြုရာ အရေးကြီးသော ပေါင်းကူးခြေကုတ် တစ်ခု ဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မုန်းကိုးဒေသကို တိုက်ခိုက်ခဲ့ပြီး ၁၉၇၁ ခုနှစ် တွင် ကွမ်းလုံသိမ်းပိုက်ရေး တိုက်ပွဲများဆင်နွှဲခဲ့ကာ ကွမ်းလုံရက်လေးဆယ်တိုက်ပွဲ ဟု ထင်ရှားကျော်ကြား ခဲ့သည်။ ကွမ်းလုံကို အမိအရသိမ်းပိုက်နိုင်ခဲ့လျှင် သံလွင်အရှေ့ခြမ်းတစ်ခုလုံး ဗကပတို့၏လက်ဝယ်သို့ ကျရောက်သွားတော့မည့် အခြေအနေတွင် တပ်မတော်က ခုခံကာကွယ်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဗကပတို့၏ ပြည်တွင်း-ပြည်ပ မြေပေါ်မြေအောက်
နှစ်ဘက်ညှပ်ပိတ်သည့် မဟာဗျူဟာအရ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မိုင်းယန်းတိုက်ပွဲ ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က အာဏာရယူပြီးနောက် ဖုန်ကြားရှင်၏တပ်ဖွဲ့သည် ဗကပလက်အောက်မှ ခွဲထွက်၍ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။ ယင်းနောက် ကိုးကန့်ဒေသကို ကိုးကန့် အထူး ဒေသ(၁) အဖြစ် သတ်မှတ်ခဲ့ပြီး ဖုန်ကြားရှင်၏ တပ်သည်လည်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army(MNDAA) ဟူ၍ ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ကိုးကန့်ခေါင်းဆောင်များအကြား “ဖုံ” မျိုးနွယ်နှင့် “ယန်” မျိုးနွယ်တို့အကြား ပြဿနာ ဖြစ်ပွားခဲ့ သော ၁၉၉၆ ခုနှစ်တွင်လည်းကောင်း၊ မုန်းကိုးပြဿနာ ဖြစ်ပွားခဲ့သော ၂၀၀၀ ပြည့်နှစ်တွင်လည်း ကောင်း တပ်မတော်က တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ၀င်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရ သည်။ MNDAA နှင့် အစိုးရတို့အကြား သဘောတူညီချက်များစွာ ထားရှိခဲ့သည့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေးသည်လည်း အဓိကအချက်တစ်ချက် ဖြစ်ခဲ့သည်။ ထိုအချိန်က မိုင်းလားဒေသကို ဘိန်းကင်းစင် နယ်မြေအဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ဘိန်းမှရသောဝင်ငွေဖြင့် ရပ်တည်နေရသည်ကို ရေရှည်တွင်
လျော့နည်းကျဆင်း စေရေး ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်
လျက် ရှိသည့် ရဲ တပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအထိ သေဆုံးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးရယူထားသည့် ကာလအတွင်း စစ်အင်အား တိုးချဲ့ခြင်းမပြုရန် ကတိက၀တ်များ ထားရှိခဲ့သော်လည်း ကိုးကန့်ဒေသအတွင်း စစ်လက်နက်စက်ရုံများ ထူထောင်သည် အထိ ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည့်အပြင် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။ အဆိုပါလုပ်ဆောင်ချက်များသည် သဘောတူညီ ချက်များကို ချိုးဖောက်ရုံသာမက အုပ်ချုပ်ရေးအာဏာကို ဆန့်ကျင်လာခြင်း ဖြစ်၍ ၂၀၀၉ ခုနှစ်တွင် တပ်မတော်နှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရသည်။ ထိုတိုက်ပွဲတွင် ဖုန်ကြားရှင်နှင့် MNDAA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။ ဖုန်ကြားရှင်နှင့် MNDAA သည် ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန် သူများအား လူသတ်ကုန်းတွင် ခေါင်းဖြတ်သတ်၍ စီရင်သော အလေ့အထကို ဆက်လက်ကိုင်ဆွဲခဲ့ရာ တပ်မတော်က လူသတ်ကုန်းကို ဘုရားကုန်းသို့ ပြောင်းလဲခြင်း၊ ဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်ခြင်းတို့
ဆောင်ရွက်လာနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ ထိုသို့ အချုပ်အခြာအာဏာ လွှမ်းခြုံမှုအတွင်း လိုက်ပါလာစေရန် အချိန်ပေး၍ ကြိုးပမ်းခဲ့သော်လည်း ဥပဒေမဲ့ လုပ်ဆောင်ချက်များကို ဆက်လက် ကျူးလွန်ခဲ့သဖြင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းလည်း ဖြစ်သည်။ ဤသည်မှာ ဖုန်ကြားရှင် မည်သည့် အတွက်ကြောင့် ထွက်ပြေးခဲ့ရသလဲ ဟူသော ရာဇ၀င်ကို အကျဉ်းချုပ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ် ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ သတင်းစာဆရာများနှင့် သံတမန်များကို လောက်ကိုင်ဒေသ သို့ လက်တွေ့လေ့လာစေခဲ့ပြီး လက်နက်စက်ရုံများ၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို မျက်မြင် အဖြစ် ပြသ ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ကိုးကန့်များသာ အုပ်ချုပ်ခဲ့

ဖုန်ကြားရှင် ထွက်ပြေးသွားပြီးသည့်နောက် ကိုးကန့်ဒေသကို ကိုးကန့်များသာ အုပ်ချုပ်စီမံစေခဲ့ ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ၄င်းနောက် လွှတ်တော်အရပ်ရပ်တွင် ကိုးကန့်ဒေသမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်တွင် လိုက်ပါနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ် ပေးခဲ့ပြီး ဒေသအုပ်ချုပ်ရေးအာဏာကို ဒေသဦးစီးအဖွဲ့က ရယူဆောင်ရွက်လျက် ရှိသည်။ ဖုန်ကြားရှင်၏ စွပ်စွဲပြောကြားချက်ဖြစ်သော လူမျိုးကြီးဝါဒီ ဟူသောအချက်မှာ တက်တက်စင်အောင် မှားယွင်းလျက် ရှိပြီး ကိုးကန့်ဒေသကို ကိုးကန့်များသာ အုပ်ချုပ်နေခြင်းသာ ဖြစ်သည်။

ထို့ပြင် “အကြောင်းမဲ့အပြစ်တင်၍ ကြမ်းတမ်းသော စစ်ရေးလှုပ်ရှားမှုဖြင့် နိုင်ငံတကာကို တုန်လှုပ် စေခဲ့သော ၈-၈-၂၀၀၉ ကိုးကန့်အရေးအခင်း” ဟူသော ဖုန်ကြားရှင်၏ စွပ်စွဲချက်မှာ လုံးဝ လွဲမှားနေပြီး ၄င်း၏ ကတိက၀တ် ချိုးဖောက်မှု၊ ဘိန်းဓါးပြဆန်ဆန် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် ဘိန်းထုတ်လုပ် ရေးကို မြှင့်တင် ဆောင်ရွက်ခဲ့မှု၊ လက်နက်စက်ရုံတည်ဆောက်၍ စစ်ဘုရင်ဝါဒ ထူထောင်ခဲ့မှုတို့ကြောင့် ဥပါဒ် ရောက်ခဲ့ရခြင်းသာ ဖြစ်သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် The Global Time သတင်းစာမျက်နှာတွင် ဖုန်ကြားရှင်၏ တွေ့ဆုံမေးမြန်းခန်း ဖော်ပြပါရှိလာခဲ့ပြီး ကိုးကန့်ဒေသပြန်လည်သိမ်းပိုက်ရေးကို ကြွေး ကြော်ခဲ့သည်။ ၄င်းနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ အရုဏ်တက်တွင် အရုဏ်ဦးစစ်ဆင် ရေးဖြင့် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။ ဖုန်ကြားရှင်၏ MNDAA တပ်ဖွဲ့သည် လူ သူ၊ လက်နက် အင်အားစုဆောင်းပြီး အထောက်အပံ့ကောင်းမွန်စွာဖြင့် ကိုးကန့်ဒေသသိမ်းတိုက်ပွဲ ဆင်နွှဲ ခဲ့ခြင်းလည်း ဖြစ်သည်။ လောက်ကိုင်ရှိ ဦးစီးအဖွဲ့ကို တိုက်ခိုက်သိမ်းပိုက်ရေး ရည်မှန်းချက်သည် ကိုးကန့် ဒေသတစ်ခုလုံးကို ပြန်လည် ရယူနိုင်ရန် အားထုတ်လာခဲ့ခြင်း ဖြစ်သည်။

ဖုန်ကြားရှင်၏ ရည်ရွယ်ချက်များ

ကိုးကန့်သိမ်းပိုက်ရေးတိုက်ပွဲ ဆင်နွှဲခဲ့သည့် အချိန်အခါ ရွေးချယ်မှုကို ကြည့်လျှင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ဖြစ်ပြီး ပြည်ထောင်စုနေ့တွင် ပင်လုံစိတ်ဓါတ်ကို အရင်းတည်သည့် ငြိမ်းချမ်းရေးလုပ်ငန်း
စဉ် ဖော်ဆောင်နေမှုကို ထိခိုက်ပျက်ပြားစေရန်လည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ကို ဖြုတ်ချပြီး အာဏာရယူနိုင်ရန်လည်းကောင်း၊ ၄င်းတို့၏ နှစ်သစ်ကူးအခါသမာယတွင် အောင်ပွဲခံနိုင် ရန်လည်းကောင်း ကြိုတင်စီစဉ်သော တိုက်စစ်ကို ဆင်နွှဲခဲ့ခြင်းလည်း ဖြစ်သည်။ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေခြင်းသာမက ပြည်တွင်းငြိမ်းချမ်းရေး ဖော်
ဆောင်နေမှုကိုပါ တိုက်ရိုက်သက်ရောက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အခွင့်ကောင်းယူ၍ လူ၊ လက်နက် အင်အား တည်ဆောက်လျက်ရှိသော တအောင်းတပ်ဖွဲ့ TNLA နှင့် အခြားအဖွဲ့အစည်း အချို့ကလည်း ဖုန်ကြား ရှင်နှင့် ပူးပေါင်း၍ တိုင်းရင်းသားအရေးကိစ္စအဖြစ် လိုသလို ပုံကြီးချဲ့ကာ တပ်မတော်ကို ပူးပေါင်း တိုက်ခိုက်မှုများ ဆောင်ရွက်လာခဲ့သည်။ ယင်းသို့ ကြိုတင်စီစဉ်သော တိုက်စစ်တွင် ကျောထောက်
နောက်ခံ ကောင်းစွာ ရယူ၍ ခေတ်မီမော်တော်ယာဉ်များဖြင့် ၀င်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း
တွေ့ရှိရသည်။ ကိုးကန့်သောင်းကျန်းသူများသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပြစ်မဲ့ပြည်သူများကို တင်ဆောင်လာခဲ့သည့် ကြက်ခြေနီအလံလွှင်တင်ထားသော မော်တော်ယာဉ်များကို ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြက်ခြေနီဝတ်စုံ ၀တ်ဆင်ထားသည့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေသည် အထိ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ခွဲဝေ ရယူကာ အုပ်ချုပ်လျက်ရှိသော အဖွဲ့ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသည်။ ဤသို့ တိုက်ခိုက်လာခြင်းသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးစော်ကား
ခြင်း ဖြစ်၍လေးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိခိုက်ဒဏ်ရာရရှိသော စစ်သည်များ အား နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင် သွားရောက်ကြည့်ရှုအားပေး
ခြင်းများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ အလားတူ ပြည်ထောင်စုလွှတ်တော်ကလည်း အချုပ်အခြာအာဏာ ကို ထိပါး၍ တိုက်ခိုက်မှုများကို ရှုတ်ချ၍ တပ်မတော်ကို ထောက်ခံမှုများ တစ်ခဲနက် ပြသခဲ့သည်။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း တရားသောစစ် ဆင်နွှဲလျက်ရှိသော တပ်မတော်အပေါ် ထောက်ခံမှုများ၊ အားပေးမှုများ၊ စိတ်ဓါတ်မြှင့်တင်မှုများ ဆောင်ရွက်လာခဲ့ကြသည်။

နယ်စပ်တည်ငြိမ်ရေး

ကိုးကန့်ဒေသသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက် ရှိသော ဒေသဖြစ်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာချိန်တွင် ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံသွားလာမှုများအရ ပြည်သူအများ ထွက်ပြေးတိမ်းရှောင်ခြင်းများ ဖြစ်ပေါ်လာခဲ့ရသည်။ ဒေသခံအရပ်သား အယောင်ဆောင်၍ ၀င် ရောက်ခဲ့သည့် ကိုးကန့်သောင်းကျန်းသူများ၊ ကိုးကန့်ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ဆင်၍ ၀င်ရောက် သူများ စသည်အားဖြင့် လောက်ကိုင်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မြို့တွင်း ရှင်း လင်းခြင်းများကို ဆောင်ရွက်လျက် ရှိသည်။ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ များ၏ ကိုယ်တွေ့ပြောကြားချက်များအရ နေ့ဘက်ဆိုလျှင် အလုပ်သမားအယောင်ဆောင်၍ ညဘက် ရောက်လျှင် ၀တ်စုံအမည်းများဝတ် လက်နက်များကိုင်ဆောင်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်
ကို လည်း တွေ့ရှိရသည်။ (ယင်းပြည်သူများ၏ ကိုယ်တွေ့ပြောကြားချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်သည်။)

ထိစပ်လျက် ရှိသော နယ်စပ်ဒေသများ ဖြစ်သည့်အတွက် မကွဲပြားသည့်အခြေအနေများတွင် ကိုးကန့်ဒေသ
တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ရွက်သည့်အခါတွင် တရုတ်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မှုများ အခိုင်အမာ ရရှိရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိပိုင်နက်နယ်မြေကို အသုံးပြု၍ အိမ်နီးချင်းနိုင်ငံများကို ဒုက္ခပေးသော မည်သည့်သောင်းကျန်းသူအဖွဲ့အစည်းကိုမှ လက်ခံ မည် မဟုတ်သော မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အလားတူ တိုက်ပွဲများ ဖြစ်ပွားလာခြင်းတွင် အခြေပြုရာ အရပ်ဒေသ၊ ကျောထောက်နောက်ခံပံ့ပိုးကူညီမှုများ၊ ကိုးကန့်ဒေသသိမ်းတိုက်ပွဲ ဆင်နွှဲရေး အတွင် စစ်ဆင်မှုကို ကွပ်ကဲလျက်ရှိသော သောင်းကျန်းသူများ၏ ဌာနချုပ်နေရာများ စသည်တို့ကို မိမိတို့ နယ်မြေအတွင်း မရှိစေရန် အိမ်နီးချင်းကောင်း ပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် အထူးအရေးကြီးလှ ပေသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက နံနက်ပိုင်းတွင်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေ့လည်ပိုင်းတွင်လည်းကောင်း ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ပြီး ဖြစ်သည်။ ဖေဖော် ၀ါရီလ ၁၇ ရက်နေ့တွင်ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ် လင်းအုန်းအား ခေါ်ယူတွေ့ဆုံခဲ့ရာ အခြေအနေမှန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။ အဓိက အားဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရာ၌ တရုတ်နိုင်ငံ ပိုင်နက်နယ်မြေကို အခြေပြု ကျောထောက်နောက်ခံယူ၍ မြန်မာနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေးအတွင် နှစ်နိုင်ငံ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများသို့ ရောက်ရှိနေသော လက်နက်ကိုင်ဆေင်ထားသည့် တရုတ်နိုင်ငံ သားလား၊ ကိုးကန့်လား မကွဲမပြားဖြစ်နေသူများ၏ လက်ရှိဆောင်ရွက်မှုများကိုလည်း အမြင်မှန်မှန်ဖြင့် ကြည့်မြင်သုံးသပ်ရန် လိုအပ်ပေသည်။ အမျိုးသားရေး ဟူသည် သူ့ဘက်ကိုယ့်ဘက် ရှိတတ်ကြရာ နှစ် ဦးနှစ်ဘက် သံသယကင်းရှင်းစေရန် ခိုင်မာပြတ်သားသော မူဝါဒများအတိုင်း၊ နှစ်နိုင်ငံသဘော
တူညီထား သော မဟာဗျူဟာမြောက်ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ကတိက၀တ်များအတိုင်း ပူးပေါင်းဆောင်ရွက် ကြရန် အထူးပင် လိုအပ်နေပြီ ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တင်ပြပါ အတိုင်း ထိပါးစော်ကား တိုက်ခိုက်မှုများ ပြုလုပ်နေသော အကြမ်းဖက်သောင်းကျန်းသူများကို နယ်စပ် ဒေသရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပံ့ပိုးကူညီမှု၊ အားပေးထောက်ခံမှုများ မရှိစေရေး အောက်ခြေ အဆင့်အထိ သိရှိဆောင်ရွက်နိုင်ရန် အထူး အရေးကြီးပေသည်။

အထူးသဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် အပြန်အလှန်လိုအပ်ချက်နှင့် အပြန် အလှန် အကျိုးစီးပွားများ ဖြစ်နေလေရာ ဖုန်ကြားရှင်ကို ပံ့ပိုးကူညီနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း များကို ရှာဖွေဖော်ထုတ်ရန်၊ ထိုသို့ ဖော်ထုတ်နိုင်ရေးအတွက် အပြုသဘောဖြင့် နားလည်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်သည်။ ယင်းပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့၏ ကျိုးကြောင်းဆင်ခြင်မဲ့ လုပ်ရပ်များ ကြောင့် နှစ်နိုင်ငံအထင်အမြင် လွဲမှားစေနိုင်သည်အထိ ဖြစ်စေနိုင်သည်ကို နှစ်ဦးနှစ်ဖက် နားလည် ယုံကြည်ကာ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးသည်။ ပြန်၍ချုပ်ကြည့်လျှင် ဖုန်ကြားရှင်နှင့် MNDAA သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေရန်၊ စိုးရိမ်ပူပန်မှု ဖြစ်လာ စေရန် ဆောင်ရွက်ခဲ့သော တရားခံလည်း ဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။ ဖုန်ကြားရှင်ကြောင့် သံသယ များ၊ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြားထဲမှ ခလောက်ဆန်နေခြင်းကို အမြန်ဆုံး တားဆီးနိုင်ရန် လိုအပ်နေသည်။

“အကယ်၍ ဖုန်ကြားရှင်နှင့် အပေါင်းအပါများ တရုတ်နိုင်ငံ အတွင်း ရောက်ရှိလာခဲ့ပါက ဖမ်းဆီးထိန်းသိမ်း၍ မြန်မာအစိုးရလက်ဝယ်သို့ လွှဲပြောင်းအပ်နှံလိုက်ခြင်း” အားဖြင့် တရုတ်အစိုးရ စိုးရိမ်ပူပန်လျက်ရှိသော နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အမြန်ဆုံး ဆောင်ကြဉ်းပေးနိုင်မည်
ဖြစ်ပါကြောင်း၊ မြန်မာပြည်သူများကလည်း တစ်ခဲနက် ကျေးဇူးတင် ၀မ်း မြောက်ကြမည် ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

[Democracy Today, 19 Feb 2015]

NNER နဲ့ OIC ဘယ်လို ဆက်စပ်သလဲ



NNER ရဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ OIC အတွက်၊ ဘင်္ဂါလီအတွက် ဟထားတာတွေ ရှိနေတယ်။ ဒါကို အမျိုးသားရေးလှုပ်ရားသူ မျိုးချစ်လူငယ်တွေက ပြောလာတဲ့
အတွက် ဒေါက်တာအာကာမိုးသူဆီက ဥပဒေကြမ်းကို လူငယ်ပညာရှင်တွေနဲ့ လေ့လာကြည့်ပါတယ်။ အဓိက ကျတဲ့ အချက် (၃) ချက်ကို တွေ့ရှိရပါတယ်။

(၁) ဘာသာရေးကျောင်းများ လွတ်လပ်စွာ ဖွင့်လှစ်ခွင့် 

ဒီကိစ္စက သိပ်ကို ကြောက်စရာ ကောင်းပါတယ်။ ဘာသာရေးအရ ဖွင့်လှစ်တဲ့ ကျောင်းတွေကို သာသနာရေးဝန်ကြီးဌာနက ထိန်းထားပါတယ်။ ဘကကျောင်းတွေကို သာသနာရေး ၀န်ကြီးဌာနက ကိုင်ပါတယ်။ အာရဗီကျောင်းတွေကိုလည်း သာသနာရေးဝန်ကြီးဌာနက ကိုင်ပါတယ်။ ဒီလို ကိုင်တဲ့ကြားကနေ သာသနာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမ၀င် အာရဗီကျောင်းတွေ မှိုလိုပေါက်နေတာကို တွေ့နိုင်ပါတယ်။ ပြည်သူတွေ ဓါတ်ပုံရိုက်ပြီး အထောက် အထားနဲ့ တင်ပြနေကြတာလည်း တွေ့နိုင်ပါတယ်။ ဒီတော့ ဒေါက်တာသိန်းလွင် တို့ရဲ့ NNER အနေနဲ့ ဒီအချက်ကို ဘာဖြစ်လို့ ထည့်ရသလဲ ပွင့်ပွင့်လင်းလင်း ရှင်းဖို့ လိုပါတယ်။

(၂) ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု ရယူရေး

ပြင်လိုက်တဲ့ ဥပဒေကြမ်းထဲမှာ ကျောင်းတွေအကုန်လုံးဟာ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု တွေကို လွတ်လွတ်လပ်လပ် ရယူနိုင်တယ်။ ကြိုက်သလို လုပ်နိုင်တယ် ပြောထားပါတယ်။ ဒါက နိုင်ငံအတွက် ချောက်ထဲ ရောက်စေမယ့် အချက်ပါ။ OIC လို အဖွဲ့အစည်းတွေ၊ ရေနံနဲ့ချမ်းသာနေတဲ့ မူဆလင်နိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေကို ခုနုက ပြောတဲ့ အာရဗီကျောင်းတွေက ကြိုက်သလိုယူ၊ ထင်သလို သုံးခွင့် ပေးရင် မြန်မာတစ်နိုင်ငံလုံး ဘင်္ဂါလီနိုင်ငံ ဖြစ်လာမှာပါ။

(၃) ဒေသခံဘာသာစကား သင်ကြားခွင့်ပြုရေး 

ဒီအချက်က လက်ရှိ ဖြစ်နေတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဘူးသီးတောင်၊ မောင်တောလို နေရာတွေမှာ ရခိုင်စကားမတတ်၊ ဗမာစကားမတတ်တဲ့ ဘင်္ဂါလီတွေ သောင်းနဲ့ချီပြီး ရှိပါတယ်။ NNER ရဲ့ ပြင်ဆင်ချက်အရ ဆိုရင် သူတို့ဟာ ကြိုက်တဲ့ဘာသာစကားနဲ့ သင်ယူခွင့် ရှိသွားပါပြီ။ ဆိုလိုတာက ဘင်္ဂါလီလိုပဲ သင်လို့ ရသွားပါပြီ။ ဒါကို သက်ဆိုင်တဲ့ ဒေသအစိုးရတွေက စွက်ဖက်ခွင့် မရှိဘဲ ကျောင်းတွေကိုယ်တိုင်ပဲ ဆုံးဖြတ်နိုင်၊ စီမံနိုင်တော့မှာပါ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီဘာသာနဲ့ သင်တဲ့ကျောင်းတွေပဲ များပြားလာနိုင်ပြီး ဗမာစကား၊ ရခိုင်စကားဆိုတာ ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒီ(၃) ချက်ဟာ မျိုးချစ်လူငယ်ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ဖော်ထုတ်လိုက်တဲ့ အရေးကြီးဆုံး ၃ ချက် ဖြစ်ပါတယ်။ လူငယ်ပညာရှင်တွေအနေနဲ့ NNER ရဲ့ ပြင်ဆင်ချက်မှာ ဟထားတာတွေကို တွေ့နေရပါတယ်။ ဒါတွေကိုလည်း ဆက်လက်ပြီး ပြည်သူလူထုသိအောင် ထုတ်ပြန်ပေးသွားမှာပါ။ 

အမျိုးသားရေး သွေးအေးလို့ မရပါဘူး။ ပညာရေးဥပဒေ ပြင်ချင်တာပြင် ဆိုပြီး လွှတ်ပေးထားလို့ မရပါဘူး။ ဒါကို အမျိုးသားရေးသမားတွေ တိုင်ပင်နေပါတယ်။ ပညာရေးကို ဗန်းပြပြီး အမျိုးသားရေးကို ထိပါးလာတာတွေကို ဖွင့်ချပေးသွားမှာ ဖြစ်ပါတယ်။ OIC ရဲ့ လှည့်ကွက်တွေကို ဆက်လက် ဖော်ထုတ်ပေးသွားမှာပါ။ 

မြန်မာ မှန်ရင် ဒီ post ကို ဖြန့်ပေးကြပါ။ ရှယ်ပေးကြပါ။ 

(Myanmar Liberal Nationalist)

Credit to ၀င်းကိုနိုင်