Friday, September 22, 2017

အာနန္ဒာဘုရား ရုပ်ပွားတော် ၏ သင်းကျစ်တော် မှ စိန်ပြာကြီး (သို့) ကမ္ဘာကျော် ဟုပ် စိန်ကြီး - HOPE DIAMOND


Image may contain: sky and outdoor

AD1090 ပြည့်နှစ် မှာ ဘုရင် ကျန်စစ်သားမင်း ဟာ အာနန္ဒာဘုရား ကို တည်ထားခဲ့ ပါတယ်။အာနန္ဒာဘုရား ရဲ့အတွင်းမှာ ရှိတဲ့ ဂေါတမ ဗုဒ္ဓဘုရား ရုပ်ပွားတော် ၏ သင်းကျစ်တော် မှာ မနူဟာ ဘုရင် ရဲ့စိန်ပြာ ကို မြုပ်နှံ ဌာပနာ ခဲ့ ပါတယ်။ ၁၆၈၈ မှာ ပြင်သစ် လူမျိုး တဗာရီးနား ( Tavernia ) ပုဂံ ကို ရောက်လာခဲ့ ပါတယ်။ အိန္ဒိယ နိုင်ငံ မှာ နေထိုင် တဲ့ မဟာရာဇာ ထံမှာ့ စိန်ပြာ အကြောင်း ကို သိရ ပြီး လိုချင် တက်မက်လို့ ရောက်လာ တာပါ။
မြန်မာပြည် ရောက်လာတဲ့ တဗာရီးနား ဟာ မြန်မာဘုရင် ထံ အခစားဝင် လက်ဆောင် တွေ များစွာ ပေးလို့ စိန်ပြာကြီး ကို မြင်တွေ့လိုကြောင်း သံတော်ဦး တင်ခဲ့ ပါတယ်။
ရှင်ဘုရင် အမိန့်တော် နဲ့ မြင်ခွင့် ရတဲ့ တဗာရီးနား ဟာ စိန်ပြာကြီး ကို လိုချင် တက်မက်မှု့ ပိုကြီးလာ ခဲ့ရပြီး အကြံသမား တဗာရီးနား ဟာ ပါလာတဲ့ ရတနာတွေ အားလုံး ကို ဘုရားဂေါပက အဖွဲ့တွေကို အကြိမ်ကြိမ် လှူတန်းပြီး ဗုဒ္ဓဘာသာ ကို ယုံကြည်လေဟန် ပြုခဲ့ ပါတော့တယ်။
ဒါကို ဂေါပက ရဟန်းများ ကလည်း အယုံကြီး ယုံခဲ့ ပြီး တဗာရီးနား ကို သံသယ နည်းနည်း မျှ မရှိခဲ့ ပါဘူး။ ဒီလို နဲ့ တဗာရီးနား ဟာ အိန္ဒိယ ကို အယောင်ပြ တစ်ခေါက် ပြန်ပြီး ပုဂံ ကို နောက်တစ်ကြိမ် ပြန်လာခါ ရဟန်းပြုခဲ့ ပါတယ်..။
Image may contain: indoor
ဂေါပက ရဟန်းများ က ရဟန်းပြုခွင့် ပေးပြီး သာသနာ့ဘောင် သွတ်သွင်း ခဲ့တယ်..
သိပ်မကြာခင် မှာ တဗာရီးနား ဟာ အာနန္ဒာဘုရား ကို စောင့်ရှောက် ရတဲ့ ဂေါပက အဖွဲ့ဝင် ဖြစ်လာခဲ့ ပါတယ်။ အယောင်ဆောင် ရဟန်း တဗာရီးနား ဟာ အချိန်တိုင်း စိန်ပြာကြီး ကို ရရေး ကြံနေ ခဲ့တယ်..
တစ်ည မှာ တဗာရီးနား နဲ့ အတူ အခြားသော ရဟန်းနှစ်ပါး နှင့် ဘုရားကြီး ကို စောင့်ကြပ် နေတုန်း သန်းခေါင်ယံ အချိန်မှာ ရဟန်း နှစ်ပါး ကို ရိုက်လို့ ဂေါတမ ဘုရားဆင်းတုတော် မှာ ရှိတဲ့မွန်ဘုရင် မနူဟာမင်း ရဲ့ စိန်ပြာကြီး ကို ခိုးယူသွား ပါတော့တယ်..။
တဗာရီးနား ဟာ ပုဂံ မှ ထွက်သွားပြီး ပြင်သစ် မှာ စိန်ပြာ ကို ရောင်းချဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဝယ်မယ့်သူ မရှိလို့ အန့်ထွပ် ( Antwerp ) မြို့မှာ ရှိတဲ့ ပန်းတိမ် ဆရာတစ်ဦး ကို ရောင်းချ ပေးဖို့ အကြံ တောင်းခဲ့ တယ်။
ပန်းတိမ်ဆရာ က စိန်ဟာ အနာအဆာ ရှိနေပြီး အဲ့ဒါကို ပြန်သွေးလိုက်ရင် ဈေးကောင်း ရနိုင် ကြောင်း အကြံပေးလို့ ပန်းတိမ်ဆရာ ထံမှာ အပ်ပြီး အိန္ဒိယ ကို ပြန်သွား လေတယ်။
အိန္ဒိယ ကို ပြန်သွားတဲ့ တဗာရီးနား ဟာ လမ်းခရီး မှာပဲ ကျားကိုက် လို့ သေရ ပါ တော့တယ်။ ဒါဟာ မနူဟာဘုရင် ရဲ့ စိန်ပြာ ကျိန်စာ ပထမအကြိမ် သင့်ခြင်း ပါပဲ.....
 No automatic alt text available.
တဗာရီးနား ပြန်သွား ပြီးနောက် ပန်းတိမ် ဆရာကြီး က စိန်ကို အနာပါတဲ့ အပိုင်း ဖဲ့ထုတ် ပြီး ရလာ တဲ့ နှစ်ပိုင်းစလုံး ကို ပြန်သွေးထား လိုက်တယ်။
စိန်ပြာကြီး က နဂို ၁၁၂.၃ /၁၆ ကာရက် ရှိပြီး သွေးလိုက်တော့ ၆၇.၁ /၈ ကာရက် တစ်ပွင့် နဲ့ နောက် တစ်ပွင့် တော့ ဘယ်လောက် ကာရက် ရှိလဲ မသိရ ပါဘူး။
ပန်းတိမ်ဆရာ က စိန်ကို သွေးပြီးတော့ တဗာရီးနား ပြန်အလာ ကို စောင့်နေ ပါတယ်။ ဒါပေမယ့် ပန်းတိမ်ဆရာ ၏ တပည့် က ပန်းတိမ်ဆရာ ကို သတ်ပြီး စိန်ကို ယူပြေး သွားပါ လေရော သူလည်း လမ်းမှာပဲ လူဆိုးတွေ ဝိုင်းရိုက်လို့ သေသွားခဲ့ ရတယ်။ စိန်ပြာ ဇတ်လမ်း က ဒီမှာ ပျောက်သွားတယ်။
ပြန်ပေါ် လာတာ က ပြင်သစ်ဘုရင် လူဝီ XIV နဲ့ အတူ ပြန်ပေါ်လာ ပါတယ်။ သူ့ရဲ့ သရဖူ မှာ သူ ကိုယ်တိုင် Blue Diamond Of The Crown ဆိုပြီး နာမည် ပေးထား တာ ၆၇ ကာရက် ရှိတဲ့ ပျောက်ဆုံး သွားတဲ့ စိန်ပြာကြီးပေါ့။
Image may contain: 1 person
လူဝီ ၁၄ နဲ့ ၁၅ တို့ကတော့ အဲ့ဒီ စိန်ပြာကြီး ကို အတော် သဘောကြတယ် ထင်ပါတယ် သရဖူ ကနေ လည်ဆွဲ အဖြစ် ကိုေ ပောင်းလဲ ဝတ်ဆင် ကြတယ်။ ၁၇၇၄ ခုနှစ် မှာ လူဝီ ၁၄ နတ်ရွာစံ ခဲ့တယ်။ နောက် လူဝီ ၁၆ တက် လာတယ်။
Image may contain: 1 person, standing
လူဝီ ၁၆ ရဲ့ မိဖုရား မာရီ အန်တွမ်းနက် ( Marie Antoinette ) က ဝတ်ဆင်ခဲ့ ပေမယ့် နောက်ပိုင်း တွင် ဘုရင် မှ တစ်ပါး သုံးခွင့်မရှိ လို့ ဆိုတာ ကြောင့် လူဝီ ၁၆ ရဲ့ ရွှေသားမွှေးခြုံလွှာ ( The Golden Fleec ) မှာ ကုတ်ဒီ ဘာရီတန်းည ( The cote de Bretagne ) ရတနာ နဲ့ စိန်ပြာကြီး ( Blue Diamond ) ကို တပ်ဆင်လိုက် ပါတယ်။
Image may contain: 1 person, standing
စိန်ပြာကြီး ရဲ့ တန်ဖိုး က ဒေါ်လာ 600,000 တန် ပါတယ်။ ၁၇၈၉ ခုနှစ် မှာ ပြင်သစ် တော်လှန်ရေး ဖြစ်ပွား တယ်။ အခြေခံ ဥပဒေပြု အစည်းအဝေး က နန်းစဉ် ရတနာ ကို ဘုရင် တစ်ပါးတည်း သုံးစွဲခွင့် ရှိစေလို့ အတည်ပြု လိုက်ပါတယ်။
Image may contain: 1 person
၁၇၉၁ ခုနှစ် မှာ မိဖုရား မာရီ အန်တွမ်းနက် က အချို့သော နန်းစဉ် ရတနာများ ကို တိတ်တဆိတ် သိုဝှက် ထားလိုက် တယ်။ တိုင်းပြည် ကလည်း စစ်ပွဲ တွေနဲ့ အခြေအနေ မကောင်းဘူး ပေါ့။
၁၇၉၁ ဇွန်လ ၂၀ ရက် နေ့မှာ လူဝီ ၁၆ နဲ့ မိဖုရား မာရီ အန်တွမ်းနက် တို့ ထွက်ပြေး ကြ ပါတယ်။ဒါပေမဲ့ နောက်နေ့မှာ နန်းစဉ်ရတနာတွေနဲ့ ပြန်ဖမ်းမိ ခဲ့တယ်။
၁၇၉၃ ခုနှစ် မှာ လူဝီ ၁၆ နဲ့ မိဖုရား မာရီ အန်တွမ်းနက် ကို ခေါင်းဖြတ်စက် နဲ့ ရက်ရက်စက်စက် ခေါင်းဖြတ် သက်စေ ခဲ့ ပါတယ်။
အဲ့ဒီ အချိန် က ပြင်သစ် နန်းတော် မှာ ရီဂျင့်စိန် က ပထမ အကောင်းဆုံး ဖြစ်ပြီး စိန်ပြာ က ဒုတိယ ဖြစ် ပါတယ် ရီဂျင့်စိန် က ပေါင် ၄၈၀,၀၀၀ ဈေး ရှိပြီး စိန်ပြာ က ပေါင် ၁၂၀,၀၀၀ ရှိခဲ့ ပါတယ်။
လူဝီ ၁၆ နဲ့ မိဖုရား မာရီ အန်တွမ်းနက် တို့ ထံက ပြန်ရ ခဲ့တဲ့ နန်းစဉ် ရတနာ တွေကို ပြင်သစ် ပြတိုက် မှာ ပြသထား ပြီး ပြင်သစ် တော်လှန်ရေး ကာလ မှာ ရာဂျစ်စိန် ၊ စိန်ပြာကြီး နဲ့ အခြား စိန်ပေါင်း ၁ သောင်းကျော် ကို ပြသခဲ့ ပါတယ်။ ၁၇၉၂ ခုနှစ် စက်တင်ဘာ လ ည သန်းခေါင်ယံ အချိန် မှာတော့ ကာဒက် ဂီယို ( Cadet Guillot ) က နန်းစဉ် ရတနာ အချို့ ကို ခိုးယူ သွားခဲ့ ပါတော့တယ်။
Image may contain: 1 person, standing
ကာဒက် ဂီယို က စိန်ပြာကြီး နှင့် ကုတ်ဒီ ဘာရီတန်းည ရတနာ တို့ကို ခိုးယူ သွားခဲ့ ပြီး ထိုည တွင် အိမ် သို့ မပြန်တော့ ဘဲ နန်စ် ( Nantes ) ရပ်ကွက် သို့သွားကာ ထိုမှ တစ်ဆင့် လှေဖြင့် လဟာဗေ ( Le Havre ) သို့ သွားရောက်ခဲ့ ပါတယ်။ ရက် အတန်ငယ် ကြာသော အခါ လန်ဒန်မြို့သို ထွက်ပြေး သွားလေ တော့တယ် ။
နောက်ပိုင်း တွင် ကုတ်ဒီ ဘာရီတန်းည ရတနာ မှာ ပါသော ရီဂျင်စိန် ကို မထင်မရှား သူ့၏ အိမ်ခန်းငယ် အိပ်ယာ အောက် မှ ရရှိ ခဲ့ပြီး၊ သရဖူ နှင့် အခြားသော ရတနာများ ကို သူ နေထိုင်ရာ အနီး သစ်ပင် အောက်မှာ့ ပြန်ရှာတွေ့ သော်လည်း စိန်ပြာကြီး ကိုတော့ရှာမတွေ့တော့ပေ..။
ထို့နောက် တော့ ၁၇၉၉ ခုနှစ် က စပိန် ပန်းချီ ဆရာကြီး ဂိုယ ( Goya ) ရေးဆွဲ ခဲ့သည့် စပိန် မိဖုရားကြီး မာရီယာ လူဝီဆာ ( Maria Luisa ) ၏ ပုံတူ ပန်းချီကား တွင် မိဖုရားကြီး ဝတ်ဆင် ထားသော ဘယက် မှာ နီလာကျောက် ဟု ထင်ရ သော်လည်း အနားကပ် ကြည့် သောအခါ စိန်ပြာကြီး ဖြစ်နေတာ ကိုတွေ့ ရပါ တော့တယ်။
Image may contain: jewelry
( ထို ပန်းချီကား ကို အိုဟိုင်းအိုး - Ohio ပြည်နယ် စင်စင်းနက် - Cincinnat မြို့ရှိ တက်ဖ်-Taft ပြတိုက် မှာ ယနေ့တိုင် ပြသထား ပါတယ် )
ထို့ပြင် အခိုးခံ ရတဲ့ အထဲ မှာ ပါသော စိန် ဖြစ်သည့် ဆန်စီ ( The Sancy ) စိန် ကိုလဲ ၁၈၀၈ ခုနှစ် မှာ စပိန် မှ ပြန်လည် ရရှိ ခဲ့ပါ တယ်။ ထို့ကြောင့် စိန်ပြာ ဟာ စပိန် ကို ရောက်ရှိ သွားခဲ့ တယ်လို့ မှတ်ချက် ပြုခဲ့ ကြသည်..။
အဲ့ဒီနောက် တော့ သတင်း အစအန မြုတ်သွားတဲ့ စိန်ပြာ ဟာ အမ်စတာဒမ်မြို့ မှာ တစ်ခါ ပြန်ပေါ် လာခဲ့ ပါတော့တယ်။
လူတစ်ယောက် က စိန်ပြာကြီး ကို ပြန်သွေးဖို့ စိန်သွေး တဲ့ ဆရာထံ လာ အပ်တယ်။ အဲဒီ ကမှ တဆင့် အင်္ဂလိပ် စိန်ကုန်သည်" ဖောက်" လက်ထဲ ရောက်ရှိ သွားပြီး ဖောက် ၏ သား က ပြန်သစ် လူမျိုး ဖရန်စစ် ထံ ဈေး အဆမတန် လျှော့ရောင်းခဲ့ ပါတော့ တယ်။
မကြာမီ ဖောက် ၏ သား ကိုယ့် ကိုယ်ကို သတ်သေ သွားခဲ့ ပါတယ်။ စိန်ပြာကြီး ရဲ့ ဆိုးကျိုး ကို သိရ တဲ့ ဖရန့်စစ် ဟာ အလျင်အမြန် ပြန်ထုပ် ရောင်းချင် လာတယ် စိန်ရောင်းဖို့လန်ဒန် ကို တက်လာ သော်လည်း လန်ဒန်မြို့ မှာ ချက်ချင်း ထုတ် မရောင်း ရဲတာ နဲ့ နေလိုက်တာ နောက်ဆုံး စားစရိတ် ပြတ်ပြီး လမ်းဘေး မှာ တံမြက်စည်း လှည်း ရတဲ့ အလုပ် ကို လုပ်ကာ နေခဲ့ ရပါတယ်။
နောက်တော့ ပြင်သစ် ကုန်သည် အင်နီအယ်ဆင် ကို ပေါင် ၅၀၀၀ နဲ့ ရောင်းချ ခဲ့ ပါတယ်။ အင်နီ အယ်ဆင် က တစ်ဆင့် အင်္ဂလိပ် လူမျိုး သောမတ် ဟုပ် ကို တဆင့် ပြန်လည် ရောင်းချ ခဲ့ပါ တော့တယ်..။
ဟုပ် ဟာ ပေါင် ၁၈၀၀၀ နဲ့ ဝယ်ခဲ့တဲ့ စိန်ပြာကြီး မှာ ကျိန်စာသင့် နေတာကို မယုံခဲ့ဘူး။
ဒါကြောင့် သူ့ မိန်းမ ရဲ့မွေးနေ့ မှာ အဲ့ဒီ စိန်ပြာကြီး ကို လည်ဆွဲ အဖြစ် လက်ဆောင် ပေးခဲ ပါ့တယ်။ ထို့ကြောင့် ဟုပ် ဒိုင်းမွန်း ( Hope Diamond ) လို့အမည်တွင် ခဲ့ပါတယ်။
( လူသိများ နေတဲ့ Hope စိန်ဟာ မြန်မာနိုင်ငံ ရဲ့ ကျောက်မျက် ရတနာ ဖြစ်နေပါတယ်..။)
ဟုပ် ဟာ စိန်ပြာကြီး ကို ဝယ်ယူပြီး ချိန်က စပြီး စီးပွားရေး ကျဆင်း လာကာ နောက်ဆုံး ဒေဝါလီ ခံခဲ့ ရပါ တော့တယ်။ ဒါကြောင့် စိန်ပြာကြီး ကို နယူးကာဆဲ မြို့စား ကတော် ထံ ပေါင် ၂၅၀၀၀ နဲ့ ပြန်လည် ရောင်းချ ခဲ့ရ ပါတယ်။
ထိုနောက် ၁၈၃၁ ခုနှစ် မှာ ဟုပ် ဟာ ယာဉ်တိုက်မှု့နဲ့ သေဆုံးခဲ့ ရပြီး သူ သေဆုံးချိန် မှာ အသက် ၅၀ သာ ရှိပါ သေးတယ်။
သူ ရဲ့ တစ်ဦးတည်းသော သား ဟာလည်း ယာဉ်တိုက်မှု့ ကြောင့်ပင် သေဆုံး ခဲ့ရ ပါတယ်။
ဒါဟာ ဟုပ် စိန် ( မနူဟာ ဘုရင် ၏ စိန်ပြာကြီး ) ကြောင့် ဟုပ် မိသားစု ကြေကွဲဖွယ် အဖြစ် နဲ့ တွေ့ခဲ့ ရတာ ဖြစ်ပါ တော့တယ်။
 Image may contain: 1 person, standing
စိန်ပြာကြီး ကို Mr.Hope က နေ နယူးကာဆယ် မြို့စားကတော် ကို ရောင်းလိုက် ပြီးတဲ့ နောက် နယူးကာဆယ်မြို့စားကတော် မှ တစ်ဆင့် ကျောက်ကုန်သည် ဂျိုးဇက် ဖရန်ကယ် ကိုရောင်းချ ခဲ့သည် စိန်ပြာ ရပြီးနောက် ဂျိုးဇက် ရဲ့စီးပွားရေး ကျဆင်းလာပြီး ပဲရစ် မှာ စိန်ပြာ ကို လေလံတင်ရာ တူရကီရုံး မှ ကိုယ်စားလှယ် တစ်ဦး က ဖရင့်ငွေ ၂ သန်းဖြင့် ရရှိသွား ခဲ့သည်။ ပြီးနောက် စိန်ကုန်သည် ကိုလော့ ထံ ရောက်သွားပြီး ကိုလော့ မှ တစ်ဆင့် ရှရှား ဘုရင့်မျိုးနွယ် ကန်ကော့စတီး က ဝယ်ယူလိုက် လေသည်။ မကြာခင် မှာပဲ ကိုလော့ မိမိကိုယ် ကို အဆုံးစီရင်သွား ခဲ့သည်..။
ကန်ကော့စတီး က စိန်ပြာ ရင်ထိုးလေး ကို သူ့ချစ်သူ ကခြေသည်မလေး လော်ဒီ ကို ပေးခဲ့တယ်။လော်ဒီ ဟာ ပြင်သစ်မှာ အလွန် ရေပန်းစားတဲ့ ကချေသည်မလေးပါ။ ဒါပေမယ့် သူလည်း ဇတ်သိမ်း မကောင်းခဲ့ပါဘူး။ ပွဲ တစ်ခု မှာ ကပြနေတုန်း ဇတ်စင် ပေါ်မှာပဲ ခြောက်လုံးပြူး သေနတ် နဲ့ ပစ်သတ်ခံ ခဲ့ရ ပါတယ်။ ထို့အတူ ကန်ကော့စတီး လည်း ပဲရစ်မြို့ လမ်း တစ်ခု ပေါ်မှာ လုပ်ကြံ ခံခဲ့ ရပြီး သေဆုံးခဲ့ရ ပါတယ်။
ဘော်ရှီဗစ် တော်လှန်ရေး ဖြစ်ပြီး စိန်ပြာ အကြောင်းလည်း တိတ်ဆိတ်သွား ခဲ့ရ ပါတယ်။ နောက်တော့ ဂရိ ရတနာ ကုန်သည် တစ်ဦး က တူရကီ ဘုရင် စူလတန် အက်ဗဒူ လာစစ် ကို ရောင်းချခဲ့ ပါတယ်..။
ထိုနောက်တော့ ဂရိ ကုန်သည် လင်မယား လည်း မြင်းရထား မှောက်လို့သေဆုံးခဲ့ပြီး စူလတန် ဘုရင်လည်း သွက်သွက်ခါအောင် ရူးသွားခဲ့ရ ပါတယ်။ စူလတန် ဘုရင် သေဆုံးခဲ့ပြီး နောက် သူ့ သား ဖြစ်သူ နီမေဆက် က ပိုင်ရှင် ဖြစ်ခဲ့ ပါတယ်။ နီမေဆက် လည်း ပုန်ကန်သူတွေ လက်ချက်ကြောင့် သေဆုံး ခဲ့ရ ပြန်ပါတယ်။
Image may contain: 1 person
၁၉၁၁ ခုနှစ် မှာတော့ စိန်ပြာ ဟာ အမေရိက ကို ရောက်ရှိ သွားခဲ့ပါပြီ။ ပိုင်ရှင် ကတော့ Mrs.Mclean ပါ။ Mrs.Mclean ဘဝ ဟာ ကံဆိုးမိုးမှောင် ကျခဲ့ ပါတယ်။ စိန်ပြာကြီး ကို ပိုင်ပြီး သည့်နောက် အဖေ ဆုံးခဲ့ ရတယ်။
Image may contain: 2 people, text
မောင် ဖြစ်သူ မှာလည်း ကားမတော်တဆမှု့ကြောင့် သေခဲ့ ပြန်တယ်။ယောင်္ကျား ဖြစ်သူ Ned Mclean ကလည်း အိမ်ထောင်ရေး ဖောက်ပြန် လာပြီး အရက်ကြောင် ကြောင် လာတယ်။ Touson မြို့ က Sheppard and Enoch Pratt ဆေးရုံ မှာ အခန်းပိတ် ထားရတဲ့ အဆင့်ထိ ဖြစ်ခဲ့တယ်။
၁၉၄၆ ခုနှစ် မှာ အသက် ၂၅ နှစ် အရွယ် သမီးလေး က အိပ်ဆေး သောက်ပြီး သတ်သေ သွား ခဲ့တယ်။ အဲ့ဒီ လို စိတ်ဖိစီးမှု့ တွေကို မခံနိုင်တော့တဲ့ Mrs.Mclean ဟာ ၁၉၄၇ ခုနှစ် April လ ၂၆ ရက်နေ့ မှာ ကွယ်လွန် သွားပါတော့တယ်။
 Image may contain: jewelry

Mrs.Mclean သေဆုံးပြီးနောက် သူမ မြေးဖြစ်သူ Manispears Roynold မှ အမွေ ဆက်ခံခဲ့ ပါတယ်။Mrs.Mclean ကွယ်လွန်ပြီး ၂ နှစ်အကြာ မှာ အကြွေး ဆပ်ရန် အတွက် ရှိသမျှ ရတနာ များ ကို ရောင်းချ ခဲ့ရာ Hary Winston က အားလုံး ဝယ်ယူ သွားခဲ့ပြီး အဲဒီ အထဲမှာ စိန်ပြာကြီး ကို ဒေါ်လာ ၁၇၆၉၂၀ ဖြင့် ဈေးတည့်ခဲ့ ပါတယ်။
၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ တွင် Mr.Hary Winston မှ စိန်ပြာကြီး ကို လှူတန်း ခဲ့ပြီး အမေရိကန်နိင်ငံ ဝါရှင်တန်မြို့ စမစ်ဆိုနီယမ် ပြတိုက် မှာ ပြသထား ခဲ့ပါတယ်။ ဒါဟာ စိန်ပြာ တစ်ပိုင်း ပြီးဆုံးသွား ပါပြီ ။
Titanic ဇတ်ကား ကို ကြည့်ဖူး ကြမှာပါ ..။
အဲ့ဒီ မှာ စိန်ပြာကြီး က လူဝီ ၁၆ ရဲ့ စိန်ပြာ လို့ပြောထား ပါတယ်။ ဒါဆို မေးစရာ ရှိ လာတယ်။
မနူဟာ ရဲ့စိန်ပြာ က စမစ်ဆိုနီယမ်ပြတိုက် မှာ ဆို အခု ဘယ်လိုလုပ် တိုက်တန်နစ် ကို ရောက်လာ တာလဲ.။
ရှေ့ အပိုင်း မှာ ရေးခဲ့ ပါတယ်.. Tavernia က စိန်ပြာ ကို ပန်းတိမ်ဆရာ တစ်ဦးထံ မှာ စိန် သွေးခိုင်းတယ် ဆိုတာလေ။ ၁၁၂ ကာရက် ရှိတဲ့ စိန် ကို သွေးလိုက်တာ ၆၇ ကာရစ် ရှိတဲ့ စိန် နဲ့ နောက် စိန် တစ်ပွင့် ထွက်လာတယ်။
အခု ၆၇ ကာရက် ရှိတဲ့ စိန် က စမစ်ဆိုနီယမ် ပြတိုက် ကို ရောက်လာ တယ်ပေါ့။ အဲ့ဒီ နောက်တစ်ပိုင်း ကတော့ လူဝီ ၁၆ ဘုရင် ကနေ အခု တိုက်တန်းနစ် သင်္ဘော ကို ရောက်လာခဲ့ တာပေါ့။.
တကယ်ပဲ တိုက်တန်းနစ် ပါ စိန်ပြာကျိန်စာ သင့်ခဲ့ သလား..။
Image may contain: 1 person, closeup
ဒါပေမယ့် တိုက်တန်းနစ် သင်္ဘော ပြသနာ သည် စိန်ပြာ ကျိန်စာ တစ်ခုတည်း ကြောင့် လို့ ပြောမရဘူး ။ဘာကြောင့်ဆို သူ့မှာ မံမီ ကျိန်စာတွေ ကော အစ ကတည်းက မကောင်းတဲ့ နမိတ်တွေ ကော ပြည့်နေတာပါ ။ ဒါကြောင့် စိန်ပြာကြောင့် ဖြစ်တယ်လို့ မပြောချင်ဘူး သို့သော် စိန်ပြာ ကျိန်စာ သည်လည်း တစ်ခု အပါအဝင် ပါပဲ..။
 Image may contain: outdoor and water
တကယ်တော့ Titanic သင်္ဘော ဟာ ကျိန်စာတွေ ပြည့်နေတဲ့ သေမင်း ဂူပါ..။
နောက်တစ်ခု က အချို့ စာအုပ်တွေ မှာ စိန်ပြာ က ၃ ပိုင်း လို့ပြောကြတယ်။ ပန်းတိမ်ဆရာ ကနေ နှစ်ပိုင်း ကွဲပြီး လူဝီ ၁၆ ထံ ရောက်တော့ နောက်တစ်ပိုင်း ထပ်ခွဲ လိုက်တယ်တဲ့ ဒါဆိုရင် စိန်ပြာ ဟာ ၃ ပိုင်း။
၁ ပိုင်း က စမစ်ဆိုနီယမ် ပြတိုက် မှာ နောက် ၁ ပိုင်း က တိုက်တန်းနစ် နဲ့ အတူ ရေအောက် မှာ ဒါဆို နောက်တပိုင် က ဘယ်မှာလဲ......................?
Nat Soe


Thursday, September 21, 2017

ဗေဒင်ယုံကြည်သူတွေ ပေါင်းစုခဲ့တဲ့ မှော်ဘီက အောင်မြေမဟာ


ရန်ကုန်၊ စက်တင်ဘာ ၁၇ – “ကျွန်တော် ဒီခြံကို  စပြီး ခေါင်းခံတော့ တစ်ခြံလုံးမြက်ထူထူအရှည်ကြီးတွေနဲ့ပေါ့၊ အဆောက်အအုံတွေကလဲ ပြိုကျတော့မယ်၊ ခြံထဲကချုံတွေကို အလုပ်သမားခေါ် ရှင်းတာပဲ နှစ်လလောက်ကြာတယ်˘လို့ လက် ရှိခြံကို ဦးဆောင်ပြုပြင်နေတဲ့ ဦးအုန်းချစ်မြိုင်က အေးဆေးတည်ငြိမ်စွာ ပြောပြနေပါတယ်။
တစ်ချိန်တုန်းက နေ့စဉ်လူရာနဲ့ချီ အဝင်အထွက်ရှိခဲ့တဲ့ ခြံကြီးဟာ ၂၀ဝ၉ ခုနှစ်နောက်ပိုင်း ကစပြီး လူသူလာရောက်မှု နည်းပါးသွားတဲ့အထိ မှေးမှိန်သွားခဲ့ရပါတယ်။
ခြံကြီးရဲ့ အရှင်သခင်မရှိတော့တဲ့ နောက်ပိုင်းခြံကြီးဟာ ဦးဆောင်သူ  ကင်းမဲ့သွားကာ ချုံ နွယ်ပိတ်ပေါင်းထူထပ်ပြီး ခြံဝင်းတံခါးပိတ်ခဲ့ရတဲ့  အခြေအနေအထိ ဖြစ်လာခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၅ခုနှစ်မှာ အရှင်သခင်ရဲ့ အမျိုးသမီးက တပည့်တစ်ယောက်ဖြစ်ခဲ့တဲ့ ဦးအုန်းချစ်မြိုင်တို့ကို လက်ရှိခြံကြီးကို ဦးဆောင်ပြုပြင် ဖို့ အာဏာကုန်လွှဲအပ်လိုက်ပါတော့တယ်။
အဲသည်ခြံကတော့ စာရေးဆရာ၊ နက္ခတ္တ ဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခရဲ့ မှော်ဘီမြို့မှာရှိတဲ့ မရမ်းတလင်းခြံကြီး ဖြစ် ပါတယ်။
“အဘမရှိတော့တဲ့နောက်ပိုင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့ကြတယ်၊ ကျွန်တော်တို့ သတ်မှတ်တာက ဒီခြံဟာ အဘအပြင် ဒီကသားတပည့်တွေ ခုနစ်ရက်သားသမီးတွေ အကုန်ပိုင်တာ”လို့ သူ့ရဲ့ယူဆချက်ကို ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
အဲသည်အတွက် သူမတိုင်ခင် ရှေ့မှာ သည်ခြံကို ဦးစီးခဲ့တဲ့ ဆရာမင်းသိင်္ခရဲ့ စီနီယာတပည့်တွေများစွာ ရှိခဲ့ပေမဲ့ အနှောင့်အယှက် အမျိုးမျိုး ကြုံခဲ့ရတယ်လို့ သူကပြောပါတယ်။
အဲသည်တော့ သူတို့လည်း စိတ်ညစ်ပြီး နောက်ဆုံးမှာတော့ အဆိုပါ  မရမ်းတလင်းခြံကို မဦးဆောင်ကြတော့ဘူးလို့ ပြောပါတယ်။
အဘရဲ့ အမျိုးသမီးက သည်ခြံကို အရင်အတိုင်း ပြန်လည်ပတ်စေချင်တယ်။ သာမညဆရာ တော်မရှိလို့ သာမညတောင် နာမည်ကျသွားသလို မင်းသိင်္ခမရှိလို့ မရမ်းတလင်းခြံ နာမည်ကျသွားမှာ မလိုလားတဲ့အတွက် ကျွန်တော့်ကို ခေါင်းခံခိုင်းခဲ့ပါတယ်လို့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
အဲသည်အချိန်မှာ ဆရာမင်းသိင်္ခရဲ့ အမျိုး သမီးဖြစ်တဲ့ ဒေါ်ကျင်ဖုံကနေ ဦးအုန်းချစ်မြိုင်တို့ကို နိုင်ငံတော်မှတ်ပုံတင်ရုံးကနေ အထွေထွေ လုပ်ပိုင်ခွင့်တွေ လွှဲပြောင်းခဲ့ပါတယ်။
အဲသည်အတွက် ၂၀၁၅ခုနှစ် စက်တင် ဘာက စတင်ပြီး သည်ခြံကို ရှင်းလင်းရေးတွေ ပြုပြင်ရေးတွေ ပြန်လည်လုပ်ဆောင်ခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။


မယုံရင်မဝင်ရ

မှော်ဘီဈေးကို ကျော်လာပြီး ချမ်းမြေ့ရိပ် သာသို့ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတဲ့ လမ်း လေးကနေကတ္တရာလမ်းကိုတစ်သွယ် မြေနီလမ်းလေးကို တစ်ခေါက်ကျော်ဖြတ်ပြီး မင်းသိင်္ခခြံသို့ဆိုတဲ့ သစ်သားဆိုင်းဘုတ်လေးကို တွေ့မြင်လိုက်ရပါတယ်။
၁၉့  ၅ဧက ကျယ်ဝန်းတဲ့ ခြံကြီးဟာ ၁၀ ပေ တောင်မပြည့်တဲ့ လမ်းလေးနဲ့မှမမျှ အံ့မခန်း တည်ရှိနေပါတယ်။
ခြံရှေ့ကို ရောက်ရှိချိန်မှာ “ဗေဒင်မယုံသူ များမဝင်ရ”ဆိုတဲ့ ခေါင်းစီးဆိုင်းဘုတ်က ဗေဒင် ယုံကြည်သူတွေသာ ဝင်ရောက်ခွင့်ပြုတဲ့  အနေ အထားနဲ့ ဆီးကြိုနေပါတယ်။
ခေါင်းစီးဆိုင်းဘုတ်ကို  ကျော်လွန်ချိန်မှာ ဗေဒင်ပညာရဲ့ အစီအမံတွေနဲ့ ပြုလုပ်ထားတဲ့ အဓိဋ္ဌာန်ကန်တော့ပွဲပုံစံ ထုဆစ်ထားတဲ့ ရုပ်တုကို တွေ့မြင်ရပါတယ်။
အဲသည်အရုပ်ကနေ ၁၀ပေလောက်အကွာမှာ မိုက်ကယ်လို့ နာမည်ပေးတဲ့ ပေ ၅၀ကျော် လောက်ရှိမယ့် ဘီလူးရုပ်ကြီးက ခြံထဲကို ဝင်လာသူတွေကို ခက်ထန်တဲ့ မျက်နှာနဲ့ ကြည့်ရှုနေပါတယ်။
အစွယ်နှစ်ဖက်က ချွန်မြနေသလို အပြာ၊ အစိမ်း၊ အဝါ၊ အနီ ရောစပ်ထားတဲ့ မိုက်ကယ်ရဲ့ ဝတ်စုံဟာ ရေညှိတွေ ကပ်လာတဲ့အတွက် တချို့နေရာတွေမှာ အမည်းကွက်တွေ ဖြစ်နေပါတယ်။
ဒါပေမဲ့လည်း ဓားတစ်လက် မြေစိုက် လက် နှစ်ဖက်လုံးနဲ့ ပူးကပ်ကိုင်ဆောင်ထားတဲ့ သူ့ရဲ့ ဟန်ပန်က ကြောက်စရာအသွင်တော့ ပေါ်ပေါက်နေပါသေးတယ်။
“၂၀ဝ၇ရွှေဝါရောင် သံဃာအရေးအခင်းတွေ ဖြစ်ကြတော့ အဘက မနေနိုင်ဘူး၊ သူ့စိတ်ထဲမှာ အမျိုး၊ ဘာသာ၊ သာသနာအတွက် တစ်ခုခုလုပ်ဖို့ကော ဒီခြံကြီးကို သူမရှိတဲ့နောက်ပိုင်း အန္တရာယ်တွေက ကာကွယ်ဖို့ကော ဒီမိုက်ကယ် ရုပ်တုကြီးကို ထုခဲ့တာ˘လို့ လက်ရှိ မရမ်းတလင်းခြံရဲ့ ဦးဆောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမင်းဟိန်းကိုက ပြောပါတယ်။
မိုက်ကယ်ရဲ့ နောက်မှာ ၂၇ လုံးပုတီးကို ထု လုပ်ထားပြီး ရုပ်တုသုံးခုရဲ့ဘေးမှာ မြေနီလမ်း ကလေးတစ်ခုက ခြံထဲကို ဆက်လက် လျှောက် ကြည့်ဖို့ နှိုးဆော်နေပါတယ်။
မြေနီလမ်းလေးရဲ့ ညာဘက်အခြမ်းမှာတော့ ဆရာမင်းသိင်္ခရဲ့ဝတ္ထုတွေထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ပုဏ္ဏားဘကွန်း၊ ဆားပုလင်းနှင်းမောင်၊ စားဖိုမှူးကြီး ဦးဂွမ်တီ၊ မာလိန်မှူးထူးစိန်အပါအဝင် ရုပ်တုရှစ်ရုပ်ကိုထုလုပ်ထားပါတယ်။
ရုပ်တုတွေ ထုလုပ်ထားတာ ကြာနေပြီ ဖြစ် တဲ့အတွက် ပုဏ္ဏားဘကွန်းရဲ့ အမှတ်တံဆိပ် တုတ်နဲ့ မီးအိမ်မှာလည်း တုတ်သာရှိပြီး မီးအိမ်ကိုင်းလေးပဲ ကျန်ရစ်ခဲ့တော့တယ်။ တချို့အရုပ်တွေလဲ ပျက်စီးနေပြီး အောက်ခြေကို မမြင်နိုင် တော့အောင် ချုံနွယ်တွေက ရစ်ခွေသိုင်းယှက် နေပါတယ်။
 

နေရာပြန်ချမယ်

ကျွန်တော်တို့ အခုတန်ဆောင်မုန်းလပြည့် နေ့မတိုင်ခင် အခုအရုပ်တွေကို နေရာပြန်ချမှာ ဖြစ်ပြီး စားဖိုမှူးကြီး ဦးဂွမ်တီကိုလည်း မီးဖိုဆောင်မှာပေါ့။ တခြားအရုပ်တွေလည်း သင့်တော်ရာနေရာကို ပြန်ချပြီး ပြန်လည်ပြုပြင်ဖို့ ရှိ တယ်လို့ လက်ရှိခြံကို ဦးဆောင်ထိန်းသိမ်းနေတဲ့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
ဇာတ်ကောင်အရုပ်တွေကို ကျော်ဖြတ်ပြီး ရင်တော့ ဆရာကြီးလက်ထက်က တပည့်တွေကို အိမ်ထောင်ကျရင် နေထိုင်ဖို့ ပေးခဲ့တဲ့ ခြေတံရှည်အိမ်လေးတွေကို တွေ့မြင်ရပါတယ်။
အဲသည်ကနေ ဘယ်ဘက်ကို နှစ်မိနစ် ဝန်း ကျင်လမ်းလျှောက်လိုက်ရင် ဝါးခြံစည်းရိုးလေးနဲ့ ကာထားပြီး လှည်းဘီးနှစ်ဘီးက ခြံဝင်းအ သေးလေးရဲ့ တံခါးတစ်ဖက်တစ်ချက်စီမှာ နေရာယူထားတာ တွေ့ရပါတယ်။
အဆိုပါခြံတစ်ခုလုံးဟာ ဂမ္ဘီရအငွေ့အသက်တွေ၊ သံစဉ်တွေ ဖုံးလွှမ်းနေပြီး အဝါ၊ အစိမ်း၊ အနီအလံငယ်လေးတွေကို ခြံဝင်းအနှံ့တွေ့ မြင်နေရပါတယ်။
ခြံရှေ့တည့်တည့်ကနေ ကြည့်လိုက်ရင် ရွှေရောင်အဆင်းနဲ့ ရုပ်တုနှစ်ခုနဲ့အတူ ဘုရားကျောင်းဆောင်အငယ်လေးကို တွေ့နိုင်ပြီး ဘယ်ဘက်မှာ ရာဇဂြိုဟ်ဆိုတဲ့ နာမည်နဲ့ စာအုပ် ဆိုင်ငယ်လေးတစ်ခု၊ ဘေးမှာတော့ လုမ္ဗိနီခန်းမဆိုတာ ရှိပါတယ်။
ခြံထဲကိုပြန်ရောက်တော့ သည်ခန်းမကြီးက ပြိုကျတော့မယ်။ မြွေတွေဝင်ခွေနေတာတွေ ကော အဲဒါကို မူလပုံစံမပျက်စေဘဲ ပိုခိုင်အောင် အုတ်ဖိနပ်စီလိုက်ရတယ်လို့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
ခြံဝင်းထဲမှာ သစ်ပင်ကြီးတွေ များစွာ စိုက်ပျိုးထားပြီး သစ်ပင်တွေမှာ စာတမ်းငယ်လေးကို ကိုယ်စီချိတ်ဆွဲထားကြပါတယ်။
ခြံဝင်းလေးထဲမှာပဲ မယ်တော်ကျောင်းတွေ၊ အရင် ဆရာမင်းသိင်္ခရှိစဉ်က အသုံးပြုခဲ့ တဲ့ ဖုန်းရုံလေးတွေ၊ ခရီးလှည့်စဉ် အသုံးပြုခဲ့တဲ့ ကားတွေကို တွေ့နိုင်ပါတယ်။
အရင် ဆရာမင်းသိင်္ခရှိစဉ်က နေခဲ့တဲ့ အဆောင် ၃၇ ကို ပြန်လည်ပြင်ဆင်တာတွေ၊ မပြီးပြတ်ခဲ့တဲ့ အိုးစေတီ၊ ဘူးစေတီ၊ ပုလင်းစေတီတွေကို ပြန်လည်တည်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဘုရားစေတီတည်ဖို့ဆိုတာ အင်မတန် မလွယ်တဲ့ကိစ္စ အဲဒါကို တစ်လအတွင်း အပြီး တည်ဖို့ အိပ်မက်ပေးတာတွေရှိတယ်။ ဘုရားတည်တော့ ပိုက်ဆံကုန်သွားချိန်မှာလည်း ပိုက်ဆံက တခြားနည်းတစ်ခုခုနဲ့ ဝင်လာတတ်တယ်လို့ သူက ပြောပါတယ်။
“လူတွေက ကျွန်မတို့ကို ခရေစီကျတယ်လို့ ပြောရင်ပြောလိမ့်မယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ အဘဟာဝိဇ္ဇာပဲ၊ ကျွန်မတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သက်သေသာဓကတွေလဲ ရှိပါတယ်”လို့ လက်ရှိ မရမ်းတလင်းခြံရဲ့ ဦးဆောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမာအေးကသူ့ရဲ့ ယုံကြည်ချက်နဲ့ပတ်သက်ပြီး ပြောပါတယ်။

ပြန်စနေပြီ

လက်ရှိအချိန်မှာ ဆရာမင်းသိင်္ခရှိစဉ်က အတိုင်း ဗေဒင်ပညာသင်ကြားပေးတာတွေ၊ ယတြာချေပေးတာတွေကို အဆိုပါ ခြံဝင်းထဲမှာ ပြန်လည်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
‘“အဘရှိစဉ်ကအတိုင်းပဲ အကုန်လုံးကို အ ခမဲ့သင်ကြားပေးတယ်၊ အခုဆို အပတ်စဉ် ၂၄ ရောက်လာပါပြီ”လို့ ဦးအုန်းချစ်မြိုင်က ပြောပါ တယ်။
ဆရာမင်းသိင်္ခရှိစဉ်မှာ ဗေဒင်ပညာ လာရောက်သင်ကြားသူတွေကို သင်တန်းကာလအတွင်း နေ့စဉ် ထမင်းသုံးနပ်၊ လက်ဖက်ရည် သုံးခွက် ကျွေးမွေးသလို အခမဲ့နေထိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။ သင်တန်းတွေကို လစဉ် ၂၄ ရက်နေ့မှာ သင်ကြားပေးပြီး ၂ ရက်နေ့မှာ သင်တန်းကာလပြီးဆုံးပြီး သင်တန်းချိန် ရှစ် ရက်ကြာမြင့်တာ ဖြစ်ပါတယ်။
သင်တန်းချိန်မှာ မနက် ၅းဝ၀နာရီ အိပ်ရာကထရပြီး ည ၁၁းဝ၀နာရီအထိစာသင်ချိန် သုံးကြိမ်ခွဲကာ သင်ကြားပေးနေတာ ဖြစ်ပါတယ်။
“အဘ ရှိတုန်းကလောက် လူလာရောက်မှု မရှိတော့ပေမဲ့ ကျွန်တော်တို့က ဒီ ၂၀၁၈မှာ အရင်လိုပြန်ဖြစ်ဖို့ ဆောင်ရွက်နေတာတွေ၊ မျှော်လင့်နေတာတွေရှိတယ်”လို့ သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဆရာမင်းသိင်္ခနေ ထိုင်ခဲ့တဲ့ အဆောင် ၃၇ ကို ပြတိုက်ပုံစံထားရှိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြတိုက်ဆိုတာထက် အဘရှိစဉ်က အသုံးပြုခဲ့တဲ့ သူ့ရဲ့ မူရင်းပစ္စည်းတွေကို သူ့ရဲ့ တပည့်သားသမီးတွေ၊ ခုနစ်ရက်သားသမီးတွေ ကြည့်ရှုခွင့်ရရှိအောင် ကန်တော့လို့ရအောင် ဆောင်ရွက်တာပါလို့ သူက ပြောပါတယ်။
သင်တန်းကာလမဟုတ်တဲ့အတွက် ခြံဝင်းလေးမှာတော့ လူနည်းပါးနေပြီး လာရောက် လေ့လာလည်ပတ်သူ ဆယ်ဂဏန်းလောက်တော့ တွေ့ရပါတယ်။

ဆရာမင်းသိင်္ခအသုံးပြုခဲ့တဲ့ ကြွေခွက်တွေ၊ မီးခံသေတ္တာတွေ၊ အလှူခံသေတ္တာတွေ၊ စစ်ထဲမှာ နေခဲ့တုန်းက အသုံးအဆောင်တွေကတော့ လောလောဆယ် ပြတိုက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆရာမင်းသိင်္ခအိန္ဒိယသွားချိန်မှာ လက်ဆောင်ရရှိထားတဲ့ ပစ္စည်းတွေ၊ ဆုတံဆိပ်တွေ၊ နိုင်ငံတကာက ချီးမြှင့်တဲ့ဘွဲ့တွေကိုလည်း ပြသထားမှာလို့ သိရပါတယ်။ ဒါ့အပြင် ဆရာမင်း သိင်္ခနဲ့ တစ်ပုံစံတည်းတူတဲ့ ရုပ်တုလည်း ထုလုပ် နေတယ်လို့ သိရပါတယ်။

ဆက်လုပ်မယ်

“တချို့ပစ္စည်းတွေက စုတဲ့အနေအထားပဲ ရှိ သေးတယ်၊ သူရှိစဉ်က ရေးသားခဲ့တဲ့ စာအုပ်တွေကို ပြန်စုနေပြီး စာကြည့်တိုက်ပြန်လုပ်ဖို့ ရှိ တယ်၊ တခြားအဘ မျှော်မှန်းခဲ့တဲ့ အရာတွေကိုလဲ ဆက်လက် လုပ်ဆောင်ဖို့ ရှိတယ်”လို့ သူက ပြောပါတယ်။
ဆရာမင်းသိင်္ခရှိစဉ်ကတည်းက သည် ခြံ ထဲမှာ နေထိုင်တဲ့ လာရောက်တဲ့ဘယ်သူ့ကိုမဆို အခမဲ့ကျွေးမွေးတာတွေ လုပ်ဆောင်ပေမဲ့ ငွေကြေးအခက်အခဲမရှိခဲ့ဘူးလို့လည်း သိရပါ တယ်။
‘အဘက စာရေးတယ်၊ ယတြာ ပေး တယ်၊ အဲဒီကရတဲ့ငွေတွေနဲ့ပဲ ဒီခြံကြီးက လည်ပတ် လာခဲ့ကြတာပါ”လို့ သူက ပြောပါတယ်။
ခြံဝင်းလေးအတွင်းမှာ ဆရာမင်းသိင်္ခရဲ့ ကိုယ်တစ်ပိုင်းရုပ်တုတစ်ခုကို လုပ်ထားပြီး ဂမ္ဘီရဆန်တဲ့ အရေးအသားတွေကို ခြံဝင်းလေးအနှံ့တွေ့မြင်နေရပါတယ်။
ဗေဒင်ပညာသင်ကြားပေးတဲ့နေရာ၊ ပညာလာရောက်သင်ယူသူတွေအတွက် အမျိုးသမီးအဆောင်၊ အမျိုးသားအဆောင်သီးခြားသတ်မှတ်ထားတာ ဖြစ်ပါတယ်။
‘ယုံကြည်တယ်လေ၊ အန်တီတို့လဲ သိပံသမားတွေ၊ လက်တွေ့မှ ယုံကြည်တာ၊ ကိုယ်တွေက စာတွေ့မဟုတ်ဘဲ ငါတွေ့ဆိုတော့ ပိုပြီး ယုံကြည်လာတာ”လို့ လက်ရှိမရမ်းတလင်းမှာ ဗေဒင်ပညာ မွမ်းမံသင်တန်းတက်ရောက်ဖို့ ရောက်ရှိလာတဲ့ အစိုးရဝန်ထမ်းအမျိုးသမီးတစ်ဥိးက စိတ်အားထက်သန်တက်ကြွစွာ ပြောပါတယ်။
သူ့အနေနဲ့ ဆရာမင်းသိင်္ခလက်ထက်ကတည်းက သည်မှာ ယတြာလာရောက် ယူနေသူ ဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကို ဝမ်းပန်းတသာပြောပြနေပါတယ်။
အန်တီက ပြည်မှာတာဝန်ကျတယ်။ အသက်က ၂၀ ကျော်ပဲရှိသေးတော့ ရန်ကုန်ကိုပဲ ပြန်လာချင်တာ၊ အဲဒါနဲ့ အဘမင်းသိင်္ခဆီမှာ ယတြာလာချေတာ အဲသည်အချိန်ကဆို ယတြာချေဖို့လူတွေက အများကြီးတိုကင်ယူပြီး တန်းစီစောင့်ရ တာလို့ ဆရာမင်းသိင်္ခရှိစဉ် သည်ခြံရဲ့ အခြေအနေကို ပြောပြတယ်။
‘ယတြာပေးတော့ ရိုးစင်းတယ်၊ သစ္စာတရားပေါ် အခြေခံတယ်၊ လုပ်ရလွယ်ကူတဲ့အတွက် ပိုပြီးအဆင်ပြေတယ်၊ ဒါပေမဲ့ တချို့ပတ် ဝန်းကျင်ကိုတော့ မေ့ထားရတယ်”လို့ ပြောတယ်။
ခြံထဲမှာ လူသူအရောက်နည်းလာတဲ့ နေရာတွေရှိတယ်။ တချို့နေရာမှာဆို ဘုရားတွေ အ များကြီးထားခဲ့တာလို့ သိရပါတယ်။ ပြတိုက်ရှိ ရာ ခြံဝင်းလေးကနေ အပြင်ကိုထွက်ပြီး ညာဘက်ကို ငါးမိနစ်ကျော် ကုန်းမြင့်သေးသေးလေးကိုသွားရင် ခြံရဲ့အသက်လို့ပြောလို့ရတဲ့ ရုက္ခစိုးရဲ့ နတ်နန်းကို ရောက်ပါတယ်။
ငါးမိနစ်ကြာ လမ်းလျှောက်နေချိန် မြေနီလမ်းလေးရဲ့ဘေးမှာ ဆရာမင်းသိင်္ခနေထိုင်ခဲ့ တဲ့ အိမ်ဖြူတော်ဟာ ချုံနွယ်ပိတ်ပေါင်းတွေ ကြားသွားလာရခက်ခဲတဲ့အနေအထားမှာ ရှိနေပါတယ်။

ဝင်ပေါက်နှစ်ခု

အဲဒါအပြင် ဆရာမင်းသိင်္ခရှိစဉ် လက်ဝှေ့ သမားတွေအတွက် ကြိုးဝိုင်းစင်မြင့်တွေဟာလည်း ပန်းအိုးလေးတွေ အစီအရီ နေရာယူထား ပြီး အုတ်ဖိနပ်တွေဟာ ရေညှိတွေများပြားကပ်ညှိနေပါပြီ။
ခြံဝင်းကို ဝင်ပေါက်က နှစ်ခုပေါ့။ ပထ မဂိတ်ပေါက်ရယ်၊ အခုရုက္ခစိုးရှိတဲ့ ညောင်ပင်ရယ်ပေါ့။ ညောင်ပင်ရှေ့မှာ အမြင့် ကိုးပေလောက်ရှိမယ့် မှန်အိမ်တစ်ခုကို တွေ့မြင်ရပါတယ်။
“အရင်က ဒီနားတွေမှာ မျှော်စင်ရှိတယ်၊ အခုတော့ အဲဒီနေရာက အောက်ကပဲ ကြည့်လို့ရတော့တယ်၊ အပေါ်တက်လို့တော့ အဆင် မပြေဘူး”လို့ ခြံဝင်းကို လိုက်လံပြသတဲ့ မစိုးယုယထက်က ပြောပါတယ်။
ညောင်ပင်ကြီးရဲ့ဘေးမှာ မြက်ရိုင်းတွေ ပေါက်နေတဲ့ မြေနိမ့်လမ်းလေးထဲကို ဝင်သွားလိုက်ရင် ဝင်္ကပါပုံစံတည်ဆောက်ထားတဲ့နေရာတစ်ခုကို ရောက်ရှိသွားပါတယ်။
“အဘရှိတုန်းကတည်းက တည်ထားတာပေါ့၊ ဘုရားက တရားရေအေးတိုက်ကျွေးချိန် မှာ မုဒြာအမျိုးမျိုးနဲ့ ဟောပြောခဲ့တာ အဲဒါတွေအားလုံးကို ဒီမြေမှာ တစုတစည်းတည်း ရှိနေ စေချင်တာပါ”လို့ ဆရာမင်းသိင်္ခရဲ့ ဆန္ဒကို ဦး မင်းဟိန်းကိုက ပြောပါတယ်။
လက်ရှိအချိန်မှာ အဆိုပါ ၁၀၈ ဝင်္ကပါက ဘုရားတချို့ဟာ ခိုးယူခံရတာတွေရှိတဲ့အတွက် ဘုရားတချို့ကို ဗေဒင်ပညာသင်ပေးတဲ့အခန်းထဲမှာ သိမ်းဆည်းထားတာ တွေ့ရပါတယ်။
ဝင်္ကပါကနေထွက်ပြီး တခြားတစ်ဖက်ကို ရောက်ရှိချိန်မှာ ဖောင်တော်ဦးဆိုတဲ့ စေတီငယ်လေးကို တွေ့မြင်ရပါတယ်။
စတီလေးရဲ့ ဘေးမှာတော့ ဗေဒင်ပညာ ထဲက ကျမ်းတစ်စောင်ဖြစ်တဲ့ သုံးတန်ပေါ် နိစ်ကျမ်းကို ရေးထိုးထားတဲ့ ကျောက်စာ ငါးချပ်ကို တွေ့မြင်ရပါတယ်။
ဖောင်တော်ဦးစေတီရဲ့ဘေးမှာ လက်ဝှေ့ ဝါသနာပါတဲ့ တပည့်တွေနေထိုင်ဖို့ ခြေတံရှည်အိမ်လေးကိုလည်း တွေ့နေရပါတယ်။
လက်ရှိမှာတော့ အဆိုပါ အိမ်နေရာလေး ဟာ အသံမစဲမဟာပဋ္ဌာန်းပူဇော်ရွတ်ဖတ်တဲ့ နေရာလေးတစ်ခု ဖြစ်နေခဲ့ပါပြီ။

ဦးတည်ရာ

ကျွန်တော်တို့က သည်ခြံသည်မြေကို အောင်မြေလို့ သတ်မှတ်ထားတယ်။ သည်က နေ့ နိုင်ငံကျော် အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ လက်ဝှေ့ပညာရှင်တွေ၊ ဗေဒင်ပညာရှင်တွေကို အစီအမံယတြာတွေနဲ့ မွေးထုတ်ပေးနိုင် ခဲ့တဲ့အတွက် သည်မြေဟာ ခုနစ်ရက်သားသမီးတွေအကျိုးအတွက် ကောင်းမွန်တဲ့နေရာတစ် ခုဖြစ်တယ်လို့ ဦးအုန်းချစ်မြိုင်က ပြောပါတယ်။
ဒါ့အပြင် ဘုရား၊ တရားမမေ့ဖို့ အကြားအမြင်ဆိုတဲ့ စကားတွေနောက်မှာ မမျောမိဖို့ လည်း ပြောပါတယ်။
“အဘရှိကတည်းက ပြောတယ်၊ အကြားအမြင်ဆိုတာ ရှိတယ်၊ အဲဒီလိုလူမျိုးကလဲ နှစ်နှစ်ထက် ပိုမခံဘူး၊ တကယ်လို့ သူက အကြားအ မြင်လို့ ခေါင်းစဉ်တပ်ဟောပြောနေရင် သူဟာ ဗေဒင်နဲ့ ပတ်သက်ပြီး အပိုင်ကိုင်ထားတာရှိလို့ ပါ”လို့ ဦးအုန်းချစ်မြိုင်က ဆရာမင်းသိင်္ခရဲ့သူတို့ ကိုပြောခဲ့တဲ့စကားကို ပြန်လည်ပြောပြပါတယ်။
သည်နေရာမှာ လူတစ်ယောက်ရဲ့ မွေးနေ့ မွေးရက်မသိဘဲ ရှေ့ဖြစ်ဟောနိုင်တယ်ဆိုတာ ဗေဒင်ပညာမှာ ပါပြီးသားပါ။
အကြားအမြင်အရ ဖြစ်တည်လာတာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အဲသည်အတွက် မရမ်းတလင်းခြံမှာ ဗေဒင်ပညာသင်ယူပြီးရင် အကြားအမြင်ရတဲ့ပုံစံမျိုးလုပ်ပြီး အပြင်မှာ လုပ်မစားဖို့ သစ္စာရေတိုက် တာတွေကို ဆရာမင်းသိင်္ခလက်ထက်ကတည်းက လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗေဒင်ပညာဆိုတာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ထိန်းညှိပေးတဲ့ အရာသာ ဖြစ်တယ်။ ကံဇာတာအကျပိုင်းရောက်ချိန် ဘယ်လို နေသင့်တယ်။ ကံဇာတာတက်ချိန် ဘာတွေ ဆောင်သင့်တယ်ဆိုတာကို ခုနစ်ရက်သားသမီး တွေအတွက် ပြသတဲ့နေရာလို့ သူက ပြောပါတယ်။

Author / ဂျက် Kumudra

Tuesday, September 19, 2017

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ ၁၉ မိန့်ခွန်းထဲက ပြောဆိုချက်တွေကို ရွေးချယ်ပြီး ဘာသာပြန်ထားတာ ဖြစ်ပါတယ်


(စက်တင်ဘာ ၁၉၊ နေ့ခင်း ၁းဝဝ)

ကျွန်မတို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အဓိက အာရုံစိုက်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို စိုးရွံ့နေမှာ မဟုတ်သလို ဒီဒေသမှာနေထိုင်တဲ့ အသိုင်းအဝိုင်း အားလုံးအတွက် ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်မအနေနဲ့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စတွေကို အောင်မြင်မှုရရှိဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စိတ်မကောင်းစရာတစ်ခုက အောက်တိုဘာလ ၉ ရက် ၊ ကျွန်မ ကုလသမဂ္ဂ မိန့်ခွန်းပြောကြားပြီး ၁၈ ရက်အကြာမှာတော့ ရဲကင်းသုံးခုကို လက်နက်ကိုင် မွတ်စလင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်နဲ့ နိုဝင်ဘာ ၁၂ ရက်တွေမှာ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ဒေသခံတွေ အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မွတ်စလင်အများအပြားလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ အစိုးရအနေနဲ့ ဒီဒေသမှာ ငြိမ်းချမ်းတည်ငြိမ်ရေး ပြန်လည်ဖြစ်ပေါ်စေဖို့ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပါတယ်။ မွတ်စလင်တွေနဲ့ ရခိုင်ပြည်သူတွေအကြား ညီညွတ်မှုရရှိစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး အဲဒီကော်မရှင်ကို ဦးဆောင်ကာ ရခိုင်ပြည်နယ်မှာ ပြဿနာတွေကို ပြေလည်စေဖို့ ဆောင်ရွက်ခဲ့ပါတယ်။


အဲဒီလို လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့်လည်း ပြဿနာတွေ ထပ်မံမဖြစ်ပေါ်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်အထိ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး၊ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ လအတော်ကြာကြာတော့ တည်ငြိမ်သလိုရှိနေခဲ့ပါတယ်။

သြဂုတ် ၂၅ ရက်မှာ ရဲစခန်း ၃ဝ နဲ့ တောင်ဘဇာရွာက တပ်မတော်စခန်းတစ်ခုကို လက်နက်ကိုင် အုပ်စုတွေက တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်တိုက်ခိုက်မှုတွေဖြစ်ပွားလာတဲ့ အခါမှာ ARSA နဲ့ သူတို့ကို ထောက်ခံသူတွေဟာ အခုဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တာဝန်ရှိကြောင်း အစိုးရအနေနဲ့ ဥပဒေအရ ကြေညာချက် ထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ဥပဒေအရ ကြေညာခဲ့တယ်။

ကမ္ဘာ့နိုင်ငံတွေကလည်း ရခိုင်ပြည်နယ်အရေးကို အာရုံစိုက်လာကြပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ပြစ်တင်ရှုံ့ချပါတယ်။ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးကိစ္စတွေကို ဆောင်ရွကရာမှာ အရပ်သားတွေကို မထိခိုက်စေဘဲ စည်းမျည်းစည်းကမ်းတွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စမှန်သမျှကို ဥပဒေနဲ့တိတိကျကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အခုလိုဖြစ်ပွားတဲ့ ကိစ္စများထိခိုက်နစ်နာရတဲ့ သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မွတ်စလင်တွေသာမကပါဘူး၊ ဒီဒေသမှာ လူနည်းစုတွေဖြစ်တဲ့ မြို ၊ ဒိုင်းနက်၊ မြန်မာကြီး၊ သက်၊ ဟင်ဒီတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို သြဂုတ် ၂၇ ရက်ကစပြီး ပေးခဲ့ပါတယ်။ ဒီလိုကူညီမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကို သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ရေတိုအစီအစဉ်တွေကို အချိန်တိုအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်သွားဖြစ်သလို ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမှာပါ။

အခြေအနေတွေ တည်ငြိမ်သွားအောင်လို့ အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ကစပြီး တိုက်ခိုက်မှုတွေဖြစ်ပေါ်တာ မရှိတော့သလို နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလည်း မရှိတော့ပါဘူး။

ဒါပေမယ့် မွတ်စလင်တွေ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေတာတွေ ရှိနေတုန်းပဲလို့ ကြားနေရတဲ့အပေါ် စိုးရိမ်မိပါတယ်။ ဒါဘာကြောင့် ဖြစ်နေတာလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်။ ထွက်ပြေးသွားတဲ့ သူတွေနဲ့ရော ဆက်ပြီး နေတဲ့ သူတွေနဲ့ရော တွေ့ဆုံစကားပြောချင်ပါတယ်။

ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင်အများစုက အခုလိုဖြစ်တဲ့ ပြဿနာမှာ မပါဝင်ဘူးဆိုတာ အားလုံးသိဖို့ လိုပါတယ်။ ဒီဒေသမှာ ပြဿနာမဖြစ်ခင် အချိန်နဲ့ ဖြစ်တဲ့ အချိန်က အခြေအနေတွေအားလုံးကို နားလည်ဖို့ လိုပါတယ်။ အချို့မွတ်စလင်တွေက ဒီပြဿနာမှာ မပါဝင်အောင် ဘာလို့နေနိုင်သလဲဆိုတာ နားလည်ဖို့ လိုပါတယ်။

ရခိုင်ပြည်နယ်မှာ အတူတကွနေထိုင်နေတဲ့ မွတ်စလင်တွေရဲ့ သဘောထားတွေကို နားလည်အောင် ကျွန်မတို့အနေနဲ့ ဆောင်ရွက်ရာမှာ သံတမန်အသိုင်းအဝိုင်းအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ လက်ရှိကျန်နေတဲ့သူတွေ ဘာကြောင့်မပြေးတာလဲ။ ဆက်ပြီးနေတာလဲဆိုတာ ကိုယ်တိုင်မေးမြန်းချင်ကြတယ်ဆိုရင်တော့ သံတမန်အဖွဲ့အစည်းတွေအတွက် အစီအစဉ်တွေကို ကျွန်မတို့ ဆောင်ရွက်ပေးနိုင်ပါတယ်။

အခုဆိုရင် ဒီဒေသမှာ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အဲဒီထဲက အချို့ကို တင်ပြရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ် လူမှုဖွံ့ဖြိုးရေး အစီအစဉ် ၂ဝ၁၇-၂ဝ၂၁ ကို ချမှတ်ဆောင်ရွက် ထားပါတယ်။ ဒေသခံထောင်ပေါင်းများစွာကို ပုဂ္ဂလိက-အစိုးရ ပူးပေါင်းအစီအစဉ်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးထားပါတယ်။ အထူးစီးပွားးရေးဇုန်ကိုလည်း အကောင်အဖော်နေပါတယ်။

အခြေခံအဆောက်အဦကဏ္ဍနဲ့ ပတ်သက်လို့ လျှပ်စစ်မီးသွားတန်းရေး၊ လမ်းဖောက်လုပ်ရေး၊ အဝေးပြေးလမ်းများ တည်ဆောက်ရေးနဲ့ သွားလာရခက်ခဲတဲ့ နေရာဒေသတွေအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်နေပါတယ်။ ခွဲခြားဆက်ဆံမှုမရှိဘဲ ပညာရေး။ ကျန်းမာရေး စောင့်ရှေုာက်မှု လုပ်ငန်းတွေကို ရရှိဖို့ ဆောင်ရွက်ပေးနေပါတယ်။ ရွှေ့ပြောင်းဆေးခန်းအစီအစဉ်နဲ့ သွားလာရ ခက်ခဲတဲ့ နေရာတွေအထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ ရခိုင်ပြည်နယ်က ရွာပေါင်း ၃ဝဝ မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။ အသက်မွေးဝမ်းကြောင်း နဲ့ နည်းပညာသင်တန်းတွေလမ်းဖွင့်ခဲ့ပါတယ်။ မွတ်စလင်ကျောင်းသားတွေလည်း တက္ကသိုလ်တွေ တက်ခွင့်ရထားပါတယ်။

ပြဿနာဖြစ်ပွားတဲ့ နေရာ ၉၅ ရာခိုင်နှုန်းအထိ သြဂုတ် ၂၅ ရက်မတိုင်ခင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ရရှိခဲ့ပါတယ်။ အခုဆက်လက်ပြီးတော့လည်း ဒေသတစ်ခုလုံးမှာ အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

နေရပ်ဒေသစွန့်ပြောင်းသူတွေအတွက်လည်း နေအိမ်အပါအဝင် အခြားအကူအညီတွေ ပေးထားပြီးလို့ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်လိုက်နိုင်ပါပြီ။ ဆက်လက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ]

နိုင်ငံသား အတည်ပြုရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လည်း သီးခြားအစီအစဉ်တစ်ခု ချမှတ်ထားပါတယ်။ ဒီအစီအစဉ်အတွက် အသိုင်းအဝိုင်းအားလုံး ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ အချို့မွတ်စလင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေကတော့ ဒီအစီအစဉ်ကို ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ သိထားပါတယ်။ သူတို့ကိုလည်း စည်းရုံးဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်။

လူ့အသိုင်းအဝိုင်း၊ ဘာသာအချင်းချင်း ညီညွတ်ရေးအတွက်လည်း လုပ်ဆောင်သွားပါမယ်။ ရခိုင်၊ ဘင်္ဂါလီ၊ မြန်မာ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ FM လိုင်းတစ်ခုကိုလည်း သတင်းအချက်အလက် ပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ မိန့်ခွန်း တိုက်ရိုက် ထုတ်လွှင့်မှုကို စုဝေးကြည့်ရှုနိုင်သည့် ရန်ကုန် မြို့တော်ခန်းမရှေ့ မြင်ကွင်း ဓာတ်ပုံများ (ပြည့်ပြည့်/Myanmar Now)

အောင်ခင်/Myanmar Now ကောက်နုတ် ဘာသာပြန်သည်

https://www.facebook.com/myanmarnownews/