Tuesday, May 20, 2014

မ.ဘ.သ က ၈၈ ငြိမ်း/ပွင့်အဖွဲ့အား နိုင်ငံရေးစားဖားများအဖြစ် သတ်မှတ်



မေလ ၁၇ ရက် ၂၀၁၄ ခုနှစ်

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရှေးအဖွဲ့မှ ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့အား နိုင်ငံရေးစားဖားအဖြစ် ကြေငြာချက် ၁ စောင် ထုတ်ပြန်ခဲ့ပြီး The Voice သတင်းစာနှင့် မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်တို့အား သစ္စာဖောက် မီဒီယာများ အဖြစ် ၂၀၁၄ မေ ၁၅နှင့်၁၆ရက်တို့တွင် ကြေငြာချက် များ ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မေ ၁၆ ရက်တွင် မဘသအဖွဲ့က ကြိုးပမ်းလျှက်ရှိသော မျိုးစောင့်ဥပဒေကို ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့မှ ကန့်ကွက်ခဲ့၍ နိုင်ငံရေးစားဖား အဖွဲ့အဖြစ် မ.ဘ.သ အဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။

.မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ



Published on: May 18, 2014
Written by:
ဝင်းမောင်(မောင်တော)


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူများက မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အား ချုံခိုပစ်ခတ်မှုကြောင့် မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာနယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက်ဆုံးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သတင်းရရှိသည်။

The Voice သတင်းစာနှင့်မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တို့အား မ.ဘ.သ မှ သစ္စာဖောက်မီဒီယာ အဖြစ် ကြေညာချက်ထုတ်



Monday, May 19, 2014

ပြည်တွင်းသတင်း ဂျာနယ်နှစ်စောင် ဖြစ်သော The Voice သတင်းစာနှင့်မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တို့အား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) (စစ်ကိုင်း)မှ သစ္စာဖောက် သတင်းမီဒီယာအဖြစ် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား မချိုးဖောက်ဘဲ မျိုးစောင့် ဥပဒေရေးဆွဲမည် ဆိုပါက လူတိုင်း လက်ခံသင့်သည်ဟု ဦးဌေးဦးပြော


ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား မချိုးဖောက်ဘဲ မျိုးစောင့် ဥပဒေရေးဆွဲမည် ဆိုပါက ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် လက်ခံ သွားမည် ဖြစ်ပြီး လူတိုင်းလည်း လက်ခံသင့်သည်ဟု ပြည်ခိုင်ဖြိုး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က The Messenger သတင်းစာသို့ ပြောသည်။

ရဲတပ်ဖွဲ့ဝင်လေးဦး ကျဆုံးသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွင် ပျောက်ဆုံး ရဲနှစ်ဦး ပြန်တွေ့



ရန်ကုန်၊ မေ ၁၈

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် RSO ၏ ချုံခိုတိုက်ခိုက် ခံရမှုကြောင့် ရဲတပ်သားလေးဦး ကျဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးခဲ့ရာ ယင်းပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကိုပြန်လည်တွေ့ရှိပြီ ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်အား အကြောင်းကြား



Monday, May 19, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ RSO/(Rohingya Solidarity Organization) အား နှစ်နိုင်ငံ ပူးပေါင်း ရှင်းလင်းရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့  (BDR) အား ယမန်နေ့က အကြောင်းကြား ထားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ သတင်း ရရှိသည်။ လုံခြုံရေး အရ နယ်စပ်က ကပ်နေတဲ့ အခါကျတော့ အ၀င်အထွက်က ခိုးဝင်ခိုးထွက် လို့ရတဲ့ အနေအထားပါ။ လက်နက်ကိုင် အဖွဲ့ တွေ ဟိုဘက် နိုင်ငံထဲမှာ အခြေချလို့ မရအောင် ကျွန်တော်တို့ ချိတ်ဆက်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်သမီးတစ်ဦးမှ ပေးသည့်စာ


အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင်လေ့ရှိပါတယ်

နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အန်တီစု စကား ကိုလည်း အလေးအနက်ထားတာကြောင့်ရယ် အန်တီစုကို ပုဂ္ဂိုလ်ရေးအရ လေးစားတာကြောင့်ရယ်ပါ..

အခုနောက်ပိုင်း အန်တီစု မိန့်ခွန်းတွေဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေပါလာတာကို သတိထားမိပါတယ်…

Saturday, May 10, 2014

ရွေးကောက်ပွဲမှာ ကန့်သတ်မယ်ဆိုတာ မဟုတ်မှန်ကြောင်း ဦးတင်အေးပြောကြား



10 May 2014
၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း တစ်ဦးသာ မဲဆွယ်ခွင့် ရှိတယ်ဆိုတာ မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြား တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်း ကပြောပါတယ်။

ခရိုင်းမီးယားကို ပထမဆုံး အကြိမ် ပူတင် ရောက်လာ

 ရုရှားရေတပ်ကို စစ်ဆေးနေတဲ့ ပူတင်
10 May 2014
 ခရိုင်မီးယား ကျွန်းဆွယ်ကို မော်စကိုက ယူကရိန်းဆီကနေ ခွဲထုတ်ခဲ့ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ခရိုင်းမီးယားဒေသ ဆီဗက်စတိုပို ဆိပ်ကမ်းကို သင်္ဘောနဲ့ အလည်အပတ် ရောက်ရှိလာပါတယ်။

ပင်လယ်နက်တွင်းက ရုရှား ရေတပ် သင်္ဘောတွေ အနီး ဝင်ရောက်လာစဉ်မှာ မစ္စတာ ပူတင်က စစ်သင်္ဘ࿿ောတွေပေါ်က တပ်ဖွဲ့တွေကို မိန့်ခွန်း ပြောခဲ့ပြီးနောက် ဆိပ်ကမ်းကို ကပ်လာကာ ကမ်းပေါ်မှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Friday, May 9, 2014

ရခိုင်ပြည်နယ်တ၀န်း မီးထိန်ထိန်လင်းတော့မည်

ဓာတ်ပုံ - ရခိုင်လူမှုကွန်ယက် တောင်ကုတ်

9 May 2014
 ရခိုင်ပြည်နယ်အတွင်း သံတွဲနဲ့တောင်ကုတ်မှာ လာမယ့်သီတင်းပတ်အတွင်း လျှပ်စစ်မီးကို နိုင်ငံတ၀န်းက တခြားဒေသတွေ နှုန်းထားအတိုင်း သုံးစွဲခွင့်ရတော့မှာဖြစ်ပြီး ကျန်မြို့နယ်တွေ မှာလည်း လာမယ့်နှစ်ပိုင်းတွေအတွင်း မီးရရှိရေးဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရ ၀န်ကြီးတဦးက ပြောပါတယ်။