မေလ ၁၇ ရက် ၂၀၁၄ ခုနှစ်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရှေးအဖွဲ့မှ ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့အား နိုင်ငံရေးစားဖားအဖြစ် ကြေငြာချက် ၁ စောင် ထုတ်ပြန်ခဲ့ပြီး The Voice သတင်းစာနှင့် မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်တို့အား သစ္စာဖောက် မီဒီယာများ အဖြစ် ၂၀၁၄ မေ ၁၅နှင့်၁၆ရက်တို့တွင် ကြေငြာချက် များ ဆက်တိုက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မေ ၁၆ ရက်တွင် မဘသအဖွဲ့က ကြိုးပမ်းလျှက်ရှိသော မျိုးစောင့်ဥပဒေကို ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့မှ ကန့်ကွက်ခဲ့၍ နိုင်ငံရေးစားဖား အဖွဲ့အဖြစ် မ.ဘ.သ အဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။








