Sunday, June 22, 2014

ကာဂီးလ်စစ်ပွဲ(၁၉၉၉) (ဇတ်သိမ်း)


Jun 22, 2014

အရှုံး/အမြတ်
၅၁။ ကာဂီးလ်စစ်ပွဲသည် မေလပထမပတ်ကုန်မှစတင်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။ စစ်ပွဲအတွင်းနှစ်ဖက်တပ်ဖွဲ့များဆုံးရှုံးမှုအနေဖြင့် အိန္ဒိယဘက်မှ အရာရှိ ၂၅ ဦးအပါအ၀င် ၅၂၇ ဦးကျဆုံး၊ အရာရှိ ၄၅ ဦးအပါအ၀င် ၆၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရပါသည်။ အိန္ဒိယလေတပ်မှတိုက်လေယာဉ်MIG-21 တစ်စီး၊ MI-12 တစ်စီး၊ ရဟတ်ယာဉ် MI-17တစ်စီးတို့ပျက်စီး ဆုံးရှုံးခဲ့ပါသည်။ တိုက်လေယာဉ် တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းတို့မှာ စစ်ပွဲအတွင်းပစ်ချခံခဲ့ရပြီး အခြားတိုက်လေယာဉ် တစ်စင်းမှာမူ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပါသည်။

အငြင်းပွားရေပြင်သို့ ရေနံတူးစင်လေးခု တရုတ်ထပ်မံစေလွှတ်


ဗီယက်နမ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ရေပြင်တွင်းကို တရုတ်က ရေနံတူးစင်လေးခု ထပ်မံ စေလွှတ်လိုက်ပါတယ်။
“ကိုယ့်အိမ်တံခါးဝမှာ ကိုယ်တစ်ခုခု လုပ်မယ်ဆို အခြားသူတွေက အဲဒီမှာ ဝင်ပါစရာမလိုဘူး ထင်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသွား ပါသေးတယ်။

သင်္ဃန်းကျွန်းမဘသအဆိုတင်သွင်း


မဘသ နှစ်ပတ်လည် ညီလာခံဒုတိယနေ့ အခမ်းအနား၌သင်္ဃန်းကျွန်းမြို့နယ် မဘသ အတွင်းရေးမှူးဆရာတော်စွန်းလွန်းဂူကျောင်းတိုက်မှ ဒေါက်တာ သောဘဏာလင်္ကာရ မှသင်္ဃန်းကျွန်းမြို့နယ် ဇာဝေယံ ရပ်ကွက်အတွင်းတရားမဝင်ဗလီဆောက်မှု့အားတားမြစ်နိုင်ခဲ့ခြင်းအပေါ်ရှင်းလင်းတင်ပြခြင်း

စစ်အရာရှိကြီးတွေကို ဝန်ကြီး ဦးအောင်မင်း လူသိရှင်ကြားတောင်းပန်


ရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ထိပ်တန်းစစ်ဘွဲ့ထူးတွေအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲတွေနဲ့ စစ်မှုထမ်းဟောင်း အရာရှိကြီးတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းပန်လိုက်ပါတယ်။
UMFCCI ဟောပြောပွဲတစ်ခုမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တိုက်ခိုက်ကြတာဖြစ်လို့ ဒီလိုစစ်ပွဲတွေကနေ စစ်ဖက်ဆိုင်ရာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိဆိုင်ရာ ထိပ်သီးဆုတံဆိပ်တွေဖြစ်တဲ့ သူရဘွဲ့၊ သီဟသူရဘွဲ့တွေ ပေးဖို့မလိုပါဘူးလို့ ထည့်သွင်းပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်အရာရှိတွေနဲ့ အရာရှိဟောင်းတွေအကြား မကျေမနပ်ဖြစ်ခဲ့တဲ့အတွက် ဦးအောင်မင်းက အခုလို တောင်းပန်လိုက်တာဖြစ်ပါတယ်။

မဘသဗဟို ဒုညီလာခံ ရန်ကုန်အင်းစိန်မှာ ကျင်းပ


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း(မဘသ-ဗဟို)ရဲ့ တစ်နှစ်ပြည့် ညီလာခံကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်းဆန်းတောရတပ်ဦး ဘုန်တော်ကြီးကျောင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
သံဃာ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ အသင်း(ဗဟို)ရဲ့ တွဲဖက်အတွင်းရေးမှူး တောင်ဒဂုံနိကာယ် စာသင်တိုက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလက္ခ န္တာဘိဝံသက အခမ်းအနားမှာ မိန့်ကြားပါတယ်။
"သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အတိုက်အခံလုပ်တဲ့ပုံစံမျိုး၊ နှောင့်ယှက်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ ဒီအဖွဲ့အစည်းများနဲ့ အတူတကွ လက်တွဲပြီးတော့ ကိုယ့်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို အောင်မြင်သထက်အောင်မြင်အောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်"

အမျိုးသမီးအလုပ်သမားနှစ်ဦးရှေ့တွင် ဝတ်လစ်စားလစ် ကပြခဲ့သည့် အဝတ်အစားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အလုပ်ထုတ်ပယ်ခံရ



အမျိုးသမီးအလုပ် သမားနှစ်ဦးရှေ့တွင် ကခုန်စဉ် အဝတ်အစား ဝတ်ဆင်ထားခြင်းမရှိခဲ့သည့်အတွက် အမေရိကန် အဝတ်အစားကုမ္ပဏီ တည်ထောင်သူ အမှုဆောင်အရာရှိချုပ် ဒို့ဗ်ချာနေကို ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများက အလုပ်ဖြုတ်လိုက် သည်။
ဗီဒီယိုဖိုင်များ ဝေမျှနိုင်သည့် Vidd.me ဝက်ဘ်ဆိုက်တွင် ဝတ်လစ်စားလစ် ကခုန်နေပုံကို တင်ခဲ့သည့် အသက်(၄၅)နှစ်အရွယ် ကနေဒါနိုင်ငံသား အမှုဆောင် အရာရှိချုပ်အတွက် အခြေအနေ များ ပိုမိုဆိုးရွားစေခြင်းမှာ ယင်း ဗီဒီယိုဖိုင်ကို တစ်စုံတစ်ဦးက တွေ့ရှိသွားပြီး

အစ္စလာမ်မစ်တွေအပေါ် သေဒဏ် အီဂျစ်တရားရုံး အတည်ပြု


အီဂျစ်နိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း မိုဟာမက်ဒ် မော်စီရဲ့ပါတီဖြစ်တဲ့ မူစလင်ညီအကိုတော်များအဖွဲ့ ခေါင်းဆောင် Mohamed Badie အပါအ၀င် အစ္စလာမ်ဝါဒီ ၁၈၃ ဦးအပေါ် သေဒဏ်ချမှတ်ထားတာကို အီဂျစ်တရားရုံးတခုက အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က Minya ခရိုင်မှာ ရဲအရာရှိတွေကို သတ်ဖြတ်မှု၊ သတ်ဖို့ကြိုးစားခဲ့မှုဆိုင်ရာ စွဲချက်တွေနဲ့ အစောပိုင်းမှာ လူ ၆၈၃ ဦးကို တရားရုံးက သေဒဏ်ချမှတ်ထားတာပါ။ အဲဒီအခင်းဖြစ်တဲ့နေ့ဟာ ကိုင်ရိုမြို့တော်မှာ မစ္စတာမော်စီကိုထောက်ခံသူ ရာပေါင်း များစွာကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ တနေ့တည်း ဖြစ်ပါတယ်။ မတ်လမှာ အလျင်စလိုတရားစီရင်ပြီး သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် နိုင်ငံတကာက ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

ကလေးများရဲ့ စာမျက်နှာ


(Written by: မခိုင်)
ဘယ်နေရာကိုပဲကြည့်ကြည့် ကလေးတွေအတွက် ဦးစားပေးလုပ်ငန်းတွေ မရှိသလောက် ရှားတာကိုတွေ့ရတော့ စိတ်မကောင်းပါဘူး။ တချို့ အဖွဲ့အစည်းများကလည်း ကလေးများအတွက် အမည်ခံပြီး လူကြီးကသာလျှင် အကျိုးအမြတ်များစွာ ရနေတာကိုလည်း မြင်ရမှာပါ။ ကလေးစိတ် ပညာသင်ခဲ့ရစဉ်က ဆရာ၊ ဆရာမတွေပြောတဲ့ စကားကို သတိရနေမိပါတယ်။ ကလေးတွေကို အကောင်းဆုံး ဆိုတာတွေနဲ့ ပြုစုပျိုးထောင်ကြပါတဲ့။ ဒါမှ အကောင်းစားကလေးတွေ ဖြစ်လာမှာတဲ့။
လူမှုရေး အဖွဲ့အစည်းမှာ လုပ်အားပေး လုပ်ခဲ့စဉ်က ကလေးတွေအတွက် အစီအစဉ်တွေ ပါပါတယ်။ ကျောင်းအပ်တာ၊ အာဟာရကျွေးတာ၊ ကျန်းမာရေးစောင့်ရှောက်တာ စသဖြင့်ပေါ့။ ဒီအစီအစဉ်တွေကို လူကြီးများက စီစဉ်ဆောင်ရွက်ကြတာပါ။

ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်

ကုလသမဂ္ဂအထူးသံတမန်တစ်ဦးဖြစ်သည့် ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီသည် ဇွန် ၂ဝ ရက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း Ban Mai Nai Soi ဒုက္ခသည်စခန်းရှိ မြန်မာဒုက္ခသည်များထံ သွားရောက်ခဲ့သည်ဟု UNHCR က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဂျိုလီသည် ယင်းစခန်းတွင် ဒုက္ခသည်များနေထိုင်ရသည့် အခြေအနေများကို လေ့လာသုံးသပ်ခဲ့ပြီး အသက် ၇၅ နှစ်အရွယ်ရှိ ကရင်နီဒုက္ခသည် ဘောမားနှင့် စကားပြောဆိုခဲ့သည်ဟု သိရသည်။

ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်ပြီး နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ


ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၃ ရပ် ကွက်တွင် ဇွန် ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၃ဝ ခန့်က မိုးသည်းထန်းစွာ ရွာနေချိန် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်ပြီး လူနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လှည်းတန်းဈေးအနီး ထန်းတပင်လမ်း နှင့် ပေ ၅ဝ လမ်းထောင့်ရှိ ဓာတ်တိုင်မှ ပြတ်ကျသွားသော လျှပ်စစ်ဓာတ်ကြိုးမှာ ၄ဝဝ ကေဘီအမျိုးအစား ဟောင်းနွမ်းနေသော ဓာတ်ကြိုးအဟောင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။