Monday, July 14, 2014

ဖုန်းထဲက ညစ်ညမ်းပုံတွေပြသ၍ ၄ တန်းကျောင်းသူ ၂ ဦးကို မဖွယ်မရာပြုလုပ်သည့် ကျောင်းဆရာ အတိုင်ခံရ


အသက် (၉) နှစ်အရွယ် စတုတ္တတန်းကျောင်းသူနှစ်ဦးကို အတန်းပိုင်ကျောင်းဆရာက နှိပ်ခိုင်းကာ လက်ကိုင်ဖုန်းအတွင်းမှ ညစ်ညမ်းဓါတ်ပုံများပြသ၍ မဖွယ်မရာပြုမှုတစ်ခုအား စစ်ကိုင်းမြို့မရဲစခန်းမှ ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်။

စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာရှိ မူလွန်စာသင်ကျောင်း၌ အသက်(၃၅)နှစ်အရွယ် စတုတ္တတန်းအတန်းပိုင်ဆရာတစ်ဦးသည် ဇူလိုင် ၃ ရက်က ကျောင်းစာသင်ခန်း အတွင်းရှိ စာသင်ခုံတွင် စာသင်ရန်ထိုင်နေသော အသက်(၉)နှစ်အရွယ် ကျောင်းသူတစ်ဦးကို စားပွဲခုံရှိရာ ခေါ်ဆောင်၍ နှိပ်ခိုင်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့နောက် ကျောင်းဆရာက ကျောင်းသူမလေးကို မဖွယ်မရာ ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထို့နေ့ညနေပိုင်း ကျောင်းဆင်း၍ နေအိမ်ရောက်ချိန်တွင် မိခင်ဖြစ်သူကို ပြန်လည် ပြောပြခဲ့သည်ဟု ဆိုသည်။

စိတ်ရှိခဲ့မယ်ဆိုရင်လေ



ကျွန်မအိပ်ရာဝင်တော့ ည(၁၁)နာရီထိုးနေပြီ။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတဖွဲဖွဲကျနေတယ်။ စောင်အောက်ထဲ ကျွန်မတိုးဝင်ရင်း နှိုးစက်ကိုယူလိုက်တယ်။ နှိုးစက်ကရပ်နေတယ် ဓာတ်ခဲဝယ်ဖို့ ကျွန်မမေ့သွားပြန်ပြီ။ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အိပ်ရာထက်ကနေကျွန်မ မထချင်တော့ဘူး။ ကြိုးဖုန်းကို ကောက်လှည့်ပြီး အဝေးကအမေကို ကျွန်မလှမ်းဖုန်းဆက်လိုက်တယ်။

"မေမေ.. သမီးနှိုးစက် ဓာတ်ခဲကုန်သွားလို့... မနက်ဖြန်အစောကြီး ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်။ မနက်(၆)နာရီမှာ သမီးကိုဖုန်းဆက်ပြီး နှိုးပါနော်"

"ကောင်းပါပြီ... သမီး" ဖုန်းတစ်ဘက်က အိပ်ချင်မူးတူးနဲ့ အမေအသံကို ကြားရတယ်။

Sunday, July 13, 2014

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ရက်ပိုင်းအတွင်း မြေပြင်တပ်တွေ စေလွှတ်ရန်ရှိ

အစ္စရေး မြေပြင်တပ်များအား မြင်တွေ့ရစဉ် (ဓာတ်ပုံ - ရိုက်တာ)

 ဒီရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသကို မြေပြင်တပ်တွေ ၀င်ရောက်ဖို့ အသင့်ဖြစ်အောင် တပ်တွေကို အမိန့်ပေးထားတယ်လို့ အစ္စရေး ကာကွယ်ရေး ၀န်ကြီး မိုရှီ ရာလွန်က ပြောပါတယ်။

ဒီလို မြေပြင် ထိုးစစ်တွေ ဖြစ်လာရင် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ သုံးပတ်ကြာ အစ္စရေးနဲ့ ဟာမက် စစ်ပွဲအပြီး ပထမဆုံး ဖြစ်လာမှာပါ။ ၃ ပတ်ကြာ စစ်ပွဲမှာ ပါလက်စတိုင်း ၁၄၀၀ သေဆုံးခဲ့ပြီး အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
အခုအထိတော့ အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေကို အများဆုံး လုပ်နေပြီး ဂါဇာက ပစ်မှတ်ပေါင်း ၁၂၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ် အတွင်း ဓာတ်ကြိုး ပြတ်ကျ သေဆုံးခဲ့သူများအတွက် အစိုးရက ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ငွေကျပ် ၂၃ သိန်းစီ ပေးအပ်

လှိုင်သာယာမြို့နယ် အတွင်း ဓာတ်ကြိုး ပြတ်ကျ သေဆုံးခဲ့သူများအတွက် အစိုးရက ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ငွေကျပ် ၂၃ သိန်းစီ ပေးအပ်မည်ဖြစ်ပြီး ယင်းပြဿနာကို ဌာနအတွင်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း လှိုင်သာယာမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်က ပြောဆိုခဲ့ပါသည်

အပုပ်နံ့ထွက်နေသည့် ဂုန်နီအိတ်တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးရာ အမျိုးသားအလောင်းတွေ့



မလှိုင် ဇူလိုင် ၁၂

မလှိုင်မြို့နယ် ဖျောက်ဆိတ်ကုန်း အုပ်စု ဘီးစပ်ကျေးရွာအနီး ကွင်း အမှတ်(၄၄၄)ရှိ ဦးဝင်းထိန်၏ ယာကွက်အနီး ချုံပုတ်အတွင်း၌ အပုပ်နံ့ထွက်နေသည့် အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီက တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆည်တိုရဲကင်း စခန်းမှူး ဒုတိယရဲအုပ်အောင်ကိုမင်း သည် စခန်းမှူးတာဝန်ထမ်းဆောင် နေစဉ် အဆိုပါကျေးရွာမှ တာဝန် ရှိသူများက အပုပ်နံ့ထွက်နေသည့် ဂုန်နီအိတ်တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဆည်တိုရဲကင်းစခန်းသို့ သတင်းပေးချက်အရ ရဲအဖွဲ့ က သက်သေများနှင့်အတူ ဖွင့်ဖောက် စစ်ဆေးရာ အသက် ၄ဝ နှစ်ခန့် အမည်မသိ အမျိုးသားအလောင်း ဟု ယူဆရသော တစ်လောင်းကို တွေ့ရှိရသည်။

လက်​မှတ်​ ​ရေးထိုးသူနည်းသည်​ဆိုကာ လက်​မှတ်​ထိုး​စေရန်​ ဆန္ဒပြ

ရေခဲ(ပြည်)၊ မဇ္ဈိမ။          ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်မှတ်ထိုးသူနည်းသဖြင့် အားလုံး ပါဝင်လာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ဦးဆောင် ပြီး ဇူလိုင် ၁၂ရက်က သာယာဝတီခရိုင်ရှိ ဇီးကုန်းမြို့ခံများ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
13jl2
“နှစ်ဝက်လောက်ကြာတဲ့အထိ ထင်သလောက် ခရီးမပေါက်ဘူးဖြစ်နေတယ်။ ဇီးကုန်းမြို့မှာ လက်မှတ်ထိုး စာရင်းတွေလည်း နည်းနေတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အားလုံးပါဝင်လာအောင် ဆန္ဒထုတ်ဖော် ဟောပြောပွဲကိုလုပ်ရတာပါ”ဟု (၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ကိုသန်းအောင်က ပြောသည်။
ဇီးကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ခု၊ ကျေးရွာအုပ်စု ၃၉ခုရှိပြီး လူဦးရေ ၆၆၉၉၁ဦး နေထိုင်လျှက်ရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ လေးသောင်းခွဲကျော်ရှိသော်လည်း ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး သူဦးရေ ၁၃ဝဝဝ ကျော်သာရှိသေးသည်။

၁၈လက်မရှိပြီး ခေါက်ယူသွားလို့ရတဲ့ TV Screen အား LG မှ ဇူလိုင်(၁၀)ရက်နေ့တွင် မိတ်ဆက်

roll up TV
လက်မ(၆၀)ရှိတဲ့ ခေါက်ယူသွားလို့ရတဲ့ တီဗွီကိုတော့ ၂၀၁၇ခုနှစ်မှ ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်းလည်း သိရသည်။
HD screen ထက် သာလွန်သော ပလပ်စတစ်မဟုတ်သည့် အထူးပြုလုပ်ထားသော ဖလင်မ်ဖြင့် ဖန်တီးထားသည့် ထိုတီဗွီဟာ အတွင်းဘက်သို့ ခေါက်ကာ သေးငယ်သည့် ကျည်တောက်ကဲ့သို့သော ဗူးအတွင်း ထည့်ယူဆောင်သွားနိုင်သဖြင့် သယ်ယူပို့ဆောင်ရေးတွင် လွယ်ကူကြောင်း သိရသည်။
တွီဗွီ၏ အရည်အသွေးမှာ ၁၂၀၀ x ၈၁၀ ဖြင့် mega-pixels ၁၀သိန်းခန့် ရှိသဖြင့် အထူးအရည်အသွေးကောင်းမွန်ကြောင်း သိရသည်။
အချင်းဝက် ၃စင်တီမီတာအထိ ကျစ်လျစ်အောင် ခေါက်ယူသွားနိုင်သော်လည်း ၎င်း၏ တီဗွီအရည်အသွေး ကျဆင်းသွားမှာမဟုတ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ဂီတဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပမည်


ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်ဒေသရှိ ရခိုင်တိုင်းရင်းသားများအား ကူညီစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး အမည်ဖြင့် ဂီတဖျော်ဖြေပွဲ တစ်ခုကို လာမည့် ဇူလိုင်(၂၇)ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းမှ ဦးဆောင်ကာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖျော်ဖြေပွဲတွင် Lazy Club တီးဝိုင်းနှင့်အတူ နာမည်ကျော်အနုပညာရှင်များဖြစ်ကြသည့် နေတိုး ၊ဖိုးကာ၊ ဟဲလေး၊ဖြိုးကြီး၊ အောင်လ၊ ဥာဏ်လင်းအောင်၊ ဇင်မင်းထက်၊ ရိုတ၊ ချောစုခင်၊ ဝိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ ငယ်ငယ်၊ မေစပါယ်ညို၊ ဂျင်းနီ၊ N ကိုင်ရာ၊ ဆုပန်ထွာ၊ နေနေ နှင့် ချစ်စနိုးဦးတို့က သီဆိုဖျော်ဖြေကြမည်ဟု သိရသည်။
စီစဉ်တင်ဆက်သူများအဖြစ် နန်းခင်ဇေယျာ၊ ခင်လှိုင်နှင့် ဒိန်းဒေါင်တို့ ပါဝင်ကြမည်ဟု ဆိုသည်။
ယင်းဂီတဖျော်ပွဲပြုလုပ်ရန်စီစဉ်ရသည့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ပရဟိတအသင်းမှ ကိုသန့်ဇင်က နိရဉ္စရာသို့ ယခုလိုပြောသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး၏ သင်္ချာစွမ်းရည်


-ကျွန်တော်တို့ က မြန်မာနိုင်ငံအနောက်ဖက်မှာ နေထိုင်ကြသည် ။ တဖက်နိုင်ငံနှင့် နယ်စပ်ချင်းကပ်လျှက် ရှိနေသည် ။ ထို့ ကြောင့်ခိုးဝင်သောသူများ ရှိသည် ။ လူဝင်မှု ကြီးကြပ်ရေးဋ္ဌါနသည် ခိုးဝင်သောသူများကို လာဘ်ငွေစားကာ ရခိုင်ပြည်နယ် မောင်တောမြို့ နယ်-ဘူးသီးတောင်မြို့ နယ်အတွင်းသို့ တံခါးမရှိ ၀င်သွားခြင်းပြု ခဲ့ သည် ။ တဖြေးဖြေးနှင့် ရခိုင်ပြည်နယ်အတွင်း ရှိရှိသမျှသော မြို့ နယ် -ကျေးလက်တောရွာတွေမှာ ၀င်ရောက်လာခဲ့ ကြသည် ။

ကျွန်တော်တို့ မှာ ရခိုင်စကားတလုံး တလေမျှ မတတ်သောသူတို့ ကို ခိုးဝင်လာသည့် သူများဆိုပြီး စောဒကတက်သူများ မဟုတ်ကြ ။ လွယ်လွယ်ကလေး နေထိုင်ခွင့်ပြု ခဲ့ ကြသည် ။ အလုပ်ကလေး ပေးခဲ့ ကြသည် ။ အိမ်ယာဆောက်လုပ်နေစေခဲ့ သည် ။ ရပ်ကွက်တွေအတွင်း အိမ်တွေဆောက်ခွင့်ပြု ခဲ့ ကြသည် ။ ဘာသာရေးအဆောက်အဦတွေ ဆောက်လုပ်ခွင့် ပြု ခဲ့ ကြသည် ။

ဘင်္ဂလီလူမျိုးတို့ သည် နှစ်ပေါင်းများစွာ ကြာလာသောအခါ ကျွန်တော်တို့ ရခိုင်လူမျိုးတွေထက် လူဦးရေ မနည်းတော့ဘဲ ရှိလာနေပြီ ။ မောင်တောမြို့ နယ်-ဘူးသီးတောင်မြို့ နယ့် မှာ ဆိုလျှင် ဘင်္ဂလီလူမျိုးတွေသည် ရခိုင်လူမျိုးတွေထက် များပြားပိုမိုသွားပြီ ။

“ဂျီဟတ်” စစ်ပွဲ နှင့် ဂျီဟတ်ဆင်နွှဲခံခဲ့ရသည့် နိုင်ငံများ


“အစ္စလာမ်” ဟူသောစကားမှာ အာရဗီဘာသာစကားဖြစ်ပြီး“နာခံခြင်း” ဟု အဓိပ္ပါယ်ရသည်။

“အီမန်” ဟူသော အာရဗီဘာသာစကား၏ အဓိပ္ပါယ်မှာ“သဒ္ဒါ ယုံကြည်မှု” ဖြစ်သည်။ အလ္လာဟ် အားယုံကြည်သူများကို
“မွတ်စလင်” ဟုခေါ်သည်။ အီမန် (သဒ္ဒါယုံကြည်မှု)မရှိလျှင်မွတ်စလင် စစ်စစ်တစ်ဦးဟု မခေါ်ဆိုနိုင်ပေ။

အလ္လာဟ် အား မယုံကြည်သောသူ/ အီမန် မရှိသောသူ/မွတ်စလင်မဟုတ်သူများ ကို “ကာဖိရ်” (ငြင်းပယ်သူ/
မိစ္ဆာဒိဌိများ) ဟု ခေါ်ကြသည်။

မွတ်စလင်လူမျိုးတို့သည် “ကာဖိရ်” (သို့မဟုတ်) အလ္လာဟ်အားသက်ဝင်ယုံကြည်ခြင်းမရှိသူများ/ဘာသာခြားများကို “ဂျီဟတ်”
ဟုခေါ်သည့် ဘာသာရေးစစ်ပွဲ ဆင်နွှဲလေ့ရှိသည်။ ၎င်းစစ်ပွဲ၌ပါဝင်သည့် သူများကို “မူဂျာဟစ်” ဟုလည်းခေါ်ကြသည်။
“မူဂျာဟစ်” ဆိုသည်မှာ “ဘုရားသခင်အတွက် တိုက်ခိုက်သောသူ”ဟု အဓိပ္ပါယ်ရသည်။

ဂျီဟတ် ခေါ် ဘာသာရေးစစ်ပွဲတွင် ဆောင်ရွက်ပုံအကျဉ်းမှာ -