Myat Myat Paing Online Fashion Shop

BKK အထည်များကိုသာ ရောင်းချပေးပါသည်

Tuesday, December 22, 2015

ပရိုဂရမ် ရေးရန် ပြင်ဆင်မှုများ

https://www.visualstudio.com
MSDN Subscriptions
Sign in

  • Products
  • Features
  • Downloads
  • News
  • Support
  • Marketplace
  • Documentation
Free Visual Studio

Visual Studio Express

Visual Studio Express editions provide free tools to develop applications for a specific platform, such as
Windows Universal Platform applications, web sites, and Windows desktop applications.

New edition available

 
Visual Studio Community has all the features of Express and more, and is still free for individual developers,
open source projects, academic research, education, and small professional teams.

Download Community 2010

https://go.microsoft.com/fwlink/?LinkId=691978&clcid=0x409 သို့မဟုတ် http://www.pcadvisor.co.uk/download/developer-programming/microsoft-visual-studio-2010-express-iso-216/?linkid=2808 မှ ဒေါင်းလုတ်ချယူပါ
ကို ဒေါင်းလုတ်ချပြီး Install လုပ်ပါ၊ ပြီးလျင် မိုက်ကရိုဆော့က လိုင်စင်ကို မှတ်ပုံတင်ခိုင်းပါလိမ့်မည်။ မှတ်ပုံတင်ပေးလိုက်ပါ။ Free ဖြစ်ပါသည်။ ယခင်က Visual Basic 6 ဟု ထုတ်ခဲ့ပါသည်၊ ယင်းတွင် အားနည်းချက်များစွာ ရှိနေသောကြောင့် တဖြည်းဖြည်း ပြင်ဆင်လာခဲ့ခြင်းဖြစ်ရာ အချို့ မလိုအပ်သည့် tools များကို ဖြုတ်ထားခဲ့ပါသည်။ အချို့မှာမူ ပိုမို အသုံးတည့်သည့် Statement များနှင့် အစားထိုးထားခဲ့သည်ကို တွေ့ရပါမည်။
Install လုပ်ပြီးလျင် ပရိုဂရမ်ကို ဖွင့်လိုက်ပါက အောက်ပါအတိုင်းတွေ့ရပါမည်။


on December 22, 2015 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: နည်းပညာ

Monday, December 21, 2015

Visual Basic ပရိုဂရမ် ရေးကြမယ်


မိုက်ကရိုဆော့၏ Visual Basic 2010 နှင့် စတင်ကြပါမယ်
အခန်း ၄ခန်းခွဲပြီးတင်ပြထားဖို့ စီစဉ်ထားပါတယ်။

·         အခန်း(၁) မှာ Visual Studio IDE (Studio Integrated
Development Environment)
နှင့် ရှာဖွေခြင်း
·        
အခန်း (၂) မှာ သင့်ရဲ့ ပထမဦးဆုံး ပရိုဂရမ်တစ်ခုကို လက်တွေ့ ရေးကြည့့်ခြင်း
·        
အခန်း (၃) မှာ Toolbox Controls များနှင့် အလုပ်လုပ်ခြင်း
·        
အခန်း (၄) မှာ Menus နှင့် အလုပ်လုပ်ခြင်း၊ Toolbars များ၊ Dialog Boxes များ ပါဝင်မှာ ဖြစ်ပါတယ်။ မိုက်ကရိုဆော့ Visual Basic ရဲ့ မရှိမဖြစ် လိုအပ်တာတွေကို သင်ယူရရှိနိုင်ပါတယ်။

အခန်း (၁)
Visual Studio Studio IDE (Integrated Development Environment) နှင့် ရှာဖွေခြင်း IDE အတိုခေါက်ကို မှတ်ထားကြပါ နောက်ပိုင်းမှာ (Integrated Development Environment) အရှည်ကို မရေးပဲ IDE ဟုသာ ရေးသားဖေါ်ပြမည်ဖြစ်ပါတယ်။

ဒီအခန်း ပြီးတာနဲ့ သင်ဟာ
·         IDE ကို သုံးတတ် သွားပါမယ်

·         Visual Basic program တစ်ခုကို ဖွင့်တတ်ပါမယ် ပရိုဂရမ်ကို Run တတ်သွားပါမယ်၊

·         Property setting များကို ချိန်ညှိတတ်သွားပါမယ်

·         Tool Windows ကို အလိုအလျောက် Hide လုပ်တတ်ပါမယ်၊ အရွယ်အစားချိန်ညှိုတတ်ပါမယ်၊ ရွှေ့တတ်ပါမယ်၊ Dock လုပ်တတ်ပါမယ်။

·         IDE Navigator ကို သုံးတတ်ပါမယ်

·         Web browser တစ်ခုကို Visual Studio ထဲမှာ ဖွင့်တတ် သွားပါမယ်

·         Manage Help settings တွေလုပ်တတ်ပါမယ်၊


·         Customize IDE settings ကို တဆင့်ချင်း တဆင့်ချင်း ညွှန်ကြားချက်အတိုင်း ရွေးချယ် အသုံးပြုတတ်ပါမယ်။ ကဲ သင်တို့ အသင့် ဖြစ်ကြပါပြီလား
on December 21, 2015 No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels: နည်းပညာ

ပရို ဂရမ် ဘာသာရပ်သင်တန်းများ

ပရိုဂရမ် ဘာသာရပ် သင်တန်းများကို တဆင့်ချင်း ပို့ချပါမည်။

စာရေးစာဖတ်ရန် အဆင်ပြေသော ယူနီကုတ်ကို အသုံးပြုပါမည်၊ ပထမဦးစွာ Virtual Basic Programming ဘာသာရပ်များကို ပို့ချပါမည်။

Labels: နည်းပညာ

Tuesday, December 1, 2015

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘီလီယံနာ သူဋ္ဌေးအား ၁၆ နှစ် ကြာမှ ဘဏ်ဓါးပြအဖြစ် ဖမ်းမိ


လွန်ခဲ့သော ၁၆ နှစ်က ဘဏ်ဓါးပြတိုက်ခဲ့သူ ဘီလီယံနာ သူဌေးကြီးအား တရုတ်နိုင်ငံ ကျူးမားတျန်မြို့တွင်ဖမ်းမိခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)
    ကျန့်ကျိုး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန် ပြည်နယ်တွင် အိမ်ခြံမြေ သူဋ္ဌေးကြီး တစ်ဦးအား လွန်ခဲ့သော ၁၆ နှစ် က ဘဏ်ဓါးပြ တိုက်သူအဖြစ် ဓါးပြ တိုက်မှုတွင် ပါဝင်သူ လေးယောက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသခံ ရဲများက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်း ဘီလီယံနာ သူဋ္ဌေး၏ မျိုးရှိးအမည်မှာ ရှီဖြစ်ပြီး ၄င်းအား အောက်တိုဘာလ ၂၁ ရက်နေ့ ကျူမားတျန် မြို့တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခြား သံသယရှိသူ သုံးယောက်အား ယင်းနေ့တွင်ပင် ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံး ငါးယောက်မြောက် သံသယရှိသူကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ဟိုင်နန်ပြည်နယ် မြို့တော် ကျန့်ကျိုးမြို့ ပြည်သူ့ လုံခြုံရေး ဗျူရိုက ပြောကြားခဲ့သည်။

ကျူမားတျန် ဇာတိဖြစ်သော ရှီသည် အခြားအပေါင်းအပါ ၄ ဦး နှင့် အတူ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဘဏ်တစ်ခုအား ဓါးပြတိုက်ခဲ့ပြီး ငွေသား တရုတ်ယွမ် ၂.၀၈ သန်း (အမေရိကန် ဒေါ်လာ ၃၂၀,၀၀၀) ကို ယူဆောင်သွားကာ ဘဏ်ဝန်ထမ်း ၂ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှီသည်  ဘဏ်ဓါးပြတိုက်ရန် အစီအစဉ်ကို နောက်ကွယ်မှ ကြိုးကိုင် စီစဉ်ခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်သည် တစ်နိုင်ငံလုံးကို ထိတ်လန့်သွားစေသော်လည်း သံသယရှိသူ ငါးယောက်သည် ဥပဒေမှ နှစ်ပေါင်းများစွာ ရှောင်ပုန်းနိုင်ခဲ့ကြောင်း သိရသည်။ရှီသည် ဆောက်လုပ်ရေး စီမံကိန်း ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး ဓါးပြတိုက်မှုမှ ရရှိခဲ့သည့် ပိုက်ဆံ အားလုံးကို ကျူမားတျန်မြို့ ရှိ အိမ်ခြံမြေ ဈေးကွက်တွင် အသုံးပြုခဲ့ကာ ၄င်းမှ ဘီလီယံ များစွာ အကျိုးအမြတ် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



Posted via Blogaway
on December 01, 2015 No comments:
Labels: သတင်း
Location: Iraq

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပစ်ခတ်မှုဖြစ်၊ နှစ်ဘက်ဒဏ်ရာရ

ဓာတ်ပုံ - Banglar Chokh- Daily Star
By နော်နိုရင်း 17 June 2015
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ဝမှာ ဒီကနေ့ မနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကနေ မြန်မာရေပိုင်နက်ဘက်ကို ကျွံဝင်လာတဲ့ လှေတစီးကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“မနက် ၆ နာရီလောက်မှာ ဟိုဘက်က ကျနော်တို့ မြန်မာ့ရေပိုင်နက်မှာပေါ့။ ဒီနယ်စပ်နားမှာပဲ။ လှေတစီးတွေ့တာပေါ့။ မသင်္ကာဖွယ် လှေတစီးတွေ့လို့ မြန်မာဘက်က နယ်ခြားစောင့်ရဲကနေပြီး လှမ်းတားတာပေါ့။ လှမ်းခေါ်တော့ ဟိုဘက်က လှေကနေပြီး လက်နက်ငယ်နဲ့ စပစ်တယ်။ လှေပေါ်ကနေပြီးတော့။ ပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။”

ဒီပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၄ က ရဲဘော်တဦး ခြေဖ၀ါးမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။



Posted via Blogaway
on December 01, 2015 No comments:
Labels: သတင်း
Location: Iraq

Sunday, November 29, 2015

ကိုဘချော လက်သစ်တွေ မြန်မာ ပြည်မှာ ထွက် ပေါ်လာနေပြီ



×××××××××××××××××××××××××××××××××××××××××××
ငြိမ်းချမ်းရေး တွေ စဆွေးနွေးခါစက ဆွေးနွေးပွဲတွေမှာ လုံခြုံရေးလုပ်ရင်း တက်ရတော့ လူကြီးတွေကို လူတတ်ကြီး လုပ်ပြီး အကြံပေးခဲ့ဖူးတယ်။
အဘရယ် သူတို့ တောင်းဆိုတာတွေ ပေးပြီး လက်နက် တခါတည်း ချခိုင်း လိုက်ပြီးတာပဲ လို့ ပေါ့။ကိုယ် တိုင်းရင်းသား အချင်းချင်းပဲ ဟာ ပေါ့။
ဒီတော့ လူကြီးက ပြုံးတယ်။ ကောင်လေး အခုဆွေးနွေးနေကြတဲ့ အထဲက တောင်းဆိုမှု တွေကို လိုသမျှပေးလိုက်လို့ ငါ့အိပ်ထဲက စိုက်ပေးရမှာ တစ်ခုမှ မရှိဘူး။ လစာ ရိက္ခာလည်း မလျော့ သွားဘူး။ ငါရနေတဲ့ အခွင့် အရေး တွေကို လည်း မျှ မပေးရပါဘူး။
ငါတို့က ဝန်ထမ်းပဲ အချိန်တန်ရင် အငြိမ်းစား ယူသွားမှာပဲ ။ဒါပေမယ့် ငါတို့ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာ တိုင်းပြည်ရှေ့ရေးကို ကြည့်ရမယ်။ ပြည်ထောင်စု မပြိုကွဲဖို့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့ ဦးတည်ချက်ကို မပျောက်အောင် လုပ် ရမယ်။ လတ်တလော ရေတို ပြေလည်ဖို့ ငါ့ကို လူချစ်လူခင်များအောင် တစ်ခုတည်း နှင့် နိုင်ငံတော်ရဲ့ ပေါ်လစီ တွေကို လျှော့ ပေးလိုက်လို့ မရဘူးကွ ။ မင်း ရာထူးကြီးလာရင် နားလည် လာမှာ ပါကွာတဲ့ ။
မြန်မာ လူမျိုးများကလည်းရှေးလူကြီးတွေ ကို အပြစ်တင် လွှဲချတတ်ပုံက ဗိုလ်ချုပ် အောင်ဆန်းကိုတောင် တချို့ တိုင်းရင်းသားအစွန်းရောက်တွေက လူလိမ်ပါတဲ့ ပင်လုံ စာချုပ်ကို အကောင် အထည်ဖေါ် မပေးနိုင်ဘူးလို့ ပြောကြတယ်။ ရှမ်းတချို့ ကတောင် ရှမ်းနယ်တွေ ကချင် ပြည်နယ် ခေါင်းစဉ်အောက် ရောက်ကုန်တာ ဗိုလ်ချုပ် အောင် ဆန်း ကြောင့် လို့ ပြောကြတယ်။
ဦးနေဝင်း လက်ထက်မှာ နိုင်ငံသား ဥပဒေ တွေ လုပ်ခဲ့တယ် ရှမ်းစော်ဘွားတွေ ရဲ့ ပဒေသရာဇ် စနစ်ကို အဆုံးသတ် စေခဲ့တယ် ပြည်သူပိုင် သိမ်းပြီး လူမျိုး ခြား လက်ထဲက စီးပွားရေးလုပ်ငန်းတွေ ကို ပြန်ယူခဲ့တယ်။ ဒါပေမယ့် တခြား အားနည်း ချက်တွေ အများကြီး ရှိလို့ နာမည်ပျက်ခဲ့ရတယ်။
ဦးစောမောင်နှင့် ဦးသန်းရွှေ ကလည်း ၁၉၈၈ ကာလ တိုင်းပြည်ကြီး ဘုံးဘုံးလဲ ချွတ်ခြုံ ကျ လို့ နိုင်ငံခြားသုံးငွေ အရံငွေ အနည်း ငယ်သာရှိတော့ပြီး အကြွေးပတ်လည် ဝိုင်းနေချိန်မှာ ဂျပန် နိုင်ငံက မြန်မာပိုင် သံရုံးမြေနေရာကို ရောင်းပြီး အသက်ဆက်တဲ့ အခြေအနေ ကနေ ခေတ်မှီ တပ်မတော်တစ်ခုနှင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးခဲ့တယ် ။
ဒါပေမယ့် အများမျှော်လင့် ထားတဲ့ ခန့်မှန်းထားတဲ့ တိုးတက် သင့်တဲ့ အခြေအနေထက် နိုမ့်ကျနေတာကြောင့် အခြားသော ကိုယ်ကျိုး ရှာမှု ဒီမိုကရေစီ မဆန် အာဏာရှင် လုပ်ခဲ့လို့ အပြစ်တင်ခံ ခဲ့ရတယ် ။ အဆဲခံခဲ့ရတယ်။
တကယ်တော့ သူတို့လည်း သူတို့နေတဲ့တိုင်းပြည် သူတို့ ပျက်အောင် လုပ်ကြမယ် မထင်ဘူး။ ကောင်းမလား လုပ်ရင်း အတ္တများ လို့ အတွေးအခေါ် အစီအမံတွေ လွဲခဲ့တာ တော့ရှိမယ်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်က တိုင်းရင်းသားတွေကို လိုက်လျောမှုတွေ အများကြီး လုပ်ခဲ့ပြီး သူပုန်စိတ်ပျောက်အောင် လုပ်မယ် မြို့ ပေါ်မှာ ဥပဒေနှင့် နေတတ်အောင် လုပ်မယ် ဆိုတဲ့ အကြံ အစည်နှင့် ငြိမ်းချမ်းရေးတွေ လုပ်ခဲ့ပေမယ့် တချို့ က သူပုန်မွေးတယ် အင်အားကောင်းအောင် လုပ်ပေးတယ် သူနာမည်ရအောင်ပဲ ပေါ်ပင် လုပ်တာပါလို့ အပြစ်တင်ခံ ရတယ်။
ကျွန်တော့် ကို ပြန်ပြောပြတဲ့ အကြီးအကဲ ကလည်း တိုင်းပြည်ပြိုကွဲ မည့် အရေးကို သူနာမည် ပျက်မည့် အရေး ထက်ပို ကြောက်တယ် သမိုင်း မှာ ဒီလူတွေ မကောင်းလို့ မြန်မာပြည် ပြို ကွဲ ရတယ် အပြောမခံချင်လို့ အတိုက်အခံလုပ် ငြင်းပယ်မှုတွေ လုပ်ခဲ့ ရတယ် ဆိုတာ နောက်မှ နားလည်လာတယ်။
ဆိုဗီယက်ပြည်ထောင်စုကြီးကို အင်အားချိနဲ့အောင် ပြို ကွဲအောင် အမေရိကန်က တမင်ရည် ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ လူတိုင်း အသိပါ။
အထပ်ထပ် စုလာတဲ့ ယမ်းတွေထဲ ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ ကို ငြိမ်းချမ်းရေး နိုဘယ်ဆုပေး လိုက်ခြင်း ဟူသော စနက်တန် လေး တပ်ပေးလိုက်တော့ ကိုဘချောက ခွဲထွက် ရန် တောင်းဆို မှုတွေကို ထိထိရောက် ရောက် မကိုင်တွယ်ဘဲ နိုဘယ်ဆုကို ထိမ်းသိန်းရန်ကြိုး စားကာ တိုင်းပြည် ပြို ကွဲ ခဲ့ရတာပါဘဲ။
တစ်ခု ကောင်းတာက သူထဲက ဘာ ကစ္စတန် ညာ ကစ္စတန် မွတ်နိုင်ငံတွေ ခွဲ သွားတာ တစ်ခုကောင်း သလို ယူကရိန်းလိုနိုင်ငံ အင်အား ဆုံးရှုံး သွားတာတော့ အထိနာလှပါတယ်။
အပေါ်မှာ နိဒါန်းချီ ပြောခဲ့တာတွေက အကြောင်းရှိပါတယ် ။ မြန်မာပြည်မှာ လည်း တိုင်းပြည် အကျိုး အတွက် နာမည် ပျက်ချင် ပျက်ပေ့စေ ယုံကြည်ချက်နှင့် လုပ်ကြတဲ့ခေါင်းဆောင်တွေ ရှိသလို တိုင်းပြည်ကို ထိုးကျွေး ပြီး ကိုယ်ကျိုးရှာ နာမည်ယူ သွားမည့်သူ တချို့ တွေ့နေရပါတယ် ။ နာမည်ကောင်း လက်မှတ်လေးတွေ ကိုင် ပြီး နိုင်ငံရေးဇာတ်ခုံပေါ်က ဆင်းသွားမည့်သူ အချို့ နှင့် ဆက်လက်ကပြ မည့်သူ အချို့ တွေ့နေရမြင်နေရလို့ပါ။

ဝဏ္ဏဖေသော်
on November 29, 2015 No comments:
Labels: ဆောင်းပါး

Thursday, October 29, 2015

ဝါကျွတ်လပြည့်နေ့ ALA သီချင်း အသံချဲ့စက်ဖြင့် ဖွင့်ရာမှ ဘုန်းကြီးကျောင်းကို စစ်တပ်က ၀င်ရောက်ပြီး လူငယ် နှစ်ဦးအား ဖမ်းဆီးမှု ဖြစ်ပွား


ကျောက်တော်၊ အောက်တိုဘာ ၂၈

အောက်တိုဘာလ ၂၈ ရက်၊ သီတင်းကျွတ် လပြည့်နေ့ က ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် NCA တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးထိုးထားသည့် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်မှ ထုတ်ထားသော သီချင်းခွေအား အသံချဲ့စက်ဖြင့် ဖွင့်ရာမှ ယင်းကျောင်းအား စစ်တပ်က ၀င်ရောက်ပြီး လူငယ် နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ဖြစ်တာက နံနက် ၇ နာရီခွဲ- ၈ နာရီလောက်မှာ ဖြစ်တာပါ။ စစ်သားကတော့ ၂၀ လောက်ပါဝင်ပါတယ်။ အမြောက်တပ် ၃၇၇ တပ်ရင်းမှူး ကိုယ်တိုင် ပါတယ်။ လက်နက်မပါတဲ့ ၁၀ ယောက်လောက် ကတော့ ကျောင်းထဲကို ၀င်လာပြီး ကျန် ၁၀ ယောက်လောက်ကတော့ လက်နက်တွေနဲ့ ကျောင်းကို ၀ိုင်းထား တယ်။ ပြီးရင် ဆောင်းဘောက်နှစ်လုံး ပါသွားတယ်။ နောက်ပြီး တီဗီ အပေါ်စက် ပါသွားတယ်။ အောက်စက်လည်း ပါသွား တယ်။ နောက်ပိုင်း မှာ ခွေဖွင့်တဲ့ကလေးနှစ်ယောက်ကိုလည်း ဖမ်းယူသွားပါတယ်” ဟု အဆိုပါ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဦးဝရသာမိက နိရဉ္စရာသို့ မိန့်ကြားသည်။


ယခု စစ်တပ်က ၀င်ရောက်ဖမ်းဆီးခဲ့သော ဘုန်းတော်ကြီးကျောင်း မှာ ပြိန်းချောင်း ရွှေပါရမီကျောင်းဖြစ်ပြီး ကျောက်တော်မြို့ တောင်ဘက် ရန်ကုန်- စစ်တွေ ကားလမ်းဘေးတွင် တည်ရှိပြီး တရားဥပဒေ စိုးမိုးသော နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ပြိန်းချောင်းရွာသားများဖြစ်ကြသည့် အသက် ၂၈ နှစ်အရွယ် ကိုသိန်းညွန့်မောင် နှင့် အသက် ၁၅ နှစ် အရွယ် မောင်ဦးရွှေကျော် တို့ကို စစ်တပ်မှ အပေါက်ဝ ရဲစခန်းသို့ လွဲပြောင်းလိုက်ပြီး ညနေ ၄ နာရီခန့်တွင် သူတို့ နှစ်ဦးကို ခံဝန်ချက်ဖြင့် ရဲစခန်းမှ ပြန်လည် လွတ်ပေးလိုက်သည်ဟု သိရသည်။

“ ဖြစ်ပွားရတဲ့ အကြောင်းခံက ကလေးတွေက ၀ါကျွတ်လပြည့်နေ့ဆိုတော့ အသံချဲ့စက် ဖွင့်ကြတော့ ရခိုင်တပ်ဆိုလား အဲဒီက ထုတ်ထားတဲ့ သီချင်းကို ဖွင့်ကြတယ်။ အနီးအနားက သင်္ကန်းနက် ကျေးရွာမှာ ပ၀ါယနာ ပွဲရှိတော့ အဲဒီပွဲကို သွားဖို့ အစီအစဉ်ရှိတဲ့ အတွက် အသံချဲ့စက် ဖွင့်တာဖြစ်တယ်။ ဦးဇင်းက ကျောင်းပေါ်မှာ တပည့်တကာတွေနဲ့ သာသနာရေး၊ ဘာသာရေးနဲ့ ဇရပ်ကျောင်းကန် လုပ်ဖို့အတွက် ဆွေးနွေး နေကြတယ်။ ဒါကြောင့် ဦးဇင်းကတော့ အခြေအနေတွေကို မသိလိုက်ဘူး။ အောက်မှာ ကလေးတွေ ကတော့ ခွေဖွင့်တယ်လို့ပြောတယ်။ အဲဒီသီချင်းတွေကို နှစ်ကျော့ပြန် ဖွင့်တယ်ဆိုပြီးတော့ တပ်ရင်းမှူးက မာန်နဲ့လာပြီးတော့ တပည့်တွေနဲ့အတူ အခုလို သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဇင်းကတော့ ဆွမ်းလည်း မသုံးလိုက်ရဘူး။ ရွာသားတွေရဲ့ ပ၀ါယနာပွဲ သွားမယ့် ခရီးစဉ်လည်း ပျက်သွားတယ်” ဟု ပြောသည်။


ALA သည် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၏ လက်အောက်ခံ တပ်ဖြစ်ပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားသည့်ပါတီတစ်ခုဖြစ်သည်။ သို့အတွက် ၎င်းသီချင်းခွေအား မည်သည့်အချိန် မည်သည့်နေရာတွင်မဆို တရားဝင် ဖွင့်ခွင့်ရှိသည်ဟု ယူဆသောကြောင့် ဖွင့်၍ နားထောင် မိခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

“ကျနော်တို့အမြင်ပြောရမယ်ဆိုရင်တော့ တကယ်လို့ သူတို့က ဒီအခွေကို ဒီနေရာမှာ ဖွင့်လို့ မသင့်တော်ဘူး ဆိုရင်လည်း အခုချိန်မှာ နေ့ကြီးရက်ကြီး အခါကြီးသမယမှာ ဗုဒ္ဓဘာသာရဲ့ဓလေ့ထုံးစဉ်အရ ကောင်းမှု ကုသိုလ်တွေ လုပ်နေတဲ့ အခါသမယမှာ၊ အဲဒီအချိန်မှာတော့ သူတို့ သင့်တင့်လျောက်ပတ်တဲ့ နည်းနဲ့ ဒီအခွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အခွေ၊ မတော်မလျော်တဲ့အခွေ၊ ဒါကြောင့် ဒီအခွေတွေကိုနောက်မဖွင့်နဲ့၊ တားဆီး ရင်လည်း ဒီကလူတွေကတော့ သဘောပေါက်ပြီးသားပါ။ အားလုံးလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို တရားဥပဒေကို လေးစားလိုက်နာကြတဲ့သူတွေပါ။ အခုတော့ အဲလိုမဟုတ်ဘဲ အမှန်တကယ် အစိမ်းရောင် နယ်မြေထဲမှာ သူတို့ကို တော်လှန်နေတဲ့၊ ပုန်ကန်နေတဲ့ သူတွေကို နိုင်ထက်စီးနင်း သတ်ဖို့၊ ဖြတ်ဖို့ ပုံစံမျိုးနဲ့ ရမ်းရမ်းကားကားနဲ့ လုပ်တော့ အနိုင်လာကျင့်တယ်လို့ မြင်ပါတယ်” ဟု ဒေသခံတစ်ဦး ဖြစ်သူ ဦးအောင်ပန်းကျော်က နိရဉ္စရာနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တပ်ရင်းမှူးနှင့် အတူလိုက်ပါလာသည့်တပ်သားတချို့သည် ယူနီဖောင်း အပြည့်ဖြင့် လက်နက်များကိုင်ဆောင်ထားကြပြီး တချို့တပ်သားများမှာ အရပ်ဝတ်များ ဝတ်ထားကြသည်ကို မြင်တွေ့ရသည်ဟု မျက်မြင်ဒေသခံ များက ဆိုသည်။

ဖမ်းဆီးခံရသူ ကိုသိန်းညွန့်မောင်နှင့် မောင်ဦးရွှေကျော်တို့ကို ဆက်လက် တရားစွဲဆိုမည်ဟု ဆိုသဖြင့် သက်ဆိုင်ရာ အပေါက်ဝ ရဲစခန်းသို့ ဆက်လက် မေးမြန်းရာ ရဲစခန်းမှူး အောင်မင်းစိုးက “ သူတို့ နှစ်ဦးကို လွတ်လိုက်ပါပြီ။ ကျွန်တော်တို့ ကတော့ တရားမစွဲပါဘူး။ ဒီအခွေက နိုင်ငံတော်အဆင့် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့က ထုတ်တာ ဖြစ်တဲ့ အတွက် ဒီသီချင်းခွေ ဖွင့်တာနဲ့ တရားစွဲလို့ မရဘူးလို့ တပ်ရင်းမှူးကို ပြောလိုက်ပါတယ်။ တပ်ရင်းမှူးကတော့ အေအေက သီချင်းခွေလို့ထင်တဲ့ အတွက် ဖမ်းတာပါ။ ကျွန်တော် အသေအချာ စစ်ကြည့်တော့ ALA က ထုတ်တဲ့ အခွေဖြစ်ပါတယ်။ တရားစွဲမယ် ဆိုရင်တော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရှိဘဲနဲ့ အသံချဲ့စက် ဖွင့်မှုနဲ့တော့ တရားစွဲလို့ ရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အသံချဲ့စက်ဖွင့်ရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်မယူဘဲ အသံချဲ့စက်ဖွင့်ခွင့် မရှိဘူးလားဟု မေးမြန်းရာ သူက “ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဥပဒေထဲမှာတော့ အုပ်ချုပ်ရေးမှူး ခွင့်ပြုချက် မရရင် အသံချဲ့စက် ဖွင့်ခွင့် မရှိဘူးလို့ပါဝင်ပါတယ်” ဟု ဆိုသည်။

တရားဥပဒေစိုးမိုးသော နယ်မြေတစ်ခုတွင် ရဲက ဆောင်ရွက် လုပ်ကိုင်ရမည့် အလုပ်ကို စစ်တပ်က ၀င်ရောက် လုပ်ကိုင်သည့် အပေါ် တရား ဥပဒေရှုထောင့်က ကြည့်ပြီး မည်သို့ သုံးသပ် ပြောကြား လိုပါသလဲဟု မေးမြန်းရာ ရဲစခန်းမှူး အောင်မင်းစိုးက “ ယခု မေးခွန်းကို သက်ဆိုင်ရာ တပ်ရင်းမှူးကိုသာ မေးကြည့်ပါ” ဟု ပြန်လည် ဖြေကြားသည်။

ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်အသုံးပြုပါက အဆိုပါအမှု၏ ပြစ်ဒဏ်မှာ ဒဏ်ငွေကျပ် (၅၀၀၀) ပေးဆောင် ရမည်ဖြစ်ပြီး ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက ၇ ရက်ထက်မပိုသည့် ထောင်ဒဏ်ကို ကျခံ ရမည် ဖြစ်သည်ဟု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေနှင့်နည်းဥပဒေတွင် ဖော်ပြထားသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews/
on October 29, 2015 No comments:
Labels: သတင်း

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘီလီယံနာ သူဋ္ဌေးအား ၁၆ နှစ် ကြာမှ ဘဏ်ဓါးပြအဖြစ် ဖမ်းမိ

လွန်ခဲ့သော ၁၆ နှစ်က ဘဏ်ဓါးပြတိုက်ခဲ့သူ ဘီလီယံနာ သူဌေးကြီးအား တရုတ်နိုင်ငံ ကျူးမားတျန်မြို့တွင်ဖမ်းမိခဲ့စဉ် (ဓာတ်ပုံ-အင်တာနက်)
    ကျန့်ကျိုး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန် ပြည်နယ်တွင် အိမ်ခြံမြေ သူဋ္ဌေးကြီး တစ်ဦးအား လွန်ခဲ့သော ၁၆ နှစ် က ဘဏ်ဓါးပြ တိုက်သူအဖြစ် ဓါးပြ တိုက်မှုတွင် ပါဝင်သူ လေးယောက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသခံ ရဲများက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်း ဘီလီယံနာ သူဋ္ဌေး၏ မျိုးရှိးအမည်မှာ ရှီဖြစ်ပြီး ၄င်းအား အောက်တိုဘာလ ၂၁ ရက်နေ့ ကျူမားတျန် မြို့တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခြား သံသယရှိသူ သုံးယောက်အား ယင်းနေ့တွင်ပင် ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံး ငါးယောက်မြောက် သံသယရှိသူကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း ဟိုင်နန်ပြည်နယ် မြို့တော် ကျန့်ကျိုးမြို့ ပြည်သူ့ လုံခြုံရေး ဗျူရိုက ပြောကြားခဲ့သည်။

ကျူမားတျန် ဇာတိဖြစ်သော ရှီသည် အခြားအပေါင်းအပါ ၄ ဦး နှင့် အတူ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဘဏ်တစ်ခုအား ဓါးပြတိုက်ခဲ့ပြီး ငွေသား တရုတ်ယွမ် ၂.၀၈ သန်း (အမေရိကန် ဒေါ်လာ ၃၂၀,၀၀၀) ကို ယူဆောင်သွားကာ ဘဏ်ဝန်ထမ်း ၂ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှီသည်  ဘဏ်ဓါးပြတိုက်ရန် အစီအစဉ်ကို နောက်ကွယ်မှ ကြိုးကိုင် စီစဉ်ခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်သည် တစ်နိုင်ငံလုံးကို ထိတ်လန့်သွားစေသော်လည်း သံသယရှိသူ ငါးယောက်သည် ဥပဒေမှ နှစ်ပေါင်းများစွာ ရှောင်ပုန်းနိုင်ခဲ့ကြောင်း သိရသည်။ရှီသည် ဆောက်လုပ်ရေး စီမံကိန်း ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး ဓါးပြတိုက်မှုမှ ရရှိခဲ့သည့် ပိုက်ဆံ အားလုံးကို ကျူမားတျန်မြို့ ရှိ အိမ်ခြံမြေ ဈေးကွက်တွင် အသုံးပြုခဲ့ကာ ၄င်းမှ ဘီလီယံ များစွာ အကျိုးအမြတ် ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
on October 29, 2015 No comments:
Labels: သတင်း

Monday, October 26, 2015

အဂတိ လိုက်စားမှုကင်းစင်သော အစိုးရအဖြစ် တည်ဆောက်မည့် ဒေါ်စုကြည် ပါတီအတွင်း မှ ခြများ











"နိုင်ငံတော် ဘဏ္ဍာ ပြည်သူ့ ဘဏ္ဍာ တွေကို ခိုးစားနေတဲ့ သူတွေ NLD မှာ မရှိဘူးတဲ့လား"
ဆေးတက္ကသိုလ် (မန္တလေးပါမောက္ခချုပ်ဟောင်း) ဒေါက်တာသန်းဝင်းသည်... မန္တလေး ဆေးတက္ကသိုလ် မှာ ပါမောက္ခ လုပ်ခဲ့စဉ်က ဆေးတက္ကသိုလ်ကျောင်းသားတွေ ဆီကနေ ပိုက်ဆံတွေကောက်လို့ရတဲ့ငွေတွေ၊ တက္ကသိုလ် ရန်ပုံငွေ အတွက် ဖွင့်တဲ့ ဈေးဆိုင်တွေက ရတဲ့ ငွေတွေ၊ ကျောင်းသားတွေ ဆီက ကျောင်းအပ်ခ၊ ကောင်းသားကဒ်ပျက်စီး၊ အထွေထွေကြေး၊ စာတမ်းဖတ်၊ အဆောင်ငှားခ၊ စတဲ့ ငွေပေါင်း သိန်း ၃၀၀၀ ကျော်.. ၄၀၀၀ နီးပါးလောက် နိုင်ငံတော်ကို မတင်ပဲ အလွဲသုံးစားလုပ်ခဲ့တယ်..
အဲဒီလို အလွဲသုံးစားမှုတွေ ကျူးလွန်ခဲ့သည့် ဒေါက်တာသန်းဝင်း ဟာဆိုရင် NLD ပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မန္တလေးတိုင်းကနေ ၀င်ရောက် ယှဉ်ပြိုင်တော့ မှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့သော ပြည်သူ့ ဘဏ္ဍာ တွေကို အလွဲသုံးစား လုပ်စားခဲ့တဲ့ သူကို ပြည်သူတွေ ယုံကြည်ထိုက်ပါသလား? ပြည်သူ့ကိုယ်စားလှယ်လောင်း ဖြစ်ထိုက်ပါသလား?
NLD ပါတီထဲမှာ ဘုန်းဘုန်းကနေ ရေဘေးသင့်ပြည်သူတွေကို လှူတဲ့ ငွေကိုတွေ အလွဲသုံးစားလုပ်(ဘတ်) တဲ့ ပဲခူးတိုင်းဒေသကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့…
ကျေးရွာမီးလင်းရေး အတွက် ကျပ်သိန်း ၈၀၀ ကျော်ယူထားပြီး ရှင်းလင်းခြင်းမပြုပဲ ဘတ်ထားတဲ့ ပဲခူးတိုင်းဒေသကြီး ထန်းတပင်က ကိုယ်စားလှယ်နဲ့…
တောင်ကြီးခရိုင်မှာ ငွေကြေးလိမ်လည်မှုနဲ့ အဖမ်းဆီးခံရတဲ့ NLD အတွင်းရေးမှူးနဲ့…
အင်း… ပြည်ခိုင်ဖြိုးကိုသာ တိုင်းပြည်သူ့ဘဏ္ဍာခိုးနေတဲ့ သူခိုးတွေလို့  လက်ညှိုးထိုး စွပ်စွဲနေကြတာ ကိုယ့်ပါတီဖြစ်တဲ့ NLD ထဲမှာလဲ... ဒီလိုမျိုး ပြည်သူ့ ဘဏ္ဍာတွေကို ဘက်တဲ့ ခိုးတဲ့ လူတွေ ပါနေတာကို ဘယ်လိုလုပ်ကြမလဲ?
ဒေါ်စုက ကာဗာလုပ်ပြီး လူကိုမကြည့်ပါနဲ့ ပါတီကို ကြည့်ပါ လူမကောင်းရင် ဆုံးမပါ့မယ် ဘာညာနဲ့ ဖောရွှီးလုပ်ထားတာတောင် ရှေ့ကဖုံး… နောက်ကပေါ်ဖြစ်နေတာ… နောက်ထပ် ဒါမျိုးဘယ်နှစ်ယောက်တောင် ရှိနေအုန်းမလဲဆိုတာ ဘယ်သူပြောနိုင်သလဲ?
ရှိခဲ့ရင်ကော ထိထိရောက်ရောက် အပြောနဲ့ အလုပ်ညီအောင် ဘယ်လို ဆုံးမ မှာလဲဆိုတာကို… လောလောဆယ် ဖြစ်ပွားနေတဲ့ ရေဘေးသင့် ပြည်သူတွေအတွက် လှူတဲ့ ငွေကို အလွဲသုံးစားလုပ်ထားတဲ့ NLD ပါတီရဲ့ ပဲခူးတိုင်းဒေသကြီးက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်ရဲ့ အမှုကို ဖောရှောနဲ့ပြီးမှာလား အရေးယူမှာလားဆိုတာကို စောင့်မျှော် ကြည့်ရူ့ကြပါကုန်…
(သက်သေနဲ့တစ်ကွ ဖတ်ရူ့ကြည့်ကြပါကုန်)
ATT
 https://www.facebook.com/permalink.php?story_fbid=1017623201591151&id=555144427839033
on October 26, 2015 No comments:
Labels: သတင်း, ဆောင်းပါး
Newer Posts Older Posts Home
Subscribe to: Posts (Atom)

About Me

izna_nadi.blog.com
View my complete profile

ယခင် ဖြန့်ဝေခဲ့သောသတင်းများ

  • ►  2011 (7)
    • ►  06/05 - 06/12 (3)
    • ►  06/19 - 06/26 (1)
    • ►  07/03 - 07/10 (2)
    • ►  12/04 - 12/11 (1)
  • ►  2014 (2142)
    • ►  02/09 - 02/16 (2)
    • ►  02/16 - 02/23 (35)
    • ►  02/23 - 03/02 (37)
    • ►  03/02 - 03/09 (17)
    • ►  03/09 - 03/16 (3)
    • ►  03/16 - 03/23 (7)
    • ►  03/23 - 03/30 (4)
    • ►  03/30 - 04/06 (18)
    • ►  04/06 - 04/13 (94)
    • ►  04/13 - 04/20 (84)
    • ►  04/20 - 04/27 (118)
    • ►  04/27 - 05/04 (178)
    • ►  05/04 - 05/11 (33)
    • ►  05/18 - 05/25 (132)
    • ►  05/25 - 06/01 (146)
    • ►  06/01 - 06/08 (145)
    • ►  06/08 - 06/15 (150)
    • ►  06/15 - 06/22 (164)
    • ►  06/22 - 06/29 (200)
    • ►  06/29 - 07/06 (128)
    • ►  07/06 - 07/13 (99)
    • ►  07/13 - 07/20 (127)
    • ►  07/20 - 07/27 (64)
    • ►  07/27 - 08/03 (54)
    • ►  08/03 - 08/10 (5)
    • ►  08/10 - 08/17 (32)
    • ►  08/17 - 08/24 (27)
    • ►  08/24 - 08/31 (8)
    • ►  08/31 - 09/07 (1)
    • ►  09/07 - 09/14 (11)
    • ►  09/14 - 09/21 (5)
    • ►  09/21 - 09/28 (4)
    • ►  12/28 - 01/04 (10)
  • ►  2015 (385)
    • ►  01/04 - 01/11 (20)
    • ►  01/11 - 01/18 (34)
    • ►  01/18 - 01/25 (30)
    • ►  01/25 - 02/01 (3)
    • ►  02/08 - 02/15 (15)
    • ►  02/15 - 02/22 (60)
    • ►  02/22 - 03/01 (64)
    • ►  03/01 - 03/08 (15)
    • ►  03/08 - 03/15 (3)
    • ►  03/15 - 03/22 (10)
    • ►  03/22 - 03/29 (5)
    • ►  03/29 - 04/05 (2)
    • ►  04/05 - 04/12 (23)
    • ►  04/12 - 04/19 (11)
    • ►  04/19 - 04/26 (4)
    • ►  04/26 - 05/03 (4)
    • ►  05/03 - 05/10 (3)
    • ►  05/17 - 05/24 (3)
    • ►  06/07 - 06/14 (26)
    • ►  06/14 - 06/21 (11)
    • ►  06/21 - 06/28 (9)
    • ►  06/28 - 07/05 (2)
    • ►  08/02 - 08/09 (5)
    • ►  10/18 - 10/25 (11)
    • ►  10/25 - 11/01 (5)
    • ►  11/29 - 12/06 (3)
    • ►  12/20 - 12/27 (4)
  • ►  2016 (34)
    • ►  01/10 - 01/17 (4)
    • ►  01/24 - 01/31 (10)
    • ►  06/26 - 07/03 (1)
    • ►  07/17 - 07/24 (2)
    • ►  07/24 - 07/31 (4)
    • ►  07/31 - 08/07 (5)
    • ►  08/07 - 08/14 (1)
    • ►  08/14 - 08/21 (3)
    • ►  08/28 - 09/04 (1)
    • ►  09/04 - 09/11 (1)
    • ►  09/18 - 09/25 (1)
    • ►  11/20 - 11/27 (1)
  • ►  2017 (271)
    • ►  01/15 - 01/22 (1)
    • ►  03/05 - 03/12 (1)
    • ►  03/19 - 03/26 (2)
    • ►  03/26 - 04/02 (71)
    • ►  04/02 - 04/09 (14)
    • ►  04/16 - 04/23 (8)
    • ►  04/23 - 04/30 (34)
    • ►  04/30 - 05/07 (9)
    • ►  05/07 - 05/14 (27)
    • ►  05/14 - 05/21 (20)
    • ►  05/21 - 05/28 (21)
    • ►  05/28 - 06/04 (15)
    • ►  06/25 - 07/02 (1)
    • ►  07/02 - 07/09 (4)
    • ►  07/09 - 07/16 (5)
    • ►  07/23 - 07/30 (13)
    • ►  07/30 - 08/06 (2)
    • ►  08/06 - 08/13 (2)
    • ►  08/13 - 08/20 (5)
    • ►  08/20 - 08/27 (5)
    • ►  08/27 - 09/03 (4)
    • ►  09/10 - 09/17 (4)
    • ►  09/17 - 09/24 (3)
  • ▼  2023 (1)
    • ▼  08/27 - 09/03 (1)
      • လက္ခဏာစာအုပ်

Labels

  • ကျန်းမာရေး
  • စစ်ရေး
  • စီးပွါးရေး
  • တိုင်စာ
  • နည်းပညာ
  • မှုခင်း
  • ရင်ဖွင့်လွှာ
  • ရသ
  • လူ့အခွင့်အရေး
  • သတင်း
  • သတင်းဓါတ်ပုံများ
  • သလျော်စာ
  • အမျိုးဘာသာ သာသနာရေး
  • အိပ်ဖွင့်ပေးစာ
  • ဆောင်းပါး
  • ဖျေဖျော်ရေး
  • နိုင်‌ငံ‌ရေး

Report Abuse

သတင်းအသစ် ရယူလိုလျှင်

SUSCRIBE ကိုနှိပ်ပါ သတင်းအသစ် တင်လာသမျှ သင်၏ အီးမေးထဲသို့ ပို့ပေးပါမည်။

Followers

Contact Form

Name

Email *

Message *

  • ရခိုင်ပြည်နယ်မှာ MSF နဲ့ Malteser အန်ဂျီအိုတွေကို ခွင့်မပြုဖို့ ECC ဆုံးဖြတ်
    25 April 2014 ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ပေးရေးတွေ အတွက် Malteser International အဖွဲ့နဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်မျ...
  • သရဲခြောက်သောအိမ်ကြီးရှိအိမ်ရှင်အား အင်တာဗျုးသွားလုပ်သော သတင်းထောက် သရဲ၏ကုတ်ခြစ်ခံရဟုဆို
    အမေရိကန်ပြည်ထောင်စု၊ပင်န်ဆိုင်ဗင်းနီးယား၊ဟန်နိုဗာမြို့က မာပဲလ်လမ်းသွယ်မှာရှိတဲ့ သရဲခြောက်တဲ့အိမ် တစ်အိမ်ကို အင်တာဗျူးသတင်းသွားယူတဲ့သတင်းထေ...
  • KIA အဖွဲ့မှ တရုတ်သစ်ခိုးဂိုဏ်းအား ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော်ဖြင့် လုပ်ကိုင်ခွင့်ပြုထား
    မတ်လ ၂၄ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော တရားမ၀င် သစ်များခိုးထုတ်နေမှုများနှင့် ပတ်သက်၍ တရုတ်သစ်ခိုးဂိုဏ်းတစ်ခုအား ကချင...

Search This Blog

လူဖတ်များသောသတင်းများ

  • Home

လက္ခဏာစာအုပ်

Popular Posts

  • ရခိုင်ပြည်နယ်မှာ MSF နဲ့ Malteser အန်ဂျီအိုတွေကို ခွင့်မပြုဖို့ ECC ဆုံးဖြတ်
    25 April 2014 ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ပေးရေးတွေ အတွက် Malteser International အဖွဲ့နဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်မျ...
  • သရဲခြောက်သောအိမ်ကြီးရှိအိမ်ရှင်အား အင်တာဗျုးသွားလုပ်သော သတင်းထောက် သရဲ၏ကုတ်ခြစ်ခံရဟုဆို
    အမေရိကန်ပြည်ထောင်စု၊ပင်န်ဆိုင်ဗင်းနီးယား၊ဟန်နိုဗာမြို့က မာပဲလ်လမ်းသွယ်မှာရှိတဲ့ သရဲခြောက်တဲ့အိမ် တစ်အိမ်ကို အင်တာဗျူးသတင်းသွားယူတဲ့သတင်းထေ...
  • KIA အဖွဲ့မှ တရုတ်သစ်ခိုးဂိုဏ်းအား ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော်ဖြင့် လုပ်ကိုင်ခွင့်ပြုထား
    မတ်လ ၂၄ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော တရားမ၀င် သစ်များခိုးထုတ်နေမှုများနှင့် ပတ်သက်၍ တရုတ်သစ်ခိုးဂိုဏ်းတစ်ခုအား ကချင...
အဉ္စနနဒီ. Ethereal theme. Powered by Blogger.