Wednesday, March 29, 2017

မြန်မာ MIG တိုက်လေယာဉ်တွေကို ရုရှား အဆင့်မြှင့်တင်ပေး

MIG-29 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်
MIG-29 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်
RFA
မြန်မာအစိုးရလေတပ်က ဝယ်ယူခဲ့တဲ့ ရုရှားနိုင်ငံလုပ် MIG-29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို မော်စကိုမြို့အနီးက စက်ရုံတွေမှာ အဆင့်မြှင့်မွန်းမံတတ်ဆင်မှုတွေ ယခုလတ်တလော ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မလေးရှားမှာ အရင်အပတ်ကကျင်းပတဲ့ လေကြောင်းပြပွဲကို တက်ရောက်ခဲ့တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့က အဲဒီ သတင်းကို ပြောကြားခဲ့တာဖြစ်ပြီး အလားတူ MIG- 29 တိုက်လေယာဉ်ပျံတွေ ဝယ်ယူထားတဲ့ မလေးရှားနဲ့ ဘင်္ဂ လားဒေ့ရှ် အစိုးရတွေကိုလည်ြး မန်မာ့တပ်မတော်နည်းတူ အဆင့်မြင့်မွန်းမံမှုတွေ ပြုလုပ်ဖို့ ရုရှားကကမ်းလှမ်း ခဲ့တယ်လို့ မနေ့ကရတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရဟာ အဲဒီ MIG -29 တိုက်လေယာဉ်ပျံ ၁ဝ စင်းကို ၂ဝဝ၁ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာ နောက် ထပ် ၁၆ စင်းဝယ်ယူခဲ့ပါတယ်။ ထပ်မံဝယ်ယူတဲ့ တိုက်လေယာဉ်တွေ ထဲက ၆ စင်းဟာ ပိုပြီးအဆင့်မြင့်တဲ့ MIG- 29SE အမျိုးအစားတွေဖြစ်ပါတယ်။ တပါတည်းဝယ်ယူခဲ့တဲ့ လေ့ကျင့်ရေးတိုက်လေယဉ် ၆ စင်းကိုပါ ထည့်သွင်းမယ် ဆိုရင် မြန်မာလေတပ်မှာ လက်ရှိအားဖြင့် MIG-၂၉ တိုက်လေယာဉ် ၃၂ စင်းရှိပါတယ်

Brexit က နှုတ်ထွက်စာ ၀န်ကြီးချုပ် May လက်မှတ်ထိုး

ဗြိတိန်ဝန်ကြီးချုပ် Theresa May

ဗြိတိန်ဝန်ကြီးချုပ် Theresa May
 VOA
EU ဥရောပသမဂ္ဂထဲက ဗြိတိန်နိုင်ငံနှုတ်ထွက်မယ့်အကြောင်း တရားဝင် အကြောင်းကြား စာမှာ ဗြိတိန်ဝန်ကြီးချုပ် Theresa May အင်္ဂါနေ့ညပိုင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအကြောင်းကြားစာကို ဒီနေ့ မတ်လ ၂၉ ရက် နေ့လည်ကျရင် EU ဆိုင်ရာ ဗြိတိန် အမြဲတမ်းသံအမတ်ကြီး Tim Barrow က ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဆီကို ကိုယ်တိုင်သွားရောက်ပေးအပ်မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် May ကတော့ Cabinet ဝန်ကြီးအဖွဲ့ကို မနက်ပိုင်းမှာ ဦးဆောင်စည်းဝေးပြီးရင် EU ကို နှုတ်ထွက်စာ ပေးပို့ခဲ့တဲ့အကြောင်း ဗြိတိန်ပါလီမန်ကို အကြောင်းကြားမှာ ဖြစ် ပါတယ်။ အင်္ဂါနေ့ညကတော့ ဝန်ကြီးချုပ် May ဟာ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ကို တယ်လီဖုန်းပေါ်ကနေ ဆက်သွယ်စကားပြောခဲ့ပါတယ်။ ဗြိတိန်နို်င်ငံတဝန်း ပြီးခဲ့တဲ့နှစ် June လမှာလုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ EU ထဲကနေနှုတ်ထွက်ဖို့ ပြည်သူအများ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ခုလို တရားဝင်နှုတ်ထွက်တဲ့ လုပ်ငန်းစဉ်ကို စတင်တာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ အကြောင်းကြားစာရရင် ဥရောပကောင်စီဥက္ကဋ္ဌက ကျန် EU နိုင်ငံခေါင်းဆောင်ေ တွနဲ့ ဆွေးနွေးပြီး EU ဖက်က ကိုယ်စားပြု ညှိုနှိုင်းဆွေးနွေးမယ့်သူကို ရွေးချယ်ပါလိမ့်မယ်။ ညှိုနှိုင်းမှုတွေအတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေကို သတ်မှတ်ပြီးရင်တော့ တရားဝင် ညှိုနှိုင်းဆွေးနွေးမှုတွေကို ဗြိတိန်ကိုယ်စားလှယ်နဲ့ စတင်မှာဖြစ်ပါတယ်။ စုစုပေါင်း ညှိုနှိုင်းမှုတွေအတွက် ၂ နှစ်အချိန်သတ်မှတ်ထားတဲ့အတွက် ၂၀၁၉ မတ်လမှာ EU ထဲကနေ ဗြိတိန်နိုင်ငံအပြီးတိုင် နှုတ်ထွက်သွားမှာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ ခုလို EU အဖွဲ့ဝင်နိုင်ငံတခုကနေ နှုတ်ထွက်တာဟာ အခုမှ ပထမဆုံး အကြိမ် ဖြစ်သလို ရှုပ်ထွေး ခက်ခဲတဲ့ကိစ္စအများအပြားကို ညှိုနှိုင်းရမှာဖြစ်လို့ ၂ နှစ်ထက် အချိန်ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။ တကယ်လို့ EU အဖွဲ့ဝင် ၂၇ နိုင်ငံလုံးရဲ့ ထောက်ခံချက်ရရင် ညှိုနှိုင်းမှုတွေအတွက် အချိန်တိုးနိုင်မှာ ဖြစ်ပါတယ်။ EU ထဲမှာ ဆက်နေဖို့ အများစုလိုလားနေတဲ့ Scotland နယ်ကို ဗြိတိန်ထဲကနေ သီးခြားခွဲထွက်သင့် မသင့် ဆန္ဒခံယူပွဲနောက်တခါလုပ်နိုင်ရေးအတွက် Scotland ပါလီမန်မှာ အင်္ဂါနေ့ကပဲ မဲခွဲခဲ့ပါတယ်။ ဆန္ဒခံယူပွဲလုပ်ခွင့်ကို ဗြိတိန်ပါလီမန်မှာ တောင်း ခံဖို့ ထောက်ခံမဲ ၆၉ မဲ ကန့်ကွက်မဲ့ ၅၉ မဲရရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ရေးဆွဲမှုကို စိစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

ရန်ကုန်၊ မတ် ၂၈ ။                 ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးဘတ်ဂျက်ရေးဆွဲမှုကို သေသေချာချာ စစ်ဆေးသင့်ပြီး ဖြတ်တောက်သင့်သည်များကို ဖြတ်တောက်ရန် တိုင်းဒေသကြီး ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုခဲ့သည်။
မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(တတိယ)နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးစဉ် ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။
"အစိုးရအဖွဲ့က သေသေချာချာဖိဖိစီးစီးနဲ့ စစ်ဆေးမဖော်ထုတ်ဘူးဆိုရင် နေရင်းထိုင်ရင်းနဲ့ အစိုးရရဲ့ ဂုဏ်သိဏ္ခာတွေ ကျဆင်းမှာ ဖြစ်ပါတယ်" ဟု ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မှတ်ချက်ပြု ပြောဆိုခဲ့သည်။
အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုကို လွှတ်တော်ကိုယ်စားလှယ်များက လေ့လာရာတွင် ဦးစားပေး လုပ်ဆောင်ရန် မသင့်လျော်သည့် လုပ်ငန်းများကို တွေ့ရှိရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ အလေအလွင့်မဖြစ်စေရန် ၎င်းလုပ်ငန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တားမြစ်ပေးဖို့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက လွှတ်တော်၌ သုံးသပ်ချက်အစီရင်ခံစာပေးပို့ပြီး ဆွေးနွေးခဲ့သည်။
"ကျွန်မတို့ကိုယ်စားလှယ်တွေ အများစုဆွေးနွေးခဲ့ကြတဲ့ သန်းတစ်ထောင်တန် တံတားတွေကိစ္စဆို ပြုပြင်ထားတာ ဘာမှမတွေ့ရပါဘူး" ဟု ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အစိုးရတင်သွင်းလာသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဝေဖန်ပြောဆိုခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွင်း မြို့တော်စည်ပင်သာယာပိုင် ဂေါက်ကွင်းနှစ်ကွင်း၏ ပြုပြင်ထိန်းသိမ်းစရိတ်များ၊ ဆိပ်ကမ်း၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်းမြို့နယ်များတွင် တည်ဆောက်ရန် တင်ပြထားသည့် ခုံးကျော်တံတားများ တစ်စင်းလျှင် ကျပ်သန်းတစ်ထောင် တောင်းခံထားမှုနှင့် အစိုးရအဖွဲ့၏ E-Government လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်သန်း တစ်ထောင် တောင်းခံထားမှုများအပေါ် မသင့်လျော်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့သည်။
ထို့အပြင် လမ်းသန့်ရှင်းရေးကားများကို ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီမှ ဝယ်ယူရာတွင် ကာလတန်ကြေးထက် ပိုမိုများပြားနေသည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သော်လည်း
ယခုဘဏ္ဍာနှစ်တွင်လည်း ယခင်ဈေးနှုန်းအတိုင်း အဆိုပါ ယာဉ်လေးစီး ထပ်မံဝယ်ယူသွားမည်ဟု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းတောင်းခံထားသည်။

Mizzima

အဉ္ဖနဒေ၀ီမင်းသမီးရုပ်ထု အမ်းမြို့ မှာ ရှိစေဘို့ 




Image may contain: 1 person

28 March 2017

ရခိုင်ပြည်နယ် အမ်းမြို့ နယ် ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော်တို့  အာရုဏ်စိုက်ကြည့်ကြသည် ။ ရခိုင်လူမျိုးသာမဟုတ်-အားလုံးသော နိုင်ငံရေးနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များက သေသေချာချာ လေ့လာကြသည် ။
ပထမဦးစွာ ယခုယှဉ်ပြိုင်ကြမည့် သူတို့ အထဲတွင် လူထုအကြားရေပန်းစားသူများက မည်သူ-လူထုကသတိမထားမိကြသောသူများက မည်သူ-ဆိုသည်ကို စိတ်ဝင်တစားကြည့်ဖြစ်ကြသည် ။
ပြိုင်ပွဲဟု ဆိုသောကြောင့် အနိုင်အရုံးရမည့်သူတို့ ကို ဆန်းစစ်ရမည်မှာ အဓိက တခုဖြစ်သည် ။
မည်သူတွေက မည်သူနှင့် ပြိုင်ဘက်ဖြစ်နေမည်လဲဆိုသည်ကို သတိထားဂရုစိုက်ရသည် ။
ရှေးဦးစွာ အမ်းမြို့ နယ်၏ အခြေအနေများကို တစေ့တစောင်းကြည့်ကြသည် ။ အမ်းမြို့ နယ်ကို ရပ်ကွက် -( ၄ )-ရပ်ကွက်နှင့် ဖွဲ့ စည်းထားပြီး မြို့ ပေါ်ရပ်ကွက်တွင် လူဦးရေ တသောင်းကျော်ရှိသည် ။ အမ်းမြို့ ရှိ လေယဉ်ကွင်းမှာ အထူးကောင်းမွန်ပြီး ဂျက်လေယဉ်ကအစ သာမန်လေယဉ်ငယ်များပါ ဆင်းသက်နိုင်သည် ။ အရေးရယ် အကြောင်းရယ် ဖြစ်လာလျှင် ၄င်းအမ်းလေယဉ်ကွင်းသည် အသုံးချ၍ရရာ တိုင်းမှူးရုံးချုပ်စစ်တပ်ကိုလည်း ချထားပေးသည် ။
ထို့ ကြောင့် မဲပေးနိုင်သော တပ်မတော်သားများနှင့် မိသားစုတို့ သည်လည်း အင်နှင့်အားနှင့် ရှိနေသည် ။ တပ်မတော်သည် ပြည်ခိုင်ဖြိုးပါတီကို ကြောထောက်နောက်ခံပြု ပေးထားသော အဖွဲ့ အစည်း ဖြစ်သည် ။
ရခိုင်ပြည်နယ်တွင် မြေဧရိယာအကျယ်ပြန့် ဆုံးနှင့် လူနေထိုင်ကြဲသော မြို့ နယ်လည်းဖြစ်သည် ။အမ်းမြို့ နယ်၏ အကျယ်အ၀န်းသည် ( ဧက-၁၄၈၂၈၀၃ )-ရှိသည် ။ စတုရန်းမိုင်းပေါင်း-( ၂၄၆ရ.၅၁ မိုင် ) ရှိသည် ။ ရက်ကွက်-၄-ရပ်ကွက်-ကျေးရာအုပ်စု-( ၂၉ )-အုပ်စု-ကျေးရွာငယ်စုစုပေါင်း-( ၁၄၆ )-ရွာရှိသည် ။ မြို့ နယ်တခုလုံးတွင် လူဦးရေ တသိန်းကျော်ရှိပြီး မဲပေးနိုင်သူ အသက်-၁၈-နှစ်ပြည့်ပြီးသူများမှာ ခုနှစ်သိန်း​ကျော်​ခန့်ရှိသည်ဟု သိရသည်။
ဤသို့ သောအနေအထားမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြည့်ရသောအခါ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဒေါက်တာအေးမောင်- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားပြု ဦးဇေါ်ဝင်းမြင့်​- ပြည်​ခိုင်ဖြိုးပါတီကိုယ်စားပြု ဦးသောင်းငြိမ်းနှင့် တသီးပုဂ္ဂလ ကိုယ်စားပြု ဦးဇေါ်လင်းအောင်တို့ ဖြစ်ကြသည် ။
------------------ ------- ----------------
Image may contain: 4 people, people standing and outdoor

ပထမဦးစွာ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဒေါက်တာအေးမောင်၏ အနေအထားကို ပြောဖြစ် ဆွေးနွေးဖြစ်ကြသည် ။ သူကားယခင်သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွားခံခဲ့ ရသူဖြစ်သည် ။ သမိုင်းလိမ်ဘင်္ဂလီများကို ကန့် ကွက်လက်မခံသောကြောင့် မလေးရှားခရီးစဉ်၌ သေနတ်ဖြင့် လုပ်ကြံခံရသော်လည်း အသက်ဘေးမှ ချမ်းသာလွပ်မြောက်ခဲ့ သူဖြစ်သည် ။
လွှတ်တော်အတွင်း ဆွေးနွေးတင်ပြချက်များသည် ရခိုင်လူမျိုးတရပ်လုံးအတွက် မဟုတ်ဘဲ အခြားတိုင်းရင်းသားလူမျိုးများအတွက်ပါ တင်ပြချက်များ ရှိပြီး ၄င်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ယုံကြည်ခြင်း ခံရသူဖြစ်သည် ။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တစိုက်မတ်မတ် တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန်သည် -၆-ပွင့်ဆိုင်ဆွေးနွေးလက်ခံရာ၌ တိုင်းရင်းသားများကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက်ခံခဲ့ ရသူဖြစ်သည် ။
ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းပိုင်ခွင့်နှင့် မိမိကြမ္မာ မိမိဖန်တီးခွင့် ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင်နေသူ ဖြစ်သည် ။
အခြားတဖက်မှာ ပါတီ၏စည်းကမ်းထိမ်းသိမ်းမှုပိုင်းဆိုင်ရာ ညံ့ဖျင်းမှုများ- ပါတီတွင်းမညီမညွတ်မှုများ-သပ်လျှိုပူးပေါင်းခြင်း ခံရမှုများ-စသည်ဖြင့် ရှိနေရာ အပြင်လူ တိုက်ခိုက်သည်ထက် ပါတီတွင်းတိုက်ခိုက်ခြင်းကိုလည်း ခံနေရသူဖြစ်သည် ။
ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်လောင်းထက် ပုဂ္ဂိုလ်ရေးအမြင်ကျဉ်းမြောင်းခြင်းကြောင့် ဒေါက်တာအေးမောင်ကို အနိုင်မရရှိစေခြင်းငှာ ဆောင်ရွက်နေသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဖြစ်သည် ။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ အပါအ၀င် သူတို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေါ်ဝင်းမြင့်အား အနိုင်ရရှိစေရေးအတွက် ငွေပေးပြီး စည်းရုံးရေးဆင်းနေကြသည်ကို မြင်ရသည် ။
ဘုန်းတော်ကြီးကျောင်းလမ်းအတွက် ငွေ-သိန်း-၂၀-ရေကန်ခြံစည်းရိုးကာရန်-၂၅-သိန်း-ရေကောင်းချိန်ကျေးရွာဆိပ်ကမ်းလမ်းအတွက်-၁၅-သိန်း-သိမ်ဆောက်လုပ်ရန်-၂၅-သိန်း-ဘုန်းကြီးကျောင်း-၁၈-သိန်းစသည်ဖြင့် စုစုပေါင်း-၁၀၃-သိန်းကို သွားရောက်လှူ ဒန်း ပေးသည်ကို တွေ့ ရသည် ။
အမ်းမြို့ နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲနီးခါမှ မိမိတို့ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲဝင်ချိန်တွင် ဤသို့ သွားရောက်ငွေလှူဒန်းခြင်းကို လူထုသည်၎င်း-အခြားနိုင်ငံရေးပါတီသည်၎င်း အမြင်များ ရှင်းကြလိမ့်မည် မဟုတ်ပေ ။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရွေးကောက်ပွဲကြောင့် လာရောက်ပြီး ငွေဖြင့် မဲဆွယ်သည်ဟု ပြောကြပြီ ။ သိက္ခာမဲ့ စွာ စည်းရုံးနေသည် ။ အမ်းမြို့ နယ်ကို ထောက်ပံ့ ပေးပြီး စေတနာများရှိလျှက် ဒေသဖွံ့ ဖြိုးရေး လုပ်မည်ဆိုလျှင် တနှစ်အတွင်း အိပ်မောကျနေသလားဟု အမ်းဒေသခံတဦးက ပြောပြလေသည် ။ ယခုမှ မဲရလို၍ လာပေးသည်ကို ရွံရှာမိသည်ဟု ပြောသည် ။
မည်သို့ ပင်ဖြစ်စေ အမ်းဒေသအတွက်တော့ တနည်းတဖုံအားဖြင့် သိန်း-၁၀၃-သိန်းရရှိသွားသည့်အတွက် ကျေးဇူးတင်လိုက်ရမည်ဖြစ်သည် ။ မဲပေးသည့်အခါတော့ ကြိုက်သည့် ပါတီက ကိုယ်စားလှယ်လောင်းကို ပေးကြပေတောာ့ဟုသာ ပြောရုံဘဲ ရှိတော့ သည် ။
စင်စစ်အားဖြင့် ဦးဇေါ်ဝင်းမြင့်မှာ အမ်းမြို့ နယ်သည် မွေးဖွားရာချက်မြုပ်အရပ်ဒေသ မဟုတ်ချေ ။ ကျောက်ဖြူ မြို့ နယ်သားတဦးဖြစ်သည် ။ ဒေသခံမှ ဒေသခံကို မဲပေးကြပါရန် အမ်းမြို့ နယ်သားတွေက တိုက်တွန်းနေသံကို ကြားရသည် ။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည်လည်း ဒေသခံဆိုသောသူကိုမှ မဲပေးရမည် ဆိုသည့် စကားကို လုံးဝလက်မခံသော အဖွဲ့ အစည်းဖြစ်ရာ အမ်းမြို့ နယ်မှ မဲဆန္ဒရှင် ပြည်သူများနှင့်လည်း ထိပ်တိုက်တွေ့ နိုင်သည် ။
သို့ သော် ဦးဇေါ်ဝင်းမြင့်၏ ယှဉ်ပြိုင်ဖက်မှာ ဒေါက်တာအေးမောင် ဖြစ်နေသောကြောင့် ဒေသခံမဟုတ်သော သူတို့ နှစ်ဦးအဖို့  ပြိုင်ရမည် ဆိုသော်လည်း ၀န်ကြီးချုပ် ဦးညီပုတို့ ၏ အောက်ဖဲဝှက်ကစား အကြံပက်စက်မှူကို ဒေါက်တာအေးမောင် ခံရနိုင်သည် ။
အဘယ့်ကြောင့်ဆိုသော် မည်မျှအထိ ငွေဖြင့် မဲဆွယ်စည်းရုံးလျှက် ရှိနေပြီ ဆိုသည်ကို မည်သူမျှ မသိရ-အမ်းမြို့ နယ်ရွေးကောက်ပွဲသည် လာမည့်ရွေးကောက်ပွဲရက်တွင် အေးချမ်းစွာ ပြီးဆုံးသွားမည် ဖြစ်သည် .။ သူသည် အမ်းမြို့ နယ်မှာ မဲဆွယ်စည်းရုံးရန် ရှိမနေသင့်ပေ ။ သူနှင့်အတူ ရခိုင်ပြည်ကို ကျော်လာပြီး မ​ကွေးတိုင်းဘ၀န်ကြီးချုပ်ကိုယ်တိုင် လာရောက်မဲဆွယ်သည်ကိုလည်း မြင်ရသည် ။ ဤမျှတောင် အမျိုးသားလွှတ်တော်ာကိုယ်စားလှယ်လောင်း ရှုံးမှာကို ကြောက်လန့် နေလျင် ဒေါ်အောင်ဆန်းစုကြည် လာခဲ့ ပါလားဟု အမေရိကန်မှာ ရှိသော ကျွန်တော်တို့ တွေက စေဒကတက်နေကြဖြစ်သည် ။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်းမှာ ယခုမှ နိုင်ငံရေးလောကသို့ ဝင်ရောက်ကာ ယှဉ်ပြိုင်မည့်သူ ဖြစ်သော်လည်း သူကား စီးပွားရေးလုပ်ငန်းရှင်-ပရိဟတိလူမှု ရေး သမားဖြစ်သည် ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရလျှင် သားပစ် မယားပစ် စီးပွားရေးပစ်ရမည့် အလုပ်ကို သူသည် စဉ်းစားနေရသူဖြစ်သည် ။ လက်ရှိ ပြိုင်ပွဲအနေအထားမှာလည်း ပြည်ခိုင်ဖြိုးပါတီမှ ယှဉ်ပြိုင်သည့်တိုင် ရှုံးလျှင်လည်း သူ့ နေဖြင့် ဘာမျှ မဖြစ်သလို နိုင်သွားလျှင်ပင် ရှုံးသည်ထက် ပိုရှုံးသွားမည့် အလားအလာ ဖြစ်နေသည် ။
သို့ သော် ယခုခေတ်ကား ကန်ထရိုက်တာလုပ်ငန်း နိုင်ငံရေးခေတ်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီက လွှတ်တောာ်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရလျှင် မျိုးမျိုးမြက်မြက် လုပ်ကိုင်ခွင့် ကန်ထရိုက်တာ လုပ်ငန်းတခုခုကို ပေးမည်ဆိုပြီး စည်းရုံးထားလျှင်တော့ သူ့ အဖို့  နစ်နာစရာ ဘာမျှ မရှိချေ ။ စင်စစ်အားဖြင့် သူသည် နိုင်ငံရေးသမား မဟုတ်ကြောင်း ကြေညာထားသူလည်း ဖြစ်သည် ။
အခြား တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇေါ်လင်းအောင်​က နိုင်ငံရေးပါတီကြီးများ၏ ကြားမှာ ညှပ်နေသာ အဆင့်ဖြစ်နေသည် ။ နယ်မြေအကျယ် အ၀န်း ကျယ်ပြန့် သော အမ်းမြို့ နယ်အနှံ့  သူ၏ စည်းရုံးရေးမှာ အလွန်တရာမျှ အင်အားချို့ တဲ့ လှသည် ။ ပြီးတော့ အမ်းမြို့ နယ်သည် နိုင်ငံရေးအတွေ့ အကြေုံ နည်းပါးသော နယ်မြေဖြစ်ရာ တသီးပုဂ္ဂလ၏ အခန်းကဏ္ဍထက် ပါတီပိုင်းဆိုင်ရာ အခန်းကဏ္ဍကို နားလည်သဘောပေါက်နေကြသောကြောင့် သူ့ အဖို့ အနိုင်ရရှိရေးထက် မဲဖျက်သွားမည့် အနေအထားမှာသာ ရှိနေသည် ကို မြင်တွေ့ရသည် ။
------------ -------------- ------------
ကျွန်တော်တို့ ၏ ရခိုင်ရာဇ၀င် ရခိုင်သမိုင်းမှာ ၀ါသုဒေ၀မင်းသည် ရှိခဲ့ လေသည် ။ ၀ါသုဒေ၀မင်း၏ အစ်မတော် အဉ္ဖနဒေ၀ီမင်းသမီးက ရခိုင်ရိုးမတောင်တန်းဘက်ကို သွားရောက်ရာ၌ မြစ်ကို တွေ့ လေသည် ။
ဤအခါ- ဤမြစ်ကား အံ့ ဘွယ်ကောင်းသော မြစ်ပါတကားဟု ရေရွတ်ပြောဆိုသည် ။
ထို့ ကြောင့် ၄င်းမြစ်ရှိရာ ကမ်းနံဘေးမှာ မြို့ တည်ရာ အံ့ ဘွယ်ကောင်းသောမြစ်ဆို၍ အမ်းမြို့ ဟု အမည်သမုတ်တွင်လေသည် ။ အံ့ မှသည် အမ်းဖြစ်သွားလေသည် ။
မျက်မှောက်ကာလတွင် အံ့ ဘွယ်ကောင်းသောမြစ်ဟု အမည်သမုတ်ထားခဲ့ သော အမ်းမြို့ ၏ အဉ္ဖနဒေ၀ီမင်းသမီးကို ဂုဏ်ပြု သောအားဖြင့် ရခိုင်အမျိုးသားပါတီအနိုင်ရရှိလျှင် ရုပ်ထုတော်တည်ဆောက်ကြရန် မေတ္တာရပ်ခံချင်သည် ။
အဘယ့်ကြောင့်ဆိုသော် လူမှန် နေရာမှန် နိုင်ငံရေးသမားတဦးကို ကမ္ဘာက စောင့်ကြည့်နေကြရာ ကျွန်တော်တို့ က ဒေါက်တာအေးမောင်ကို အနိုင်ရစေချင်သည် ။ သို့ မှသာ သမိုင်းလိမ်ဘင်္ဂလီတို့ ၏ ဆောင်ရွက်ချက်ဟူသမျှကို အခြားသော ပါတီအဖွဲ့ အစည်း-တပ်မတော်တို့ နှင့် ပူးပေါင်းကာကွယ် နိုင်မည် ဖြစ်သည် ။
သမိုင်းလိမ်ဘင်္ဂလီတို့ ကလည်း ကမ္ဘာတ၀ှမ်းမှ စောင့်ကြည့်နေကြရာ သူတို့ သည် ဒေါက်တာအေးမောင်အား အနိုင် မရရှိစေလိုကြ ။
သူတို့ အနိုင်မရရှိစေချင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း အနိုင်မရရှိစေလို ။ ဒေါက်တာအေးမောင်သာ အနိုင်ရရှိခဲ့ ပါက မူဆလင်ဘာသာဝင် သမိုင်းလိမ်ဘင်္ဂလီတို့ ကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေရသော အချက်အလက်များသည် ပြသနာကြီး တခုဖြစ်နေမည်မှာ သေချာနေခြင်းကြောင့် ဖြစ်သည်
ထို့ ကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ယခုအချိန်မှာ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သည့်တိုင်အောင် မိမိတို့  လွှတ်တော်ကိုယ်စားလှယ်လောင်းထက် ဒေါက်တာအေးမောင် အနိုင်ရရှိရေးအတွက် ၀ိုင်းဝန်းကြိုးစားပေးသင့်သည် ။ ပြည်ခိုင်ဖြိုးပါတီ၏ မဲကို ရခိုင်အမျိုးသားပါတီဘက်သို့  ပြောင်းစေရန် ဆောင်ရွက်သင့်သည် ။
အဘယ့်ကြောင့်ဆိုသော သမိုင်းလိမ်ဘင်္ဂလီ မူဆလင်ဘာသာဝင်တို့ ၏ ဆောင်ရွက်နေချက်များကို ခုခံကာကွယ်နေသည်မှာ ပြည်ခိုင်ဖြိုးဖြစ်သလို ရခိုင်အမျိုးသားပါတီ၏ ပေါ်လီစီနှင့်ရော ရခိုင်လူမျိုးတို့ ၏ ဆန္ဒနှင့်ရော ကိုက်ညီမှု ရှိနေခြင်းကြောင့် ဖြစ်သည် ။
လာမည့်-၂၀၂၀-ခုနှစ်တွင် ရခိုင်ပြည်နယ်တခုလုံး ရခိုင်အမျိုးသားပါတီက အားလုံးလွှမ်းခြုံဖို့  အမ်းမြို့ နယ်မှ စတင်ကြပါစို့ ဟု ပြောချင်သည် ။
ကျွန်တော်တို့  အမေရိကရောက် ရခိုင်လူမျိုးများကလည်း အမ်းမြို့ နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်အား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးကြပါရန် အမ်းမြို့ နယ်သူ မြို့ နယ်သားများအား အထူးမေတ္တာရပ်ခံအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )

မိုးကြိုးပြင် ရွာသား ၅ဝ ကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်

ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ မတ်လ ၂၇ ရက်နေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ မတ်လ ၂၇ ရက်နေ့က ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: Hset Paing Toe/ RFA 
 
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာက ဒေသခံအယောက် ၅၀ ကို ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့က ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက် ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချိန်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှု၊ ခွင့်ပြုချက်မရှိဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည် မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု စတဲ့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကျောက်သည်ယာဉ်တွေကို ပိတ်ဆို့တားဆီးနေတဲ့ မိုးကြိုးပြင်ရွာသား ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ရဲတပ်ဖွဲ့ကပစ်ခတ်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတို့ ဒီနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဌေးဝင်း က ရွာသားတွေက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားအောင် ဖန်တီးခဲ့လို့ အမှုဖွင့်တာဖြစ် တယ်လို့ ပြောခဲ့ပါတယ်။
ပုသိမ်-မုံရွာ လမ်းပေါ်မှာ သွားလာနေတဲ့ ကြေးနီစီမံကိန်းကျောက်သယ်ယာဉ်တွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဘဲ ခေါက်ရေပြည့်ဖို့အတွက် အရှိန်မြင့်မောင်းနှင်နေကြတာကြောင့် ကျွဲ နွားတွေနဲ့ လူထိခိုက်မှုတွေ ရှိတယ်ဆိုပြီး မိုးကြိုးပြင်ရွာသားတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တားဆီးပိတ်ဆို့ ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီပစ်ခတ်ဖြိုခွင်းမှုကြောင့် ရွာသား ၁၀ ဦးနဲ့ ရဲတပ်ဖွဲ့ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မိုးကြိုးပြင်ရွာသားတွေဘက်ကလည်း ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆားလင်းကြီးမြို့နယ် က ကျောက်ထုတ်စခန်းတွေနဲ့ ကျောက်ထုတ်ယာဉ်သွားလာမှု ကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း လိုက်ပါတယ်။
RFA

စက်သုံးဆီလုပ်ငန်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဖို့ ဝန်ကြီးထံ စာတင်မည်

ဆိုင်တစ်ဆိုင်မှာ ဆီဖြည့်နေတဲ့ ကားတစ်စီးကို တွေ့ရစဉ်
ဆိုင်တစ်ဆိုင်မှာ ဆီဖြည့်နေတဲ့ ကားတစ်စီးကို တွေ့ရစဉ်
Photo: RFA
စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဖို့   စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံ   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက   လာမယ့်ရှေ့တပတ်မှာ အသနားခံစာ တင်သွားမယ်လို့ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီဆိုင်တွေ ဈေးနှုန်းကြီးမြင့်ရောင်းချနေတာ၊ အရည်အသွေး မမှန်မကန် ရောင်းချနေတာတွေ ကို အသင်းက ထိန်းချုပ်ဆောင်ရွက်နေတဲ့အကြောင်း နဲ့ ပြည်ပရင်းနှီးမြှုပ်နှံ ခွင့်မပြုဖို့ အသင်းအနေနဲ့ စာတင် သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။
ပြည်တွင်းမှာ ဈေးကွက်ပြိုင်ဆိုင်မှုနည်းပါးတဲ့ စက်သုံးဆီ လုပ်ငန်းနဲ့ ဈေးဝယ်စင်တာလုပ်ငန်းတွေကို ပြည်ပ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ်ဆိုပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြည်ပလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ စက်သုံးဆီ အရောင်းဆိုင် ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA

AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန/ Facebook 
 
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့အနီးမှာ အစိုးရတပ်မတော် နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ် သမင်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်း AA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာကတော့ ပလက်ဝမြို့နယ် သမင်ရွာနားမှာဖြစ်တာ၊ နှစ်ဖက်တွေ့ဆုံပြီးတော့ တိုက်ပွဲဖြစ်တာဗျ၊ အဲဒီကျတော်တို့ရှိတဲ့နေရာတွေနဲ့ ဆက်စပ်တဲ့တပ်စခန်းရှိတဲ့နေရာတွေပေါ့ဗျာ၊ ကျနော်တို့ရဲ့ လှုပ်ရှားစစ်ကြောင်းတွေ လှုပ်ရှားသွားလာတဲ့နေရာပေါ့၊ မြန်မာ့တပ်မတော်ကလည်း ထိုးဖောက်ပြီးသွားလာတဲ့နေရာပေါ့’’
AA တပ်မဟာ (၃) လက်အောက်ခံ၊ အမှတ် (၃၀၁) တပ်ရင်းနဲ့ အစိုးရတပ်မတော် ဒကစ(စစ်တွေ) လက်အောက်ခံ၊ ခလရ (၃၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း အစိုးရတပ်မတော်ဖက်က နှစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က သတင်းထုတ်ပြန် ထားပါတယ်။ အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီနေ့က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အစိုးရတပ်မတော်ဘက် က နောက်ထပ်အင်အားစုစည်းနေ သလို၊ နောက်ထပ်လည်း အဲဒီနေရာကို အစိုးရတပ်မတော်ဘက်က  ထိုးစစ်ဆင် လာနိုင်တဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့လည်း  ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း AA နဲ့ အစိုးရတပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ် ပွားခဲ့တာကြောင့် ဒေသခံသုံးရာကျော်လောက် စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ကြရပါတယ်။

RFA

ဥရောပသမဂ္ဂ သံအဖွဲ့ မောင်တောကို သွားမည်

ဥရောပသမဂ္ဂသံအဖွဲ့နဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့ မတ်လ ၂၈ ရက်နေ့က စစ်တွေမြို့မှာ တွေ့ဆုံစဉ်
ဥရောပသမဂ္ဂသံအဖွဲ့နဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းတို့ မတ်လ ၂၈ ရက်နေ့က စစ်တွေမြို့မှာ တွေ့ဆုံစဉ်
Photo: Min Thein Aung/RFA 
 
ဥရောပသမဂ္ဂအဖွဲ့ EU သံမှူး Dr.Colin Steinbach ဦးဆောင်တဲ့ သံတမန် ၁ဝ ဦးဟာ လူ့အခွင့်အရေးချိုးဖောက် မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို မနက်ဖြန်ကစတင်ပြီး မတ်လ ၃၁ ရက်နေ့ အထိ သွားရောက်လေ့လာကြမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂအဖွဲ့(EU)ရဲ့သံအဖွဲ့ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ပြောပါတယ်။
"ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကရွေးချယ်ထားတဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အနေအထားတွေလာမေးတာပါ၊ သူတို့က စီမံကိန်းအကောင်အထည်ဖော်ရင် လိုအပ်တာတွေ ကူညီပေးမယ်လို့ပြောပါတယ်၊ ကျနော်တို့စီမံကိန်းကလည်း ပြည်ထောင်စုမှာ အတည်ပြုချက်တင်ထား တာဖြစ်တဲ့အတွက် အတည်ပြုပြီးမှ သူတို့တွေခေါ်ယူပြီးရှင်းပြတဲ့အနေအထား လုပ်လို့ရမှာပါ၊ အဲ့တော့မှပဲ သူတို့တွေဘယ်နေရာမှာ ဘယ်လိုလုပ်မယ်ဆိုတာကို သိရမှာဖြစ်ပါတယ်"
မောင်တောဒေသမှာ ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ EU ရဲ့ သံတမန်တွေက မေးမြန်းတာတွေရှိခဲ့ပေမယ့် သက်ဆိုင်ရာဝန်ကြီးတွေ တွေ့ဆုံပွဲကို တက်ရောက်နိုင်ခြင်းမရှိ တာကြောင့် ဒီကိစ္စအပေါ် ဆွေးနွေးပြောကြားတာတွေ မဆောင်ရွက်နိုင်ခဲ့ဘူးလို့လည်း ဝန်ကြီးကပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့(EU)ရဲ့ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှာ လွှတ်တော်ဒုတိယဥက္ကဌ ဦးဖိုးမင်းနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

သံတမန်အဖွဲ့ဟာ မနက်ဖြန် စစ်တွေကနေ မောင်တောမြို့ကို ဆက်လက်သွားရောက်မှာဖြစ်ပြီး ဒေသအာဏာ ပိုင်တွေ၊ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို နောက်နေ့တွေမှာတော့ ဦးရှည်ကျ၊ ကျားခေါင်းတောင်၊ ဒါးကြီးဇား၊ ရေခပ်ချောင်းခွဆုံ၊ ပွင့်ဖြူချောင်း၊ ကြက်ရိုးပြင်၊ လောင်းဒုံ၊ ငခူရ၊ ကျီးကန်းပြင် စတဲ့ကျေးရွာတွေကို ဆက်လက်သွားရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်ရဲ့ နောက်ဆုံးနေ့မှာ စစ်တွေမြို့က ရွှေစေတီဆရာတော်ကြီးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA

ဒေါ်လာ ၃၈ သန်းနီးပါးတန်ဖိုးရှိ တိုပီဒို လက်နက်တွေ မြန်မာကိုရောင်းဖို့ အိန္ဒိယ သဘောတူ

 28 March 2017
မြန်မာရေတပ်အတွက် အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး တန်ဖိုးရှိတဲ့ တိုပီဒို သင်္ဘောဖျက်လက်နက်တွေ ရောင်း ချဖို့ အိန္ဒိယက သဘောတူလိုက်ပါတယ်။
မြန်မာရေတပ်ဟာ မကြာခင်က ဆိုနာ ခေါ် အသံလှိုင်းသုံး ရေအောက်ရှာဖွေထောက်လှမ်းရေး ကိရိယာတွေ အပါအ၀င် ရေတပ်သုံးပစ္စည်းတွေ အိန္ဒိယဆီက ၀ယ်ယူခဲ့အပြီး၊ အခုလို တိုပီဒိုတွေ ၀ယ်ယူဖို့ ဆက်လက်ကမ်းလှမ်း ခဲ့တာဖြစ်ပါတယ်။
အခုလို တိုပီဒိုတွေ ၀ယ်ယူတာဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ရေတပ်ချင်းအားပြိုင်မှု ကြီးထွားလာနေတယ် ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ အေပီ သတင်းက ဆိုပါတယ်။
ဒီလ အစောပိုင်းကလည်း မြန်မာရေတပ်သားတွေကို လေ့ကျင့်ပေးဖို့နဲ့ မိုးလေဝသဆိုင်ရာ ကိရိယာတွေ တည်ဆောက်ပေးဖို့ မြန်မာရေတပ်ရဲ့ကမ်းလှမ်းချက်ကို အိန္ဒိယရေတပ်က လက်ခံလိုက်ပါတယ်။
မြန်မာရေတပ် အဆင့်မြှင့်တင်ရေးဟာ အရင်က တရုတ်အပေါ် အားပြုနေခဲ့ရာက အခုတော့ အိန္ဒိယကပါ ၀င်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာ့တပ်မတော်အတွက် ညကြည့်ကိရိယာတွေ၊ အရေးပေါ်တံတားထိုးပစ္စည်းတွေ၊ လောင်ချာ နဲ့ မော်တာ စိန်ပြောင်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ ရောင်းချပေးနေပါတယ်။
အိန္ဒိယနဲ့ မြန်မာဟာ ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ ဘင်္ဂလားပင်လယ်အော်မှာ ရေပိုင်နက်ချင်း ရှည်ရှည် လျားလျားဆက်စပ်နေပါတယ်။ ဒါ့ပြင် မြန်မာအတွက် အိန္ဒိယကတည်ဆောက်ပေးနေတဲ့ စစ်တွေရေနက် ဆိပ်ကမ်းကိုလည်း လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာအစိုးရကို လွှဲအပ်ပေးတော့မယ်လို့ သိရပါတယ်။

RFA

ရခိုင်အမျိုးသားပါတီ



 ရခိုင်အမျိုးသားပါတီ
********************************************
* ရခိုင်ပြည်နဲ့ ၈၀ ရာနှုံးသော အပယ်ခံ အနှိမ်ခံ ဆင်းရဲသားများ အတွက် ဦးထိပ်ပန်ဆင်တဲ့ပါတီ
* ဘယ်လောက်ဆဲဆဲ ဘယ်လောက်ဝေဖန်ဝေဖန်
ဘယ်သူ့ ကိုမှ မတုံ့မပြန် မိမိ ရည်မှန်းချက်ကို မျက်ခြေ
မပြတ် သွားနေတဲ့ ပါတီ
* တသက်လုံး အမြဲတန်း အသာစီးမရနှိုင်ဘူး
တနေ့ တချိန် ကိုယ်လဲ တပြန် အရှုံးရှိမယ်ဆိုတဲ့
နိုင်ငံရေး လောကဓံကို လုံးဝဥသုံ နားလည်ထားတဲ့ပါတီ
* တခုခု စွပ်စွဲရင် ကြိုက်သလို စွပ်စွဲ ဥပဒေရ အခိုင်အမာ သက်သေပြရန် စွပ်စွဲသူမှာ တာဝန်ရှိတယ်
သတ္တိရှိရင် အထောက်အထားနဲ့ ကြိုက်တဲ့ ခုံမှာ ရင်ဆိုင်ဖို့ 
အချိန်မရွေး အဆင်သင့်ရှိတဲ့ပါတီ
* မကူညီတာလဲ အရမ်းနားလည်ပြီး နှောင့်ယှက် သွား
ပုပ်လေလွင့် ပြောသမျှ မတုံ့မပြန် ဒီနေ့ ထိ ကြံ့ကြံ့ခံတဲ့
ပါတီ
* ၂၀၁၀ မှာ ပေးထားချက်အရ ဘယ်သူတွေများ နိုင်ငံ
ရေးအမြင် ရှိမလဲ မျှော်ကြည့်ခဲ့ပါတယ် ဘယ်သူတွေများ
ဦးဆောင်မလဲ ရခိုင်သား အရည်အချင်း ရှိသူမှန်သမျှ
တောင်းပန်ခ ယ ခဲ့ပါတယ် ဖိတ်ခေါ်ခံရတဲ့လူတွေ အသိဆုံး
* သံတွဲ ညီလာခံမှာ တပါတီတည်းက ဦးစီးတာ
မဟုတ်ဘူး ရခိုင်သားဆိုရင် အမှန်အတိုင်း မျှမျှတတပြောပါ
သံတွဲညီလာခံတခုလုံးကို တာဝန်ယူ ခန့် ခွဲ စီမံ ဦးစီးတဲ့
ညီလာခံ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဟာ ဆရာ ဦးလှစော
အယင် ALD လုပ်ငန်းကော်မတီ အတွင်ရေးမှူးဟာ
ဦးဦးလှမြင့် ALD အခုရေးတင်နေတဲ့ ကျွန်တော်လဲ
ALD ဖြစ်ခဲ့သူပါ လူတိုင်းသိတယ်
* ၂၀၁၀ မှာ ရခိုင်လူမျိုးကြီး တမျိုး အတွက် နိုင်ငံရေး
စင်မြင့် နဲ့ နိုင်ငံရေးအသံ မပျောက်အောင် နိုင်ငံရေး ဦးဆောင်
သင့်တယ်လို့  နိုင်ငံရေး အမြင် ပြတ်ပြတ်သားသားမြင်ပြီး သူတပါး
ဆီမှာ တပည့်မခံ နောက်မီးဆွဲ မလုပ် အမျိုးသားရေးကို
ပြတ်ပြတ်သားသားဦးဆောင်ခဲ့မယ်ဆိုရင် RNDP မပြောနဲ့
ရခိုင်ပြည်မှာ ဘယ်နိုင်ငံရေးပါတီမှ ပေါ်ပေါက်ခဲ့မှာမဟုတ်ဘူး
* မိမိ မျှော်မှန်းသလို မဖြစ်တိုင်း ပြိုင်ဖက်က ကျော်တက်
သွားတိုင်း မခံချိ မခံသာ ဘော်လုံးပွဲမှာဆဲသလို ဆဲကြတာ
ဒါ နိုင်ငံရေးမဟုတ်ဘူး
ဘာလို့ လဲ ဗြောင်ပြောမယ် ကျုပ်တို့ က သူတပါး အုပ်ချုပ်
ခံဘဝကလွတ်ပြီလား ကျွန်ဘဝက လွတ်ပြီလား
* မိမိလူမျိုးတွေ အတိုင်းအတာတခုထိ ရခိုင်ပြည်နယ်
အစိုးရမှာ စီးပွားရေး ကျန်းမာရေး လူမှုရေး လမ်းပမ်း
အခြေခံ လုပ်ပိုင်ခွင့်တွေ လွပ်လပ်စွာ လုပ်ပိုင်ခွင့်ွမရသမျှ ကျုပ်တို့ ဒီဘဝက မလွတ်ဘူး
* ရခိုင်သားတွေ ဘယ်နေရာကိုမှ မောင်ပိုင်မစီးဘူး
အစိုးရမလုပ်ဘူး နှစ် ၇၀ အဆင်းရဲဆုံး ဖြစ်နေတဲ့
ရခိုင်ပြည်မှာ ဘဲ ရခိုင်သားတွေ အစိုးရဖြစ်ချင်တာ
ရအောင်လဲ လုပ်မယ် ဒါမတရားတာလား
* ကိုယ့်လူမျိုး ကိုယ့်ပြည်ကို ဘဝတွေဖွံ့ဖြိုးတိုးတက်ဖို့ 
ပြည်မ ပါတီတွေကိုအားကိုးမှ လိုရာခရီးရောက်မယ်ဆိုတာ
ရခိုင်အမျိုးသားပါတီ ရဲ့ ယုံကြည်ချက်မှာ စာ တလုံးတောင်
မပါဘူး
* လွပ်လပ်စွာ ယုံကြည်ပါ လွပ်လပ်စွာ ကြိုးပမ်းပါ
လွပ်လပ်စွာ ယှဉ်ပြိုင်ပါ ကိုယ့်ကိုယ်ကို ယုံကြည်ရင်ပေါ့
သူတပါးကို ပုပ်ခတ် သူတပါးကိုကဲ့ရဲ့ လုပ်ကြံရှုံ့ချ
ဒီလိုလုပ်မှ ကိုယ်အသာစီးရမယ်ထင်ပြီးလုပ်တာ
နိုင်ငံရေးသမား စစ်တွေရဲ့ အလုပ်မဟုတ်ဘူး သတ္တိရှိရင်
ပြည်သူ အဆုံးအဖြတ်ပေးမယ်ဆိုတာ ရဲရဲဝံ့ဝံ့ ခံယူပါ
* နိုင်ငံရေးသမိုင်းအရ ရခိုင်ပြည်ကို လက်မွန်မဆွ
ဖျက်ဆီးခဲ့တဲ့ ရိုလိမ်ဂျာ ခေါင်းဆောင်ကြီး စူလတန်
မာမူဒ် ရဲ့ သမီး ဟူမေရာမာမူဒ်ကို နာမည်ကြီး ရခိုင်ပါတီ
တခုက စဖွဲ့ကထဲက ဗဟိုကော်မတီခန့် ခဲ့တယ်
ကျုပ်ကိုယ်တိုင် ကုလားမ ဗဟိုကော်မတီ ကို လေယျာဉ်ကွင်းမှာမျက်ရေ
ပေါက်ပေါက်ကျကြိုဖူးတယ်
ကျုပ်ကြောင့် တသက်လုံး ရခိုင်အမျိုးသားရေးကို တစိုက်
မတ်မတ် လုပ်လာတဲ့ ဆရာကြီးရှင်အုံးတို့  ဆရာစစ်တွေ
စောနောင်တို့  ဆရာဗသိန်းတို့  ဆရာအောင်ကျော်ဇံတို့ 
ဆရာဝေစိန်အောင်တိုအထက်မှာ့  ကုလားမကဗဟိုကော်မတီ
အမျိုးအတွက်ထောင်ကျတန်းကျ အနစ်နာခံ သမိုင်းကို
တသက်လုံးရေးလာတဲ့ ရခိုင်အမျိုးသား နိုင်ငံရေးသမားစစ်
စစ်တွေက ကုလားမ လောက်မှ အသုံးမကျ မြို့နယ်ကော်မတီ
အဖြစ် တာဝန်ပေးခံရတယ် ဒါတကယ်ဖြစ်ခဲ့တဲ့ သမိုင်း
ကျုပ် တရားခံ
* ရခိုင်သားတွေ အချင်းချင်း မညီညွတ်ဘူးလို့  အဆင့်ရှိတဲ့လူ အဆင့်မရှိတဲ့လူ အားလုံးက လွပ်လပ်စွာ
ဝေဖန်မှုတွေကို ခံစားရတယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း
သလို ဖြစ်မှာစိုးလို့  စိတ်ရှည်ခဲ့တယ်
* သည်းခံတယ် ဒါပေမဲ့ သည်းခံတာ ဟုတ်လို့ 
ငြိမ်ခံတာမဟုတ်ဘူး ကိုယ့်လူမျိုး သိက္ခာကျမှာ စိုးလို့ 
ဆိုတာတော့ သဘောပေါက်ထားပါ ။

ထွန်းအောင်ကျော်
အထွေထွေ အတွင်းရေးမှူး
ရခိုင်အမျိုးသားပါတီ ။