28 March 2017
ရခိုင်ပြည်နယ်
အမ်းမြို့ နယ် ကြားဖြတ်ရွေးကောက်ပွဲကို ကျွန်တော်တို့ 
အာရုဏ်စိုက်ကြည့်ကြသည် ။ ရခိုင်လူမျိုးသာမဟုတ်-အားလုံးသော နိုင်ငံရေးနှင့်
ဆက်နွယ်သည့် ပုဂ္ဂိုလ်များက သေသေချာချာ လေ့လာကြသည် ။
ပထမဦးစွာ
ယခုယှဉ်ပြိုင်ကြမည့် သူတို့ အထဲတွင် လူထုအကြားရေပန်းစားသူများက
မည်သူ-လူထုကသတိမထားမိကြသောသူများက မည်သူ-ဆိုသည်ကို
စိတ်ဝင်တစားကြည့်ဖြစ်ကြသည် ။
ပြိုင်ပွဲဟု ဆိုသောကြောင့် အနိုင်အရုံးရမည့်သူတို့ ကို ဆန်းစစ်ရမည်မှာ အဓိက တခုဖြစ်သည် ။
မည်သူတွေက မည်သူနှင့် ပြိုင်ဘက်ဖြစ်နေမည်လဲဆိုသည်ကို သတိထားဂရုစိုက်ရသည် ။
ရှေးဦးစွာ အမ်းမြို့ နယ်၏ အခြေအနေများကို တစေ့တစောင်းကြည့်ကြသည် ။
အမ်းမြို့ နယ်ကို ရပ်ကွက် -( ၄ )-ရပ်ကွက်နှင့် ဖွဲ့ စည်းထားပြီး မြို
့ပေါ်ရပ်ကွက်တွင် လူဦးရေ တသောင်းကျော်ရှိသည် ။ အမ်းမြို့ ရှိ
လေယဉ်ကွင်းမှာ အထူးကောင်းမွန်ပြီး ဂျက်လေယဉ်ကအစ သာမန်လေယဉ်ငယ်များပါ
ဆင်းသက်နိုင်သည် ။ အရေးရယ် အကြောင်းရယ် ဖြစ်လာလျှင် ၄င်းအမ်းလေယဉ်ကွင်းသည်
အသုံးချ၍ရရာ တိုင်းမှူးရုံးချုပ်စစ်တပ်ကိုလည်း ချထားပေးသည် ။
ထို
့ကြောင့် မဲပေးနိုင်သော တပ်မတော်သားများနှင့် မိသားစုတို့ သည်လည်း
အင်နှင့်အားနှင့် ရှိနေသည် ။ တပ်မတော်သည် ပြည်ခိုင်ဖြိုးပါတီကို
ကြောထောက်နောက်ခံပြု ပေးထားသော အဖွဲ့ အစည်း ဖြစ်သည် ။
ရခိုင်ပြည်နယ်တွင် မြေဧရိယာအကျယ်ပြန့် ဆုံးနှင့် လူနေထိုင်ကြဲသော မြို
့နယ်လည်းဖြစ်သည် ။အမ်းမြို့ နယ်၏ အကျယ်အ၀န်းသည် ( ဧက-၁၄၈၂၈၀၃ )-ရှိသည် ။
စတုရန်းမိုင်းပေါင်း-( ၂၄၆ရ.၅၁ မိုင် ) ရှိသည် ။
ရက်ကွက်-၄-ရပ်ကွက်-ကျေးရာအုပ်စု-( ၂၉ )-အုပ်စု-ကျေးရွာငယ်စုစုပေါင်း-( ၁၄၆
)-ရွာရှိသည် ။ မြို့ နယ်တခုလုံးတွင် လူဦးရေ တသိန်းကျော်ရှိပြီး
မဲပေးနိုင်သူ အသက်-၁၈-နှစ်ပြည့်ပြီးသူများမှာ ခုနှစ်သိန်းကျော်ခန်
့ရှိသည်ဟု သိရသည်။
ဤသို့ သောအနေအထားမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြည့်ရသောအခါ
ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဒေါက်တာအေးမောင်- အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ် ကိုယ်စားပြု ဦးဇေါ်ဝင်းမြင့်- ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု
ဦးသောင်းငြိမ်းနှင့် တသီးပုဂ္ဂလ ကိုယ်စားပြု ဦးဇေါ်လင်းအောင်တို့ ဖြစ်ကြသည်
။
------------------ ------- ----------------
ပထမဦးစွာ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ဒေါက်တာအေးမောင်၏ အနေအထားကို
ပြောဖြစ် ဆွေးနွေးဖြစ်ကြသည် ။ သူကားယခင်သမ္မတဦးသိန်းစိန်လက်ထက်တွင်
ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွားခံခဲ့ ရသူဖြစ်သည် ။
သမိုင်းလိမ်ဘင်္ဂလီများကို ကန့် ကွက်လက်မခံသောကြောင့် မလေးရှားခရီးစဉ်၌
သေနတ်ဖြင့် လုပ်ကြံခံရသော်လည်း အသက်ဘေးမှ ချမ်းသာလွပ်မြောက်ခဲ့ သူဖြစ်သည် ။
လွှတ်တော်အတွင်း ဆွေးနွေးတင်ပြချက်များသည် ရခိုင်လူမျိုးတရပ်လုံးအတွက်
မဟုတ်ဘဲ အခြားတိုင်းရင်းသားလူမျိုးများအတွက်ပါ တင်ပြချက်များ ရှိပြီး
၎င်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ယုံကြည်ခြင်း ခံရသူဖြစ်သည် ။
ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တစိုက်မတ်မတ် တောင်းဆိုမှုကြောင့်
သမ္မတဦးသိန်းစိန်သည် -၆-ပွင့်ဆိုင်ဆွေးနွေးလက်ခံရာ၌
တိုင်းရင်းသားများကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက်ခံခဲ့ ရသူဖြစ်သည် ။
ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းပိုင်ခွင့်နှင့် မိမိကြမ္မာ မိမိဖန်တီးခွင့် ရရှိရေးကို တောင်းဆိုတိုက်ပွဲဝင်နေသူ ဖြစ်သည် ။
အခြားတဖက်မှာ ပါတီ၏စည်းကမ်းထိမ်းသိမ်းမှုပိုင်းဆိုင်ရာ ညံ့ဖျင်းမှုများ-
ပါတီတွင်းမညီမညွတ်မှုများ-သပ်လျှိုပူးပေါင်းခြင်း ခံရမှုများ-စသည်ဖြင့်
ရှိနေရာ အပြင်လူ တိုက်ခိုက်သည်ထက် ပါတီတွင်းတိုက်ခိုက်ခြင်းကိုလည်း
ခံနေရသူဖြစ်သည် ။
ယခုကြားဖြတ်ရွေးကောက်ပွဲတွင်
ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်လောင်းထက်
ပုဂ္ဂိုလ်ရေးအမြင်ကျဉ်းမြောင်းခြင်းကြောင့် ဒေါက်တာအေးမောင်ကို
အနိုင်မရရှိစေခြင်းငှာ ဆောင်ရွက်နေသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်ဖြစ်သည် ။ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများ အပါအ၀င် သူတို့ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေါ်ဝင်းမြင့်အား အနိုင်ရရှိစေရေးအတွက်
ငွေပေးပြီး စည်းရုံးရေးဆင်းနေကြသည်ကို မြင်ရသည် ။
ဘုန်းတော်ကြီးကျောင်းလမ်းအတွက်
ငွေ-သိန်း-၂၀-ရေကန်ခြံစည်းရိုးကာရန်-၂၅-သိန်း-ရေကောင်းချိန်ကျေးရွာဆိပ်ကမ်းလမ်းအတွက်-၁၅-သိန်း-သိမ်ဆောက်လုပ်ရန်-၂၅-သိန်း-ဘုန်းကြီးကျောင်း-၁၈-သိန်းစသည်ဖြင့်
စုစုပေါင်း-၁၀၃-သိန်းကို သွားရောက်လှူ ဒန်း ပေးသည်ကို တွေ့ ရသည် ။
အမ်းမြို့ နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲနီးခါမှ မိမိတို့ ပါတီမှ
လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲဝင်ချိန်တွင် ဤသို
့သွားရောက်ငွေလှူဒန်းခြင်းကို လူထုသည်၎င်း-အခြားနိုင်ငံရေးပါတီသည်၎င်း
အမြင်များ ရှင်းကြလိမ့်မည် မဟုတ်ပေ ။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ရွေးကောက်ပွဲကြောင့် လာရောက်ပြီး ငွေဖြင့် မဲဆွယ်သည်ဟု ပြောကြပြီ ။
သိက္ခာမဲ့ စွာ စည်းရုံးနေသည် ။ အမ်းမြို့ နယ်ကို ထောက်ပံ့ ပေးပြီး
စေတနာများရှိလျှက် ဒေသဖွံ့ ဖြိုးရေး လုပ်မည်ဆိုလျှင် တနှစ်အတွင်း
အိပ်မောကျနေသလားဟု အမ်းဒေသခံတဦးက ပြောပြလေသည် ။ ယခုမှ မဲရလို၍
လာပေးသည်ကို ရွံရှာမိသည်ဟု ပြောသည် ။
မည်သို့ ပင်ဖြစ်စေ
အမ်းဒေသအတွက်တော့ တနည်းတဖုံအားဖြင့် သိန်း-၁၀၃-သိန်းရရှိသွားသည့်အတွက်
ကျေးဇူးတင်လိုက်ရမည်ဖြစ်သည် ။ မဲပေးသည့်အခါတော့ ကြိုက်သည့် ပါတီက
ကိုယ်စားလှယ်လောင်းကို ပေးကြပေတောာ့ဟုသာ ပြောရုံဘဲ ရှိတော့ သည် ။
စင်စစ်အားဖြင့် ဦးဇေါ်ဝင်းမြင့်မှာ အမ်းမြို့ နယ်သည်
မွေးဖွားရာချက်မြုပ်အရပ်ဒေသ မဟုတ်ချေ ။ ကျောက်ဖြူ မြို့ နယ်သားတဦးဖြစ်သည်
။ ဒေသခံမှ ဒေသခံကို မဲပေးကြပါရန် အမ်းမြို့ နယ်သားတွေက တိုက်တွန်းနေသံကို
ကြားရသည် ။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည်လည်း
ဒေသခံဆိုသောသူကိုမှ မဲပေးရမည် ဆိုသည့် စကားကို လုံးဝလက်မခံသော အဖွဲ
့အစည်းဖြစ်ရာ အမ်းမြို့ နယ်မှ မဲဆန္ဒရှင် ပြည်သူများနှင့်လည်း ထိပ်တိုက်တွေ
့နိုင်သည် ။
သို့ သော် ဦးဇေါ်ဝင်းမြင့်၏ ယှဉ်ပြိုင်ဖက်မှာ
ဒေါက်တာအေးမောင် ဖြစ်နေသောကြောင့် ဒေသခံမဟုတ်သော သူတို့ နှစ်ဦးအဖို့ 
ပြိုင်ရမည် ဆိုသော်လည်း ၀န်ကြီးချုပ် ဦးညီပုတို့ ၏ အောက်ဖဲဝှက်ကစား
အကြံပက်စက်မှူကို ဒေါက်တာအေးမောင် ခံရနိုင်သည် ။
အဘယ့်ကြောင့်ဆိုသော် မည်မျှအထိ ငွေဖြင့် မဲဆွယ်စည်းရုံးလျှက် ရှိနေပြီ
ဆိုသည်ကို မည်သူမျှ မသိရ-အမ်းမြို့ နယ်ရွေးကောက်ပွဲသည်
လာမည့်ရွေးကောက်ပွဲရက်တွင် အေးချမ်းစွာ ပြီးဆုံးသွားမည် ဖြစ်သည် .။ သူသည်
အမ်းမြို့ နယ်မှာ မဲဆွယ်စည်းရုံးရန် ရှိမနေသင့်ပေ ။ သူနှင့်အတူ
ရခိုင်ပြည်ကို ကျော်လာပြီး မကွေးတိုင်းဘ၀န်ကြီးချုပ်ကိုယ်တိုင်
လာရောက်မဲဆွယ်သည်ကိုလည်း မြင်ရသည် ။ ဤမျှတောင်
အမျိုးသားလွှတ်တော်ာကိုယ်စားလှယ်လောင်း ရှုံးမှာကို ကြောက်လန့် နေလျင်
ဒေါ်အောင်ဆန်းစုကြည် လာခဲ့ ပါလားဟု အမေရိကန်မှာ ရှိသော ကျွန်တော်တို့ တွေက
စေဒကတက်နေကြဖြစ်သည် ။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း
ဦးသောင်းငြိမ်းမှာ ယခုမှ နိုင်ငံရေးလောကသို့ ဝင်ရောက်ကာ ယှဉ်ပြိုင်မည့်သူ
ဖြစ်သော်လည်း သူကား စီးပွားရေးလုပ်ငန်းရှင်-ပရိဟတိလူမှု ရေး သမားဖြစ်သည် ။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရလျှင် သားပစ် မယားပစ်
စီးပွားရေးပစ်ရမည့် အလုပ်ကို သူသည် စဉ်းစားနေရသူဖြစ်သည် ။ လက်ရှိ
ပြိုင်ပွဲအနေအထားမှာလည်း ပြည်ခိုင်ဖြိုးပါတီမှ ယှဉ်ပြိုင်သည့်တိုင်
ရှုံးလျှင်လည်း သူ့ နေဖြင့် ဘာမျှ မဖြစ်သလို နိုင်သွားလျှင်ပင် ရှုံးသည်ထက်
ပိုရှုံးသွားမည့် အလားအလာ ဖြစ်နေသည် ။
သို့ သော် ယခုခေတ်ကား
ကန်ထရိုက်တာလုပ်ငန်း နိုင်ငံရေးခေတ်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီက
လွှတ်တောာ်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရလျှင် မျိုးမျိုးမြက်မြက်
လုပ်ကိုင်ခွင့် ကန်ထရိုက်တာ လုပ်ငန်းတခုခုကို ပေးမည်ဆိုပြီး
စည်းရုံးထားလျှင်တော့ သူ့ အဖို့  နစ်နာစရာ ဘာမျှ မရှိချေ ။ စင်စစ်အားဖြင့်
သူသည် နိုင်ငံရေးသမား မဟုတ်ကြောင်း ကြေညာထားသူလည်း ဖြစ်သည် ။
အခြား
တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဇေါ်လင်းအောင်က နိုင်ငံရေးပါတီကြီးများ၏
ကြားမှာ ညှပ်နေသာ အဆင့်ဖြစ်နေသည် ။ နယ်မြေအကျယ် အ၀န်း ကျယ်ပြန့် သော
အမ်းမြို့ နယ်အနှံ့  သူ၏ စည်းရုံးရေးမှာ အလွန်တရာမျှ အင်အားချို့ တဲ
့လှသည် ။ ပြီးတော့ အမ်းမြို့ နယ်သည် နိုင်ငံရေးအတွေ့ အကြေုံ နည်းပါးသော
နယ်မြေဖြစ်ရာ တသီးပုဂ္ဂလ၏ အခန်းကဏ္ဍထက် ပါတီပိုင်းဆိုင်ရာ အခန်းကဏ္ဍကို
နားလည်သဘောပေါက်နေကြသောကြောင့် သူ့ အဖို့ အနိုင်ရရှိရေးထက် မဲဖျက်သွားမည့်
အနေအထားမှာသာ ရှိနေသည် ကို မြင်တွေ့ရသည် ။
------------ -------------- ------------
ကျွန်တော်တို့ ၏ ရခိုင်ရာဇ၀င် ရခိုင်သမိုင်းမှာ ၀ါသုဒေ၀မင်းသည် ရှိခဲ
့လေသည် ။ ၀ါသုဒေ၀မင်း၏ အစ်မတော် အဉ္ဖနဒေ၀ီမင်းသမီးက
ရခိုင်ရိုးမတောင်တန်းဘက်ကို သွားရောက်ရာ၌ မြစ်ကို တွေ့ လေသည် ။
ဤအခါ- ဤမြစ်ကား အံ့ ဘွယ်ကောင်းသော မြစ်ပါတကားဟု ရေရွတ်ပြောဆိုသည် ။
ထို့ ကြောင့် ၄င်းမြစ်ရှိရာ ကမ်းနံဘေးမှာ မြို့ တည်ရာ အံ
့ဘွယ်ကောင်းသောမြစ်ဆို၍ အမ်းမြို့ ဟု အမည်သမုတ်တွင်လေသည် ။ အံ့ မှသည်
အမ်းဖြစ်သွားလေသည် ။
မျက်မှောက်ကာလတွင် အံ့ ဘွယ်ကောင်းသောမြစ်ဟု
အမည်သမုတ်ထားခဲ့ သော အမ်းမြို့ ၏ အဉ္ဖနဒေ၀ီမင်းသမီးကို ဂုဏ်ပြု သောအားဖြင့်
ရခိုင်အမျိုးသားပါတီအနိုင်ရရှိလျှင် ရုပ်ထုတော်တည်ဆောက်ကြရန်
မေတ္တာရပ်ခံချင်သည် ။
အဘယ့်ကြောင့်ဆိုသော် လူမှန် နေရာမှန်
နိုင်ငံရေးသမားတဦးကို ကမ္ဘာက စောင့်ကြည့်နေကြရာ ကျွန်တော်တို့ က
ဒေါက်တာအေးမောင်ကို အနိုင်ရစေချင်သည် ။ သို့ မှသာ သမိုင်းလိမ်ဘင်္ဂလီတို့ ၏
ဆောင်ရွက်ချက်ဟူသမျှကို အခြားသော ပါတီအဖွဲ့ အစည်း-တပ်မတော်တို့ နှင့်
ပူးပေါင်းကာကွယ် နိုင်မည် ဖြစ်သည် ။
သမိုင်းလိမ်ဘင်္ဂလီတို့ ကလည်း ကမ္ဘာတ၀ှမ်းမှ စောင့်ကြည့်နေကြရာ သူတို့ သည် ဒေါက်တာအေးမောင်အား အနိုင် မရရှိစေလိုကြ ။
သူတို့ အနိုင်မရရှိစေချင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း
အနိုင်မရရှိစေလို ။ ဒေါက်တာအေးမောင်သာ အနိုင်ရရှိခဲ့ ပါက မူဆလင်ဘာသာဝင်
သမိုင်းလိမ်ဘင်္ဂလီတို့ ကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေရသော
အချက်အလက်များသည် ပြသနာကြီး တခုဖြစ်နေမည်မှာ သေချာနေခြင်းကြောင့် ဖြစ်သည်
ထို့ ကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ယခုအချိန်မှာ ရွေးကောက်ပွဲတွင်
ယှဉ်ပြိုင်သည့်တိုင်အောင် မိမိတို့  လွှတ်တော်ကိုယ်စားလှယ်လောင်းထက်
ဒေါက်တာအေးမောင် အနိုင်ရရှိရေးအတွက် ၀ိုင်းဝန်းကြိုးစားပေးသင့်သည် ။
ပြည်ခိုင်ဖြိုးပါတီ၏ မဲကို ရခိုင်အမျိုးသားပါတီဘက်သို့  ပြောင်းစေရန်
ဆောင်ရွက်သင့်သည် ။
အဘယ့်ကြောင့်ဆိုသော သမိုင်းလိမ်ဘင်္ဂလီ
မူဆလင်ဘာသာဝင်တို့ ၏ ဆောင်ရွက်နေချက်များကို ခုခံကာကွယ်နေသည်မှာ
ပြည်ခိုင်ဖြိုးဖြစ်သလို ရခိုင်အမျိုးသားပါတီ၏ ပေါ်လီစီနှင့်ရော
ရခိုင်လူမျိုးတို့ ၏ ဆန္ဒနှင့်ရော ကိုက်ညီမှု ရှိနေခြင်းကြောင့် ဖြစ်သည် ။
လာမည့်-၂၀၂၀-ခုနှစ်တွင် ရခိုင်ပြည်နယ်တခုလုံး ရခိုင်အမျိုးသားပါတီက
အားလုံးလွှမ်းခြုံဖို့  အမ်းမြို့ နယ်မှ စတင်ကြပါစို့ ဟု ပြောချင်သည် ။
ကျွန်တော်တို့  အမေရိကရောက် ရခိုင်လူမျိုးများကလည်း အမ်းမြို
့နယ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်အား
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးကြပါရန် အမ်းမြို့ နယ်သူ မြို
့နယ်သားများအား အထူးမေတ္တာရပ်ခံအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )