Saturday, April 22, 2017

ကိုဖီအာနန်ကော်မရှင် ကြားဖြတ်အစီရင်ခံစာ လေ့လာသုံးသပ်ချက်

 Image may contain: one or more people and text

 မောင်သွေးချွန်

''လူမျိုးရေးနဲ့ ပတ်သက်ပြီး တို့ နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီးဖြစ်တယ်။ ရခိုင်မှာ ရှိတဲ့ ဘင်္ဂါလီများအနေနဲ့ မြန်မာ တိုင်းရင်းသားတွေမဟုတ်ဘဲ မြန်မာ နိုင်ငံမှာလာရောက်နေထိုင်သူတွေသာ ဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်အောက်တိုဘာ လမှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအချို့ အကြမ်း ဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ အသွယ်သွယ်ကို အကြောင်းပြုပြီး နိုင် ငံရေးစွက်ဖက်မှုတွေကို တွေ့ရမှာဖြစ် တယ်။ တို့တွေအနေနဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာတွေကို ဆောင် ရွက်ပေးသွားဖို့ တာဝန်ရှိသလို နိုင်ငံ တော်တွင်းဖြစ်နေတဲ့ နိုင်ငံရေးအခြေအ နေတွေအရ နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်းပြုပြီး ဆောင်ရွက်လာ မှုများဟာ နိုင်ငံတော်ရဲ့အချုပ်အ ခြာအာဏာကို ထိပါးလာနိုင်တာ ဖြစ်တဲ့အတွက် တပ်မတော်ရဲ့စိတ် ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့ လည်း တာဝန်ရှိတယ်။''
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၇၂ နှစ်မြောက် တပ်မတော်နေ့စစ်ရေး ပြ အခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့် ခွန်းထဲက ကောက်နုတ်ဖော်ပြပေးလိုက် တာပါ။

ရခိုင်ပြည်နယ်မှာ ခိုးဝင်ကျူး ကျော်နေထိုင်လျက်ရှိတဲ့ ဘင်္ဂါလီမွတ်ဆ လင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားတွေကို ပြတ်ပြတ်သားသား တုံ့ ပြန်စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ ဘင်္ဂါ လီကို ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သတင်း မီဒီယာတွေကို တရားမဝင်ဘူးလို့ အသိ ပေးကြေညာလိုက်တာလည်းဖြစ်ပါ တယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီကို ဘင်္ဂါလီလို့ အမှန်အတိုင်းမပြောရဲဘဲ 'ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်း အ ဝိုင်း'လို့ သုံးနှုန်းခဲ့ခြင်းကို ကျော်လွန် လွှမ်းမိုးသွားပြီး ဘင်္ဂါလီကို ဘင်္ဂါလီလို့ တည့်တည့်ပြောတယ်။ မြန်မာတိုင်းရင်း သားမဟုတ်ဘူးလို့ ကြေညာရဲတယ်။ ရိုဟင်ဂျာမရှိဘူးလို့ အတိအလင်း ပြော ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ရဲ့ မိန့်ခွန်းကို ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့က သောင်းသောင်းဖြဖြကြီး ကြိုဆိုခဲ့ ကြပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့ မတိုင်မီ သုံးရက်အလို မတ်လ ၂၄ ရက်နေ့မှာ 'ရခိုင်ပြည်နယ်ရှိ မွတ်ဆ လင် ဘင်္ဂါလီများ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုရှိမရှိ နိုင်ငံတကာမစ်ရှင်အ ဖွဲ့တစ်ခု စေလွှတ်ရန် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ မြန် မာအစိုးရရဲ့ တုံ့ပြန်ချက်အပေါ်မှာလည်း ရဟန်းရှင်လူပြည်သူအပေါင်းတို့က နှစ် ထောင်းအားရ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ၂ဝ၁၇ ခု၊ မတ်လ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ သတင်းထုတ် ပြန်ချက်အပေါ်မှာတော့ ဆန့်ကျင် ဖက်အမြင်တွေရှိလာခဲ့ပါတယ်။
''နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ၏ ကြားဖြတ်အစီရင်ခံစာကို ကြိုဆိုပါ သည်။''
''ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်နှင့်တကွ ကော်မရှင်များ အားလုံး၏ ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးနှင့် သာယာဝပြောရေးအတွက် အမြော်အမြင်ရှိမှုနှင့် အပြုသဘော ဆောင်သော ကြိုးပမ်းဆောင်ရွက်မှုတို့ အတွက် နိုင်ငံတော်အစိုးရမှ ကျေးဇူးအထူးပင် တင်ရှိပါသည်။''
''နိုင်ငံတော်အစိုးရအနေဖြင့် ယခု အစီရင်ခံစာပါ အကြံပြုတင်ပြချက် များအပေါ် သဘောထားအမြင်တူ ညီကြောင်းနှင့် ယင်းတင်ပြချက်များ သည် အမျိုးသားပြန်လည် ရင်ကြား စေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စဉ်အပေါ် ကောင်းမွန်သော အကျိုး သက်ရောက်မှုများစွာ ရရှိ စေမည်ဟု ယုံကြည်ပါသည်''လို့ဖော်ပြ ထားပါတယ်။
တကယ်တော့ ကိုဖီအာနန်အစီ ရင်ခံစာကို မဆိုထားနဲ့၊ ကိုဖီအာနန် ကော်မရှင်ကိုပင် စတင်ဖွဲ့စည်းစဉ်က တည်းက ပြည်သူလူထုက လုံးဝလက် မခံခဲ့ပါ။ ရခိုင်မှာဆိုရင် ဆန္ဒပြပွဲကြီးတွေ နဲ့ ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့အထိပါပဲ။ ကိုဖီအာနန်ဟာ ရိုဟင်ဂျာဆိုတဲ့စကား လုံးကို သုံးနှုန်းပြောဆိုခဲ့တာကြောင့် မြန် မာပြည်သူတွေရဲ့ ချဉ်ဖတ်ကြီးဖြစ်ခဲ့ရပါ တယ်။ ဒါကြောင့် သူ့ဆီကထွက်ပေါ် လာမယ့်အစီရင်ခံစာဟာ ဘင်္ဂါလီမွတ် ဆလင်တွေဘက်က တစ်ဖက်သတ်ရပ် တည်ပြောဆိုလာလိမ့်မယ်ဆိုတာ ကြို တင်တွက်ဆခဲ့ပြီးဖြစ်ပါတယ်။

ယခု ထွက်ပေါ်လာတဲ့ အာနန် ကော်မရှင်ကြားဖြတ်အစီရင်ခံစာမှာ -
''ပြည်ထောင်စု အစိုးရနှင့် ရခိုင် ပြည်အစိုးရတို့သည် ရခိုင်ပြည်နယ်အ တွင်းရှိ လူ့အဖွဲ့အစည်းများအားလုံးအား ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆိုင်ရာ နှင့် နိုင်ငံသားဖြစ်မှုတို့ကို အခြေခံ၍ ခွဲခြားမှုများကို မပြုလုပ်ဘဲ အခွင့်အရေး တူညီစွာဖြင့် ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးသင့်ပါသည်။ လူ့အဖွဲ့အ စည်းဝင်များအားလုံးသည် တူညီသော ပညာသင်ယူခွင့်ရှိသည်ဟူသောအချက် ကိုလည်း အများပြည်သူအားလုံး သိ ရှိစေရန် ကြေညာပေးသင့်ပါသည်။ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ မွတ် ဆလင်ကျောင်းသားများအား တက္က သိုလ်ပညာသင်ကြားနိုင်ခွင့်များကို တား မြစ်ပေးသည့် လူမျိုးစုတစ်စုအား ခွဲခြား ဆက်ဆံသည့် မူဝါဒများကို ပြုပြင်သင့် ပါသည်။''
ကိုဖီအာနန်ကော်မရှင်ဟာ အခြေ ခံအချက်အလက်တွေကစပြီး မှားယွင်း နေခဲ့ပါပြီ။ 'လူမျိုးစုတစ်စုအား ခွဲခြား ဆက်ဆံသည့် မူဝါဒများ'ဆိုတာ ခိုးဝင် ကျူးကျော် ဘင်္ဂါလီမွတ်ဆလင်တွေကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်္ဂါလီမွတ်ဆလင်တွေဟာ မြန်မာ တိုင်းရင်းသားမဟုတ်ကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကလည်း တပ်မ တော်နေ့ မိန့်ခွန်းထဲမှာ အတိအလင်း ထည့်သွင်းပြောကြားခဲ့ပါပြီ။ မြန်မာနိုင် ငံထဲ ခိုးဝင်နေထိုင်သူတွေအနေနဲ့ ဘင်္ဂါ လီ မွတ်ဆလင်ဖြစ်စေ၊ တရုတ်ဗုဒ္ဓဘာ သာဝင်ဖြစ်စေ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ အမြဲတမ်းနေထိုင်ကြဖို့ ရည်ရွယ်ရင်တော့ ၁၉၈၂ နိုင်ငံသားဥပ ဒေအရ စိစစ်ခံရမှာဖြစ်ပါတယ်။ နိုင်ငံ သားစိစစ်တာ တစ်ကမ္ဘာလုံးရဲ့ ထုံးစံပါပဲ။ ဒါဟာ ခွဲခြားတာမဟုတ်ပါဘူး။ တရား ဥပဒေစိုးမိုးရေးလို့ ကြွေးကြော်နေပြီး နိုင်ငံသား ဥပဒေကို ချောင်ထိုးထားရင် ခေါင်ကမိုးမလုံရာကို ပြဆိုနေသလိုပါပဲ။
၁၉၈၂ နိုင်ငံအား ဥပဒေမှာ (၁)နိုင် ငံသား (၂) ဧည့်နိုင်ငံသား (၃) နိုင်ငံသား ဖြစ်ထိုက်သူရယ်လို့ သဘာဝကျကျ ခွဲ ခြားထားပြီးဖြစ်ပါတယ်။ ဥပဒေအရ နိုင်ငံသားဖြစ်သွားသူများဟာ နိုင်ငံသား အခွင့်အရေးအပြည့်အဝရသွားပြီဖြစ်လို့ ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကိုမှ ခံရမှာ မဟုတ်တော့ပါဘူး။ နိုင်ငံသားမဖြစ် ထိုက်တဲ့ ဘင်္ဂါလီမွတ်ဆလင်တွေကို လဝကကနိုင်ငံသားကတ်တွေ ထုတ် ပေးခဲ့လို့ သိပ်မကြာသေးခင်ကပဲ ရခိုင် ပြည်သူလူထုက အကြီးအကျယ်ဆန္ဒပြ ကန့်ကွက်ခဲ့ပြီးဖြစ်ပါတယ်။

အာနန်ကော်မရှင်က 'လူ့အဖွဲ့ အစည်းဝင်များအားလုံး'လို့ မလိမ့် တပတ် ဖော်ပြလိုက်တာလည်း နား လှည့်ပြီးပါးရိုက်လိုက်တာပါပဲ။လူ့အဖွဲ့အစည်းဆိုတာအချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ အလေး အနက် ဂရုပြုရပါလိမ့်မယ်။ ပြည် ထောင်စုမြန်မာနိုင်ငံတော်ဟာ ခိုး ဝင်ဘင်္ဂါလီမွတ်ဆလင်တွေနဲ့ တည် ထောင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်မ ဟုတ်ပါဘူး။ ပြည်ထောင်စုဖွား တိုင်း ရင်းသားစစ်စစ်တွေနဲ့ ဖွဲ့စည်းတည် ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုမှ ခိုးဝင်လာသူတွေ၊ အကြမ်းဖက် အ ဖျက်သမား ဂျီဟတ်ဝါဒီတွေကို လူ့ အဖွဲ့အစည်းဝင်အားလုံးထဲမှာ ထည့် သွင်းလို့မရနိုင်ပါဘူး။ သူတို့ရဲ့ ပင်ရင်း မိခင်နိုင်ငံဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်း ပါပဲ။

နိုင်ငံတော်အတိုင်ပင်ခံရုံးကတော့အာနန်ကော်မရှင်ရဲ့အစီရင်ခံစာကိုက သောကမျောအလောတကြီး ထောက်ခံ ကြိုဆိုလိုက်တာတွေ့ရပါတယ်။အာနန် ကော်မရှင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်ဖြစ် တဲ့အတွက် ကော်မရှင်ကဘာပြော ပြောသဘောတူတယ်လို့ဆုံးဖြတ်ပြီးသားဖြစ်နေပြီလားလို့ မေးစရာရှိပါတယ်။
''နိုင်ငံတော်အစိုးရအနေဖြင့်ယခုအစီရင်ခံစာပါအကြံပြုတင်ပြချက်များအပေါ်သဘောထားအမြင်တူညီ ကြောင်းနှင့် ယင်းတင်ပြချက်များသည်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု များစွာ ရရှိစေမည်ဟု ယုံကြည်ပါ သည်''တဲ့။အဲဒီမှာ 'အမျိုးသားပြန်လည် ရင်ကြားစေ့ရေး'ဆိုတာ ခိုးဝင်ဘင်္ဂါလီ မွတ်ဆလင်တွေနဲ့ လုံးဝမသက်ဆိုင် ဘူးဆိုတာလောက်ကိုတော့ အလိုလို သဘောပေါက်ပြီး ဖြစ်နေရပါမယ်။ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ဘယ်တုန်း ကမှ ကိုယ့်နိုင်ငံသား ကိုယ့်အမျိုးသား မဟုတ်ခဲ့လို့ပါပဲ။ တပ်မတော်နဲ့ ဒီချုပ် ပါတီကြားက ကွာဟမှုတွေကို ညှိနှိုင်းရာ မှာ 'အမျိုးသားရင်ကြားရေး'ဆိုတဲ့ စကားလုံး သုံးနိုင်ပါတယ်။ ရှမ်း၊ ကချင်၊ ကရင်စတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးစကားပြောတဲ့ နေရာမှာ 'အမျိုးသားပြန်လည်ရင်ကြား စေ့ရေး'လို့ သုံးနိုင်ပါတယ်။ ခိုးဝင်ကျူး ကျော်ဘင်္ဂါလီမွတ်ဆလင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေကြားမှာ 'အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး'ဆိုတာကတော့ ဘယ်လိုမှကြားလို့ မကောင်းပါဘူး။

အာနန်ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဘင်္ဂါလီမွတ်ဆလင်တွေ ရဲ့ အခွင့်အရေးကိုသာ ဇောင်းပေးပြော ဆိုထားတာ တွေ့ရပါတယ်။
''ဒုက္ခသည်များ ဘင်္ဂါလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ မိမိတို့သဘော ဆန္ဒအလျောက် ပြန်လာနိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ နှစ်နိုင်ငံ ပူးတွဲစိစစ်မှုများပြုလုပ်ဆောင်ရွက်ပေး ရန်'ဆိုတာမျိုးဟာ တစ်ဖက်သတ်ရပ် တည်တောင်းဆိုချက်ဖြစ်ပါတယ်။ မြန် မာနိုင်ငံဟာ ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ မိခင်နိုင်ငံမဟုတ်လို့ တံခါးမရှိ ဓားမရှိ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာလို့မရပါ ဘူး။ ခိုးဝင်လာတဲ့ နိုင်ငံခြားသားမှန်သမျှ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့အရေး ယူသွားရမှာ ဖြစ်ပါတယ်။

အာနန်ကော်မရှင်ရဲ့ တောင်းဆိုချက်တွေဟာ တစ်ရစ်ပြီးတစ်ရစ် စပါး ကြီးမြွေညှစ်သလိုဖြစ်လာခဲ့ပါတယ်။
''ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက် ရှိနေသော ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှ ဒုက္ခသည်များ မိမိတို့ဒေသသို့ ပြန်လာသည့်အခါ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြန်လာသူများ လုံခြုံစွာနေ ထိုင်ရေးအတွက် လိုအပ်သည့် လုံခြုံ ရေးဆိုင်ရာ အကူအညီများပေးခြင်းနှင့် နေအိမ်များ ဖျက်ဆီးခံရသူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ပေး ခြင်းများကို ပြုလုပ်ပေးသင့်ပါသည်''
အဲဒီမှာ 'ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒုက္ခသည်များ'ဆိုတာ ဘူးသီး တောင်မောင်တောက ဘင်္ဂါလီမွတ်ဆ လင်များကို ဆိုလိုပါတယ်။ အဲဒီ ဘင်္ဂါ လီမွတ်ဆလင်တွေ 'မိမိတို့ ဒေသကို ပြန်လာသည့်အခါ'လို့ သုံးနှုန်းရေးသား လိုက်ပုံဟာလည်း တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးလိုက် ခြင်း ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းသည် လည်းကောင်း၊ ရခိုင်ပြည်နယ်တစ်ခု လုံးသည်လည်းကောင်း ဘင်္ဂါလီမွတ်ဆ လင်တွေရဲ့ မိခင်နိုင်ငံ(မိမိတို့ဒေသ) လုံး ဝ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ပြန် လည်ဝင်ရောက်နေထိုင်လာခြင်းကို ဘာ့ကြောင့် ကြိုဆိုရမှာလဲ။ ရခိုင်မြေ ပေါ် ကျူးကျော်ခိုးဝင်လုယက်ဖျက်ဆီးခဲ့ သူတွေကို အကူအညီအကာအကွယ် ပေးဖို့ တောင်းဆိုနေခြင်းဟာ နိုင်ငံ တော်ကြီး ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်နေခြင်းသာဖြစ်ပါတယ်။
အာနန်ကော်မရှင်ဟာ ရခိုင်ဗုဒ္ဓ ဘာသာဝင်တွေအတွက် လုံးဝမငဲ့ကွက် ထည့်မတွက်ဘဲ ဘင်္ဂါလီမွတ်ဆလင် တွေအတွက်သာ ဆက်လက်အကြံပေး တင်ပြသွားပါတယ်။
''ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် များသည် မည်သည့်နိုင်ငံသားအဖြစ်မှ ရပ်တည်နိုင်မှုမရှိသည်မှာ ကြာပြီဖြစ်ပါ သည်'တဲ့။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ သာတာဝန်ရှိပါတယ်။ သူတို့ရဲ့နိုင်ငံသား ဖြစ်မှုအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို သာ အရေးဆိုရမှာ ဖြစ်ပါတယ်။
ဘင်္ဂါလီမွတ်ဆလင်တွေဟာ 'ခွဲ ခြားဆက်ဆံခံရမှုများနှင့် အနိုင်အကျင့် ခံရမှုများကို ကြုံတွေ့နေရပါသည်။ မွတ် ဆလင်လူ့အဖွဲ့အစည်းအနေဖြင့် လှုပ် ရှားသွားလာနိုင်မှု၊ အသက်မွေးဝမ်းကျောင်း မှု၊ မြေယာပိုင်ဆိုင်နိုင်မှု၊ ပညာသင်ယူ နိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာ ဆေးကု သခံယူနိုင်မှုများအပေါ် ကန့်သတ်ချက် များနှင့် ကြုံတွေ့ခံစားနေကြရပါသည်' လို့ ဆိုပါတယ်။
ခွဲခြားဆက်ဆံမှုဆိုတာ သဘာဝအ လျောက်ဖြစ်ပေါ်နေတာပါ။ နိုင်ငံသားနဲ့ နိုင်ငံခြားသား အလိုလိုကွဲပြားနေပြီး သားဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီး မှာလည်း ခိုးဝင်ကျူးကျော်နိုင်ငံခြားသား တွေဟာ ဥပဒေအရ ခွဲခြားဆက်ဆံခံနေ ရဆဲပါပဲ။ ယိုးဒယား၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ သွားရောက်နေထိုင်ကြတဲ့ ရွှေမြန်မာတွေ ဘယ်လောက်အနိုင်ကျင့် ခံနေရသလဲ။ ရခိုင်မြေပေါ် ခိုးဝင်ကျူး ကျော်လာတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေ ကတော့ သူတို့ကတောင်ပြန်ပြီး အနိုင် ကျင့်စော်ကားနေလေသေးရဲ့။ အနိုင် ကျင့်တာမှ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ ရခိုင်မှာ မနေရဲအောင် လူသတ်၊ မုဒိမ်း ကျင့်၊ ရွာတွေမီးရှို့၊ လယ်ယာမြေ၊ ကျွဲ၊ နွားတွေအပိုင်သိမ်းနဲ့ နောက်ဆုံးမှာ ရခိုင်မြောက်ပိုင်းတစ်ခုလုံး အပိုင်သိမ်း ယူမယ့် စီမံကိန်းကြီးတွေချမှတ်ထားပြီး ဖြစ်တယ်မဟုတ်ပါလား။ အခုပဲ save zone ဆိုပြီး သီးခြားနယ်မြေ တောင်း ဆိုနေကြပေပြီ။
ဒါ့ကြောင့် အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာဟာ မုသာဝါဒအစီရင်ခံစာ သာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ကိုဖီအာနန်ကော်မရှင်က ဘင်္ဂါလီ မွတ်ဆလင်တွေကို နိုင်ငံသားပြုပေးဖို့ လည်း အရေးတကြီးတောင်းဆိုထားပါ တယ်။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ နိုင်ငံသားအဖြစ် စိစစ်ဆောင်ရွက် ပေး နေတာကို ဘင်္ဂါလီမွတ်ဆလင်တွေ ကိုယ်တိုင်က လက်မခံတာပါ။ ခေတ် စားနေတဲ့ စကားနဲ့ ပြောရရင် သူတို့ နောက်ကွယ်မှာလည်း လက်မည်းကြီးရှိ နေပါတယ်။ အဲဒီ လက်မည်းကြီးကို အရင်ဖော်ထုတ်ပါလို့ အာနန်ကော်မရှင် ကို မေတ္တာရပ်ခံချင်ပါတယ်။

''အစိုးရအနေဖြင့် အမုန်းတရား များသည့်ပြောဆို၊ ဟောပြောမှုများ နှင့် ရေးသားမှုမျာကို ပြင်းထန်စွာ ရှုတ်ချရန်နှင့် ထိုသို့ လုပ်ဆောင်သူ များကို ထိရောက်စွာအရေးယူမှုများ ပြု လုပ်သင့်ပါသည်။ နိုင်ငံရေး ဘာသာ ရေးနှင့် လူ့အဖွဲ့အစည်းများမှ ခေါင်း ဆောင်များသည် အမုန်းတရား ပွားများ စေသည့် ဟောပြောမှုနှင့် ရေးသားမှုများ ကို ရှုတ်ချသွားသင့်ပါသည်'' လို့ ဆို ထားပြန်ပါတယ်။
ဘင်္ဂါလီမွတ်ဆလင်တွေ ကိုလိုနီ ခေတ် ၁၉၄၂ ကစပြီး ယနေ့ခေတ်တိုင် အောင် အကြမ်းဖက်ခဲ့ပုံတွေ၊ ဂျီဟတ် စစ်ဆင်နွှဲပြီး ရခိုင်တွေ သွေးချောင်းစီး အောင် သတ်ဖြတ်ခဲ့ပုံတွေဟာ သမိုင်း အမှန်တရားပါ။ အမှန်တရားကို ပယ် ဖျက်ပိတ်ပင်နေတာလား။ ကိုဖီအာနန် အပါအဝင် ရေပေါ်ဆီနိုင်ငံရေးသမား လူလည်ကြီးတွေဟာ အမှန်တရားနဲ့ အ မုန်းတရားကို ခွဲခြားနားလည်သူတွေမ ဟုတ်ကြပါ။ အမှန်တရားအတွက် သတ္တိရှိရှိ ရင်ဆိုင်ရဲသူတွေ မဟုတ်ဘဲ တစ်ဖက်သတ်ပိတ်ဆို့ ဖိနှိပ်နေသူများ သာဖြစ်ပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှန်တရားကို ဖော်ထုတ်ပြောကြား သွားတယ်။
-တို့နိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး
- ရခိုင်မှာရှိတဲ့ ဘင်္ဂါလီများအနေ နဲ့ မြန်မာတိုင်းရင်းသားတွေမဟုတ်
- နိုင်ငံရေးနဲ့ ဘာသာရေးအ ကြောင်းပြုပြီး ဆောင်ရွက်လာမှုများ (ယခု ကိုဖီအာနန်ကော်မရှင်လုပ်နေပုံ မျိုး)ဟာ နိုင်ငံတော်ရဲ့အချုပ်အခြာအာ ဏာကို ထိပါးလာနိုင် -
ဗိုလ်ချုပ်မှူးကြီး အမုန်းတရား ပြောတယ်ဆိုပြီး အရေးယူရဲပါသလား။ ပြည်သူလူထုကြားချင်နေတဲ့ အမှန်တ ရားကို တစ်ကမ္ဘာလုံးကြားသိအောင် ထုတ်ဖော်ပြောကြားပေးလိုက်တာ ဘယ် ပုဒ်မနဲ့ တရားစွဲမှာလဲ။
အာနန်ကော်မရှင်က မွတ်ဆလင် များရဲ့ နိုင်ငံရေးအခွင့်အရေးကိုလည်း တောင်းဆိုထားပါတယ်။ မြန်မာ့နိုင်ငံ ရေးစနစ်မှာ မည်သည့်အဆင့်တွင်မှ မွတ်ဆလင် ကိုယ်စားလှယ်များမရှိဘူး လို့ဆိုပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် စစ်တွေမြို့ရှိ ပြည်နယ် အဆင့်လွှတ်တော်တွေမှာ မွတ်ဆလင် ကိုယ်စားလှယ်တွေကို မတွေ့ရဘူးလို့ ပြောပါတယ်။

ဒါက ဒီချုပ်ပါတီ ကြီးစိုးလွှမ်းမိုး ချိန်မှာ ဖြစ်ပေါ်နေတဲ့အနေအထားပါ။ ဦးသိန်းစိန်ခေတ်က လွှတ်တော်ထဲမှာ ဦးရွှေမောင်တို့လို ဘင်္ဂါလီအမတ်တွေ ကို ခေါင်းပေါင်းစတလူလူနဲ့ တွေ့မြင်ခဲ့ ရပြီ ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းမခံရအောင် တားမြစ်ခဲ့ တာ ဒီချုပ်ပါတီကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ မွတ်ဆလင်ပါတီလေးပါတီက ကိုယ်စား လှယ်တွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်ယောက်မှ ရွေး ချယ်မခံရတာကတော့ လူထုရဲ့ အဆုံး အဖြတ်ပါပဲ။ ဒါပေမဲ့ ဒီ ချုပ်ပါတီအပေါ် သြဇာကြီးမားစွာ လွှမ်းမိုးထားသူက တော့ မွတ်ဆလင်ရှေ့နေကြီး ဦးကိုနီ ဖြစ်ပါတယ်။ သူက လွှတ်တော်ထဲမှာ မွတ်ဆလင်အမတ် ၆ဝ ကျော်လောက် အထိ နေရာယူနိုင်ရေးအတွက် စိတ်ကူး ယဉ်ဗျူဟာဆင်ခဲ့သူဖြစ်ပါတယ်။

အာနန်ကော်မရှင်ရဲ့ ကြားဖြတ်အ စီရင်ခံစာကို ဒီချုပ်ပါတီအစိုးရက သ ဘောတူလက်ခံပါတယ်ဆိုရင် ခိုးဝင် ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ အကျိုးစီးပွား ကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတော့ မှာလားလို့ မေးခွန်းထုတ်ပြီး စောင့် ကြည့်သွားရမှာဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
မောင်သွေးချွန်
၃ဝ-၃-၂ဝ၁၇
(အောင်ဇေယျတုဂျာနယ်၊ အမှတ် ၁၆၉ ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

Friday, April 21, 2017

AA တပ်ဖွဲ့နေ့ ကျင်းပခဲ့မှုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စီစဉ်သူများအား သတိပေး

မြောက်ဦး၊ ဧပြီ ၂၀ ရက် ။        ။ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြိုးပမ်းလျှက်ရှိသော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ၏ ၈ နှစ်မြောက် တပ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်း၏ လက်ရှိကျောင်းထိုင်ဆရာတော်အပါအဝင် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူများအား ဧပြီ ၂၀ရက်​ ညနေက မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာတို့ လာရောက်သတိပေးခဲ့သည်​ဟု ဆိုသည်​။ “ဒီနေ့ ကျွန်တော်တို့ အဲဒီဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီးတော့ သတိပေးမှုတချို့ ပြုလုပ်ခဲ့တာ ဟုတ်ပါတယ်။”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲမှူးကြီး စိန်လွင်၏ ကိုယ်ရေးအရာရှိက ပြောသည်။
ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ရာတွင် ပါဝင်သော မြောက်ဦးခရိုင်ရဲမှူး အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းမှူးတို့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခွင့်မရှိကြောင်းသာ ပြောကြားခဲ့သည်။
“မြတန်ဆောင်ကျောင်းဆရာတော် အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှုလုပ်တဲ့အခါမှာ တရားမဝင်အသင်းတွေရဲ့ အမည်နာမတွေကို ထည့်သွင်းတောင်းဆိုမှုတွေ မလုပ်ဖို့အတွက် ကျွန်တော်တို့ကို ဒီနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ် ရဲမှူးကြီးပါဝင်တဲ့ ရဲတပ်ဖွဲ့က လာပြီးသတိပေးမှုတွေလုပ်ခဲ့ပါတယ်။”ဟု ရခိုင်အမျိုးသားပါတီ (မြောက်ဦး) အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။
ဧပြီလ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် AA တပ်ဖွဲ့၏ ၈ နှစ်မြောက် တပ်ဖွဲ့စည်းခြင်း အထိမ်းအမှတ်နေ့ကို ဂုဏ်ပြု သောအားဖြင့် မြောက်ဦးမြို့ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းတွင် “ရခိုင့်တပ်မတော်နေ့၊ ရခိုင့်တပ်မတော်ဖလား” ဘောလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့မှာ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့အား ပြန်လည်လွတ်မြောက်နိုင်ရေး AA ထောက်ခံသူများမှ ဆန္ဒဖော်ထုတ်ပွဲများကို ပြုလုပ်ရန် စီစဉ်နေကြသည့် အတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ယခုကဲ့သို့ လာရောက်သတိပေးခဲ့ခြင်း ဖြစ်သည်။

Mizzima

မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦး လွတ်မြောက်ရေး မြောက်ဦးဒေသခံများ ဆန္ဒထုတ်ဖော်

(ဓာတ်ပုံ - CJ)
မတရားအသင်း ဆက်သွယ်မှု ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဧပြီလ ၉ ရက်က ဖမ်းဆီးခြင်းခံခဲ့ရသည့် မြတန်ဆောင်ဆရာတော် ဦးနန္ဒသာရနှင့် ခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဧပြီလ ၂၁ ရက် နေ့လည် ၁ နာရီအချိန်တွင် မြောက်ဦးဒေခံများက ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့မှာ ဧပြီလ ၁၀ ရက်တွင် ကျရောက်ခဲ့သည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် AA Cup ဘော လုံးပြိုင်ပွဲနှင့် ဟောပြောပွဲတို့အား ကျင်းပခဲ့သည့်အတွက် သက်ဆိုင်ရာမှ မတရားအသင်းနှင့်ဆပ်စပ်သည်ဟုဆိုကာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ဆရာတော်နှင့် ခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြသာထွန်းက ပြောသည်။
“မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်အပြီးမှာ ပြင်ဈေးဆရာတော်က မြတန်ဆောင်ဆရာတော် ဖမ်းဆီးခံထားရခြင်းနဲ့ ပတ်သက်ပြီးတော့ ဟောပြောသွားမှာဖြစ်ပါတယ်။”ဟု ဆိုသည်။
ဆန္ဒထုတ်ဖော်မှုတွင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့အား ချက်ချင်းလွှတ်ပေးရေး၊ ရဟန်းတော်များအား အစိုးရမှလေးစားရေး၊ ရခိုင်ပြည်သူတို့၏ဆန္ဒအား အစိုးရမှလေးစားရေး စသည့် အချက် (၆) ချက် တို့ကို ဆောင်းဆိုမှုပြုလုပ်သွားခဲ့ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်မူသို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၂၀၀၀ ကျော်ခန့် ပါဝင်ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

Mizzima

ပုခုက္ကူမြို့မှ ပရဟိတ အမည်ခံ မုဒိန်း အခမဲ့ကျူရှင်ဆရာအား ဖမ်းမိခြင်း

Image may contain: 1 person, text Image may contain: 1 person, outdoor
ကျွန်မဆိုတဲ့ ဒေါ်ခင်လင်းလင်းဖြူမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲ တစ်ခါဖူးမှ မရှိခဲ့ဖူးပါဘူး။ ကျွန်မလူတွေကို ခွဲခြားခဲ့တာ လူကောင်းနဲ့ လူဆိုး ဒီ (၂) ခုတည်းပါ။
လက်ရှိ NLD ပါတီဝင် ပုခုက္ကူမြို့ပေါ်က ပရဟိတ္တလုပ်တဲ့နေရာမှာ အလွန်အင်မတန်မှ နာမည်ကြီးသော အင်္ဂလိပ်စာဌါနက ကျောင်းဆရာဟောင်း ကလေးတွေကို ပရဟိတ္တကျောင်းဖွင့် စာသင်ပေးနေသူ။
 Image may contain: 5 people, people smiling, people sitting
သူ့မြို့နယ်က လူတွေ အလွန်အင်မတန်အားကိုး အားထားရသော ဦးမျိုးဇော်ထွေးဆိုတဲ့ ကလေးတစ်ယောက်အဖေ သူ့မိန်းမနဲ့ ကွဲနေတာပါလို့ သူ့တပည့်မလေးတွေ သိထားတဲ့ ကောင်မလေးတွေကြားထဲ လူတော် လူကောင်း လူအထင်ကြီးခံ လူသားတစ်ယောက်ဟာ အပေါ်ယံ ဟန်ဆောင်မျက်နှာဖုံးရဲ့အောက်က သူ့မျက်နှာ အစစ်ကတော့ .........
ဖေ့စ်ဘုတ်ပေါ်မှာ မိမိပတ်ဝန်းကျင်မှာ မိမိနီးစပ်ရာမှ တွေ့ထိသမျှ မိန်းကလေး အပျိုအရွယ် မလည်မ၀ယ် တောသူမလေးတွေကိုမှ တမင်ရွေးချယ် ရင်းနှီးအောင်ပြုပြီး မိတ်ဆွေအဖြစ် သူနဲ့တွေ့ဆုံတဲ့အခါ စိတ်ကြွဆေးတစ်ချို့သုံးကာ အပျိုမလေးတွေကို ပါကင်ဖေါက် ကာမရယူတတ်သူ မုဒိန်းကောင် တစ်ယောက်ဖြစ်နေခဲ့ပါတယ်ရှင့်။
No automatic alt text available.
သူ စားသုံးပြီးတဲ့ ကလေးမလေးတွေဟာ မှားမှန်းသိလို့ နောက်ဆုတ်ချင်တာတောင် နောက်ဆုတ်ခွင့်မပေး ဟိုတယ်မှာ အိပ်နေတဲ့ ကလေးမ ပုံတစ်ချို့ကို ကာယကံရှင်မသိအောင် ဓါတ်ပုံရိုက်ထားပြီး သူဆာတဲ့အခါတိုင်း ကလေးမတွေကို ဓါတ်ပုံတွေ ဖြန့်လိုက်ရမလားလို့ ခြိမ်းခြောက်ပြီး အကြိမ်ကြိမ်အခါခါ အလိုမတူဘဲ ကာမရယူခဲ့ပါတယ်တဲ့။
No automatic alt text available. No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.No automatic alt text available.Image may contain: 3 peopleImage may contain: 2 peopleImage may contain: text
နောက်ဆုံး သူ့အကြောင်းဖေါ်မယ်လုပ်တဲ့ ကလေးမလေးတွေကို ပါးနားလှိမ့်ရိုက်ပြီး သူ့ကားထဲက ဓါးကိုပြလို့ ဓါးကြိမ်းကြိမ်းခဲ့ပါတယ်တဲ့လေ။ နောက်ဆုံးတော့ ကောက်ရိုးတစ်စအနေနဲ့ ညီမငယ်တစ်ယောက်ဟာ ကျွန်မကို ဆက်သွယ်လို့ရခဲ့ပါတယ်။ သူလက်ရှိတွဲနေတဲ့ သူဖျက်ဆီးလက်စ ကလေးမတောင် အမလက်ထဲမှာ သက်သေအနေနဲ့ အမျိုးသမီး ၆ ဦးရှိနေခဲ့ပါတယ်။

 Image may contain: 1 person, closeupImage may contain: one or more people, bedroom and indoor


အရင်တုန်းက အဲ့ဒီ့လူ ဘယ်ရွေ့ဘယ်မျှသော မိန်းမပျိုလေးတွေကို ဖျက်ဆီးခဲ့မှန်း မသိခဲ့ရပါ။ အဲ့ဒီလို အမကို ဆက်သွယ် သက်သေတွေပို့ ဖေါ်ကောင်လုပ်တဲ့ ညီမငယ်လေးကို တားဆေးဝယ်တိုက်မယ်လို့ အကြောင်းပြပြီး ဒီနေ့က အိမ်တစ်လုံးမှာချုပ်လို့ မုဒိန်းကျင့်ခဲ့တာကို သက်သေအစုံအလင်နဲ့ သက်ဆိုင်ရာကို တိုငိတန်းအမှု့ဖွင့်နိုင်ခဲ့ပါပြီရှင့်။
 Image may contain: one or more people, people sitting and indoorImage may contain: one or more people and text
အဲ့ အစော်ကားခံ ညီမလေးကို အကာအကွယ်ပေးပါ့မယ်ဆိုတဲ့ ကျွန်မကတိအတိုင်း ကျွန်မက အဲ့ကလေးမကို အမှောင်တောက ကယ်ထုတ်နိုင်ခဲ့ပါပြီ။
 Image may contain: 1 person, standingImage may contain: one or more people and people standing
 ယနေ့ဘဲ ပခုက္ကူက ရဲစခန်းမှာ အဲ့ဒီ့လူကို ၃၇၆ မုဒိန်းမှု့နဲ့ လက်ရဖမ်းပြီး အမှု့စွဲတင်ခဲ့ပါပြီ။ NLD ပါတီမှ တာဝန်ရှိ အမတ်မင်းတို့ အဲ့လူယုတ်မာကို ဘယ်လိုများ အရေးယူပေးကြပါမလဲ စောင့်မျှော်နေပါတယ်ရှင့်။

By ခင်လင်းလင်းဖြူ

NLD ကတော့ ခုလိုချေပထားပါတယ်
Image may contain: text
ဒါပေမဲ့ သူတို့ရဲ့ချေပမှုဟာ ရေမှာ အရုပ်ရေးသလို အရာမထင်ခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ ဒီမုဒိန်းကောင်ဟာ NLD မဲဆွယ်ပွဲတွေမှာ သူပုံတွေကို အထင်အရှားတွေ့နိုင်ကြသလို တချို့သတင်းတွေမှာ ဆိုလဲ ပြသနာ ဖြစ်လာတဲ့သတင်းကြားမိတော့မှ ပါတီက ထုတ်လိုက်တဲ့သတင်းတွေ ဖေ့စ်ဘုတ်ပေါ်မှာ မမြင်ချင်အဆုံး ဖြစ်ကြောင်းပါ။
Image may contain: one or more people and textImage may contain: 1 person, standingImage may contain: 2 people, people standing and outdoor

အမေရိကန်ဒေါ်လာ ၉၀၀၀၀အား လိမ်လည်သွားသူ GEORGIA နိုင်ငံသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ


ရန်ကုန်၊ ဧပြီ ၂၁

၂၀.၄.၂၀၁၇ ရက်နေ့ ၁၅၅၀ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်နေ ဦးဇော်ဝင်းသည် ၎င်းဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် Pacific Money Changer တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်အရွယ်ရှိ၊ လျှာထိုးဦးထုပ် နက်ပြာရောင်ဆောင်၊ မျက်မှန်တပ်၊ နက်ပြာရောင် စပို့ရှပ်လက်တိုနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားသော နိုင်ငံခြားသားနှစ်ဦးရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၉၀၀၀၀ အားဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ၎င်းမှ အမေရိကန် ၁ ဒေါ်လာလျင် မြန်မာငွေကျပ် ၁၃၅၀နှုန်းဖြင့် ပြန်လည်ရောင်းချပေးကြောင်းပြောဆိုရာ နိုင်ငံခြားသားနှစ်ဦးက လက်ခံသဘောတူသဖြင့် အမေရိကန်ဒေါ်လာ ၉၀၀၀၀ အား ၎င်းတို့အသင့်ပါလာသော အဖြူရောင်ပေါ်တွင် အနီစက်များပါကြွပ်ကြွပ်အိတ် ၃ အိတ်ဖြင့် ဒေါ်လာ ၃၀၀၀၀စီအား ထုပ်ထည့်ကာ အတက်ချီကေ့စ်လက်ကိုင်သေတ္တာဖြင့် ကောင်တာပေါ်တင်လျက်ဖွင့်၍ ၀ယ်ယူထားသော ဒေါ်လာငွေများထည့်ထားပြီး မြန်မာငွေများအား သွားယူဦးမည်ဟု ပြောဆိုကာ ၎င်းအတက်ချီကေ့စ်အား၍ ဆိုင်အတွင်းကောင်တာပေါ် ထားရှိကာ ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက် အတက်ချီကေ့စ်အား အဆိုပါနိုင်ငံခြားသားနှစ်ဦးက လာရောက်ယူဆောင်ခြင်းမရှိသဖြင့် ဖွင့်ကြည့်ရာ သေတ္တာအတွင်း၌ ဆိုင်မှဝယ်ယူထားသောဒေါ်လာများ မဟုတ်ဘဲ အမေရိကန်ဒေါ်လာတစ်အုပ်စီတွင် ရှေ့နောက် ၁၀၀တန် ဒေါ်လာငွေများစည်းလျက် အတွင်း၌ ၁ ဒေါ်လာတန်ငွေများထည့်သွင်း ထားသော ဒေါ်လာငွေ ၃ အုပ်ဖြစ်ကြောင်းသိရသဖြင့် အမေရိကန်ဒေါ်လာငွေ ၉၀၀၀၀အား လိမ်လည်ရယူသွားသူ နိုင်ငံခြားသားနှစ်ဦးအား အရေးယူပေးရန် တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း
(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းဓာတ်ပုံများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့ခဲ့ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည့်အပြင် ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပိတ်ဆို့ရှာဖွေခဲ့ရာ ဓာတ်ပုံမှတ်တမ်းပါ ပုံသဏ္ဍာန်နှင့်တူသော နိုင်ငံခြားသားနှစ်ဦးအား ၂၁.၄.၂၀၁၇ ရက်နေ့ ၀၀၄၅ အချိန်တွင် လေဆိပ်၌တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး အမှုဖြင့်ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်းတို့ဝတ်ဆင်ထားသည့် အတွင်းခံဘောင်ဘီးအတွင်းမှ ပါဆုံးအမေရိကန်ဒေါ်လာ ၉၀၀၀၀ အား တွေ့ရှိခဲ့ရပါသည်။

ဖမ်းဆီးရမိသူ နိုင်ငံခြားသားနှစ်ဦးအား အသေးစိတ်စစ်ဆေးရာ ၎င်းတို့မှာ GEORGIA နိုင်ငံသားများဖြစ်ကြသူ Mr.JANJGAVA REVAZ, (၆၄)နှစ်နှင့် Mr.NARMANIA MALKHAZ, (၅၁)နှစ် ကမ္ဘာလှည့်ခရီးသွားဗီဇာကိုင်ဆောင်ထားသူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ၈.၄.၂၀၁၇ရက်နေ့မှ
၆.၅.၂၀၁၇ရက်နေ့ ထိနေထိုင်ခွင့်ရရှိထားသူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးတွေ့ရှိ ပေါ်ပေါက်ချက်များအရ Mr.JANJGAVA REVAZ, Mr.NARMANIA MALKHAZ တို့နှစ် ဦးအား အမှုဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

ပြောင်းလဲမှု နဲ့ ကြန့်ကြာမှု


NLD အစိုးရသက်တမ်း (၁) နှစ်ပြည့်မိန့်ခွန်းမှာ ပြောင်းလဲမှု နှစ်မျိုးရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ စိတ်ဓါတ်ပြောင်းလဲမှုနဲ့ စနစ်ပြောင်းလဲမှုလို့ ဆိုပါတယ်။ ဒီပြောင်းလဲမှု နှစ်ခုစလုံးမှာ ပြည်သူရော အစိုးရပါ ပါဝင်ရမှာ ဖြစ်ပေမယ့်၊ စနစ်ပြောင်းလဲရာမှာတော့ အစိုးရက ဦးဆောင်ရမယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ စိတ်ဓါတ်ကို ပြောင်းလဲဖို့ အချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရဗျူရိုကရေစီကိုတော့ အချိန်အတိုင်းအတာတခုမှာ ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အနှစ် (၅၀) ကျော် အဂတိလိုက်စားတဲ့ အစိုးရယန္တရားကို ပြောင်းလဲရာမှာ ပြဿနာ ရှိပါတယ်။
NLD အစိုးရသစ်မှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ဝန်ကြီး စုစုပေါင်းရာနဲ့ချီပြီး ရှိပေမယ့် အစိုးရရဲ့  ဗျူရိုကရေစီယန္တရားမှာ ဝန်ထမ်းပေါင်းသန်းနဲ့ချီပြီး ရှိနေပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြောင်းလဲသွားပေမယ့် သူတို့အောက်က ဗျူရိုကရေစီယန္တရားကတော့ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်လုပ်နေတာမို့ အစိုးရသစ်အနေနဲ့ လုပ်ရကိုင်ရ ခက်ခဲပါတယ်။ ဗျူရိုကရေစီယန္တရား ပြောင်းလဲအောင် တွန်းအားပေးပြီး ဆောင်ရွက်နေရတယ်လို့ NLD စီးပွားရေးကော်မတီ ဥက္ကဋ္ဌဦးဟန်သာမြင့်က မြန်မာတိုင်း(မ်)နဲ့ တွေ့ဆုံစဉ် ဖေဖေါ်ဝါရီလ က ပြောပါတယ်။ တွန်းအားမပေးရင် (၅) နှစ်အတွင်း ဘာမှဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆိုတဲ့ ကြွေးကြော်သံအတိုင်း မဲပေးခဲ့ကြသူတွေဟာ အပြောင်းအလဲကိုမြင်ဖို့ ဆန္ဒစောနေကြပါတယ်။ လွှတ်တော်ကို နှိုင်းယှဉ်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးလွှတ်တော်က NLD လွှတ်တော်ထက် လုပ်ရည်ကိုင်ရည် ပိုကောင်းတယ်လို့ ကျောက်ဖြူမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကပြောကြောင်း ဇန်နဝါရီ (၃၁) ရက်နေ့ထုတ် မဇ္စျိမသတင်းမှာ ဖော်ပြပါတယ်။ ဦးဘရှိန်ဟာ ပြီးခဲ့တဲ့လွှတ်တော်ဟောင်းမှာရော၊ လက်ရှိလွှတ်တော်မှာပါ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှုဆိုတဲ့ သဘောတရားကို အခုလွှတ်တော်မှာ အပြည့်အဝလုပ်နိုင်တာမျိုး မရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖြေကြောင်း မဇ္စျိမသတင်းက ဖော်ပြပါတယ်။ အပြောင်းအလဲဖြစ်ဖို့ ကြာဦးမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
အရင်တုန်းက ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ သယံဇာတနဲ့ အခြားလုပ်ငန်းတွေကို NLD အစိုးရသစ်က စတင်ထိန်းချုပ်ပြီး ပြုပြင်ရေးလုပ်ပါတယ်။ အဲဒီအခါမှာ နည်းမျိုးစုံသုံးပြီး လုပ်ခဲ့တာတွေ ခေတ္တရပ်ဆိုင်းသွားလို့ စီးပွားရေး တိုးတက်မှု နှေးကွေးသွားပါတယ်။ နေရာတိုင်းလိုလိုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အတည်ပြုချက် ရယူနေရတာလည်း အစိုးရလုပ်ငန်း တုံ့နှေးစေတဲ့အချက် ဖြစ်နိုင်တယ်လို့ မြန်မာ့ရေးရာ သုတေသီပါမောက္ခ Robert H. Taylor က မတ်လ (၃၀) ရက်နေ့ထုတ် Nikkei Asian Review စာစောင်မှာ ရေးထားပါတယ်။ အစိုးရလုပ်ငန်း အတွေ့အကြုံမရှိဘဲ အရင်အစိုးရတွေ မလုပ်နိုင်တာကို အောင်မြင်အောင်လုပ်ဖို့ဆိုတာ အလွန်ခက်ခဲတယ်လို့ ဆိုပါတယ်။ အမိန့်နာခံဖို့ကိုသာ အဓိကထားပြီး မလုပ်၊ မရှုပ်၊ မပြုတ် လမ်းစဉ်ကျင့်သုံးလာတဲ့ ဗျူရိုကရေစီယန္တရားကို ကျော်လွှားနိုင်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
အစိုးရသစ်ပြောင်းလဲလာပေမယ့် ဝန်ကြီးဌာနတွေရဲ့  ဆောင်ရွက်ပုံကတော့ မပြောင်းလဲသေးတဲ့အတွက် တိုးတက်မှု အရှိန်အဟုန် နှေးကွေးနေရတာလို့ စီးပွားရေးလုပ်ငန်းရှင်အချို့ က ထောက်ပြကြောင်း မတ်လ (၃၀) ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ ဝန်ကြီးဌာနတွေဟာ အရင်ပုံစံအတိုင်း လုပ်နေကြပြီး သူတို့ရဲ့  လုပ်ငန်းတွေကို လက်မလွှတ်ချင်ကြဘူးလို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်တခုချမယ်ဆိုရင် အခြားဝန်ကြီးဌာနတွေရဲ့  သဘောထားကို လိုက်တောင်းတဲ့အကျင့် ရှိပါတယ်။ ဝန်ကြီးဌာနတွေဟာ အပေါ်ပိုင်းမှာ ပြောင်းလဲမှုတွေလုပ်ပြီး အောက်ခြေဝန်ထမ်းတွေရဲ့  အရည်အသွေးကို မမြှင့်တင်နိုင်တာဟာ အားနည်းချက် ဖြစ်ပါတယ်။ ပုဂ္ဂလိကဏ္ဍနဲ့ ဆက်ဆံနေတဲ့ အစိုးရအဖွဲ့ အောက်ခြေဌာနတွေမှာ ပြုပြင်ရေး မလုပ်နိုင်သေးတာဟာလည်း တိုးတက်မှု နှေးကွေးတဲ့အကြောင်းရင်း ဖြစ်ပါတယ်။
အသေးစား၊ အလတ်စား စီးပွားရေုးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှာ သမ္မတက ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တွဲဘက်ဥက္ကဋ္ဌ ဖြစ်ပါတယ်။ မတ်လ (၁) ရက်နေ့က အစည်းအဝေး ကျင်းပပြီး လုပ်ငန်းကော်မတီ၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၊ အေဂျင်စီ နဲ့ အေဂျင်စီရုံးခွဲတွေ ဖွဲ့စည်းဖို့ စီစဉ်တာ တွေ့ရပါတယ်။ အသေးစား၊ အလတ်စား လုပ်ငန်းတွေ အောင်မြင်မှ တိုင်းပြည်စီးပွားရေး အောင်မြင်မှာဖြစ်လို့ ဝန်ကြီးဌာနတွေက ပံ့ပိုးရမယ်လို့ ဒေါ်စု က ဆိုပါတယ်။
ပြည်သူ့ကျန်းမာရေးကို ဦးတည်တဲ့ အမျိုးသားကျန်းမာရေး လေးနှစ်စီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ကြောင်း မတ်လ (၃၁) ရက်နေ့က ကြေညာပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဦးဆောင်မှာဖြစ်ပေမယ့် အခြားဝန်ကြီးဌာနတွေကပါ ဝိုင်းဝန်းလုပ်ဆောင်သွားမယ့် စီမံကိန်းဖြစ်တယ်လို့ ဒေါ်စုက ဆိုပါတယ်။ အထူးသဖြင့် ပညာရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတွေ ဝိုင်းဝန်ကူညီရမယ့် စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တွေက ပြဌာန်းရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ ပြည်သူ့အကျိုး ဘယ်လို သယ်ပိုးကြမယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

VOA

Sunday, April 2, 2017

USDP အနိုင်ရတဲ့ ကျိုင်းတုံ မဲရလဒ် ကို NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်ဖို့ ပြင်ဆင်



ရှမ်းပြည်နယ်အတွင်းက မဲရုံတစ်ရုံကို တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိတဲ့ ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။

ကျိုင်းတုံမဲဆန္ဒနယ်မှာ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လွှမ်းမိုးမှု ရှိနေတဲ့အတွက် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ အဲဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀ဏ္ဏစိုး က ပြောပါတယ်။

"အဓိက တရားမျှတမှု မရှိဘူးပေါ့။ ရွေးကောက်ပွဲဟာ။ အဓိကတော့ ပြည်သူ့စစ်တွေ လွှမ်းမိုးမှု အများကြီးပါတယ်။ လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်။ ကျနော်တို့ နည်းနည်း တိုင်ပင်နေသေးတယ်။ အချက်အလက်တွေ စုဆောင်းနေသေးတယ်။ အချက်အလက်တွေ စုဆောင်းပြီး ပါတီကို တင်ပြရအုံးမယ်။ ပါတီရဲ့သဘောထားကို သေသေချာချာ မသိသေးဘူး။"

ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂)က မဲရုံအချို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေက လက်နက် အပြည့်အစုံနဲ့ မဲရုံပရ၀ုဏ်ထဲမှာ ရှိနေခဲ့တယ်လို့လည်း ဒေါက်တာ ၀ဏ္ဏစိုးက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) က လစ်လပ်နေတဲ့ ပြည်နယ် လွှတ်တော် နေရာအတွက် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ၊ NLD ပါတီ၊ SNLD ပါတီ၊ SNDP ပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်က ဒေါက်တာဝဏ္ဏစိုးကို မဲ ၃ ထောင်ကျော် အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ကျိုင်းတုံမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

သူတို့နှစ်ဦး ဤသို့လက်တွဲပြလိုက်ခြင်းသည် ရခိုင်အမျိုးသား ပါတီ ANP ၏ အတိက်ကို ချယ်ဖျက်ပြီး ပစ္စုပ္ပန်အားမာန် နှင့် အနာ ဂါတ်ပန်းတိုင်ကို ပြသလိုက်ခြင်းဖြစ်သည်

ဦးခိုင်ပြည်စိုး နှင့် ဒေါက်တာ အေးမောင် ယခင်က ဘေးပယောဂ
တွေကြောင့် ဝိရောဓိ ဆန်ခဲ့ကြသည် ။
ယခု သူတို့နှစ်ဦး ဤသို့လက်တွဲပြလိုက်ခြင်းသည် ရခိုင်အမျိုးသား
ပါတီ ANP ၏ အတိက်ကို ချယ်ဖျက်ပြီး ပစ္စုပ္ပန်အားမာန် နှင့် အနာ
ဂါတ်ပန်းတိုင်ကို ပြသလိုက်ခြင်းဖြစ်သည် ။
Image may contain: 7 people
ဤပုံရိပ်ကို ကြည့်၍ ANP နိုင်ပြီဟူသော မိနိတ်ပုံကို အကျွန်ုပ်မြင်
မိခဲ့သည် ။
အမှန်တကယ်လည်း ANP အောင်မြင်ခြင်းကို ရရှိခဲ့ပါသည် ။
ရခိုင်တစ်မျိုးသားလုံး ပျော်မြူးခဲ့ရပါသည် ။
အမ်းမြို့နယ်က အမျိုးတို့အားလည်း ချီးကျူးမဆုံး လေးစားမဆုံးဖြစ်
ကြရပါသည် ။

Image may contain: 1 person, crowd and outdoor
ပစ္စုပ္ပန် ဝိုင်းရံမှုနှင့် အနာဂါတ် ကြယ်ပွင့်တွေရဲ့အင်အားပြည့်ကူညီ
ခြင်း စည်းလုံးခြင်းတို့၏ ဖြစ်ပါသည် ။
ဤသို့တွေ့မြင်ရသော သဘောတရားများသည် ယခုအောင်မြင်မှု တစ်ခုတည်းအတွက်မဟုတ်ပဲ အနာပန်းတိုင်သို့တစ်ဆက်တည်း
ချီတက်နေသည်ဟူသော ပုံရိပ်များပင် ဖြစ်လေသည် ။

ရာ ဇာ ထွန်း 

ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုကို ကတိမပြုခဲ့ဘဲ အနိုင်ရရှိခဲ့ခြင်းဟု ဒေါက်တာအေးမောင်ပြော

 
 Mizzima
 
ဧပြီ ၂ ၊ အမ်း။               ။ ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော အမ်းမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မိမိအနေနှင့် လူထုအား ရွေးကောက်ပွဲ ကတိကဝတ် မပြုခဲ့ဘဲ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ ဧပြီ ၂ ရက်နေ့တွင် သတင်းမီဒီယာများကို ပြောကြားလိုက်သည်။ “ ကျွန်တော် လူထုကို ကတိမပေးခဲ့ဘူး၊ ကတိပေးတာ တစ်ခုကတော့ ကျွန်တော်တို့ ညီညွှတ်ဖို့၊ ရခိုင် တစ်မျိုးသားလုံးအတွက် အုတ်မြစ်ချတာဖြစ်တယ်၊ အခုကတည်းက ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ရင် လာမဲ့ ၂၀၂၀ မှာ ကျွန်တော်တို့ဟာ ကိုယ့်ပြည်နယ်ကို ကိုယ့်တို့ ကိုယ်တိုင် ရမယ်၊ ကိုယ့်သယံဇာတ ကိုယ့် ရပိုင်ခွင့်တစ်ခု ရအောင် ကျွန်တော်တို့ ကြိုးစားမယ်” ဟု ဒေါက်တာအေးမောင်ကပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေရာဖြစ်သော အမ်းမဲဆန္ဒနယ်အား ရခိုင်အမျိုးသားပါတီ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာ ဦးအေးမောင်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ANP ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်သည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချူပ်   ဖြစ်ခွင့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား မာန်အောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့သည်။
ယခု ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါက်တာ ဦးအေးမောင်က ၎င်းအနေနှင့် အမ်းမြို့နယ်တစ်ခုတည်း၏ အကျိုးစီးပွားသာမက ရခိုင်ပြည်နယ်တစ်ခုလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများကို ယနေ့တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“ ကျွန်တော်ကို တာဝန်ပေးကြတာဟာ အမ်းတစ်ခုတည်းကို တည်ဆောက်ဖို့ တာဝန်ပေးတာမဟုတ်၊ လမ်းလေးတစ်လမ်းကို တည်ဆောက်ဖို့ တာဝန်ပေးတာမဟုတ်ဘူး၊ အမ်းလို တစ်ပြည်နယ်လုံး ကျွန်တော်တို့ ပူးပေါင်း လုပ်ဆောင်ရမဲ့အသိဟာ အမ်းလူထုပေါ်မှာရှိခဲ့တယ်” ဟု ဒေါက်တာ ဦးအေးမောင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အားလုံး၏ အမည်စာရင်းနှင့် မဲရလဒ်များ




နေပြည်တော်(ဧပြီ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယမန်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက် ညနေပိုင်းက အပြီးသတ် ကြေငြာလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သည့် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ၆နေရာ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂နေရာ၊ ရခိုင်အမျိုးသားပါတီ(ANP)က ၁နေရာနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီက ၁နေရာ အနိုင်ရရှိခဲ့သည်။
သက်ဆိုင်ရာလွှတ်တော်အသီးသီးသို့ ရောက်ရှိလာကြတော့မည့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်၊ မဲဆန္ဒနယ်၊ သက်ဆိုင်ရာလွှတ်တော်နှင့် မဲရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်
၁) ဦးဝင်းမင်း၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၁၃၆၉မဲ
၂) ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၁၉၆၆၇
၃) ဦးညွှန့်အောင်၊ မုံရွာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၉၅၉၂၃မဲ
၎) ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၅၇၅၆မဲ
၅) ဦးကျော်ဆွေဝင်း(ခ) ဦးအာလူး၊ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၈၀၂၈
၆) ဦးနေကျော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၇၃၅၇မဲ
၇) ဒေါက်တာအေးမောင်၊ အမ်းမြို့နယ်၊ ရခိုင်အမျိုးသားပါတီ၊ ၂၁၇၉၄မဲ
၈) စိုင်းဝင်းအေး(ခ)စိုင်းထွန်းအေး၊ မိုင်းရှူးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊
၉) စိုင်းအောင်ကျော်၊ ကျေးသီးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၈၈၈၂မဲ

ပြည်နယ်လွှတ်တော်
၁)ဦးသဲရယ် ၊ ဖရူဆိုမြို့နယ်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ၃၃၅၁မဲ
၂) ဦးခင်မောင်ဝင်း၊ ညောင်ရွှေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၇၂၀၄
၃) ဦးရှာမွေလရှဲန်၊ ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၇၀၂၆မဲ
၎) စိုင်းလင်းမြတ်၊ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၄၇၆၄မဲ
၅) ဒေါ်နန်းကောင်ခမ်း၊ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၅၇၅၃မဲ
၆) စိုင်းစံမိုင်း ၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၁၅၄၂မဲ
၇) ဦးခင်မောင်ညွှန့်  ၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၇၈၃၂မဲ

အမျိုးသားလွှတ်တော်
၁) ဒေါက်တာမောင်မောင်၊ ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၇၅၂၉၉မဲ
၂) ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၇၁၀၄၂မဲ
၃) ဦးဘွဲခိန်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၉၂၄၂မဲ