Wednesday, May 17, 2017

သမိုင်းသည် တခါတရံတွင် ထပ်တူ ရောင်ပြန်ဟပ်၏

မြန်မာနိုင်ငံမှာ ဒုတိယမြောက်အဖြစ် သမ္မတ ဒေါက်တာဘဦး ဆက်ခံခဲ့ သည် ။ ပထမသမ္မတ စပ်ရွှေသိုဝ်သည် ဗမာလူမျိုးကို အလွန်တရာ မုန်းတီးသူဖြစ်သည် ။ သူ၏ ဟော်နန်းတော်ထဲတွင် မည်သူမျှ ဗမာအ၀တ်အစား မ၀တ်ရ ။ ရှမ်းရိုးရာ အ၀တ်အစားများကိုသာ ၀တ်စားပြီး သူ့ အား အခစားဝင်ရသည် ။ အကယ်၍ ဗမာအ၀တ်အစားသာ ၀တ်၍သွားပါက ကြီးမားသောပြစ်ဒဏ်ကို ပေးခံရလေသည် ။
ဒုတိယမြောက်အဖြစ် ဆက်ခံသော သမ္မတ ဒေါက်တာဘဦးသည် အင်္ဂလန်နိုင်ငံ ကိန်းဘရိတ်တက္ကသိုလ်တွင် ဥပဒေဘာသာရပ် သင်ကြားခဲ့ သည် ။ ၀တ်လုံဘွဲ့ ရသည် ။ မြန်မာနိုင်ငံတွင် တရားသူကြီးချုပ်- စက်ရှင်တရားသူကြီး စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ သည် ။ ကျွန်နုပ်၏ မြန်မာနိုင်ငံဟု အမည်ရသော စာအုပ်ကို ရေးသားခဲ့ သူလည်း ဖြစ်သည် ။
၁၃၀၀-ပြည့် တောင်သူလယ်သမားအရေးတော်ပုံဖြစ်လာသောအခါ လယ်သမားခေါင်းဆောင် ဆရာစံကို ဖမ်းဆီးရသည် ။ အင်္ဂလိပ်အလိုတော်ရိ ဒေါက်တာဘဦးသည် ထိုစဉ်က စက်ရှင်တရားသူကြီး ဖြစ်ရာ ဆရာစံကို သေဒဏ်ပေးလေသည် ။
မြန်မာလူမျိုးတမျိုးလုံးကို တော်လှန်ရေးစိတ်ဓါတ် မရှိရအောင် ဤသို့  သေဒဏ်ပေးခဲ့ ခြင်း ဖြစ်သည် ။
မြန်မာနိုင်ငံ၏ လယ်သမားခေါင်းဆောင် ဆရာစံကို သေဒဏ်ပေးပြီး ကွပ်မျက်ခဲ့ သော ဒေါက်တာဘဦးကို မြန်မာနိုင်ငံ၏ ဒုတိယမြောက် သမ္မတ ခန့် အပ်လေခြင်း ဆိုပြီး မြန်မာ့သိမိုင်းမှာ သမိုင်းဆရာများသည် ယူကြုံးမရ မှတ်တမ်းတင်ခဲ့ လေသည် ။

Image may contain: 2 people, closeup
ယခုမျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ သမ္မတဦးထင်ကျော်သည်လည်း ပညာတတ်ဖြစ်သည် ။ စာရေးဆရာလည်း ဖြစ်သည် ။
သမ္မတဦးထင်ကျော်၏ လက်ထက်တွင်မူ ဗုဒ္ဓဘာသာတို့ စိုးရိမ်ကြောက်ရွံ့ စွာ နေထိုင်ကြရပြီ ။ အမျိုးကို ချစ်သော ဘာသာစောင့်ထိမ်းသူတို့  ထောင်ကျနေကြရပြီ ။ မူဆလင်ဘာသာဝင် ဘင်္ဂလီများကို မြန်မာနိုင်ငံ၌ နေချင်သလိုနေ-ထွက်ချင်သလို ထွက်-ဗလီတွေကို ဆောက်ချင်သလို ဆောက်- ဘင်္ဂလီတိုင်းကို နိုင်ငံသားအဖြစ် ပေးရန်စီစဉ် လုပ်လေသည် ။
ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော နိုင်ငံ၌ သမ္မတဦးထင်ကျော်က တုံဏှိဘာဝေ ပြုလုပ်နေသော်လည်း ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်ကမူ မူဆလင်ဘာသာဝင် ဘင်္ဂလီတို့ ကို သမိုင်းလိမ်နေခြင်းနှင့် ပတ်သက်၍ ပတ်သက်စွာ ကြေညာထားလေသည် ။
Image may contain: 1 person, standing
သို့ သော် တနေ့ က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်- ၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့  ပြုလုပ်သော ဆွေးနွေးပွဲတခုမှာ သမိုင်းလိမ်ဘင်္ဂလီ--၂-ဦးက ၀င်ရောက်မေးမြန်းခြင်းသည် ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်ကို တိုက်ရိုက်စော်ကား စိန်ခေါ်လိုက်ခြင်းဖြစ်သည် ။
ဤသို့ မေးမြန်းနိုင်ရအောင် မည်သူက အတို့ အထောင် လုပ်လေသနည်း -မည်သူက ဖိတ်ခေါ်လေသနည်း ။ အစည်းအဝေး စီစဉ်သူများက ယင်းသို့ ဖြစ်မြောက်အောင် လုပ်ဆောင်လေသလား ။ မည်ကဲ့ သို့  အရေးယူမည်နည်း ။ အကယ်၍ အရေးမယူပါက ကာချုပ်မင်းအောင်လှိုင်သည် အလွန်တရာ သိက္ခာကျသွားမည် ။
သို့ ဖြစ်၍သမ္မတနှစ်ဦးဖြစ်သော ဒေါက်တာဘဦးနှင့် ဦးထင်ကျော်တို့ သည် မြန်မာနိုင်ငံကို အမျိုးချစ်စိတ်ဖြင့် ကာကွယ်နေခဲ့ ကြသော မျိုးချစ်ပုဂ္ဂိုလ်များအား သေဒဏ်ပေးခြင်း-ထောင်ချစေခြင်းတို့ မှာ တူညီနေသည်ကို တွေ့ ရပါသည် ။
သမိုင်းသည် တခါတရာတွင် ထပ်တူ ဖြစ်လာတတ်သည်ဆိုခြင်းမှာ မှန်ကန်လာနေပေပြီ ။။။

ခိုင်အောင်ကျော် ( နယူးယောက် )

Tuesday, May 16, 2017

အမုန်းစကားပောာပြောသူ ပြည်ပတရားဟောဆရာ ၆-ဦး နာမည်ပျက်စာရင်းသို့ ဒိန်းမတ်အစိုးရ သွတ်သွင်း

 Image may contain: 1 person, beard and text

ပွဲစဉ်များတွင် လက်ဝါးကပ်တိုင်အမှတ်အသား ခရစ်ယာန်ဘုရားဝတ်ပြုဟန် ပိတ်ပင်ရန် ဖီဖာသို့ ဆော်ဒီတရားဟောဆရာတောင်းဆို။ ယိုလိမ်ညာလူမျိုးတုန်းအသတ်ခံခြင်း ဓါတ်ပုံလိမ်များ အွန်လိုင်းဖြန့်ခဲ့သော ဆော်ဒီ တရားဟောဆရာ

( မတ်-၁၅၊ ၂၀၁၇ ) လွန်ခဲ့သည့် ၂-နှစ်မှစတင်၍ အမုန်းစကားဖြန့်ဝေပြောသူ ပြည်ပတရားဟောဆရာ ၆-ဦး အား ဒိန်းမတ်အစိုးရက နာမည်ပျက်စာရင်းထည့်သွင်း၍ ပြည်ဝင်ခွင့်တားဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက မေ-၂ ရက်နေ့တွင်ရေးသားဖော်ပြသည်။
အများပြည်သူအပေါ်ခြောက်လှန့်ရာရောက်သည့် အမုန်းတရားဟောပြောသူများအဖြစ် ဒိန်းမတ်အစိုးရစာရင်း ထုတ်ပြန်ခဲ့သူများတွင် အမေရိကန်ဧ၀ံဂေလိသင်းအုပ်ဆရာ ၁-ဦးနှင့် အစ္စလာမ်တရားဟောဆရာ ၅-ဦးတို့ပါ ၀င်သည်။ သတင်းစာတွင်ဖော်ပြသည့် ကာတွန်းတစ်ပုဒ်အား ဘာသာရေးထိပါးသည်ဟူသောအကြောင်းနောက်ခံမှစတင်ကာ လွန်ခဲ့သည့် ၁၀-စုနှစ်အတွင်း လစ်ဘရယ်ဒီမိုကရေစီ ဥရောပတစ်ခွင်လုံး အကြမ်းဖက်တိုက်ခိုက်မှု့များ ကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည်။ ထိုဖြစ်စဉ်များတွင် ၂၀၁၅-ခုနှစ်၌ အရှေ့အလယ်ပိုင်းသား ရွှေ့ပြောင်းခိုလှုံသူများက ကျယ်ပြန့်စွာကျူးလွန်နေခိုက် ဒိန်းမတ်အစိုးရ၏ နာမည်ပျက်စာရင်းကြေငြာချက်ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း ရိုက်တာကဆက်လက်ရေးသားသည်။
 Image may contain: 6 people, people smiling, beard, meme and text
ပိတ်ပင်ခံရသူ အစ္စလာမ်တရားဟောဆရာ ( ၅ ) ဦးတွင် အမေရိကန်၊ ကနေဒါ၊ ဆီးရီးယားတို့မှ ၁-ဦးကျစီနှင့် ဆော်ဒီအာရေးဗီးယားမှ ၂-ဦးတွင် တစ်ဦးမှာ မူဆလင်ကမ္ဘာအဖွဲ့ချုပ်နှင့်၊ မူဆလင်ပညာရှင်များ အသင်းအမှု့ ဆောင် မိုဟာမက် အယ် အရစ်ဖိုင် Mohamad al-Arifi ဖြစ်ကြောင်းတွေ့ ရှိရသည်။
ဆော်ဒီနိုင်ငံသား အသက် ၄၆-နှစ်အရွယ်ရှိ မိုဟာမက် အယ် အရစ်ဖိုင်သည် (၂၀၁၂-၂၀၁၃ မြန်မာနိုင်ငံတွင်း ဘာသာရေးဆက်နွယ်သော ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း) ရခိုင်ပြည်နယ်မြောက်ပိုင်း ယိုလိမ်ညာတို့အား အစုအပုံလိုက်လူမျိုးတုန်းသတ်ဖြတ်မှု့ Rohinger Genocide အဖြစ်ဟောပြောချက်များ အွန်လိုင်းလွှင့်တင်ခဲ့သူဖြစ်သည်။ သူ၏ဟောပြောစဉ်တွင် သက်သေအထောက်အထား ဓါတ်ပုံများဖော်ပြခဲ့ရာ နိုင်ငံတကာအထူးစိတ်ဝင်စားခြင်းခံရပြီး လူမှု့ကွန်ရက်တွင် ထပ်ဆင့်ရှယ်သူအမြောက်အများရှိခဲ့သည်ကိုတွေ့ရသည်။
သို့သော် ထိုဓါတ်ပုံများ၏ ၉၈ ရာနှုန်းမှာ မြန်မာနိုင်ငံတွင်း အဖြစ်အပျက်များမဟုတ်ချေ။
 Image may contain: 1 person, standing and text
မြန်မာနိုင်ငံတွင်းဓါတ် ပုံများပါဝင်သော်လည်း ၄င်းတို့မှာ ၂၀၀၈-ခုနှစ် နာဂစ်မုန်တိုင်းနှင့် အခြားလူအမြောက်အများသေဆုံးရခြင်း ဓါတ်ပုံများဖြစ်နေသည်။ ၄င်းတို့အား မြန်မာတို့လက်ချက်ဖြင့် အစုအပုံလိုက်အသတ်ခံရသူ ယိုလိမ်ညာများအဖြစ် မြန်မာနိုင်ငံ၏ အွန်လိုင်းဆက်သွယ်ရေးဖွံ့ဖြိုးမှု့နောက်ကျသည်ကို အခွင့်ကောင်းယူလျှက် လိမ်ညာဖော်ပြခဲ့သူ ဖြစ်သည်။
နောက်ပိုင်းတွင် မြန်မာအွန်လိုင်းသုံးစွဲသူများကန့်ကွက်မှု့ကြောင့် အင်္ဂလိပ်ဘာသာရေးသားချက်များဖြုတ်ချသွားသည်ကိုတွေ့ရသော်လည်း အာရဗီဟုထင်ရသော ဘာသာစကားအပြင် အခြားဘာသာစကားအချို့ဖြင့် အွန်လိုင်းဖြန့်ဝေမှု့ ရာချီရှိနေဆဲဖြစ်သည်။
ပြီးခဲ့သည့် မေ-၁၃ သည်ဆန်းသတင်းစာက ရေးသားရာတွင် ဘောလုံးဝါသနာအိုးများနှင့် နိုင်ငံတကာအားကစား ပရိဿတ်များကြား ဝေဖန်မှု့အမြင့်ဆုံးဖြစ်စေသော တောင်းဆိုချက်တစ်ရပ်ကို မိုဟာမက် အယ် အရစ်ဖိုင် ၏ ကျွီတာစာမျက်နှာမှ စတင်ခဲ့ကြောင်းဖော်ပြထားသည်။
 Image may contain: 1 person, text

ဆော်ဒီဘာသာရေးတက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ မိုဟာမက် အယ် အရစ်ဖိုင်က အပြည်ပြည်ဆိုင်ရာ ဘောလုံးပွဲများတွင် ပါဝင်ယှဉ်ပြိုင်သူ အားကစားသမားများအနေဖြင့် ခရစ်ယာန်ဘုရားဝတ်ပြုဟန် နဖူး-၀မ်း-ပုခုံးနှစ် ဖက်စွန်း တို့ထိဆုတောင်းခြင်းအပါအ၀င် လက်ဝါးကပ်တိုင်အမှတ်အသားပြုလုပ်ခြင်းများအား ဥပဒေပြဌာန်းပိတ်ပင်ရန် သူအား ကြည်ညိုသူ ၁၇.၄-သန်းမှတစ်ဆင့် ဖီဖာဘောလုံးအဖွဲ့ ချုပ်သို့တောင်းဆိုလိုက်ခြင်းဖြစ် သည်။
Image may contain: one or more people, people playing sports and outdoor
အဆိုပါ အပြုအမူများသည် အားကစားနှင့် မည်သို့မျှ မပတ်သက်သော ဘာဘာရေးဆိုင်ရာအပြုအမူများဖြစ်၍ ဖီဖာက ကန့်ကွက်ရမည်ဟုတောင်းဆိုလိုက်သော်လည်း အပြည်ပြည်ဆိုင်ရာအားကစားပွဲများတွင် အစ္စလာမ် ဘာသာ ၀င်အားကစားသမားများ၏ ဘာသာရေးပုံစံ အပြုအမူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖော်ပြခြင်းမရှိကြောင်း သည်ဆန်းသတင်းစာက ဆက်လက်ရေးသားထားသည်။

 ကိုဌေးအောင် ဖေ့စ်ဘုတ်မှ

http://www.reuters.com/…/uk-denmark-security-religion-idUSK…
https://www.thesun.co.uk/…/fifa-urged-ban-christian-player…/
https://en.wikipedia.org/wiki/Mohamad_al-Arefe

ဂျာကာတာမြို့တော်ဝန် သာသနာညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

 Image may contain: 4 people

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြို့တော်ဝန် ဘာဆုကီပူရ်နာမကို သာသနာညှိုးနွမ်းစေမှုဖြင့် ခရိုင်တရားရုံးမှ ပြီးခဲ့သည့်သီတင်းပတ်က ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်သည်။
ဘာဆုကီအနေဖြင့် အယူခံဝင်လိုသော်လည်း တရားရုံးက ပြစ်ဒဏ်ကိုချက်ချင်းကျခံစေရမည်ဟု အမိန့်ချမှတ် ခဲ့သည်။
၎င်း၏တရုတ်အမည် အာဟော့အဖြစ်ဖြင့် လူသိများသူဘာဆုကီအား အမိန့်ချပြီး မကြာမီ ဂျာကာတာမြို့ အရှေ့ ဘက်ရှိ စီပီနန်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
တရားလိုရှေ့နေများက ဘာဆုကီအား ၂ နှစ် ခံဝန်ချုပ်ပြစ်ဒဏ်ချမှတ်ရန်သာ တောင်းဆိုခဲ့သော်လည်း တရားရုံးက ပိုမိုကြီးလေးသည့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။
၎င်းသည် ပြီးခဲ့သည့် စက်တင်ဘာလက မဲဆွယ်စည်းရုံးစဉ်အတွင်း မွတ်စလင်များအနေဖြင့် မွတ်စလင်မြို့တော် ၀န်ကိုသာ မဲပေးသင့်သည်ဟု ပြိုင်ဘက်များ၏ မဲဆွယ်မှုကြောင့် လမ်းလွဲမလိုက်ကြရန် ကိုရမ်ကျမ်းစာမှ စာပိုဒ်တပိုဒ်ကို ရည်ညွှန်းပြောဆိုခဲ့သည်ဟု ဆိုသည်။ ဘာဆုကီသည် ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။
၎င်း၏အမှုအား တရားသူကြီးငါးဦးအဖွဲ့က ကြားနာရာတွင် မြို့တော်ဝန်၏ အထက်ပါမှတ်ချက်သည် အစ္စလာမ် ဘာသာအား ညှိုးနွမ်းစေမှု ရှိ၊ မရှိကို အဓိကထားဆုံးဖြတ်ခဲ့ကြပြီး တရားသူကြီးများက ဘာဆုကီသည် သာသနာညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ကြောင်း ပြစ်မှုပေါ်ပေါက်သည်ဟုဆိုကာ မေ ၉ ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။
ဘာဆုကီသည် ပြီးခဲ့သည့် ဧပြီလက ကျင်းပသည့် မြို့တော်ဝန်ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဘာဆွာဒန်အား ရှုံးနိမ့်ခဲ့သည်။ ၎င်း၏ မြို့တော်ဝန်သက်တမ်းမှာ အောက်တိုဘာလတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း လက်ကျန် သက်တမ်းအား လက်ထောက်မြို့တော်ဝန်က ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။
မော်ရိုး
Ref;The Straits Times/ News Watch

နေပြည်တော်တွင်ပြုလုပ်မည့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအားရှုတ်ချပွဲတွင် ဘူးလက်ဦးလှဆွေ ဟောပြောမည်

 Image may contain: 3 people, people sitting

 Photo-ကိုဗညား

 နေပြည်တော်ကောင်စီနယ်မြေတွင်ပြုလုပ်မည့် သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲတွင် ဘူးလက်ဦးလှဆွေ တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မေ ၂၀ ရက်၌ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရွေနံ့သာဘောလုံးကွင်းတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ခွင့်ပြုမိန့် လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။
“သူတို့ဖိတ်ထားတယ်။ ဘာကိစ္စလဲမေးတော့ သာဝန်ကို ဆန္ဒပြမလို့တဲ့။ အဲ့ဒါဟောပြောပွဲမှာ တက်ရောက်ပေးပါတဲ့။ သာသနာရေးဝန်ကြီးနဲ့ပတ်သက်တဲ့ လူထုရဲ့ ထင်မြင်ယူဆချက်တွေကို ဟောပြောပေးဖို့ သူတို့က ကျွန်တော့်ကိုပြောတယ်။ ကျွန်တော့်မှာကလည်း ပြောစရာတွေက အများကြီးဗျ။ အဲဒါကြောင့် ကျွန်တော် လက်ခံလိုက်တယ်”ဟု ဦးလှဆွေက News Watch သို့ ပြောသည်။
ထို့ပြင် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူများက သာသနာရေးဝန်ကြီးကို ဦးတည်ဆန္ဒပြခြင်းနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးသည် ဗုဒ္ဓဘာသာကိုဦးစားမပေးဘဲ ဘက်လိုက်မှုများရှိနေသည်ဟု အမျိုးသားရေးသမားများက ထင်မြင်နေကြောင်းနှင့် Myanmar Now သတင်းဌာနမှ ကိုဆွေဝင်းအား ၀န်ကြီးဌာနအနေဖြင့် အကာအကွယ်ပေးသည့်ကိစ္စကို အမျိုးသားရေးသမားများက ဘ၀င်မကျဖြစ်နေခြင်းကြောင့် သာသနာရေးဝန်ကြီးအား ဦးတည်ဆန္ဒပြခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချမည့် ယင်းဆန္ဒထုတ်ဖော်ပွဲကို မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်းဥက္ကဌ ဦးကျော်မျိုးသက်က ဦးဆောင်လျှောက်ထားခြင်းဖြစ်ပြီး လူဦးရေ သုံးသောင်းဝန်ကျင်ပါဝင်မည်ဟု ခွင့်ပြုမိန့်လျှောက်လွှာတွင် ဖော်ပြထားသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် သံဃာတော် ဘဒ္ဒ န္တဇနိတ၊ ဘူးလက် ဦးလှဆွေ၊ ဦးကျော်မျိုးသက်၊ ဦးအေးမင်းထွန်းနှင့် ဦးအေးပိုင်တို့က ဗုဒ္ဓဘာသာနှင့် သံဃာတော်များကို ဖိနှိပ်သည့်အကြောင်းအရာများကို ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်မည့်သူတို့သည် ပိုစတာ၊ စာသားနှင့် ရုပ်ပုံများပါရှိသည့် ဆိုင်ဘုတ်တို့ကို ကိုင်ဆောင်ကာ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တန့်ရေး ဒို့အရေး၊
ဗုဒ္ဓသာသနာတော် ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး၊
အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး ဒို့အရေး၊
သာ/ယဉ်ဝန်ကြီး နှုတ်ထွက်ပေးရေး ဒို့အရေး၊
သာသနာတော်ကို ထိပါးသူ သာသနာ့ရန်သူ ဒို့ရန်သူ၊
ဝိနိစ္ဆယရေးရာစွက်ဖက်သည့်ဝန်ကြီး အလိုမရှိ၊
ဗုဒ္ဓသာသနာ မြန်မာပြည်မှာတည်တန့်ရမည် ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။
မေ ၂၀ ရက်နေ့ သာသနာရေးဝန်ကြီးအား ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ရဟန်းသံဃာများ၊ အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကျင်းပခွင့်အတွက် “မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း”မှ ငြိမ်းစုစည်ဆိုင်ရာ ဥပဒေပုဒ်မ ၄ အရ ဟောပြောပွဲသို့တက်ရောက်လာမည့် ရဟန်းရှင်လူများ ဖြတ်သန်းမည့် လယ်ဝေးမြို့နယ် ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ယနေ့ (မေ ၁၆) တွင် လာရောက်လျှောက်တင်ခဲ့ကြောင်း သိရသည်။
ကိုရဲ၊ ထွန်း(နေပြည်တော်) News Watch

ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ နိုင်ငံတော်အဆင့် ခွင့်ပြုချက်လိုအပ်


http://www.mizzimaburmese.com/sites/default/files/field/image/2017/05/AYC.jpg

 Mizzima

ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာ တစ်ချို့မှာ နိုင်ငံတော်အဆင့်မှ ခွင့်ပြုချက် ရရှိရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပုက ပြောသည်။
“ကိုယ့်ပြည်နယ်မှာ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဆိုတာက ပြည်ထောင်စုနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုး လောက်တော့ လုပ်လို့ရပါတယ်။ တကယ်အဆုံးအဖြတ် ပေးရမယ့်ဟာကတော့ ပြည်ထောင်စုနဲ့ပဲ သက်ဆိုင်ပါတယ်”ဟု ဦးညီပုက ပြောသည်။
လူငယ်ညီလာခံအား ဒီဇင်ဘာလတွင် တောင်ကုတ်မြို့နယ်၌ ကျင်းပရန် စီစဉ်ထားပြီး ဆွေးနွေးမည့် အကြောင်းအရာ များတွင် ပြည်နယ်အတွင်း စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များအပါအဝင် တရားဥပဒေစိုးမိုးရေးတို့ ပါဝင်မည် ဖြစ်သည်။
“ဘာကြောင့် ညီလာခံလုပ်ဖို့ လိုအပ်သလဲဆိုရင် ကျွန်တော်တို့ ရခိုင်လူငယ်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်လာတာ တွေ့နေရတယ်။ ဒါကြောင့် ကျွန်တော်တို့က ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ဖို့အတွက် ဘယ်နေရာကနေ ပါဝင်ပြီး လုပ်ရမှာလဲ။ ဒါလုပ်ကိုလုပ်ရမဲ့အပိုင်း ဆိုပြီးတော့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ကိုအောင်နိုင်က ပြောသည်။
ထို့ကြောင့် ရခိုင်လူငယ်ထုတစ်ခုလုံးနှင့် သက်ဆိုင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်လယ်လောက်မှ စတင်လာခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ အကြိုညီလာခံတစ်ရပ်ကို မာန်အောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ယင်းမှ သဘောတူခဲ့ကြသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ညီလာခံကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယင်းအပြင် ၂၁ ရာစု ပင်လုံညီလာခံတွင် တက်ရောက်ဆွေးနွေးနိုင်ရန် တစ်မျိုးသားလုံးအား ကိုယ်စားပြုသည့် ဘုံသဘောတူ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ကျင်းပခွင့် မရရှိသေးကြောင်း သိရသည်။

၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ ကုလအတွင်းရေးမှူးချုပ်ကို ဖိတ်ကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တို့ တွေ့ဆုံ
မေလ ၂၄ ရက်နေ့ ကျင်းပဖို့စီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံ ဒုတိယစည်းဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တက်ရောက်ဖို့ မြန်မာနိုင်ငံက ဖိတ်ကြားထားပါတယ်။
ရေလမ်း ကုန်းလမ်းပါဝင်တဲ့ ခေတ်သစ်ပိုးလမ်းကြီးစီမံကိန်းအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂက အားပေး ထောက်ခံနေတဲ့ကိစ္စတွေအပြင် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပြဿနာရဲ့ဇစ်မြစ်ကို မျှမျှတတ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Guterres တို့ ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကို ဆွေးနွေးကြတဲ့အပြင် မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ဒုတိယစည်းဝေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ မေလ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်ကျင်းပခဲ့တဲ့ Belt and Road Forum ထိပ်သီးဆွေးနွေးပွဲအတွင်း နိုင်ငံ့အကြီးအကဲတွေကြား စားပွဲဝိုင်းထိုင် ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဆွေးနွေးမိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပိုးလမ်းမသစ်ကြီး စီမံချက် အောင်မြင်စေဖို့အတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှုကို အခြေခံတဲ့ ပြည်သူအချင်းချင်းကြား ကောင်းမွန်တဲ့ဆက်ဆံရေး ရှိမှုနဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ရပ် ရှိမှုတို့ဟာ အဓိကကျတဲ့ အခြေခံအချက်တွေဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အလေးထားပြောခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ရည်မှန်းချက်ပေါင်း ၂၇၀ ပြည့်မှီအောင် ဆောင်ရွက်ရမယ့်အစီအစဉ်တွေကို ထိပ်သီးစည်းဝေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံတွေ သဘောတူညီခဲ့ကြတယ်လို့ တရုတ်သမ္မတ Xi Jinping ကဆွေးနွေးပွဲ အဆုံးသပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

ကျောက်ဖြူတွင် မိုးမရွာဘဲ ထူးဆန်းစွာ ဗာဒံပင်မှ မိုးသီးများအဆက်မပြတ် ကြွေကျ၍ လာရောက်ကြည့်ရှု သူများပြား


နိရဉ္စရာ၊ မေလ ၁၆

ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာအုပ်စု၊ ကပိုင်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ခြံဝင်း အတွင်းတွင် ရှိသည့် ဗာဒံပင် တစ်ပင်မှ မိုးမရွာဘဲ မိုးသီများ အဆက်မပြတ် ရွာချနေသဖြင့် အထူးအဆန်းဖြစ် လူအများလာရောက်ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။

၎င်းဗာဒံပင်မှာ သက်တမ်းနှစ်ပေါင်း(၄၀)ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့က ရွာသူရွာသားများ ဘုရားညောင်ရေသွန်းလောင်း ပူဇော်ပြီးသည်နှင့် တစ်ပြိုင်နက် ပင်စည်မှအစ အကိုင်းအခက်များနှင့် အရွက်များ အားလုံးမှ မိုးသီးမိုးပေါက်များ အလိုအလျောက်ကျလာရာ တစ်နေ့လျှင် ရေလီတာ(၂၀)ကျော်ခန့် ရှိမည်ဖြစ်ပြီး ယခုအချိန်ထိ ပုံမှန်ကျနေကြောင်း ဒေသခံများက ပြောသည်။

၎င်းနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ကပိုင်ချောင်းရွာဇာတိ ကိုစံတင်မောင်က
‘‘ဖြစ်နေတာတော့ တော်တော်ထူးဆန်းတယ်။ ပင်ရဲ့ ပင်စည်ကနေပြီးတော့ အကိုင်းအခတ်ထိ အသေအချာကြည့်ခဲ့တယ်။ အကိုင်းတွေမှာ အမြှုပ်လိုလိုကပ်နေတာလည်းရှိတယ်။ ကြမ်းပိုးနဲ့တူတဲ့ အကောင်သေးသေးလေးတွေလည်းတွေ့ခဲ့တယ်။ အပင်မှာ ကပ်နေတဲ့ အမြှုပ်တွေ ပျော်ကျရုံ လောက်နဲ့လည်း ကျလာတဲ့ရေက ဒီလောက်များမယ်မထင်ဘူး။ မနက်ပိုင်းဆိုရင် ရေအကျပိုများတယ်။ အပင်က ကျလာတဲ့ရေကလည်း ရေခဲရေလိုတအားအေးတယ်။ လာကြည့်တဲ့သူတွေက ခွက်တွေနဲ့ ရေခံယူထားကြတယ်။ အထူးအဆန်းဆိုပြီးတော့ သောက်ကြတယ်။ ဒဏ်ရာတွေကိုထည့်ရင်လည်း ကောင်းတယ်လို့တစ်ချို့ကပြောကြတယ်။ ကျနော်တို့ကတော့ သောက်တော့ သောက်ခဲ့တယ်’’ဟုသူကပြောသည်။

ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်းတွင် တစ်ခြားအပင်အများအပြားနှင့် နောက်ထပ် ဗာဒံပင်လည်း ရှိကြောင်း၊ သို့သော် တစ်ပင်တည်းမှ မိုးသီးကြွေကျနေကြောင်း၊ ၎င်းအပင်မှာ ဘုရားကြီးရဲ့ မုဒ်ဝရှေ့က အပင်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၎င်းအပင်က အလိုအလျောက် မိုးသီးမိုးပေါက် ကျဆင်းလာခြင်းမှ ကောင်းခြင်းလက္ခဏာဆောင်ကြောင်း နမိတ်ကောင်းလို့ ကပိုင်ချောင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒက ကောက်ချက်ဆွဲမိန့်ကြားကြောင်း ဒေသခံတွေကပြောသည်။

အဆိုပါ သတင်းသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့ကာ နေ့စဉ်လာရောက်ကြည့်ရှုသူ အများအပြား ရှိလာနေပြီး အိုး၊ ခွက်၊ ဇလုံးများဖြင့် ရေကိုခံယူလျက်ရှိကြောင်း ဒေသခံတွေကပြောသည်။

ကပိုင်ချောင်းကျေးရွာသည် ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ကျောက်ဖြူမြို့မှ ရေလမ်း (၁၅)မိုင်ခန့်ကွာဝေးကာ အိမ်ခြေ(၁၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara

ဘန်ကောက်မြို့၌ ပေါက်ကွဲမှုကြောင့် လူ၂ဦးဒဏ်ရာရရှိ



ထိုင်းတွင် ယခင်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဘန်ကောက်၊ မေ ၁၆ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ အမျိုးသားကဇာတ်ရုံ အရှေ့တွင် မေ ၁၅ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုင်းအမျိုးသမီး ၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထိုင်းမီဒီယာတစ်ခုကပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီး ၂ဦး၏ လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်တွင်းဆေးရုံတစ်ခု၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၈း၃၀နာရီတွင် ဖြစ်ပွားခဲ့ပြီး ပိုက်ဖြင့် ပြုလုပ်ထားသည့် ဗုံးတစ်လုံးဖြစ်နိုင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ နှင့် ဗုံးရှင်းလင်းရေးတပ်ဖွဲ့များက အခင်းဖြစ်ပွားရာတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းမီဒီယာ Matichon ၏ဖော်ပြချက်အရ အမျိုးသားကဇာတ်ရုံရှေ့ရှိ သစ်ပင်အနီးသို့ တစ်စုံတစ်ဦးက တစ်စုံတစ်ခုကို ပစ်ချသွားခဲ့ကြောင်း သိရသည်။ယခု ပေါက်ကွဲမှုသည် ဘန်ကောက်မြို့၏ အဓိကကျသော ပြည်သူ့ရင်ပြင် Sanam Luang အနားတွင် ၂၀၁၇ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပြီး ဧပြီလ အစောပိုင်းကလည်း အစိုးရထီရုံဟောင်း တစ်ခု တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် မိလ္လာလုပ်သား၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မောင်တောက အစိုးရပြန်ပေး တဲ့နေရာ မှာ နေထိုင်သူမရှိသေး

၂ဝ၁၆ ခုနှစ်က မီးလောင်ခဲ့တဲ့ ဝပိတ်ကျေးရွာကို တွေ့ရစဉ်
၂ဝ၁၆ ခုနှစ်က မီးလောင်ခဲ့တဲ့ ဝပိတ်ကျေးရွာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA 
 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ဝပိတ်ကျေးရွာက မွတ်ဆလင်မိသားစု ၂ဝဝ ကျော်ကို မူလနေရာတွေမှာ ပြန်လည်နေရာ ချထားပေးပေမယ့် လာရောက်နေထိုင်သူ မရှိသေးဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါ တယ်။
နေရာချထားရေးအတွက် အဆင့်သင့်ဖြစ်နေပေမယ့် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်အပေါ် လိုက်နာခြင်း မပြုဖို့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေရှိနေတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မောင်တောမြို့နယ်အတွင်းမှာ နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရ တဲ့ ဖြစ်စဉ်တွေအတွင်း ဝပိတ်၊ ကျီးကန်းပြင်၊ ရေခပ်ချောင်းခွဆုံ၊ ဦးရှည်ကျစတဲ့ ကျေးရွာပေါင်း ၁၃ ရွာမှာ နေအိမ် မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၁ဝဝဝ ကျော်ဟာ ဆွေမျိုးသားချင်းတွေအိမ်မှာ နေ ထိုင်နေကြရတယ်လို့သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဲဒီ ၁၃ ရွာက နေအိမ်ဆုံးရှုံးခဲ့သူတွေကို နေရာချထားပေးဖို့အတွက် အစိုးရက ပေ ၆ဝ၊ ၄ဝ စီရှိတဲ့ အိမ်ရာမြေကွက်တွေ ဖော်ဆောင်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝပိတ်ကျေးရွာကို ဦးစွာ နေရာချထားပေးပြီးတာနဲ့ ကျန်တဲ့ရွာတွေကိုပါ ဆက်လက်နေရာချထားပေးမှာ ဖြစ်တယ် လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြောပါတယ်။
အစိုးရက ပြန်လည်နေရာချထားပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် အတင်းအကျပ်လာရောက် နေထိုင်ခိုင်းမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကျည်ထောင်စုသစ္စာ သရော်စာ ကိစ္စ စိတ်မကောင်းကြောင်း The Voice ဖော်ပြ


The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ်
The Voice နေ့စဉ် သတင်းစာမှာ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ထားတာကို တွေ့ရစဉ်
.
တပ်မတော်က ကန့်ကွက်ထားတဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ သဘောသက်ရောက်ခဲ့ရင် The Voice သတင်းစာအနေနဲ့ စိတ်မကောင်းဘူးလို့ ဒီကနေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီလို ဖော်ပြပေးတာဟာ တောင်းပန်တာမဟုတ်ဘူးလို့ The Voice သတင်းစာရဲ့ အယ်ဒီတာ ကိုအောင်စိုးက ပြော ပါတယ်။
"ကျနော်တို့ကတော့ သတင်းစာမှာတော့ ဒီလိုမျိုးဖော်ပြပေးနိုင်တယ်။ အဲဒီလိုဖော်ပြမယ့်အကြောင်း စာနယ်ဇင်းကောင်စီကို အကြောင်းကြားပေးလိုက်တာ။ ဒီနေ့မှာ ဖော်ပြပေးမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က အကြောင်းကြားလိုက်တယ်။ ၁၄ ရက်နေ့မှာ ကျနော်တို့ ဒီလို ဖော်ပြပေးနိုင်တယ်။ သရော်စာထည့်တဲ့ စာမျက်နှာမှာပဲ။ တနင်္ဂနွေနေ့ထုတ် သရော်စာ စာမျက်နှာမှာပေါ့ဗျာ။ ကျနော်တို့ စိတ်မကောင်းဖြစ် ရကြောင်း၊ ဒီလိုမျိုးယူဆတယ်ဆိုရင်တော့ စိတ်မကောင်းဘူးပေါ့။ ဒါပါပဲ။ အဓိက ကျနော်တို့ ဒီဥစ္စာ က တောင်းပန်တဲ့ဥစ္စာ မဟုတ်ပါဘူး"
ကျည်ထောင်စုသစ္စာ သရော်စာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အရင်ဆုံး အသိပေးအကြောင်းကြားတဲ့အတွက် တပ်မတော်ရဲ့ သဘောထားကြီးမှုကို အသိအမှတ်ပြုတယ်လို့လည်း သတင်းစာက ဖော်ပြထားပါတယ်။
အဲဒီ သရော်စာမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ရိုက်ရည်ညွှန်းထားတဲ့ စကားလုံးမပါဘဲ ပြည်တွင်းစစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆန္ဒနဲ့သာ ဟာသရသမြောက်အောင် ရေး သားတဲ့ သရော်စာ သက်သက်သာဖြစ်တယ်လို့လည်း သတင်းစာရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို တမင်ထိခိုက်နစ်နာအောင်၊ ဂုဏ်သက္ခာ ထိခိုက်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ရေးသားခဲ့တာမဟုတ်ဘူးလို့လည်း The Voice သတင်းစာ က ဖြေရှင်းထားပါတယ်။
တပ်မတော်က ရိုက်ကူးထားတဲ့ ပြည်ထောင်စုသစ္စာ ဆိုတဲ့ ဇာတ်ကားကို သရော်ထားတဲ့ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာကို ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။