Wednesday, April 30, 2014

DKBA နောက် လိုက်ပါခဲ့သော အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့ လာသည့်သတင်း မဟုတ်မှန်



ရန်ကုန်၊ ဧပြီ ၂၉

လှည်းကူးမြို့နယ် ဖယ်ရှားခံ ကျေးရွာမှ အိမ်ထောင်စုများကို မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဝါးယားကုန်း ကျေးရွာအနီး ကျေးရွာ တည်ထောင်ကာ မြေကွက်နှင့် နေအိမ်များ အပိုင်ပေးပြီး ရေမီးစုံ ပေးမည် ဖြစ်သောကြောင့် DKBA နောက် လိုက်ပါသွားသည့် အိမ်ထောင်စုအချို့ ပြန်လည် ပြောင်းရွှေ့လာသည်ဟု သတင်း ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြဝတီမြို့အနီး ကျောက်ခတ် ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သူများက ပြောကြားသည်။

အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ


30 April 2014
မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

ရခိုင်လူထု၏ လုံခြုံရေး တာဝန်ယူရန် အဆင်သင့် ရှိနေသည်ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ်ဆို



Wednesday, April 30, 2014
ရခိုင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အမြဲတမ်း အဆင်သင့် ရှိနေကြောင်း ကျောက်ဖြူမြို့ ၌ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ရခိုင် အမျိုးသားညီလာခံတွင် ရက္ခိုင့်တပ်မတော် (Arakan Army) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။

တံခါးသော့ကို ဖျက်ဆီးကာ ပစ္စည်းများဝင်ရောက်ခိုးယူခဲ့သူများကို စုံစမ်း ဖော်ထုတ်အရေးယူ



ရန်ကုန်၊ ဧပြီ ၃၀

၁၂.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ Technoland Computer Sale and Service Center ဆိုင်၏ မန်နေဂျာဖြစ်သူ ဦးထိန်ဝင်းသည် ဆိုင်ကိုပိတ်ထားခဲ့ပြီး ၁၉.၄.၂၀၁၄ရက်နေ့ ၀၉၃၀ အချိန်တွင် ဆိုင်အားပြန် လည်ဖွင့်လှစ်ခဲ့ရာ အရောင်းကောင်တာနှင့် စင်ပေါ် တွင်ထားရှိသော i Pad, Mac Book များနှင့် မိုဘိုင်းဖုန်းဟန်းဆက်
များ၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀၈၂၃၅၉၆)ခန့်မှာ ခိုးယူခံထားရကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန်တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အရှေ့ပိုင်းမှာ ယူကရိန်း လုံခြုံရေးတွေ မစွမ်းဆောင်နိုင်

Luhansk မြို့က အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ လက်နက်ကိုင်တွေ။
30 April 2014
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အစိုးရ အဆောက်အအုံတွေကို ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေက နောက်ထပ် သိမ်းပိုက်မှုတွေ လုပ်နေရာမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ ဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန်းဒါး တူချင်နော့ဗ် က ပြောပါတယ်။

နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့်အစီအစဉ်ကို Skype စတင်နေ


မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။

လူသေနှုန်းမြင့် သေမင်းတမန် အမြန်လမ်း နိုင်ငံတကာအကူအညီ အလွဲမသုံးရန်လို

30 April 2014
ရက်သတ္တတစ်ပတ်လျှင် ယာဉ်မတော် တဆမှုကြောင့် အနည်းဆုံး လူသုံးဦးနှင့် အထက် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာ အကူအညီဖြင့် ပြန်လည်ပြုပြင်ရန် အစိုးရက ပြင်ဆင် နေသော်လည်း ယနေ့အချိန်ထိ ထင်သာမြင်သာသော လမ်းအဆင့် မြှင့်တင်မှုများ မရှိသေးပေ။

ပွင့်ဖြူမြို့ အမျိုးစောင့်ဥပဒေထောက်ခံပွဲ နှင့်မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကြီး ခြိမ့်ခြိမ့်သဲ


မြန်မာ့ အမျိုးသားရေး ကွန်ယက်နှင့် ပွင်ဖြူမြို့မှ မျိုးချစ်များ၏ လုံ့လကြောင့် ဖြစ်ပေါ်လာသော ဟောပြောပွဲ။
မျိုးစောင့် ဥပဒေ ထောက်ခံရေးနှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ဟောပြောပွဲ ခြိမ့်ခြိမ့်သဲ စတင်နေပါပြီ။

အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် မွတ်ဆလင်များနှင့်ပတ်သက်၍ ဝေဖန်မှု အထောက်အထားခိုင်လုံဖို့လိုဟု မြန်မာ့နိုင်ငံရေးခေါင်းဆောင်အချို့ ဆို



30 April 2014

မြန်မာနိုင်ငံတွင် မွတ်စလင် များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဆိုသည့် အမေရိကန် သမ္မတ အိုဘားမား၏ ပြောဆိုမှု များနှင့် ပတ်သက်၍ ပြဿနာ များ၏ ဇစ်မြစ်ကိုမသိရှိ မလေ့လာ ဘဲ ပြောဆိုခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံရေးအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူအချို့က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးစောမောင် အနားပေး ခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်

30 April 2014

Q - ဗိုလ်ချုပ်မှူးကြီးစောမောင် အနားယူတဲ့ အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့ အကြီးအကဲ တစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေး ပြောပြပေးပါ။
A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။