Thursday, June 26, 2014
အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးလုံး ဆေးဖက်ဝင်သည့် သြဇာပင်

သြဇာပင် သည် မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်လေ့ ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျ ပေါက်သည်ကို တွေ့ရသည်။
မြန်မာ့ ဆေးကျမ်းများ အရ သြဇာသီးသည် အေး၍ သွေးအားကို တိုးပွားစေသည်။ နှလုံးကို များစွာ အကျိုးပြု၍ ပူလောင်ခြင်း ၊ လေပူရောဂါ နှင့် သွေးအန်ရောဂါ များကို ပယ်ဖျောက် နိုင်စွမ်း ရှိသည်။
သြဇာရွက် ကို ကြိတ်၍ စားခြင်းဖြင့် သန်မာစေပြီး အရွက်ကို ချေ၍ ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီး အစိမ်းသည် ချုပ်သော သတ္တိ ရှိသဖြင့် ၀မ်းသွားခြင်း ၊ ၀မ်းသက်ခြင်း များအတွက် ကောင်း၏။ ၀မ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်း စေနိုင်သည်။

Multinational Group Sail တွင် ပူးပေါင်းပါဝင်ခဲ့သော စင်္ကာပူရေတပ်
Jun 25, 2014
စင်္ကာပူရေတပ်မှ S-70B Seahawk အမျိုးအစား ရေတပ်သုံးရဟတ်ယာဉ် တင်ဆောင်ထားသော Formidable အတန်းအစား ကိုယ်ပျောက်ဖရီဂိတ် RSS Intrepid သည် ဘရူနိုင်းရေတပ်၊ တရုတ်ရေတပ်နှင့် အမေရိကန်ရေတပ်တို့ မှ စစ်ရေယာဉ် (၈) စီးနှင့်အတူ ယခုလ (၁၄) ရက်နေ့ မှ(၂၄) ရက်နေ့ အထိ Guam မှ Hawaii အထိ ပြုလုပ်သည့် Multinational Group Sail တွင် ပူးပေါင်းပါဝင် ခဲ့ကြောင်း သိရှိရပါသည်။

amas အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်တစ်ဦး၏ သားဖြစ်သူ Masab Yousef အစ္စလာမ် ဘာသာအပေါ် သူ့ ရဲ့ အမြင်၊ သူရဲ့ ယုံကြည်ချက်
Jun 26, 2014
ပါလက်စတိုင်း ဟမားစ် Hamas အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်တစ်ဦး၏သားဖြစ်သူ Masab Yousef ဟာ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး အစ္စလာမ်မှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပါတယ်။
Islam Youth Movement အဖွဲ့ ၏ ဥက္ကဌဟောင်း ဖြစ်ခဲ့ဖူးသော ပါလက်စတိုင်းလူငယ်လေး တစ်ဦး ဖြစ်သူ Masab Yousef ဟာ အစ္စလာမ်ဘာသာအပေါ် သူ့ ရဲ့ အမြင်၊ သူရဲ့ ယုံကြည်ချက်များကို ပွင့်ပွင့်လင်းလင်း
ပြောဆို ဝေဖန် ထောက်ပြခဲ့ပါတယ်။
ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ
မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက်ထွင်း ခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။ နီကိုလပ်စ်ဝစ်ခ်ျ ဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင် ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊
Telenor ၏ မိုဘိုင်းအင်တာနက်ဖြင့် Wikipedia ကို အခမဲ့သုံးစွဲနိုင်မည့် ဝန်ဆောင်မှုရရှိမည်
Wikipedia စွယ်စုံကျမ်း ဝက်ဘ်ဆိုက်ကို Telenor Myanmar ကုမ္ပဏီ၏ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုပေါ်မှ အသုံးပြုမည် ဆိုပါကအခမဲ့အသုံးပြုခွင့် ရရှိမည်ဟုအဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ပြော ကြားသည်။မြန်မာအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသည့် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့၏မိုဘိုင်း Sim Card များနှင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကို သုံးစွဲသူများပြားစေရေးအတွက် ထိုကဲ့သို့သော ဝန်ဆောင်မှုများကို အများပြည်သူသို့ အခမဲ့ပေးခြင်းဖြင့် ဈေး ကွက်မြှင့်တင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်သည်။
လေထက်ပေါ့ပြီး ပိုမာတဲ့ ပစ္စည်းရုပ်ဝတ္တုကို တွေ့ရှိ

မကြာသေးတဲ့ ရက်အနည်းငယ်မှပဲ US မက်ဆချုဆက်ပြည်နယ်မှာတည်ရှိတဲ့ နည်းပညာကျောင်း တစ်ကျောင်းနဲ့ အမျိုးသားလုံးခြုံရေး ဓာတ်ခွဲခန်းမှ သုတေသနပညာရှင်တို့ရဲ့အောင်မြင်စွာရရှိလာတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ထို ရုပ်ဝတ္တု ပစ္စည်းမှာ လေထက်ပေါ့ပါးကာ ဂျဲလ်မှထုတ်ယူထားတဲ့ အလွန်ပေါ့ ပါးတဲ့ Aerogel ထက်ပင်ပိုပြီး အကြိမ် (၁ထောင်) သန်မာပါတယ်။ Frozen smoke လို့ အမည်ပေးထားပြီး ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သတ္တိတွေနဲ့ ထူးခြားတဲ့ လက္ခဏာတွေ ရှိကာ လေဟာနယ်နဲ့ ကားလုပ်ငန်း နယ်ပယ်တွေမှာ အလွန် အသုံးဝင်နိင်ကြောင်း သိရပါတယ်။
နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်
ဇွန်၊၂၅ရက်။
ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ ဗီယက်နမ်သင်္ဘောနဲ့ တရုတ်သင်္ဘော တွေရဲ့ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့
သိရပါတယ်။ ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်
သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်မှုဖြစ်ပွားခဲ့တဲ့
ဓါတ်ပုံတွေ ကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရက
ကင်းလှည့် ရေယာဉ်ကို ၀ိုင်းရံပြီးရေပိုက်တွေနဲ့ ထိုးခဲ့ကြတယ်

တယ်လီနော နယ်ဆင်း ဈေးကွက်ရှာ စည်းရုံး
နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ နယ်မြို့တွေကို ဆင်းပြီး ကုမ္ပဏီရဲ့ ၀န်ဆောင်မှုဆိုင်ရာ ကိစ္စတွေကို ရှင်းလင်းပြောဆိုပြီး ဈေးကွက်ရှာဖွေမှုတွေ စ လုပ်နေပြီလို့ သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၁ ရက်နေ့က မြင်းမူမြို့မှာ မြို့ခံတွေနဲ့ တွေ့ဆုံပြီး တယ်လီနောအနေနဲ့ လာမယ့် စက်တင်ဘာလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချ ၀န်ဆောင်မှုပေးမယ့်အကြောင်း၊
"အမေရိကန်ချွေးမ"
"အမေရိကန်ချွေးမ"ဆိုတဲ့စာအုပ် ဘယ်မှာဝယ်လို့ရနိုင်မလဲလို့ ကျွန်မကို လာလာမေးတာ ၄, ၅ယောက်လောက် ရှိပြီထင်တယ်။ ဒီမှာတစ်ခါတည်းပဲ ပေါင်းဖြေလိုက်ပါတယ်။ အဲဒီဟာက စာအုပ်မဟုတ်ပါဘူး... ဆောင်းပါးတစ်ပုဒ်ပါ။ ပုံနှိပ်ထုတ်ဝေထားတဲ့စာအုပ်တွေမှာလည်း မထည့်မိဘူး ထင်ပါတယ်။
အမေရိကန်ချွေးမဆိုတဲ့အတိုင်း စာထဲမှာပါတဲ့ အကြောင်းအရာတချို့က မြန်မာ့အစဉ်အလာနဲ့ မကိုက်ညီပါဘူး။ ဘလော့မှာ ကျွန်မတင်တုန်းကလည်း လူအများ ဝေဖန်ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ အမေရိကန်ချွေးမဆိုတိုင်း အမေရိကန်မိခင်တိုင်းက အဲဒီလိုဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ မြန်မာလူမျိုးအချင်းချင်းမှာတောင် မိသားစုတစ်စု၊ အိမ်ထောင်တစ်ခုမှာ သားသမီးတွေကို သွန်သင်ဆုံးမပုံတွေ ကွဲပြားကြပါတယ်။ ဒီစာကတော့ မူရင်းစာရေးဆရာရဲ့ကိုယ်တွေ့ပဲလားဆိုတာတော့ ကျွန်မလည်း မသိရပါဘူး။ စာထဲမှာပါတဲ့အကြောင်းအရာတွေထဲက ကောင်းတာကိုပဲယူပြီး မကောင်းတာကို ပယ်ပါလို့ပဲ ပြောချင်ပါတယ်။
Subscribe to:
Posts (Atom)