Thursday, March 26, 2015

ဗိုလ်ချုပ် ထားခဲ့တဲ့ မူဝါဒ ဦးသိန်းစိန် ဘီဘီစီအင်တာဗျူး သုံးသပ်ချက်



(ဗိုလ်ချုပ် မူဝါဒ-ပြည်ပသြဇာ အလွှမ်းမခံရဖို့)

မကြာသေးမီက BBC က ထုတ်လွှင့်သွားတဲ့ ဦးသိန်းစိန်နှင့် အင်တာဗျူးတွင် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့် ကန့်သတ်မှုသည် ၁၉၄၇ ဖွဲ့စည်းပုံ အတိုင်းဖြစ်သည်ဟု ဖြေကြားခဲ့မှုအား NLD ထောက်ခံသူများ တညံညံ ဖြစ်နေကြသည်။ 

၁၉၄၇ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ -

သတင်းထောက်တွေကို သေဒဏ်ပေးလို့ရတယ် လို့ ထိုင်းဝန်ကြီးချုပ် ပြော

ပုံ - AFP
ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာက အမှန်တရားကို မတင်ပြသူတွေကို သူ သေဒဏ်ပေးပစ်လိုက်မှာပေါ့ လို့ ပြောပြီး ဂျာနယ်လစ်တွေကို ဗုဒ္ဓဟူးနေ့က ကြိမ်းဝါးလိုက်ပါတယ်။ 
ပြီးခဲ့တဲ့လ ကလည်း ပရာယွတ်ဟာ သတင်းဌာနတွေကို ပိတ်ပစ်ဖို့ မိမိမှာ အခွင့်အာဏာ ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ သူဟာ ပိုမိုပြင်းထန်စွာပြောခဲ့ပါ တယ်။ 
` ကျနော်တို့ သူတို့ကို ကွပ်မျက်ပစ်လိုက်လို့ရတယ်´ လို့ ပရာယွတ်က တစ်ချက်မှ မပြုံးဘဲ ပြောပါတယ်။ အစိုးရရဲ့ တရားဝင်ရပ်တည်ချက်တွေကို မလိုက်နာမစောင့်ထိန်းတဲ့သူတွေကို အစိုးရက ဘယ်လိုကိုင်တွယ်မလဲလို့ သတင်းထောက်တွေကမေးမြန်းတာကို အခုလိုဖြေခဲ့တာဖြစ်ပါတယ်။
` ခင်ဗျားတို့ အစိုးရကို ထောက်ခံစရာမလိုဘူး။ ဒါပေမယ့် အမှန်တရားကိုတော့ တင်ပြရ မယ် ´ လို့ စစ်ဦးစီးချုပ်ဟောင်းကပြောပြီး အမျိုးသားပြန်လည်ညီညွတ်ရေးကို အားပေးတဲ့ နည်းလမ်းနဲ့ သတင်းရေးသင့်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: Reuters

Wednesday, March 25, 2015

ကူမင်း တိုက်ခိုက်မှုအတွက် ၃ ဦးကို တရုတ် ကွပ်မျက်


ကူမင်းမြို့ ဘူတာရုံမှာ တိုက်ခိုက်မှုကြောင့် ၃၁ ယောက် သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရခဲ့။ 
တရုတ်နိုင်ငံ၊ ကူမင်းမြို့ ဘူတာရုံမှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ဓားနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ် ခံထားရတဲ့ လူ ၃ ဦးကို အခု ကွပ်မျက်လိုက်ပြီလို့ တရုတ် တရားရုံးက ပြောပါတယ်။

အဲဒီ လူ ၃ ဦးဟာ တိုက်ခိုက်မှုမှာ ကိုယ်တိုင် မပါဝင် ခဲ့ပေမယ့် တိုက်ခိုက်သူ တွေကို လေ့ကျင့် ပေးခဲ့တယ်လို့ ဆိုပြီး လူသတ်မှု၊ အကြမ်းဖက်မှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ သူတို့ကို သေဒဏ် ချမှတ် ခဲ့တာပါ။ အမျိုးသမီး တစ်ဦးကိုတော့ တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။

KIA အဖွဲ့မှ တရုတ်သစ်ခိုးဂိုဏ်းအား ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော်ဖြင့် လုပ်ကိုင်ခွင့်ပြုထား




မတ်လ ၂၄ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော တရားမ၀င် သစ်များခိုးထုတ်နေမှုများနှင့် ပတ်သက်၍ တရုတ်သစ်ခိုးဂိုဏ်းတစ်ခုအား ကချင်လွတ်မြောက်ရေးတပ်တော် (KIA) အဖွဲ့မှ အခကြေးငွေများရယူပြီး လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးထားကြောင်းသိရသည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ် အတွင်းရှိ သစ်တော ကြိုးဝိုင်းအတွင်းမှခုတ်ယူပြီး ယင်းသစ်များကို ကချင်ပြည်နယ် မံစီမြို့နယ် နန့်ဟန်ကျေးရွာ အရှေ့ဘက် နှစ်မိုင်ခန့် အကွာရှိ နန်ကောက်ရွာကွင်းနှင့် မဘိမ်းမြို့နယ် ဆူးပုတ်တော ကြိုးဝိုင်းအတွင်း လဝါ ကျေးရွာနှင့် ကပ်လျက် လေယာဉ်ကွင်းဟောင်း ကျေးရွာတို့တွင် စုပုံဖြတ်တောက်၍ တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လမ်းကြောင်းငါးသွယ်ဖြင့် သယ်ဆောင်နေကြောင်း ယင်းဒေသတွင် သစ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ဒေသခံတစ်ဦးမှ ပြောသည်။

ဘင်္ဂလားက ခိုးဝင်တဲ့ ကုလားမှန်သမျှ မြန်မာနိုင်ငံကလို့ သတ်မှတ်ထားကြတာ ခုသတင်းကို ဖတ်ကြည့်တာနဲ့ သိနိုင်ပါတယ်

မြန်မာနိုင်ငံမှ လာရောက်သည့် မွတ်စလင်ဒုက္ခသည်များအား နှစ်ရှည်ဗီဇာပေးရန် ဆော်ဒီ ဆုံးဖြတ်

25 March 2015



ဆော်ဒီအာရေဗီးယားနိုင်ငံသည် နိုင်ငံအတွင်းရှိ မြန်မာနိုင်ငံမှ လာရောက် ခိုလှုံသူ ၄ သန်းခန့်အား နေထိုင်ခွင့်အသိအမှတ်ပြု လက်မှတ် “အိုင်ကာမာ” ထုတ်ပေးလျက်ရှိပြီး နိုင်ငံအတွင်း ရေရှည်နေထိုင်ခွင့်ရရှိရေး ၄င်းတို့၏ အိပ်မက်များ အစစ်အမှန်ဖြစ်လာစေမည်ဟု ဆိုသည်။

မက္ကာရှိ မြန်မာ လူမှုအဖွဲ့အစည်းမှ ရှိတ် တစ်ဦး ဖြစ်သူ အဘူအယ်ရှမာ အဗ္ဗဒူမာဂျိဒ် က ဆော်ဒီရှိ မြန်မာအများစုမှာ ထိုနိုင်ငံတွင် နေထိုင်လာခဲ့ သည်မှာ နှစ် ၇၀ ကျော်ရှိပြီဟုဆိုသည်။

ဆော်ဒီဟာရေးဗီးယားသို့ ပြောင်းရွှေ့နေထိုင်ရာတွင် ကူညီထောက်ပံ့ မှုပေး ခဲ့သည့် ဆော်ဒီအစိုးရကို ရှိတ်အဗ္ဗဒူမာဂျိဒ်က ချီးကျူးခဲ့သည်။ နိုင်ငံတွင်းရှိ ခိုလှုံနေသူ များအား အိုင်ကာမာ အခမဲ့ခွင့်ပြုပေးရန် မင်းသား ခါလစ်အပ်လ် မိုင်ဆယ်က မကြာမီက ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၄င်းတို့ကြုံတွေ့နေရ သည့် ပြဿ နာအများအပြား ဖြေရှင်းပေးနိုင်ခဲ့ပြီး နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့်တို့ ရရှိမည်ဖြစ်သည်။

“အစိုးရရဲ့ အစီအစဉ်သစ်ကြောင့် ပရဟိတအဖွဲ့အစည်းတွေ ဖွင့်လှစ်ထား တဲ့ ကျောင်းတွေမှာ ပညာသင်နေတဲ့ ကျောင်းသားတွေဟာ အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် ရရှိတော့မှာပါ” ဟု ရှိတ် အဗ္ဗဒူမာဂျိဒ် က ဆိုသည်။

၎င်းတို့တွင် ပတ်စပို့မရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန် အိပ်မက်မှာမူ မှေးမျိန် လျက်ရှိသည်ဟုဆိုသည်။ လက်ရှိတွင် ဆော်ဒီရှိ မြန်မာ ၁၇၀,၀၀၀ ခန့်ကို အိုင်ကာမာ ထုတ်ပေးပြီးဖြစ်သည်ဟု ဆိုသည်။

Saturday, March 21, 2015

ယီမင်မြို့တော် တိုက်ခိုက်မှု ၁၀၀ ကျော်သေ


ယီမင်နိုင်ငံ Sana'a မြို့တော်က မူဆလင်ဗလီ ၂ ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှု ၃ ခုကြောင့် သောကြာနေ့က ၀တ်ပြုနေသူ လူပေါင်း ၁၀၀ လောက် သေဆုံးပြီး၊ ၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆေးဖက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

Sana'a မြို့တော်ကို ထိန်းချုပ်ထားတဲ့ Houthi Shi'ite သူပုန်တွေနဲ့ နီးစပ်တဲ့ Badr နဲ့ al-Hashoosh ဗလီတွေမှာ နေ့လည်ပိုင်း ၀တ်ပြုဆုတောင်းနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုတွေကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ လူအုပ်ထဲမှာလည်း နောက်ထပ် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတွင် မသမာသောနည်းဖြင့် ဖြေဆိုကြသည့် ကျောင်းသား ၆ဝဝ ထုတ်ပယ်ခြင်းခံရ


ပတ္တနာ မတ် ၂ဝ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မသမာသောနည်းဖြင့် ဖြေဆိုခဲ့ကြသည့် ဂရိတ်(၁ဝ) ကျောင်းသား ၆ဝဝ ခန့်ကို ကျောင်းမှ ထုတ်ပယ်ခဲ့ကြောင်း ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကပြောကြားခဲ့သည်။

ကျောင်းသားမိဘများနှင့် ကျောင်းသားများ၏ သူငယ်ချင်းများက ကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ် ကျောင်းနံရံများမှ အဖြေများပါသော စာရွက်အပိုင်းအစ များပေးကာ စာဖြေရာတွင် မသမာသောနည်းလမ်းဖြင့် အကူအညီပေးနေခဲ့ကြသည်။ ထိုသို့မသမာသောနည်းလမ်းဖြင့် ကူညီ မှုပြုနေသည့် ကျောင်းသား မိဘများကို အင်ဒီးယန်းတီဗွီက ဗီဒီယိုမှတ် တမ်းတင်ရိုက်ကူးထားပြီး နိုင်ငံတစ်ဝန်း ထုတ်လွှင့်ပြသခဲ့သည်။

ယီ​မင်​တောင်​ပိုင်း al-Houta မြို့​ကို အစ္စ​လာမ်​မစ်​တွေ သိမ်း

ယီမင် နိုင်ငံ တောင်ပိုင်း မှာ အယ်လ်ကိုင်ဒါ အဖွဲ့ နဲ့ အဆက်အစပ် ရှိသူတွေ ခိုင်ခိုင်မာမာ လှုပ်ရှား နေခဲ့တာ နှစ် အတန် ကြပြီ ဖြစ်ပါ တယ်။
ယီမင် နိုင်ငံ တောင်ပိုင်း က al-Houta မြို့ ကို အယ်လ်ကိုင်းဒါး အဖွဲ့ အပေါ် သစ္စာခံတဲ့ လက်နက်ကိုင် တွေ က သိမ်းပိုက် လိုက် တယ် လို့ သတင်း တွေ ထွက် လာပါတယ်။

ယီမင် ရဲ့ ဆိပ်ကမ်း မြို့တော် အေဒင် ရဲ့ မြောက်ဘက် နားမှာ တည်ရှိ တဲ့ အဆိုပါ al-Houta မြို့တော် ထဲ ကို လက်နက်ကိုင် တွေ ဟာ အလံနက် တွေ လွှင့်ထူ ထားတဲ့ ပစ်ကပ် ကားတွေ နဲ့ တဟုန်ထိုး ဝင်ရောက် လာခဲ့ ကြတယ် ဆိုပြီး ဒေသခံ သတင်း ရင်းမြစ် တွေ က ပြောပါတယ်။

အစိုးရ စစ်သား တွေ ရဲ့ ဘားတိုက်တွေ၊ အစိုးရ ရုံး အဆောက်အဦ တွေ ကို အဲဒီ့ လက်နက်ကိုင် တွေ က သိမ်းပိုက် လိုက်ကြပြီး၊ ခုခံခဲ့သူ တွေ အသတ်အဖြတ် ခံခဲ့ရတယ် လို့လည်း သတင်း တွေ က ဆိုပါတယ်။

အာဏာခွဲဝေယူရေး အရေးကြီး အဆိုတင်

တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို
၂၀ဝ၈ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ ပီပီပြင်ပြင် ဖြစ်လာအောင် ဥပဒေ၊ နည်း ဥပဒေတွေကို လိုအပ်သလို ပြင်ဆင် ပြဌာန်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၀ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရကို တိုက်တွန်း ထားတဲ့ ဒီအရေးကြီး အဆိုကို တိုင်းရင်းသား ဒေသတွေက ကိုယ်စားလှယ်တွေက တင်သွင်းတာ မဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Friday, March 20, 2015

အောင်တံခွန်(၃) ခရီးသည်များရဲ့ ကယ်တင်ရှင် သူရဲကောင်း သားအဖ သုံးယောက်

အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်စဉ်က ခရီးသည်များအား သက်စွန့်ဆံဖျားကယ်ဆယ်ခဲ့ကြသူများအချို့ကိုဖော်ပြအပ်ပါသည်။
၎င်းတို့မှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာအုပ်စုမှ စက်လှေပိုင်ရှင်
ဦးကျော်ဆန်းမြင့်၊ သား အောင်မျိုးသန်း နှင့် သား သန်းကျော်မြင့် တို့ဖြစ်ကြသည်။
သူတို့သည် အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်ရာ အနီးရှိ မျောက်ကြိမ်ကျွန်းတွင် စခန်းချ၍ ကျောက်ပုဇွန်ပိုက်ချနေကြသူများဖြစ်ကြသည်။
မျောက်ကြိမ်ကျွန်းတွင် ရေလုပ်သားများခေတ္တနေသည့် တဲ(၇) ဆောင်ခန့်သာရှိပြီး၊ ထိုနေ့က ရေလုပ်သားတို့၏ စက်လှေများသည် သောင်တင်နေခဲ့သည်။ သို့သော်လည်း သင်္ဘောနစ်မြုပ်မှုကို သိလျင်သိချင်း စက်လှေကို တွန်းချပြီး ခရီးသည်များအား ကယ်ဆယ်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့မှာသားအဖ သုံးဦးမှ ကယ်ဆယ်ခဲ့သော ခရီးသည်များမှာ ---
ကျော်ဆန်းမြင့်မှ အမျိုးသမီး ၇၀ ဦး၊ ကျား ၃၅ ဦး၊
ဦးသန်းအောင်မှ ကျား ၃၅ ဦး၊ အမျိုးသမီး ၃၀ ဦး တို့ကို အသီးသီး ကယ်ဆယ်ခဲ့ကြသည်။
၎င်းသားဖ သုံးဦးသည်ကား အမှန်တကယ် ကယ်ဆယ်ရေး သူရဲကောင်းများဖြစ်ကြသလို မြန်မာ့လူအဖွဲ့အစည်းအတွက် အလွန်တရာမှ စံပြထိုက်သောသူများလည်းဖြစ်ကြသည်။ ဂုဏ်ပြုချီးကျူးထိုက်သူများလည်း ဖြစ်ကြပေသည်။
ထို့ကြောင့် ယင်းသားဖ သုံးယောက်အား ဂုဏ်ပြု ချင်သူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်သည်။
ဆက်သွယ်ရန်
___________
၀၉၄၉၂၁၈၃၄၇
၀၉၄၉၆၅၀၈၅၅
၀၉၄၉၅၈၂၇၂၄
Sources: Tuntunnaing Ksng
(ကိုထွန်းထွန်းနိုင်အားမေးမြန်း၍ ထပ်မံဖြည့်ရေးအပ်ပါသည်။)