Wednesday, March 19, 2014

‌နေမှ ကမ္ဘာကိုလှည့်‌ပတ်‌‌နေဟု ‌ဆော်‌ဒီ အစ္စလမ်‌ဘာသာ‌ရေး ပညာရှင်‌‌ဟော‌ပြော

ကျွန်တော်တို့အားလုံး ကျောင်းသင်ခန်းစာ၌ သင်ကြားရသည်မှာ ကမ္ဘာက နေကို လှည့်ပတ်နေသည်ဟူ၍ ဖြစ်သည်။ သို့သော် ဆော်ဒီအစ္စလာမ်ဘာသာရေးပညာရှင် ၏ အဆိုအရမူ ကျွန်တော်တို့အားလုံး အလိမ်ခံနေရခြင်း ဖြစ်သည် ဆို၏။
မကြာသေးမီက ထုတ်လွှင့်သော ရုပ်သံအင်တာဗျူးတစ်ခု၌ ဆော်ဒီအဆင့်မြင့်ပညာရှင်များကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆာလာ အယ်လ်ဖော်ဇန်မှ "ကမ္ဘာမှ နေကို လှည့်ပတ်နေသည်မဟုတ်၊ နေကသာ ကမ္ဘာကို လှည့်ပတ်နေသည်" ဆို၏။
အယ်လ်ဖော်ဇန်၏ နေမှ ကမ္ဘာကို လှည့်ပတ်ကြောင်း သက်သေပြချက်မှာ ယင်းအကြောင်း ကုရ်အာန်ကျမ်းတွင် ပါရှိသောကြောင့် ဖြစ်သည် ဟု ဆိုသည်။ အဆိုပါ တွေ့ဆုံခန်းကို ဆော်ဒီ channel 1 မှ ထုတ်လွှင့်ခဲ့ပြီး 'အရှေ့အလယ်ပိုင်း မီဒီယာများ သုတေသနအဖွဲ့ (MEMRI)' မှ ဘာသာပြန်ဆိုခဲ့သည်။
အင်တာဗျူး၌ အစီအစဉ်တင်ဆက်သူမှ အယ်လ်ဖော်ဇန်ကို မေးသည်။
"အလ္လ်ာဟ်က ကုရ်အာန်မှာ ဆိုထားတယ်။ 'နေသည် မလှုပ်မယှက် အနေအထားဖြင့် ၎င်း၏ လမ်းကြောင်းအတိုင်း လှည့်ပတ်လျက် ရှိ၏။ ဤသည်မှာ အရာရာသိတော်မူသော၊ စွမ်းအားကြီးသော အရှင်၏ ဆုံးဖြတ်ချက် ဖြစ်ပါပေ၏' တဲ့။
နေက ကမ္ဘာကို လှည့်ပတ်နေပါသလား ခင်ဗျား? "
ဆာလာ အယ်လ်ဖော်ဇန်မှ ပြန်ဖြေသည်။
"နေက ကမ္ဘာကို လှည့်ပတ်နေတယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆို ကုရ်အာန်မှာ ဆိုထားတယ်လေ။ 'နေက လှည့်ပတ်နေသည်' လို့။
ဒီလို ကုရ်အာန်က ဆိုထားတာတောင် လူတွေက ပြောသေးတယ်။ 'နေက ရပ်နေပြီး ကမ္ဘာက ပတ်နေတာ' လို့။ ဒီအဆိုက ကုရ်အာန် နှင့် ဆန့်ကျင်ပါတယ်။"
အယ်လ်ဖော်ဇန်မှ ဖြည့်စွက် ပြောကြားခဲ့သည်မှာ
"မူဆလင်တစ်ယောက်စစ်မှန်လျှင် ကုရ်အာန်ကို မျက်ကွယ်ပြုပြီး ခေတ်သစ် သီအိုရီတွေကို လက်ခံတာမျိုး မလုပ်ရပါဘူး"
_____________________________________
ဆော်ဒီ အစ္စလာမ် ဘာသာရေးပညာရှင် ဆာလာ အယ်လ်ဖော်ဇန် နှင့် အင်တာဗျူး
http://m.youtube.com/watch?v=Kqv0iuiBta8
မျိုးမင်းသန့်

No comments: