Monday, August 18, 2014

အီရတ်ကမူဆိုးလ် ရေကာတာကို ကာ့ဒ် တပ်တွေ ပြန်လည် သိမ်းပိုက်ခဲ့

အီရတ်နိုင်ငံ မြောက်ဘက်မှာရှိတဲ့ မူဆိုးလ် ရေကာတာကို သူပုန်လက်ထဲကနေ ကာ့ဒ် တပ်တွေ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ (Credit: AFP) 

အီရတ်မြောက်ပိုင်း ​မူဆိုးလ်မြို့က ​အစ္စလာမ်မစ် ​သူပုန်တွေ ​သိမ်းပိုက်ထားတဲ့ ​ရေကာတာကို ​ကာ့ဒ် ​တပ်တွေက ​ပြန်လည်သိမ်းပိုက် ​နိုင်ပြီလို့ ​သိရပါတယ်။

အမေရိကန်ရဲ့ ​လေကြောင်း ​တိုက်ခိုက်မှု ​အကူအညီနဲ့ ​တနင်္ဂနွေနေ့တုန်းက ​ကာ့ဒ် ​ပက်ရှ်မာဂါ ​တပ်တွေက ​ပြန်လည် ​ရယူနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

အဆိုပါ ​ရေကာတာဟာ ​အီရတ်မြောက်ပိုင်းကို ​ရေ ​နဲ့ ​လျှပ်စစ်မီးပေးဝေနေတာ ​ဖြစ်ပါတယ်။

အစ္စလာမ်မစ် ​စစ်သွေးကြွတွေရဲ့ ​မော်တော်ယာဉ်တွေ ​အပါအ၀င် ​စစ်သွေးကြွတွေ ​ရှိတဲ့ ​အဲဒီဒေသကို ​စနေနေ့က ​လေကြောင်း ​တိုက်ခိုက်မှု ​ကိုးကြိမ် ​ပြုလုပ်ခဲ့ကြောင်း ​အမေရိကန်က ​ဆိုပါတယ်။

နယ်စပ်ဘက် ​အခြမ်းမှာတော့ ​ဆီးရီးယား ​လေတပ်က ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေရှိတဲ့ ​ရက်ဂါမြို့ကို ​တိုက်ခိုက်ခဲ့တဲ့အတွက် ​အနည်းဆုံး ​စစ်သွေးကြွ ​၃၀ ​သေဆုံးခဲ့တယ်လို့ ​ကနဦးသတင်းတွေအရ ​သိရပါတယ်။

By Hayden Cooper, Michael Vincent, staff
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-18/1357926



No comments: