Wednesday, September 17, 2014

အမေရိကန် နဲ့ ISIS ဇာတ်လမ်း



ISIS(Islamic State of Iraq and Syria)

ဇာတ်လမ်းရဲ့အစက မိုဟာမက်သေတာပဲ။ ဒီလူက မိန်းမတွေအများကြီးယူခဲ့တော့ သူသေတော့ မိန်းမတွေနဲ့ မိန်းတယောက်စီတိုင်းမှာ မွေးထားတဲ့သားသမီးတွေ အုပ်စုလိုက်ကြီးကျန်ခဲ့တယ်။

အဲလို မိန်းမ+သားသမီးအုပ်စုတွေဟာ အစ္စလာမ်ဘာသာကို ဘယ်သူက ဆက်ပြီး တည်တံ့အောင် ပြန့်ပွားအောင် ဦးဆောင်မလဲလို့ ဆွေးနွေးကြတယ်။


တခုသောအုပ်စုက သူတို့သာ ဦးဆောင်မယ်လို့ဆိုတယ်။ ဒီအုပ်စုဟာ မိဖုရားခေါင်းကြီးနဲ့သားသမီးများ အုပ်စုဖြစ်မယ်ထင်ပါတယ်။ သူတို့မွေးဖွားဆင်းသက်လာသူတွေက ရှီယိုက်တွေဖြစ်လာတယ်။ လူနည်းစု။

တခြားအုပ်စုတွေကတော့ အများသဘောတူရွေးစေချင်တယ်။ သူတို့က ဆင်းသက်လာသူတွေဟာ ဆွန်နီဖြစ်လာတယ်။ လူများစု။

လက်ရှိအစ္စလာမ်ဘာသာဝင်တွေရဲ့ ၈၀%ကျော်က ဆွန်နီတွေ။ 
အဲနှစ်ဖွဲ့ဟာ မတည့်အတူနေ ဆိုရမယ်။ နှစ်ဖွဲ့ထဲ သတ်ကြ ဖြတ်ကြလုပ်နေကြတာ အနှစ်၁၀၀၀ကျော်နေပြီ။ အယူအဆလည်း ကွဲပြားကြတာကိုး။ ဥပမာ အီရတ်မှာဆို ဆွန်နီတွေက အုပ်စိုးတယ်။ အီရန်မှာဆို ရှိယက်တွေ အုပ်စိုးတယ်။ ဒါကြောင့် အဲနှစ်နိုင်ငံ မတည့်ဘူး။ စစ်တောင် ဖြစ်ဖူးသေးတယ်။

အခု ISISဆိုတဲ့ ငတိတွေက ဆွန်နီတွေ။ အတော်ဆိုးတယ်။ အီရတ်ကို အမေရိကန်ဝင်ပြီးတဲ့နောက် ဒီကောင်တွေပေါ်လာတာပဲ။ အမေရိကန်ကလည်း မသိမသာ လွှတ်ထားတယ်။ ထမင်းဖိုးပေးတယ်။ ဘာလို့ဆို ရှီးယိုက်အုပ်စိုးတဲ့အီရန်ကို စိတ်ညစ်အောင်လုပ်ဖို့လေ။ ဒါက ပထမတခါ။

ဒုတိယတခါက ဆီးရီးယား။ ဆီးရီးယားမှာ အာဏာရှင်အာဆတ်ကို ဖြုတ်ချမယ့် သူပုန်တွေကို အမေရိကန်နဲ့နေတိုးက ဗြောင်ထောက်ပံ့တယ်။ သူပုန်ထဲမှာ အီရတ်ကလာတဲ့ဆွန်နီတွေလည်းပါတယ်။ အဲဒီမှာ ဆွန်နီတွေပေါင်းမိပြီး ISISဖြစ်လာကော။ ထမင်းကျွေးတဲ့ အမေရိကန်ကိုလည်း ပြန်ကိုက်တယ်။ (မြန်မာပြည်တွင်းက ကုလားအားပေးများလည်း သတိထားပါ)

အခု ISISခေါင်းဆောင် အဘူကာတာကို စီအိုင်အေနဲ့မော့ဆက်က သဘောတရားရေး နည်းဗျူဟာစစ်ဆင်ရေးနဲ့ စကားပြောစည်းရုံးနည်းသင်တန်းတွေ ပေးခဲ့ဖူးတယ်။ ဘင်လာဒင်တုန်းကလည်း ဒီလိုပဲလေ။ အာဖဂန်မှာ ဆိုဗီယက်တွေကို ပြန်ချဖို့အမေရိကန်က စစ်ရေးသင်တန်းပေးတာပဲ။ ဘင်လာဒင်က အဲထဲက တယောက်ပေါ့။ သူကလည်း ပုလိပ်ကြီးတို့ကို ၉/၁၁နဲ့ ကျေးဇူးပြန်ဆပ်ပေးပါတယ်။

ဘင်လာဒင်ဆိုတာကလည်း ဆော်ဒီက သူဌေးသားပဲ။ သူ့မိသားစုကလည်း ဆရာဝန်တွေ ပါမောက္ခတွေနဲ့ ပညာတတ်မိသားစု။ သူကိုယ်တိုင်ကလည်း ဂျာမနီနိုင်ငံ ဟမ်းဘတ်ကလားမသိဘူး . . ဘွဲ့လွန်ရထားတာ။ ကုလားဆိုတာ အဲဒါပဲ။ အစ္စလာမ်စစ်ပွဲဟေ့ဆိုတာနဲ့ နိုင်ငံမတူတောင် ဝင်ကူကြ အားဖြည့်ကြတာပဲ။ ယုံကြည်ချက်အတွက် လုပ်ကြတာ။ မြန်မာပြည်တွင်းက သူပုန်များလို ဆေးအလကားချရလို့ ဘိန်းဖရီးရှုရလို့ ထမင်းအလကားစားရလို့ ဆိုတဲ့ ဂဂျောင်စိတ်နဲ့ဝင်လာသူမရှိဘူး။ အရှေ့အာရှတို့ ဥရောပတို့လို အဝေးကြီးကနေတောင် သွားပြီး ဂျီဟတ်ကြတာ။

ISဟာ လူများစုဆွန်နီတွေကို အခြေပြုထားတာ ဖြစ်လို့ သက်ဆိုးရှည်လိမ့်မယ်။ နိုင်ငံတကာ ချမ်းသာကြွယ်ဝမှုရဲ့၄၀%ကျော်ကို ပိုင်ဆိုင်တဲ့အထိချမ်းသာနေတဲ့ အမေရိကန်ဟာ အခုချိန်ထိ ကျည်ဆံတရှပ်ရှပ် ရေနံတဝင်းဝင်းဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းကို လက်မလွှတ်နိုင်လောဘတက်နေတုန်းပါပဲ။

No comments: