Wednesday, December 31, 2014

၂၀၁၄ ခုနှစ်အကယ်ဒမီပေးပွဲ၏ ထူးခြားချက်များ



၁။ အကယ်ဒမီရမည့်သူစာရင်း အတိအကျကြိုပေါက်ခြင်း။

၂။ အကယ်ဒမီပွဲတွင် Miss ရွေးပွဲမှ မော်ဒယ်လမ်းလျှောက်ခန်း ထည့်သွင်းခြင်း။


၃။ စန္ဒရားတင်ဝင်းလှိုင်၏ ထူးခြားသော အကယ်ဒမီကျေးဇူးတင်စကား။

၎။ စန္ဒရားတင်ဝင်းလှိုင် ဆုယူစင်မြင့်သို့ရေသန့်ဘူး တက်ပေးသူ။

၅။ အဓိက အမျိုးသမီးဇာတ်ဆောင်ဆုရှင် ဝတ်မှုန်ရွှေရည်၏ အိမ်သာထဲမှ အပြေးလာယူသော အကယ်ဒမီ။



၆။ အစီအစဉ်တင်ဆက်သူ ကိုရန်လေး၏ အကြိမ်ကြိမ်စိတ်လှုပ်ရှားမှားယွင်းမှုများ
ရုပ်ချင်၊ ကစ်ကစ်ရေ ဆုတွေ ချီးမြှင့်လိုက်ပါဦး။

၇။ ဝါရင့်အစီအစဉ်တင်ဆက်သူ မတင်မိုးလွင်၏ ကိုကျော်သူနှင့် မမို့အဖြစ်သရုပ်ဆောင်သောတေးသရုပ်ဖော်အပိုင်းအစကို ကိုကျော်သူနှင့် မဆင့် ဟု မှားယွင်းပြောဆိုခြင်း။ စက်ဘီးလေးနှင့် ထဘီတိုတိုဝတ်ဟန်ကိုလည်းကောင်း အတွဲများမှာကိုကျော်သူ+မမို့။ ကိုရန်လေး+မဆင့်
ဖြစ်သည်ကိုလည်းကောင်း မမိုးသတိပြုမိပုံမရ။

၈။ အဓိက အမျိုးသားဇာတ်ဆောင်ဆုရှင်ပြေတီဦး၏ မိုက်ဆွဲယူကာနောက်ဆက်တွဲထပ်ပြောသော ကျေးဇူးတင်စကား။

၉။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး တည်းဖြတ်ဆုစတဲ့ ရုပ်ရှင်အတတ်ပညာဆိုင်ရာ ဆုများကို ပေးအပ်မှုမရှိခဲ့ခြင်း။

၁၀။ အစည်းရုံးဥက္ကဌကြီး၏ …ဟေ့ကောင်ပြေတီဦး အဲဒီဆုက ငါ့ပေးရမှာကွ -ီး ပဲ ဆိုသောစကားသံ။

Credit to: Thorn Nay Soe

No comments: