လက်တလောဖြစ်နေသည့် ရိုဟင်ဂျာဒုက္ခသည်များ ပြဿ နာ တွင် မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မလေးရှား ဒုတိယပြည်ထဲရေးဝန်ကြီး ဒေါက်တာဝန်ဂျုနိတ်ဒီ က မေးခွန်းထုတ်လိုက်သည်။
ယခုကိစ္စတွင် “ ဒေါ်စုက ငြိမ်နေပြီးဘင်္ဂလီ ဒုက္ခသည် တွေအတွက် ရပ်တည် လုပ်ဆောင်တာမရှိဘူး” ဟု ၄င်းက သတင်းထောက် များကို ပြောကြားလိုက်သည်။
“ကမ္ဘာ့ ဒီမိုကရေစီ ချန်ပီယံကြီးလို့ ပြောကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ။ သူဘာတွေ လုပ်နေသလဲ။ ဒီလိုလူမျိုးကို ကျွန်တော် အစကတည်းက လက်မခံပါဘူး။"
" ဒေါ်အောင်ဆန်းစုကြည်ကို လူတွေ အများကြီးက ချီးမြှောက်ကြတယ်။ ဒါပေမဲ့  သူက အခြေခံဥပဒေကို ဖြေရှင်းဖို့ သာ လုပ်နေပြီး ဒီမြန်မာ ဒုက္ခသည်တွေရဲ့ ပြဿ နာကို အချိန်အကြာကြီးဆွဲထားပြီး မဖြေရှင်း တဲ့ အတွက် ကျွန်တော်ကတာ့ မချီးမြှောက်နိုင်ဘူး” ဟု ဆိုသည်။
“အခြေခံဥပဒေဆိုတာက လူတွေက လုပ်တာ။ မြန်မာ အခြေခံဥပဒေ ကို ပြင်ခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်၊ ငါးနှစ်လောက်တုန်းက။ ဘာလို့ အခုချိန်မှာ မပြင်နိုင်သေးတုန်း” ဟု မလေးရှား လွှတ်တော်ခန်းမတွင် မလေးပြည်ထဲရေး ဒုဝန်ကြီးက သတင်းထောက် များကို ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဘင်္ဂလီ ဒုက္ခသည် ပြသာနာ ကို မြန်မာအစိုးရ သာဖြေရှင်းရမည်ဖြစ်ပြီး မလေးရှားနိုင်ငံ၏ ပြဿ နာ မဟုတ်ဟုကြောင်း၊ ယင်းပြဿဿ နာသည် အာဆီယံ၏ စီရင် ဆုံးဖြတ်ပိုင်ခွင့်၏ နောက်မှာ သာရှိကြောင်း ဆိုသည်။
“အဲဒီလူတွကို ကျွန်တော် သနားပါတယ်။ ဒ်ါပေမဲ့ သူတို့ အစိုးရဆီကနေ ကိုယ့်ဘာသာ ပြဿ နာကို အဖြေရှာသင့်တယ်။ ဒါမလေးရှားရဲ ပြဿ နာ မဟုတ်ဘူး ၊ အာဆီယံရဲ့ ပြဿ နာ လည်း မဟုတ်ဘူး။ အာဆီယံက တကယ်တော့ မြန်မာရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရတာ။ မလေးရှား ကရော။ တရားဝင်ရော တရားမ၀င် လာရောက်နေသူတွေကို သန်းနဲ့ ချီပြီး နေစရာပေးရမှာလား ။ အဲဒါဆို မလေးရှား အစိုးရနဲ့ တိုင်းသူပြည် သားတွေ အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လာမှာပေါ့”
"ဘင်္ဂလီ ဒုက္ခသည် များသည် အလုပ်အကိုင်ရှာဖွေရေးမှာရော။ အသားဝါ ဘီ။ စီ၊ ဒီ ကဲ့ သို့ ကူးစက်ရောဂါပြန့် ပွားမှု အပါအ၀င် မလေးရှားနိုင်ငံ အတွက် ပြဿ နာ များစွာဖြစ်စေသည်” ဟု မလေးပြည်ထဲရေး ဒုဝန်ကြီး ၀န်ဂျိုနိတ်ဒ်က ပြောသည်။
“ကျွန်တော်တို့ ကမ်းကို သူတို့ ကပ်လာလို့ မရဘူးဆိုတဲ့  မှန်ကန်တဲ့ အချက်ပေးမှု ကိုပဲ ပြရမယ် ။ ဒါ ကျွန်တော်တို့  မမှားဘူး။ ကျွန်တော် တို့ လူတစ်သောင်း လက်ခံ ရင်နောက်ထပ် တစ်သိန်း၊ နှစ်သိန်း ထပ်ရောက် လာမယ် ။ ကုန်တော့မှာကို မဟုတ်ဘူး။ အခြေခံ ကတော့ မြန်မာက သူ့ ပြဿ နာသူရှင်းဖို့ လိုတာပဲ” ဟု ၀န်ဂျို နိတ်ဒ်က ဆိုသည်။
လင်းလင်း
မူရင်းသတင်း -
www.therakyatpost.com/…/05/19/this-is-not-malaysias-problem/
The Ladies News Journal

No comments:
Post a Comment