Photo Caption: ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သောက်သုံးရေ လှူဒါန်းမှုအားတွေ့ရစဉ်။ Photo: Kaing Kg San Facebook
ရန်ကုန်၊ ဇွန် ၁၁- မိုးရာသီရောက် ရှိပြီး ဖြစ်သော်လည်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ များ သောက်သုံးရေရှားပါးမှုများနှင့် ကြုံ တွေ့နေရကြောင်း ရခိုင်ပြည်နယ် ဝက်လက်ဖောင်ဒေးရှင်းမှသိရသည်။
ယင်းဒေသတွင် သောက်သုံး ရေရှားပါးမှုများနှင့် ကြုံတွေ့နေရသည်မှာ မေလ အတွင်း ကတည်းက ဖြစ်ကြောင်းသိရသည်။
ဝက်လက် ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ''ကျွန်တော်တို့ ပုဏ္ဏားကျွန်း မြို့နယ်မှာ သောက်သုံး ရေရှားပါးမှု ဖြစ်နေတာ ကျေးရွာ ပေါင်း နှစ်ဆယ်နီးပါးလောက်ရှိပါ တယ်။ အခုအချိန်အထိမိုးကကောင်းကောင်း မရွာသေးဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုးရွာတယ်။ ဒါပေမဲ့လဲ ရေတွေက လုံးဝနောက်နေတော့ သုံးလို့ မရဘူးဖြစ်နေ တယ်။ အရင်နှစ်တွေက သောက် သုံးရေရှားတာအဲဒီလောက် မဆိုး ဘူး။ ဒီနှစ် တော်တော်ကိုဆိုးနေတယ်'' ဟုပြောသည်။
အဆိုပါဒေသတွင် ယမန်နှစ် မိုးရာသီက မိုးရွာသွန်းမှု အကြိမ်ရေ ၁၅ဝခန့် ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ် မိုးရာသီတွင် အကြိမ်ရေတစ်ရာ ခန့်သာ ရွာသွန်းခဲ့ခြင်းကြောင့်ကန်များ တွင် ရေအဝင်နည်းခြင်းများနှင့်ကြုံတွေ့ ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်တွေမြို့ပေါ်ရှိ ဒေသခံလူမှု ရေး အဖွဲ့ အစည်းများနှင့် စေတနာရှင် အလှူရှင်များက နေ့စဉ်ကားများ ဖြင့် သွားရောက် လှူဒါန်းနေကြရ ကြောင်း သိရသည်။
ဦးခိုင်ကောင်းစံက'' ဒီနှစ်ဆိုး ဆိုးရွားရွားသောက်သုံးရေ ရှားပါးမှုဖြစ် ရတာပါ။ နောက်ကန်က ရေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲကြတယ်။ အဲဒါကြောင့်ပိုဆိုးတာပါ။ လာမယ့်နှစ်မှာ သောက်သုံးရေရှားပါး မှုမဖြစ်အောင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကိုင်သင့်နေပြီ။ မဟုတ်ရင်လာမယ့် နှစ်လဲ အခုလိုပဲ သောက်သုံးရေရှားပါး မှုတွေ ဖြစ်နေဦးမှာပါ''ဟုပြောသည်။
မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲလာသည်နှင့် အမျှသောက်သုံး ရေ ရှားပါးမှုများမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့ပြီး ယခုနှစ် မေလအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း ၅၀ဝကျော်မှာ သောက် သုံးရေရှားပါး မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရ သည်။
ယင်းနှင့် ပတ်သက်ပြီး ပတ် ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ''ရာသီဥတု ပြောင်းလဲ လာမှုနဲ့အတူ သောက်သုံးရေ ရှားပါးမှုတွေက တစ်နှစ်ထက်တစ်နှစ်ပို မိုဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ပြဿနာတွေအများ အပြားရှိနေတဲ့ထဲက အဓိက ဦးစား ပေး လုပ်ရမှာက ရေအရင်းအမြစ် စီမံခန့်ခွဲမှုပါပဲ။ အခုဆိုရင်မြစ်တွေထဲမှာ ရေတွေ နည်းသွားတယ်။ နောက်ဒေ သတွေမှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်နေတယ်။ ဒါတွေကို ကြည့်ခြင်း အားဖြင့် အရေးတကြီး စီမံခန့်ခွဲမှု လုပ်ရမှာက ရေအရင်းအမြစ် စီမံခန့်ခွဲ မှုတွေပါပဲ။ ရေ အရင်းအမြစ်နဲ့ ပတ်သက်ပြီးစီမံခန့် ခွဲမှုအပိုင်းက အများကြီး လုပ်ဖို့ လို နေပါသေးတယ်။ တစ်ခုနဲ့တစ်ခုက ဆက်စပ်နေတော့ ရေအရင်း အမြစ် လို့ ပြောလိုက်ပေမယ့် သစ်တော ကဏ္ဍတွေကပါ ပါလာမှာပါ'' ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် ထက် ဝက်ကျော်မှာ သောက်သုံးရေ လုံ လောက်မှုမရှိကြောင်း သိရသည်။
AA
#Democracytoday
Thursday, June 25, 2015
မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေရှားပါးမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment