Thursday, October 22, 2015

ဂျာမဏီနိုင်ငံ၊ ကိုလုန်းမြို့တွင် မူဆလင်များက ခရစ်ယာန်ချာ့ဂ်ျများမှ ပစ္စည်းများခိုးပြီး အိုင်ဆစ်အားရန်ပုံငွေထောက်ပံ့

Soe Moe Hlaing's photo.
အင်္ဂါနေ့က ဂျာမဏီနိုင်ငံ၊ ကိုလုန်းမြို့တွင် မူဆလင်လူငယ် ၈ ဦး ကို "ဆီးရီးယားတွင် ဘာသာရေးစစ်ပွဲဆင်နွှဲနေသော အိုင်ဆစ်အဖွဲ့ကို ငွေးးကြေးထောက်ပံ့ရန် ရည်ရွယ်၍ ခရစ်ယာန်ချာ့ဂ်ျများ နှင့် စာသင်ကျောင်းများ၌ လုယက်မှု" ဖြင့် တရားစွဲသည်။
၎င်းတို့က ခရစ်ယာန်ချာ့ဂ်ျများအတွင်း ချိုးဖျက်ဝင်ရောက်ပြီး သေတ္တာများ၊ လက်ဝါးကပ်တိုင်များ နှင့် အခြားသော ခရစ်ယာန်ဘာသာရေးထုံးစံများ၌ အသုံးပြုရာ ပစ္စည်းများကို ခိုးယူသွားခဲ့သည်ဟု ဥပဒေအရာရှိက စွဲချက်တင်သည်။
စာသင်ကျောင်းများမှလည်း လက်ပ်တော့များ၊ ပိုက်ဆံများ၊ ပိုက်ဆံကဒ်များကို ခိုးသွားခဲ့ကြပြီး ထိုမူဆလင်လူငယ်များ၏ ရည်ရွယ်ချက်မှာ ဆီးရီးယားပြည်တွင်းစစ်တွင် တိုက်ခိုက်နေသော ဂျီဟာ့ဒ်တိုက်ခိုက်ရေးသမားများကို ဘဏ္ဍာရေးထောက်ပံ့ရန်ဖြစ်သည်ဟု ဥပဒေအရာရှိချုပ် နဒ်ဂျာ ဂူဒါမန်း က ပြောကြားသည်။
မူဆလင်သူခိုးများကို ရဲချုပ်မှ တရားရုံးသို့ ခေါ်ဆောင်လာစဉ် ကိုလုံးတရားရုံးတစ်ဝိုက် လုံခြုံရေးတင်းကျပ်ထားရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကြား ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှုများအတွင်း ၎င်းတို့မှ ပေါင် ၁၉၀၀၀ တန်ဖိုးရှိ ပစ္စည်းများခိုးယူခဲ့ပြီး ခိုးယူပြီးပြန်အထွက်တွင် ခိုးယူခဲ့ရာနေရာများကို ဖျက်ဆီးခဲ့ခြင်းများလည်း ပြုလုပ်ခဲ့သည်။
ခိုးယူရောင်းချရသော ငွေများထဲမှ မည်ရွေ့မည်မျှကို ဆီးရီးယားရှိ ဂျီဟာ့ဒ်တိုက်ခိုက်ရေးသမားများထံ ထောက်ပံ့ခဲ့သည်ကိုမူ မသိရသေးဘဲ တရားရုံး၌ စစ်ဆေးနေစဉ်ကာလ၌လည်း ထုတ်ဖော်ပြောကြားမည်မဟုတ်ဟု သိရသည်။
ယင်းမူဆလင်သူခိုးဂိုဏ်း၏ ခေါင်းဆောင်မှာ မော်ရိုကိုလူမျိုးတစ်ဦးဖြစ်ပြီး မူဆလင်များ အိုင်ဆစ်အတွက်တိုက်ခိုက်ကြရန် နှိုးဆော်သော ဗွီဒီယိုကို ယူကျု့၌ တင်ခဲ့ဖူးသူဖြစ်သည်။
အသက် ၂၆ နှစ် အရွယ် ထိုမော်ရိုကိုမူဆလင်သည် ဆီးရီးယားသို့သွားရောက်ကာ စစ်စခန်းတစ်ခု၌ အကြမ်းဖက်သင်တန်းကို တက်ရောက်ခဲ့ဖူးသည်။
တစ်ချိန်တည်းမှာပင် ဒူဆယ်လ်ဒေါ့ဖ်တရားရုံး၌ မူဆလင် ၃ ဦး ကို "နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအား ထောက်ခံအားပေးမှု" ဖြင့် ရုံးတင်စစ်ဆေးနေသည်။
(ရက်စွဲ: အောက်တိုဘာ ၂၀၊ ၂၀၁၅)


No comments: