Sunday, May 14, 2017

သင်တန်းလာသူ ဆရာမ သင်တန်းသူ များ မိမိ ကိုယ်ပိုင်ခုံ နှင့် သင်တန်း တက်ရန်တဲ့ သင်တန်း

Image may contain: 2 people, tree, outdoor and text
ဒီ post နဲ့ ပတ်သက်သမျှပညာရေးသတင်း နဲ့ ပတ်သက်သမျှတွဲထားတဲ့ ဓါတ်ပုံ နှင့် ပတ်သက်သမျှ
ကျွန်မ ဒေါ်ဟန်စုမွန် မှ တာဝန်ယူပါသည် ။
၁၂-၅-၂၀၁၇
ပထမတန်း ဆင့်ပွား သင်တန်းမတ္တရာ အ.ထ.က
သင်တန်းလာသူ ဆရာမ သင်တန်းသူ များ မိမိ ကိုယ်ပိုင်ခုံ နှင့် သင်တန်း တက်ရန်တဲ့ တခါ မှမကြားဖူးခဲ့ဘူး
အ ထ က ကျောင်း ဆို တာ စာသင်ခုံ စာရေးခုံ ခန်းမ ကျယ် ရှိပြီးသားတကယ်လို့ မရှိဘူး ဆို လဲ သင်တန်း စီစဉ်ရန် တာဝန်ကျသူ က သင်တန်းတက်မယ့် ဆရာဦးရေ နှင့် ကိုက်ညီသော နေရာ ကို သင်တန်းတည်နေရာ အဖြစ် ရွေးချယ်သင့်ပါတယ်KG တုန်း က လဲ ဆင့်ပွား သင်တန်းဆိုတာ တနိုင်ငံလုံး အနှံ့ ရှိခဲ့တယ် KG လူဦးရေ အတိုင်း ပထမတန်း လူဦးရေ တက်လာမှာပါပူလောင်လှတဲ့ နွေပူပူ မှာ ဥာဏ နဲ့ ကာယ လှုတ်ရှားမှု ပါတဲ့ သင်တန်း ကို မနက် ၉ ည နေ ၄ သီတင်း ၂ ပတ် တက်ရမှာပါ သင်တန်းပြီးတာ နဲ့ ကျောင်းအပ် လက်ခံကျောင်းအပ် ရက် ပြည့်တာ နဲ့ ဇွန် ၁ အခြေခံပညာ ကျောင်းတွေ ဖွင့်ပြီ
ဘယ်မှာလဲ အားဖြည့် အနားယူ ဥာဏ်သွေးချိန်အခု သင်တန်းလာရမယ့် ဆရာမ တွေ ကိုယ်ထိုင်ဖို့ ခုံ ကိုယ်သယ်လာ ရတယ်ဒီလို သယ်လာရကြောင်း internet တင်ရင် ၆၆ ဃ တဲ့ ခြိမ်းခြောက်တာ က ပညာရေးဆိုင်ရာ တာဝန် ရှိသူကျွန်မ တကယ် နားမလည်နိုင်ဘူး
Image may contain: one or more people, people standing and outdoor
ပညာရေး ဆိုတာ ဆင်းရဲခြင်း က လွတ်ဖို့ သင်ကြားပေးခြင်းလို့ နားလည်ထားတာဘာလို့ ဒီလောက် ပင်ပန်း ဆင်ရဲစေတာလဲဘာလို့ ဒီလောက် စိတ်ညစ်ညူး စေ တာ လဲဘာလို့ ဒီလောက် ခြိမ်းခြောက်ရတာလဲ
ကိုယ့် ဝန်ထမ်း လုပ်ငန်း ခွင် မှာ အဆင်မပြေရင် ကူညီရမှာ အထက် အကြီးအကဲ ဆိုသူတွေ ရဲ့ နာယက ကျင့်ဝတ် မ ဟုတ်ဘူးလား လူ တွေ ကို ဘာလို့ လူ လို့ သဘောမထားတာလဲ
( စိတ်ဖိစီးမှု များလှတဲ့ အစိုးရ ကျောင်းဆရာမ တွေရဲ့ လက်ထဲ နုနယ်တဲ့ မူလတန်း ကလေး ကို ဘယ်မိဘ က များ စိတ်ချ လက်ချ အပ်ရဲပါ့မလဲ )
ဖမ်းချင်ရင် လဲ ကျွန်မ သာ လာ ဖမ်းတော့ နာမည် ရော လူ ရော အစစ်ပဲ
( ကိုယ် ဖြေရမယ့် စာမေးပွဲ လဲ ရှိ ဖတ် မှတ် တွက် ကျက် ရမယ့် စာ တွေက များလွန်းလို့ ဒီလောက်ပဲ
စာမေးပွဲ ပြီး မှ ထပ်ဖော် မယ် ရှိသေးတယ် ရည်ရွယ်ချက် သည် အခြေခံပညာရေး ပြောင်းလဲရန်
ဘယ်သူ့ မှ ထိခိုက်လိုစ်တ် မရှိ အရင် က မကောင်းခဲ့ဘူးအခု ကောင်းအောင် ပြင်မယ်အတူတူ ပြင်ကြမယ်
ကြိုးစားမယ်အတူတူ ကြိုးစားကြမယ် ရိုးသားမယ် လူတိုင်း နီးပါး ရိုးသား လာစေချင်တယ်မှားရင် မှားတယ် အမှန်ပြင်မယ် အသုံးမကျရင် အသုံးမကျဘူး အသုံးကျလာအောင် ကြိုးစားမယ် ဒါပဲ ဒီလောက် ပဲ )

Credit - Han Su Mon
https://m.facebook.com/story.php…
Comment

No comments: