Friday, May 12, 2017
မင်္ဂလာတောင်ညွန့် ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်သူ ၂ ဦးကို ရုံးထုတ်
မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၅၀၅(ဂ)/၃၄ နဲ့ တရားစွဲခံထားရတဲ့ သံဃာ ၂ ပါးနဲ့ လူ ၅ ယောက်ထဲက တင်ထွဋ်ဇော်(ခ)ကိုလတ်နဲ့ ဇနီးဖြစ်သူ မအောင်အောင်မြင့်(ခ)မအောင် တို့ကို ဒီကနေ့ မေလ ၁၂ ရက်နေ့ညနေပိုင်းက မင်္ဂလာတောင်ညွှန်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး ချုပ်ရက်ရမာန်ရယူခဲ့ပါတယ်။
သူတို့ နှစ်ယောက်ကို မြို့နယ်တရားရုံးက ရာဇသတ်ကြီးအမှုအမှတ် ၂၉၄/၂၀၁၇ နဲ့လက်ခံစစ်ဆေးခဲ့ပြီး လာမယ့် မေလ ၂၂ ရက်မှာ အာမခံလျှောက်ထားမယ့်ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
Photo: Thant Zin Oo/RFA
RFA Burmese
https://www.facebook.com/rfaburmese
Subscribe to:
Post Comments (Atom)




No comments:
Post a Comment