Friday, July 7, 2017

တိုက်ခိုက်ရေးသမားတိုင်းကြိုက်တဲ့ နာမည်ကျော် AK47 နှစ်၇၀ ပြည့်မွေးနေ့




Legendary Russian gun-maker Lieutenant General and Hero of Socialist Labor Mikhail Kalashnikov attended official function marking the 60th anniversary of developing the AK-47 assault rifle.

© Sputnik/ Iliya Pitalev ဆောင်ပါးကို သင့်တော်သလို တင်ပြပါသည်
 ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၆ရက် နေ့ဟာဆိုရင်ဖြင့် AK 47 ကို ပထမဦးဆုံး ထုတ်လုပ်တဲ့နေ့ဖြစ်ပါတယ်။ တပ်နီတော်မှကိုယ်ပိုင်ဥာဏ်စွမ်းနှင့် တီထွင်သူဗိုလ်ချုပ် မီခေး ကလက်ရှနီကော့ ဆိုသူ က ခေတ်အစားဆုံး ချေမှုန်းရေး ရိုင်ဖယ်ကို တီထွင်ခဲ့တာဖြစ်ပြီး ၂၀၁၇ တိုင်အောင် ခေတ်အစားဆုံး အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

 မူလ ရင်းမြစ်ကို ပြန်သွားရမယ်ဆိုရင်ဖြင့် ၁၉၄၁ ခုနှစ် အောက်တိုလာလလောက်မှာ  နာဇီဂျာမဏီ တို့ရဲ့ Wehrmacht တပ်နဲ့ဆိုဗီယက် တပ်နီတော်တို့ရဲ့ Bryansk ရက်၂၀ စစ်ပွဲကနေ စတင်ပေါက်ဖွားလာတယ် ပြောရမှာပါပဲ။

 လူသိနည်းတဲ့ Barbarossa စစ်ဆင်ရေး မှာ ဂျာမဏီက ဆိုဗီယက်ယူနီယံရဲ့ အနောက်ပိုင်းဒေသကို သိမ်းပိုက် အောင်နိုင်ခဲ့ပြီ တပ်နီတော်ကို ဝိုင်းဝံယံကာ အနိုင်ယူဖို့ ကြိုးစားတဲ့ ပြသနာ ဖြစ်ပါတယ်။
ထောင်ပေါင်းများစွာသော ဆိုဗီယက်စစ်သားများ ဟာ တိုက်ပွဲအတွင်းမှာ ဒါဏ်ရာရရှိခဲ့ကြပါတယ်။ အဲဒီဒါဏ်ရာရတဲ့ အထဲမှာ တင့်ကားတပ်မ ၁၂ မှ တပ်ရင်း ၂၄ ရဲ့ တပ်ကြပ်ကြီး မီခိုင်း ကလက်ရှနီကော့ တစ်ယောက်ပါဝင်ပါတယ်။
သူ့ရဲ့ ခြေထောက်က ဒါဏ်ရာကိုဆေးရုံမှာ ဆေးကုသနေခဲ့ပါတယ်။ သူဟာ သူ့ရဲဘော်တွေရဲ့ သူတို့ကိုင်ဆောင်တဲ့လက်နက်တွေရဲ့ အရည်အသွေး ညံ့ဖျင်းကြောင်း ငြီးညူနေတာကို ကြားခဲ့ရသလို တဆက်တည်းမှာပဲ သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရတဲ့ Bryanskတိုက်ပွဲက အိမ်မက်ဆိုး ကြီးကိုလည်း မြင်ယောင်လာမိပါတယ်။ သူဟာ  သူချစ်တဲ့ အမိမြေမှ ကျူးကျော်လာတဲ့ ဂျာမန်တွေကို တိုက်ထုတ်ဖို့ ထိရောက်တဲ့ စက်သေနတ်တစ်ခု ပြုလုပ်ဖို့ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်ပါတယ်။

 ဒါဏ်ရာက နာလံထလာပြီးတဲ့နောက်မှာတော့ တပ်နီတော်ရဲ့ ဒီဇိုင်းဌာနမှာ တာဝန်ပေးခြင်းခံရပြီ သူအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း စစ်ကြီးပြီးသည့်တိုင်အောင် သူ့ရဲ့ဖန်တည်းမှုက အဆုံးမသတ်နိုင်ခဲ့သေးပါဘူး။
Kalashnikov mount displayed at the Russian Defense Ministry's Innovation Day 2015 exhibition, on the premises of the congress and exhibition center of the Russian armed forces in Kubinka, Moscow Region.
Avtomatni Kalashnikova model-1947 ကို ၁၉၄၇ မှာ ထုတ်လုပ်နိုင်ခဲ့ပြီး သူ့ကိုလည်း ဆိုရှယ်လစ် လုပ်သားသူရဲကောင်း ဘွဲ့ထူး တံဆိပ်တပ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ ပိုမိုတိုးတက်တဲ့ မိုဒယ်တွေကို ထုတ်လုပ်လာပြီလဲဖြစ်ပါတယ်

No comments: