Saturday, August 26, 2017

အခြေအနေစိုးရိမ်ရသည့် ကျောက်ပန္ဒူ ကျေးရွာသို့ တပ်မတော်သားများ ရောက်ရှိ


စံမောင်သန်း
နိရဉ္စရာ၊ သြဂုတ် ၂၅
20994338_1626831107328960_1724919986110157632_n
လုံခြုံရေး အခြေအနေ စိုးရိမ်နေရသည့် အနေအထားတွင်ရှိနေသည့် ကျောက်ပန္ဒူ ကျေးရွာသို့ ယနေ့ ညနေပိုင်းက တပ်မတော်သားများ ရောက်ရှိနေပြီဟု ကျောက်ပန္ဒူ ကျေးရွာသားတစ်ဦးက ပြောသည်။
ယနေ့ ည ၇ နာရီကျော်အချိန်တွင် ဂြင်းတော ကျေးရွာဘက်တွင် အခြေအနေ ထူးခြား၍ တပ်မတော်သားအချို့ လိုက်ပါသွားကြသည်ဟု ဆိုသည်။
ယနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်များ လိုက်ပါလာသည့် ကားတစ်စီးကို အကြမ်းဖက် ဘင်္ဂါလီများ မိုင်းခွဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၉ ဦးဒဏ်ရာရရှိခဲ့ပြီး ကျောက်ပန္ဒူရှိ လုံခြုံရေးကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်ပြီး မီးရှို့လိုက်သည်ဟု ဆိုသည်။
ယခုအခါ ရွာသားများသည် နောက်ထပ်ကျန်ရှိနေသည့် လုံခြုံရေး ကင်းစခန်း တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ နေထိုင်နေကြရသည်ဟု သိရသည်။
အကြမ်းဖက်ဆူပူလိုသူများသည် ကျောက်ပန္ဒူကျေးရွာမှ နွားခြောက်ကောင်ကို ယူဆောင်သွားပြီး ပျော်ပွဲစားကာ ဟစ်အော်နေကြသည်ဟု အဆိုပါရွာသားက ပြောသည်။
ယင်းအပြင် အင်းဒင်ရွာမှ ကျေးရွာသား ဦးအနီမောင် အသက် ၆၀ ခန့်သည် မိမိကျွဲရှိရာ ကျေးရွာပြင်ပသို့ သွားကြည့်ရာ ပေါ်မလာဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
(ယနေ့ မောင်တောမြို့လယ်ကောင်မြင်ကွင်း)

No comments: