တစ်ယောက်ထဲနှိုက်၊ အုပ်စုဖွဲ့နှိုက် ရန်ကုန်ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်
ခါးပိုက်နှိုက်တွေဟာ အိမ်တွေမှာ ထီအုပ်တွေကို အိတ်အမျိုးမျိုးထဲထည့်ပြီး လေ့ကျင့်ကြ တာဖြစ်ပြီး အိတ်ကိုခွဲတဲ့အခါမှာလည်း ကန့်လန့်ခွဲတာရှိသလို ဒေါင်လိုက်ခွဲတာတွေလည်း ရှိပါတယ်။ အထဲမှာ ထည့်ထားတဲ့ ပစ္စည်းအနေ အထားအတိုင်း ခွဲကြတာပါ။
လေ့ကျင့်ချိန်ကြာမြင့်တဲ့ ခါးပိုက်နှိုက်တွေဟာ လက်ထဲမှာ ရှိနေတဲ့ ပိုက်ဆံအိတ်ကိုတောင် ဇစ်ဖွင့်ပြီး ယူနိုင်လောက်အောင် လက်ငြိမ်တယ် လို့လည်း ဆိုပါတယ်။
ဦးလှဖေက “ခါးပိုက်နှိုက်ဖို့ အိမ်မှာနေ့စဉ် လေ့ကျင့်တာတွေ ပြုလုပ်ရသလို ခြောက်လနဲ့ တစ်နှစ်ကြား လေ့ကျင့်မှုရှိတဲ့ သူသာ လက်ငြိမ် နိုင်တယ်”လို့ ပြောတယ်။
ခါးပိုက်နှိုက်တစ်ယောက်မှာ ခေါက်ဓားမ ဟုတ်ရင် သွေးထားတဲ့ အကြွေစေ့ကို ဆောင်ထားရတယ်။ ဒါ့အပြင် ပေါင်မဟုတ်ရင် ခြေသလုံးမှာ ဓားမြှောင်ကို ချိတ်ထားတယ်။
ကိုယ်နှိုက်လိုက်တဲ့ လူကို တစ်ခါတလေ ခြိမ်းခြောက်တာတွေ လုပ်ရတာတွေ ရှိတယ်။
လကုန်ရက် ရုံးဆင်းချိန် အဲသည်လို ရက်မျိုးဆို ပိုက်ဆံများများရနိုင်တယ်။
တစ်ခါတုန်းက ကိုယ်နှိုက်လိုက်တဲ့ အမျိုးသမီးရဲ့ ဘေးကတစ်ယောက်က မြင်တော့ ဟန်နဲ့ဓားကိုပြတော့ သူလည်းမပြောရဲဘူး။ ကိုယ်လည်း အနီးဆုံးမှတ်တိုင်မှာ ပြေးဆင်းရတာပေါ့။
နောက်မှာ ဘာတွေ ဖြစ်လဲတော့ မသိဘူး၊ ပြေးဆင်းတဲ့နေရာက ကိုယ်နဲ့ ရင်းနှီးတဲ့နေရာလည်းမဟုတ်ဘူး။ နောက်လည်း လှည့်မကြည့်ဘူး၊ ဇွတ်ပြေးဖူးတဲ့ အဖြစ်ကို ကြုံဖူးတယ်။
အုပ်စုလိုက်
အဲသည်နောက်ပိုင်းမှာ အုပ်စုလိုက် လုပ် ကြတာများလာတယ်။ ကျွန်တော်တို့ မှာ အချိန်တွေ၊ ကန့်သတ်ချက်တွေ သိပ်မရှိဘူး။ လူစုံရင်စုံသလို ပိုက်ဆံမရှိရင် မရှိသလိုလုပ်ကြတာ၊ ငွေမရှိတဲ့ လူတန်းစားက လုပ်တာပဲ။‘လူက အခက်အခဲကြုံလာပြီ၊ ငတ် လာပြီ၊ အနောက်က ထောက်ခံပေးမယ့် လူမရှိတော့ဘူးဆိုရင် လုရမှာလဲ မကြောက်တော့ဘူး၊ အ ခက်အခဲကြုံနေတဲ့သူတွေက ပိုလုပ်ကြတယ်”လို့ တွေးငေးရင်း သူ့ရဲ့အခက်အခဲကို ပြော လိုက်တယ်။
၂၀၁၅ ခုနှစ်မှာ ဖုန်းကိုင်လာတဲ့သူတွေ များလာတဲ့အတွက် အလွယ်တကူ နှိုက်လို့ရတဲ့ဖုန်းကို ဦးစားပေးနှိုက်လာကြတယ်။
ဖုန်းက အမာဆိုတော့ အိမ်ထဲထည့်ထားရင် အလွယ်တကူ စမ်းလို့ရတယ်။ ပိုက်ဆံထည့် ထားတာထက် နှိုက်ရလွယ်တာပေါ့။ အခု နောက်ပိုင်း ပိုက်ဆံအိတ် ထက်လွယ်တဲ့ဖုန်းကို နှိုက်လာကြတယ်။
ခါးပိုက်နှိုက်တွေက ဖုန်းတစ်လုံး နာရီတစ်လုံးနဲ့လည်း နှိုက်တတ်ကြတယ်။ ပြီး ရင် သူတို့ ချိတ်ဆက်ထားတဲ့ဆိုင်တွေမှာ ပြန်ရောင်းကြတယ်။ အဲသည်လို ချိတ်ဆက်ထားပြီး ကိုယ်ရ တိုင်းရောင်းမှ တခြား ဆိုင်တွေထက် ပိုက်ဆံပိုရ တယ်။
‘ရောင်းနေကျဆိုရင် အချိတ်အဆက်ရှိတယ်၊ ချိတ်ထားတဲ့ဆိုင်က အဆင်မပြေလို့ ကားခပေးပါဦးဆိုပြီးတောင်းရင်လဲ ပေးတယ်၊ မွေးထားတာမဟုတ်ဘူး၊ ဒါပေ မဲ့ အချိတ်အဆက်ရှိကြတယ်”
၁၀ သိန်းတန်ဖုန်းရလာရင် ကျန်တဲ့ ဆိုင်တွေက နှစ်သိန်းပဲပေးတယ်ဆိုရင် ရောင်းနေ ကျဆိုင်က သုံးသိန်းပေးတယ်။
အချင်းချင်း အချိတ်အဆက်ရှိနေတဲ့အတွက် အဆက်အဆံမရှိတဲ့လူတွေကို ရောင်း မိရင် ဈေးလည်းနည်းသလို အလုပ် အကိုင်ကိုပါ ထိခိုက်တယ်။
ကိုယ် အဲသည်နေ့ အဆင်မပြေရင်လည်း သူတို့ဆိုင်က ပိုက်ဆံတောင်းပြီး ပြန်လို့ရတယ်။ အုပ်စုလိုက်နှိုက်တဲ့အခါ ကားပေါ်ကို တက် လိုက်တာနဲ့ ရှေ့နောက်အလယ် ဆိုပြီး လူခွဲပြီး နေလိုက်ကြတယ်။ ကားအပေါက်နဲ့ အနီးဆုံး နေရာ မှာ တစ်ယောက်နေတယ်။ တစ်ယောက် ဆီက နှိုက်ပြီးတာနဲ့ အပေါက်နဲ့အနီးဆုံး လူကို လက်ဆင့်ကမ်းတယ်။
အဲသည်လူဆင်းပြီးတာနဲ့ ပိုင်ရှင်က သိရင်တောင် ကိုယ်တွေက အဖွဲ့လိုက် ရန်ရှာတာတွေ လုပ်ကြတာ။ ကိုယ့်လက်ထဲ ဘာမှမတွေ့တော့ အသရေဖျက်မှုနဲ့ တရားစွဲမယ် ဘာတွေ တောင် ပြန်လုပ် လိုက်ကြတယ်။
အရင်တုန်းက အုပ်စုလိုက်လုပ်တာ နည်းတယ်။ တစ်ယောက်တည်းလုပ်တော့
ပိုက်ဆံပိုရတယ်လေ။ သားသမီးတွေလည်းရှိတော့ တစ်ယောက်တည်းလုပ်ရတာ
ပိုအဆင်ပြေတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းမှာတော့ အုပ်စု လိုက် လုပ်တာ
တွေများလာပြီး အနည်းဆုံးလေးယောက်ကနေ ခြောက်ယောက်အထိ လှုပ်ရှားကြတာ။
အုပ်စုဖွဲ့တာတွေက ဂိုဏ်းတွေဖွဲ့ထားတာ မဟုတ်ဘူး။ ရပ်ကွက်ထဲက
နီးစပ်တဲ့သူတွေ ဖွဲ့ထားတာ သူငယ်ချင်းတစ်ယောက်ဆို တောင်
ဒဂုံသွားတဲ့ကားပေါ်မှာ လူတွေက မိသွားတော့ မီးပွိုင့်ရောက်တော့ ဆင်းပြေးလို့
လွတ်လာတာ ရှိဖူးတယ်။
အမျိုးတွေက ကြင်ထားတယ်။ သမီးတွေကိုတော့ အဲသည်လိုမဖြစ်စေချင်ဘူး။ အဲဒါကြောင့် အလုပ်လည်းပြောင်းချင်တယ်။ ဒါပေမဲ့ မဖြစ်သေးဘူးဆိုပြီး ဆက်လုပ်နေခဲ့တယ်။
သားသမီးသိမှာကြောက်ပေမဲ့ တစ်နေ့မှာတော့ မြောက်ဥက္ကလာဘက်ကိုသွားတဲ့ ၄၃ ကားပေါ်မှာ သူနှိုက်လိုက်တဲ့ အမျိုးသမီးက သိသွားပြီး ဘေးပတ်ဝန်းကျင်က လူတွေပါ သိသွားတဲ့အတွက် မြောက်ဥက္ကလာရဲစခန်းကို ရောက် သွားခဲ့တယ်။
အဲဒါက ကံဆိုးမိုးမှောင်ကျတဲ့နေ့ တစ်နေ့ ပဲလို့ ဦးလှဖေက ထိထိခိုက်ခိုက် ဆိုရှာတယ်။
အဲသည်မှာ အင်းစိန်ထောင်မှာ ၃၇၉ (နှိုက်) နဲ့ ထောင်ကျသွားတယ်။ ကျော်ကြားမှုလည်း ပါ နေတယ်ဆိုတော့ ဘယ်လိုမှ မရဘူး။ သမီးက လည်း ကျောက်တက်တုန်းဆိုတော့ စိတ်ထဲ တော့ မကောင်းဘူး။ ထောင်ကျတော့ မိန်းမပဲ လာတွေ့ခိုင်းတယ်။
သုံးနှစ်ဆိုတော့ သားသမီးတွေ သိသွားတယ်။ သမီးဆို ထောင်ဝင်စာတွေ့ရင်းနဲ့ ငိုတယ်။ အဖေရယ် သမီးအလုပ်လုပ်နိုင်ပါပြီတဲ့။
လွန်ခဲ့တဲ့ ခုနစ်နှစ်နီးပါးက ထောင်ကထွက်လာခဲ့တယ်။ ထောင်ထွက်ပြီးနောက် ခါးပိုက်နှိုက်ဆက်မလုပ်ဖြစ်တော့ပါဘူး။ အဆက်အဆံလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ မိသားစုကို အန္တရာယ်ဖြစ်မှာစိုးလို့ပါ။
ကျွန်တော်ဆို အခုကားပေါ်တက်လိုက်တာနဲ့ မမြင်ဖူးရင်တောင် မျက်နှာကြည့်ပြီး ခါးပိုက်နှိုက်ဆိုတာသိတယ်။ မျက်လုံးအရမ်းက စားတယ်။ သူတို့က။ ကျွန်တော် အခုတော့ အသက်လည်း ၆၀ ကျော်ပြီ၊ လမ်းဘေးမှာ ကွမ်းယာဆိုင်လေး ဖွင့်ထားပြီး ဝမ်းရေးရှာနေလိုက်ပါတယ်။
Author / မို့မို့သန္တာ Kumudra
မိပြီ
ကျွန်တော့်ရဲ့ မျိုးရိုးထဲမှာ ကျွန်တော်ပဲ ခါး ပိုက်နှိုက်ဖြစ်လာခဲ့တာပါ။ သားသမီးတွေကို ပညာတတ်စေချင်ပြီး သားသမီးတွေကို ခါးပိုက်နှိုက်လုပ်တယ်ဆိုတာကို မသိစေချင်ခဲ့ပါဘူး။အမျိုးတွေက ကြင်ထားတယ်။ သမီးတွေကိုတော့ အဲသည်လိုမဖြစ်စေချင်ဘူး။ အဲဒါကြောင့် အလုပ်လည်းပြောင်းချင်တယ်။ ဒါပေမဲ့ မဖြစ်သေးဘူးဆိုပြီး ဆက်လုပ်နေခဲ့တယ်။
သားသမီးသိမှာကြောက်ပေမဲ့ တစ်နေ့မှာတော့ မြောက်ဥက္ကလာဘက်ကိုသွားတဲ့ ၄၃ ကားပေါ်မှာ သူနှိုက်လိုက်တဲ့ အမျိုးသမီးက သိသွားပြီး ဘေးပတ်ဝန်းကျင်က လူတွေပါ သိသွားတဲ့အတွက် မြောက်ဥက္ကလာရဲစခန်းကို ရောက် သွားခဲ့တယ်။
အဲဒါက ကံဆိုးမိုးမှောင်ကျတဲ့နေ့ တစ်နေ့ ပဲလို့ ဦးလှဖေက ထိထိခိုက်ခိုက် ဆိုရှာတယ်။
အဲသည်မှာ အင်းစိန်ထောင်မှာ ၃၇၉ (နှိုက်) နဲ့ ထောင်ကျသွားတယ်။ ကျော်ကြားမှုလည်း ပါ နေတယ်ဆိုတော့ ဘယ်လိုမှ မရဘူး။ သမီးက လည်း ကျောက်တက်တုန်းဆိုတော့ စိတ်ထဲ တော့ မကောင်းဘူး။ ထောင်ကျတော့ မိန်းမပဲ လာတွေ့ခိုင်းတယ်။
သုံးနှစ်ဆိုတော့ သားသမီးတွေ သိသွားတယ်။ သမီးဆို ထောင်ဝင်စာတွေ့ရင်းနဲ့ ငိုတယ်။ အဖေရယ် သမီးအလုပ်လုပ်နိုင်ပါပြီတဲ့။
လွန်ခဲ့တဲ့ ခုနစ်နှစ်နီးပါးက ထောင်ကထွက်လာခဲ့တယ်။ ထောင်ထွက်ပြီးနောက် ခါးပိုက်နှိုက်ဆက်မလုပ်ဖြစ်တော့ပါဘူး။ အဆက်အဆံလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ မိသားစုကို အန္တရာယ်ဖြစ်မှာစိုးလို့ပါ။
ကျွန်တော်ဆို အခုကားပေါ်တက်လိုက်တာနဲ့ မမြင်ဖူးရင်တောင် မျက်နှာကြည့်ပြီး ခါးပိုက်နှိုက်ဆိုတာသိတယ်။ မျက်လုံးအရမ်းက စားတယ်။ သူတို့က။ ကျွန်တော် အခုတော့ အသက်လည်း ၆၀ ကျော်ပြီ၊ လမ်းဘေးမှာ ကွမ်းယာဆိုင်လေး ဖွင့်ထားပြီး ဝမ်းရေးရှာနေလိုက်ပါတယ်။
Author / မို့မို့သန္တာ Kumudra
No comments:
Post a Comment