Tuesday, May 20, 2014

အိမ်ထောင်ရှိအမျိုးသမီးအား တရုတ်ထံရောင်းစားသူများကို ဖမ်းဆီး


မကွေး၊ 20 May
မဇ္ဈိမ။ ။ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတို့က ခေါ်ဆောင်၍ ရောင်းစားခဲ့သူ ဝေဖြိုးနှင့် စန်းစန်းအေးတို့ကို မကွေး၊ မြို့သစ်မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေး နေသည်ဟု မြို့သစ် မြို့မရဲစခန်းက မေ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားဒေ့ရှု - မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး တာဝန်ခံအရှိ ဒုဗိုလ်မှူးကြီး သက်နိုင် နှင့် တွေ့ဆုံမေးမြန်းခန်း



ဘင်္ဂလားဒေ့ရှု - မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး တာဝန်ခံအရှိ ဒုဗိုလ်မှူးကြီး သက်နိုင် နှင့် တွေ့ဆုံမေးမြန်းခန်း
ရိုက်ကူး၊ တည်းဖြတ် - ကျော်သက်မင်း DVB TV -19-05-2014

NLD နဲ့ ၈ ပူးပေါင်းလည်းဘာမှဖြစ်လာမည်မထင်၊


90 Election ပြီးတော့အာဏာလွဲဘို့ လွတ်တော်ခေါ်ပေးဘို့ အော်တယ် ကျိုးစားတယ် မရတော့ အမျိုးသားညီလာခံကိုသပိတ်မှောက်တယ်၊ Dialogue လုပ်ဘို့ တွင်တွင်အော်တယ် အနောက်ဆရာကြီးတွေနဲ့ ပေါင်းပြီး Scantion လုပ်တယ် ၈ ပူးတွေလွတ်လာပြီး ၂၀၀၇ ရွေဝါရောင်ဖြစ်တယ်၊ NLD က Statement တွေထုတ်တယ်၊ Foreign media တွေနဲ့ view တယ်၊

အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦးမိုးကြိုးပစ်၍ သေဆုံး


20 May 2014 

အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦး မိုးကြိုးပစ်ခံရ၍ သုံးဦးလုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မင်း လှမြို့နယ်၊ ရွာသာယာကျေးရွာ တွင် မေလ ၁၈ရက် ညနေ ၆နာရီခွဲက ယင်းကျေးရွာနေ အသက်(၄၅)နှစ်ရှိ အိမ်ထောင်ဦးစီး၊အ သက်(၄၀)နှစ်ရှိ ဇနီးသည်နှင့်အ သက်(၁၄)နှစ်ရှိ သားဖြစ်သူတို့ သည် ၎င်းတို့၏ အိမ်အောက်၌ အိမ်အမိုးမိုးရန် သက်ငယ်ပျစ်နေ ကြစဉ် မိုးကြိုးပစ်ခံရသောကြောင့် ရခဲ့သည့် ဒဏ်ရာများဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း များတွင်ဖော်ပြထားသည်။

ထောင်ချီတဲ့ တရုတ်အလုပ်သမားတွေ ဗီယက်နမ်ကထွက်ခွာ


20 May 2014 

ဗီယက်နမ်နိုင်ငံမှာ လူ၂ ဦးသေဆုံးပြီး  ၁၄၀ ကျော် ဒဏ်ရာတွေရခဲ့တဲ့  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အကြမ်းဘက်မှုတွေ နောက်ပိုင်း ထောင်နဲ့ချီတဲ့ တရုတ်အလုပ်သမားတွေကို ဗီယက်နမ်ကနေ သင်္ဘောတွေနဲ့  ပြန်လည် ခေါ်ထုတ်နေပါတယ်။

 ဗီယက်နမ်အလယ်ပိုင်းက Vung Ang ဆိပ်ကမ်း ကနေ တနင်္လာနေ့မှာ သင်္ဘော ၂ စင်းနဲ့ လူပေါင်း ၉၀၀ ကျော်စီ တင်ဆောင်ပြီး ပြန်ခေါ်ခဲ့တယ်လို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။  လူပေါင်း တထောင်ကျော်ဆန့်တဲ့ နောက်ထပ် ၂ စင်းနဲ့လည်း တနင်္လာနေ့ ညနေမှာ ထပ်ပြီး ထွက်ခွါမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မေတ္တာရိပ်သာလမ်းဆုံခေါင်းဖြတ်သတ်မှု သက်သေတစ်ဦးက အခင်းဖြစ်ရပ်ကိုမြင်ကြောင်းထွက်ဆို


ရန်ကုန်မေ၁၅။ ။

မေတ္တာရိပ်သာလမ်းဆုံနားမှာ ဖြစ်တဲ့ခေါင်းဖြတ်သတ်မှုနဲ့ပက်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ သက်သေသုံးဦးကို စစ်ဆေးတဲ့အခါ သက်သေတစ်ဦးဖြစ်တဲ့ ကိုမျိုးကျော်
က ခေါင်းဖြတ်သတ်တဲ့အခင်းဖြစ်ရပ်ကို မြင်ကြောင်းထွက်ဆိုခဲ့တယ်။ ချစ်ပိုကိုသိသလား လို့ ရှေ့နေက မေးတဲ့အခါ ချစ်ပိုနဲ့တစ်လမ်းတည်းနေလို့ သိရှိတဲ့ အကြောင်း ထွက်ဆိုတယ်။အခင်းဖြစ်နေစဉ်ဘယ်မှာရှိသလဲလို့မေးတဲ့အခါ အခင်းဖြစ်တဲ့ ၂၀၁၄ခုနှစ်မတ်လ ၁၅ ရက်နေ့မှာ ကျွန်တော်အိမ်မှာရှိတယ်။ဝါးတံတားနားမှာဖြစ်တဲ့ကိစ္စကို ကျွန်တော်မသိပါဘူး။

တိုင်းပြည် ဆူဆူပူပူ ဖြစ်လျှင် ကိုယ့်တိုင်းပြည်သာ နစ်နာမည် ဖြစ်ကြောင်း ဦးသိန်းစိန် ပြော


Friday, May 16, 2014

တိုင်းပြည် ဆူဆူပူပူဖြစ်လျှင် ကိုယ့်တိုင်းပြည်သာ နစ်နာမည် ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး နိုင်ငံချစ်သည့် ရဟန်းရှင်လူ ပြည်သူများ ၀ိုင်းဝန်းကာကွယ်ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

telenor က မြန်မာစာစနစ်ပါဝင်သည့်ဟန်းဆက်ထုတ်လုပ်ရန် HTC နှင့် Huawei ကုမ္ပဏီနှစ်ခုကိုရွေးချယ်

ရန်ကင်းမြို့နယ်ရှိ telenor ကုမ္ပဏီ ရုံးခွဲကိုတွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

telenor ကုမ္ပဏီက မြန်မာစာစနစ်ပါဝင်သည့် ဟန်းဆက်ထုတ်လုပ်ရန်အတွက် HTC ကုမ္ပဏီနှင့် Huawei ကုမ္ပဏီ နှစ်ခုကို Partner အဖြစ် ရွေးချယ်ထားပြီး အင်တာနက်အသုံးပြုရာတွင်လည်း မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း တယ်လီနောကုမ္ပဏီမှ သိရသည်။

လမ်းရှောင်မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ဝိုင်းရိုက်


မေ ၁၆ရက် ၂၀၁၄

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ နယ်မြေ အတွင်း ၀ တပ်ဖွဲ့ဝင်ကားများအား ဒေသခံပြည် သူလူထုကားများမှ လမ်းရှောင်မပေးလျှင် ကားဆရာများ မကြာခဏ ရိုက်နှက် ထိုးကြိတ်ခြင်း ခံရသည်ဟု ဒေသခံ များက ပြောသည်။

အရက်နှင့် ဘီယာသောက်သုံးမှု များပြား၍ ယမန်နှစ်ကထက် ဘီယာဂါလန် တစ်သန်းကျော် ပိုထုတ်ထား

(မြ၀တီနယ်စပ်မှတစ်ဆင့် တင်သွင်းလာသည့် ပြည်ပထုတ် ဘီယာများကို တွေ့ရစဉ် (ဓာတ်ပုံ) ရွှေသိန်း 

၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ ၁၀ လအတွင်း ပြည်တွင်းဘီယာ ထုတ်လုပ်မှုမှာ ဂါလန် ၂၇ သန်းခွဲခန့်ရှိကာ ယခင်တစ်နှစ်လုံး ထုတ်လုပ်မှုထက် ဂါလန်တစ်သန်းကျော် ပိုမိုခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်။