Tuesday, May 20, 2014

မေတ္တာရိပ်သာလမ်းဆုံခေါင်းဖြတ်သတ်မှု သက်သေတစ်ဦးက အခင်းဖြစ်ရပ်ကိုမြင်ကြောင်းထွက်ဆို


ရန်ကုန်မေ၁၅။ ။

မေတ္တာရိပ်သာလမ်းဆုံနားမှာ ဖြစ်တဲ့ခေါင်းဖြတ်သတ်မှုနဲ့ပက်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ သက်သေသုံးဦးကို စစ်ဆေးတဲ့အခါ သက်သေတစ်ဦးဖြစ်တဲ့ ကိုမျိုးကျော်
က ခေါင်းဖြတ်သတ်တဲ့အခင်းဖြစ်ရပ်ကို မြင်ကြောင်းထွက်ဆိုခဲ့တယ်။ ချစ်ပိုကိုသိသလား လို့ ရှေ့နေက မေးတဲ့အခါ ချစ်ပိုနဲ့တစ်လမ်းတည်းနေလို့ သိရှိတဲ့ အကြောင်း ထွက်ဆိုတယ်။အခင်းဖြစ်နေစဉ်ဘယ်မှာရှိသလဲလို့မေးတဲ့အခါ အခင်းဖြစ်တဲ့ ၂၀၁၄ခုနှစ်မတ်လ ၁၅ ရက်နေ့မှာ ကျွန်တော်အိမ်မှာရှိတယ်။ဝါးတံတားနားမှာဖြစ်တဲ့ကိစ္စကို ကျွန်တော်မသိပါဘူး။ည၉ နာရီကျော်လောက်မှာ မမေခလာတို့ အိမ်ရှေ့ (ကျွန်တော့်အိမ်နဲ့တစ်အိမ်ကျော်)မှာ ရန်ဖြစ်သံကြားရပါတယ်။ကျွန်တော်နေတဲ့ နေရာက အလင်းရောင်လုံလောက်စွာရတဲ့နောက်ဖေးပေါက်က လှန်းကြည့်တာပါ။ ရှေ့နေမှ ညဘက်ဆိုတော့ ကောင်း ကောင်းမြင်ရလားလို့မေးတဲ့အခါ ကိုမျိုးကျော်က လပြည့်ညဖြစ်လို့ ကောင်းကောင်းမြင်ရကြောင်း ရုံးတော်ကို ဖြေကြားတယ်။

ဖြစ်စဉ်ပထမမှာ ချစ်ပိုမှ သေဆုံးသူ မင်းမင်းဦး(ခ)အကြီးကောင်ကို ပုလင်းနဲ့ ခေါင်းကို ရိုက်
ခွဲတယ်။ပြီး ၀မ်းဗိုက်ကို ပုလင်းကွဲနဲ့ထိုးမွှေတယ်။ ပြီးဆွဲခေါ်သွားပြီး ဓါးပြန်ယူပြီးဓါးနဲ့ခုတ်ပါတယ်။သေသူကို
ချစ်ပိုမှ ဓါးနဲ့ အဆက်မပြတ်ခုတ်နေတာကိုတွေ့ရပါတယ်။သတ်ပြီးတဲ့ အချိန် ချစ်ပိုကို သူ့အကို ဂျပန်ကြီး
လာခေါ်သွားပါတယ်။ရှေ့နေမှ ချက်ချင်းလာခေါ်တာလား လို့မေးတဲ့ အခါ သက်သေထွက်ဆိုသူကိုမျိုးကျော်
မှ ဟုတ်ပါတယ် ချက်ချင်းလာခေါ်တာပါလို့ ထွက်ဆိုပါတယ်။

ကျွန်တော်သွားကြည့်တဲ့အခါ သေသူ ကိုမင်းမင်းဦး(ခ)အကြီးကောင် ကခေါင်းပြတ်သေနေသည်
ကိုတွေ့ရကြောင်း ထွက်ဆိုတယ်။ကိုမင်းမင်းဦး(ခ)အကြီးကောင် သေဆုံးရခြင်းကိုကျွန်တော့်အနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှုးကိုအကြောင်းကြားကြောင်း၊ရဲစခန်းကိုလည်း အကြောင်းကြားကြောင်းရုံးတော်မှာ ထွက်ဆိုတယ်။ သေသူက ဘယ်လိုလူမျိုးလဲလို့ ရှေ့နေကမေးတဲ့အခါ သေသူမှာ ကြုံရာ ကျပန်းလုပ်ကိုင်သူဖြစ်ပြီး အေးဆေးစွာနေထိုင်သူဖြစ်ကြောင်းယနေ့ရုံးတော်မှာ ဖြေကြားတယ်။ကျွန်တော်
အနေနဲ့ ရပ်ကွက် ထဲမှာ သွေးများဆေးခြင်း၊အလောင်းကို ကူသယ်ခြင်းတို့ကို
ဆောင်ရွက်ခဲ့ကြောင်းဖြေကြားတယ်။

 ရှေ့နေမှ စဖြစ်တဲ့ အကြောင်းအရာကိုရော သိပါသလား လို့မေးမြန်းတဲ့ အခါ ၀ါးတန်းလမ်းမှာ စဖြစ်တာ ပြီးတော့မှကျွန်တော်တို့နားကိုရောက်လာတာပါ။ကျွန်တော်စစတွေ့တဲ့ အချိန်မှာ ဓါးဖြင့်ခုတ်တဲ့ အနေအထားမဟုတ်သေးပါ။ထိုးကြိတ် ပုလင်းနဲ့ခေါင်းကိုရိုက်ခွဲပြီး မှ ပုလင်းကွဲနဲ့ ဗိုက်ကိုထိုး
မွှေ၊ပြီးမှ အိမ်ပြန်ဓါးယူပြီး ဓါးနဲ့ အဆက်မပြတ်ခုတ်တာကိုမြင်တာပါလို့ ယနေ့ရုံးတော်မှာဖြေကြားတယ်။
တရားသူကြီးမှာ ဒါဆိုဘယ်နေရာမှာ စဖြစ်တာလဲ။သက်သေကိုမျိုးကျော်မှ ၀ါးတံတားနားမှာ
စဖြစ်တာလို့ရုံးတော်ကိုဖြေကြားတယ်။မင်းတို့လမ်းနဲ့ ၀ါးတံတား ဘယ်လောက်ဝေးလဲလို့ တရားသူကြီးမှ မေး မြန်းတဲ့အခါ သက်သေကိုမျိုးကျော်မှပေ ၄၀ ခန့်ဝေးကြောင်း ရုံးတော်ကိုဖြေဆိုတယ်။ဝါးတံတားနားမှ ဖြစ်တဲ့ ကိစ္စရော သိလားလို့ တရးသူကြီးက ထပ်မံမေးတဲ့အခါ ၀ါးတံတားမှာဖြစ်တဲ့ကိစ္စကျွန်တော်မသိပါ။သူများပြော လို့သိတာပါ။ဝါးတံတားမှာပခုန်းတိုက်မိရာမှ ရန်ဖြစ်ကြောင်းသူများတွေပြောလို့ သိရတာပါလို့ ရုံးတော်မှာ ဖြေကြားခဲ့ပါတယ်။ နောက်သက်သေ
နှစ်ဦးဖြစ်တဲ့ဦးစိန်ဝင်းနဲ့ ဦးအေးလွင်ကို ယနေ့ ရုံးတော်မှာ စစ်ဆေးခဲ့ပါတယ်။
ဦးအေးလွင်က အခင်းဖြစ်စဉ်ဝတ်ဆင်ခဲ့တဲ့ အိကျီ င်္ကိုပုလင်းကွဲကို သက်သေအနေနဲ့ သိမ်းဆည်းစဉ် ဖြစ်စဉ်
ကို ထွက်ဆိုသွားပါတယ်။

သက်သေ ဦးအေးလွင်ကတော့ အခင်းဖြစ်စဉ်အိမ်မှာမရှိကြောင်း၊ကျွန်တော်ရောက်တဲ့အချိန် ခရိုင်ရဲတပ်ဖွဲ့မှုး မှာအခင်းဖြစ်နေရာကိုရောက်ရှိနေပြီဖြစ်ကြောင်း၊မင်းမင်းဦး(ခ)အကြီးကောင်မှာ ချစ်ပိုမှ ဓါးနဲ့ ခုတ်တဲ့အတွက် သေဆုံးကြောင်းရပ်က်ွမှအကုန်လုံးပြောလို့ကျွန်တော်ကြားသိရကြောင်းထွက်ဆိုခဲ့ပါတယ်။
အခင်းဖြစ်စဉ်ကိုသိလားလို့ မေးတဲ့အခါ ကျွန်တော်မသိဘူး။ဓါးသိမ်းတာပဲ သိတယ်လို့ ရုံးတော်ကိုဖြေကြား
ခဲ့ပါတယ်။၂ပေခွဲခန့်ရှိတဲ့ ဓါးရှည်ကို တ/ဥက္ကလာပ ၃ ရပ်ကွက်၊ ၆လမ်းထိပ်က အမှိုက်ပုံမှာရဲတွေအပါအ၀င်
ကျွန်တော်တို့အဖွဲ့ သွားကြည့်ကြောင်း။အမှိုက်ပုံရောက် တော့ ဘယ်လိုဖြစ်လဲလို့ တရားသူကြီးမှ မေးတဲ့ အခါ ထိုနေရာတွင် တရားခံချစ်ပိုမှ ကားပေါ်ကညွှန်ပြသဖြင့်သက်သေခံဓါးကိုတွေ့ရှိခြင်းဖြစ်ကြောင်း
ရုံးတော်မှာဖြေကြားခဲ့တယ်။အဲ့သည့်ဓါးကိုဓါတ်ပုံပြရင် မှတ်မိမလားလို့ တရားသူကြီးက မေးတဲ့အခါ
မှတ်မိကြောင်းဖြေတဲ့အတွက် ဓါတ်ပုံပြတဲ့အခါ မှန်ကန်ကြောင်းရုံးတော်မှာဦးအေးလွင်မှထွက်ဆိုတယ်။

Author အေးလပြည့် 

No comments: