Friday, May 23, 2014

သတင်းအချက်အလက် ခိုးယူသည်ဟူသော အမေရိကန်စွပ်စွဲချက် တရုတ်ကန့်ကွက်


Thursday, May 22, 2014

တရုတ် စစ်ဘက်အရာရှိငါးဦးက အမေရိကန်ကုမ္ပဏီများ၏ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက် များ၊ အလုပ်သမားအဖွဲ့သတင်းများကို ကွန်ပျူတာမှတစ်ဆင့် ထောက်လှမ်းခိုးယူသည်ဟူသော အမေရိကန် ၏ စွပ်စွဲချက်ကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား တရုတ်အစိုးရက ကန့်ကွက်ခဲ့သည်ဟု မေလ ၂၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

``သာသနာဖျက်မည့်သူ ဘယ်သူလဲ´´


ရဟန်းသံဃာကိုဝေဖန်ကောင်းပါသလား အမည်ရှိ စာအုပ်တွင် ဖော်ပြပါရှိပြီး ဆောင်းပါးဖြစ်ပါသည်။   (OppositEye အက်ဒမင်)

ပိဋကအနှံ့အပြားမှာ သာသနာပျောက်ကွယ်ရမယ့် အကြောင်းရင်းတွေကို ဘုရားဟောကြားထားတာကို
တွေ့ရှိရပါတယ်။ လက်လှမ်းမှီသလောက် ကျမ်းကိုးအနေနဲ့ ထုတ်ပြရရင် `အင်္ဂုတ္ထိုရ်ပါဠိတော် ပဉ္စကနိပါတ် ဆက္ကနိပါတ် သတ္တကနိပါတ်လာ ကိမိလသုတ်များ၌လည်းကောင်း၊ ပဉ္စကနိပါတ် သဒ္ဓမ္မသမ္မောသသုတ် သုံးသုတ်၌လည်းကောင်း၊ ပဉ္စကနိပါတ် အနာဂတဘယသုတ် လေးသုတ်၌လည်းကောင်း၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် အာဏိသုတ် ကလိင်္ဂရသုတ် သဒ္ဓမ္မပဋိရူပကသုတ်တို့၌လည်းကောင်း၊ ဇာတကပါဠိတော်ကက္ကဋဇာတ်တော်၌လည်းကောင်း လေ့လာကြည့်ရှု့နိုင်ပါတယ်။ ရှေးဆရာတော်ကြီးများက သာသနာကွယ်ကြောင်းတရားတွေကို မှတ်ရလွယ်အောင် ယခုလို လင်္ကာရေးထိုးခဲ့ကြပါတယ်။

ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတဲ့ ယူနီဆက်



23 May 2014

ယူနီဆက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ဟာ ရန်ကုန်မြို့မှာတစ်လကို ဒေါ်လာ ၉ သောင်းနီးပါး၊ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ကိုးထောင်နီးပါးနဲ့ ရုံးခန်းငှားရမ်းထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ရုံးခန်းငှားရမ်းခ နှစ်ဆနီးပါးတက်သွားတဲ့အတွက် အခုဆိုရင် တစ်လကို ဒေါ်လာ ၈၇၀၀၀ နဲ့ ငှားရမ်းထားရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်အဖွဲ့ရဲ့ ဌာနကိုယ်စားလှယ် Bertrand Bainvel က အတည်ပြုပြောကြောင်း ဒီကနေ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

Thursday, May 22, 2014

အမြန်ဆုံး မော်တော် ဆိုင်ကယ် ထွက်ပေါ်လာ





May 22, 2014



Lightning motorbike (လျှပ်စီးဆိုင်ကယ်) လို့အမည်ရှိတဲ့ ဆိုင်ကယ်ဖြစ်ပါတယ်။ ၂၀၁၂ ကတည်းက အနာဂတ်ရှေပြေးပုံစံအဖြစ် ရည်ရွယ်ထားခဲ့ပေမဲ့ ယခုမှသာ နောက်ဆုံး ဖိုင်နယ်ဗားရှင်းကို ကတိအရ လုပ်နိင်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊

Quail မော်တော်ဆိုင်ကယ်မိတ်ဆက်ပွဲမှာ ထုတ်ဖော်နိင်ခဲ့ခြင်း
ရှိခဲ့တာ ဖြစ်ပါတယ်။ ဈေးကတော့ မသေးပါဘူး။ $ 38,000 ဖြစ်ပါတယ်. မြင်းကောင်ရေ 200 ရှိတဲ့ မော်တာအသုံးပြုပြီး ဘတ္တရီရဲ့ သင့်စိတ်ကြိုက်ရွှေးချယ်မူ အပေါ့်မှာ အမြင့်ဆုံ တစ်နာရီ မိုင် ၁၈၀ အထိကို မြင့်တင်နိင်ပြီး ဘတ္တရီရဲ့ အလေးချိန်ကတော့ မြန်နှုန်းမြင့် ဆိုင်ကယ်ဖြစ်တဲ့အတွက်ကြောင့် 225 ကီလိုလောက်တော့ ရှိပါမယ်။ သူရဲ့မြန်ဆန် ပေါ့ပါးရတဲ့ အကြောင်းကတော့ ဆိုင်ကယ်ဂီယာ မပါတဲ့အတွက် ဂီယာထိုးစရာမလိုဘဲ Torque (လိမ်အား ) လို့ခေါ်တဲ့
အင်ဂျင်ရဲ့ စွမ်းရည်က သိပ်ကိုကောင်းလွန်တဲ့အတွက် အခုလို့ မြန်ဆန် ပေါ့ပါးရတာဖြစ်ပါတယ်။


ဗိုလ်ချုပ် အောင်ဆန်း လုပ်ခဲ့သည့် ဥပဒေ



ရွှေကူမေနှင်း

လာမည့် ၂ဝ၁၅ တွင် အများပြည်သူ မျှော်လင့်ထားသော ''သမ္မတ'' အဖြစ်၊ ပုဂ္ဂိုလ် ၃ ဦးရှိနေသည်။ နှစ်ဦးမှာ ပြဿနာတစ်စုံတစ်ရာမရှိချေ။ အများစု သဘောကျလျှင် အဆင်ပြေသွားမည်ဖြစ်သည်။ နောက်တစ်ဦးကား အခြေခံဥပဒေနှင့် ငြိနေသည်။ ပြင်ကြမည်ဟု အားခဲနေကြသည်။ ထိုကိစ္စကို စဉ်းစား မိသောအခါ၊ ကျွန်မသည် ကာလတစ်ခုကို သတိရလိုက်မိပါသည်။
x x x

ဖေဖေ တည် ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားလုံး တစ်လုံးတည်းနဲ့ တပ်မတော်ကို ထဘီအောက်ထည့်ချင်၍ မရပါ



ဖေဖေ တည် ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားလုံး အထပ်ထပ် သုံးပြီး ဖေဖေ့ အမွေ ကို မိမိပဲ ရသင့် သလို ပြောနေတာ၊ မရလို့ မစားရတဲ့ အမဲ သဲနဲ့ ပက် ဆိုသလို မျိုး ဟိုလို လုပ်သင့်တာ ဒီလို လုပ်သင့်တာ ဆိုတဲ့ တဘက်သား စိတ်နှလုံး ထိခိုက်ဖွယ် အပြောတွေ နဲ့ ပြော နေလို့ ကတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေတာပါ ဆိုတဲ့ စကား က အပြောနဲ့ အလုပ် မညီ ပါဘူး။ နိုင်ငံ တကာနဲ့ နှိုင်းယှဉ်ရင် သမားရိုးကျ တပ်မတော် အဆင့်မှာပဲ ကျန်နေခဲ့သေးတဲ့ လက်ရှိ မြန်မာ့ တပ်မတော် ကို နိုင်ငံတကာ အဆင့်မီ ခေတ်မှီ တပ်မတော် တရပ် ဖြစ်အောင် ၀ိုင်ဝန်း ကြိုးစား မပေးပဲ နိုင်ငံတကာ မှာ အထီးကျန် ဖြစ် စေဘို့ အင်တိုက် အားတိုက် ကြိုးစား နေတာ၊ ပြောဆို နေ တာတွေ ကလည်း တပ်မတော်ကို မိမိ ဘက် ပါအောင် စည်းရုံး တာပါ ဆိုတဲ့ အပြော နဲ့ အလုပ် က ဆန့်ကျင် ဘက်ပါ။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ အရှင်ဣန္ဒာစက္ကာဘိဝံ၊ အရှင်ယသ တို့နှင့် တွေ့ဆုံခြင်း”

“အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်နေတာ မပါပါဘူး”
“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ အရှင်ဣန္ဒာစက္ကာဘိဝံ၊ အရှင်ယသ တို့နှင့် တွေ့ဆုံခြင်း”

Vioce=အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဆရာတော်အနေနဲ့ ဘာတွေ မိန့်ကြားစရာရှိပါသလဲဘုရား။

အရှင်ဣန္ဒာစက္ကာဘိဝံသ= အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြတာဟာ ဒီဥပဒေရဲ့ မူရင်းတောင်း ဆိုချက်ကို နားမလည်လို့ ဝေဖန်နေတာလို့ ယူဆပါတယ်။ ဝေဖန်သူတွေဟာ ဒီဥပဒေဟာ အမျိုးသမီး အခွင့်အရေး လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုပြီး ကန့်ကွက်နေကြတာပါ။ အမှန်က အမျိုးစောင့်ဥပဒေဟာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တဲ့ ဥပဒေမဟုတ်ပါဘူး။ မြန်မာတိုင်းရင်းသား မိန်းကလေးတွေ ဆုံရှုံးနေတဲ့ အခွင့်အရေးတွေကို ရရှိအောင်လုပ်ပေးတဲ့ဥပဒေပါ။

ဂျီဟတ်စစ်ပွဲဆင်နွဲရန် ပြင်ဆင်နေသည့် အစ္စလာမ်ကုလားအိမ်မှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



နေပြည်တော်၊ မေ ၂၁

၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ် ၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ၊ ရေးမြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ ရေးမြို့နယ်၊ ကျောင်း ရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand,

မင်းကွန်းပုထိုးတော်ကြီးပေါ်တက်ရောက်ပြီး အန္တရာယ်ဖြစ်ပါက မိမိတို့နှင့်မသက် ဆိုင်ဟု ရှေးဟောင်း သုတေသနဆို



ရန်ကုန်၊မေ ၂၁-အန္တရာယ်ရှိနယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသည့် မင်းကွန်း ယဉ်ကျေးမှုနယ်မြေရှိ ပုထိုး တော်ကြီးပေါ် တက်ရောက်ခြင်းမပြု ရန် တားမြစ်ထားခြင်း အား ဖောက်ဖျက် တက်ရောက်ပြီး အန္တရာယ် တစ်စုံ တစ်ရာဖြစ်လျှင် တာဝန်ယူမည် မဟုတ် ဟု စစ်ကိုင်းတိုင်း ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

လိမ္မော်ရောင်အဆင့် မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ပြီ

ဓါတ်ပုံ - ဒေါက်တာထွန်းလွင် 
22 May 2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေသည့် မုန်တိုင်းသတိပေးချက် လိမ္မောရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မေလ ၂၂ ရက်နေ့ ၄ နာရီခွဲ ထုတ်ပြန်ချက်လိုက်သည်။