Monday, May 26, 2014

ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ

အပွင့်တွင်း တူးဖော်မှုကြောင့် ဆိုးရွားလာ

26 May 2014 

တနင်္သာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့် စွဲဆိုထားတယ်။

သတ္တု တူးဖော်ရေး ဖက်စပ် လုပ်နေတဲ့ ထိုင်း ကုမ္ပဏီနဲ့ အမှတ် (၂ ) သတ္တုတွင်း လုပ်ငန်း တိုင်းနဲ့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေကို မြောင်းပြိုရွာသား တွေက အမှုဖွင့် ခဲ့ကြတာ ဖြစ်ပါတယ်။

မွတ်ဆလင်လူဦးရေ နှင့် အကြမ်းဖက်မှု

ငြိမ်းချမ်းသည့်ဘာသာဝင်များအား တွေ့ရစဉ်
May 26, 2014

- အစ္စလမ်ဟာကိုးကွယ်မှုဘာသာအယူဝါဒ မဟုတ်သလို ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကျင့်စဉ်လည်းမဟုတ်ပါ၊

အစ္စလမ်မှာ ဘာသာရေး၊ ဥပဒေ၊ စီးပွားရေး၊ စစ်ရေး အပိုင်းတွေပါဝင်ပြီး ဘာသာရေးအပိုင်းကတော့ အခြားကျန်အပိုင်းများထက် အရှိန်သြဇာပိုကြီးမားတယ်။

- လုံလောက်တဲ့ မွတ်ဆလင်လူဦးရေရှိတဲ့ တိုင်းပြည်တစ်ပြည်မှာ “ဘာသာရေးအခွင့်အရေး” ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စလမ်ပြုရေး(islamization) ကိုသွေးထိုးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆွပေးခြင်းနည်းများဖြင့် တောင်းဆိုကြသည်။

- အကယ်၍ နိုင်ငံရေးအခြေအနေနှင့်အခြားလူ့အဖွဲ့အစည်းများ ကမွတ်ဆလင်များရဲ့ သဘာဝကျတဲ့ “ဘာသာရေးအခွင့်အရေး” တောင်းဆိုမှုများကိုသဘောတူခွင့်ပြုခဲ့မယ်ဆိုရင် အခြားခြားသော အခွင့်အရေးများကိုလည်း တဆင့်တက်တောင်းဆိုလာကြလိမ့်မယ်။ 

RSO)အမည်ခံ ဘင်္ဂါလီသောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့်မောင်တောနယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောကြား


သားရွှေဦး(ကစ္ဆပ)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီးတွင် တွေ့ရသော လုံခြုံရေး ကင်းစခန်းတစ်ခု
တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များကိုပင် ပစ်ခိုက်တိုက်ခိုက်မှု ပြုလုပ်လာခြင်းကြောင့် မောင်တောနယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောကြားသည်။

ယခင်က မောင်တောနယ်စပ်တွင် လက်နက်ကိုင် ဓားပြများသာ ရှိခဲ့ပြီး ယခုကဲ့သို့ အင်အားဖြင့် ဝင်ရောက်လှုပ်ရှားမှုများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ဝင်ရောက်လှုပ်ရှားလာခြင်းမှာ မောင်တောမြို့နယ်အတွင်း သောင်းကျန်းမှု ခြေကုပ်ရယူရန် စတင်ကြိုးပမ်းလာခြင်းဖြစ်၍ အမြစ်ပြတ် ချေမှုန်းတားဆီးရန် လိုအပ်နေသလို နယ်စပ်လုံခြုံရေးအား အလေးထားရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

စစ်တပ်ကိုကျမ စိန်ခေါ်တယ်... စစ်တပ်ကိုကျမသတိပေးတယ်ဆိုတာ.. အမျိုးသား ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေးအတွက် အထောက်အကူရသလား.



"အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ စ တင်ခဲ့တာက ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ် မှာ ဟောနေတဲ့သူ မဟုတ်ဘူး... အံ့သြစရာကောင်းပါတယ်... ကြံ့ခိုင်ရေးပါတီက ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် ဖြစ်တယ်...


၂၀၀၈ အခြေခံဥပဒေဟာ အာဏာလွဲပေးလို့ရအောင် ဆွဲပေးထားတာဖြစ်တယ်.. ခုချိန်မှာ... စစ်တပ်ကိုကျမ စိန်ခေါ်တယ်... စစ်တပ်ကိုကျမသတိပေးတယ်ဆိုတာ.. အမျိုးသား ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေးအတွက် အထောက်အကူရသလား... ဒီအခြေခံဥပဒေကို ပြင်ဖို့ ဒီမိုကရေစီ စံနှုံးတွေရဖို့... လူ့အခွင့်အရေးတွေ တိုးချဲ့ဖို့ဆိုတာ အမျိုးသားပြန်လည် သင့်မြတ်ရေး ရမှပဲ ကျွန်တော်တို့ လုပ်လို့ရမယ်.. အချုပ်ပြောရရင် တပ်မတော်မပါရင်.. တပ်မတော်နဲ့ နားလည်မှုမယူရင်... ကျွန်တော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးတဲ့အခါမှာ... အခက်အခဲတွေ အများကြီး ကျွန်တော်တို့တွေ့ရမယ်..

မိုးသီးဇွန် ပြန်တော့မယ်တဲ့ ဟေး.....

မှတ်ချက်     ဝမ်းသာဖွယ်သတင်းတခု မို့ ထပ်ပြီးဖေါ်ပြပါသည်

ရန်ကုန်၊ မေ ၂၃။

မြန်မာနိုင်ငံ ရောက်ရှိနေသည်မှာ ၈လခန့် ကြာမြင့်နေပြီဖြစ်သည့် အမေရိကန်နိုင်ငံသား ခံယူထားသူ မိုးသီးဇွန်ကို ဗီဇာသက်တမ်း ဆက်လက်
တိုးပေးခြင်း မရှိသောကြောင့် လာမည့် မေလ ၂၅ ရက်တွင် ပြည်တွင်းမှ ပြန်လည် ထွက်ခွာတော့မည် ဖြစ်ကြောင်း သိရသည်။

မိုးသီးဇွန် က “ထိုင်းကို တနင်္ဂနွေနေ့ မနက်သွားဖို့ စီစဉ်ထားပါတယ်၊ ဟိုရောက်ရင် မြန်မာသံရုံးမှာ ဗီဇာလျှောက်ပြီး အမြန်ဆုံးပြန်ရဖို့ မျှော်လင့်တယ်၊
ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နိုင်ငံရေးအခြေအနေတွေအားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါတယ်” ဟု
ယနေ့မနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လူတွေရုတ်တရက် အိပ်ပျော်ကုန်တဲ့ ရုရှားနိုင်ငံက မြို့ဟောင်း


26 မေ 2014
အလွန်ထူးဆန်းတဲ့အခြေအနေတစ်ခုကို ကာဇစတန်နိုင်ငံရဲ့ Kalachi ရွာဒေသတစ်ဝိုက်နဲ့ ရုရှားနိုင်ငံရဲ့ ဆိုဗီယက် လက်ကျန်မြို့ဟောင်း Krasnogorsk တို့မှာ ကြုံတွေ့နေရတယ် လို့ဆိုပါတယ်။

ဒီဒေသတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေဟာ ဘာကြောင့် ရုတ်တရက် အိပ်ပျော်ကုန်ကြတယ်ဆိုတာကို ပညာရှင်တွေဟာ  အဖြေရှာမရဖြစ်နေပြီး ဒီလိုအိပ်ပြောတယ်ဆိုရင်လည်း ၆ ရက်လောက်ကြာတတ်တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်သည်းဖို ဝတ္ထုတွေထဲကလိုဖြစ်နေတဲ့ ဒီအခြေအနေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဘယ်သူမှ မသိသေးပါဘူး။

ဒီအခြေအနေဟာ တစ်ချိန်လုံးဖြစ်နေတာ မဟုတ်ဘဲ   လှိုင်းတွေလို တစ်ခုပြီးမှတစ်ခု လာတတ်တယ်လို့ဆိုပါတယ်။ ပထမဆုံးဖြစ်ခဲ့တာက မတ်လ ၂၀၁၃ မှာ ဖြစ်ပြီး မေလမှာ ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း သုံးကြိမ်ထက်မက ဖြစ်ခဲ့ပြီးပါပြီ။
ဒီဒေသဟာ  လူဦးရေသိပ်မများပေမဲ့ ဖြစ်လာပြီဆိုရင် လူပေါင်း ၄၀ ကနေ ၆၀ ထိ ခံစားရတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရခိုင်အမျိုးသားတစ်ဦး သေနတ်အပစ်ခံရ သေဆုံး

ကွယ်လွန်သွားသော ကိုကြည်ထွန်း၏ ဓာတ်ပုံကိုတွေ့ရစဉ် (ဓာတ်ပုံ - ထိုင်းနိုင်ငံရောက် မြန်မာများဖေ့စ်ဘွတ်ခ်)

26 May 2014

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်တစ်ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေကျွန်း၌ အလုပ်မှပြန်လာသော မြန်မာအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

မေလ ၂၁ ရက် ည ၇ နာရီခွဲ တွင် အလုပ်မှပြန်လာသော ရခိုင်တိုင်းရင်းသား  အသက် (၂၉) နှစ် အရွယ်ကိုကြည်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

‘‘အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ။ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာပဲ။ ဘယ်သူက ပစ် တာလဲဆိုတာ မသိဘူး။ သူသေ နေတာတွေ့မှ သေနတ်နဲ့ အပစ်ခံ ရတာဆိုတာ သိတာ။ ရခိုင်မြေပုံ မြို့နယ် ကုက္ကိုကျေးရွာကပါ’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေ ကျွန်းတွင် နေထိုင်သော ကိုသက် ဇော်မင်းက ပြောသည်။

မြေးအရင်းကို မုဒိန်းကျင့်တဲ့ တရိစာန် အဖိုး အတွက် ထိုက်တန်ရာ ထောင်ဒါဏ်



26 May 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော ၁၂ နှစ်  အရွယ်သမီးငယ်လေးကို အဓမ္မပြု  ကျင့်သတ်ဖြတ်ခံရမှုသည်ကသာ မြို့နယ်၌ လူထုစိတ်ဝင်စားမှုရှိသော  အမှုတစ်မှုဖြစ်ခဲ့သည်။ ထိုအမှုတွင်  သံသယရှိသူများကို ခေါ်ယူစစ် ဆေးခဲ့ပြီးနောက် ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်မြင့် နှင့် တပ်ဖွဲ့ဝင်များ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ တရားခံဟု ယူဆရသူဦးမြဒေါင်း (၅၇) နှစ်ကို ဖမ်းဆီးနိုင်ခဲ့သည်။

Sunday, May 25, 2014

ပုဒ်မ ၄၃၆ ကို ပြင်ဖို့  .... တပ်မတော်က ဘာကြောင့် စိုးရိမ်နေရသလဲ


May 25, 2014

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို …

လူတိုင်းနားလည်နိုင်မယ့် စကားနဲ့ ….
အဓိပ္ပာယ် ဖွင့်ဆိုရရင်တော့ …
လက်ရှိ အခြေခံ ဥပဒေကို …
တပ်မတော် ရဲ့ ထောက်ခံမှု မပါဘဲ …
ပြင်ဆင်လို့ မရအောင် ထိန်းချုပ်ထားတဲ့ ပုဒ်မ လို့  …
ပြောရမှာပဲ ဖြစ်ပါတယ် ….

စိန်ခေါ်မှုများနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး



အိအိတိုးလွင် | Thursday, 22 May 2014 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးလူထုဟောပြောပွဲများ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ရန် တပ်မတော် အပေါ် စိန်ခေါ်တိုက်တွန်းပြုခြင်းကို တပ်မတော်သားများဘက်ကလည်း ပြန်လည်
ချေပပြောဆိုသည်။

"စဉ်းစားကြည့်ပေါ့ဗျာ သတ္တိမရှိဘဲနဲ့တော့ စစ်သား မလုပ်ပါဘူး"ဟု ပြည်သူ့လွှတ်တော်တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ငွေစိုးက ပြောသည်။