Sunday, May 25, 2014

ပုဒ်မ ၄၃၆ ကို ပြင်ဖို့  .... တပ်မတော်က ဘာကြောင့် စိုးရိမ်နေရသလဲ


May 25, 2014

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို …

လူတိုင်းနားလည်နိုင်မယ့် စကားနဲ့ ….
အဓိပ္ပာယ် ဖွင့်ဆိုရရင်တော့ …
လက်ရှိ အခြေခံ ဥပဒေကို …
တပ်မတော် ရဲ့ ထောက်ခံမှု မပါဘဲ …
ပြင်ဆင်လို့ မရအောင် ထိန်းချုပ်ထားတဲ့ ပုဒ်မ လို့  …
ပြောရမှာပဲ ဖြစ်ပါတယ် ….

ကောင်းပါပြီ …
လက်ရှိ နိုင်ငံရေးအခြေအနေ ဟာ …
အဓိက အတိုက်အခံ ပါတီအနေနဲ့  …
ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့  ...
အပြင်းအထန် လိုလားနေပြီး ….
တပ်မတော် အနေနဲ့ ကတော့ …
လတ်တလော အခြေအနေမှာ …
ပြင်ဆင်လိုဟန် မရှိပါဘူး …

ကျန်တဲ့ ပါတီတွေ သဘောထားကတော့…
နည်းနည်းစောကြောရ ခက်ပြီး …
အခု ချက်ချင်း ပြင်မှ ကို ဖြစ်မယ်ဆိုတဲ့  …
သဘောထား တင်းမာမှုမျိုး တော့ …
မရှိတဲ့  လက္ခဏာ ရှိဟန် တူပါတယ် …

ဒါဆို …
အတိုက်အခံပါတီ အနေနဲ့  …
ဒီ ပုဒ်မ ၄၃၆ ကို ဘာလို့ ဒီလောက် ….
အလောတကြီး ပြင်ဆင်ချင်နေရတာပါလဲ …

ဟုတ်ကဲ့  …
ဒီ ပုဒ်မကို ပြင်ဆင်နိုင်မှ …
လက်ရှိအနေအထားမှာ …
အခြေခံ ဥပဒေ ထဲက ပုဒ်မတွေ ကို …
သူ့ စိတ်ကြိုက် ပြင်ဆင်နိုင်မှာ မို့ လို့ ပါ ….
ဒီ အထဲမှာ …
အင်မတန် ထိလွယ်ရှလွယ် အကဲဆတ်တဲ့  …
၅၉ စလုံး နဲ့ …
တစ်မတ်သားလို ….
ကာလုံ လို ကိစ္စမျိုးတွေ ပါဝင်မယ်ဆိုတာလဲ ….
မြေကြီး လက်ခတ်မလွဲပါပဲ …

ဒီနေရာမှာ …
သာမန်ပြည်သူတစ်ယောက် အနေနဲ့  ….
နားမလည်နိုင်စရာ စဉ်းစားရ ခက်ခဲတဲ့  …
မေးခွန်းတစ်ချို့ ပေါ်လာပါတယ် …

တပ်မတော်က …
ဒီ ဥပဒေပြုရေး အာဏာ….
အုပ်ချုပ်ရေး အာဏာ ထဲမှာ …
ဖွဲ့ စည်းပုံ အခြေခံဥပဒေထဲမှာ …
ဘာဖြစ်လို့  ကိုးလိုးကန့် လန့်  ၀င်ပါ နေရတာလဲ ….???
သူ့ ရည်ရွယ်ချက် က ဘာလဲ ….???
ဘာဖြစ်လို့  ပုဒ်မ ၄၃၆ ကို မပြင်ချင်ရတာလဲ …???
ဘာဖြစ်လို့  တပ်မတော်က …
ဥပဒေပြုရေး အာဏာထဲမှာ …
အမြင်မတော် ၀င်ထိုင် နေချင်ရတာလဲ …???
ဆိုတဲ့  မေးခွန်းတွေပါ ….

ဒီမေးခွန်းတွေဟာ ...
သာမန် ပြည်သူ တစ်ဦးက …
တပ်မတော် ကို မေးချင်ဟန် ရှိတဲ့  ..
မေးခွန်းတစ်ချို့ ဖြစ်ပုံရပါတယ် …

ကောင်းပါပြီ ….
တပ်မတော်က ဘာကို စိုးရွံ့ နေသလဲ ဆိုတာ …
ကျွန်တော် တို့ အဖြေရှာ ကြည့်ရအောင်ပါ ….

တပ်မတော်ဟာ …
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရစ ကတည်းက …
ယနေ့ အချိန်ကာလ အထိ …
သူ သင်ကြားခဲ့ရတဲ့  …
သင်ခန်းစာ အတွေ့ အကြုံ နှစ်ခု ရှိပါတယ် …

ပထမ တစ်ခု ကတော့ …
တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး ရှိတဲ့  ….
ဒီ တိုင်းပြည်မှာ …
ဗမာ လူမျိုးဟာ ရာခိုင်နူန်း ၇၀ လောက် ရှိပါတယ် …

ပါလီမန် ဒီမိုကရေစီ စနစ်အရ …
မဲများတဲ့သူ နိုင်စတမ်း မို့  …
မဲ မျက်နှာ ကြည့်ရတဲ့  နိုင်ငံရေးပါတီတွေက …
မဲမျက်နှာပဲ ကြည့်ကြတဲ့  အချိန်အခါမှာ…
ထွက်ပေါ်လာတဲ့  ဥပဒေတွေ ဆုံးဖြတ်ချက်တွေဟာ …
တိုင်းရင်းသားတွေ အတွက် …
ဘ၀င်မကျ မနှစ်မျို့ စရာတွေ အတော်များခဲ့ ရပြီး…
ကာလ ကြာရှည်လာတဲ့ အချိန်မှာ ….
အကြိတ်အခဲ နာကျည်းချက်တွေ ဖြစ် …
အနှစ် ၆၀ ပြည်တွင်းစစ်ကြီးကို …
အဓွန့် ရှည်စေခဲ့ရပါတယ် ….

ဒီလို ထပ်မဖြစ်စေဖို့ ဆိုရင် …
နိုင်ငံရေးပါတီတွေကို …
တိုင်းပြည်အတွက် အန္တာရယ် ရှိလောက်တဲ့  ကိစ္စတွေကို …
ဆောင်ရွက်တဲ့  အခါမှာ …
လုပ်ချင်တိုင်း လုပ်လို့ မရအောင် …
ဝင်ရောက် ဟန်ချက်ထိန်းညှိပေးမယ့် …
လူမျိုးဘာသာ ပေါင်းစုံ ပါဝင်တဲ့  …
ပြည်တွင်းကုလသမဂ္ဂ လို အဖွဲ့ အစည်းမျိုး တစ်ခု …
လို ကို လိုအပ်လာပါတယ် ….

အဲဒီ အဖွဲ့ အစည်းကတော့ ....
တပ်မတော် ဖြစ်ပြီး …
နိုင်ငံရေး မတည်ငြိမ်သေးခင် ..
ထာဝရ ငြိမ်းချမ်းရေး မရသေးခင် …
ပြည်ထောင်စု နဲ့  ပြည်နယ်တွေကြား …
အာဏာ နဲ့  အရင်းအမြစ် ခွဲဝေပြဋ္ဌာန်းမှုတွေ …
အတည် မပြုရသေးခင် အချိန်အထိ …
လွှတ်တော်ထဲမှာ ….
တပ်မတော်က ၂၅ ရာခိုင်နူန်း ၀င်နေရာယူပြီး ….
ပါတီတွေကို ဟန်ချက် ထိန်းညှိ ထားပေးရမယ်လို့  …
တပ်မတော် က အခိုင်အမာ ယူဆထားပုံ ရပါတယ် …

ဒီ အယူအဆ ကို …
၂၀၀၁ ခုနှစ် စက်တင်ဘာလအတွင်း …
ဂျပန်နိုင်ငံ မှာ ထုတ်လွှင့်ခဲ့တဲ့ …
Channel J ရုပ်မြင်သံကြား အစီအစဉ်မှာ …
ပါမောက္ခ တကာရှီ ရှိရအိရှိ ( တိုကျို တက္ကသိုလ် )
ဒေါက်တာ ဖိစစ် ပတ်ကာဆန် ( East Asia Vision Group )
သတင်းထောက် နဂဟာရု ဟာယာဘုစ တို့ နဲ့  …
ကာကွယ်ရေး ၀န်ကြီးဌာန ၊ စစ်မဟာဗျူဟာ လေ့လာရေး ဌာန က …
အစိုးရ ပြောရေးဆိုခွင့် ရှိသူ …
ဗိုလ်မှူးကြီး လှမင်း နဲ့ အင်တာဗျူး အစီအစဉ်မှာ …
ဗိုလ်မှူးကြီး လှမင်း က …
တရားဝင် ထုတ်ပြောသွားတာကို …
တွေ့ မြင်ရမှာ ဖြစ်ပါတယ် …

နောက်ထပ် တပ်မတော် ရဲ့  စိုးရွံ့ မှု တစ်ခုက …
ဘာများ ဖြစ်နိုင်ပါသလဲ ….

ပြည်တွင်းစစ် မပြီးသေးတဲ့  ကိစ္စကြီးပါပဲ …

လက်ရှိအခြေအနေဟာ …
လက်နက်ကိုင် အဖွဲ့ အစည်း အများစုနဲ့  …
ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ အဆင့်ပါ ….
ကချင်ပြည်နယ်မှာတော့ စစ်က ဆက်ဖြစ်နေတုန်းပါပဲ …

စစ်တပ်ဆိုတာကတော့ …
စစ်တပ်ပဲ ဖြစ်ပါတယ် …
စစ်တပ်မှာ မဖြစ်နိုင်လောက်ပါဘူးလို့  ...
လျှော့ပေါ့ စဉ်းစားတဲ့ ကိစ္စ …
တစ်ခုမှ မရှိနိုင်ပါဘူး …
စစ်ကို ရပ်ဖို့  ကြိုးစားနေသလို …
မအောင်မြင်ခဲ့ရင် ဆိုတဲ့ အခြေအနေအတွက် …
ကြိုတင်တွက်ချက် ပြင်ဆင်ထားပြီး ဖြစ်မှာ …
မလွဲမသွေ သေချာလှပါတယ် …

လက်ရှိ အချိန်မှာတော့ ….
တပ်မတော် ရဲ့ အနေအထားဟာ…
ဒီ အဖွဲ့ တွေကို …
အရင်လို သိပ်စိတ်ပူစရာ မရှိတော့ပါဘူး …

လက်နက်ကိုင် အဖွဲ့ တွေ အနေနဲ့ လည်း …
သူတို့ အနေနဲ့  ….
တပ်မတော်ကို စစ်ရေးနည်းလမ်းအရ ….
အနိုင်ယူဖို့ မလွယ်တော့မှန်း သိနှင့်ပြီးပါပြီ ….

ဒါဆို နည်းလမ်း တစ်ခုပဲ ကျန်ပါတော့တယ် …
နည်းလမ်းအဟောင်းပါပဲ …

အာဏာရလာဖွယ် ရှိတဲ့  နိုင်ငံရေးပါတီတွေနဲ့  ပူးပေါင်းပြီး …
တပ်မတော် ကို အင်အားချိနဲ့ အောင် လုပ်ဖို့  …
ထိန်းချုပ်ဖို့ ကြိုးစားတဲ့  ကိစ္စပါ ….

ဒီနည်းလမ်း ရဲ့  လက်စ လက်န တွေကို ….
၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ …
အတိုက်အခံပါတီ ခေါင်းဆောင် ရဲ့  နေအိမ်ခြံဝင်းအတွင်းမှာ ….
တောတွင်းက ဆက်သားတစ်ဦး အပါအ၀င် ….
တောတွင်း နဲ့  အဆက်အသွယ်လုပ်ထားတဲ့  …
စာရွက်စာတမ်းတွေ အမြောက်အများ ကို ….
သိမ်းဆည်းမိခဲ့တဲ့  အဖြစ်အပျက်နဲ့ …
တပ်မတော် က မျက်ဝါးထင်ထင် ကြုံတွေ့ ခဲ့ ရပြီးပါပြီ …

တပ်မတော် အနေနဲ့  ….
လွှတ်တော်ထဲက တစ်မတ်သားကို ဖယ်ပေးလိုက်ရင် …
လွှတ်တော်တွင်းမှာ ….
သူတို့ ကို အင်အားချိနဲ့ သွားအောင်လုပ်မယ့် ….
ဘတ်ဂျက် ….စစ်အင်အား စတာတွေကို ….
ထိန်းချုပ် လျော့ချမယ့် …
ဥပဒေမျိုးတွေ ပေါ်ထွက်လာမှာကို …
သူတို့ အင်မတန် စိုးရွံ့ လှပါတယ် …

သူတို့ အနေနဲ့  ….
လက်ရှိ တပ်မတော် ရဲ့ အနေအထားရောက်အောင် …
၂၂ နှစ် လောက် နာမည်အပျက်ခံ …
လူအမုန်း ခံပြီး တည်ဆောက်ခဲ့ရတာပါ ....
ဒါကို သူတို့ လုံးဝ အပျက်မခံ နိုင်ပါဘူး …

ဒဲ့ ပြောရရင်တော့ …
သူတို့ စစ် တိုက်နေတုန်း …
သူတို့ ရန်သူတွေက …
နိုင်ငံရေးပါတီတွေ နဲ့ ပေါင်းပြီး …
သူတို့ နောက်ကျောကို ဓားနဲ့  ထိုးခံရမှာ …
သူတို့ သိပ်ကြောက်ပါတယ် ….

ဒါ အဖြစ်မှန်ပါပဲ …
လွှတ်တော်ထဲက တစ်မတ်သား နဲ့  ….
အစိုးရ အဖွဲ့ ထဲက ကာလုံ ကို …
ပြည်တွင်းစစ် မပြီးသေးခင် ..
သူတို့  မဖယ်ချင်ပါဘူး…..

အဲဒီတော့ …
ဒီ လက်ရှိအခြေအနေကို ....
ပြင်ဖို့ ခက်အောင် လုပ်ထားတဲ့ …
ပုဒ်မ ၄၃၆ ကို ပြင်ခွင့်ပေးလိုက်ရင် …
သူတို့ စိုးရိမ်တဲ့  ကိစ္စတွေ ....
ဆင့်ကဲ ဆက်ဖြစ်လာတော့မှာပါ ….

ဒီအတွက်ကြောင့် …
တပ်မတော်ဟာ …
ပုဒ်မ ၄၃၆ ကို မပြင်ချင်တာပဲ ဖြစ်ပါတယ် …

အခုချက်ချင်း ....
၄၃၆ ကို ဇွတ်ပြင်ဖို့  ကြိုးစားနေတဲ့  ကိစ္စဟာ ....
တိုင်းပြည် အကျိုးကို လိုလားလို့ ဆိုတာထက် ...
၅၉ စလုံးကို ပြင်ချင်လို့  ...
ဇွတ်လုပ်နေတယ် ....
ကိုယ် သမ္မတ ဖြစ်ချင်တဲ့  ကိစ္စမှာ ...
တိုင်းပြည်ကို ထိုးကျွေးပြီး စွန့် စားနေတယ်လို့ ပဲ ...
ထင်မြင် ယူဆမိပါကြောင်း ......။ ။

( စစ်ကြီး ပြီးမှ ၄၃၆ ကို ပြင်စေချင်တဲ့  ရဲမိုး )

No comments: