Friday, June 13, 2014

အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ အလျင်အမြန် ဆက်လက် ဖြစ်ပွား


အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ အလျင်အမြန် ဆက်လက် ဖြစ်ပွားနေရာမှာ အီရတ် ပါလီမန်ကတော့ အရေးပေါ် အခြေအနေ ကြေညာဖို့ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး။

ပီနန်ဆရာတော်ကျောင်း ချိတ်ပိတ်ခံရ


Wednesday, June 11, 2014
ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခ ကျောင်းတိုက်ကို မနေ့က အင်္ဂါနေ့ည သန်းခေါင်ချိန်လောက်မှာ ရဲတပ်ဖွဲ့၊ သာသာနာရေးဌာန၊ မြို့ နယ်နဲ့ တိုင်းသံဃာတချို့ ရောက်လာပြီး ကျောင်းရှိသံဃာတွေကို သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို နယ်ခြားစောင့်ရဲက အကြောင်းပြချက်မပေးဘဲ ဆိုင်းငံ့ထားသည့်အတွက် မလွှဲဖြစ်



မောင်တော၊ ဇွန် ၁၁- မြန်မာနိုင်ငံ တွင်းသို့ တရားမဝင် ဝင်ရောက်လာ မှုကြောင့် တရားဥပဒေအရ အရေးယူ ကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လွတ်မြောက် လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များကို ပြန်လည် လွှဲပြောင်းပေးလျက် ရှိရာ ဇွန် ၁၀ ရက်တွင် မောင်တော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲ ပြောင်းပေးရန် စီစဉ်ထားခဲ့သော် လည်း နယ်ခြားစောင့်ရဲက အကြောင်း ပြချက်မပေးဘဲ ဆိုင်းငံ့ထားရန် ပြော ကြားသည့်အတွက် အလွှဲအပြောင်း မဖြစ်ကြောင်း လဝကရုံးမှသိရသည်။

လူတဦးက တိုင်ကြားတာနှင့် တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ပ်သိမ်းနိုင်တယ် ဆိုတဲ့အစား လူ ၁၀ဦးလောက်က သက်သေအနေနဲ့ တိုင်မှ ရုပ်သိမ်းခွင့်ပြုသင့်ကြောင်း


လူတဦးတယောက်က တိုင်ကြားတာနဲ့ တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်တယ် ဆိုတဲ့အစား လူ ၁၀ဦးလောက်က သက်သေအနေနဲ့ တိုင်မှ ရုပ်သိမ်းခွင့်ပြုသင့်ကြောင်း ဖြည့်စွက်ပေးဖို့ ဇွန်လ ၁၂ရက်က ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေး ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တဦးက အခုလို ဆွေးနွေးခဲ့တာလို့ မကွေးတိုင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒုတိယအကြိမ် ကျင်းပတဲ့ လွှတ်တော်ကတည်းက တင်ထားတာဖြစ်ပြီး ဒီတကြိမ်လွှတ်တော်မှာတော့ အတည်ပြုနိုင်ဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကို တိုင်ကြားထားတာတွေရှိလို့ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း တိုက်တွန်းထားပါတယ်
DVD

Thursday, June 12, 2014

လုံခြုံရေးအကူအညီပေးဖို့ OIC ကိုပြောပေးမယ် ကုလသမ္မဂ္ဂ လူ့အခွင့်အဖွဲ့တွေကိုလည်း ပြောပေးမယ်။ သတ္တိရှိရှိနဲ့သာ ဆက်လုပ်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဆိုသည်။


ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် မှ မျိုးစောင့်ဥပဒေလေးမျိုးကို ကန့်ကွက်လှုပ်ရှား သူများအား ခြိမ်းခြောက်ခံရသည်ကို စိတ်ဓာတ်မကျပဲ ဆက်လက်လုပ်ဆောင်ရန် နှင့် လုံခြုံရေးအတွက် OIC နှင့် ကုလ လူ့အခွင့်အရေး အဖွဲ့များက အကူအညီပေးရန် တောင်းဆိုပေးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ဇွန် ၁၁ ရက်တွင် လွှတ်တော် အဆောက်အဦအတွင်းရှိ တရားဥပဒေ စိုးမိုးရေး ကော်မတီ အစည်းအဝေးခမ်းမတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေ ကန့်ကွက်ရေးအဖွဲ့များမှ ကိုယ်စားလှယ် ၁၀ ဦးတို့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်မှ ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။

ဘုန်းကြီးကို ရိုင်းစိုင်း စွာပြုမူ ပြောဆိုခဲ့ သည့် ဒေါ်ရွှေဇီးကွက် နှင့် ပတ်သက်၍ လူထုအမြင်များ



Ko Zin ဦးကျော်သူကို လေးစားပေမယ့် ဇီးကွက် ချီးထွက်ကိုတော့ လုံးဝမလေးစားပါ သံဃာနဲ့စကားပြောတာ ချေထောက် ချိတ်ပြီး ပြောတာတော့ အတော် မိုက်ရိုင်းတာပဲ သံဃာ အချင်းချင်းတောင် အလိုအပြုမူမျိုးမတွေ့ဘူးပါ...

Aung Ko Htwe ဘုန်းကြီးကိုစကားပြောတာ ခြေထောက်ချိတ်ပြီး စကားပြောရတယ် လို သင်ခဲ့ဘူးတယ်နဲ့တူတယ်

Moe Aung ဒီလောက်တောင်
မိုက်ရိုင်း/စုတ်ပဲ့/ယုတ်ညံ့/အောက်တန်းကျလိမ့်မယ်လို့ ထင်မထားမိဘူး...

ရန်ကုန်လို တခြားမြို့တွေလည်း ရေကြီးကြအုံးမယ်




ရန်ကုန်ရေကြီးတဲ့ ဓာတ်ပုံတွေတွေ့တော့ မနှစ်က လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မျက်နှာပွင့်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သွားပြီး သတိရမိတယ်။ အဲဒီနေ့က မလိုအပ်တဲ့ နေရာက အသုံးစရိတ်တွေကို ရပ်တန့်ထားပြီး ပညာရေးနဲ့ ကျန်းမာရေး ကို တိုးသုံးဖို့ ဆိုတဲ့ အဆိုပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တောင် ဆွေးနွေးခဲ့ပါသေးတယ်။ အဆုံးအဖြတ်မှာတော့ ကန့်ကွက်သူမရှိ ထောက်ခံမှုနဲ့ နေပြည်တော် နိုင်ငံခြားရုံးများနဲ့ သံတမံရပ်ကွက် တွေမှာ ရေဝင်ရေထွက် စနစ်၊ မိလ္လာစနစ်နဲ့ လျှပ်စစ်မီးစနစ်တွေ ကြိုတင်တပ်ဆင်ခြင်း လုပ်ငန်းတွေကို ရပ်တန့်လိုက်ပါတယ်။

ဥသျှစ်ပင်မြို့တွင် စစ်သားတစ်ဦး ဆွဲကြိုးချသေဆုံး



12 June 2014

 ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ တွင် ဇွန်လ၁၁ရက်က  ကာကွယ်ပစ္စည်းစက်ရုံ ကပစ(၉)မှ စစ်သားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၉) အသက်(၄၂)နှစ်အရွယ် ဒုတပ်ကြပ် မြသောင်း တ/၇၃၁၃၄ သည် ဇွန်လ ၁၁ ရက် နံနက်(၈) နာရီခွဲ အချိန်တွင် ၎င်းနေအိမ်လိုင်းခန်း၌ ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။

ရချိုးဆင်းလာသည့် စွမ်းအနားမကြား မိန်းမကလေးအား စစ်သားတစ်ဦးက အဓမ္မပြုကျင့်



ခန္တီး၊ ဇွန် ၁၁

ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ ရွာသစ်ကုန်းရပ်ကွက်၊ ချင်းတွင်းမြစ် ရေချိုးဆိပ်ကမ်း၊ ကျောက်တုံးကြီးအနီး တွင် ရေချိုးဆင်းလာသည့် စွမ်းအနားမကြား အမျိုးသမီးတစ်ဦးအာဲး စစ်သားတစ်ဦးမှ သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည့်အတွက် ခန္တီးမြို့မရဲစခန်းက ဇွန်လ ၁၀ ရက်နေ့ မွန့်တည့် ၁၂ နာရီ ၅၀ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်ဟု ထိုရဲစခန်းရှိ ရဲအရာရှိတစ်ဦးမှ မဇ္ဈိမသို့ပြောပြသည်။

မိုးရွာ၊ လမ်းရေတက်လို့ ကားကြပ်ရသည့်အထဲ ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ် တက်လာသူ အမျိုးသမီး ကြောင့် ကားပိုကြပ်





Jun 12, 2014
ယနေ့ နံနက် ၅ နာရီ ခန့် မှ စ၍ သည်းသည်းမဲမဲ ရွာနေ ခဲ့သော မိုးကြောင့် ရန်ကုန် တမြို့ လုံးရှိ လမ်းများ ပိုမို ကားကျပ်နေချိန်တွင် ပါရမီလမ်းနှင့်ပြည်လမ်းထောင့်၌ ဘောင်းဘီတိုနဲ့ ကားခေါင်မိုးပေါ် မိုးရေထွက်ချိုးသူ ကြောင့် ကားတွေပိုကြပ်ခဲ့ကြောင်း သတင်းရရှိသည်။