Friday, June 13, 2014

ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို နယ်ခြားစောင့်ရဲက အကြောင်းပြချက်မပေးဘဲ ဆိုင်းငံ့ထားသည့်အတွက် မလွှဲဖြစ်



မောင်တော၊ ဇွန် ၁၁- မြန်မာနိုင်ငံ တွင်းသို့ တရားမဝင် ဝင်ရောက်လာ မှုကြောင့် တရားဥပဒေအရ အရေးယူ ကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လွတ်မြောက် လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များကို ပြန်လည် လွှဲပြောင်းပေးလျက် ရှိရာ ဇွန် ၁၀ ရက်တွင် မောင်တော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲ ပြောင်းပေးရန် စီစဉ်ထားခဲ့သော် လည်း နယ်ခြားစောင့်ရဲက အကြောင်း ပြချက်မပေးဘဲ ဆိုင်းငံ့ထားရန် ပြော ကြားသည့်အတွက် အလွှဲအပြောင်း မဖြစ်ကြောင်း လဝကရုံးမှသိရသည်။

စစ်တွေအကျဉ်းထောင်နှင့် ဘူးသီးတောင်အကျဉ်းထောင်တို့ တွင် ပြစ်ဒဏ်အသီးသီးချမှတ်ခြင်းခံရပြီး ပြစ်ဒဏ်စေ့လွှတ်ခြင်းနှင့် နိုင်ငံ တော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်နေသည့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ရာချီရှိနေပြီး နှစ်နိုင်ငံ သဘောတူညီချက်အရ ပြစ် ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ဝကို နှစ်နိုင်ငံအလံတင်အစည်း အဝေးပြုလုပ်ကာ လွှဲပြောင်းပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွတ် အကျဉ်းသားများ လွှဲပြောင်းပေးခြင်းကို မြန်မာနိုင်ငံ လူ ဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် များအကြား ပြုလုပ်ရသည့် လုပ်ငန်း ဖြစ်သော်လည်း မြန်မာနယ်ခြားစောင့် ရဲမှ လွှဲပြောင်းပေးခြင်းကို ဆိုင်းငံ့ ထားရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။
''အကျဉ်းသားတွေ အလွှဲအ ပြောင်းလုပ်ဖို့ ဆောင်ရွက်ရတဲ့လုပ် ငန်းတွေ တော်တော်များပါတယ်။ အကျဉ်းထောင်တွေမှာ ထိန်းသိမ်း ထားရတာ၊ ထမင်းကျွေးထားရတာ လဲမလွယ်ပါဘူး။ အခုအလွှဲအပြောင်း ကမဖြစ်တော့ ဆက်ပြီးစောင့် ဆိုင်း နေရမှာပဲ''ဟု လဝကရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။
ဇွန် ၅ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအရာရှိများ အစည်းအဝေး ပြုလုပ်ခဲ့အပြီး ဇွန် ၇ ရက်တွင် ပြစ်ဒဏ် လွတ် ဘင်္ဂ လားဒေ့ရှ် နိုင်ငံသားများအား လွှဲ ပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း လွှဲပြောင်းမဖြစ်ခဲ့ဘဲ ယခုတစ်ကြိမ် ဇွန် ၁၀ ရက်တွင် ထပ်မံလွှဲပြောင်း ပေးရန် အစီအစဉ် မဖြစ်မြောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

The Free Note
Ref & Credit : Yangon Media Group

No comments: