Sunday, June 22, 2014

ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်

ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။
လက်ရှိအများပြည်သူ ကြည့်ရှုနေသည့် အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်တွင် မော်ဒယ်ဇွန်သဉ္ဇာ၊ မေမြတ်မွန် နှင့်ဇာဇာထက်တို့၏ ညစ်ညမ်းဓာတ်ပုံများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။
အလားတူ စာရေးဆရာ အောင်ရင်ငြိမ်းရေးသားသည့် “ရိုမန်း ဘောစ်တွေရဲ့ကမ္ဘာ”စာအုပ်နှင့် ပတ်သက်၍လည်း ညစ်ညမ်းသည့် စာအရေးအသားများပါဝင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျက် ရှိသည်။

ဘဂ္ဂဒက်မှာ ရှီအာ တွေ အင်အားပြ

လက်နက်တွေ ကိုင်ဆောင် အင်အားပြ

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် မှာ ထောင်နဲ့ချီတဲ့ ရှီအာ မွတ်ဆလင် တပ် တွေက လက်နက်တွေ ကိုင်ဆောင်ပြီး လှည့်လည် အင်အားပြ ခဲ့ကြပါတယ်။

ရှီအာ ဘာသာရေး ခေါင်းဆောင် Moqtada al - Sadr ကို ထောက်ခံတဲ့ နောက်လိုက် တွေက စစ်သွေးကြွ တွေကို တိုက်ဖို့ အမေရိကန် တပ်တွေ ပြန်ဝင်လာမှာကို လက်မခံ နိုင်ဘူးလို့ ပြောကြား နေပါတယ်။

တောင်ငူတွင် ဒေါ်အောင်ဆန်းစုကြည် ဝေငှသည့် လက်ကမ်းစာစောင်များ ချေမွပစ်ချရ


ဒီကနေ့ ဇွန် ၂၁ ရက်နေ့ တောင်ငူမြို့ အားကစားကွင်းမှာကျင်းပတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် စကားမပြောခင် ဝေငှခိုင်းတဲ့ လက်ကမ်းစာစောင်များကို ပြည်သူများက ချေမွ ပြစ်ချခဲ့ကြကြောင်း သတင်းရရှိပါတယ်။

၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသော ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိ


မြေပုံမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - သီဟ)
ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီဦးရေ ၃၆၈ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ ရက်မှစ၍ ရှေ့ပြေးစီမံကိန်း ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးစခန်းနှင့် ရွာတစ်ရွာကို ဘင်္ဂါလီများ လူစုလူဝေးနှင့် ၀ိုင်း၍ သေနတ်ဖောက်လူစုခွဲ

ရန်ကုန်21
ဇွန်လ ၁၉ ရက်ညက မောင်တောမြို့နယ်ရှိ လုံခြုံရေး ကင်းစခန်းတစ်ခုနှင့် ကျေးရွာတစ်ရွာကို ဘင်္ဂါလီလူမျိုးများ လူစုလူဝေးဖြင့် လာရောက်ဝိုင်းဝန်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုးပေါ်သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။


ဘင်္ဂါလီလူမျိုးများက လူစု လူဝေးဖြင့် ရွှေရင်အေးကျေးရွာ သို့ တစ်ကြိမ်၊ အလယ်သံကျော် ကင်းစခန်းသို့ တစ်ကြိမ်ဝိုင်းဝန်း လာမှုကြောင့် မိုးပေါ်သေနတ် ထောင်ကာခြောက်လှန့်ပစ်ခတ်၍ ဟန့်တားခဲ့ရခြင်းဖြစ်ကြောင်း နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

အရည်အသွေးမြှင့်ဖို့ လိုအပ်နေသည့် မြန်မာ့ဆန်

မြန်မာနိုင်ငံအစိုးရရဲ့ အဓိကဦးစားပေး လုပ်ငန်းတွေထဲမှာ လယ်ယာထုတ်ကုန် တိုးမြှင့်ထုတ်လုပ်ရေးနဲ့ ဆန်စပါး ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေးဟာ ထိပ်တန်းက နေပါဝင်နေပါတယ်။ အခုလည်းအစိုးရက ၂၀၂၀ ပြည့်နှစ်မှာ ဆန်တန်ချိန် (၄) သန်း အထိ တိုးမြှင့်တင် ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်၊ ဒီလိုတင်ပို့နိုင်ခဲ့ရင် စပါးစိုက်တောင်သူတွေအတွက် အကျိုးအမြတ် ရှိလာနိုင်မလားဆိုတာကိုတော့ ကမ္ဘာ့ဘဏ်ရဲ့ အကြီးတန်း စိုက်ပျိုးစီးပွားပညာရှင် ပြောပြချက်ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားတွင် မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍ အားပေးနေမှုကို ရဲတပ်ဖွဲ့စုံစမ်းနေ


ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ မသန်စွမ်း ပရိသတ်တစ်ဦး ဘီးတပ် ကုလားထိုင်မှ ထ၍ မတ်တတ်ရပ် အောင်ပွဲခံခြင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိသည်။
မသန်စွမ်း ပရိသတ်များအတွက် သတ်မှတ်ပေးထားသည့် ဘောလုံးပွဲ လက်မှတ်များကို အမှန်တကယ် မသန်စွမ်းသူ မဟုတ်သူများက အသုံးချနေခြင်း ဖြစ်မည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခြင်း ဖြစ်သည်။
ဘရာဇီး ပရိသတ် အမျိုးသမီး တစ်ဦးက ဘီးတပ်ကုလားထိုင်ပေါ်မှ ထ၍ မတ်တတ်ရပ်ပြီး အောင်ပွဲခံနေသည့် ဓာတ်ပုံများ ပျံ့နှံ့လာပြီးနောက် ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ မေးခွန်းများ ထွက်ပေါ်လာသည်။

ဘင်္ဂါလီနှင့် မွတ်ဆလင် အန္တရာယ် စိုးရိမ်ရသည့် ရခိုင်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့် ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ်ခန့်အပ်


ဘင်္ဂလီနှင့် မွတ်ဆလင်၏ ဝါးမြိုမည့် အန္ဒရာယ်နှင့် ကြုံတွေ့နေရသော ရခိုင်ပြည်နယ် တွင် ဝန်ကြီးချုပ်သစ်တာဝန်အား တပ်မတော်သား တစ်ဦးကို ခန့်အပ်တော့မည် ဖြစ်ကြောင်း သတင်းထွက်ပေါ်နေချိန်တွင် ယခင်နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ် အစားထိုး ခန့်အပ်လိုက်သည်။
ဇွန်လ ၂၀ရက် ရက်စွဲဖြင့် ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းတွင် ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ကြည်း ၃၃၁၃၄ ဗိုလ်မှူး ဥာဏ်လင်းမောင် နေရာတွင် အစားထိုး ခန့်အပ်လိုက်ကြောင်း ဖေါ်ပြထားသည်။

“လျှပ်စစ် ပိုလျှံလို့ ရောင်းရတာ မရှိသေးပါဘူး “


လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုး (ဓာတ်ပုံ – မေခ / ဧရာဝတီ)

လျှပ်စစ်မီတာ သုံးစွဲရာတွင် ဝန်ဆောင်ခ မြင့်မားလာသော်လည်း လျှပ်စစ်မီး ဖြန့်ဖြူးမှုပိုင်း အားနည်းခြင်း၊ မီးအား မမှန်ခြင်း၊ ခံနိုင်ဝန် မမျှသည့်အတွက် မီးလောင်ကျွမ်းမှုတို့ကို ပြည်သူများ ခံစားနေရပါတယ်။ ဒီလို ပြဿနာတွေ အပြင် လျှပ်စစ်ဝန်ကြီးဌာနက စီမံကိန်းများ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့ကြောင့် စီမံကိန်း အကျိုးအပြစ်များကို ပြည်သူများ သိရှိမှု နည်းပါးနေတာကိုလည်း တွေ့မြင်ရပါတယ်။

ဘရာဇီးနိုင်ငံမှ နှင်ထုတ်ခံရမည့် ချီလီပရိသတ်များ

ဇွန်၊၂၁ရက်။
(၂၀၁၄)ကမ္ဘာ့ဖလားရဲ့ အုပ်စု(ခ)ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ချီလီအသင်းတို့ ပွဲစဉ်မတိုင်ခင် ချီလီအသင်းပရိသတ်များဟာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားတာကြောင့် ဘရာဇီးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး နိုင်ငံအတွင်းမှနှင်ထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျင်နဲယိုးမြို့ မာရာကာနာကွင်း အတွင်းမှာကစားခဲ့တဲ့ စပိန်အသင်းနဲ့ ချီလီအသင်းတို့ ပွဲစဉ်မကစားခင် ချီလီအသင်းပရိသတ်များဟာ ကွင်းအကာအရံ များနဲ့ လုံခြုံရေးအတားအဆီးများကိုကျော်ဖြတ်ပြီး မီဒီယာသမားများ သတင်းယူတဲ့အခန်းနံရံများကို ဖျက်ဆီးကာ
ကွင်းအတွင်းကို ၀င်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။