ဇွန်၊၂၁ရက်။
(၂၀၁၄)ကမ္ဘာ့ဖလားရဲ့ အုပ်စု(ခ)ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ချီလီအသင်းတို့ ပွဲစဉ်မတိုင်ခင် ချီလီအသင်းပရိသတ်များဟာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားတာကြောင့် ဘရာဇီးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး နိုင်ငံအတွင်းမှနှင်ထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဘရာဇီးနိုင်ငံ ရီယိုဒီဂျင်နဲယိုးမြို့ မာရာကာနာကွင်း အတွင်းမှာကစားခဲ့တဲ့ စပိန်အသင်းနဲ့ ချီလီအသင်းတို့ ပွဲစဉ်မကစားခင် ချီလီအသင်းပရိသတ်များဟာ ကွင်းအကာအရံ များနဲ့ လုံခြုံရေးအတားအဆီးများကိုကျော်ဖြတ်ပြီး မီဒီယာသမားများ သတင်းယူတဲ့အခန်းနံရံများကို ဖျက်ဆီးကာ
ကွင်းအတွင်းကို ၀င်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ကွင်းအတွင်းကို ၀င်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ချီလီအသင်းက လက်ရှိချန်ပီယံစပိန်အသင်းကို (၂) ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့
ပွဲစဉ်မတိုင်ခင် လက်မှတ်မပါရှိသူတွေလို့ ယူဆရတဲ့ ချီလီပရိတ်သတ်(၈၅) ဦးခန့်ဟာ မီဒီယာသမားများ သတင်းယူတဲ့အခန်းမှတစ်ဆင့်ကွင်း အတွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပဲ
ရဲများရဲ့ဖမ်းဆီး ထိန်းသိမ်းမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ချီလီပရိတ်သတ်များရဲ့လုပ်ရပ်ကြောင့် မီဒီယာခန်းထဲမှာရှိတဲ့ သတင်းထောက်များ အနေနဲ့ ကြောက်လန့် ထွက်ပြေး မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် သူတို့ရဲ့ကင်မရာများနဲ့ကွန်ပျူတာတွေကတော့ တစ်စုံတစ်ရာ
ထိခိုက်ပျက်စီးခြင်းမရှိခဲ့ကြောင်း သိရပါတယ်။
ထိခိုက်ပျက်စီးခြင်းမရှိခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးတာဝန်ရှိသူများနဲ့ဖီဖာက ထုတ်ပြန်ကြေညာရာမှာတော့ ချီလီ ပရိတ်သတ် (၈၅)ဦးဟာ စပိန်အသင်းနဲ့ ချီလီအသင်းပွဲစဉ်မတိုင်ခင် လက်မှတ်မပါရှိပဲ ကွင်းအတွင်း ကျူးကျော် ၀င်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် ရီယိုဒီဂျင်နဲယိုးမြို့မှရဲများက အင်အားသုံး ထိန်းသိမ်းခဲ့ရပြီးသူတို့အနေနဲ့ ကွင်းအတွင်း ၀င်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။
ဘရာဇီးတာဝန်ရှိသူတွေကတော့ကွင်းအတွင်းအကြမ်းဖက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ချီလီပရိသတ် (၈၅)ဦးကို လောလောဆယ် ထိန်းသိမ်းထားပြီး နောက်လာမယ့် (၇၂)နာရီအတွင်း နိုင်ငံအတွင်းမှ နှင်ထုတ်မှာဖြစ်ပါတယ်။
ဘရာဇီးမီဒီယာတစ်ခုရဲ့ဖော်ပြမှုအရ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ ချီလီပရိသတ်ထဲမှ အမည်မသိ အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးမီဒီယာတစ်ခုရဲ့ဖော်ပြမှုအရ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားတဲ့ ချီလီပရိသတ်ထဲမှ အမည်မသိ အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ(၁၆)ရက်နေ့က "မာယာကာနာ"ကွင်းရဲ့ ပထမဆုံးကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘော့စနီးယားအသင်းတို့ ပွဲစဉ် မတိုင်ခင်မှာလည်း အာဂျင်တီးနားပရိသတ် ဒါဇင်ပေါင်းများစွာဟာ အတားအတီးများကို ကျော်လွှားပြီးကွင်းအတွင်း သို့ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြောင်း သတင်းရရှိပါတယ်။
Source;AFP
No comments:
Post a Comment