
မကြာသေးမီရက်ပိုင်းကပဲ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားခဲတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး တင်းမာမှုတွေရှိခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မျိုးချစ်လူငယ်၊လူရွယ်တွေက ကိုယ့်အမိမြေကို တစ်လက်မမျှ အထိပါးမခံလိုတဲ့စိတ်နဲ့ online တွင်သာမက အပြင်မှာပါ တညီတညွတ်ထဲ တုန့်ပြန်ခဲ့ကြပြီး ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို တခဲနက်အားပေးခဲ့ကြတာကို တွေ့မြင်ခဲ့ကြရမှာပါ။ ဒါပေမဲ့ ဒေါ်စုအပါအဝင် သူ့ကိုထောက်ခံတဲ့ ပါတီနဲ့လူအချို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ သေရေးရှင်ရေးတမျှ လုပ်ဆောင်နေကြပါတယ်။ ဒီအခြေအနေကိုကြည့်လိုက်ရင် မဟောသဓာ ဇတ်ထဲကလို သားသည်မိခင်နဲ့ဘီလူးမဇတ်ကို ပြေးမြင်ယောင်မိပါတယ်။
ဘာလို့လဲဆိုတော့ အစိုးရဟာ သားသည် အမိပမာ ပြည်တွင်းစစ်ကော၊ ပြည်ပစစ်ပါ မဖြစ်ပွားစေဘဲ အေးဆေးတည်ငြိမ်အောင် အဘက်ဘက်မှာ လုပ်ဆောင်နေ သော်လည်း ဒေါ်စုအပါအဝင် အတိုက်ခံပါတီတွေကတော့ အသားစားဘီလူးမကဲ့သို့ နိုင်ငံတော်ကြီး ဘေးဒုက္ခအရေးကို မတွေးပဲ ခြေဥပြင်ဖို့၊ ပါတီအနိုင်ရဖို့ဆိုပြီး ပြည်သူလူထုကို လမ်းပေါ်တက်ဖို့၊ လမ်းပေါ်တက်လာသော ပြည်သူကို တပ်မတော်အပေါ် အမြင်လွဲစေမဲ့ စကားတွေပြောဖို့တွေကိုပဲ အမြတ်ထုတ်ကာ လုပ်ဆောင်နေပါတယ်။ ဒီလိုတွေလုပ် ခြင်းအားဖြင့် ရလဒ် ကတော့ ပြည်သူလူထုဟာ ဒေါ်စုအပေါ် နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် လုပ်နေပါလား ဆိုသောအမြင်မှ ဒေါ်စုသမ္မဖြစ်ဖို့အတွက် ၊ NLD ပါတီ အနိုင်ရဖို့အတွက်သာ လုပ်ဆောင်နေပါလားကို တဖြည်းဖြည်းဖြင့် လက်ခံလာကြ ပါတယ်။








