Tuesday, September 23, 2014

ကမန် တိုင်းရင်းသားအမည်ဖြင့် မှတ်ပုံတင်ထုတ်မပေးရန် အစိုးရကိုတောင်းဆိုမည်

Written by  ကေဇူး
    ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြေပုံ ဒုက္ခသည် စခန်းတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို ကမန်တိုင်းရင်းသား အမည်ဖြင့် ပန်းရောင် မှတ်ပုံတင်ကဒ်များ မထုတ်ပေးရန် လူဝင်မှုကြည်းကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာသို့ ဒေသခံများက တင်ပြသွားမည်ဟု မြေပုံမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မဇ္ဈိမကိုပြောသည်။
Kaman
စစ်တွေမြို့၊ ဘုမေကျေးရွာရှိ ကမန်တိုင်းရင်းသားလူမျိုး တစ်မျိုးအိမ်တွင် သန်းခေါင်စာရင်း ကောက်ယူနေစဉ်။ (ဓာတ်ပုံ-မြတ်ကျော်သူ၊ မဇ္ဈိမ)
စက်တင်ဘာ ၂၂ ရက်က ဘင်္ဂလီ ၄၀ ကို နိုင်ငံသားဖြစ်ခွင့်ရသူ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစေကာ ကမန်တိုင်းရင်းသား အမည်ဖြင့် ပန်းရောင် နိုင်ငံသားကဒ်များ ထုတ်ပေးပြီးဖြစ်သည်။ ယင်း ကျမ်းသစ္စာ ကျိန်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသော ပြည်နယ်ဝန်ကြီးချုပ်ကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သေးသည်။

Wednesday, September 17, 2014

မောင်တောတွင် ရခိုင်တိုင်းရင်းသားများမှာ ရွာပျက်သည်အထိ စွန့်ခွာလာကြဟုဆို

ကေဇူး.(Mizzima) 
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများတွင် နေထိုင်သောရခိုင်တိုင်းရင်းသားများသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်၍ နေအိမ်စွန့်ခွာပြောင်းရွှေ့မှုများရှိလာပြီး ရွာပျက်သည်အထိ ဖြစ်နေသည်ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကိုပြောသည်။
Rakhine-women
စစ်တွေမြို့၊ စက်ရုံရပ်ကွက်အတွင်း ရခိုင်အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ ပြည်နယ်မြောက်ပိုင်းရှိ ရခိုင်ကျေးရွာအချို့ လုံခြုံရေးကြောင့် ရွှေ့ပြောင်းမှုများ ရှိနေသည်။ (ဓာတ်ပုံ - အီးပီအေ)
ရခိုင်ပြည်နယ် မြို့နယ်အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ဝင်များက ဦးဆောင်၍ မောင်တောမြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို စက်တင်ဘာလမှစတင်၍ မှတ်တမ်းတင်ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိသည်။
“အိမ်ခြေရာနဲ့ချီပြီးရှိခဲ့တဲ့ ရခိုင်ရွာကြီးတွေ ရွာလုံးကျွတ်ပြောင်းသွားကြတဲ့အထိ ရှိတယ်။ တချို့လည်းတစ် အိမ်တည်းကျန်ခဲ့တယ်” ဟု မောင်တောမြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများ၏ နေထိုင်မှုအခြေအနေများ ကို ဦးဆောင်ကောက်ခံနေသော စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
ထိုသို့ပြောင်းရွှေ့မှုများမှာ ကျေးရွာအတွင်း ဘင်္ဂါလီလူဦးရေ ပိုများလာခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ဘင်္ဂါလီ ကျေးရွာများက လူဦးရေများပြားလာခြင်းနှင့်အတူ နှစ်ဖက်ပဋိပက္ခနောက်ပိုင်းတွင် နေထိုင်ရန် စိုးရိမ်မှုများ ရှိလာခြင်းကြောင့်ဟုလည်းဆိုသည်။
မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများတွင် ပြောင်းရွှေ့မှုအများဆုံးဖြစ်ပေါ်လျက်ရှိပြီး မောင်တောမြို့ ပေါ်နှင့် အခြားသောဒေသများကို ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။မောင်တောမြို့နယ်အတွင်းရှိ ပီးယေကျေးရွာ၊ အထက်ပြူးမ၊ သရက်အုပ်ကျေးရွာ အပါအ၀င်ကျေးရွာ ၁၀ ကျော်ကို မှတ် တမ်းရိုက်ကူးပြီး ဖြစ်သည်။ ထို ၁၀ ကျော်တွင် ရွာလုံးကျွတ်ထွက်ခွာသွားသည့် ကျေးရွာများလည်း ပါဝင်နေသည်ဟုဆို သည်။

ငါးနှစ်သားကလေး၏မျက်လုံးကို မအေဖြစ်သူ အပါအဝင် မိသားစုလိုက် ဇွန်းတစ်ချောင်းဖြင့်ဖောက်ထုတ်





ငါးနှစ်သား ကလေးတစ်ဦးရဲ့မျက်လုံးကို ဇွန်းတစ်ချောင်းနဲ့ ဖောက်ထုတ်မှုကြောင့် မအေဖြစ်သူ အပါအဝင် ဆွေမျိုးငါးယောက်ကို မက္ကဆီကို နိုင်ငံမှာ ထောင်ချလိုက်ပါတယ်။

DailyMail ရဲ့ဖော်ပြချက်အရ သူတို့ဟာ ဓလေ့ထုံးတမ်းပွဲ တစ်ပွဲဖြစ်တဲ့ စေတန်နတ်ဆိုးပွဲကို ကျင်းပနေကြ တာဖြစ်ပါတယ်။

ရခိုင် ပင်လယ်ပြင် လုံခြုံရေးအားနည်းမှု လွှတ်တော်အမတ်အချို့ ဝေဖန်

ကေဇူး
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများ၏ ပင်လယ်ထွက်ပေါက် လုံခြုံရေးများနှင့် ပတ်သက်ပြီး အစိုးရ၏ လုံခြုံရေးအားနည်းမှုကို မြို့နယ်အသီးသီးရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်လိုက်သည်။
Rakhine-Quaysi
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရေကြောင်းလုံခြုံရေးယူနေသည့် စစ်သင်္ဘောတစ်စင်းအား ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
ရခိုင်ကမ်းရိုးတန်းဒေသတွင် မိုးရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်သည်နှင့် ပင်လယ်ရေထွက်ပေါက်များမှ ကုန်စည်နှင့် လူအဝင်အထွက်များ ရှိလာသော်လည်း ပြည်နယ်အစိုးရက လုံခြုံရေးကို ထိန်းချုပ်နိုင်ခြင်း မရှိဟု ကျောက်တော်မြို့နယ် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
ဦးစောငြိမ်းက “လွှတ်တော်ထဲမှာ လည်းတင်ပြတယ်။ အပြင်ကဆွေးနွေးပွဲ တွေမှာလည်း ပြောတယ်။ ရေကြောင်းလုံခြုံရေးကို ခုထိ ဘာမှလက်တွေ့လုပ် နိုင်တာ မရှိသေးဘူး” ဟု ပြောသည်။

အမေရိကန် နဲ့ ISIS ဇာတ်လမ်း



ISIS(Islamic State of Iraq and Syria)

ဇာတ်လမ်းရဲ့အစက မိုဟာမက်သေတာပဲ။ ဒီလူက မိန်းမတွေအများကြီးယူခဲ့တော့ သူသေတော့ မိန်းမတွေနဲ့ မိန်းတယောက်စီတိုင်းမှာ မွေးထားတဲ့သားသမီးတွေ အုပ်စုလိုက်ကြီးကျန်ခဲ့တယ်။

အဲလို မိန်းမ+သားသမီးအုပ်စုတွေဟာ အစ္စလာမ်ဘာသာကို ဘယ်သူက ဆက်ပြီး တည်တံ့အောင် ပြန့်ပွားအောင် ဦးဆောင်မလဲလို့ ဆွေးနွေးကြတယ်။


တခုသောအုပ်စုက သူတို့သာ ဦးဆောင်မယ်လို့ဆိုတယ်။ ဒီအုပ်စုဟာ မိဖုရားခေါင်းကြီးနဲ့သားသမီးများ အုပ်စုဖြစ်မယ်ထင်ပါတယ်။ သူတို့မွေးဖွားဆင်းသက်လာသူတွေက ရှီယိုက်တွေဖြစ်လာတယ်။ လူနည်းစု။

တခြားအုပ်စုတွေကတော့ အများသဘောတူရွေးစေချင်တယ်။ သူတို့က ဆင်းသက်လာသူတွေဟာ ဆွန်နီဖြစ်လာတယ်။ လူများစု။

လက်ရှိအစ္စလာမ်ဘာသာဝင်တွေရဲ့ ၈၀%ကျော်က ဆွန်နီတွေ။ 
အဲနှစ်ဖွဲ့ဟာ မတည့်အတူနေ ဆိုရမယ်။ နှစ်ဖွဲ့ထဲ သတ်ကြ ဖြတ်ကြလုပ်နေကြတာ အနှစ်၁၀၀၀ကျော်နေပြီ။ အယူအဆလည်း ကွဲပြားကြတာကိုး။ ဥပမာ အီရတ်မှာဆို ဆွန်နီတွေက အုပ်စိုးတယ်။ အီရန်မှာဆို ရှိယက်တွေ အုပ်စိုးတယ်။ ဒါကြောင့် အဲနှစ်နိုင်ငံ မတည့်ဘူး။ စစ်တောင် ဖြစ်ဖူးသေးတယ်။

အခု ISISဆိုတဲ့ ငတိတွေက ဆွန်နီတွေ။ အတော်ဆိုးတယ်။ အီရတ်ကို အမေရိကန်ဝင်ပြီးတဲ့နောက် ဒီကောင်တွေပေါ်လာတာပဲ။ အမေရိကန်ကလည်း မသိမသာ လွှတ်ထားတယ်။ ထမင်းဖိုးပေးတယ်။ ဘာလို့ဆို ရှီးယိုက်အုပ်စိုးတဲ့အီရန်ကို စိတ်ညစ်အောင်လုပ်ဖို့လေ။ ဒါက ပထမတခါ။

ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား



ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တစ်ဝက်ပဲ ကျန်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပမာပေး ပြောပါတယ်။

အစိုးရသစ် လက်ထက်မှာ စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဝန်ကြီးဌာန အသီးသီးက တောင်းခံလာတဲ့ ဘဏ္ဍာငွေတွေကို လွှတ်တော်က ခွင့်ပြုပေးထားပေမယ့် အစိုးရဌာနတွေမှာ လာဘ်စားမှုတွေကြောင့် တစ်ဝက်ပဲ အမှန်တကယ် အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။

“ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်း ကျရော ဟိုလူက တစ်ဆုပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက်စား ဇီးသီးက တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘက်ဂျက်က အဲဒီလိုဖြစ်နေတယ်။ ခွင့်ပြုပေးတဲ့ကြားထဲက ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ တစ်ဝက်ပဲ ကျန်တယ်” လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

Saturday, September 13, 2014

မီးလျှံကြားက ပန်းကလေးတစ်ပွင့်

လူ့အသိုင်းအ၀ိုင်းနဲ့ အနီးကပ်မှာရှိနေတဲ့ အိမ်နံရံတွေရဲ့ အခြားတစ်ဖက်မှာ ချောင်ပိတ်နှိပ်စက်ခံနေရတဲ့ အိမ်အကူ ကလေးငယ်တွေရှိနေတယ်ဆိုတာကို အသက် ၁၄ နှစ်အရွယ် မသန်းသန်းစိုးရဲ့ အဖြစ်ဆိုးက မီးမောင်းထိုးပြလိုက်ပါပြီ။



INGO များမှ ဘင်္ဂလီကုလားများအား လူသားချင်းစာနာစွာဖြင့် နိုင်ငံခြားဖြစ် ဂျင်ဂလိပစ် လေးဂွနှင့် မြှားစူးများ လျှို့ဝှက်ထောက်ပံ့


INGO များမှ ဘင်္ဂလီကုလားများအား လူသားချင်းစာနာစွာဖြင့် နိုင်ငံခြားဖြစ် ဂျင်ဂလိပစ် လေးဂွများနှင့် မြှားစူးများကို လျှို့ဝှက်ထောက်ပံ့ပေးထားကြောင်း သဲချောင်းရွာနေရခိုင်များမှ သူတို့နှင့်နီးစပ်သည့် ကုလားများ၏ ပြောဆိုထုတ်ပြသည့်အတွက် ဓာတ်ပုံရိုက်ယူလာနိုင်ခဲ့ကြောင်း ဓာတ်ပုံပေးပို့လာပါသည်။
လေးဂွများအား IDP Camp နှင့် ဘင်္ဂလီရွာရှိ အိမ်တိုင်းစေ့သို့ ပေးထားသည်ဟု အဆိုပါ ကုလား၏ ပြောစကားများအရ ယူဆရနိုင်ပြီး လေးဂွ တစ်စုံလျှင် နိုင်ငံခြားဖြစ်ဂျင်ဂလိ အချောင်း(၁၀၀) နှင့် သံဘောစေ့(၁၀၀)လုံးစီ ထုပ်ပိုးပါရှိသည် ဟု အဆိုပါကုလားမှ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Friday, September 12, 2014

KIA/KIO ငြင်းဆိုသော်လည်း ဘင်္ဂါလီ မောင်ကျော်နု မှ တစ်လုံးမကျန်ဖော်ထုတ် ဝန်ခံ


ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ မြန်မာရိုဟင်ဂျာ အသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ရဲ့ ဥက္ကဌ ဦးမောင်ကျော်နု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ် မြောက်ရေးအဖွဲ့ရဲ့နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းတို့မှု့များ အပြီးတွင် KIO တာဝန်ခံ ဗိုလ်မှူးကြီး နှင့် BRAT ဥက္ကဌ ဦးမောင်ကျော်နုတို့အား မေးမြန်းချက် အသံဖိုင်တွေပဲ ဖြစ်ပါတယ် ။

Re – RFA လွတ်လပ်တဲ့ အာရှအသံ



KIO တာဝန်ခံ ဗိုလ်မှူးကြီးကတော့ ဦးမောင်ကျော်နုတို့ တောင်းဆိုတာ ဘာမှ မရှိဘူးဟု ပြောဆိုသွားသော်လည်း ၊ ဦးမောင်ကျော်နုတို့ကမှု KIA ရဲ့စစ်ရေးအကူအညီ လိုအပ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။

“ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းနဲ့ ဦးမောင်ကျော်နုတို့နဲ့ တွေ့ဆုံတဲ့ အခါမှာ

သူတို့ဘက်ကနေ ကချင်ပြည်နယ်ထဲမှာ အခြေစိုက်ပြီး ထူထောင်ချင်တယ်ဆိုတာ မဟုတ်ဘူး ၊ မပါဘူးလို့ ဗိုလ်မှူးကြီးပြောတာလားရှင့် “

“ လုံးဝ လုံးဝမဟုတ်ဘူး ၊ တကယ်လို့ တောင်းဆိုခဲ့သည်ရှိသော် ၊ တောင်းဆိုသူဟာ ဦးဏှောက်မရှိလိုပပေါ့ ၊ သူတို့မပြောဘူးဆိုတာ အဲ့ဒီသူကို မေးကြည့် အဲ့ဒါတကယ်ပြောသလား “

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်း ကိုလည်း RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ် ။

http://www.rfa.org/burmese/news/kio-kachin-rohingar-gun-hold-discuss-09102014112254.html/1017102d102f101c10391019103d1034103810801000102e1038-1002103a102d101910391
03810051039101c103c10141039103810311012102b100410391038101410321094-1031101
91038103b10191014103910381001103a10001039/inline.html

“ ဦးမောင်ကျော်နုတို့ BRAT အဖွဲ့က ကချင်နယ်မြေထဲမှာ အခြေစိုက်ပြီးတော့ စစ်ရေးလှုပ်ရှားခွင့်တွေ တောင်းဆိုထားတာတွေ့ရပါတယ် အခြေအနေ ဘာထူးလဲ ခင်ဗျ “

“ ကျွန်တော်တို့ KIA နယ်မြေတွင်းမှာ တပ်ထူထောင်ရေး ၊ KIA နယ်မြေအတွင်းမှာ တပ်ထူထောင်ပါမယ်ဆိုပြီးတော့ ဆွေးနွေးထားတာပါ ။ လက်နက်ကိုင်တာကိုလည်း သိပ်ပြီးတော့ အားမကိုးပါဘူး လိုအပ်ရင် စစ်နည်းတရားနဲ့ ဖြေရှင်းရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားပီပီ အထူးသဖြင့် KIA နဲ့ပူးပေါင်းပြီးတော့ ၁ ခုခုလုပ်ဖို့ အစီအစဉ်ရှိပါတယ် လို့ပြောတာပါ “

BRAT- Burmese Rohingya Association in Thailand အဖွဲ့ ဥက္ကဌ ဦးမောင်ကျော်နုကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ် ။

http://www.rfa.org/burmese/news/kio-kachin-rohingar-gun-hold-discuss-09102014112254.html/1025102e103810311019102c1004103910311000103a102c1039108f102f101410321094-
103110191038103b10191014103910381001103a10001039/inline.html



အစွန်းရောက်ဝါဒများ တင်ပို့နေခြင်းကို ဆော်ဒီတွေ ရပ်သင့်ပြီ

အစွန်းရောက်, မွတ်စလင်
စစ်သွေးကြွများ အီရတ် စစ်သုံ့ပန်းများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့စဉ် (ဓာတ်ပုံ – Reuters)

ကမ္ဘာပေါ်က မွတ်စလင် ၁ ဘီလီယံနှင့်အတူ ကျနော် နေ့စဉ်နေ့တိုင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ ရှိရာဘက်သို့လှည့်၍ ဝတ်ပြုပါသည်။ သို့သော်လည်း တမန်တော် မိုဟာမက် နေထိုင်ခဲ့ရာ မြင့်မြတ်သည့် မြို့များဖြစ်သည့် မက္ကာနှင့် မက်ဒီးနာ မြို့များသို့ ကျနော် သွားရောက်လည်ပတ်သည့်အခါ အစ္စလမ်ဘာသာ မွေးဖွားရာဒေသမှ ဒေါသတကြီး ပြန်လည် ထွက်ခွာသွားစေဖို့ ဖြစ်လာခဲ့ ရပါသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ထိုဒေသများသို့ မွတ်စလင်မဟုတ်သူများကို တားမြစ်ထားပါသည်။ ထို့ကြောင့် နှစ်စဉ် မွတ်စလင် ၁၃ သန်းလာသော အဆိုပါဒေသသည် နိုင်ငံတကာစံနှုန်းညီ အတွေးအခေါ်နှင့် အလေ့အထများမရှိပါ။
မကြာသေးမီက ဆော်ဒီအာရေးဗီးယား နိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီတခုအတွက် ငွေကြေးထောက်ပံ့ရန် ကုလသမဂ္ဂသို့ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ လှူဒါန်းခဲ့ပါသည်။ ကြိုဆိုရမည့် လှူဒါန်းမှုဖြစ်ပါသည်။ သို့သော်လည်း ယမန်နှစ်က ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် အလှည့်ကျ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ငြင်းခဲ့သည်။ ဆော်ဒီဘုရင့်နိုင်ငံ၏ ဟိုတဝက် ဒီတဝက် အနေအထားသည် ဆွန်နီ အစ္စလမ်မစ် အစွန်းရောက်များနှင့် ဆက်ဆံမှုတွင် စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျမှုကို ရောင်ပြန်ဟပ်ပြနေသည်။ အကြမ်းဖက်ပဋိပက္ခများကို ရပ်တန့်စေလိုသည်။ သို့သော် ဆလာ့ဖီဝါဒ (Salafism) ကို ကိုင်တွယ်ဖြေရှင်းလိမ့်မည် မဟုတ်ပါ။ (Salafism ဆိုသည်မှာ အစ္စလမ်ဝါဒကို အစောဆုံး ယုံကြည်ကိုးကွယ်သည့် မွတ်စလင်များဟု အဓိပ္ပာယ် ရသော Salaf ဆိုသည့် စကားလုံးမှ ဆင်းသက်လာ ခြင်းဖြစ်သည်။)
ရှင်းလင်းအောင်ဆိုရလျှင် အယ်ကိုင်းဒါး၊ အိုင်အက်စ် အိုင်အက်စ်၊ ဘိုကိုဟာရမ်၊ ရှဘတ်နှင့် အခြား အဖွဲ့များအားလုံးသည် အကြမ်းဖက် ဆွန်နီဆလာ့ဖီ အဖွဲ့များဖြစ်သည်။ ဆယ်စုနှစ် ၅ ခုအတွင်း ဆော်ဒီ အာရေးဗီးယားသည် ကမ္ဘာတလွှားရှိ ဆွန်နီဆလာ့ဖီများကို တရားဝင်ထောက်ပံ့နေခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။